← Chapters

အလင်းနန်းတော်ကို ဖျက်ဆီးရန် ရက်တစ်ရာစီမံကိန်း

Vol. 8 Ch. 109

အလင်းနန်းတော်ကို ဖျက်ဆီးရန် ရက်တစ်ရာစီမံကိန်း

Vol. 8 Ch. 109

“ကာကွယ်ရေးမှူး"

"ကာကွယ်ရေးမှုး.."

ကျင့်ကြံသူတစ်ဦးသည် မြို့ရိုးပေါ်သို့ စိတ်လှုပ်ရှားစွာ ပြေးတက်လာသည်။သူ၏ မျက်နှာ၌ ဝမ်းသာအားရမှုများ ပြည့်နှက်နေ၏။

တုံလုံကတော့ မြို့ရိုးပေါ်၌ ကျယ်ပြန့်သော သဲကန္တာရကို စူးစိုက်ကြည့်ရင်း အတွေးနက်နေသည်။

ဝူကွေမြို့၏ကာကွယ်သူ ထွက်ခွာမသွားမီ ဝူထုံ၏နတ်ဆိုးတပ်ကြီးထဲမှ တိုင်းပြည်အစောင့်အချို့ကို သတ်သွားပါက ပိုကောင်းလိမ့်မည်ဟု သူတွေးမိသည်။

ထိုစဥ် နောက်လိုက်တစ်ဦး၏ အော်သံကြောင့် သူကအတွေးကိုရပ်တန့်ကာ မေးလိုက်သည်။

“ဝူကွေမြို့ကာကွယ်သူက တိုင်းပြည်အစောင့်တွေကို သတ်နိုင်ခဲ့ရဲ့လား”

အစီရင်ခံရန်အသင့်ဖြစ်နေသော ကျင့်ကြံသူနောက်လိုက်သည် သူစီစဉ်ထားသည့် စကားလုံးများကို မျိုချလိုက်ပြီး တုံလုံ၏မေးခွန်းကို အရင်ဖြေသည်။

“ဟုတ်ကဲ့၊ သတ်နိုင်ခဲ့ပါတယ်”

တုံလုံသည် ထိုအဖြေကို အံ့ဩခြင်းမရှိပေ။

ဝူကွေမြို့ကာကွယ်သူ၏ ခွန်အားအရတိုင်းပြည်အစောင့်အချို့ကို သတ်နိုင်ရန်မှာ ပြဿနာမရှိကြောင်း သူသိသည်။

“ဒါနဲ့..သူ သတ်လိုက်တာက...”

တုံလုံသည် တိုင်းပြည်အစောင့် မည်မျှလောက်ကို သတ်သွားသည်ကို မေးရန် စတင်လိုက်သော်လည်း ထိုသို့မေးလျှင် သူသည် အလွန်တွက်ချက်တတ်သူအဖြစ် ထင်သွားမည်ကို စဉ်းစားမိ၍ စကားပြောင်းလိုက်၏။

“ဝူကွေမြို့ရဲ့ကာကွယ်သူ ထွက်ပြေးသွားပြီလား”

နောက်လိုက်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွား၏။

ယနေ့ ကာကွယ်ရေးမှုသည် အနည်းငယ် စကားများလွန်းသည်ဟု သူခံစားရပြီး၊ သူ့ကို သေချာ အစီရင်ခံခွင့်မပေးဘဲ ထူးဆန်းသော မေးခွန်းများချည်း ဆက်တိုက်မေးနေသည်။

သို့သော်လည်း အထက်လူဖြစ်သောကြောင့် သူပြောချင်သလို ပြော၍လည်းမဖြစ်ပါ။

“မပြေးပါဘူး"

နောက်လိုက်က အမှန်အတိုင်းဖြေဆိုလိုက်သည်။

ဝူကွေမြို့၏ကာကွယ်သူသည် မြို့ရိုးပေါ်တွင် သက်သောင့်သက်သာ ထိုင်နေဆဲပင်မဟုတ်ပါလား။

“ဘာ”

တုံလုံသည် တုန်လှုပ်သွားပြီး၊ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားသည်။

“ဝူကွေမြို့ရဲ့ ကာကွယ်သူက... အသက်ပေးပြီး တိုက်ဖို့ ရွေးချယ်လိုက်တာလား”

အနားတွင်ရှိသော အစောင့်များသည် ဝမ်းနည်းခြင်းနှင့်အတူ သူရဲကောင်းဆန်သောခံစားချက်ဖြင့် ပြည့်နှက်သွားကြပြီး၊ အချို့ကခေါင်းကိုမော့၍ ရှည်လျားစွာ အော်ဟစ်ကာ၊ အချို့က လက်သီးများကို ဆုပ်ထားကြသည်။

“ဝူကွေ့မြို့ ပျောက်ကွယ်သွားနိုင်ပေမဲ့ ကာကွယ်သူကတော့ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အသက်ရှင်နေမှာပါ"

“ဝူထုံ ဘယ်လောက်ပဲ သန်မာပါစေ၊ ကျွန်တော့်တို့အသက်ကိုပေးပြီး ကာကွယ်သူအတွက် လက်စားချေပေးပါ့မယ်"

"ဝူထုံ ၊ မင်းကို ကာကွယ်သူအတွက် ငါတို့ခန်းလန်မြို့က လက်စားချေပြမယ်ကွ"

စိတ်ပျက်လက်ပျက်ဖြစ်နေသော အစီရင်ခံသူနောက်လိုက်သည် တုံလုံကို ရိုက်ပစ်ချင်စိတ်များပင်ပေါက်သွားလေသည်။

ရှေ့လူက ပေါက်ပန်းစျေးများပြောသလို နောက်လူများကလည်း ဗရမ်းဗတာများကြေကွဲနေကြ၏။

သို့သော်လည်း သူသည်မရိုက်ရဲသောကြောင့် ရှိသမျှသတ္တိများကိုစုစည်းကာအသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အားလုံး နားထောင်ကြပါ။ ဝူကွေမြို့ ရဲ့ကာကွယ်သူက မသေသေးပါဘူး”

သူ၏စကားများက အားလုံးကိုတုန်လှုပ်သွားစေသည်။

တိုင်းပြည်အစောင့် ဆယ့်နှစ်ဦးကျော်၏ မျက်လုံးများက သူအပေါ် အာရုံစိုက်လာရာ၊ သူသည် ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။

“ဝူကွေမြို့ရဲ့ ကာကွယ်သူက မသေသေးဘူးဆိုတော့.... အညံ့ခံလိုက်တာလား”

“စိတ်ပျက်စရာပဲ"

"ငါတို့အထင်ကြီးထားသမျှ အလကားပဲပေါ့"

"အေးဆို"

"သူက သရဲဘောကြောင်တဲ့သူပဲ"

