ခွေးဂိမ်း ၊ ဒါတောင်မှ ငါ့ကို ဓားနဲ့ထိုးချင်သေးတာလား။
Vol. 6 Ch. 77
ကျိယွမ်သည် ကောင်းကင်ပေါ်မှမှေးမှိန်နေသော လမင်းကိုတစ်ချက်ကြည့်ကာ ညည်းညူမိသည်။
“ဒါနဲ့များဆရာကြီးတွေတဲ့၊၊ အတွေ့အကြုံရမှတ်တောင်မရဘူး၊ တကယ် ကံဆိုးတာပဲ။”
ယွဲ့နုလေးကတော့ သူမ၏ဘေးနားမှ ခမ်းနားထည်ဝါသော ပုံရိပ်ကို မော့ကြည့်နေသည်။
နောက်ဆုံးကျန်သော အနက်ရောင်ဝတ်ရုံအစောင့်တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သွေးနဂါးဓားသည် ဓားအိမ်ထဲသို့ ပြန်ရောက်လာ၏။
ယွဲ့နုက ဓားအိမ်ကိုသူမသဘောကျသောအရုပ်တစ်ခုကဲ့သို့ တင်းကျပ်စွာပွေ့ထားရှာသည်။သူမက ထိုအရာကို တစ်သက်လုံးမလွှတ်ချင်တော့သည့်အလားပင်။
“နောက်နေရာတစ်ခုကို သွားကြရအောင်”
ကျိယွမ်က သူမထွက်ခွာမီတွင် ကမ္ဘာပေါ်ရှိ ပြင်နတ်ဆိုးများ၏ နောက်လိုက်အားလုံးကို ရှင်းလင်းရန် သူရည်ရွယ်ထားခဲ့သည်။
ဂိမ်းဆိုသည်မှာ ထိုအတိုင်းသာဖြစ်သည်။ ပထမဆုံးအနေဖြင့် အဆင့်နိမ့်ရန်သူများကို သတ်ပြီးမှသာ အဆငိ့မြင့်ရန်သူများပေါ်လာမည်မဟုတ်ပါလား။
အမြင့်ပေ၂၀ နီးပါးရှိသောမြို့ရိုးများကာရံထားသောကွန်ဝူမြို့။
ရုတ်တရက်ဆိုသလို ဓားရောင်တစ်ချက်သည်မြို့ထဲသို့ လက်ခနဲကျဆင်းသွားသည်။
“ကြည့်ထားကြ ၊အဲဒါ အရေးအကြီးဆုံးဗီလိန်တွေနဲ့ ဧကရာဇ်တွေကိုမှ သတ်တဲ့ဓားပဲ"
လှောင်ပြောင်သံတစ်ခုက ဓားရောင်နောက်မှ ကပ်ပါလာ၏။
ထိုအသံသည် ကွန်ဝူမြို့တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။
လူအများအပြားသည် ရှုပ်ထွေးနေကြပြီး အချို့မှာ ထိတ်လန့်နေကြကာ ၊အချို့မှာ ဝမ်းမြောက်နေကြပြီး၊အချို့မှာ ဒေါသထွက်နေကြသည်။
ကွန်းဝူမြို့မှ အဘိုးအိုတစ်ဦးသည် မိန်းကလေးငယ်တစ်ဦး၏အိပ်ရာပေါ်မှ ထလာပြီး ဒေါသထွက်နေသည့် အမူအရာဖြင့်မေးလိုက်သည်။
“ဘယ်သူက ဒီလောက်သတ္တိကောင်းနေတာလဲကွ”
သူ၏မေးခွန်းအတွက် အဖြေကတော့ သွေးနီရောင် ဓားရောင်ပင် ဖြစ်၏။
“အား”
အဝတ်မပါသော မိန်းကလေးငယ်သည် အဘိုးအို၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသည်ကို မြင်ပြီး ကြောက်လန့်စွာအော်ဟစ်လေသည်။။
ဓားရောင်သည် ကွန်ဝူမြို့တစ်ဝှမ်းတွင်ပျံ့နှံ့နေပြီး ခေါင်းများစွာကို ပြုတ်ကျစေခဲ့သည်။
ကွန်ဝူမြို့တစ်မြို့လုံးသည် ချက်ချင်းဆိုသလို ဆူညံအော်ဟစ်သံများ ပြေးလွှားပုန်းအောင်းသံများဖြင့် မငြိမ်မသက်ဖြစ်သွား၏။
အသက်သုံးဆယ်ကျော်အရွယ် ခပ်ဝဝလူတစ်ယောက်သည် ။ထိတ်လန့်စွာရေရွတ်လိုက်လေ၏။
“ မြို့စားကြီး သေပြီ ၊ ဟုတ်လား ”
မယုံနိုင်သလို ငေးကြောင်နေမိစဥ် တစ်မြို့လုံးက်ု ဖုံးလွှမ်းသောအသံတစ်ခုကို ကြားရသည်။
“ဒီနေ့ကစပြီး သားသမီးကျင့်ဝတ်သစ္စာဆိုတဲ့ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ။ လူကြီးတွေကို လေးစားရုံသာမက ကလေးတွေကိုလည်း ချစ်ခင်ရမယ်၊ လူတိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ရမယ်၊အဲ့ဒါအမိန့်အသစ်ပဲ"
ထိုအသံပျောက်ကွယ်သွားသည်နှင့် သွေးနီရောင်နဂါးဓားသည် မြို့ပြင်သို့ ပျံထွက်သွား၏။
လူဝကြီးသည် ထိုအသံကြောင့် မျက်ခုံးများတွန့်ချိုးသွားသည်။
“ဒီအသံက ရင်းနှီးနေသလိုပဲ။”
သူမြို့ပြင်တွင်တန်းစီနေစဉ်က ကြုံတွေ့ခဲ့ရသော မျက်နှာမဲ့လူကို ရုတ်တရက် သတိရလိုက်သည်။
ဖြစ်နိုင်ပါ့မလား…။
ကွန်ဝူမြို့ပြင်တွင် အရပ်ရှည်သောယောက်ျားတစ်ယောက်နှင့် ရှည်လျားသောဓားအိမ်ကိုပွေ့ကာရပ်နေသော ကလေးမလေးတစ်ဦးသည် မြို့ထဲသို့တည်ငြိမ်စွာကြည့်နေကြသည်။
“အခု ဘယ်လောက်အထိ တတ်သွားပြီလဲ။”
ကျိယွမ်၏မေးခွန်းကို ယွဲ့နုက ချကိချင်းဖြေလိုက်သည်။
“၉… ၉၀ ရာခိုင်နှုန်း”
“နည်းနည်းလေး လိုနေသေးတာပေါ့။”
ကျိယွမ်က ခေတ္တစဉ်းစားလိုက်၏။
"နောက်မြို့ကို ဆက်သွားရအောင်။”
ခုနစ်ရက်ဆက်တိုက်...
