← Chapters

ယင်နတ်ဘုရားကို သရေစာကျွေးခြင်း

Vol. 14 Ch. 168

ယင်နတ်ဘုရားကို သရေစာကျွေးခြင်း

Vol. 14 Ch. 168

ယင်နတ်ဘုရားတစ်ပါးသည် ခရမ်းရောင်နန်းတော်အဆင့်များတီးသော ဂီတသံနှင့်အတူ ဆင်းသက်လာပြီး အမြုတေအဆင့်တစ်ဦးအား သတ်ဖြတ်သွားသည်တဲ့။

လီချီမြို့ငယ်လေးတွင် ဝမ်ရှန်းဟိုင်၏ အမည်သည် ခဏအတွင်းအထင်ရှားဆုံးဖြစ်လာခဲ့သည်။

အကယ်၍ တစ်စုံတစ်ဦးက သူသည်အဘယ်ကြောင့် ထိုမျှ နာမည်ကြီးရသနည်းဟု မေးပါက လီချီမြို့သူ မြို့သားများက “သူဟာ ယင်နတ်ဘုရားကြီးတစ်ပါးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ လီချီမြို့ရဲ့ ပထမဆုံး ကျင့်ကြံသူပါ” ဟု ပြန်ဖြေကြလိမ့်မည်။

သတ်တာမှရိုးရိုးသတ်တာမဟုတ်ဘူး ခရမ်းရောင်နန်းတော်အဆင့် အများကြီးပါတဲ့ တေးဂီတဝိုင်းနဲ့တခမ်းတနားလာသတ်သွားတာဟုပင် ထပ်ပြောကြမှာသေချာ၏။

ထိုအချိန်တွင် ကျိယွမ်သည် သူ၏ဘွဲ့အမည်ကို သွေးဝတ်စုံဓားနတ်ဘုရား ဟု ပြောင်းလဲခဲ့ပြီး ရှင်းဟွာဖိုရမ်သို့ ဝင်ရောက်ခဲ့သည်။

“ကျင့်ကြံခြင်းလောကရဲ့ လေထုကို သန့်စင်ခြင်း၊ ကျွန်တော် သွေးဝတ်စုံဓားနတ်ဘုရားက စတင်ခဲ့ပါပြီ”

“အရင်အချိန်တွေကို ပြန်သတိရမိတယ်၊ ကျွန်တော် ရှင်းဟွာဖိုရမ်ကို စရောက်တုန်းက ဒီကလူတိုင်းဟာ မာနကြီးတာ မောက်မာတာလုံးဝမရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့စွာနဲ့ အရမ်းကောင်းတဲ့ စကားတွေ ပြောခဲ့ကြတာ။”

“ဘယ်အချိန်ကစလဲတော့ မသိပေမယ့် ဒီထဲကလေထုက ပျက်စီးသွားပြီး ရန်လိုမှုတွေ အမျိုးမျိုးနဲ့ ပြည့်နှက်သွားခဲ့သည်ကို တွေ့ရတယ်။”

“အထူးသဖြင့် မကြာသေးမီကပဲ ဖိုရမ်ပေါ်က လူတော်တော်များများဟာ ကျွန်တော့်ကို အပုပ်ချပြီး ကောလာဟလတွေ ဖြန့်နေကြတာကြောင့် ကျွန်တော်ဟာ နက်ရှိုင်းတဲ့စိတ်ဒဏ်ရာကိုနာကျင်ခံစားရပြီး အစားလည်းမစားနိုင်၊ အိပ်လည်မအိပ်နိုင်ဖြစ်ပြီး စိတ်ကျ​ရောဂါဖြစ်လုနီးပါး ခံစားခဲ့ရပါတယ်"

“အိပ်ပျော်ဖို့အတွက် ဆေးတွေကို နေ့တိုင်း သောက်နေရပါတယ်။”

“တစ်ခါတစ်ရံ ဓားတွေ ဒါမှမဟုတ် တာအိုကျင့်စဥ်တွေကမှ လူတွေကို သတ်နိုင်တာ မဟုတ်ဘဲ၊ စကားလုံးတွေကလည်း သတ်နိုင်တယ်ဆိုတာလေးကို သတိပြုစေချင်တာပါ”

“အခုမကြာခင်လေးကပဲ ကျွန်တော်ဟာ လီချီမြို့ကိုသွားပြီး ကျွန်တော့်ကို အပုပ်ချ ၊ ဂုဏ်သိက္ခာကိုရစရာမရှိအောင် ညှိုးနွမ်းစေခဲ့တဲ့ ဖိုရမ်ထဲက ကျင့်ကြံသူကို ကွပ်မျက်လိုက်ပါပြီ။”

“ကျန်ပါသေးတယ် ၊ ကျွန်တော့်ကို ဂုဏ်သရေညှိုးနွမ်းစေခဲ့တဲ့ သူများအတွက်လည်း ကျွန်တော်ကိုယ်တိုင် တစ်ယောက်ချင်းစီကို သွားရောက်ဆုံးမပေးပါမယ်”

“ဒါ အမှန်တကယ်ပဲလား?”

“အကြီးအကဲကြီးက အိပ်ဖို့လိုအပ်သေးတယ်ပေါ့”

“ယင်နတ်ဘုရားအုပ်စိုးရှင်တစ်ပါးက ဒီလောက်ထိ စိတ်ထိခိုက်ခံစားလွယ်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး။ ဒီကိုလာခဲ့၊ သွေးဝတ်စုံကလေးလေး၊ မေမေ ပွေ့ဖက်ပေးပါမယ်။ ဝမ်းမနည်းပါနဲ့၊ လိမ္မာပါနော်။”

“ပြင်းပြင်းထန်ထန် ထောက်ခံပါတယ် ၊ သွေးဝတ်စုံဓားနတ်ဘုရား အောင်မြင်ပါစေ၊ အဲဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့လူတွေကို သေတဲ့အထိ ရိုက်နှက်ပစ်ပါ”

မြေခွေးဂူမှ လီလေးကလည်း လျင်မြန်စွာ တုန့်ပြန်ခဲ့သည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် သူမ၏ ခံစားချက်များကိုနားလည်ကာ ဝေမျှလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်က သူမသည်လည်း ထိုသူများနှင့် ငြင်းခုံပြီး မစားနိုင်၊ မအိပ်နိုင်ဖြစ်ခဲ့ရပြီး စိတ်ဓာတ်ကျဆင်းလုနီးပါး ဖြစ်ခဲ့ရသည်။

သို့သော် အချို့သောသူများကတော့ ထိတ်လန့်နေကြသည်။ အထူးသဖြင့် ယခင်က သွေးဝတ်စုံဓားနတ်ဘုရားကို နှုတ်ဖြင့် တိုက်ခိုက်ခဲ့သူများမှာ သိသိသာသာ စိုးရိမ်ထိတ်လန့်လာကြသည်။

“အုပ်စိုးရှင်က ယင်နတ်ဘုရားတစ်ပါးဖြစ်တာကြောင့် သည်းခံပေးစေချင်ပါတယ်။အရေးမပါတဲ့ လူပျက်လေးတွေနဲ့ ဘာလို့ ခေါင်းရှုပ်ခံနေရတာလဲ။ မသင့်တော်ပါဘူး။”

“ဟုတ်ပါတယ်၊ ဒါမျိုးက နတ်ဆိုးကျင့်ကြံသူတစ်ယောက်မှ လုပ်တဲ့ အပြုအမူပါ ”