သတင်းပို့နောက်လိုက်မှာ ဆက်ပြောချင်စိတ်များပင် ပျောက်ဆုံးသွားသည်။

သူကသည်းမခံနိုင်တော့သလို ထအော်ပစ်သည်။

“အားလုံးစကားမပြောဘဲ ၊ကျွန်တော့်ကို ပြောခွင့်လေးလည်း ပေးကြပါဦးလို့"

တစ်ယောက်တစ်ပေါက်ဖြစ်နေသူများ ငြိမ်သက်သွား၏။

ထုံလုံသည် တည်ငြိမ်စွာဖြင့် အခြေအနေကိုထိန်းလိုက်သည်။

“အားလုံး ငြိမ်သက်ပြီး သူ့ကို ပြောခွင့်ပြုလိုက်ပါ”

ထိုအခါမှ နောက်လိုက်သည် သက်ပြင်းချကာ လျင်မြန်စွာ ပြောလိုက်သည်။

“ဝူကွေမြို့ကာကွယ်သူက မသေရုံသာမက၊ ဝူထုံရဲ့သောင်းချီတဲ့ နတ်ဆိုးတပ်ကြီးကို တိုက်ထုတ်ခဲ့ပါတယ် ၊သူ တစ်ယော​က်တည်း၊ ဓားကျိုးတစ်ချောင်းတည်းနဲ့ ဝူထုံရဲ့ နတ်ဆိုးတပ်ကြီးကို သုတ်သင်လိုက်တာပါ၊ဝူထုံသေသွားပါပြီ...အဲ..မဟုတ်ဘူး၊ နတ်ဆိုးတပ် ဒါမှမဟုတ် နတ်ဆိုးထိန်းချုပ်သူတစ်ယောက်မှကို မကျန်တော့ပါ ၊အားလုံးအမှုန့်ဖြစ်ပြီး လေထဲမှာပျောက်ကုန်ပါပြီ”

သတင်းပို့သူသည် အခြားသူများ မနှောင့်ယှက်နိုင်ရန် အသက်ပင်မရှုဘဲ အကုန်လုံးတစ်ထိုင်တည်း ပြောချလိုက်သည်။

ပြောချင်နေသည့်ကိစ္စကြီးကို ပြောပြီးနောက်တွင် သူသည်အလွန်စိတ်သက်သာရာ ရသွား၏။

ထိုအခိုက်အတန့်တွင် အားလုံးသည် လုံးဝတိတ်ဆိတ်သွားကြပြီး သူတို့ကြားလိုက်ရသည်ကို မယုံနိုင်ကြပေ။

တုံလုံသည် ကျင့်ကြံသူကို ကြည့်လိုက်၏။ သူ၏ အကြည့်သည် ထိုးဖောက်မတတ် စူးရှလှသည်။

“မင်းပြောတာတွေ အားလုံးက အမှန်တွေလား"

“ကာကွယ်ရေးမှုးကို အစီရင်ခံပါတယ်၊ လိမ်ထားတဲ့ စကားတစ်လုံးမှ မပါပါဘူး။ ကျွန်တော်လိမ်ရင် ကာကွယ်ရေးမှုရဲ့ အဖေဖြစ်ပါစေ”

နောက်လိုက်သည် သူ၏သတင်းစကားလုံးမယုံကြည်လွန်း၍ ရဲရဲဝံ့ဝံ့ပြောချလိုက်ပြီး မတော်တဆ စကားမှားသွားသည်။

သို့သော် ခန်းလန်မြို့ရိုးပေါ်တွင်ရှိနေသော မည်သူကမျှသူ၏ နောက်ဆုံးစကားကို ဂရုမစိုက်ကြပေ။

လူတိုင်း၏မျက်နှာများသည် မယုံကြည်နိုင်ခြင်းကို ပြသနေသည်။

ဝူကွေမြို့၏ကာကွယ်သူသည် ဝူထုံ၏နတ်ဆိုးတပ်ကြီးကို တစ်ဦးတည်း သုတ်သင်လိုက်သည်တဲ့လား။

ဝူထုံ သေသွားပြီပေါ့။

နားရှိလို့သာကြားရသော်လည်း ဒဏ္ဍာရီဇာတ်လမ်းတစ်ခုလို ဖြစ်နေသည်။

ဝူထုံ၏ တပ်ကြီးဝန်းရံခံထားသော မြေကမ္ဘာဒဏ္ဍာရီတစ်ပါးသည် သေလမ်းတစ်ခုသာရှိသည်မဟုတ်ပါလား။

သို့သော် ဝူကွေမြို့​၏ကာကွယ်သူသည် အသက်ရှင်ရုံသာမက ရန်သူနတ်ဆိုးအားလုံးကို အကြွင်းအကျန်မရှိသတ်ပစ်လိုက်သည်။

စိတ်ကူးမယဉ်နိုင်စရာ..

မယုံနိုင်စရာ....

အိပ်မက်တစ်ခုလိုပမာ....

“ဟားဟား ဟားဟားဟား ဝူထုံ သေပြီတဲ့ဟေ့....."

ထုံလုံသည် အားရဝမ်းသာ ရယ်မောတော့သည်။

“ဝူကွေမြို့ရဲ့ကာကွယ်သူ ကြောက်စရာကောင်းတယ်ဟေ့ "

"ဟားဟား ဟားဟားဟား "

"ဒီလိုတွေ ဒီလိုတွေ ဒီလိုတွေ ချပစ်တာပေါ့"

ထုံလုံသည် ရယ်မောရင်းမှ အူမြူးလွန်း၍ အမူအရာမျိုးစုံဖြင့် လက်ဟန်ခြေဟန်များပါလုပ်နေသည်။

လုပ်ပြရင်းမှ အားပါသွားသဖြင့် အားပြင်းသော ကန်ချက်တစ်ခုသည် မြို့ရိုးတစ်ခြမ်းပဲ့သွားစေပြီး သူကိုယ်တိုင်လည်း မြို့ရိုးပေါ်မှ ပြုတ်ကျသွားသည်။

ဝမ်းမြောက်ဝမ်းသာ ရယ်မောနေသော တိုင်းပြည်အစောင့်တစ်ဦးသည်လည်း ထုံလုံနှင့်အတူ ပြုတ်ကျသွား၏။

အခြားသူများအားလုံးက သူတို့နှစ်ဦးကိုကြည့်ကာ ပို၍ပင်ရယ်မောကုန်တော့သည်။

သတင်းလာပို့သောနောက်လိုက်မှာ ခေါင်းဆောင်ပိုင်းများအားလုံးက တဝါးဝါးပွဲကြနေသောကြောင့် သူပါရောယောင်၍ လိုက်ရယ်မိတော့သည်။

"ဝါး..ဟားဟားဟားဟားဟား"

................

