← Chapters

ရှောင်ယင်၏ စိုးရိမ်ပူပန်မှုများ

Vol. 2 Ch. 28

ရှောင်ယင်၏ စိုးရိမ်ပူပန်မှုများ

Vol. 2 Ch. 28

“စမယ်”

ခေါင်းလောင်းသံနှင့်အတူ နောက်ဆုံးတိုက်ပွဲ စတင်ခဲ့သည် ။

ရှန်ကွမ်းဂိုဏ်းမှ တပည့်များသည် စင်ပေါ်သို့ စိုးရိမ်တကြီး ကြည့်နေကြပြီး အခြားသူများကတော့ အဖြေသိပြီးသား ပြိုင်ပွဲကို ကြည့်ရန်ထက် ရရှိထားသောသတင်းအသစ်ကို ပြန်ပို့ရန်သာ စိတ်စောနေကြ၏ ။

ပွဲစသည်နှင့် ကျိယွမ်က လျှင်မြန်စွာ လှုပ်ရှားလိုက်သည် ။

လျှင်မြန်လွန်းသော ထိုတုန့်ပြန်မှုက သူ၏အတွေ့အကြုံများမှ လာ၏ ။ မည်သူမှ မသိသော်လည်း ကျိယွမ်သည် အချိန်တစ်နှစ်ခွဲအတွင်း မတိုက်ခိုက်ရသောနေ့ဟူ၍ မရှိသလောက်ပင် ။ ရှန်ကွမ်းဂိုဏ်းချုပ်ထက်ပင် သူ၏တိုက်ပွဲအကြိမ်အရေအတွက်က ပိုများနေမလား မသိပေ ။

ပြိုင်ဘက်ဖြစ်သူက အခြေတည်အဆင့် အစွမ်းထက်လက်နက်ကို ကိုင်ဆောင်ထားသောကြောင့် ထိုလက်နက်၏ စွမ်းအားအပြည့်အဝ ထွက်ပေါ်မလာမီ ပွဲသိမ်းနိုင်ရန် လိုအပ်သည် ။

သူက လုံးဝမကြောက်သော်လည်း အလွယ်တကူ ဖြေရှင်းနိုင်သည့် ကိစ္စကို ရှုပ်ထွေးအောင် စောင့်နေဖို့တော့ စိတ်ကူးမရှိပါ ။

"ပုန်းအောင်း--"

ကျိယွမ်၏ ပုံရိပ်သည် စင်ပေါ်မှ ရုတ်တရက်ပျောက်ကွယ်သွားသည် ။

အနက်ရောင် ကြက်မွှေးတံမြတ်စည်းတံကို ဟန်ပါပါကိုင်ထားသော ချူးယွင်သုန်း ခဏမျှ ကြောင်သွားသည် ။

ဒီကောင် ဘယ်ကိုရောက်သွားတာလဲ ။

ထိုအချိန်တွင် သူ၏ဦးခေါင်းနောက်သို့ ကြီးမားသော လက်သီးတစ်လုံး ကျရောက်လာသည် ။

"ဘန်း"

ချူးယွင်သုန်း မှာတုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လက်သီးတစ်ချက်တည်းနှင့် သတိလစ်သွား၏ ။သူအားထားနေသော ကြက်မွှေးတံမြက်စည်းကြီးကိုပင် မသုံးလိုက်ရရှာပါ ။ ကြမ်းပြင်ပေါ်၌ ကားကားကြီး မှောက်နေတော့သည် ။

ဂိမ်းများကို အချိန်ကြာမြင့်စွာ ကစားခဲ့ခြင်းကြောင့် ကျိယွမ်တွင်တိုက်ပွဲအတွေ့အကြုံအလွန် ကြွယ်ဝသည် ။

မြန်မြန်ဆန်ဆန် ပစ်ခတ်ခြင်း၊ ရှောင်ခြင်း၊ ပေါင်းစပ်တိုက်ခိုက်ခြင်း စသည့်ကျွမ်းကျင်မှုများကို ကျိယွမ်ကထမင်းစားရေသောက်သလို အလွယ်တကူ ဆက်တိုက်ကိုင်တွယ်နိုင်သည် ။