မြို့တစ်ရာမဟာမိတ်တစ်ခုလုံးသည် လုံးဝကိုဖရိုဖရဲဖြစ်နေသည်။
မျက်နှာမဲ့ဓားသမားတစ်ဦးနှင့် ဓားအိမ်ကိုင်ထားသည့် မိန်းကလေးငယ်တစ်ဦးသည် မြို့ပေါင်းတစ်ရာကို အစဥ်အတိုင်းဖြတ်သန်းနေကြ၏။
မြို့တိုင်းတွင် ဓားသည်နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး အာဏာပိုင်များအားလုံးကို သတ်ဖြတ်သည်။
မြို့တစ်မြို့ကိုရှင်းလင်းပြီးတိုင်း ကျိယွမ်က ယွဲ့နုကို "ဘယ်လောက်သင်ယူပြီးပြီလဲ"ဟု မေးလေ့ရှိပြီး ယွဲ့နုကလည်း" ၉၀ ရာခိုင်နှုန်း"ဟုပြန်ဖြေ၏။
ထိုအချင်းအရာကို မြင်ရဖန်များလာသောအခါ လူအများက မျက်နှာမဲ့ဓားသမားနှင့် ၉၀ ရာခိုင်နှုန်းမိန်းကလေးဟု အမည်ပေးကြကုန်၏။
ခုနစ်ရက်ကြာပြီးနောက်တွင် ကျိယွမ်နှင့်ယွဲ့နုသည် မြို့တစ်ရာမဟာမိတ်မှ မြို့ပေါင်း ၁၃၇ မြို့နှင့် ခန်းမများစွာကို သတ်ဖြတ်ရှင်းလင်းခဲ့သည်။
နောက်ဆုံးနေ့တွင် ကျိယွမ်သည် သွေးချောင်းစီးနေသော မြို့အားပျင်းရိစွာကြည့်လျှက် ယွဲ့နုအားမေးလိုက်သည်။
“အခု ဘယ်လောက်ရပြီလဲ။”
“၉… ၉၀ ရာခိုင်နှုန်း”
ယွဲ့နုက ဖြေပြီးသည်နှင့် သူမ၏ရင်ခွင်ထဲမှ ဓားကိုခေါင်းငုံ့ကာကြည့်နေ၏။
"အင်း..."
ကျိယွမ်က သက်ပြင်းချလိုက်၏။
“ကမ္ဘာပေါ်က ပြင်ပနတ်ဆိုးတွေရဲ့ နောက်လိုက်အကုန်လုံးကိုတော့ ရှင်းပြီးပြီ
သူတို့လည်း မကြာခင် တုံ့ပြန်လာတော့မှာပါ"
"၉၀ ရာခိုင်နှုန်းလို့ ထပ်ပြောနေတာက မတရားရာကျတယ်နော်။”
ယွဲ့နုသည်တိတ်ဆိတ်သွားပြီး ကျိယွမ်ကို တောင်းပန်သည့် အမူအရာဖြင့် ကြည့်လိုက်၏။
“ပြင်ပဂြိုဟ်နတ်ဆိုးတွေကိုမသတ်ခင် နှစ်သုံးရာထိ စောင့်ပေးလို့မရဘူးလား။အဲဒီအချိန်ထိတောင် ကျွန်မကဆရာအတွက် ဓားကိုင်ထားပေးနေတုန်းပဲ ဖြစ်နေမှာပါ။”
“ခွေးက လကိုစားတဲ့အချိန်ဆိုတာလား"
ကျိယွမ်သည် ကောင်းကင်ကိုတစ်ချက်မော့ကြည့်ပြီးမှ ယွဲ့နုကို ငုံ့ကြည့်လိုက်၏။
“ဘယ်လောက် ပျော်စရာကောင်းတဲ့ ဂိမ်းဖြစ်ပါစေ နှစ်သုံးရာလောက်တော့ ဆော့လို့ မရဘူးမဟုတ်လား။”
ယွဲ့နုက မည်သည့်စကားမှ မပြောဘဲ ခေါင်းမာစွာဖြင့် ချီယွမ်ကို ကြည့်နေ၏။
“ဂျူလိုင်ရေကန်ဆီ ပြန်ကြရအောင်။ ငါ ထွက်သွားရတော့မယ်။”
ကျိယွမ်သည် ယွဲ့နု၏ လက်ကို ကိုင်လိုက်သည်။ထို့နောက်သူတို့နှစ်ဦးသည် ကျယ်ပြောလှသော ဆီးနှင်းများထဲသို့ တရွေ့ရွေ့တိုးဝင်ကာ ပျောက်ကွယ်သွားသည်။
................
ဂျူလိုင်ရေကန်၏မျက်နှာပြင်မှာ ယခင်ကလို တလက်လက်တောက်ပမနေတော့ပါ။
ရေကန်တစ်ခုလုံးကို ဆီးနှင်းများဖုံးလွှမ်းနေသော ရေခဲပြင်ကြီးဖြစ်နေလေပြီ။
ကျိယွမ်သည် အေးစက်သောဆီးနှင်းများပေါ်တွင် ယခင်အတိုင်းပြန်ထိုင်ပြီး ယွဲ့နုကို အသိပေးလိုက်သည်။
"ဒီညတော့ နားလိုက်ဦး၊မနက်ဖြန်မှ ငါသွားတော့မယ်။”
ယွဲ့နုက တိတ်ဆိတ်စွာဖြင့် ကျိယွမ်ကို ကြည့်နေကာ မည်သည့်စကားမှမဆိုခဲ့ပါ။
ကျိယွမ်က သူမကိုလျစ်လျူရှုလိုက်ပြီး မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်သွားသည်။
ကျိယွမ်၏အမူအရာကြောင့် ယွဲ့နုကသက်ပြင်းတိုးတိုးလေးချပြီး သစ်သားအိမ်သို့ ပြန်လျှောက်သွား၏။
ကျိယွမ်ကတော့ မျက်လုံးများကိုမှိတ်ကာ အိပ်နေသည့်အလားပင်။
....................
ကျိစယ်တောင်ထွတ်ပေါ်တွင်ဖြစ်သည်။
ကျိယွမ်သည်ဂိမ်းထဲမှထွက်ပြီးနောက် ကောက်ရိုးအိမ်လေးထဲမှ ထွက်လာ၏။
သူကကျန်းလင်းစု၏ တဲအိမ်ဆီသို့ရောက်ရှိသွားသည်။
“ညီမလေး”
"ညီမလေး....."
“ဆရာတူအစ်ကိုကြီး၊ ဘာကိစ္စရှိလို့လဲ။”
ကျန်းလင်းစု၏ ဆံနွယ်ရှည်များမှာ စိုစွတ်နေပြီး ယခုမှရေချိုးပြီးခါစဖြစ်ဟန်တူသည်။
“ငါ အခြေခံအုတ်မြစ်တည်ဆောက်ဖို့ ပြင်ဆင်နေတာ။ အချိန်က သုံးရက်ကနေ ငါးရက်အထိကြာနိုင်တယ်၊မဟုတ်ဘူး တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပိုကြာနိုင်တယ်။”
“ဒီအချိန်အတွင်းမှာ ငါ့ကိုဘယ်သူပဲလာရှာရှာ သူတို့ကိုတားပေးထားပါဦး"
"အမ်...."
