← Chapters

ဂိမ်းအိုင်ကွန်အသစ်၊ပုရောဟိတ်မယ်နှင့်တွေ့ဆုံခြင်း

Vol. 13 Ch. 163

ဂိမ်းအိုင်ကွန်အသစ်၊ပုရောဟိတ်မယ်နှင့်တွေ့ဆုံခြင်း

Vol. 13 Ch. 163

မိုဟွေ့အရှင်က ကျိယွမ်ကိုတစ်လှည့် သူ၏နောက်မှ သံပြိုင်တီးမှုတ်နေသော တီးဝိုင်းကိုတစ်လှည့်ကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်၏။

“စိတ်ဝင်စားစရာကောင်းတဲ့ ပိုးကောင်လေးပဲ၊ မင်းလိုပိုးကောင်မျိုးကို ငါတစ်ခါမှ မမြင်ဖူးသေးဘူး။”

“ပြောစမ်း...ဘယ်သူက... မင်းကို ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ။”

ထိုစကားသံနှင့် ယင်နတ်ဘုရားအရှိန်အဝါက ပြင်းထန်စွာပေါ်ထွက်လာသည်။

ယင်နတ်ဘုရားနှင့် ခရမ်းနန်းတော်အဆင့်ကျင့်ကြံသူတို့ကြား အဓိကကွာခြားချက်မှာ နတ်စွမ်းအင် ဖြစ်သည်။

ယင်နတ်ဘုရားများသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို နတ်စွမ်းအင်အဖြစ် ပြောင်းလဲထားသူများဖြစ်၏။

ထိုစွမ်းအင်သည် မူလစွမ်းအားများထက် အဆများစွာသာလွန်သော အဆင့်မြင့်စွမ်းအားဖြစ်ပြီး နတ်စွမ်းအင် အနည်းငယ်မျှဖြင့်ပင် သေစေနိုင်သောနယ်ပယ်တစ်ခုကို လက်တစ်ချက်လှုပ်ရုံဖြင့် အလွယ်တကူ ဖန်တီးနိုင်လေသည်။

နတ်ဘုရားအရှိန်အဝါကျရောက်လာသည်နှင့် အားလုံးမှာ နှလုံးသားများထဲမှ အကြောက်တရားများလွှမ်းမိုးလာပြီး တီးလုံးများပင် ကမောက်ကမဖြစ်ကုန်သည်။

သို့သော် မိုဟွေ့အရှင်က နတ်ဘုရားအရှိန်အဝါကို ဟိတ်ဟန်သဘောလောက်သာထုတ်ပြပြီး ကျိယွမ်အား ဘယ့်နှဲ့ရှိစဟူသော မျက်နှာဖြင့် ပြုံးစစ ကြည့်လိုက်သည်။

ကြောင်ကြီးက ကြွက်ပေါက်စလေးကို ကစားချင်နေသည့်ပုံမျိုးပင်။

သို့သော် ကျိယွမ်က ကြွက်မဟုတ်ပါ ။

သူက ကောင်းကောင်ပေါ်သို့ မော့ကြည့်ကာ

အော်ခေါ်လေသည်။

“နင်းထောင်ရေ၊ ငါ့ကို ကယ်ပါဦး”

ကျိယွမ်သည် သူလေ့လာခဲ့သော နည်းစနစ်များထဲမှာ မဟာကိုယ်ပွားနည်းစနစ်ကို အသုံးပြုလိုက်ခြင်းပင်။

ယခုအချိန်တွင် သူသည် ပထမဆုံးအကြိမ်အဖြစ် အခြားတစ်ဦးကို အားကိုးရန် ရွေးချယ်လိုက်ရသည်။

သူ၏ မူလဒန်တျန်ထဲမှဝိညာဉ်စွမ်းအင်သည် ကြယ်အမြုတေ၏ ပုံရိပ်ကို ခေါ်ယူရန်အတွက် မလုံလောက်သေးပါ။

သို့သော် နင်းထောင်၏ ပုံရိပ်ကို ခေါ်ယူနိုင်ရန်တော့ လုံလောက်လေ၏။

ကျိယွမ်က အော်ခေါ်ပြီးနောက် ရင်ခုန်စွာဖြင့် ကောင်းကင်သို့ကြည့်ကာ စောင့်မျှော်နေမိသည်။

မညီမညာဖြစ်သွားသော ဆိုနာတေးသွားသည်လည်း ကျိကျန်း၏ဦးဆောင်မှုဖြင့် ပြန်လည်ညီညာသွားကာ ပေါ့ပါးသည့် ပျော်ရွှင်ဖွယ်တီးလုံးသံက လေထဲတွင်ပျံ့လွင့်လာ၏။

