← Chapters

ချင်းရွှေရွာ၏နောက်လိုက်အသစ်များ

Vol. 18 Ch. 215

ချင်းရွှေရွာ၏နောက်လိုက်အသစ်များ

Vol. 18 Ch. 215

ဖေးဝူမြို့တွင် မဟာအုပ်စိုးရှင်ရှန်းလဲ့သည် စိုးရိမ်စိတ်ကြောင့် ဂဏာမငြိမ်ဖြစ်နေသည်။ သူသည် ကျိယွမ်ကို အမြန်ဆုံးရှာဖွေပြီး မြောက်ပင်လယ်နတ်ဘုရားမျက်စိသို့ ပို့ပစ်ချင်၏။

ယခုမှ အသစ်ရောက်လာသော ဆည်းဆာနတ်ဘုရားကလည်း သူ့အနားတွင်ရပ်နေပြီး သူကြားသိခဲ့ရသော ကျိယွမ်၏အကြောင်းများကို ခေါင်းတညိတ်ညိတ်လုပ်ကာ ကျေနပ်နေခဲ့သည်။

“မူလနတ်ဘုရားက အမြဲတမ်း ထူးခြားဆန်းပြားတဲ့သူပဲ။ သူလုပ်သမျှ အရာတိုင်းက အံ့သြစရာတွေချည်းပါလား"

ပန်းပေါင်းတစ်ရာပွဲတော်တွင် ကျိယွမ်၏ ထူးခြားသောနည်းလမ်းများကို သူ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ချင်းရွှေရွာသားများပြောပြသော ဘိုးဘွားနယ်မြေမှကိစ္စများနှင့် မိစ္ဆာနတ်ဘုရားများကို ယခုလို မကြောက်မလန့် စိန်ခေါ်ဝံ့သည့် သတ္တိကြောင့် သူသည် ကျိယွမ်အပေါ် လေးစားမှုများ ပို၍ပို၍တိုးလာခဲ့သည်။

မီးကြာပန်းအရှင်မကလည်း ထောက်ခံသလိုခေါင်းညိတ်၏။

"ကျွန်မလည်း အဲ့ဒီလို ထူးခြားတဲ့သူမျိုးနဲ့ တွေ့ချင်နေတာ”

ဒဏ္ဍာရီအဆင့် ၂၁ ပါးနှင့် သူတော်စင်အဆင့် ၈ ပါးကို ပုံရိပိဖော်နိုင်သည့် ဤကျိယွမ်ဆိုသူမှာ မည်သို့သောသူဖြစ်နေမည်နည်း။

သေချာသည်ကတော့ ထိုသို့သော ပါရမီရှင်သည် ဖန်ထုန်လောက၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သော အစားရှောင်မယ်တော်နှင့်ပင် ရင်ဘောင်တန်းနိုင်ပေလိမ့်မည်။

မီးကြာပန်းအရှင်မသည် သူမကိုယ်တိုင်ကလည်း ရှေးဟောင်းဝိညာဉ်တစ်ဦး ဖြစ်သော်လည်း အစားရှောင်မယ်တော်နှင့် တစ်ခါမျှ မဆုံဖူးချေ။ သို့သော် သူမ၏ လုပ်ရပ်များကို ကြားဖူးသဖြင့် အလွန်အမင်း ကြည်ညိုလေးစားပြီး သူမကိုယ်သူမ အစားရှောင်ဂိုဏ်း၏ နောက်လိုက်တစ်ပိုင်းဟုပင် မှတ်ယူထားသည်။

“ဟေး... အဘိုးကြီးရှန်းလဲ့ ၊ ခင်ဗျား ပြန်ရောက်လာပြီလား”

ရုတ်တရက်ဆိုသလို မှောင်မိုက်သောကောင်းကင်ယံမှ ရွှင်မြူးသောအသံတစ်သံနှင့်အတူ အလင်းတန်းနှစ်ခု ကျရောက်လာ၏။

လူအသစ်များ၏အာရုံက ရှေ့မှဦးဆောင်လာသော ကျိယွမ်ထံသို့ ကျရောက်သွားပြီး သူတို့၏အကြည့်များတွင် အံ့သြလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ထိုချောမောသောလူငယ်က ဒဏ္ဍာရီလာ ပါရမီရှင်လား ။

“မင်း ဒီကလေး... မင်း ဘယ်လောက် ပြဿနာရှာထားလဲဆိုတာ သိရဲ့လား”