ကျန်းလင်းစုသည် နားမလည်နိုင်သလိုဖြင့်ကျိယွမ်ကို ကြည့်လိုက်သည်။
“အခြေခံအုတ်မြစ်တည်ဆောက်တာ အဲလောက် အချိန်ယူရလို့လား။”
သူမက မယုံနိုင်သလိုမေးမိ၏။
“ညီမလေး၊ ငါကကောင်းကင်ဘုံတာအိုအုတ်မြစ်ကို တည်ဆောက်ဖို့ ပြင်ဆင်နေတာဆိုတော့ အချိန်ပိုကြာတာက သဘာဝပဲ။”
ကျိယွမ်က ထိုစကားကို လုံးဝလေးနက်စွာရှင်းပြလိုက်သည်။
ကျန်းလင်းစုမှာ ကျိယွမ်ကိုသာ ကြောင်ငေးစွာ ကြည့်နေပြီးမတုန့်ပြန်နိုင်ပေ။
ကောင်းကင်ဘုံတာအိုအုတ်မြစ်လား။
အိပ်မက်ထဲမှာပဲ ရလိမ့်မယ်။
ဒါပေမဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို တည်ဆောက်မယ်ဆိုရင်တောင် ဒီလောက်အချိန်ကြာမှာ မဟုတ်လောက်ပါဘူး။
သူမကဆရာတူအစ်ကိုကြီးသည် လျှို့ဝှက်နည်းစနစ်အချို့ကို လေ့ကျင့်နေသည်ဟု သံသယဝင်သွား၏။
အစ်ကိုကြီး၏တိုက်ခိုက်ရေးစွမ်းအားနှင့်ဆိုလျှင် သေချာပေါက်အင်အားကြီးမားသော လျှို့ဝှက်နည်းစနစ်အမျိုးမျိုးကို လေ့ကျင့်ခြင်းသာဖြစ်လိမ့်မည်။
“ကောင်းပါပြီ၊ အစ်ကိုကြီး စိတ်မပူပါနဲ့။ ကျွန်မအနီးကပ်စောင့်ကြည့်ထားပါ့မယ်။”
ကျန်းလင်းစုက ပြောလိုက်ပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
“ဆရာတူအစ်ကိုကြီး၊ လျှို့ဝှက်နည်းစနစ်တွေ လေ့ကျင့်နေတုန်းအငတ်ခံရရင် သေမသွားနိုင်ဘူးလား"
ယခုအခါမှာတော့ ကျိယွမ်ကြောင်တောင်တောင်ဖြစ်သွားရသည့် အလှည့်ဖြစ်၏။
“နင်ပေးထားတဲ့ ဝိညာဥ်ကျောက်တုံးတွေ ငါ့ဆီမှာရှိသေးတယ်လေ။ ဘယ်လိုလုပ်ပြီး ငတ်သေနိုင်မှာလဲ။”
ကျန်းလင်းစုကတော့ စိတ်မချသေးပါ။
“ပါရမီကောင်းတဲ့ကျင့်ကြံသူတစ်ယောက်က အစာအငတ်ခံရပြီး သေသွားတယ်ဆိုရင် အရမ်းရှက်စရာကောင်းမှာ"
သူမ၏အစ်ကိုကြီးသည် အငတ်ခံရပြီး သေဆုံးနိုင်သည်ဟု ခံစားနေရသည်။
ကျိယွမ်က ထပ်ငြင်းခုန်မနေတော့ပါ။သူကစကားအနည်းငယ် ထပ်ပြောပြီးနောက်သူ၏အခန်းသို့ ပြန်သွားသည်။
သူသည် ခြံဝင်းထဲရှိမီးဖိုချောင်သုံးဓားကို ကြည့်လိုက်၏။ထို့နောက် ၄င်းအနီးတွင်ထိုင်ချကာ ကြိုးကိုလည်ပင်းတွင်ချည်နှောင်လိုက်သည်။
“နောက်ဆို မင်းကိုမချည်ထားတော့ဘူး။အခုတော့ငါတစ်ယောက်တည်းဖြစ်နေချိန်မှာ မင်းစောင့်ကြည့်နေရမယ်။”
ဓားကသဘောတူသည့်အလား တုန်ယင်သွား၏။
ကျိယွမ်က သဘောကျသလိုပြုံးကာ အိမ်ထဲသို့ဝင်သွားသည်။
ထို့နောက် မဟူရာတောင်တန်းဂိုဏ်းမှ ယူလာသောကျောက်စိမ်းပြားမှာကိုထုတ်ကာ အစီအရင်ငယ်လေးတစ်ခု တည်ဆောက်လိုက်၏။
အားလုံးပြင်ဆင်ပြီးသောအခါ ဂိမ်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
.............
အေးစက်သောဆီးနှင်းများက သူ့မျက်နှာပေါ်သို့ကျရောက်လာစဥ်မှာပင် သူ၏မျက်လုံးများကိုဖွင့်ကြည့်သည်။
သေးငယ်ပြီးနီရဲကာ အေးစက်နေသောလက်ကလေးတစ်ဖက်သည် သူ၏ပခုံးပေါ်မှ ဆီးနှင်းများကို ဖြည်းညှင်းစွာ သုတ်ပေးနေသည်ကို သူတွေ့လိုက်ရ၏။
“ဆရာ… နိုးလာပြီလား။”
ယွဲ့နုသည် သူမ၏လက်ကလေးကို ပြန်ရုတ်သိမ်းကာ ချီယွမ်ကိုကြည့်နေသည်။
သူမသည်သူ့အား နှိုးလိုက်မိပြီလားဟု စိုးရိမ်နေပုံပင်။
“ဟင်း...”
ကျိယွမ်သည် ဆီးနှင်းများခဲနေသောကန်မျက်နှာပြင်ကိုကြည့်ရင်းမှ အသက်ရှူထုတ်လိုက်ရာ နှာခေါင်းဝမှအခိုးအငွေ့များက တိမ်တိုက်တစ်ခုကဲ့သို့ ထွက်လာ၏။
ဆီးနှင်းများကအေးစက်နေသော်လည်း သူ့ဘေးနားတွင် ယွဲ့နုရှိနေသောကြောင့် အထီးကျန်မဆန်ဘဲ နွေးထွေးသည်ဟု ခံစားရသည်။
ယွဲ့နုကကျိယွမ်ကိုကြည့်ကာ တိုးညင်းစွာမေးသည်။
“မနက်ဖြန်ကျရင် ပြင်ပနတ်ဆိုးတွေကို သတ်မှာလား။”
“အင်း"
ကျိယွမ်က ခေါင်းညိတ်လိုက်၏။
ယွဲ့နု၏မျက်နှာက ဆုံးဖြတ်ချက်ချထားသလို ခိုင်မာသွားသည်။
“မနက်ဖြန်ပြီးရင် ကျွန်မယွဲ့ဟွမ်မျိုးနွယ်စုက ထွက်သွားတော့မယ်။ အင်အားအကြီးဆုံးဖြစ်အောင်လေ့ကျင့်ပြီး ပြင်နတ်ဆိုးတွေကို အတူတူသတ်ဖို့ ဆရာ့ကို ကူညီချင်တယ်။”
“ကတိတွေကို အရမ်းမပေးရဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း မျှော်လင့်ချက်တွေ အကြီးကြီး မထားနဲ့ ၊ မှန်မှန်ပဲသွားရမယ်”
ကျိယွမ်သည် ယွဲ့နု၏ခေါင်းကို ညင်သာစွာ ပွတ်လိုက်၏။
ယွဲ့နုက နားမလည်သော်လည်း ခေါင်းညိတ်ပြသည်။
ထို့နောက် သူမက ကျိယွမ်အားမော့ကြည့်ကာ " ခဏလေးစောင့်ပေးပါ ” ဟုပြောပြီး အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