ဝူကွေမြို့တွင် ကျိယွမ်သည် မြို့ရိုးပေါ်၌ ထိုင်နေသည်။

"အဓိပတိတစ်ပါးရဲ့ အကြွင်းမဲ့မူလစွမ်းအင်တိုက်ခိုက်မှု…”

ကျိယွမ်၏မျက်လုံးများက အတွေးနယ်ချဲ့နေသည့် အမူအရာကိုပြကာ လေးနက်နေသည်။

“ငါ့ကို ပစ်မှတ်ထားတဲ့အဓိပတိတစ်ပါးများ ရှိနေသလား… ဒါမှမဟုတ် တခြားတစ်ခုခုကြောင့် တိုက်ဆိုင်တာလား”

သူသည် ဝူကွေမြို့ကို တစ်ချက်ကြည့်လိုက်သည်။

လူသူကင်းမဲ့နေသော ဝူကွေ့မြို့ထဲတွင် တိုလီမိုလီ အလုပ်များနေသော ယွမ်ချီတစ်ဦးတည်းသာရှိသည်။

“အခုအနေအထားက အဓိပတိတစ်ပါးကိုရင်ဆိုင်ဖို့… ငါက တော်တော်လေး အားနည်းနေသေးတယ်”

ယခုတစ်ကြိမ်တွင် သူသည်အကြွင်းမဲ့မူလစွမ်းအင်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ဖြေရှင်းနိုင်ခဲ့သည်။ တိကျွဲ့​နယ်မြေတွင် သူသည်အဆင့်ကျရှုံးထားသော အဓိပတိများနှင့်တိုက်ခိုက်ဖူးသောကြောင့် မူလစွမ်းအားကိုရှောင်ရှားရန်နည်းစနစ်အချို့ ကျွမ်းကျင်ထားသောကြောင့်ဖြစ်သည်။

သို့သော် ၎င်းသည် အမြဲတမ်း အသုံးဝင်သည်တော့မဟုတ်ပေ။

စစ်မှန်၍ မကျရှုံးသေးသောအဓိပတိတစ်ပါးကို ဆန့်ကျင်တိုက်ခိုက်ရမည်ဆိုလျှင် သူ၏ တိုက်ခိုက်မှုများက သူတို့ကိုသတ်ဖြတ်ရန်မပြောနှင့် နာကျင်စေမည်ပင် မဟုတ်ပါ။

“ငါ့မှာလည်း ငါ့ရဲ့ အကြွင်းမဲ့မူလစွမ်းအင်ရှိမှ ဖြစ်မယ်”

ထိုအရာအတွက် အဆင့် ၁၂၀ သို့ တက်ရန် လိုအပ်သည်။

လက်ရှိတွင် သူသည် အဆင့် ၉၄ သာ ရှိသေးသည်။အဆင့် ၁၂၀ သို့ ရောက်ရန်မှာ တမျှော်တခေါ်ကြီးကို ဝေးနေသေးသည်။

“ဝူထုံ သေပြီဆိုတော့ ယူကျိုးကခဏလောက်ဗရမ်းပတာဗလာဖြစ်နေမှာပဲ။ငါ ဒီအခွင့်အရေးကိုအသုံးချပြီး ယူကျိုးမှာရှိတဲ့နတ်ဆိုးတွေကို ရှင်းလင်းသင့်တယ်”

ကျိယွမ် ဆုံးဖြတ်ချက်ချလိုက်သည်။

ယခုအချိန်တွင် သူ၏ခွန်အားသည် သူ့ကိုယ်သူကာကွယ်ရန် လုံလောက်သည်။ ကြီးမားသော နတ်ဆိုးတပ်ကို ရင်ဆိုင်ရလျှင်ပင် သူမကြောက်ပေ။

ဝူကွေမြို့ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို ရှင်းလင်းပြီး သူ့ကိုယ်သူ အားကောင်းအောင် လုပ်သင့်သည့်အချိန် ရောက်လေပြီ။

အဆင့် ၁၂၀ သို့ အမြန်ရောက်ရှိကာ အနှစ်သာရကို တတိယအကြိမ် နားလည်သဘောပေါက်ခြင်းကို ခံယူရမည်။

"အင်း..ငါတတိယအကြိမ်မြောက်ရောက်ခဲ့ရင် ကျူးယန်အတွက် နှစ်ဘယ်လောက်များကြာသွားမလဲမသိဘူး။အိုးကိုးလုံးတောင်ကိုတောင် မြင်ရပါဦးမလား"

သူသည် မြို့ရိုးပေါ်မှ မျက်စိတစ်ဆုံးကျယ်ပြန့်သော ကန္တာရကြီးကို ငေးမောကြည့်ရင်းတွေးမိသည်။

“အခုချိန်ထိ ကျူးယန်ရှိနေတုန်းဆိုရင် သူဘယ်မှာများ ရှိနေမလဲမသိဘူး”

................

ခုနစ်နှစ် ကြာပြီးနောက်......

ခုနစ်နှစ်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။

ယူကျိုးသည် ကြီးမားသော ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရသည်။

ဝူကွေမြို့၏ကာကွယ်သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ပေါ်လာပြီး နတ်ဆိုးတပ်များကို မကြာခဏ သုတ်သင်ခဲ့သည်။

ရက်အနည်းငယ်ကြာတိုင်းတွင် ကာကွယ်သူ၏လက်ချက်ဖြင့် နတ်ဆိုးသောင်းချီ၍ ကျဆုံးနေရသည်။

ယူကျိုးရှိ အခြားမြို့များမှ ကျင့်ကြံသူများသည် သဲကန္တာရထဲတွင် နတ်ဆိုးတပ်များကို သုတ်သင်နေသော ကြောက်မက်ဖွယ် သွေးနီရောင် အရိပ်ကြီးကို မြင်တွေ့ရကြောင်း မကြာခဏ အစီရင်ခံခဲ့ကြသည်။

ထိုပုံရိပ်ကြီးသည် အဝေးမှမြင်ရုံမျှဖြင့်ပင် သူတို့ကို ကြောက်ရွံ့လေးစားမှုများဖြင့် ပြည့်နှက်စေခဲ့သည်ဟု ဆိုကြ၏။

ဝူကွေမြို့ ကာကွယ်သူသည် မောပန်းခြင်းမရှိသလို မည်သည့်ဒဏ်ရာမှ မရခဲ့ချေ။သူသည် ယူကျိုး၏နတ်ဆိုးများကို သုတ်သင်ရန် ကောင်းကင်မှဆင်းလာသော မသေမျိုး နတ်ဆိုးဘုရားတစ်ပါးကဲ့သို့ ထင်ရသည်။

တစ်နှစ်ပတ်လုံး ခန်းလန်မြို့တွင်လည်း နတ်ဆိုးတိုက်ခိုက်မှုများ မရှိခဲ့ချေ။

နောက်ဆုံးအကြိမ် နတ်ဆိုးများတိုက်ခိုက်လာစဥ်က၊ခန်းလန်မြို့ ကာကွယ်ရေးမှူးတုံလုံ မလှုပ်ရှားမီမှာပင် ကောင်းကင်မှ ဓားတစ်ချောင်း ပျံသန်းလာကာ နတ်ဆိုးများကို သတ်ပစ်ခဲ့သည်။