ရှန်းလဲ့က ကျိယွမ်ကို ဒေါသတကြီး ဆူပူလေသည်။

“ဘာမှဇာတ်လမ်းတွေထပ်မရှုပ်နဲ့တော့ ၊ မြောက်ပင်လယ်နတ်ဘုရားမျက်စိကို သွားဖို့ အမြန်ပြင်”

“မြောက်ပင်လယ်နတ်ဘုရားမျက်စိလား ၊ ဘာလုပ်ဖို့လဲ”

ကျိယွမ်က ကြောင်တောင်တောင်ဖြင့်ပြန် မေးသည်။

“အဘိုးကြီးရာ... ဆူညံမနေစမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတာကိုပဲ တည့်တည့်ပြောစမ်းပါ။ မြောက်ပင်လယ်မှာ ဘာဖြစ်နေလို့လဲ ”

“ဘာလုပ်ဖို့လဲ ဟုတ်လား... အရူးရဲ့။ ထွက်ပြေးဖို့ပေါ့ကွ။ မင်းလုပ်ထားတဲ့ အရှုပ်အထုပ်တွေကို ကြည့်ဦး ၊ ဒီမှာဆက်နေရင် သေမှာပဲ ”

ရှန်းလဲ့က အူကြောင်ကြောင်လုပ်နေသော ကျိယွမ်ကို ပေါက်ကွဲလုမတတ် ဒေါသထွက်နေသည်။

“မင်းလူတွေကို လွှတ်ပြီး ဖုန်းနဲ့ လင်း တိုင်းပြည်က မိစ္ဆာနတ်ဘုရားတွေကို အမြစ်ပြတ်အောင် လုပ်လိုက်တာလေ။ အဲ့ဒီတုန်းကတော့ ကျေနပ်စရာကောင်းပေမယ့် နောက်ဆက်တွဲက ဘာဖြစ်လာမလဲ မင်းစဉ်းစားမိရဲ့လား။”

သူက ဆည်းဆားနတ်ဘုရားနှင့် အခြားသူများကို ညွှန်ပြကာ

“ဒီလူတွေက မင်းကို ကူညီဖို့ ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကနေ အသက်စွန့်ပြီး ချင်းရွှေကျေးရွာကို လာခဲ့ကြတာပဲ ၊ သူတို့တောင် မင်းမှာအသက်အန္တရာယ်ရှိနေမှန်းသိတယ် "

ထိုအခါမှသာ ကျိယွမ်သည် ဆည်းဆာနတ်ဘုရားနှင့် အခြားသူများကို သတိပြုမိတော့သည်။ချီချီက ကျိယွမ်အနီးသို့ကပ်လာပြီး သူတို့ကို တိုးတိုးလေး မိတ်ဆက်ပေး၏။

အကြောင်းစုံသိရသောအခါ ကျိယွမ်၏ မျက်နှာအမူအယာ ပျော့ပျောင်းသွားလေသည်။ ထိုရှေးဟောင်းနတ်ဘုရားများသည် ဘေးကင်းရာ မဟာမိတ်အဖွဲ့ကို စွန့်ခွာပြီး သူ့အတွက် အသက်ကိုစွန့်ကာ ချင်းရွှေကျေးရွာအထိ ခရီးနှင်လာခဲ့ခြင်းမှာ အမှန်တကယ်ပင်ကျေးဇူးတင်စရာကောင်းလှ၏။

ကျိယွမ်သည် သူ့အပေါ် ကောင်းသော သူငယ်ချင်းများအပေါ် ကျေးဇူးတရားမေ့ကာ လက်လွတ်စပယ် ထားတတ်သူ မဟုတ်ပေ။

“ခင်ဗျားတို့ ကျုပ်ရဲ့ နောက်လိုက်တွေ လုပ်ချင်ကြလား”

သူက ဆည်းဆာနတ်ဘုရားနှင့်အဖွဲ့ကို တည့်တည့် မေးလိုက်သည်။

သူ၏မေးခွန်းကြောင့် မဟာမိတ်အဖွဲ့မှ ရှေးဟောင်းနတ်ဘုရားများ ခေတ္တမျှ မှင်တက်သွားကြသည်။

ငါတို့က အသက်စွန့်ပြီးကူညီဖို့တောင် လာခဲ့ကြတာလေ ၊ သူက ကျေးဇူးမတင်တဲ့အပြင် နောက်လိုက်လုပ်ခိုင်းနေတာလား။