ကျိယွမ်သည် ချူးယွင်သုန်းကို လက်သီးတစ်ချက်တည်းဖြင့် သတိလစ်သွားအောင် လုပ်လိုက်ပြီးနောက် သူ့လက်သီးကို ဖုန်မှုန့်သန့်စင်စွမ်းရည်ဖြင့် သန့်စင်လိုက်သည် ။

ချူးယွင်သုန်း၏ ခေါင်း၌ ဗောက်များ ရှိနေနိုင်သည် မဟုတ်ပါလား ။

သွဲ့ကျန်းကျော့၏ ဝဲပေါက်စေသော စွမ်းရည်ကိုသိရပြီးကတည်းက သူကသတိထားရန် အသိဝင်လာခြင်းပင် ။

ထို့နောက်ကျိယွမ်က သူမြင်ဖူးသော လက်ဝှေ့ချန်ပီယံတစ်ဦးလို လက်သီးကိုမြှောက်ကာ အောင်ပွဲခံလိုက်သည် ။

“ငါ နိုင်ပြီကွ ”

ကံမကောင်းသည်မှာ သူ့အတွက် ရွှေခါးပတ််ယူလာပေးမည့် လှပသောကြိုးဝိုင်းမော်ဒယ်မလေးများ မရှိသလို ရဲတင်းသည့် မိန်းကလေးပရိတ်သတ်များကလည်း အတင်းဝင်ဖက်ကာ အာဘွားပေးခြင်းမျိုးလည်းမပြုလုပ်ကြပေ ။

မုတ်ဆိတ်မွေးများနှင့်အဖိုးကြီးဖြစ်သော ချန်ရှန်ခရိုင်ဘုရင် တစ်ဦးတည်းကသာ နေရာမှ ထရပ်ပြီး စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြသည် ။

"ရှန်ကွမ်းဂိုဏ်းမှ ကျိယွမ်အနိုင်ရရှိသွားပါတယ်"

ကြေညာချက်ကို ကြားသောအခါမှ လူတိုင်းသည် စင်ပေါ်တွင် ဖြစ်ပျက်နေသည်များကို သတိပြုမိကြသည် ။

ချူကျန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး လဲကျနေသည့် ချူးယွင်သုန်းကို ကြည့်ကာ "အသုံးမကျတဲ့ကောင်" ဟု ငေါက်ငမ်းလိုက်၏ ။

ဘိုးဘေးပူဇော်ကြက်က ခဏလောက် ထိတ်လန့်သွားသော်လည်း မည်သည့်စကားမှ မပြောဘဲ နှုတ်ဆိတ်နေလိုက်သည် ။

အခြားဂိုဏ်းမှ တပည့်များကတော့ ထူးထူးခြားခြား အံ့အားမသင့်ကြပေ ။ ကျိယွမ်သည် ကျိစယ်တောင်ထွတ်၏ ထိပ်တန်းတပည့်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် ကြိုတင်ဇာတ်တိုက်ထားခြင်း မရှိခဲ့လျှင်ပင် ကျိစယ်တေင်ထွတ်သခင်မ၏ အနီးကပ်သင်ကြားမှုကိုရရှိနေသောကျိယွမ်က အနိုင်ရရန် အခွင့်အရေးကောင်း ရှိသည် ။

"သူ့ကို ကျိစယ်တောင်ထွတ်ရဲ့ ထိပ်တန်းတပည့်လို့ ခေါ်တာ မထူးဆန်းပါဘူး"

"တောင်ထွတ်သခင်ရဲ့ ပြုစုပျိုးထောင်မှုကြောင့်ထင်တယ် ၊၊သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက တော်တော်နက်ရှိုင်းနေပြီ"

အခြားဂိုဏ်းများမှ တပည့်များဘုမသိဘမသိဖြင့် ချီးမွမ်းနေကြသော်လည်း အကြောင်းသိဖြစ်နေသော ရှန်ကွမ်းဂိုဏ်းသားများကတော့ ငေးကြောင်နေကြသည် ။

"ဂိုဏ်းတူအစ်ကိုကြီး ၊ အစ်ကိုက ဘယ်လိုလုပ်ပြီး အနိုင်ရသွားတာလဲ"