ယခုအချိန်မှာတော့ ဝူကွေမြို့အပြင်တွင် ဆယ့်နှစ်မီတာမြင့်သော သွေးနီရောင်ကြောက်မက်ဖွယ်ပုံရိပ်သည် ပြင်းထန်သော သတ်ဖြတ်ခြငအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ကျိယွမ်သည် သူ၏ဓားကျိုးကိုဆွဲထုတ်၍ သဲထဲသို့ ထိုးစိုက်လိုက်သည်။

ထို့နောက် သူသည် ယွမ်ချီကို ငုံ့ကြည့်ကာ ဖြည်းညင်းစွာ ပြောသည်။

“ငါဝူကွေမြို့က ထွက်ခွာတော့မယ်။ ဒါက လအနည်းငယ်ပဲ ဖြစ်နိုင်သလို၊ အနှစ်တစ်ရာအထိလည်း ကြာနိုင်တယ်”

ကျိယွမ်သည် အရာအားလုံးကို စီစဥ်ပြီးပြီမို့ဂိမ်းမှထွက်ရန် အသင့်ဖြစ်နေလေပြီ။

ယွမ်ချီသည် ထိုစကားကို ကြားသောအခါ ကျိယွမ်အားကြောက်ရွံ့နေသည့်ကြားမှ မော့ကြည့်သည်။

“ကျွန်တော်ဆရာ့အတွက် ဝူကွေမြို့ကို စောင့်ရှောက်ထားပါ့မယ်”

ကျိယွမ်နှင့် နီးလေလေ၊ သူ ပို၍ ကြောက်ရွံ့လေလေ ဖြစ်သည်။

ယွမ်ချီသည် ကျိယွမ်ကိုမြင်တိုင်း ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေသည်နှင့် မတူဘဲနတ်ဆိုးတစ်ပါးကို ရင်ဆိုင်နေရသလို ခံစားရသည်။

နှစ်ပေါင်းများစွာအတွင်း သူသည် ကျိယွမ် တစ်ဆင့်ပြီးတစ်ဆင့် အားကောင်းလာသည်ကို မြင့်ခဲ့ရသည်။

ကျိယွမ်သည် သူ၏ ခွန်အားကိုအမြန်ဆုံး မြှင့်တင်ရန် တားမြစ်နည်းစနစ်အချို့ကို ကျင့်ကြံနေသည်ဟု ခန့်မှန်းမိပီး၊ နတ်ဆိုးများကို သတ်ရန်အတွက် သူ့ဘဝကိုသူ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားစေသည်ဟု ယူဆသည်။

ကာကွယ်သူသည် ဝူကွေမြို့အတွက် ဤမျှအထိပင် စွန့်လွှတ်ခဲ့ရသည်။

သူက မည်သို့ ကြောက်ရွံ့သင့်မည်နည်း။

နှစ်ပေါင်းများစွာအတွင်း သူသည် ကျိယွမ် ရင်ဆိုင်ခဲ့ရသည်များကိုလည်း မြင်တွေ့ခဲ့ရသည်။

မြို့တစ်မြို့ကို တစ်ယောက်တည်းကို စောင့်ရှောက်ခြင်းသည် သူရဲကောင်းဆန်ရုံသာမက အလွန်ပင် ပင်ပန်းနွမ်းနယ်စေပါသည်။

“ဒီဓားက နတ်ဆိုးတွေကို သတ်နိုင်တယ်။ နတ်ဆိုးအများကြီးလာတိုက်ခိုက်ရင် ငါ ခံစားမိလိမ့်မယ်"

"တခြားမြို့က NPCတွေ လာရင် မတော်တဆ ထိခိုက်မိတာ မဖြစ်အောင် ဝေးဝေးနေခိုင်းပါ”

ကျိယွမ် ထပ်မံမှာကြားလိုက်သည်။

ပတ်ဝန်းကျင်ရှိနတ်ဆိုးများကို ရှင်းလင်းပြီးဖြစ်သောကြောင့် ဝူကွေမြို့သည် ခဏတာ တော့ နတ်ဆိုးတပ်များ၏ တိုက်ခိုက်မှုမှ လုံခြုံလိမ့်မည်။

ဂိမ်းမှ ထွက်ရန် အချိန်တန်လေပြီ။

မည်သို့ပင်ဆိုစေ ဂိမ်းကိုကြာမြင့်စွာဆော့ခြင်းသည် အနည်းနှင့်အများတော့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမှာ ရှိနေသေးသည်။

“ဟုတ်ကဲ့ပါ ဆရာ"

ယွမ်ချီသည် သစ္စာရှိသောအစေခံတစ်ဦးကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်က စိတ်ဓာတ်တက်ကြွခဲ့သော လူငယ်စစ်သူကြီးသည် ယခုအခါ အရွယ်လတ်ပိုင်းသို့ ရောက်ရှိလာပြီး၊ သူ၏ မျက်နှာပေါ်တွင် ခက်ခဲကြမ်းတမ်းမှုများ၏ အမှတ်အသားများ ထွင်းထုထားသည်ကို တွေ့ရသည်။

ကျိယွမ်သည် စကားပြောပြီးနောက် ယွမ်ချီအနီးမှ ပျောက်ကွယ်သွားသည်။

သူသည် သတို့သမီးလေးကို ပွေ့ဖက်ထားရင်းမှ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေ၍ တွင်းတစ်တွင်းတူးပြီး ခါတိုင်းလိုပင် သတို့သမီးလေးနှင့်အတူ ​ခုန်ဆင်းသွားတော့သည်။

.............

ရှန်ကွမ်းဂိုဏ်းတွင်ဖြစ်သည်။

ကျိယွမ်သည် ဂိမ်းထံမှ နိုးလာခဲ့သည်။

လက်တွေ့ကမ္ဘာတွင် တစ်ရက်သည် ဂိမ်းတွင် ဆယ်နှစ်ဖြစ်သောကြောင့် သူသည် နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း လက်တွေ့တွင် နှစ်ရက်သာကုန်လွန်ခဲ့သည်။

“အခြေတည်အဆင့်ရဲ့အလယ်အလတ်လား"

သူ၏ ကျင့်ကြံမှုအဆင့်ကို ခံစားမိသောအခါ ကျိယွမ်သည် ကျေနပ်မိသည်။

“ငါပြောသားပဲ ဂိမ်းဆော့ပြီးအဆင့်တက်တာ မြန်ပါတယ်ဆို။ လက်တွေ့ကမ္ဘာမှာသာ ပုံမှန်ကျင့်ကြံရင် ဒီလောက်လေးကို နှစ်ပေါင်းများစွာ ကြာလိမ့်မယ်”

ကျိယွမ်တော်တော်လေး ပျော်ရွှင်နေသည်။

“အခုဆိုရင် ငါစိတ်ဝိညာဥ်အလယ်အဆင့် ကျင့်ကြံသူတွေကို ချက်ချင်း သတ်နိုင်လောက်ပြီ မဟုတ်လား”