ငါတို့က နေစရာမရှိလို့ အကူအညီလာတောင်းနေတဲ့သူတွေမှ မဟုတ်တာ ။

အားလုံး ဇဝေဇဝါဖြစ်နေကြသည်။

အဘိုးကြီးရှန်လဲ့က ကျိယွမ်ကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်၏။

“ဒီလိုအချိန်မျိုးမှာတောင် နောက်လိုက်တွေအကြောင်းပဲ စဉ်းစားနေသေးတာလား။ မိစ္ဆာနတ်ဘုရားတပ်မကြီးတွေ မင်းဆီ ရောက်မလာခင် မြောက်ပင်လယ်နတ်ဘုရားမျက်စိကို အမြန်သွားတော့”

အခြားရှေးဟောင်းနတ်ဘုရားများကလည်း ထိုစကားကို ချက်ချင်းထောက်ခံကြသည်။

ယခုအချိန်တွင် အရေးကြီးဆုံးမှာ နောက်လိုက်ကိစ္စမဟုတ်ပါ ၊ ထွက်ပြေးရန် သာ ဖြစ်သည်။

သို့သော် ကျိယွမ်က နားမထောင်ပေ ။ သူက ခေါင်းခါလျက်

“ဘယ်မိစ္ဆာနတ်ဘုရားတပ်စခန်းတွေမှ ရောက်လာမှာ မဟုတ်ဘူး”

“ဘာ”

အဘိုးကြီးရှန်းလဲ့က ဒီကောင်ရူးနေလားဟူသော အကြည့်ဖြင့် ကြည့်၏။

“ခုနကပဲ ကျူးရှီကျုံးနဲ့ ကျုပ် လဘက်ရည်သောက်ထွက်ရင်း အနီးတစ်ဝိုက်က မိစ္ဆာနတ်ဘုရားစခန်းလေးခုကို အမှုန့်လုပ်ခဲ့တယ်”

ကျိယွမ်က ပေါ့ပေါ့ပါးပါးပြောရင်းမှ ဗျောက်အိုးများ ထည့်ထားသော ဖန်ပုလင်းတစ်လုံးကို ထုတ်ပြလိုက်သည်။

“ဒီဗျောက်အိုးတွေက အရည်အသွေး တော်တော်ကောင်းပေမယ့် အဝေးကိုတော့ သိပ်မရောက်ဘူး။ ကံမကောင်းတာက အလုံးကြီး ၈ လုံးပဲ ရှိတာပဲ၊ ၄ လုံး သုံးလိုက်ပြီဆိုတော့ ဒီရှေ့ကိုအသေးစား ပစ်မှတ်တွေကိုပဲ ဖောက်ခွဲနိုင်တော့မယ်”

သူက အမှန်တကယ်ကိုနှမြောတသဖြစ်နေပုံရသည် ။

“ထိုက်ယင်မိုးကြိုးပုလဲတွေပဲ”

အဘိုးကြီးရှန်းလဲ့ မျက်လုံးပြူးသွားသည်။

မိုးကြိုးနတ်ဘုရားတစ်ပါးအနေဖြင့် ဤအရာမှာ အဘယ်အရာဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။ ထိုပုလဲစေ့လေးများက လက်သီးဆုပ်ခန့်သာရှိသော်လည်း သူ့ကို ခြိမ်းခြောက်နိုင်သည့် စွမ်းအားမျိုး ရှိနေသည်ကို သူခံစားနေရ၏။

မဟာမိတ်အဖွဲ့မှလာသော ရှေးဟောင်းနတ်ဘုရားများကတော့ အလွန်ထိတ်လန့်သွားကြပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် နတ်ဘုရားစွမ်းအင်များကိုပင် အလိုအလျောက် ထုတ်ဖော်လိုက်ကြသည်။

သေကုန်တော့မှာပဲ။

မိစ္ဆာနတ်ဘုရားတွေသတ်လို့မသေဘဲ ဗျောက်အိုးမှန်လို့သေရရင် မတန်ဘူး။

သူတို့က အကွာအဝေးတစ်ခုအထိပင် အနည်းငယ်ဆုတ်ပြီး ကျိယွမ်လက်ထဲမှ ဖန်ပုလင်းကို သတိကြီးစွာကြည့်နေကြသည်။

ကျိယွမ်ကတော့ အေးအေးဆေးဆေးပင် ။

“မလန့်ကြပါနဲ့ ၊ ဒါက စခန်းကြီးတွေအတွက် သေချာချန်တာပါ "