တပည့်တစ်ယောက်က မနေနိုင်စွာမေးမိသည်။

သူတို့အားလုံးက ကျိယွမ်သည် ဥပါဒါန်သွေးမျိုးဆက်တစ်ဦးဖြစ်ပြီး ပါရမီအနည်းငယ်ကောင်းသူဟု လက်ခံထားကြသည် ။

သို့သော် တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သတ်လာလျှင်တော့ --။

ကျိစယ်တောင်ထွတ်၏ ထိပ်တန်းတပည့်ကျိယွမ်သည် သိုင်းပညာခန်းမသို့ လေ့ကျင့်ရန် တစ်ကြိမ်ကလေးပင် မသွားဖူးကြောင်းကို လူတိုင်း သိကြသည် ။

သူက ဥပါဒါန်သွေးမျိုဆက်ပီသစွာ ဂိမ်းများကို အလွန်အကျူး စွဲလမ်းနေ၏ ။နေ့နေ့ညည ဆော့၏ ။

အချိန်အားလျှင် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကြိုးနှင့်ချည်ပြီး ခွေးလုပ်ကာ ​လမ်းလျှောက်၏ ။ တိုက်ခိုက်ရေးစွမ်းရည်ကို မည်သို့ရရှိနိုင်မည်နည်း ။

"ဂိမ်းတွေ ကစားလို့လေ"

ကျိယွမ်က ရိုးသားစွာ အမှန်အတိုင်း ပြန်ဖြေပေးလိုက်သည် ။

"ဂိမ်းလား "

"ဂိုဏ်းတူအစ်ကိုကြီးက ဖောက်လာပြီ "

တပည့်များက တီးတိုးပြောဆိုကာ ရယ်မောကုန်ကြသည် ။

ကျိယွမ်သည် စင်ပေါ်မှ ဆင်းလာပြီးနောက် ပေါ့ပါးသွားသလို ခံစားလိုက်ရ၏ ။

ပြိုင်ပွဲကို အလျင်စလို စီစဉ်ခဲ့ပြီး အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည် ။

သူ စင်ပေါ်မှ ဆင်းလာသောအခါ ဂိုဏ်းမှဆံပင်ဖြူနေသော အကြီးအကဲတစ်ဦးက သူ့အား ပြုံးပြနေသည် ။ အကြီးအကဲ၏လက်ထဲ၌ ငှက်ရုပ်နှင့်ငါးရုပ်ပန်းပုများဖြင့် အလှဆင်ထားသည့် အညိုရောင် သစ်သားသေတ္တာကို ကိုင်ထား၏ ။

"ကျိယွမ် ၊ ဒါကဒီပြိုင်ပွဲအတွက် ဆုဖြစ်တဲ့ ထိပိတန်းအဆင့်တစ် အဝါရောင်ပန်းသီးပဲ"

အကြီးအကဲသည် သေတ္တာကို ကျိယွမ်အား ပေးလေသည် ။

ပတ်ဝန်းကျင်တွင်ရှိ​သော ရှန်ကွမ်းဂိုဏ်းနှင့် အခြားဂိုဏ်းများမှ တပည့်များသည် မနာလိုသည့်အလား ကြည့်နေကြ၏ ။

အချို့သော အကြီးအကဲများပင်လျှင် အလွန် မနာလိုဖြစ်နေကြပုံရသည် ။

ကျိယွမ်၏ မျက်လုံးများက တလက်လက်တောက်ပလာသည် ။

ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကွ ။

၎င်းသည် ဝိညာဉ်ကျောက် ၁၀,၀၀၀ တန်ဖိုးရှိသည် ။

အကြီးအကဲက သူ့ကို အားပေးသည် ။

"မကြာခင်မှာ မင်းအနေနဲ့ ဒီဝိညာဉ်ပစ္စည်းကို အသုံးပြုပြီး အကောင်းဆုံး အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးတော့ ဂိုဏ်းရဲ့ အင်အားကို ထပ်လောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အခြေခံအုတ်မြစ်တည်ဆောက်ဖို့လား ။