ဆရာဖြစ်သူထွက်မသွားမီ သူမကိုယ်တိုင် ပြုလုပ်ထားသော ငါးဟင်းချိုတစ်ပန်းကန်ကို သောက်သွားစေချင်သည်။
အိမ်လေးထဲသို့ အရေးတကြီးပြေးဝင်သွားသော ယွဲ့နု၏ကျောပြင်ကြည့်ကာ ကျိယွမ်က သဘောကျသလို ပြုံးမိသွား၏။
ထို့နောက်သူ၏အကြည့်က ရှေးဟောင်းစီးချောင်သစ်ပင်ကြီးဆီသို့ ရောက်ရှိသွာသည်။
ရှေးဟောင်းစီးချောင်သစ်ပင်ကြီးတစ်ခုလုံးကို ထူထဲသောဆီးနှင်းများ ဖုံးလွှမ်းနေ၏။ သစ်ကိုင်းအများစုတွင် ရေခဲများတင်ကျန်နေပြီး အချို့နေရာများ၌ ကျောက်စက်ပန်းဆွဲများလို ရေခဲအစွယ်များ တွဲကျနေသည်။
"မြောက်ဘက်ရှုခင်း လှမ်းမျှော်ရာ၊
မိုင်ထောင်ချီအထိ ရေခဲစဥ်
မိုင်တစ်သောင်းက ဆီးနှင်းပြင်"
ကျိယွမ်သည် ကဗျာစာသားများနှင့် ကဗျာရေးသူကို မရည်ရွယ်ဘဲ သတိရသွားမိသည်။
ထို့နောက်တွင် သူသည် အခြားစာကြောင်းတစ်ခုကိုလည်း သတိရလိုက်၏။
“ကြီးမားသော ရည်မှန်းချက်များသည် စွန့်လွှတ်အနစ်နာခံခြင်းဖြင့်သာ အကောင်အထည်ပေါ်လာ၏။ထိုအခါ နေနှင့်လကိုပင် လမ်းကြောင်းပြောင်းရန် စွမ်းနိုင်သည်။"
သူသည် ရှေးဟောင်းသစ်ပင်ကြီးမှ အကြည့်ရွှေ့လိုက်သည်။နေရာတိုင်းတွင် ဆီနှင်းများဖုံးလွှမ်းနေပြီး အဖြူရောင်ကမ္ဘာကြီးတစ်ခုအလား အေးချမ်းနေသည်။
“ဒီကမ္ဘာက ကျင်းလီပြောသလို တကယ်ကို လှပတာပဲ။”
ကျိယွမ်ကသူရွတ်မိသော စာသားက်ုသတိရသွားပြီး မှတ်ချက်ချလိုက်သည်။
“ပြီးတော့ ငါကကစားသမားလေ… NPC တွေကိုရှင်းဖို့အတွက် အနစ်နာခံစရာမလိုဘူး"
ခြေသံတစ်ခုကြားသဖြင့်လှည့်ကြည့်လိုက်ရာ ဟင်းချိုပန်းကန်ကို သယ်လာသော ယွဲ့နုကိုတွေ့လိုက်ရသည်။
သူမက ကျိယွမ်ကို မမီလိုက်မည်အားစိုးရိမ်နေသည့်အလား ပန်းကန်ကိုထိန်းကိုင်ရင်း အပြေးတပိုင်းလာနေသည်။
ဟင်းချို၏ တထောင်းထောင်းထနေသော အငွေ့များကို အဝေးကပင်မြင်နိုင်၏။
“ဖြည်းဖြည်းလျှောက်၊ မချော်လဲစေနဲ့”
ကျိယွမ်သည် ယွဲ့နုထံမှ အကြည့်လွှဲကာ ရှုခင်းများကို ပြန်ငေးနေလိုက်သည်။
ယွဲ့နုက ပြည့်နေသောဟင်းချိုပန်းကန်ကို မဖိတ်စေရန်ဂရုစိုက်ရင်း ကျိယွမ်ကိုကြည့်ကာ လျှောက်လာ၏။
ထိုအချိန်၌ ချွန်ထက်သောငွေရောင်မျဥ်းတန်းတစ်ခုသည် ကောင်းကင်မှတိတ်တဆိတ်ကျဆင်းလာပြီး ယွဲ့နုဆီသို့ ထိုးဆင်းလာသည်။
ထိုအရာသည် လျှင်မြန်သလို တိတ်ဆိတ်၏။မည်သည့်အငွေ့အသက်မှ ထွက်ပေါ်ခြင်းလည်းမရှိပေ။
ဟင်းချိုပန်းကန်နှင့်ကျိယွမ်ကိုသာ အာရုံစိုက်နေသော ကလေးမလေးသည် ထိုအရာကိုလုံးဝ သတိမထားမိဘဲ ရှေ့သို့သွားနေသည်။
သူမ ချထားသောကျိယွမ်၏ဓားသည်ဆီးနှင်းများပေါ်တွင်ရှိနေပြီး ငြိမ်သက်နေ၏။
ကျိယွမ်သည် ကျောက်ပြားပေါ်တွင်ထိုင်ပြီး ရှေ့ဆက်ရမည့် အကြောင်းအရာများကို တွေးနေပုံရသည်။
ချွန်ထက်သောငါးမျှားကြိုးသည် မမြင်နိုင်လောက်အောင်မြန်ဆန်ပြီး ယွဲ့နု၏အသားထဲသို့ ရက်စက်စွာထိုးဖောက်ဝင်ရောက်သွားတော့မလိုနီးကပ်လာသည်။
ယွဲ့နု၏လက်ထဲမှဟင်းချိုပန်းကန် ပြုတ်ကျသွားသည်။
သူမသည် သူမရှေ့မှပုံရိပ်ကိုအားကိုးတကြီးကြည့်ကာ အော်ရန်ကြိုးစားသော်လည်း အသံမထွက်နိုင်ရှာပါ။
ယွဲနု၏ လှပသောလခြမ်းမျက်လုံးလေးများမှာ ကြီးမားသောကြောက်လန့်မှုကြောင့်ပြူးကျယ်သွားပြီး မျက်ရည်များကျလာ၏။
သူမရင်ထဲမှ နောက်ဆုံးအနေဖြင့် အော်ခေါ်နေခဲ့သောအမည်မှာ "ဆရာ"ဟုသောစာလုံးလေးနှစ်လုံးဖြစ်မည်မှာ သံသယရှိစရာမလိုပါ။
"ဆရာ....."
သူမစိတ်ထဲမှအော်သံလေးဖြစ်သည်။
ထိုအချိန်မှာပင် ကျောခိုင်းနေသောကျိယွမ်သည် လျှပ်ပြတ်သည့်အလား လှူပ်ရှားလိုက်၏။
သူမ၏ခါးကို လက်တစ်ဖက်ဖြင့်လျင်မြန်စွာ ဆွဲယူလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်ဘက်သို့ တိုက်ခိုက်လိုက်သည်။
ယွဲ့နု့အားဦးတည်လာသော ငါးမျှားကြိုးသည် သူ၏လက်မောင်းတစ်ဖက်မှာ ရက်စက်စွာထိုးဖောက်သွားသည်။
ငါးမြှားကြိုးကို ကြည့်ပြီး ကျိယွမ်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဟားဟား၊ ခွေးဂိမ်း၊ ငါ သိသားပဲ။ ဒီလိုအချိန်မျိုးမှာ မင်းကငါ့ကိုဓားနဲ့ထိုးမှာပဲ။”
“ငါ ကြိုတင်ပြင်ထားပြီးသား။”
“အပေါ်ယံတော့ ငါကဆီးနှင်းတွေကို သဘောကျနေတာပေါ့။ တကယ်တော့ မင်းငါ့ကို ဓားနဲ့ ထိုးမဲ့အချိန်ကို စောင့်နေတာ။”
"အခုတော့ တွေ့ပြီပေါ့ကွာ..."