ကျိယွမ်က ဖန်ပုလင်းကို ပြန်သိမ်းလိုက်၏။

“ဒါကြောင့် မိစ္ဆာနတ်ဘုရားတွေ ငါတို့နောက် လိုက်လာဖို့ မဖြစ်နိုင်တော့ဘူး။ အားလုံးပဲ စိတ်အေးအေးထားပြီး စားသောက်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါ”

မိစ္ဆာနတ်ဘုရားများ၏ အာရုံစိုက်မှုကို ခံရမည်ကိုကြိုတွေးမိသောကြောင့် သူတို့၏ပင်မစခန်းများကို ကြိုတင်ဖျက်ဆီးလိုက်ခြင်းမှာ ရိုးရှင်းသော ဖြေရှင်းနည်းပင် ဖြစ်သည်။ စခန်းများ မရှိတော့လျှင် ချင်းရွှေကျေးရွာမှာ အေးချမ်းသွားပေလိမ့်မည်။

အဘိုးကြီးရှန်လဲ့မှာ ဘာဆက်ပြောရမှန်းမသိဖြစ်သွားလေသည်။

ဒီကောင်က ဘာလို့ ပုံမှန်လိုမလုပ်ရတာလဲ ။

သူလုံးဝစဥ်းစားမရနိုင်ပါ ။

မဟာမိတ်အဖွဲ့မှ ရှေးဟောင်းနတ်ဘုရားများမှာလည်း သူတို့မျှော်လင့်မထားသော လုပ်ရပ်များကြောင့် စကားမပြောနိုင် ဖြစ်နေကြကုန်သည်။

အဘိုးကြီးရှန်လဲ့က ကူကယ်ရာမဲ့စွာခေါင်းခါ၏။

“ဒီနေ့ကစပြီး ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုတဇွတ်ထိုးသမားလို့ လာပြောကြည့် ငါ့အကြောင်း သိစေရမယ်”

တဇွတ်ထိုးသမားတဲ့လား ။

ထိုအရူးနှင့်နှိုင်းယှဉ်လျှင် သူက ဘာမှမဟုတ်တော့ပေ။ ကျိယွမ်ကသာ အစစ်အမှန် သတ္တိခဲကြီး ဖြစ်၏။ သေတွင်းထဲကိုချည်း ဇွတ်ခုန်ခုန်ချနေသော သတ္တိရှင်ကြီးပင် ။

ကျိယွမ်နှင့်တွေ့မှ သူသည် အလွန်စိုးရိမ်တတ်သော သူတစ်ဦးဖြစ်ကြောင်းသိလိုက်ရသည်။

“အဲဒီတော့ အဘိုးကြီး ၊ ကျုပ် မြောက်ပင်လယ်နတ်ဘုရားမျက်လုံးကို သွားဖို့ လိုသေးလား”

ကျိယွမ်က အဘိုးကြီးရှန်းလဲ့အား မေးရင်းမှ ဖိတ်ခေါ်မှုကို ထပ်မံပြုလုပ်လိုက်သည်။

“ခင်ဗျားတို့ကရော ကျုပ်နောက်လိုက်တွေ မလုပ်ချင်ကြဘူးလား။ ခင်ဗျားတို့အတွက် ဆုလာဘ်အသေးစားလေးတွေ ရှိတယ်လေ။”

ဆည်းဆာနတ်ဘုရားမှာ အနေခက်သလို

သက်ပြင်းချမိသည်။ ကျိယွမ်သည် နောက်လိုက်များစုဆောင်းရန် အလွန်ဇွဲကောင်းနေ၏။

မီးကြာပန်းအရှင်မသည် ကျိယွမ်အား အံ့သြနေသော်လည်း တိတ်ဆိတ်မြဲသာရှိနေသည်။ အခြားသူများကလည်း ကျိယွမ်၏ ဆိုလိုရင်းကို နားမလည်သဖြင့် အင်းမလုပ် အဲမလုပ်သာ ။

သို့သော် ဘိုးဘွားနယ်မြေမှ ကျိယွမ်နောက်သို့ လိုက်ပါလာသူများမှာကတော့ မျှော်လင့်တကြီးဖြင့် မျက်လုံးများတောက်ပလာကြသည်။

“အရှင်မြတ်... ကျွန်တော်တို့ကော ဆုလာဘ် မရနိုင်ဘူးလားဟင်”

သူတို့က ထိုဆုလာဘ်သည် သေချာပေါက်တန်ဖိုးကြီးမားမည်ကို အလိုလိုသိနေ၏။ မဟာမိတ်အဖွဲ့သားများကို လုမိုက်များဟုပင် ထင်မိကြသည် ။