ကျိယွမ်သည် အဝါရောင်ပန်းသီးကို ထိုအတွက် အသုံးပြုရန် အစီအစဉ်မရှိပေ ။

သူ့တွင် ပိုကောင်းသည့် ရွေးချယ်စရာတစ်ခုရှိသည် ။

ကောင်းကင်ဘုံတာအိုအုတ်မြစ် ။

ချုရန်ရှန်ဆီမှ ကောင်းကင်ဘုံတာအို အုတ်မြစ် အကြောင်းကို နားထောင်ပြီးကတည်းက ထိုအရာသည် သူ့စိတ်ထဲတွင် အမြစ်တွယ်နေသည် ။

လူအများ၏ မနာလိုသည့် အကြည့်များအောက်မှာပင် ကျိယွမ်သည် ဂိုဏ်းများမှ အကြီးအကဲများကို နှုတ်ဆက်ပြီး သူ၏တောင်ထွတ်သို့ ပြန်ရန်ပြင်လိုက်သည် ။

"ညီလေးကျိ ၊ မင်းကိုသာ အချိန်ပေးလိုက်မယ်ဆိုရင် မင်းဟာ ငါတို့ သာ့ရှန်ရဲ့ ထိပ်တန်းစာရင်းထဲကို ရောက်နိုင်တယ်"

"အခု ပြိုင်ပွဲပြီးသွားပြီဆိုတော့ ငါလည်း မင်းတို့ ဂိုဏ်းချုပ်ကြီးနဲ့ သွားသောက်လိုက်ဦးမယ်"

ချန်ရှန်ခရိုင်ဘုရင်က သူ၏လက်ကို ဝှေ့ယမ်းကာနှုတ်ဆတ်ပြီးနောက် ကျက်သရေရှိစွာ ထွက်ခွာသွားသည် ။

လူအုပ်စုထဲတွင်ရှိနေသော ချူကျန်းသည် ကျိယွမ်ကို မသိမသာ ကြည့်နေပြီး သူ၏မျက်လုံးများတွင် လောဘရိပ်များ ပေါ်လာသည် ။

ထိုအချိန်တွင် ကျိယွမ်သည် ချူကျန်းကို သတိပြုမိသွား၏ ။ သူကစိုးရိမ်သော အမူအရာဖြင့် သတိပေးလိုက်သည် ။

"အစ်ကိုကြီး၊ သတိထားပါ ။ ခင်ဗျားပတ်ဝန်းကျင်မှာ သွေးကပ်ဘေးက ပိုပြီး အားကောင်းလာနေတယ်"

သူသည် ချူကျန်းမှာသေဆုံးရန်ပင် နီးစပ်နေသည်ဟု ခံစားရသည် ။ သွေးဘေးသည် မည်သူ့ကြောင့် ကျရောက်မည်ကိုတော့ သူမသိပေမဲ့ ထိုအရာကအမှန်ပင် ပြင်းထန်မှာသေချာသည် ။

ချူကျန်း၏ မျက်နှာက ပို၍ မည်းမှောင်သွားလေ၏။

"ဟွန်း၊ မင်းရဲ့ ညီမလေးရှောင်ယင်ကိုသာ စိတ်ပူစမ်းပါ ။ ငါမြင်ရသလောက်တော့ သူကမှ သွေးကပ်ဘေးနဲ့ ကြုံနေရတာ"

"အိုး၊ တကယ်လား ၊ ညီမလေးရှောင်ယင်အတွက် ဗေဒင်လေးဘာလေး ကြည့်ပေးမှရတော့မယ် "

ကျိယွမ်က ချူကျန်း၏ စကားကို အလေးအနက်ထားကာ တုန့်ပြန်လိုက်သည် ။

[သူမက သာမန်ကျင့်ကြံသူတစ်ဦးဖြစ်သည် ။ မကြာသေးမီက သူမပတ်ဝန်းကျင်၌ ကောင်းခြင်းလက္ခဏာများ ပေါ်ထွက်လာသောကြောင့် ကောင်းကျိုးတစ်ခုခု ဖြစ်တော့မည်ကို ဖော်ပြသည် ။]

စစ်ဆေးပြီးနောက် ကျိယွမ်က ချူကျန်း ကို ပြန်ကြည့်လိုက်၏

"ကျွန်တော့် ဗေဒင်ပညာက ညီမလေးရှောင်ယင်မှာ ကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ပြောနေတယ် ။ ခင်ဗျားကသာ သူ့ကို ဦးချပြီး ကံကောင်းခြင်းတွေကို မျှဝေပေးလိုက်ရင် ခင်ဗျားရဲ့ သွေးကပ်ဘေးကို ဖယ်ရှားပေးနိုင်မလား မသိဘူး"

"မင်း..."