ကျိယွမ်က စကားဆုံးသည်နှင့် ကျန်နေသောလက်တစ်ဖက်ဖြင့် သူ၏ရတနာဓားကို ဆွဲထုတ်လိုက်၏။တစ်ချိန်တည်းမှာပင် သူ့ထံမှ အဆင့် ၉၉ ရှိသောစွမ်းအားက ပြည့်ဝစွာပေါက်ကွဲထွက်ပေါ်သည်။
သူကလုံးဝဖုံးကွယ်မထားတော့ပါ။ဖုံးကွယ်စရာလည်းမလိုတော့ပေ။
အကောင်ပေါက်စများကိုသတ်ပြီးနောက် ဘောစ့်သည်ကိုယ်ထင်ပြလာခဲ့ပြီ မဟုတ်ပါလား။
“ဖြတ်စမ်းကွာ"
ကျိယွမ်၏ဓားချက်သည် ကောင်းကင်မှငါးမျှားကြိုးပေါ်သို့ ကျရောက်သွား၏။
သို့သော် အခြားတိုက်ပွဲများကဲ့သို့ တအုန်းအုန်းတဝုန်းဝုန် ထိခိုက်သံများထွက်ပေါ်မလာပါ။
ကျိယွမ်၏အားအပြည့်ပါသောဓားနှင့် ဒဏ္ဍာရီလာသွေးစုပ်ငါးမြှားကြိုးတို့၏ အားပြိုင်မှု။
"ဂျွပ်.."
ဖျက်ဆီး၍မရနိုင်ဟုနာမည်ကြီးသော ငါးမြှားကြိုးသည် ဓားချက်ကြောင့်တိခနဲပြတ်တောက်သွား၏။
ထူးဆန်းစွာပင် ငါးမြှားကြိုးမှ သွေးများ စီးဆင်းလာသည်။
ကျိယွမ်က အဖတ်မတန်သလို လှောင်လိုက်၏။
“ခွေးဂိမ်း...မင်းအစွမ်းက ဒါပဲလားကွ"
ရုတ်တရက်သူသည် အင်္ကျီရင်ဘတ်ထဲမှ သစ်သားဆံထိုးတစ်ခုကို ထုတ်ယူလိုက်သည်။
တျန်းကျွဲတွင် သူအသေးစိတ်ထုလုပ်ထားသော ဆံထိုးတစ်ခုဖြစ်ပြီး မူလကကျင်းလီနှင့်တွေ့ဆုံချိန်တွင် လက်ဆောင်အဖြစ် ပေးရန် ရည်ရွယ်ခဲ့၏။
ကံမကောင်းစွာဖြင့် သူအခွင့်အရေးမရခဲ့ပါ။
ကျိယွမ်က ဆံထိုးကိုယွဲ့နုအား လှမ်းပေးလိုက်၏။
“ဒီဆံထိုးကို… ‘ရူကျန်းချင်’ (တွေ့ဆုံခြင်း) လို့ ခေါ်တယ်။ ဒါကို သိမ်းထားပေးပြီးတော့…”
သူသည် ‘ကျင်းလီ’ အမည်ရှိသော အမျိုးသမီးတစ်ဦးအား ပေးပါဟု ပြောချင်ခဲ့သည်။
သို့သော် သူက ကျင်းလီသည်မည်သည့်အချိန်ကာလတွင် ရှိသည်ကို မသိခဲ့ပေ။
ကျိယွမ် လွမ်းမောစွာသက်ပြင်းချလိုက်သည်။
“သင့်တော်တဲ့နေရာမှာ ထားလိုက်ပါ။ အားလုံးက ကံတရားအတိုင်းပဲရှိပါစေ။”
သူက ပြောပြီးသည်နှင့် ဓားကိုဓားအိမ်ထဲသို့ ထည့်လိုက်၏။
ဓားအိမ်ကိုလက်တစ်ဖက်ဖြင့်ကိုင်ထားစဥ် သွေးစက်များသည် သူ၏လက်မှအဆက်မပြတ်စီးကျနေသည်။
ယွဲ့နုက သစ်သားဆံထိုးကို ယူလိုက်ပြီး ဂရုတစိုက် သိမ်းထားလိုက်၏။
ထို့နောက် ယွဲ့နုကကျိယွမ်၏လက်တစ်ဖက်အားကြည့်မိသည်။ဒဏ်ရာက သွေးများဆက်တိုက်စီးကျနေဆဲပင်။
“ဆရာ… ဆရာအတွက် ဓားကိုင်ပေးလို့ ရသေးလား။”
ကျိယွမ်ကပြန်မဖြေပါ။
မြောက်လေပြင်းက ခပ်ကြမ်းကြမ်းတစ်ချက်အဝေ့တွင် သစ်ကိုင်းများပေါ်မှ နှင်းခဲများကြွေကြသံကိုသာ ယွဲ့နုကြားလိုက်ရသည်။
အဖြေမပေးခြင်းသည်ကပင် အဖြေဖြစ်လေသည်။
သို့သော ယွဲ့နုခေါင်းမာစွာဖြင့် ကျိယွမ်ကိုမော့ကြည့်ပြီး အဖြေကိုသာငံ့လင့်နေ၏။
ကျိယွမ်ဆီမှ မည်သည့်အသံမှထွက်မလာခဲ့ပါ။
ယွဲ့နုသည် ကျိယွမ်၏ဒဏ်ရာရထားသော လက်မောင်းကို ကြည့်လိုက်ပြီး တွေဝေနေ၏။ထို့နောက်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကိုချကာ ကျိယွမ်အနီးသို့ တိုးကပ်သွားသည်။
သူမက ကျိယွမ်၏လက်မှ ငါးမြှားကြိုးဖောက်ဝင်သွားသောဒဏ်ရာကို ပါးစပ်သေးသေးလေးဖြင့် ကိုက်လိုက်၏။
ကျိယွမ်၏ပြန်လည်ကုသနိုင်စွမ်းဖြင့်ပင် ကုသ၍မရနိုင်သောဒဏ်ရာသည် သူမကိုက်လိုက်သောအခါ ခဏအတွင်းသွေးတိတ်ကာအနာဝပိတ်သွားသည်။
ဒဏ်ရာနေရာ၌ လခြမ်းအမှတ်အသားတစ်ခု ပေါ်လာ၏။
ယွဲ့နု၏မျက်နှာသည် ရုတ်တဖက်ဖြူဖျော့သွားပြီး သူမ၏မျက်လုံးများထဲမှ လသဏ္ဍာန်ပုံရိပ်သည်လည်း မှေးမှိန်သွားသည်။
သို့သော် သူမ၏မျက်လုံးများတွင်တော့ တောက်ပသော အပြုံးတစ်ခု ရှိနေသည်။
“ဆရာ၊ နာနေသေးလား။”
ယွဲ့နု၏အပြုံးသည် နှင်းစက်များ၏အေးစက်မှုကိုပင်အနည်းငယ် ဖယ်ရှားပေးလိုက်ပုံရ၏။
ကျိယွမ်သည် သူ့လက်ပေါ်မှ လခြမ်းအမှတ်အသားကိုကြည့်ပြီး သတို့သမီးလေးကို သတိရသွားသည်။
သူမတို့နှစ်ဦးစလုံးသည် အလွန်နားလည်ပေးတတ်ကြပြီး နားလည်တတ်မှုကပင် ရင်နာစရာဖြစ်ရသည်။
သူသည် ရင်ထဲတွင်မကောင်းသော်လည်း သူမကိုနွေးထွေးစွာပြုံးပြလိုက်၏။
“မနာတော့ပါဘူး။”
စကားနှင့်အတူကျိယွမ်သည် ကျယ်ပြောလှသော ဆီးနှင်းမုန်တိုင်းထဲသို့ နောက်မလှည့်တမ်းဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
ယွဲ့နုသည် လက်ကလေးရွယ်လိုက်မိသော်လည်း လှမ်းမခေါ်ခဲ့ပါ။
သူမ၏ပါးလွှာသောနှုတ်ခမ်းလေးများက တဆတ်ဆတ်တုန်လာပြီး မှိန်ဖျော့သောမျက်ဝန်းများထဲ၌ မျက်ရည်စများ ဝေဝဲ့နေသည်။
သူမက ဗလာဖြစ်နေသောနှင်းပြင်ကျယ်ကြီးကို အသက်မဲ့စွာငေးလျှက် ကျောက်ရုပ်တစ်ခုလိုအထီးကျန်စွာ ကျန်ခဲ့ရှာလေသည်။
..................