ထိုမှတ်ချက်များကို မြင်သော် ကျိယွမ်သည်

​အနည်းငယ်ပြုံးပြီးနောက် ကျိကျန်ကျွင်းအား မှတ်သားထားရန် ပြောလိုက်၏။

“ကျွန်တော်က လူရိုင်းတစ်ယောက်ပါ၊ ဒါကြောင့် ယဥ်ကျေးမှု မရှိပါဘူး”

ကျိကျန်းသည် မနာလိုသော မျက်လုံးများဖြင့် ကြည့်ကာ လက်မထောင်သည်။

“ယောက်ျားကောင်းတစ်ယောက်ဆိုတာ ဒီလိုဖြစ်သင့်တာ”

သူ၏စကားကို ကြားသောအခါ ကျိယွမ်သည် လုံပန်ကိုပင် သတိရသွားသည်။

သူက ကျိကျန်းအား လှည့်ကြည့်ကာ မေးလိုက်မိ၏။

“မင်းကို မွေးတုန်းက နဂါးတွေ ဘာတွေများ အိပ်မက်မက်ခဲ့သလား”

“မမက်ပါဘူး၊ ဒါပေမယ့် မိုးကောင်းကင်က ရွှေရောင်အလင်းတန်း ကျလာတာကိုတော့ အိပ်မက် မက်ခဲ့ပါတယ်”

ကျိကျန်း၏အဖြေကို ကြားသောအခါ ကျိယွမ်က ခေါင်းတညိတ်ညိတ်လုပ်သည်။

“အင်း....အဲဒါ ပညာအလင်း ဖြစ်လိမ့်မယ်”

ကျိယွမ်က မှတ်ချက်ပေးပြီးနောက် ကျောက်စိမ်းပြားပေါ်သို့ အာရုံပြန်ရောက်သွား၏။

သူက ဖိုရမ်တွင် နောက်ထပ်ပိုစ့်တစ်ခု တင်လိုက်ခြင်းပင်။

“နောက်တစ်နေရာက ဖုန်းရှန်မြို့၊ ဘယ်သူလဲဆိုတာတော့ သိတဲ့သူတွေ သိကြပါလိမ့်မယ်။”

ထိုပိုစ့်ကို မြင်လိုက်ရသောအခါ၌ ဖုန်းရှန်မြို့တစ်နေရာမှ ပန်းထိုးဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး မျက်နှာဖြူဖျော့သွားခဲ့သည်။

“ဘိုးဘိုး၊ ဘိုးဘိုး”

သူမသည် လှိုဏ်ဂူအိမ်တစ်ခုထဲသို့ အမြန်ဆုံးဝင်ရောက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဂူထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အဘိုးအိုတစ်ဦး ပေါ်လာ၏။

“ဘာဖြစ်လာတာလဲ ၊ ဘယ်သူက ငါ့ရဲ့ မြေးလေးကို အနိုင်ကျင့်လို့လဲ”

ထိုအဘိုးအို၏နာမည်မှာ ယန်ယိချီ ဖြစ်၏။ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ ဝင်ရောက်ခဲ့ပြီး ချောင်ယန်ဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲ ဖြစ်လာခဲ့သည်။

သူ၏ အဆင့်အတန်းက ဂိုဏ်းထဲတွင်ထိပ်တန်းဟုပင် ဆိုနိုင်သည်။

ပြေးဝင်လာသောမိန်းမပျိုလေးက သူ၏မြေးမလေးပင်။

“ဘိုးဘိုး၊ ကျေးဇူးပြုပြီး သမီးကို ကယ်ပါ... ဟီးဟီး ဟင့်ဟင့် ဟီးဟီးဟီး ..."

မိန်းမပျိုလေးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆက်တိုက်ငိုကြွေးနေသဖြင့် သနားစရာပင် ကောင်းနေခဲ့သည်။

ယန်ယိချီ ပြာယာခပ်သွားခဲ့လေသည်။

“မြန်မြန်ပြောစမ်း၊ ဘယ်သူက ငါတို့ရဲ့ တု ငယ်လေးကို အနိုင်ကျင့်တာလဲ”

“ဘိုးဘိုး၊ သမီး ရှန်ဟွာဖိုရမ်ပေါ်မှာ အကြီးအကဲတစ်ယောက်က မာန်မာနကြီးပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတာ တွေ့တော့ တခြားသူတွေနဲ့အတူ လျှို့ဝှက် မှတ်ချက်ပေးခဲ့မိတယ်။”

“အဲဒီ အကြီးအကဲက ဒီလောက် စိတ်တိုလွယ်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ၊ အခု သူက သမီးကို သတ်ဖို့ ဖုန်းရှန်မြို့ကို လာနေပါပြီ”

“ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလဲ၊ ကလေးတစ်ယောက် ဝေဖန်ရုံနဲ့ သူက လက်စားချေဖို့ လာတာလား ၊ ဒါ နတ်ဆိုးကျင့်ကြံသူရဲ့ အပြုအမူပဲ”

ယန်ယိချီ မျက်မှောင်ကုပ်သွားခဲ့သည်။ထိုသို့သောအရာမျိုးက မဖြစ်သင့်ပေ ။

“လူတိုင်းက ဒီလိုအသေးအမွှားလေးတွေကိုလိုက်ပြီးလက်စားချေနေမယ်ဆိုရင် ကျင့်ကြံခြင်းလောကဟာ သတ်ပွဲတွေနဲ့ နေ့တိုင်း ရှုပ်ထွေးသွားမှာပေါ့”

“သူ့နာမည်နဲ့ ကျင့်ကြံမှုအဆင့်ကို ပြောစမ်း။ သူလာရဲရင် ငါ သူ့ကိုလမ်းမှန်ပေါ်ရောက်အောင် တည့်မတ်ပေးလိုက်မယ်”

ယန်ယိချီက ဒေါသနှင့်အတူ ပြောလိုက်သည်။

မိန်းမပျိုသည် အဘိုးဖြစ်သူ၏စကားကြောင့် စိတ်သက်သာရာရသွား၏။

“ဘိုးဘိုး၊ သူက ရှန်ဟွာဖိုရမ်ပေါ်က သွေးဝတ်စုံဓားနတ်ဘုရား ပါ၊ ယင်နတ်ဘုရားနယ်ပင်ဖြစ်ပါတယ်။”

"ဘာ...."

ယန်ယိချီ ထခုန်မိမလိုဖြစ်သွားသည်။ သူ၏ ရင်ခုန်သံများက အဆမတန် လျင်မြန်သွားသည်။

“ဘာ... ဘာပြောလိုက်တာလဲ”

“သူက အခုပဲ ခြိမ်းခြောက်ထားတာပါ။ သူ လီချီမြို့က ကျင့်ကြံသူတစ်ယောက်ကို အခုပဲ သတ်ပြီး ဖုန်းရှန်မြို့ကို ချက်ချင်းလာနေပြီ။ ဘိုးဘိုး... ဒါကတုတုလေးရဲ့ အပြစ် မဟုတ်ပါဘူး၊ ဒါတွေအားလုံးက သွေးဝတ်စုံဓားနတ်ဘုရားက စိတ်သဘောထားကျဥ်းမြောင်းလို့ပါ”

မိန်းမပျိုက ရှိုက်ကြီးတငင်ငိုကြွေးကာ သနားစရာစရာကောင်းအောင် အမူပိုလိုက်သည်၊

ထိုနည်းလမ်းသည် အမြဲတမ်း​အောင်မြင်ခဲ့ပြီး သူမလိုချင်တာမှန်သမျှ ရခဲ့သည်မဟုတ်ပါလား။

သူမ မည်သည့် အမှားမျိုး လုပ်ခဲ့သည်ဖြစ်စေ ငိုပြလိုက်ရုံဖြင့် ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။