ချူကျန်းမှာ ပို၍ဒေါသထွက်သွားပြီး နောက်ဆုံးတွင် စကားထပ်မပြောတော့ဘဲ ဒေါသတကြီး ထွက်ခွာသွားသည် ။

ကျိယွမ် သက်ပြင်းချလိုက်သည် ။

"ငါကစေတနာနဲ့ ယတြာပေးတာကို ၊ သူက ဘာဖြစ်သွားတာလဲ ၊ လူတွေလည်း တော်တော် ခက်တယ်"

သူက အဝါရောင်ပန်းသီးကိုယူဆောင်ပြီး ကျိစယ်သို့ ပြန်ရန်ပြင်လိုက်သည် ။

သူ၏ဆရာက သူ့ကိုအလွန်အလေးထားသောကြောင့် တောင်ထွတ်သိူ့ ပြန်ရောက်လျှင် သူ့ဘက်ကလည်း ကျေးဇူးတုံ့ပြန်မှုအချို့ ပြသသင့်သည် ။

"အစ်ကိုကြီး ကျိယွမ်၊ ကျေးဇူးတင်ပါတယ်"

ရှောင်ယင်က သူ၏အနီးသို့ချဉ်းကပ်လာပြီး ဦးညွှတ်သည် ။ သူမ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေသည် ။

ယနေ့တွင် ချူကျန်းက သူမကိုဒုက္ခပေးခဲ့ပြီး သူမ ကြောက်လန့်နေခဲ့သည် ။ တစ်ဂိုဏ်းလုံးတွင် အစ်ကိုကြီးကျိယွမ်သာလျှင် သူမကို ကူညီရန် ထွက်လာခဲ့သည် ။

ကျိယွမ် အံ့သြသွားသည် ။

"ဘာအတွက် ကျေးဇူးတင်တာလဲ"

"အစ်ကိုကြီးက ချူကျန်းမှာ သွေးကပ်ဘေး ရှိနေတယ်လို့ ချောက်လှန့်ပြောပြီး ကျွန်မဘက်ကနေ ရပ်တည်ပေးခဲ့တာကို ကျေးဇူးတင်တာပါ ... အဲဒါကြောင့် သူဒေါသထွက်သွားပြီး ကျွန်မဘက်ကို မြှားဦးမလှည့်တော့တာ "

"ငါက အမှန်အတိုင်း ပြောတာပါ ။ သူ့မှာ သွေးကပ်ဘေးတစ်ခု ရှိနေတယ် ။ ကံမကောင်းတာက သူကငါ့စကား နားမထောင်ဘူးလေ ။ သူသာ နင့်ကို ဦးချခဲ့ရင် သွေးကပ်ဘေး ပျောက်သွားနိုင်တယ် ။ လူတွေဟာ အကြံဉာဏ်ကောင်းတွေကို နားထောင်သင့်တယ်ဆိုတဲ့ အသိလေးတောင် မရှိကြဘူး "

ကျိယွမ်၏စကားများကိုကြားပြီးနောက် ရှောင်ယင်၏ စိုးရိမ်သောကများ တော်တော်သက်သာသွားသည် ။

"ဂိုဏ်းတူအစ်ကိုကြီးက တကယ် စိတ်ဝင်စားစရာကောင်းတာပဲ"

သို့သော် သူမက တစ်ခုခုကို သတိရသွားပြီး အလေးအနက်ထားကာ သတိပေးလိုက်၏ ။

"ဂိုဏ်းတူအစ်ကိုကြီး၊ အစ်ကိုကြီးက ချူကျန်းကို သတိထားရမယ် ။ သူက ရက်စက်သလို လက်စားလည်းအလွန်ချေတတ်တယ် ။ ဖြစ်နိုင်ရင် ဂိုဏ်းထဲကနေ အပြင်ကို မထွက်ပါနဲ့"