သူ၏ခွန်အားကို ခံစားမိသောအခါ ကျိယွမ်သည် ပို၍ကျေနပ်မိသည်။

သို့သော်… အလင်းနန်းတော်၏တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို စဉ်းစားမိသောအခါ သူသည် ဖိအားများစွာ ခံစားလိုက်ရသည်။

“အလင်းနန်းတော်က ပျက်စီးနေတဲ့ယင်နတ်ဘုရားအဆင့်လက်နက်တစ်ခု ပိုင်ဆိုင်ပြီး ယင်နတ်ဘုရားကိုတောင် တိုက်ခိုက်နိုင်တယ်၊ငါကတော့ ယင်နတ်ဘုရားဖြစ်ဖို့တောင် အဝေးကြီး လိုသေးတယ်"

လက်ရှိတွင် ကျိယွမ်သည် စိတ်ဝိညာဉ် အလယ်အဆင့်ကျင့်ကြံသူများကို ချက်ချင်း သတ်နိုင်ပြီး အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုလည်း မကြောက်ရပေ။

သို့သော် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် သူသည်သိသာစွာအားနည်းနေသေးသည်။

ယင်နတ်ဘုရားများဆိုလျှင်တော့ ပြောစရာပင်မလိုတော့ပါ။

“ဆရာတူအစ်ကိုကြီး၊ နိုးလာပြီလား”

ထိုအချိန်တွင် ကျန်းလင်းစု၏ နားဝင်ချိုသောအသံလေးက ထွက်ပေါ်လာသည်။

“အင်း၊ ဘာဖြစ်လို့လဲ ညီမလေး”

ကျိယွမ်သည် သူ့ကိုယ်သူသန့်စင်စေသော အစီအရင်တစ်ခုရွတ်ဆိုကာသန့်ရှင်းလိုက်ပြီးနောက် သစ်သားအိမ်မှ ထွက်လိုက်သည်။

ကျန်းလင်းစု၏ ဖြူစင်သော မျက်နှာသည် ဝမ်းနည်းမှုဖြင့် စွန်းထင်းနေသည်ကို မြင်လိုက်ရလေ၏။

သစ်ခွပန်းများပုံများပါသောအစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသောသူမသည် လျင်မြန်စွာလမ်းလျှောက်လာသောအခါ သူမ၏နူးညံ့၍ ပြည့်ဝိုင်းသောကိုယ်ခန္ဓာကအနည်းငယ်လှုပ်ယမ်းနေသဖြင့် သူမ၏ ဝတ်စုံသည် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို မဖုံးနိုင်ခဲ့ပေ။

သူ၏ ညီမလေးကို မြင်သောအခါ၊ နတ်ဆိုး အနှစ်သာရ၏လွှမ်းမိုးမှုကြောင့် ဂိမ်းထဲမှ မသင့်လျော်သောပုံရိပ်များသည် ကျိယွမ်၏ စိတ်ထဲသို့ လက်ခနဲ ဖြတ်သန်းသွားသည်။

သူသည် ကျန်းလင်းစု၏ ခြေထောက်များကို ကြည့်လိုက်ရာ ရှည်လျားသောဝတ်စုံကဖုံးကွယ်နေသဖြင့် သူမ၏ဖြူစင်သောခြေကျင်းဝတ်ကိုပင် မမြင်ရပေ။

သူသည် ညီမလေး၏ခြေထောက်များကို ပင် တစ်ခါမှမမြင်ဖူးသောကြောင့် သူ၏ စိတ်ထဲရှိ ပုံရိပ်များသည် အမှန်တကယ် မဖြစ်နိုင်သည်မှာ သေချာသည်ဟု ​ဖြေသိမ့်လိုက်ရသည်။

“အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ”

ကျန်းလင်းစုသည် ကျိယွမ်၏ ထူးဆန်းသော အကြည့်ကို သတိပြုမိပြီး မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ဘာလို့ အလျင်စလို ဖြစ်နေတာလဲ”

ကျိယွမ်သည် သူ၏ စိတ်ထဲတွင်လျှပ်တပြတ်ပေါ်လာသော ထူးဆန်းသည့်ပုံရိပ်များကို ဖယ်ရှားကာ မေးလိုက်သည်။

“အရေးကြီးတဲ့ ကိစ္စရှိတယ်။

လွန်ခဲ့တဲ့နှစ်ရက်လောက်က အလင်းနန်းတော်ကလူတစ်ယောက်လာပြီး ထုံရှီးယန်ရဲ့ နန်းတက်ပွဲကို နှောင့်ယှက်ခဲ့တယ်။

သူက အစ်ကိုကြီးနဲ့စီနီယာကန်းဖူလူကို ခုနစ်ရက်အတွင်း သူတို့ဆီလက်လွှဲပေးဖို့ သာ့ရှန်းနန်းတော်ကို တောင်းဆိုခဲ့တယ်။"

"မဟုတ်ရင်၊ သာ့ရှန်းကို တိုင်းပြည်တစ်ရာ သွေးစစ်ပွဲမှာ နတ်ဆိုးဂိုဏ်းအဖြစ် သတ်မှတ်ခံရလိမ့်မယ်တဲ့"

"အဲဒီလိုသတ်မှတ်ခံလိုက်ရရင် သာ့ရှန်းက အလင်းနန်းတော်ဦးဆောင်တဲ့ မဟာမိတ်

တိုင်းပြည်တွေရဲ့ တိုက်ခိုက်တာကိုခံရတော့မှာလေ၊ဘယ်လောက်များ မတရားလိုက်သလဲ"

ကျန်းလင်းစုသည် စကားပြောရင်းမှ ဒေါသထွက်လာကာ အသက်ရှုများပင် မြန်လာသည်။

“သာ့ရှန်က ငါ့ကို လက်မလွှဲပေးမှာတော့ မဟုတ်ဘူးမှတ်လား"

ကျိယွမ်က အဓိကအချက်ကို ဖမ်းမေးလိုက်သည်။

ကျန်းလင်းစုသည် သူ့ကို မသိရကောင်းလားဟူသော အကြည့်ဖြင့်ကြည့်လိုက်သည်၊

“အစ်ကိုကြီး ဘာတွေ တွေးနေတာလဲ။ သာ့ရှန်က ကျွန်မတို့ရှန်ကွမ်းဂိုဏ်းရဲ့ ထောက်ပံ့မှုကိုရထားတာလေ။ ဘယ်လိုလုပ် ရှင့်ကို လက်လွှဲပေးနိုင်မှာလဲ”

ထိုအကြောင်းကို အလင်းနန်းတော်ကသိချင်လည်းသိမည်။သိချင်မှလည်း သိလိမ့်မည်။သို့သော်သူတို့က ဂရုမစိုက်ကြပေ။