ယန်ယိချီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူသည် မြေးဖြစ်သူ၏ ရှင်းဟွာကျောက်စိမ်းပြားကိုယူပြီး ဖတ်လိုက်၏။

အဘိုးအို၏ မုတ်ဆိတ်မွေးများပင် မိုးပေါ်သို့ထောင်တတ်လုနီးပါး ဖြစ်သွားသည်။

“နင် ယင်နတ်ဘုရားတစ်ပါးကိုတောင် အပုပ်ချရဲတယ်ပေါ့၊ ဝက်ဝံနှလုံးနဲ့ ကျားသစ် သည်းခြေကို စားထားလို့လား”

“ဂုဏ်သိက္ခာကြီးမားတဲ့အုပ်စိုးရှင်တစ်ပါးက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကျင့်ကြံခြင်းလောကရဲ့ လေထုကို သန့်စင်နေတာလေ၊ ဒါကို နင်ကအခုလို...တော်လိုက်တော့ ။ နင်က ကျင့်ကြံခြင်းလောကထဲက ကပ်ပါးကောင် သက်သက်ပဲ"

“တစ်ယောက်ယောက်လာစမ်း ၊ သူ့ကို ကြိုးနဲ့ချည်ထား။ အုပ်စိုးရှင်ကြီး ရောက်ရှိလာတာကို ငါတို့ သေသေချာချာကြိုဆိုရမယ်”

“ဘိုးဘိုး၊ အဲဒါ တကယ်ကို...”

"တော်စမ်း ၊ အမှိုက်မ..."

တုလေးက ခုခံလိုသော်လည်း တစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

ထိုနောက်ပိုင်းရက်များတွင်လည်း ကျင့်ကြံခြင်းလောက၌ ဤကဲ့သို့သော ဖြစ်ရပ်များ ထပ်ခါတလဲလဲ ဖြစ်ပွားခဲ့သည်။

ဘယ်မြို့မှာတော့ ဘယ်သူ့ကို ယင်နတ်ဘုရားက တီးဝိုင်းနှင့် လာသတ်သွားသောဟူသည်။

ကျိယွမ်က မြို့တစ်မြို့သို့ သွားတိုင်း ကြိုတင်ကြေညာလေ့ ရှိ၏။

ထိုအခါ မြို့ခံကျင့်ကြံသူများသာ မကဘဲ အနီးအနားရှိ မြို့များမှ ကျင့်ကြံသူများသည်လည်း ထိုမြင်ကွင်းကို ကြည့်ရှုရန် စောစီးစွာ စုဝေးလာလေ့ရှိသည်။

ယင်နတ်ဘုရားဆိုသည်မှာ နှစ်ပေါင်းသောင်းချီမှာ တစ်ခါသာ တွေ့ရခဲသော အကြီးအကဲကြီးတစ်ယောက်မဟုတ်ပါလား။

ထို့အပြင် အကြီးအကဲ ပေါ်လာသောအခါတိုင်း ခရမ်းရောင်နန်းတော်အဆင့်များတီးခတ်သည့် ဂီတသံများကလည်း ရှိသေးသည်။

သူတို့လို ပုရွတ်ဆိတ်လေးများအတွက် ခရမ်းရောင်နန်းတော်များကို မြင်တွေ့ရဖို့ပင် ရှားပါးလှသည်၊ ထိုသူများ၏ ဂီတသံစဥ်ကို ကြားရဖို့ဆိုလျှင် ဝေးရောပင်။

ထို့အပြင် ရှင်းဟွာဖိုရမ်မှာ ကျိန်ဆဲခဲ့ကြသောပါရမီရှင်အများစုကိုလည်း သူတို့၏ဂိုဏ်းချုပ်များကိုယ်တိုင် ဖမ်းဆီးခြင်းကိုခံရပြီး သွေးဝတ်စုံဓားနတ်ဘုရားဆီ အပ်နှံခြင်း ခံခဲ့ရသည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် နယ်မြေအနှံ့ ခြေဆန့်ပြီး ဖိုရမ်ခေါင်းဆောင်မှတစ်ဆင့် လူများကိုခြေရာခံကာ အပြစ်ပေးနေသည်။

ယခုလို အဓိပ္ပာယ်မရှိသောကိစ္စကို အလေးအနက်ကြီး အားကြိုးမာန်တက်လုပ်နေသောကြောင့် ထိုလုပ်ရပ်သည် အရှေ့တိုင်းမြေကို အမှန်တကယ်ပင် လှုပ်ခါသွားစေခဲ့သည်။

ဂိုဏ်းအကြီးအကဲများစွာတို့သည် ၎င်းတို့၏ တပည့်များအား ၎င်းတို့၏ ဆက်သွယ်ရေး ကျောက်ပြားများပေါ်တွင် ခွန်အားကြီးသူများကို ပေါ့ပေါ့ဆဆ အပုပ်ချခြင်းမျိုး မပြုလုပ်ရဟူသော တားမြစ်သည့်အမိန့်များ ကို ချက်ချင်းထုတ်ပြန်ခဲ့ကြ၏။

တစ်ချိန်က နှုတ်ဖြင့် အသားယူတိုက်ခိုက်ပြီး ပြဿနာများကို မီးမွှေးပေးတတ်သော ကျင့်ကြံသူအချို့သည်လည်း တိတ်ဆိတ်သွားခဲ့ကြကုန်သည်။

အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခြင်းလောကရှိ လေထုသည် တကယ်တမ်း တိုးတက်ကောင်းမွန်လာခဲ့သည်ကို အားလုံးတွေ့မြင်ကြရ၏။

...................

လဲ့ရှင်းကုန်းမြေတိုက်ကြီးတွင်ဖြစ်သည်။

ဆိုးသွမ်း​အင်မော်တယ်သည် ဆေးမီးဖိုရှေ့တွင် ထိုင်နေပြီး တစ်ခုခုကိုတွေးကာ အတွေးလွန်နေခဲ့သည်။

“မီးကို ကြည့်ဦး”

ထိုအခိုက် တင်းမာသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဆိုးသွမ်းအင်မော်တယ်မှာ ထိတ်လန့်သွားပြီး သတိပြန်ဝင်လာကာ ဆေးမီးဖိုထဲရှိ မီးတောက်များကို ကပျာကယာထကြည့်လေ၏။

“ဒီတစ်သုတ် ဆေးလုံးတွေ မှားလို့ မဖြစ်ဘူး၊ ဒါတွေက သခင်ကြီးယဲ့ချန်အတွက်ပဲ"

အကြီးအကဲတစ်ဦးက ကြိမ်းမောင်းသူ့အားကြိမ်းမောင်းကာ သတိပေးသည်။

“အခု ဂိုဏ်းက ခက်ခဲတဲ့အချိန်မှာ ရှိနေတယ်၊ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ဖို့ လိုအပ်နေတာ ”

ယောင်ချန်ဂိုဏ်းသည် လဲ့ရှင်းကုန်းမြေတွင် ခရမ်းရောင်နန်းတော်အဆင့်အကြီးအကဲ တစ်ဦးရှိသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။

ထိုအကြီးအကဲသည် နှစ်တစ်ရာကျော်ကြာ အထိ ပုန်းအောင်းနေခဲ့ပြီး မိမိကိုယ်ကို မပြသခဲ့ပေ။