"ချူကျန်းလောက်လေးကို ဘာလို့ ကြောက်ရမှာလဲ ။ ငါ့ကိုလာရှုပ်ရင်သူ့ခေါင်းကို တစ်ချက်တည်းနဲ့ ဖြတ်ပစ်ပြီး သူ့ရဲ့ သွေးကပ်ဘေးကို ဖြည့်ဆည်းပေးလိုက်မယ်"

ကျိယွမ်က အရေးမပါသလို တုန့်ပြန်လိုက်သည် ။

ကျိယွမ်က အရာအရာတွင် ပေါ့ပေါ့ဆဆ နေတတ်သူဖြစ်ကြောင်းကို သိနေသော ရှောင်ယင်က ထပ်မံ သတိပေးလိုက်သည် ။

"ချူကျန်းက အခြေတည်အဆင့်ဖြစ်သလို သူ့ဇနီးကလည်း မဟူရာကြက်မိစ္ဆာကြီးရဲ့ မယားငယ်တစ်ယောက်ပဲ ။ မဟူရာတောင်တန်းဂိုဏ်းက သူ့ကို အလွန် မျက်နှာသာပေးတယ် ။ ဂိုဏ်းတူအစ်ကိုကြီး သေချာပေါက် သတိထားမှရမယ် "

ကျိယွမ် မျက်ခုံးပင့်လိုက်သည် ။

"ဒီကောင့်မှာ နောက်မီးလင်းနေတဲ့မိန်းမရှိတာ ငါမသိခဲ့ဘူး ၊ သူကနွားလား ၊ တော်တော် သဘောထားကြီးတဲ့ကောင်ပဲ "

သူကထိုမျှနှင့် စကားဖြတ်ကာ ကျိစယ်တောင်ထွတ်သို့ ပြန်ရန်ထွက်လာခဲ့သည် ။

ကျန်နေခဲ့သော ရှောင်ယင်ကတော့ သူ၏ကျောပြင်ကို ငေးကျန်နေခဲ့ကာ သက်ပြင်းချ၏ ။

"ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်းနဲ့ဆိုရင် ဂိုဏ်းတူအစိကိုကြီးက နှစ်ငါးရာအတွင်း စိတ်ဝိညာဥ်အဆင့်ကို ရောက်မှာပဲ ၊ အဲဒီအချိန်ထိ ငါကအသက်ရှင်နေနိုင်ပါ့ဦးမလား မသိဘူး "

မဟူရာကြက်မိစ္ဆာအဘိုးအို သည် သူမ၏ နှလုံးသားပေါ်တွင် မှောင်မိုက်သည့် တိမ်တိုက်တစ်ခုကဲ့သို့ လွှမ်းမိုးနေသည် ။

ထိုအတူ မာနကြီးပြီး ရက်စက်ယုတ်မာသည့် ချူကျန်းသည်လည်း ရှောင်ယင်အပါအဝင် ​ရှန်ကွမ်းဂိုဏ်း တပည့်အားလုံးအတွက် ရင်ထဲက ဆူးတစ်ချောင်း ဖြစ်နေသည် ။

လူယုတ်မာ ချူကျန်းသည် မကြာသေးမီကပင် ကျူးရုန်မြို့တော်၌ ရာဇဝတ်မှုကြီးများ ကျူးလွန်ခဲ့သော်လည်း အပြစ်ပေးခြင်း မခံရသေးပေ ။

အဆိုးဆုံးမှာ မဟူရာတောင်တန်းဂိုဏ်းအဖွဲ့သည် ကျူးရုန်မြို့တော်တွင် တစ်ညတာ တည်းခိုမည်ဟုပင် စီစဥ်ထားသည်ကို သိရှိရသောအခါ ရှောင်ယင်သည် ပို၍ပင် ဒေါသထွက်နေရတော့သည် ။

သိူ့သော်လည်း သူမတွင်လုံလောက်သောခွန်အားမရှိ ဖြစ်နေ၏ ။

--------

All Chapters