အလင်းနန်းတော်က အမှန်ပင်မောက်မာလွန်းလှ၏။

ကျိယွမ်သည် စိတ်သက်သာရာရပြီးသက်ပြင်းချလိုက်သော်လည်း စိုးရိမ်စိတ်ရှိနေဆဲပင်။

“ဒါဆို အလင်းနန်းတော်က ငါ့နာမည်ကို မှတ်သားထားပြီးပြီပေါ့”

သူတို့သည် သာ့ရှန်းကို သူ့နာမည်အတိအကျထုတ်ကာ လက်လွှဲပေးရန် တောင်းဆိုခဲ့သည်။

“အင်း”

ကျန်းလင်းစုသည် ကျိယွမ်ကိုကြည့်ကာ မေးလိုက်သည်။

“ဆရာတူအစ်ကိုကြီး၊ ကြောက်နေတာလား၊ ကြောက်နေရင် ဘာလို့ တောင်ပေါ်တက်ပြီး ကျွန်မတို့ရဲ့ဆရာမကို မမေးရတာလဲ၊ ဆရာမက အလင်းနန်းတော်ကို ရင်ဆိုင်နိုင်လောက်တယ်”

ကျန်းလင်းစုသည် ရွမ်ယူချမ်းသည် သူမ ရှာဖွေနေသူ ဟုတ်မဟုတ်ကို သိချင်နေဆဲ ဖြစ်သည်။

ကျိယွမ်သည် ကျိစယ်တောင်ထိပ်ကို ကြည့်လိုက်ရာ နန်းတော်များနှင့်မျှော်စင်များကို မြူခိုးများဖြင့် ဖုံးအုပ်ထားပြီး ရှင်းလင်းစွာပင်မမြင်နိုင်ပါ။

“ငါလည်း ဆရာမကို သတိရပါတယ်၊ ဒါပေမဲ့ တောင်ပေါ်ကို တက်လို့ မရသေးဘူး”

ကျိယွမ်သည် သက်ပြင်းချလိုက်သည်။

သို့သော် အလင်းနန်းတော်ကို စဉ်းစားမိသောအခါ သူ၏သွားများကို ကြိတ်လိုက်မိသည်။

“စိတ်ပျက်စရာကောင်းတဲ့ အလင်းနန်းတော်၊ သူတို့ရဲ့နာမည်ကို ငါ့စာအုပ်ထဲမှာမရေးဘဲ ငါ့ဘက်ကသဘောကောင်းပေးခဲ့တာတောင် သူတို့က ငါ့ကို အရင်မှတ်သားတယ်။

မဖြစ်ဘူး၊ ငါလည်း သူတို့ရဲ့ နာမည်ကို ငါ့စာအုပ်ထဲ မှတ်သားပြီး ဒီရှက်ရွံ့မှုကို မှတ်ထားရမယ်”

ကျိယွမ်သည် ပြောပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ချက်ချင်းထုတ်ယူကာ အလင်းနန်းတော်ကို ရေးထည့်လိုက်သည်။

ကျန်းလင်းစုသည် ကျိယွမ်၏ ထူးထူးဆန်းဆန်းအပြုအမူများကို ကျင့်သားရနေပြီမို့ မအံ့သြတော့ပါ။

“ရေးချထားတာ အသုံးမဝင်ပါဘူး၊ သူတို့ကို ကျိန်စာတိုက်ပြီး သတ်လို့မှ မရတာ။

အစ်ကိုကြီး....ညီမလေး ကောလာဟလတစ်ခု ပြောပြမယ်။သာ့ရှန်းကတော့ ရှင်နဲ့ကန်းဖူလူကို လက်လွှဲပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သာ့ရှန်းမှာက ရှန်ကွမ်းဂိုဏ်းအပြင် အခြားဂိုဏ်းတွေလည်း ရှိတယ်လေ"

"သူတို့ရဲ့အတွေးတွေက ညီမလေးတို့နဲ့ မတူဘူး။နတ်ဆိုးရမက်ဂိုဏ်းက ကျင့်ကြံသူတချို့က အလင်းနန်းတော်သံတမန်ဖြစ်တဲ့ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနဲ့ သွားတွေ့ခဲ့တယ်လို့ ကြားတယ်။ အစ်ကိုကြီး သတိထားသင့်တယ်”

“နတ်ဆိုးရမက်ဂိုဏ်းက သူတို့မှာမျက်ခုံးမွှေးထူထူတွေပဲရှိတာကိုတောင် ပုန်ကန်ဖို့ စဉ်းစားနေကြတာလား”

ထိုသတင်းကို ကျိယွမ်တုန်လှုပ်သွားသည်။

ဂိုဏ်းချုပ်ကြီးသည် နတ်ဆိုးရမက်ဂိုဏ်းမှ သူလျှိုဖြစ်သည်ကို သူသေချာမှတ်မိသည်။

သေချာစဥ်းစားမိသောအခါ တောင်ပေါ်တွင် နေထိုင်ခြင်းသည် မလုံခြုံဟု သူခံစားရသည်။

ငါ့ကို ရောင်းစားလိုက်ရင် ဘယ်လိုလုပ်မလဲ။

ကျိယွမ်သည် သူ၏လုံခြုံရေးကို အခြားသူများ၏ သနားညှာတာခြင်းအပေါ်အပ်နှံထား၍ မဖြစ်ပေ။

သူဘာလုပ်သင့်​သနည်း။

အတန်ကြာစဥ်းစားပြီးနောက် ကျိယွမ်အကြံပေါက်သွားတော့သည်။

“ညီမလေး၊ ငါ အလင်းနန်းတော်က သံတမန်ကို သတ်လိုက်ရင်၊ သာ့ရှန်းက ငါ့ကို သူ့ဆီလက်လွှဲပေးစရာ မလိုတော့ဘူး မှတ်လား"

“အစ်ကိုကြီး အလျင်စလို မလုပ်ပါနဲ့။ အဲဒီ သံတမန်က စိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး နတ်စွမ်းအင်တွေ ရှိတယ်။ရှင်က သာမန်အခြေတည်အဆင့်လေးပဲရှိသေးတာ ၊ ဒါကို မကိုင်တွယ်နိုင်ဘူး”

ကျန်းလင်းစုက စိုးရိမ်ကြီးစွာသတိပေးသည်။သူမ၏အစ်ကိုကြီးက ဥပါဒါန်သွေးမျိုးဆက်တစ်ယောက်ဖြစ်သောကြောင့် စိတ်ထင်လျင် ထင်သလိုထလုပ်ပစ်တတ်သည်။အကျိုးဆက်များကို သေချာစဥ်းစားသုံးသပ်နိုင်မှု အားနည်း၏။

“အဲဒါကို ခဏ မေ့လိုက်ပါ။ ငါ ပြောတာ အဓိပ္ပာယ်ရှိလား ဆိုတာကိုပဲ ပြောပြ”

ကျန်းလင်းစုသည် ခဏတာစဉ်းစားလိုက်ပြီး ထိုအကြံက အဓိပ္ပာယ်နည်းနည်းတော့ရှိကြောင်း သဘောပေါက်လိုက်သည်။

အလင်းနန်းတော်မှ သံတမန်ကိုသတ်လိုက်လျှင်သည် ကျိယွမ် သို့မဟုတ် ကန်းဖူလူကို လက်လွှဲပေးစရာလူမရှိတော့ပေ။ထို့ကြောင့် လတ်တလောပြဿနာကို ကျော်လွှားနိုင်လိမ့်မည်။

သို့သော် ထိုသို့သော အရာမျိုးကို မည်သူက လုပ်ရဲမည်နည်း။

အစ်ကိုကြီး၏တွေးခေါ်ပုံသည် အလွန်ပင်ထူးခြားနေသည်။

ထိုစိတ်ကူးမျိုးကို.....