အပြင်လောက၏ ကောလာဟလများအရ ယောင်ချန်ဂိုဏ်း၏ ဘိုးဘေးသည် ပျောက်ဆုံးနေခြင်းမဟုတ်ဘဲ သေဆုံးသွားခဲ့ခြင်းဟု ​သတင်းထွက်ပေါ်နေပြီး၊ ဂိုဏ်း၏ ရန်သူများက လျှို့ဝှက်စွာ စောင့်ကြည့်နေကာ ဂိုဏ်း၏ သြဇာလွှမ်းမိုးမှုကို စဉ်ဆက်မပြတ် ဖိအားပေးနေခဲ့သည်။

ထို့ကြောင့်ဂိုဏ်းက အမှန်တကယ်ပင် ခက်ခဲသောအခြေဟုဆိုရမည်ပင်။

ဆိုးသွမ်းအင်မော်တယ်သည် မီးဖိုထဲမှ တငွေ့ငွေ့လောင်ကျွမ်းနေသော မီးတောက်များကို အဓိပ္ပါယ်စိုက်ကြည့်နေပြီး သူ၏မျက်လုံးများက စိတ်ရှုပ်ထွေးနေသော အသွင်ကို ပြနေသည်။

“ဆရာ၊ ကျွန်တော် တိုးတက်ချင်ပါတယ်၊ အရှေ့တိုင်းဒေသ ပါရမီရှင်စာရင်းငယ်လေးမှာ ဒီထက်ပိုပြီး မနေချင်တော့ပါဘူး”

သူသည် မကြာသေးမီက ကွေးယွန်တိုက်ကြီးသို့ ခရီးသွားခဲ့ပြီးနောက်တွင်ပင် အရှေ့တိုင်းဒေသပါရမီရှင်စာရင်းကြီးသို့ မရောက်ရှိနိုင်ခဲ့ပေ။

သူ၏စကားကို ကြားသောအခါ တန်ဟန်သက ကြင်နာစွာပြုံးပြလေသည်။

“မင်းမှာ ဒီလို ရည်မှန်းချက်ရှိတာ ရှားတယ်၊ မင်းလည်း မင်းအစ်ကိုကြီးလိုပဲ အရှေ့တိုင်းဒေသ ပါရမီရှင်စာရင်းကြီးထဲကို ရောက်ပြီး ခရမ်းရောင်နန်းတော်အဆင့်ထိ တတ်နိုင်မယ်လို့ ဆရာ မျှော်လင့်ပါတယ်။”

"အမြုတေကိုဖြိုခွဲပြီး စိတ်ဝိညာဉ်ကို ဖွဲ့စည်းတာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတချို့ ဆရာ့မှာ ရှိတယ်။ မင်း လေ့လာဖို့ ယူသွားလို့ ရတယ်”

သူ၏ ပျင်းရိနေလေ့ရှိသော တပည့်သည် နောက်ဆုံးတွင် ရည်မှန်းချက်အချို့ ပြသလာသည်ကို မြင်သောအခါ တန်ဟန်သည် မိမိကိုယ်ကို အတော်လေး ကျေနပ်မိသည်။

“ဆရာ၊ ကျွန်တော် အမြုတေကို ဖြိုခွဲပြီး စိတ်ဝိညာဉ်ကို ဖွဲ့စည်းတာမျိုး မလုပ်ချင်ပါဘူး”

ဆိုးသွမ်းအင်မော်တယ်က တုံ့ဆိုင်းစွာ ငြင်းဆန်၏။

“အင်း...ရတယ်လေ ၊ မင်းက ပိုပြီးကောင်းအောင် အမြုတေကို ဆက်ပြီး သန့်စင်ချင်တာလား"

“မဟုတ်ပါဘူး၊ ကျွန်တော်က... ဒီအမြုတေကို ဖြိုခွဲပြီး အစကနေ ပြန်စချင်တာပါ။”

“ကျွန်တော် ဖွဲ့စည်းခဲ့တဲ့ ပထမတန်းစား အမြုတေက အားနည်းလွန်းတယ်၊ ဘာမှ သိပ်ပြီး မထင်ရှားဘူး”

“မဖြစ်ဘူး”

တန်ဟန်က တပည့်ဖြစ်သူကို အမြန်ဆုံး တုံ့ပြန်ခဲ့သည်။

“ပထမတန်းစားအမြုတေဆိုတာကတင် ကျင့်ကြံသူ ၉၉% ထက် ပိုကောင်းနေပြီ။ လုံလောက်ပါတယ်။”

“မင်းသာ အမြုတေကို ဖြိုခွဲပြီး အစကနေ ပြန်စမယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်မှာ။ မင်း မြေအဆင့်အမြုတေကို ဖွဲ့စည်းနိုင်ရင်တောင် ဘာထူးလဲ၊ စိတ်ဝိညာဉ် အဆင့်ဖြစ်နေပြီဖြစ်တဲ့ ပထမတန်းစားအမြုတေရှိတဲ့ မင်းရဲ့ အရင်ကိုယ်တိုင်ကို မင်း အနိုင်ရနိုင်ပါ့မလား”

“ဆရာ၊ ကျွန်တော် မြေအဆင့်အမြုတေကိုလည်း မလိုချင်ပါဘူး။ ကျွန်တော်က ပိုပြီး ခွန်အားကြီးတဲ့ တစ်ခုကို ဖွဲ့စည်းချင်နေတာပါ”

"ဟေ..."

“ပိုပြီး ခွန်အားကြီးတာ ၊ ဘယ်လောက်အထိ ခွန်အားကြီးမှာလဲ ကောင်းကင်ဘုံတာအိုအဆင့် အမြုတေဆိုတာတောင်မှ အံ့သြစရာ အလားအလာရှိနေလို့ နာမည်ကြီးနေတာ"

တန်ဟန်သည် တပည့်ဖြစ်သူ ဆိုးသွမ်းအင်မော်တယ်အား အနည်းငယ် မနှစ်မြို့သော အမူအရာဖြင့် ကြည့်မိသည်။

သူ၏တပည့်က လမ်းလွဲကိုရောက်ရန်နီးစပ်နေလေပြီ။

“ပြောစမ်းပါဦး ၊ သူကရော ဘယ်လိုအမြုတေမျိုး ဖွဲ့စည်းခဲ့တာမို့လဲ"

ဆိုးသွမ်းအင်မော်တယ်က ဆေးကြိုခန်း၏

မှန်ပြတင်းခေါင်မိုးမှတဆင့် နေကို လက်ညှိုးထိုးပြသည်။

“အဲဒါကိုပါ"

“ဘာ”

တန်ဟန်က မယုံနိုင်စွာ အော်ဟစ်မိသွားလေ၏။

“သူက နေအမြုတေကို ဖွဲ့စည်းခဲ့တာပါ”

"တော်လိုက်တော့..."