ဒီလောက်ကောင်းတဲ့အခွင့်အရေးကို အခါခါပေးနေတာတောင် ငြင်းနေကြတယ် ။

ထိုအခိုက် ဝမ်စုန်းက သူတို့အားဟန့်တား၏။

“အရှင်က မင်းတို့ကိုနတ်ဘုရားနယ်ပယ်ဖွင့် ဆေးလုံးတွေအများကြီး ပေးထားပြီးပြီလေ။ မင်းတို့က ဘာထပ်လိုချင်သေးတာလဲ ၊ လောဘတော်တော်ကြီးနေတာလား ”

သူ၏စကားကြောင့် မှဲ့ကြီးတို့ ရှေးဟောင်းနတ်ဘုရားအဖွဲ့က စပ်ဖြီးဖြီးဖြစ်သွားကာ မလုံမလဲ ရယ်ပြကြသည်။

ရမလားလို့ တောင်းမိတာကို ၊ မရတော့လည်း အရင်းပေါ့ ။

ဆညိးဆာနတ်ဘုရားတို့ မဟာမိတ်အဖွဲ့သားများကတော့ ထိုစကားကြောင့် တုန်လှုပ်သွားကြသည်။

ဆုလာဘ်သေးသေးလေးဆိုတာက နတ်ဘုရားနယ်ပယ်ဖွင့် ဆေးလုံးတွေလား။

ထိုဆေးလုံးသည် သူတို့လို သာမန်အုပ်စိုးရှင်အဆင့် စစ်မှန်နတ်ဘုရားများအတွက် တန်ဖိုးဖြတ်မရသော ရတနာဖြစ်၏။

ဆည်းဆာနတ်ဘုရားက လူမိုက်မဟုတ်ပါ ။ သူက အခွင့်အရေးကို အမိအရဖမ်းလိုက်သည်။

“အင်း...ငါတို့က အသက်စွန့်ဖို့အထိတောင် ဆုံးဖြတ်ပြီးလာခဲ့တာပဲ ၊ နောက်လိုက်တစ်ယောက်လုပ်ရတာလောက်ကတော့ ကိစ္စမရှိတော့ပါဘူး။ တွေးကြည့်တော့လည်း မူလနတ်ဘုရားက အတုမရှိတဲ့ပါရမီရှင်ပဲ ၊ ငါတို့အနေအထားက နောက်လိုက်ပဲဖြစ်သင့်တာပေါ့ .."

သူက ကျိယွမ်၏နောက်လိုက်လုပ်ရန် ချက်ချင်းဝန်ခံလိုက်သည်။

ပုံမှန်အခြေအနေမျိုးဆိုလျှင်တော့ သူကနောက်လိုက်လုပ်ရန် သဘောတူမည် မဟုတ်သော်လည်း ယခုက ပူပေါင်းရန်ဆုံးဖြတ်ပြီးသားဖြစ်သောကြောင့် သဘောတူလိုက်ခြင်းက သဘာဝကျသည်ဟု သူယူဆ၏။

ဘာပဲပြောပြော သူ့လိုဖြောင့်မတ်ပြီး ရဲ့ရင့်တဲ့ပါရမီရှင်ဆီမှာ နေရတာအရှုံးမရှိပါဘူး ၊ နတိဘုရားနယ်ပယ်ဖွင့်ဆေးလုံးလေးတွေကတော့ အမြတ်ပေါ့လေ။

ပြုံးပြုံးကြီးလုပ်နေသော ဆည်းဆာနတ်ဘုရားကို မီးကြာပန်းအရှငိမက မျက်စောင်းထိုးလိုက်သည်။

သူမကလည်း ကမန်းကတန်းဝန်ခံ၏။

“ဒါဆိုရင် ငါလည်း မူလနတ်ဘုရားအပေါ် သစ္စာခံပါတယ်”

သူမကလည်း အထူအပိန်းမဟုတ်ပါ ။

အခြားသူများလည်း လူအ များမဟုတ်ကြသောကြောင့် ကျိယွမ်ထံ၌ ချက်ချင်း သစ္စာခံကြတော့သည်။ အချို့မှာ အနည်းငယ်ဝေခွဲမရဖြစ်နေသော်လည်း နောက်ဆုံးတွင် အများမိုးခါးရေသောက်ဟု သဘောထားကာ သဘောတူလိုက်ကြ၏။