ထိုအခိုက် ကောင်းကင်ထက်ရှိ နေမင်းသည် အလင်းရောင်ကို ပစ်လွှတ်လိုက်သကဲ့သို့ ပြင်းထန်စွာတစ်ချက်လင်းလက်သွားခဲ့သည်။

တပြိုင်နက်တည်းမှာပင် အာကာသဟင်းလင်းပြင်သည် အေးခဲသွားပုံရပြီး၊ အချိန်သည်လည်း ရပ်တန့်သွားသယောင် ထင်ရသည်။

လူတိုင်း၏ အကြည့်အောက်တွင်၊ အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်သည် ဘယ်ကမှန်းမသိ ပေါ်လာခဲ့သည်။

သူမသည် စွဲမက်ဖွယ်ကောင်းသော မျက်နှာရှိပြီး၊ အရေပြားမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးကာ၊ ကမ္ဘာပေါ်ရှိ အနုစိတ်ဆုံး ကြွေထည်များကဲ့သို့ လွန်စွာ ဖြူဖျော့နေ၏။

ကိုယ်လုံးကိုယ်ထည် သေးသွယ်နူးညံ့ပြီး၊ ရှည်လျားသော ဆံပင်နက်များသည် ည၏ ရေတံခွန်ကဲ့သို့ စီးဆင်းကျနေသည်။

သူမ၏ ဘယ်ဘက်မျက်လုံးသည် နူးညံ့သော မိုးရေကဲ့သို့စင်ကြယ်ကာ နွေဦးကာလက လှပသော မိန်းကလေးတစ်ဦးကို သတိရစေပြီး၊ ညာဘက်မျက်လုံးသည် နက်ရှိုင်းပြီး သွေးဆောင်နေကာ အမှောင်နတ်ဘုရားမတစ်ပါးနှင့်ပင် တူနေသေးတော့သည်။

ထို့အပြင် နတ်ဘုရားတစ်ပါး၏အရှိန်အဝါနှင့်ဆင်တူသော နက်ရှိုင်းပြီးအစွမ်းထက်သည့် အရှိန်အဝါတစ်ခုက သူမအား ဖုံးလွှမ်းထား၏။

ဒါက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ နောက်ဆုံးလျှို့ဝှက်ချက်လား။

ညီသာစွာ တီးမှုတ်နေသူများမှာ တဖန်ပြန်၍ မညီမညာဖြစ်သွားကြပြီး အိုးနင်းခွက်နင်းဖြစ်ကုန်၏။

ငါတို့က ဘယ်နတ်ဘုရားအရှိန်အဝါကို ကြောက်ရမှာလဲ။

နတ်ဘုရားနှစ်ပါး၏ အရှိန်အဝါကြားတွင် သာမန်လူများမှာ အလွန်ခံရခက်သော ဖိစီးမှုကြီးကို ခံစားနေကြရသည် မဟုတ်လား။

ငါတို့ဘဝကတော့ ဆူးကြားက ​ဗူးခါးဘဝရောက်ပြီ ။ဘယ်ဘက်သွားသွား အထိုးခံရမှာ။

ပြုံးစစဖြစ်နေသော မိုဟွေ့၏ မျက်လုံးများ မပြုံးနိုင်တော့ပါ။

သူကအံ့အားသင့်စွာဖြင့် အသစ်ရောက်လာသော အမျိုးသမီးကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။

ကောင်းကင်ဘုံဖြတ်ကျော်လမ်းကို နှစ်လှမ်းရောက်နေတဲ့ ဒုတိယအဆင့်ကြီးလား ၊ ငါကနတ်ဘုရားပေါက် သုံးခုပဲဖွင့်နိုင်သေးတာလေ ။

သူမ၏ ခွန်အားသည် သူ့ထက် အနည်းဆုံး ဆယ်ဆမက ပိုကြီးမားနေပါသည်။

အဆင့်နိမ့်ကျင့်ကြံသူများသည် အဆင့်များ ကွာခြားနေသော်လည်း အဆင့်ကျော်ပြီးတိုက်ခိုက်နိုင်သေးသည်။

သို့သော် ယင်နတ်အဆင့်သို့ ရောက်ရှိနိုင်သူများသည် အားလုံးက ပါရမီရှင်များချည်းဖြစ်၏ ။ လူတိုင်းက အဆင့်ကျော်တိုက်နိုင်သူများဖြစ်သည်။

ထိုအတူ နတ်ဘုရား​ပေါက်တစ်ခုကွာခြားလျှင်ပင် နတ်စွမ်းအားက နှစ်ဆကွာခြားလေသည်။ နတ်ဘုရားပေါက်များစွာကွာခြားနေလျှင်တော့ လိုက်မှီစရာ နည်းလမ်းမရှိတော့ပါ။