“…ဒါက သီးခြားနယ်မြေလား"
ကျိယွမ် မျက်လုံးများဖွင့်လိုက်ချိန်တွင် ရှေ့၌ တံခါးတစ်ချပ်ကို တွေ့လိုက်ရ၏။
“သတို့သမီးလေး"
သူက သတို့သမီးလေးကိုခေါ်လိုက်၏။
သို့သော် မည်သည့်အဖြေမှမရခဲ့ပါ။
“ကြည့်ရတာ နောက်ဆုံးဘော့စ်ကို သတ်ရမှာ ငါ့တာဝန်ပဲ။ တခြားသူတွေ ဒီကိုလုံးဝလာလို့ မရဘူး ထင်တယ်။”
သီခြားနယ်မြေထဲသို့ရောက်သွားသည်နှင့် ကျိယွမ်သည် သတို့သမီးလေးနှင့်အဆင်အသွယ်ပြတ်သွားသည်ဟု ခံစားရသည်။
ကျိယွမ်ငုံကြည့်လိုက်သောအခါ သူ၏ရင်ဘတ်ပေါ်ရှိ အမှတ်အသားလေးတစ်ခုပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ဘယ်ဘက်လက်ပေါ်မှ မှေးမှိန်သောလခြမ်းအမှတ်အသားလေးသာ ကျန်ရှိတော့သည်။
“ဒါလည်း ကောင်းပါတယ်။”
သတို့သမီးလေသည် မရင်းနှီးသောနေရာများတွင် လမ်းလျှောက်လျှင် အမြဲလိုလိုချော်လဲနေတတ်သည်။ယခုတော့ သူမလည်းအေးချမ်းသွားပုံရသည်။
ကျိယွမ်က သူ၏လက်ထဲမှ ဓားကြီးကိုကြည့်လိုက်၏။
ယခုပုံစံသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဤဂိမ်းထဲသို့ သူစတင်ရောက်ရှိခဲ့သည့်အချိန်ကအတိုင်းပင်။
ဓားကြီးတစ်ချောင်းနှင့် လူငယ်တစ်ယောက်။ အဖော်မရှိပါ။
ခြားနားချက်တော့ရှိသည်။ယခုအချိန်တွင် သူသည် အဆင့် ၉၉ ဖြစ်နေပြီး အတွေ့အကြုံရမှတ်များစွာလည်း ရှိနေသေးသည်။
ကျိယွမ်၏ရှေ့တွင် ကြီးမားသော ကြေးဝါရောင်တံခါးတစ်ချပ် ရှိ၏။
ကြေးဝါရောင်တံခါးသည် အချိန်၏တိုက်စားမှုဒဏ်ကို ခံခဲ့ရသဖြင့် သံချေးများပင် အထပ်ထပ်ဖုံးလွှမ်းနေသည်။
ကျိယွမ်က တံခါးကြီးကြည့်ကာ ပါးစပ်ထဲတွေ့ရာ ရွတ်လိုက်သည်။
"အိုးပင်း ဆပ်ဆာမီ"
သို့သော် မမျှော်လင့်ဘဲကြေးဝါရောင်တံခါးကြီးက တကျွိကျွိမြည်လျှက်ပွင့်သွားခဲ့သည်။
ကျိယွမ်မှာ မယုံနိုင်စွာ ငေးကြည့်မိနေသည်။
"တကယ်ကြီး ပွင့်တာလား"
ကျယ်ပြန့်သောကမ္ဘာတစ်ခုသည် ကျိယွမ်၏ ရှေ့တွင် ပေါ်လာသည်။
သူမြင်နေရသောကမ္ဘာတွင် မြေပြင်မရှိပါ။မြေပြင်မရှိသောကြောင့် သစ်ပင်များလည်းမပေါက်နိုင်ပါ။မြေပြင်နှင့်သစ်ပင်များမရှိသလို တိမ်တိုက်များလည်းမရှိပေ။
ကျိယွမ်သည် လေထဲတွင် ရှိနေသလိုမျိုး ခံစားလိုက်ရ၏။
သို့သော် ကောင်းကင်ပေါ်တွင် နေတစ်စင်းတော့ရှိနေသည်။
“ဒါက တိကျွဲ့လား”
ကျိယွမ်သည် တိကျွဲ့နယ်မြေထဲသို့ သက်သက်သာသာဝင်ရောက်သွားလိုက်၏။
"တိကျွဲ့ထဲသို့ကျူးကျော်လာသူမှန်သမျှ အညှာအတာမရှိသတ်ဖြတ်ခြင်းခံရမယ်"
လေးလံပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
ကျိယွမ်က အသံရှင်ကိုရှာလိုက်၏။ချက်ချင်းမတွေ့သဖြင့် သူမျက်မှောင်ကျုံ့သွားသည်။
ပုန်းပြီးချမဲ့ကောင်လား။
ထိုရန်သူမျိုးဆိုလျှင်တော့ သူကသဘောမကျပါ။
သိူ့သော်သူကံကောင်းပါသည်။
ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော လူတစ်ဦးသည် ကောင်းကင်ပေါ်တွင် ခပ်ဝေးဝေး၌ ရပ်နေ၏။
သူ၏မျက်နှာသည် တိကျစွာထွင်းထုထားသော ပန်းပုရုပ်တစ်ခုကဲ့သို့ သပ်ရပ်နေသည်။
ကျား၏ကျောကုန်း၊ ဝံပုလွေလိုခါးနှင့် ခမ်းနားထည်ဝါသောပုံရိပ်သည် ရွှေရောင်သံချပ်ကာဝတ်စုံနှင့်ပို၍ ခမ်းနားထည်ဝါနေသည်။သူ၏ မျက်လုံးများတွင်တော့ အဆုံးမရှိသော သြဇာအာဏာများ ပါဝင်နေသည်။
“ကောင်းကင်ဘုံနတ်ဘုရား… ရွှေရောင်သံချပ်ကာလား။”
ကျိယွမ်သည် ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်သံချပ်ကာကို ချက်ချင်း မှတ်မိလိုက်သည်။
သူသည် သတို့သမီးလေး၏မိခင်ဖြစ်သူက နှစ်ထောင်ပေါင်းများစွာ စောင့်မျှော်ခဲ့သော ခင်ပွန်းမဟုတ်ပါလား။
သူသည် ပန်းသင်္ချိုင်းနတ်သမီးဟုခေါ်သော ကျန်းဟွာက အမြဲတမ်းမျှော်လင့်ခဲ့သော်လည်း ပိုင်ဆိုင်ခွင့်မရသည့် စိတ်ကူးယဉ်သူရဲကောင်းလည်း ဖြစ်၏။
သူသည် နယ်မြေကြီးခြောက်ခုလုံးကို ရှင်းလင်းခဲ့သော နတ်ဘုရားဖြစ်ပြီး နတ်ဘုရားတရားရုံးတော် ၊ ဌာနကြီးလေးခု၏ သခင်လည်း ဖြစ်၏။
သို့သော် ယခုအခါမှာတော့ သူသည်ပြင်ပနတ်ဆိုးများ၏ တံခါးစောင့်ဖြစ်သောအရုပ်တစ်ခုဖြစ်နေလေပြီ။