တန်ဟန် သူ၏တပည့်ကို လုံးဝစိတ်ပျက်သွားပြီး ဒေါသထွက်သွားလေသည်။

“...မင်း နေကို အကြာကြီး စိုက်ကြည့်လွန်းလို့ ဦးနှောက်ပျက်သွားပြီ ထင်တယ်”

“အဲဒီ နေအသစ်ကို စိုက်မကြည့်နဲ့တော့”

ဆိုးသွမ်းအင်မော်တယ် ဆက်မပြောတော့ပါ။

အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က သူသည် နေကိုအမြုတေအဖြစ်ဖွဲ့စည်းထားသည်ဟု ယခင်က သူ့ကို ပြောခဲ့လျှင် ထိုသူ ရူးနေပြီဟု သူလည်း ထင်မိမှာ သေချာ၏။

“ဆရာ၊ ကျွန်တော် တကယ်ပဲ အမြုတေကို ဖြိုခွဲပြီး အစကနေ ပြန်စချင်ပါတယ်။ နေကို မဖွဲ့စည်းနိုင်ရင်တောင် ပင်လယ်တစ်ခုကို ဖွဲ့စည်းနိုင်ရင် တော်ပါပြီ"

ဆိုးသွမ်းအင်မော်တယ်မှာ ထိုကိစ္စက်ုအလွန်စဥ်းစားနေခဲ့သည်။မူလနတ်ဘုရား၏ နေအမြုတေသည် သူ့အားအကြီးအကျယ်လွှမ်းမိုးနေသည် မဟုတ်ပါလား။

သူ၏ အမြုတေသည် အလွန် အားနည်းပြီး အလွန် သေးငယ်လွန်းနေခဲ့သည်။

ထို့ကြောင့် မကြာသေးမီကပင် သူသည် အဖွဲ့လိုက် စကားပြောခန်းတွင် မူလနတ်ဘုရားထံမှအကြံဉာဏ် ရယူခဲ့သေးသည်။

မူလနတ်ဘုရားက အမြုတေသည် ကြီးလေ ကောင်းလေ၊ ကြီးလေ ခွန်အားကြီးလေဟု အကြံပေး၏။

“တော်စမ်း အိပ်မက် မက်မနေနဲ့။ မင်းရဲ့ မူလဒန်တျန်ထဲမှာ ပင်လယ်တစ်ခုမပြောနဲ့ ချောင်းတောင် ဆံ့နိုင်ပါ့မလား”

“ဒါဆိုရင်... တစ်ယောက်ယောက်က နေတစ်ခုကို ဘယ်လို ဆံ့အောင် ထားနိုင်ခဲ့တာလဲ"

ဆိုးသွမ်းအင်မော်တယ်၏ မေးခွန်းကြောင့် တန်ဟန်သည် အလွန် ဒေါသထွက်နေရပြီး သူ့မျက်ခုံးမွှေးများပင် ကျွတ်လုနီးပါး ဖြစ်နေသည်။

သို့သော် သူက စိတ်လျော့ကာ အဖြစ်သင့်ဆုံးကို လမ်းပြလိုက်သည်။

“လူတွေကြားမှာ ကွာခြားမှုဆိုတာ ရှိတယ်။ ပန်းတိုင်ကို အရမ်း မြှင့်မထားပါနဲ့။ မင်းရဲ့အမြုတေဟာ နေလောက် မကြီးပေမယ့် ဆရာ သေသေချာချာ သန့်စင်ပေးခဲ့တဲ့ ရသာခြောက်ပါးထျန်းဟွမ်းဆေးလုံး ဖြစ်တယ်။ သေးငယ်ပေမယ့် အလားအလာ အပြည့်အဝ ရှိပါတယ်”

ဆိုးသွမ်းအင်မော်တယ် တိတ်ဆိတ်သွားခဲ့သည်။

သူ၏ဆရာဖြစ်သူ၏စကားက မမှားပါ ။ သို့သော် ယခုကိစ္စ၌ သူ၏အမြင်က ဆရာဖြစ်သူ၏ အမြင်ထက် ကျယ်သွားသွားခဲ့ပြီဖြစ်သောကြောင့် သူ၏လက်ရှိအမြုတေက အလွန်အားနည်းသည်ကို သူသာလျှင်အသိဆုံးပင်။

“သုံးရက်အတွင်း ဒီဆေးလုံးတစ်သုတ် အသင့်ဖြစ်တာနဲ့ မင်း ကိုယ်တိုင် သခင်ကြီးယဲ့ချန်ဆီ သွားပို့ပေးရမယ်။”

“အိုး...မေ့တော့မလို့ ..၊ ပြီးတော့ သခင်ကြီးယဲ့ချန်ရဲ့ မြေးမလေးနဲ့လည်း ခင်မင်မှု တည်ဆောက်ဖို့ အချိန်ပိုပေးလိုက်ပါ”

တန်ဟန်က သေသေချာချာညွှန်ကြားခဲ့သည်။

သူသည် တပည့်ဖြစ်သူအား သခင်ကြီးယဲ့ချန်၏ မြေးမလေးနှင့် စေ့စပ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။

အောင်မြင်ခဲ့ပါက သူ၏ တပည့်၏ အနာဂတ်သည် စိတ်ချရပေလိမ့်မည်။ ဘာပဲပြောပြော မိန်းမတစ်ဦးကို မှီခိုပြီး အသက်ရှင်ရသည်မှာလည်း ဆိုးလှသည်တော့ မဟုတ်ပါ။

ဆိုးသွမ်းအင်မော်တယ် အကျပ်ရိုက်သွားခဲ့သည်။

“ဆရာ၊ သုံးရက်အတွင်း ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အနီးအနားကို လူသတ်ဖို့ ရောက်လာမှာပါ၊ ကျွန်တော် သွားကြည့်ဖို့ လိုပါတယ်”

"ဟေ..."

တန်ဟန် မျက်မှောင်ကြုတ်လိုက်သည်။

“လူသတ်တာကို မင်းကို ပြောပြတယ်ပေါ့ ၊ မင်းသူငယ်ချင်းက တစ်ခုခုတော့ တစ်ခုခုပဲ ။ သူက ယုံကြည်စိတ်ချလို့ရော ရရဲ့လား”

“ဟုတ်ကဲ့"

တန်ဟန်က ခေါင်းညိတ်ပြလိုက်၏။

“ဒါဆို သွားကြည့်ပေါ့။ပြီးမှ ဆေးကို သွားပို့လိုက် ၊ မလွဲချော်စေနဲ့”

တန်ဟန် ယူဆခဲ့သည်မှာ ထိုကိစ္စတွင်တပည့်၏သူငယ်ချင်းသည် ခွန်အားကြီးသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရပြီး သူ့ကိုထောက်ပံ့ပေးရန် တစ်စုံတစ်ဦး လိုအပ်နေ၍ သူ၏ တပည့်ကို အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်ဟုသာ။

ထိုကိစ္စမျိုးကို သူ တားဆီးရန် မသင့်တော်ပေ။

ငါ့တပည့်ကလည်း အားနည်းသူတွေနဲ့ပဲ မိတ်ဖွဲ့ထားတာ ခက်တယ် ။

.....................

သုံးရက်ကြာပြီးနောက်......