ဒီလိုအတွေးမျိုးကို...

ကျန်းလင်းစုသည် မှတ်ချက်ချရန် စကားလုံးများပင် ရှာမတွေ့နိုင်ပါ။

“အဓိပ္ပာယ်ရှိပါတယ်၊ ဒါပေမဲ့ ဒါက အလင်းနန်းတော်ကို လုံးဝစော်ကားလိုက်တာ ဖြစ်သွားလိမ့်မယ်”

ကျန်းလင်းစု အရေးကြီးသည်ကို သတိပေးသည်။

“အင်း၊ အဓိပ္ပာယ်ရှိရင် ရပြီ”

ထိုမျှသာပြောပြီးနောက် ကျိယွမ်သည် ကျန်းလင်းစုကို နှုတ်ဆက်ပြီး သူ၏သစ်သားအိမ်ထဲသို့ ပြန်သွားသည်။

သူ၏ မျက်နှာသည် တင်းမာနေပြီး နက်ရှိုင်းစွာစိုးရိမ်ပူပန်နေပုံရသည်။

အလင်းနန်းတော်၏ ရာဇသံက သူ့အပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သည်။

ကျိယွမ်သည် အချိန်အတန်ကြာစဥ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။

သူသည် မဟာဗျူဟာတစ်ခုကို ကြံစည်နေပြီး ပြီးပြည့်စုံသောစီမံကိန်းကို ရေးဆွဲလေတော့သည်။

နာရီအနည်းငယ်အကြာတွင်၊ ခမ်းနားသော စီမံကိန်းတစ်ခု ပုံပေါ်လာ၏။

ကျိယွမ်သည် အလွန်ကျေနပ်သွားသည်။

သူသည် ရှင်ဟွာကျောက်စိမ်းကိုထုတ်ယူပြီး အုပ်စုစကားပြောခန်းထဲသို့ဝင်ရောက်ကာ သူ၏ စီမံကိန်းကို မျှဝေလိုက်သည်။

“အားလုံးပဲ၊ အလင်းနန်းတော်ရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့၊ ကျွန်တော် ခမ်းနားတဲ့ စီမံကိန်းတစ်ခုကို စဉ်းစားထားပါတယ်။ ခင်ဗျားတို့အားလုံက ကျွမ်းကျင်သူတွေပါ၊ တိုးတက်အောင် လုပ်စရာတွေ ရှိမရှိ၊ ဒါမှမဟုတ် ကျွန်တော့်ကို နည်းနည်းပံ့ပိုးပေးဖို့ ကူညီပေးပါ”

မကြာမီတွင် အုပ်စုထဲမှ တစ်စုံတစ်ယောက်က စာပြန်သည်။

ထုံးစံအတိုင်း ဆိုးသွမ်းအင်မော်တယ်ပင် ဖြစ်နေသည်။

“မူလနတ်ဘုရားက တကယ်ကိုကြောက်စရာကောင်းတယ်၊ အလင်းနန်းတော်ကို ဖျက်ဆီးဖို့ စီစဉ်နေတာပဲ!ဒီစီမံကိန်းက ဘယ်လိုလဲဆိုတာ ကြည့်ပါရစေ”

ဆိုးသွမ်းအင်မော်တယ်သည် ကျိယွမ်တင်ထားသော စာဖိုင်ကိုဖွင့်လိုက်သည်။

စာလုံးကြီးအချို့က သူ၏မျက်လုံးများကို ဖမ်းစားသွား၏။

“အလင်းနန်းတော်ကို ဖျက်ဆီးရန် ရက်တစ်ရာစီမံကိန်း”

ရိုးရှင်းပြီး တိုက်ရိုက်ဆန်သည်။

ဘာကြီးလဲ ၊ရက်တစ်ရာနဲ့ပြီးမဲ့ စီမံကိန်းဆိုတာ ရှိလို့လား။

ဆိုးသွမ်းအင်မော်တယ်သည် နားမလည်သော်လည်း ဖွင့်ကြည့်လိုက်သည်။

ပထမနေ့ - အလင်းနန်းတော်မှ စိတ်ဝိညာဉ် အစောပိုင်းအဆင့်သံတမန်ကို ချုံခိုတိုက်ပြီး သတ်ပစ်၊ အခက်အခဲ - ကြယ်တစ်ပွင့်။

ဒုတိယနေ့မှ စတုတ္ထနေ့အထိ - အခြေတည်အလယ်အဆင့်မှအခြေတည်အထွတ်အထိပ် အဆင့်သို့ ကျင့်ကြံမှုနည်းစနစ်ကို ပြည့်စုံအောင် လုပ်ဆောင်ပါ။ အခက်အခဲ - ကြယ်နှစ်ပွင့်။

ပဉ္စမနေ့မှ သတ္တမနေ့အထိ - အခြေတည်အလယ်အဆင့်မှ အခြေတည်အထွတ်အထပ်အဆင့်သို့ ချိုးဖြတ်ရန်ကျင့်ကြံပါ။ အခက်အခဲ - ကြယ်တစ်ပွင့်။

အဋ္ဌမနေ့မှ နှစ်ဆယ်ရက်နေ့အထိ - အနည်းဆုံး ကောင်းကင်ဘုံအဆင့်အမြုတေကို ဖွဲ့စည်းပါ။ အခက်အခဲ - ကြယ်သုံးပွင့်။

နှစ်ဆယ့်တစ်ရက်မြောက်မှ.........

.............

............

...........