ကျိယွမ်သည် ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်သံချပ်ကာကို ကြည့်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
“မင်းက သတို့သမီးလေးရဲ့အဖေ၊ ငါ့ယောက္ခမဖြစ်နေရင်တောင် ငါ့ရဲ့စကားတွေကို ကူးချလို့မရဘူး။”
“မင်း ခုနကပြောလိုက်တာက ငါယွဲ့နုကို သင်ပေးခဲ့တဲ့ ‘ဒီဓားကို ကျော်ဖြတ်သူတိုင်းကို မညှာမတာသတ်ပစ်မယ်’ ဆိုတာကို ကူးချထားတာပဲ၊ငါလက်မခံဘူး"
ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်သံချပ်ကာသည် ကျိယွမ်ကို ကြည့်နေသော်လည်း သူ၏ ကျားမျက်လုံးများတွင် မည်သည့်ခံစားချက်မှ မရှိပါ။
သူက ဘာမှမပြောဘဲ ကျိယွမ်ဆီသို့ တစ်လှမ်းချင်းတိုးလာသည်။
“မင်းက စကားထပ်မပြောတတ်တော့ဘူးပေါ့ကမ္ဘာပေါ်က စကားတွေအားလုံး ကူးချထားတဲ့သဘောလား ကိုယ်ပိုင်စကားမရှိဘူးပေါ့ ၊ဒါမှမဟုတ် ငါတို့ရဲ့စကားတွေကလည်း အဘိဓာန်ထဲက လာတာမို့လို ကူးချထားတာ မဟုတ်ဘူးလို့ ငြင်းချင်တဲ့သဘောလား”
ကျိယွမ်၏ သဘာဝမကျသောစကားများကို သူကမတုန့်ပြန်ပါ။
ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်သံချပ်ကာသည် သူ၏ခါးမှဓားရှည်ကို ဆွဲထုတ်လိုက်သည်။
“ဟားဟားဟားယား ၊ ရှက်ရမ်းရမ်းပြီး ဒေါသထွက်တာပဲ ၊စကားနဲ့ အနိုင်မယူနိုင်တဲ့အခါ လက်ပါလာတာပေါ့လေ”
ကျိယွမ်သည် ပါးစပ်ကသာ ပေါ့ဆသော်လည်း လက်ကဓားထုတ်ပြီးသားဖြစ်နေလေပြီ။
"သတို့သမီးလေးနဲ့ငါက ကွာရှင်းလိုက်ပြီဆိုပေမဲ့၊သူစိမ်းတွေတော့ မဟုတ်ပါဘူး"
"မင်းကသူ့အဖေဆိုတော့ ဒီလိုဘဝကြီးကကျွတ်ပြီး ကောင်းကောင်းအနားယူရအောင် ကူညီပေးလိုက်ပါမယ်"
သူကစကားဆုံးသည်နှင့် ခုတ်ချပြီးသားဖြစ်နေ၏။
လူကနေသော်လည်း အတွေ့အကြုံကမနေခြင်းပင်တည်း..။
အနီရောင်သွေးစီးကြောင်းတစ်ခု လျှပ်တစ်ပြက် လင်းလက်သွားသည်။
ယခင်က နတ်ဘုရားတရားရုံးတော်၏ သခင်၊ နတ်ဘုံအဆင့်၏ ထိပ်တန်းတွင်ရှိသော အမျိုးသား၊ကမ္ဘာပေါ်မှာ အသန်မာဆုံး ဆိုသူသည် ဓားချက်တစ်ချက်ဖြင့် ခေါင်းပြတ်သွားလေ၏။
ကျိယွမ်အတွက်တော့ အထွတ်အထိပ်နတ်ဘုံအဆင့်ကို ဓားတစ်ချက်ဖြင့်ခေါင်းဖြတ်ခြင်းမှာ ထမင်းစားရေသောက်အလုပ်တစ်ခုပင်။
သူ့အဖေ ငါ့ယောက္ခမကို ငါသတ်လိုက်တာ ၊ သတို့သမီးလေးများသိရင် ဘာပြောမလဲမသိဘူး။
ကျိယွမ်က ခေါင်းပြတ်သွားသော ကောင်းကင်ဘုံနတ်ဘုရားကို ကြည့်ကာ တွေးမိ၏။
ထိုအချိန်မှာပင် ကျိယွမ်သတ်လိုက်သော ကောင်းကင်ဘုံနတ်ဘုရားသည် မူလအတိုင်းပေါင်းစည်းသွားကာ အသက်ပြန်ရှင်လာလေသည်။
မည်သည့်ဒဏ်ရာမှ မရှိတော့ပေ။
ကျိယွမ်က မအံ့သြပါ။ဂိမ်းထဲတွင် တစ်ချက်တည်းနှင့်မသေသော သတ္တဝါများရှိတတ်သည်မှာ သဘာဝပင်။
ကောင်းကင်ဘုံနတ်ဘုရားက ဓားကိုဝင့်ကာ ကျိယွမ်အားတိုကိခိုက်ရန်ပြင်လိုက်၏။
သို့သော် သူ၏ခြေလှမ်းပင်မရွေ့ရသေးပါ ခေါင်းပြန်ပြတ်သွားရှာသည်။
ယခုအခါမှာလည်း တစ်ချက်တည်းပင်။
သို့သော်မကြာမီပင် သူကပြန်ရှင်လာပြီး ဓားမြှောက်ပြန်၏။
ကျိယွမ်ကလည်း နောက်တစ်ချက်ခုတ်ရပြန်သည်။
ခေါင်းပြန်ပြတ်သွားပြန်သည်။
ကျိယွမ်သည် ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်သံချပ်ကာကို ကြည့်ပြီး သက်ပြင်းချလိုက်၏။
“သူ့ကိုထပ်ခါတလဲလဲ သတ်နေတာတောင် သူက အမြဲပြန်ရှင်နေတာပဲ။”
“ဒီလိုပုံစံနဲ့ဆိုရင် လုံပန်၊ တုန်နဲ့ ယုတို့အတွက် တော့ တော်တော်လေးခက်ခဲမှာ သေချာတယ်”
အဆင့်တူချင်းတိုက်ခိုက်ရာတွင် ရန်သူကမည်သို့သတ်သတ်မသေနိုင်လျှင် ရလဒ်က တစ်ခုသာရှိသည်။ရန်သူမသေမှတော့ ကိုယ်သေရုံသာရှိသည်မဟုတ်ပါလား။
သူသည်ဓားကိုထပ်မံ၍ လွှဲလိုက်ပြီး ရွှေရောင်သံချပ်ကာကို ခေါင်းဖြတ်လိုက်၏။
သို့သော် ကောင်းကင်ဘုံနတ်ဘုရားသည် သွေးအား(infinity)အဆုံးမရှိသည့်အလား ပြန်ချည်းထလာနေသည်။
“ဒါက တော်တော်ပျင်းစရာကောင်းတာပဲ။”
ကျိယွမ်သည် ပျင်းရိလာသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်သတ်ဖြတ်နေရသည်။
သူက ဓားတစ်ချက်သာခုတ်ရသောကြောင့်သာတော်တော့သည်မဟုတ်လျှင် လက်ပန်းကျသွားနိုင်၏။
သို့သော် အကြိမ်ငါးဆယ်၊ခြောက်ဆယ်၊ရှစ်ဆယ်လောက်အကြာမှာတော့ သူလုံးဝသည်းမခံနိုင်တော့ပါ။
သူက ကျယ်လောင်စွာ အော်ဟစ်ပစ်သည်။