ဆိုသွမ်းအင်မော်တယ်သည် တည်းခိုခန်းတစ်ခုတွင် ထိုင်နေ၏ ။ သူ၏ဆရာ မကြာသေးမီက သန့်စင်ခဲ့သော ဆေးများကိုမူ သူ၏အိတ်ထဲတွင် သိမ်းဆည်းထားသည်။

သူက မူလနတ်ဘုရား ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းခြင်းပင်။ ရိုးရိုးသားသား ပြောရရင် သူ အနည်းငယ် စိုးရိမ်နေခဲ့၏။

မူလနတ်ဘုရားကို သူမည်သို့ဆက်ဆံရမည်ကို တွေးရခက်နေ၏။ ထိုသူက တစ်ခေါက်ထက်တစ်ခေါက် သူလက်လှမ်းမမှီသောနေရာသို့ မြငိ့တတ်သွားသဖြင့် သူက မည်သို့သဘောထားကာ ဆက်ဆံရမည်ကို အခက်တွေ့ရသည်။

“ရှောက်ယွီ၊ နင် ငါ့အဘိုးအတွက် ဆေးပို့ပေးရမှာကို၊ ဒီကိုလာပြီး ပွဲကြည့်နေတာကိုး"

ထိုအချိန်တွင် ငယ်ရွယ်ပြီး တက်ကြွပုံရသော မိန်းကလေးတစ်ဦး လျှောက်လာကာ ဗာဒံစေ့ပုံသဏ္ဍာန်ရှိသော သူမ၏ မျက်လုံးများဖြင့် ဆိုးသွမ်းအင်မော်တယ်အား စိုက်ကြည့်လိုက်သည်။

“ယွီချန်...အဟမ်း...ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရောက်လာလို့၊ သူတို့ကို အရင်တွေ့ပြီးမှ ဆေးသွားပို့ပါ့မယ်”

ဆိုးသွမ်းအင်မော်တယ်သည် သူ၏ရှေ့မှ မိန်းကလေးအား ရင်ဆိုင်ရာတွင် အနည်းငယ် ကြောက်ရွံ့နေမှန်း သိသာ၏။

ထိုအခါ မိန်းကလေးဘေးမှ အရပ်ရှည်သော အမျိုးသမီးက မျက်မှောင်ကြုတ်၏။

“မဟာသခင်ယဲ့ချန်ရဲ့ ဆေးကို နှောင့်နှေးရဲတယ်၊ နင် ရဲတင်းလှချည်လား”

ယွီချန်က သူ့ဘက်မှ အလျင်အမြန် တုံ့ပြန်ပေးသည်၊

“နည်းနည်း နောက်ကျတာ အဆင်ပြေပါတယ်၊ ကျွန်မအဘိုးက အရေးတကြီးလည်း မလိုပါဘူး”

အရပ်ရှည်သော အမျိုးသမီး၏ မျက်လုံးများက ရှုပ်ထွေးသော အမူအရာဖြင့် တလက်လက် တောက်ပသွားသည်။

“ချန်လေး... မဟာသခင်ဖုန်းရှောက်ရဲ့ မြေး ဖုန်းထျန်းက အပေါ်ထပ်မှာ ငါတို့ကို စောင့်နေတယ်။ သွားရအောင်"

ယွီချန်က ဆုံးဖြတ်ရခက်ဟန်ဖြင့် တုံ့ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာ၏။

“ဆိုးသွမ်းအင်မော်တယ် ...မတွေ့တာ ကြာပြီ။ ဒါက မင်းရဲ့ မြို့လား။ တော်တော် ကောင်းတာပဲ၊ ငါ့ရဲ့ ခေတ်နောက်ကျနေတဲ့ နေရာထက် အများကြီး ပိုကောင်းတယ်”

ဆိုးသွမ်းအင်မော်တယ် မော့ကြည့်လိုက်ရာ သွေးနီရောင် ဝတ်ရုံဝတ်ဆင်ထားသည့် ကျိယွမ်အား မြင်လိုက်ရသည်။

ကျိယွမ်သည် တစ်ယောက်တည်းမဟုတ်ပါ ။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် အရွယ်ရှိပုံရသည့် ချစ်စရာကောင်းသော ကလေးမလေး၏ လက်ကိုကိုင်ထားသည်။

“ဒါက ငါ့သမီး ကျိကျန်ကျွင်းပါ။”

“ကျန်ကျွင်း၊ သူက ဆိုးသွမ်းအင်မော်တယ်တဲ့ ။ သူ့ကို ဦးလေးဆိုးသွမ်းလို့ ခေါ်ပေါ့”

ကျိကျန့်ကျွင်း၏ မျက်လုံးများက ကြယ်များ လို လင်းလက်နေ၏။သူမက ဆိုးသွမ်းအင်မော်တယ်အား မာန်မာနကင်းစွာကြည့်ပြီး ချိုသာစွာနှုတ်ဆက်သည်။

“မင်္ဂလာပါ၊ ဦးလေး”

သို့သော် ဆိုးသွမ်းအင်မော်တယ်က ကျုံ့သွားပြီး ကပျာကယာတုန်ပြန်လေသည်။

“ကျွန်တော့်ကို ဦးလေးလို့ ခေါ်ဖို့ မလိုပါဘူး၊ နာမည်နဲ့ပဲ ခေါ်ပါ။ ကျွန်တော်က ငယ်ပါသေးတယ်”

မူလနတ်ဘုရား၏ သမီးသည် မည်သူနည်း။ သူမက ယင်နတ်ဘုရားတစ်ပါးဖြစ်၏ ။

သူက မည်သို့အရိုအသေပေးခံဝံ့မည်နည်း။

ယင်နတ်ဘုရားတစ်ပါးက ဦးလေးဟုခေါ်ခံရမည်ကို အိမ်မက်ပင်မမက်ရဲခဲ့ပါ။

“ဟဲ့...ကောင်းရှောက်ယွီ၊ နင် ငယ်ချင်ယောင်ဆောင်မနေနဲ့”

အပေါ်ထပ်သို့ မတတ်ရသေးသည့် ယွီချန်က ဝင်ရောက် ပြောဆိုမိသည်။

သူမသည် ကြယ်လိုတောက်ပသော မျက်လုံးလေးများရှိသည် ကျိကျန့်ကျွင်းအား ကြည့်ကာ အူးယားနေ၏။

“ဘယ်လောက် ချစ်စရာကောင်းတဲ့ ကလေးမလေးလဲ”

သူမသည် ထိုသို့ ပြောပြီးနောက် သူမဘေးမှ အရပ်ရှည်သော အမျိုးသမီးအား လှမ်းကြည့်သည်။

“အစ်မဟွာ၊ ကျွန်မ အပေါ်ထပ်ကို မသွားတော့ဘူး”

သူမက ဆိုးသွမ်းအင်မော်တယ်အား မေးလိုက်သေးသည်။

“ရှောက်ယွီ၊ ကျွန်မ ဒီမှာထိုင်ရင် ရှင်စိတ်ထဲ မထားဘူးမလား"

ဆိုးသွမ်းအင်မော်တယ်က ပြန်မဖြေဘဲ ကျိယွမ်အား မသိမသာကြည့်လိုက်သည်။

ရိုးရိုးသားသား ပြောရရင် ယွီချန်က ကျိကျန့်ကျွင်းအား ကလေးမလေးဟု ခေါ်သည်ကို ကြားပြီး သူစိတ်ပူနေမိ၏။

ယင်နတ်ဘုရားက ဒေါသထွက်က ယွီချန်အားထိုနေရာ၌ပင် သတ်ပစ်မည်ကို သူ တကယ် စိုးရိမ်ခဲ့သည်။

"ရှောက်ယွီတဲ့လား... ဟားဟားဟား .. ငါ မင်းရဲ့ နာမည်ရင်းကို အခု သိသွားပြီ၊ ဒါကြောင့် နောက်ဆို အွန်လိုင်းမှာ မင်းနာမည်ရင်းကို အသုံးပြုရတော့မယ်”

ကျိယွမ်သည် ဆိုးသွမ်းအင်မော်တယ်၏နာမည်က ကောင်းရှောက်ယွီဟူသော အနည်းငယ် မိန်းမဆန်သည့် နာမည်မျိုး ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။