ရှန်းလဲ့ကတော့ ကျိယွမ်အား နှားခေါင်းရှုံ့သည်။

“ငါကတော့ မင်းရဲ့ ဆေးလုံးကို စိတ်မဝင်စားဘူး။ ဒါကြောင့် မင်းရဲ့ နောက်လိုက် မလုပ်နိုင်ဘူး”

သူ့လို မဟာအုပ်စိုးရှင်ကြီးတစ်ပါးအနေဖြင့် ဆေးလုံးတစ်ခုအတွက်နှင့် ဂုဏ်သိက္ခာကို အကျမခံနိုင်ပေ။

ကျိယွမ်က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။

“နှမြောစရာပဲ။ အဘိုးကြီးရှန်လဲ့အတွက် အထူးလက်ဆောင်တစ်ခု ပြင်ထားတာ။ နောက်လိုက် မလုပ်ဘူးဆိုတော့လည်း ပြန်စဉ်းစားရတော့မှာပေါ့”

ရှန်းလဲ့က ကျိယွမ်အား မယုံသလိုကြည့်သည်။

“ဟွန့် ...ဘယ်လို လက်ဆောင်မျိုးမို့လို့ ငါက စိတ်ဝင်စားရမှာလဲ”

ကျိယွမ်က သူ့အားမကြည့်ဘဲ သက်ပြင်းချလိုက်သည်။သူကအလွန်နှမြောတသနေဟန်ဖြင့်..

"နတ်ဘုရားနယ်ပယ်ဖွင့်ဆေးလုံးဆိုတာ ဒီဟာနဲ့ယှဥ်ရင် ဘာမှမဟုတ်သေးဘူး ၊ ထားပါတော့ ...ခင်ဗျားကမှ စိတ်မပါတာ ကျူပ်မပြောတော့ဘူး ၊ အခြားတစ်ယောက်ယောက်ကို ရှာရတော့မှာပေါ့ "

ရှန်းလဲ့၏ မျက်နှာအမူအယာက မသိမသာပြောင်းသွားသည်ကို ကျိယွမ်က မျက်လုံးဒေါင့်ကပ်ကာ ကြည့်နေ၏။

ဒီအဘိုးကြီး မူနိုင်သေးလား ကြည့်ရတာပေါ့ ။

“ကောင်းပြီလေ... မင်းက ချင်းရွှေကျေးရွာမှာ ပါဝင်ဖို့ အကြိမ်ကြိမ်ကြီး မရမက ခေါ်နေတာဆိုတော့ ငါကလည်း လူမှုရေးနားမလည်တဲ့သူမဖြစ်ချင်ဘူး ။ အငယ်လေးတစ်ယောက်ရဲ့ဇွဲကို ထောက်ထားပြီး ငါ သဘောတူလိုက်မယ်။ ဒါပေမဲ့ မင်းရဲ့ လက်ဆောင်ကြောင့်လို့တော့ မထင်နဲ့နော် "

ရှန်းလဲ့က မာန်မချသောလေသံဖြင့်လက်ခံလိုက်သည် ။

ကျိယွမ်ကစိတ်ထဲတွင်ရယ်ချင်နေသော်လည်း မရယ်ပါ။

“ဒီနေ့က သတင်းကောင်းတွေနဲ့ ပြည့်နေတာပဲ”

သူက ကျေနပ်စွာ မှတ်ချက်ချသည်။

ချင်းရွှေကျေးရွာတွင် စစ်မှန်နတ်ဘုရားများစွာရှိလာပြီ ဖြစ်သော်လည်း မဟာအုပ်စိုးရှင်အဆင့်မှာ မြောက်ပင်လယ်တွင် ရှိနေသော ချုံးဟွာအရှင်မတစ်ဦးတည်းသာ ရှိခဲ့လေသည် ။ ယခုအခါမှာတော့ အဘိုးကြီးရှန်းလဲ့ပါ ထပ်တိုးလာခဲ့လေပြီ။

“ကောင်လေး... အောင်ပွဲခံတာ တော်လောက်ပြီ။ မိစ္ဆာနတ်ဘုရား စခန်း ၄ ခုကို ဖျက်ဆီးလိုက်တာ ကောင်းပေမယ့် အခုမှ တကယ့် တိုက်ပွဲက စတော့မှာ။အဲဒီမိစ္ဆာ နတ်ဘုရားတွေက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး”