"ပြင်ပနတ်ဆိုးကောင်၊ မင်းမြနိမြန်ထွက်လာခဲ့စမ်း၊ ဒါက တော်တော်ပျင်းဖို့ကောင်းတယ်"
“မင်းရဲ့အရုပ်ကို ငါကဆက်ပြီးနှိပ်စက်နေတာကို တကယ်သဘောကျလို့လား။သူက ဆက်ပြီးပြန်ရှင်နိုင်ပေမယ့် အဲဒီအတွက် မင်းရဲ့အစွမ်းတစ်ခုခုကတော့ နည်းနည်းစီကုန်နေမှာပဲ မဟုတ်လား။”
ကျိယွမ်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ သီးခြားနယ်မြေတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားသည်။
ထို့နောက်မှာတော့ ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်သံချပ်ကာသည် ပြန်လည် အသက်ဝင်လာသော်လည်း ကျိယွမ်ထံသို့ ပြေးမလာတော့ပါ။
ထိုအချိန်တွင် ကြင်နာသော အသံတစ်ခု ထွက်ပေါ်လာ၏။
“မိတ်ဆွေလေး၊ ငါ့ရဲ့ ဂူကို လာခဲ့ပါလား။ ငါ မင်းအတွက် လက်ဖက်ရည် ပြင်ထားတယ်"
ကျိယွမ်က ကြည့်လိုက်သောအခါ ပညာရှိနှင့်တူသောအဘိုးအိုတစ်ဦး သူ၏ရှေ့တွင် ပေါ်လာသည်ကို တွေ့ရ၏။
အဘိုးအိုသည် ဆံပင်များဖြူနေသော်လည်းကလေးမျက်နှာရှိပြီး အလွန်ကြင်နာတတ်ပုံ ပေါ်သည်။
အကယ်၍ ကန်းလန်ကုန်းမြေတွင်ဖြစ်ခဲ့ပါက ကျိယွမ်သည် အဘိုးအိုအားအင်မော်တယ်တစ်ယောက်ဟုပင် ထင်မိမှာသေချာသည်။
သို့သော် ယခုနေရာကား သီးခြားနယ်မြေမဟုတ်ပါလား။
ပညာရှိနှင့်တူသောအဘိုးအိုသည် အဆင့် ၁၁၉ ရှိသော ရွှေရောင်သံချပ်ကာ စစ်သူကြီးထက်ပင် ပိုမိုအထင်ကြီးစရာဖြစ်နေသည်ဟု ကျိယွမ် ခံစားမိ၏။
ကျိယွမ်က အဘိုးအိုကို စစ်ဆေးလိုက်သည်။
[ဟူချမ်း၊ အဆင့် ၁၁၉ (ကျရှုံးသောအခြေအနေ)]
ကျိယွမ်သည် အဘိုးအိုအား မည်သည့်ရိုသေလေးစားမှုမျှ မပြဘဲ သူ၏ဓားကိုထုတ်ကာ မပြောမဆိုနှင့် တအားလွှဲခုတ်ထည့်လိုက်သည်။
“ပြင်ပနတ်ဆိုး၊ သေပေတော့။”
သူသည် ရွှေရောင်သံချပ်ကာကို သတ်ခဲ့သော ဓားချက်ကိုပင်အသုံးပြု၍ အဘိုးအိုအား တိုက်ခိုက်လိုက်သည်။
သို့သော် အဘိုးအိုက ဓားကိုမရှောင်ဘဲ တည်ငြိမ်စွာ ရပ်နေ၏။
သူ၏မျက်နှာတွင် ကြင်နာသောအပြုံးကတော့ ရှိနေဆဲပင်။
“ငါဟာပဉ္စမဘုံက ကျဆုံးခဲ့ပေမယ့် မင်းလို စတုတ္ထဘုံအဆင့်ကျင့်ကြံသူက သတ်နိုင်တဲ့သူတော့ မဟုတ်ဘူး။”
ကျိယွမ်၏ဓားသည် အဘိုးအိုအား မထိခိုက်နိုင်ခဲ့ပါ။
ကျိယွမ်တုန်လှုပ်သွား၏။သူသည် အကွာအဝေးတစ်ခုကိုယူလျှက် ပြင်ပနတ်ဆိုးအားသတိနှင့် ကြည့်လိုက်၏။
တပြိုင်နက်တင်မှာပင်အတွေးများစွာသည် သူ့စိတ်ထဲတွင် လျှပ်တစ်ပြက်ပေါ်လာသည်။
ပြိုင်ဘက်၏အဆင့်က သူ့ထက်ကျော်လွန်နေသောကြောင့် သူ၏ဓားချက်ကအသုံးမဝင်ဖြစ်သွားခဲ့သည်လား။
ယခုလိုအခြေအနေမျိုးအား သူပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းပင်။
အဘိုးအို ကျိယွမ်အား ကြင်နာစွာစကားဆို၏။
“မိတ်ဆွေလေး၊ မင်းက ငါ့ကိုပြင်ပနတ်ဆိုးလို့ ထပ်ခါတလဲလဲခေါ်နေပေမယ့် တကယ်တော့ ငါကပြင်ပနတ်ဆိုး မဟုတ်ပါဘူး။”
သူက ကျိယွမ်အားဆက်ရှင်းပြသသည်။
“ငါနဲ့ ငါ့ရဲ့မိတ်ဆွေအချို့ဟာ ဒီကမ္ဘာကို ကယ်တင်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့သူတွေပါ။”
“မင်းကို ကောက်ကျစ်စဉ်းလဲတဲ့သူတွေက လှည့်စားပြီးလမ်းမှား ရောက်အောင်ခေါ်ဆောင်ခဲ့တာဖြစ်မယ်။ဒါကြောင့် မင်းကငါတို့ကို ပြင်ပနတ်ဆိုးတွေလို့ ထင်နေတာပဲ။”
အံ့အားသင့်နေသောကျိယွမ်က လှောင်ပြုံးပြုံးလိုက်၏။
“ထင်တဲ့အတိုင်းပဲ အဆင့်မြင့်ဘော့စ်တွေက သူတို့ရဲ့လှည့်စားတဲ့စွမ်းရည်ကို အမြင့်ဆုံး ရောက်အောင် လေ့ကျင့်ထားတာပဲ။”
“မိတ်ဆွေလေး၊ မင်းက ငါ့ကို မယုံသေးဘူး ထင်တယ်။”
အဘိုးအိုသည် နောင်တရသည့်မျက်နှာဖြင့် ဆက်ပြောလေသည်။
“မင်း ကွန်ဝူမြို့ကို ရောက်ခဲ့တယ် မဟုတ်လား။”
ချီယွမ်က ပြန်မဖြေပေ။ သူသည် ထိုပြင်ပနတ်ဆိုးကို မည်သို့သတ်ရမည်ကိုသာ စဉ်းစားနေ၏။
ထို့အပြင် ဤနေရာတွင် ပြင်ပနတ်ဆိုးတစ်ကောင်ထက်မက ရှိရမည်ဟု သူခံစားမိနေသည်။
“မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ဒါကိုကြည့်ပါ။”
ပြင်ပနတ်ဆိုးက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ဖန်သားပြင်လိုရုပ်ပုံများသည် သူတို့ရှေ့၌ ပေါ်လာလေသည်။