ဆိုးသွမ်းအင်မော်တယ်သည် ရင်ထဲ၌

အတော်လေး စိုးရိမ်ပူပန်နေသဖြင့် ပြုံးပြရသည်မှာပင် တောင့်တောင့်ကြီးဖြစ်နေ၏။

ခင်မင်ပြီးသား မူလနတ်ဘုရားအား ရင်ဆိုင်ရသည်က သိပ်မဆိုးလှသော်လည်း သူ၏သမီးကို ရင်ဆိုင်ရသည်မှာ တော်တော်လေး ထိတ်လန့်နေရသည်။

“သူက မင်းရဲ့ တာအိုလက်တွဲဖော်လား ၊ သူ က တော်တော်လေးလှပါတယ် ၊ ဂုဏ်ယူပါတယ်"

ကျိယွမ်က ယွီချန်ကို တစ်ချက်ကြည့်ပြီး ယဉ်ကျေးသောအမူအရာဖြင့် ချီးကျူးလိုက်၏။

ယွီချန်၏လှပသောမျက်နှာက အနည်းငယ် နီမြန်းသွားသည်။

“အဲလိုမျိုး မဟုတ်ပါဘူး"

ကျိယွမ်သည်" သဘာဝပါ ၊ လူတိုင်း နားလည်ပါတယ် "ဟု ဆိုသော အမူအရာကို ပြသပြီး ဆိုးသွမ်းအင်မော်တယ်၏ ပခုံးကို ပုတ်ကာ အားပေးသည်။

“ဆက်ကြိုးစားပါ။ မကြာခင် ငါ့လို ဖခင်ဖြစ်လာပါစေ”

ဆိုးသွမ်းအင်မော်တယ်မှာ ဘာပြောရမှန်းမသိဖြစ်သွားသည်။ တစ်ဖက်ကို အားနာမိသလို တစ်ဖက်ကိုလည်း ပြင်းပြင်းထန်ထန်ငြင်းရခက်နေ၏။

ယွီချန်လည်း ရှက်သွေးများဖြာသွားခဲ့သည်။

ရှောက်ယွီ၏သူငယ်ချင်းက တော်တော်အရိပ်သုံးပါးနားမလည်ဟုလည်း ထင်မိသည်။

သူမက မျက်နှာနီနီနှင့် ကလေးမလေးဘက်သို့ အာရုံပြောင်းလိုက်မိ၏။

“ဒီကိုလာခဲ့၊ ဘယ်လောက် ချစ်စရာကောင်းတဲ့ ကလေးမလေးလဲ၊ တွေ့ဆုံလက်ဆောင် ပေးပါရစေ”

သူမ၏ လက်ဖဝါးပေါ်တွင် ကြွေဖြူရောင် ကျောက်စိမ်းပုလင်းလေးတစ်ခု ပေါ်လာသည်။

“ဒီထဲမှာ သကြားလုံးလေးတွေ ရှိတယ်။ အရသာ တကယ်ကောင်းတာ။ အချိုစားချင်ရင် တစ်လုံး စားလိုက်ပါ၊ ဗိုက်မအောင့်စေရဘူး”

သူမက ကျိကျန်ကျွင်းအား သားရေစာများကျွေးရန် ကမ်းလှမ်းလေ၏။

ဆိုးသွမ်းအင်မော်တယ် မျက်လုံးပြုးသွားကာ သူမအား မသိမသာဖြင့် မျက်လုံးမှိတ်ပြသည် ။မျက်ခုံး ကျုံ့ပြသည် ။

ယင်နတ်ဘုရားကို သကြားလုံးတွေ ပေးနေတာလား။ သေကုန်တော့မှာပဲ။

ကျိကျန့်ကျွင်းသည် ကျောက်စိမ်းပုလင်းကို ယူရန် လက်ဆန့်လိုက်၏။

ထိုအချိန်တွင် အလျင်စလို အသံတစ်သံ ထွက်ပေါ်လာသည်။

“ချန်လေး ၊ အဲဒါ နင့်အဘိုးက နင့်ကို ပေးထားတဲ့ ယန်အနှစ်သာရဆေးလုံးတွေလေ။ ကလေးတစ်ယောက်ကို ဘယ်လို ပေးနိုင်ရတာလဲ”

အပေါ်ထပ်သို့ တတ်သွားခဲ့သည့် အရပ်ရှည်သော အမျိုးသမီးသည် အောက်သို့ ပြန်ဆင်းလာပြီး သူမနောက်တွင် ငယ်ရွယ်ချောမောသော အမျိုးသားတစ်ဦး ဖြစ်သူ ဖုန်းထျန်းလည်း လိုက်ပါလာသည်။

“ကျွန်မ ပစ္စည်းတွေလေ၊ ကျွန်မ ပေးချင်တဲ့သူကို ပေးမှာပဲ”

ယွီချန်က အစ်မဟွာကို မကျေမနပ်တုန့်ပြန်၏။

ဖုန်းထျန်းကတော့ ကျိယွမ်အား ကြည့်သည်။

“ကလေးတွေက နားမလည်ဘူးထားတော့ ၊ ဒါပေမယ့် မင်းက လူကြီးတစ်ယောက်အနေနဲ့ နားလည်သင့်တယ်။ ယန်အနှစ်သာရ ဆေးလုံးတွေရဲ့ တန်ဖိုးကို မင်းမသိဘူးလား”

“ယွီချန်က ကြင်နာတတ်လို့ ပေးပေမဲ့ အဲလိုမျိုး အရာတစ်ခုကို ယူဖို့ မင်း တကယ်ပဲ သက်တောင့်သက်သာ ခံစားရလား"

ကျိယွမ်က အပြစ်ကင်းသလို ရယ်မောလိုက်သည်။

“ငါ ဒီလို ကိစ္စတွေကို တစ်ခါမှ နားမလည်ခဲ့ဘူး”

သူက ယွီချန်၏ လက်ထဲမှ ပုလင်းကို ယူလိုက်သည်။

ပုလင်းကို ဖွင့်လိုက်ရာ မွှေးကြိုင်သော ရနံ့တစ်ခု လေထဲတွင် ပြည့်နှက်သွား၏။

“လာ၊ ကျန့်ကျွင်း၊ သကြားလုံးလေးတွေ စားလိုက်ပါဦး”

ကျိကျန့်ကျွင်းသည် ဆေးလုံး အနည်းငယ်ကို ဆုပ်ကိုင်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

“အရသာ ကောင်းတယ်”

အစ်မဟွာနှင့် ဖုန်းထျန်းတို့မှာ အံ့ဩတုန်လှုပ်သွားကြသည်။

အစ်မဟွာသည် ခေါင်းကို ဆက်တိုက် ခါယမ်းမိသည်။

“ဘယ်လောက်တောင် အလဟဿ ဖြစ်လိုက်တာလဲ၊ ဘယ်လောက်တောင် အလဟဿ ဖြစ်လိုက်တာလဲ”

ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးလုံးတွေကို ကလေးတစ်ယောက်ကို ပေးပစ်ရတယ်လို့ပဲ။

ဖုန်းထျန်းကတော့ ကျိယွမ်အားကြည့်ပြီး သတိပေး၏။

“ငါဒါကို မဟာသခင်ယဲ့ချန်ဆီ သတင်းပို့မယ်”

သူက ဆိုးသွမ်းအင်မော်တယ်ကိုပါ

ဒေါသတကြီး စိုက်ကြည့်လ်ုက်သည်။

“မင်း..လူစိမ်းတွေနဲ့ ပေါင်းပြီး၊ လိမ်ညာ... ”

“တော်လောက်ပြီ"