ရှန်းလဲ့က သတိပေးလိုက်သည်။ ချင်းရွှေရွာတွင် ကျိယွမ်ကို မကြောက်မလန့်ပြောရဲသူမှာ သူသာရှိသောကြောင့် ပြောစရာရှိသည်ကိုတော့ သူအနေဖြင့် ပြောရပေလိမ့်မည်။

ဖန်းထုန်လောကတွင် ခေတ်သစ်နတ်ဘုရားများ၏ အင်အားမှာ ရှေးဟောင်းနတ်ဘုရားများထက် များစွာ သာလွန်နေသည်ကတော့ လက်မခံချင်လည်း မရသည့်အမှန်တရား ခါးခါးကြီးတစ်ခုပင် ။

သူတို့ကို အမြစ်ပြတ် မချေမှုန်းသေးခြင်းမှာ ကောင်းကင်တိုင်လုံးထဲတွင် ကောင်းကင်ဘုံတာအိုကို ဝါးမြိုနေသော ယန်နတ်ဘုရား ကြောင့်သာ ဖြစ်သည်။ ကောင်းကင်ဘုံတာအိုကုန်ဆုံးသွားပါက ရှေးဟောင်းနတ်ဘုရားအားလုံး၏ အသက်မှာ ယန်နတ်ဘုရား၏ လက်ခုပ်ထဲသို့ အလိုလိုရောက်သွားမည် ဖြစ်သည်။

သို့သော် ကျိယွမ်က မိစ္ဆာနတ်ဘုရား ၁၀၀ ကို သတ်ဖြတ်ကာ အဓိကစခန်းကြီးများကို မပြောမဆိုနှင့် ဖျက်ဆီးလိုက်ခြင်းကြောင့် ချင်းဟန်တိုက်ကြီး၏ စစ်ဦးစီးချုပ်မှာ ငြိမ်နေမည် မဟုတ်တော့ပေ။

“နောက် ၁၀ ရက်ထက် မပိုတဲ့ အချိန်မှာ ချင်းဟန်စစ်တပ်က မဟာအုပ်စိုးရှင် ၁၀ ပါးလောက် မင်းဆီ လာလိမ့်မယ်။ မင်း မြောက်ပင်လယ်ကို ပြေးရင်တောင် မလွယ်တော့ဘူး”

ရှန်းလဲ့က ရင်လေးစွာမှတ်ချက်ချ၏ ။ သူတို့အနေဖြင့် အသက်စွန့်၍ ကာကွယ်ပေးလျှင်ပင် တားဆီးနိုင်မည်မဟုတ်ပါ ။

ကျိယွမ်က အရေးမကြီးသလိုပြုံးနေသည်။

“ဂိမ်းတွေထဲမှာ ရန်သူအသေးတွေကို နိုင်ရင် ရန်သူအကြီးတွေ ရောက်လာတတ်တယ်။ ဒါပေမယ့် ငါ့ဂိမ်းမှာတော့ အသေးတွေကို အရင်သတ်ပြီး အကြီးတွေဆီ ငါကိုယ်တိုင် သွားမှာ”

သူသည် ရန်သူလာတိုက်သည်ကို ထိုင်စောင့်နေမည့်သူ မဟုတ်ဘဲ ကြိုတင်တိုက်ခိုက်မည့်သူ ဖြစ်သည်။

၁၀ ရက်အထိသူတို့က ဘာထိုင်လုပ်နေကြတာလဲ ။

“ကျုပ်က ဒီဂိမ်းရဲ့ အားနည်းချက်တစ်ခုကို သိနေပြီ။ ဖန်ထုန်လောက တစ်ခုလုံးကို ကျုပ် သိမ်းပိုက်တော့မှာ”

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ကြုံးဝါးလိုက်သည် ။ အင်အားကြီး သတ္တဝါများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်သည့် နည်းလမ်းကို သူ တွေ့ရှိထားပြီ မဟုတ်ပါလား။

“အခု မင်းတို့အားလုံး ငါ့နောက်လိုက်တွေ ဖြစ်သွားပြီဆိုတော့ ဆုလာဘ်တွေ ပေးဖို့အတွက် အချက်အလက်တွေ စုဆောင်းရအောင်။ ချီချီ... ဒီကို လာခဲ့”

ချီချီက “ဟုတ်ကဲ့ ” ဟု ဆိုကာ ချက်ချင်းရောက်လာသည်။

“အချက်အလက် ဖြည့်ရမယ့် ပုံစံတွေ ပြီးပြီလား”