ကျိယွမ်၏ ရက်တစ်ရာစီမံကိန်းကို ဖတ်ပြီးနောက် ဆိုးသွမ်းအင်မော်တယ်၏ မျက်နှာမှာ သိသိသာသာရှုံ့မဲ့သွားသည်။

“အဟမ်း… မူလနတ်ဘုရား၊ မင်းရဲ့ စီမံကိန်းက တော်တော်လေး ထူးခြားပါတယ်”

ဆိုသွမ်းအင်မော်တယ်မှာ ထိုစီမံကိန်းကို တစ်လုံးတည်းသာ မှတ်ချက်ပြုနိုင်သည်။

"စိတ်ပျက်စရာ"

သူက အဆင့်တက်တာကို ရေသောက်သလို လွယ်တယ်လို့ ထင်နေတာလား။

၂ရက်အတွင်း အဆင့်သေးတစ်ခုတတ်မည် ၊အခက်အခဲက ကြယ်တစ်ပွင့်တဲ့။

အဲဒါက ဘာဟုတ်သေးလဲ ၊ နောက် ၈ ရက်အတွင်း အဆင့်ကြီးတစ်ဆင့်ထပ်တက်ဦးမယ်၊အခက်အခဲက ကြယ်သုံးပွင့်ပဲ ရှိသတဲ့။

တာအိုက မင်းအဖေဖြစ်နေရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။

ပြီးတော့ အနိမ့်ဆုံးအနေနဲ့ ကောင်းကင်ဘုံအဆင့် အမြုတေကိုတောင် ဖွဲ့စည်းမယ်ဆိုပဲ။

ဗရမ်းဗတာတွေ။

“ဒီစီမံကိန်းကို စဉ်းစားထားကြာပြီ။ ကျွန်တော် အသေးစိတ်ကို သေချာစစ်ဆေးပြီး အခက်အခဲအဆင့်သတ်မှတ်ချက်တွေ နဲ့ အတိအကျထည့်သွင်းထားလို့ ချောမွေ့နေတာပါ”

ကျိယွမ်က အလွန်ဂုဏ်ယူနေသည်။

ဆိုးသွမ်းအင်မော်တယ်မှာ typing ပင်မပြတော့ပါ။သူက စကားပြောချင်စိတ်ပင် မရှိတော့ပေ။

ဒါကို ချောမွေ့တယ်လို့ ခေါ်တယ်ပေါ့။

အခက်အခဲအဆင့်သတ်မှတ်ချက်တွေကို ကြယ်တစ်ပွင့် ၊ ကြယ်နှစ်ပွင့်နဲ့ ထည့်လိုက်ရုံနဲ့လား။

မူလနတ်ဘုရားသည် စိတ်ကူးယဉ်လွန်းနေပြီဟု သူပြောချင်သည်မှာ လက်ကိုယားနေ​၏။

ထိုအခိုက်တွင်၊ ရေခဲတောင်သခင်မလည်း အုပ်စုထဲသို့ ဝင်လာသည်။

“ဝိုး...စီမံကိန်းတဲ့လား၊ မူလနတ်ဘုရားရဲ့ စီမံကိန်းကို ကြည့်ပါရစေ”

​ဆိုးသွမ်းအင်မော်တယ်သည် ရေခဲတောင်သခင်မလိုင်းတတ်လာသည်ကို မြင်သောအခါ အနည်းငယ်ပျှော်ရွှင်သွားသည်။

သူကယောက်ျားရင့်မာကြီးမို့ မူလနတ်ဘုရား၏ရွှေဉာဏ်တော်စူးရောက်မှုကို ဝေဖန်ရန်မသင့်တော်သော်လည်း ရေခဲတောင်သခင်မကတော့ မိန်းမသားပီပီ ကောင်းကင်ပင်အက်ကွဲလောက်သော မဟာ့မဟာစီမံကိန်းကြီးကို ဝေဖန်မှာသေချာ၏။

ခဏအကြာဖတ်ပြီးနောက် ရေခဲတောင်သခင်မက ဝေဖန်လိုက်သည်။

“ဒီ ရက်တစ်ရာစီမံကိန်းက တိုက်ရိုက်ကျတယ်၊ ရှင်းလင်းတယ်၊ ပြီးတော့ ခမ်းနားတယ်။ ငါလက်ခံပါတယ်"

"မူလနတ်ဘုရားက အချိန်တစ်ခုစီမှာ ဘာလုပ်ရမယ်၊ အခက်အခဲကဘယ်လိုရှိမယ်ဆိုတာကအစ အသေးစိတ် ထည့်သွင်းထားတာကို အရမ်းသဘောကျတယ်။ အရမ်းကို စေ့စေ့စပ်စပ်ပါပဲ"

“အဲဒါက ကျွန်တော် အလွန် ဂုဏ်ယူရတဲ့ အချက်ပါ”

ကျိယွမ်သည် အလွန်ကျေနပ်မိသည်။

သူ၏ အထူးပြုချက်ကို သူမက သတိပြုမိသွားသည်မဟုတ်ပါလား။

ထိုစာသားများကိုဖတ်နေ​သော ဆိုးသွမ်းအင်မော်တယ်မှာ ရှင်ဟွာကျောက်စိမ်းပြားကိုပင် ကိုင်ပေါက်ခွဲပစ်ချင်သွားသည်။

ရူးနေပြီ၊ မင်းတို့အားလုံး ရူးကုန်ပြီ။

ခမ်းနားပြီး စေ့စပ်တယ်တဲ့လား။

ရူးနှမ်းပြီး အိမ်မက်ဆန်တယ်လို့ ပြောရမှာလေ။

“ကျွန်တော့် စီမံကိန်းကိုထောက်ပံ့ချင်သူများ ရှိလား၊ကျွန်တော် အလင်းနန်းတော်ကို ဖျက်ဆီးပြီးအခါ ကျေးဇူးဆပ်ပါ့မယ်"

"အထူးသဖြင့် နည်းစနစ်တွေနဲ့ ပတ်သက်ရင်၊ ကျွန်တော့်ရဲ့နည်းစနစ်ကို အခြေတည်အထွတ်အထိပ်အဆင့်၊ပြီးရင် အမြုတေအဆင့်အထိ ပြည့်စုံအောင် လုပ်ချင်ပါတယ်"

ကျိယွမ်သည် အုပ်စုထဲတွင် ရန်ပုံငွေသို့မဟုတ် စပွန်ဆာကို စတင်ရှာဖွေသည်။

“မူလနတ်ဘုရား၊ငါမင်းကို တစ်ခု...အင်း... ဝိညာဥ်ကျောက်တုံးတစ်တုံးကူညီပါ့မယ်"

ဆိုးသွမ်းအင်မော်တယ်က အားအင်မရှိစွာ ပြောလိုက်သည်။

“ငါ့မှာနည်းစနစ်တွေ အများကြီး ရှိတယ်။ ငါ ယုန်တချို့ကိုသတ်လိုက်တာ နက်နဲသောအဆင့် နည်းစနစ်ငါးခု ရခဲ့တယ်၊ အဲဒီထဲက တစ်ခုက နက်နဲသောအဆင့်အထွတ်အထိပ်နည်းစနစ်ပါ။နင့်ကို အကုန်ပေးပါ့မယ်”

ရေခဲတောင်သခင်မ၏ အပြောအဆိုက သြဇာရှိကာ လွှမ်းမိုးနိုင်စွမ်းရှိလေ၏။

ရေခဲတောင်သခင်မ၏ စကားကို ကြားသောအခါ ကျိယွမ်သည် ဝမ်းသာလွန်း၍ ငိုမလိုပင် ဖြစ်သွားသည်။

ကမ္ဘာကြီးပေါ်များ လူကောင်းတွေ ရှိနေသေး

ပါလား.....။

--------------

All Chapters