ယွီချန်သည် ဖုန်းထျန်းနှင့် အစ်မဟွာတို့ကို အေးစက်စွာ ကြည့်နေသည်။

“ကျွန်မ သဘောကျသလို လုပ်မယ်။ ရှင်တို့က ကျွန်မရဲ့ သားသမီးတွေလား၊ ကျွန်မကို ဒီလောက်ထိ ဂရုစိုက်နေရအောင်”

ဖုန်းထျန်းမှာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

အစ်မဟွာ၏ မျက်နှာသည်လည်း အစိမ်းနှင့် အနီရောင်ကြားတွင် အလှည့်ကျ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူမ အသံကို ပျော့ပြောင်းလိုက်သည်၊

“ချန်လေး၊နင် အလိမ်ခံရမှာကို ငါတို့ စိုးရိမ်လို့ပါ”

ထိုနေရာရှိ လေထုက တင်းမာသွားသည်။

ကျိယွမ်ကတော့ ထိုကိစ္စများကို စိတ်မဝင်စားပါ။

“ဆိုးသွမ်းအင်မော်တယ် နောက်မှ ဆက်ပြောကြတာပေါ့။ငါ လူသတ်စရာ ရှိသေးတယ်”

ကျိကျန့်ကျွင်းသည် ကျိယွမ်၏လက်ကို ဆွဲထားရင်းမှ နောက်လိုက်လေးတစ်ယောက်လို နှုတ်ဆက်သည်။

“ဦးလေး၊ မမလေး၊ နောက်မှ တွေ့မယ်”

ကျိယွမ်၏ ဂီတအဖွဲ့သည် နောက်ကျနေသော်လည်း ရောက်လာခဲ့ပြီဖြစ်၏။ထို့ကြောင့် သူက လူတစ်ယောက်ကို သွားသတ်ရပေတော့မည် ။

စကားဝိုင်းသည် အဘယ့်ကြောင့် လူသတ်ရမည့်ကိစ္စကို ရောက်သွားလေသနည်း။

ဖုန်းထျန်းနှင့် အစ်မဟွာတို့လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထိုအချိန်တွင် အားလုံးစိတ်ထဲတွင် ရင်းနှီးနေသောအသံတစ်သံသည် မိုးကောင်းကင်တွင် ရုတ်တရက် ပဲ့တင်ထပ်လာ၏။

နတ်ဘုရားတို့၏ သက်ပြင်းချသံများနှင့်တူသော ခါးသီးသည့်ဆိုနာတူရိယာသံသည် မြို့တစ်ခုလုံးတွင် ပဲ့တင်ထပ်လာခြင်းပင်။

လူတိုင်း၏ အာရုံသည် ချက်ချင်းလိုလို မိုးကောင်းကင်သို့ ရောက်သွားခဲ့သည်။

“သွေးဝတ်စုံဓားနတ်ဘုရား လူသတ်ဖို့ ရောက်လာပြီ”

သွေးဝတ်စုံဓားနတ်ဘုရားသည် ယနေ့ ဤနေရာသို့ လူသတ်ရန် ရောက်လာမည်ကို သူတို့ မနက်ကတည်းက ကြားသိခဲ့ကြသည်။

ထို့ကြောင့် ထိုကြုံတောင့်ကြုံခဲဖြစ်ရပ်မျိုးကို ကြည့်ရှုရန် သူတို့ အစောကြီးကတည်းကရောက်လာခဲ့ခြင်းပင်။

“သွားကြစို့၊ အပေါ်ထပ်ကနေ ကြည့်ကြမယ်"

ယွီချန်သည် ဒေါသများကိုမေ့သွားကာ ဆိုးသွမ်းအင်မော်တယ်နှင့် ကျိယွမ်တို့သားအဖအား အပေါ်ထပ်သို့ ဖိတ်ခေါ်လေသည်။

“ငါက လူသတ်ဖို့ သွားရဦးမယ်”

စကားနှင့်အတူ ကျိယွမ်သည် ကျိကျန့်ကျွင်း၏ လက်ကို ကိုင်လျှက်သားမှ ပျောက်ကွယ်သွားခဲ့သည်။

ယွီချန်သည် ရုတ်တရက် အံ့အားသင့်သွားသော်လည်း သွေဝတ်စုံဓားနတ်ဘုရားကို မမြင်လိုက်မည်ကိုစိုးရိမ်ကာ ဆိုးသွမ်းအင်မော်တယ်နှင့်အတူ အပေါ်ထပ်သို့ တတ်ခဲ့သည်။

ထိုအချိန်တွင် မြို့ရှိ ကျင့်ကြံသူများ အားလုံးနီးပါးကလည်း ယခုနေရာတွင်စုဝေးခဲ့လာကြ၏။

သူတို့သည် မိုးကောင်းကင်ရှိ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ ဆယ်ဂဏန်းကျော်ကို မော့ကြည့်ကြပြီး သူတို့၏ မျက်နှာအမူအရာများတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေခဲ့သည်။

“ခရမ်းရောင်နန်းတော်အဆင့်တွေကို ဂီတအဖွဲ့အဖြစ် အသုံးပြုတာ၊ သွေးဝတ်စုံ ဓားနတ်ဘုရားက ဘယ်လောက် ခမ်းနားလိုက်လဲ"

“ရှူး၊ အုပ်စိုးရှင်တစ်ပါးကို မကောင်း မပြောပါနဲ့၊ မဟုတ်ရင်...”

“မဟုတ်ဘူး၊ ကျွန်တော် မကောင်း ပြောနေတာ မဟုတ်ဘူး၊ ကျွန်တော် ချီးမွမ်းနေတာ၊ ချီးမွမ်းနေတာပါ”

“ခရမ်းရောင်နန်းတော်အဆင့်တွေတီးခတ်တဲ့ ဂီတကို ကြားရပြီး ဒဏ္ဍာရီလာ ယင်နတ်ဘုရားရှင်တွေ့ရဖို့ ငါအသက်ရှင်နေရမယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး”

ယွီချန်သည်လည်း စားသောက်ဆိုင်၏ အပေါ်ထပ်တွင် ရပ်နေပြီး သူမ၏ မျက်လုံးများက တောက်ပနေသည်။

“ကောင်းရှောက်ယွီ၊ သွေးဝတ်စုံဓားနတ်ဘုရားက ဘယ်လိုပုံစံ ပေါက်မယ်လို့ နင်ထင်လဲ ၊သူက အေးစက်ပြီး အလှမ်းဝေးတယ်၊ လူတွေကို ဝေးဝေးရှောင်စေတဲ့ ပုံစံမျိုးလား”

“သူ့မှာ သမီးတစ်ယောက်လည်း ရှိတယ်တဲ့၊ သူကလည်း ယင်နတ်ဘုရားရှင်တဲ့။ ကြောက်စရာကောင်းလိုက်တာ”

ဆိုးသွမ်းအင်မော်တယ်မှာ ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။သူ၏စိတ်ထဲမှာတော့ ပြောချင်နေ၏။

နင်အခုပဲ သွေးဝတ်စုံဓားနတ်ဘုရားနဲ့ စကားပြောခဲ့တာလေ ၊ သူ့သမီး ယင်နတ်ဘုရားကိုတောင် သကြားလုံးတွေ ပေးလိုက်သေးတယ် ။

သို့သော် သူက ယခုအချိန်မှပြောနေလည်း အသုံးမဝင်တော့သဖြင့် ပြောမပြနေတော့ပေ။

အချိန်တန်ရင် သူ့ဘာသာသိလာလိမ့်မယ်။

---------------

All Chapters