ကျိယွမ်က မေးလိုက်သည်။

သူက သူ၏ နောက်လိုက်များ၊ အထူးသဖြင့် သာမန်အုပ်စိုးရှင်များအတွက် သင့်တော်သော လမ်းစဉ်ကို ရှာဖွေပေးလိုခြင်း ဖြစ်သည်။ အုပ်စိုးရှင်များမှာ ပုံမှန်နောက်လိုက်များကဲ့သို့ မဟုတ်ဘဲ သူတို့၏ မူလလမ်းစဉ်နှင့် ကိုက်ညီသော ပုံရိပ်ဖော်နည်းစနည်းများ လိုအပ်ပေလိမ့်မည်။

(သာမန်အုပ်စိုးရှင်များဆိုသည်မှာ စစ်မှန်နတ်ဘုရားများကို ဆိုလိုသည်)

“ဒီမှာပါ”

ချီချီက လက်ယမ်းလိုက်ရာ ခေတ်မီသော မေးခွန်းများပါသည့် စာရွက်ပုံကြီး ထွက်ပေါ်လာသည်။ ကျိယွမ်က ထိုစာရွက်များကို လူတိုင်းအား ဝေငှလိုက်၏ ။

“ဒီဖောင်တွေကို ဖြည့်ထားကြ။ ငါ ထမင်းသွားစားဦးမယ်။အမှနိအတိုင်းဖြည့်နော် ၊ စိတ်ကူးယဉ်ပြီး မဖြည့်ကြနဲ့ဦး”

သူက ထိုမျှသာ မှာကြားကာ ထွက်ခွာသွားလေသည်။

ရှေးဟောင်းနတ်ဘုရားများမှာ တစ်ခါမှမမြင်ဖူးသော မေးခွန်းများပါသည့် စာရွက်များကို ကိုင်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

ရှန်လဲ့အဘ်ုးကြီးက သူ၏လက်ထဲမှစာရွက်ကို ထောင်ကာဖတ်ကြည့်သည်။

" “အသက်"

"နာမည်"

" ဝါသနာ"

"အလုပ်အကိုင်"

"အိမ်ထောင်ရှိ မရှိ "

"သောက်ခွေး... ဒါတွေက ဘာလုပ်ဖို့လဲ”

သူကစာရွက်ကို စုတ်ဖြဲပစ်ချင်သော်လည်း စိတ်ထိန်းလိုက်ရသည်။

ဒီကောင်ကွာ..။တိုက်ပွဲနဲ့ ဒါက ဘာဆိုင်လဲ ..။

တကယ့်အရူးပဲ။

ဆည်းဆာနတ်ဘုရားကလည် ထိုမေးခွန်းများကို ကြည့်ကာ ရယ်လည်းရယ်ချင် နားလည်းမလည် ဖြစ်နေမိသည်။

သူက မီးကြာပန်းအရှင်မကို ကြည့်လိုက်ရာ သူမကလည်း ငိုရမလို ရယ်ရမလိုဖြစ်နေဟန်ရှိသည်။

“အရှင်က ငါတို့အတွက် သီးသန့် ပုံရိပ်ဖော်နည်းစနစ်တွေ ဖန်တီးပေးဖို့များလား”

ဝမ်စုန်းက စာရွက်ကိုကိုင်ထားရင်းမှ တုန်ရင်သောအသံဖြင့် မေးလိုက်သည်။သူက ကျိယွမ်ကို အကြွင်းမဲ့ယုံကြည့်သဖြင့် အဓိပ္ပါယ်တစ်ခုခု ရှိရမည်ဟု သေချာပေါက်ယုံကြည်နေသည်။

ထိုစကားကြောင့် အခြားသူများအားလုံး တိတ်ဆိတ်သွားကြသည်။

အကယ်၍သာ ၎င်းမှာ အမှန်ဖြစ်ပါက သူတို့အားလုံးအတွက် အလွန်ကြီးမားသော အခွင့်အရေးကြီး မဟုတ်ပါလား။

"ငါကျူးကြီးကတော့ ပိုပြီးအစွမ်းထက်တော့မှာပဲ ဟားဟား ဟားဟား "

ခွေးနက်ကြီးသည် အလွန်စိတ်ဓာတ်ကျသွားပြီး လူအုပ်နှင့်အဝေးသို့ နေရာရွှေ့သွားတော့သည်။

ဒီနေ့ကစပြီး ငါ့ရဲ့အေးချမ်းတဲ့နေ့လေးတွေ ကုန်ဆုံးတော့မှာလား ..။

------------------

All Chapters