သာမန်ယင်နတ်ဘုရားများကို အသာထား မဟာအုပ်စိုးရှင်များပင်အဆင့်ကျော်၍ တိုက်ခိုက်နိုင်ခဲ့သည့် မှတ်တမ်းမရှိပါချေ။

ပြေးရမယ် ။

မိုဟွေ့က လူအ' မဟုတ်ပါ ။ ထို့ကြောင့်လည်း ယင်နတ်ဘုရားအဆင့်ထိ အောင်မြင်စွာ တတ်ရောက်နိုင်ခဲ့ခြင်းပင်။

သူက ချက်ချင်းထွက်ပြေးရန် စတင်လိုက်သည်။

ထိုစဉ်မှာပင် ကျိယွမ်၏ အရေးတကြီးအော်ဟစ်သံက ထွက်ပေါ်လာသည်၊

“နင်းထောင်၊ ငါ့အတွက် အမြန်သတ်ပေး။”

"ယောက်ျား ၊ ခဏလေးပဲ စောင့်ပေးပါ”

နင်းထောင်သည် သူမ၏ နူးညံ့သော လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ထွက်ပြေးရန်စတင်နေသော မိုဟွေ့သည် လေထဲတွင် လှုပ်ရှား၍မရတော့ဘဲ ချက်ချင်း ရပ်တန့်သွားသည်။

ကျန်းယာကတော့ မြင်ရကြားရသည်များကို အိမ်မက်လား တကယ်လားရောထွေးရင်းမှ

လုံးဝထိတ်လန့်သွား၏။

နတ်သမီးက သွေးဝတ်စုံဓားနတ်ဘုရားကို ဘယ်လိုခေါ်လိုက်တာလဲ။

ယောက်ျားတဲ့လား။

သူမက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ဘိုးဘေးဖြစ်ရမှာလေ၊ ဘယ်လိုလုပ်ပြီး သူ့မိန်းမဖြစ်သွားရတာလဲ။

သွေးဝတ်စုံဓားနတ်ဘုရားလို ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက ကောင်းကင်ဘုံဖြတ်ကျော်လမ်းကို နှစ်လှမ်းလှမ်းနိုင်သည့် ဒုတိယအဆင့် ယင်နတ်ဘုရားတစ်ပါး ကို လက်ထပ်နိုင်ခဲ့တယ်တဲ့လား။

ဒါကြီးက အရမ်းများသွားပြီ။

“မဟုတ်ဘူး..."

မိုဟွေ့က အလန့်တကြားအော်ဟစ်လိုက်ပြီး

သူ၏ နတ်ဘုရားပေါက်သုံးခုမှ နတ်စွမ်းအင်များကို အစွမ်းကုန်ထုတ်ကာ ချုပ်နှောင်ခံထားရခြင်းမှ ရုန်းထွက်ရန် ကြိုးစားနေသည်။

သို့သော် သူ၏နတ်စွမ်းအင်သည် နင်းထောင်၏ပုံရိပ်ယောင်ကို လုံးဝမယှဉ်နိုင်ပါ။

ကွာခြားချက်က ဆယ်ဆထက်မက ပိုများနေသည်မဟုတ်ပါလား။

နင်းထောင်သည် လက်ညှိုးတစ်ချောင်းတည်းဖြင့် သူ့ကို အလွယ်တကူထိန်းချုပ်ထားခဲ့သည်။

“နင် ငါ့ကို သတ်လို့မရဘူး၊ ငါ့ရဲ့ အစ်ကိုကြီးကလည်း ကောင်းကင်ဖြတ်ကျော်လမ်းရဲ့ ဒုတိယခြေလှမ်းမှာ ရှိနေတာ"

မိုးဟွေ့သည် မလွတ်နိုင်မှန်းသိသောအခါ စိတ်ကိုဒုန်းဒုန်းချလိုက်ပုံရသည်။ သူက အခြားနည်းဖြင့် လှည့်ပတ်ကာ လွတ်လမ်းရှာရန် ကြိုးစား၏။

သို့သော် နင်းထောင်သည် သူ၏စကားကို အရေးမလုပ်ဘဲ ကျိယွမ်ဆီသို့ပြေးသွားကာ

သူ၏ရင်ခွင်ထဲသို့မှီလိုက်ရင်း လိမ်မာသောဇနီးမယားတစ်ယောက်လို မေးလိုက်သည်။

“ယောက်ျား.. သူ့ကို ဘယ်လိုလုပ်ရမလဲဟင်။”

အဝေးမှကြည့်နေသော ကျန်းယာသည် မယုံနိုင်အောင် ဖြစ်နေသည်။

မြင့်မြတ်လှသော ယင်နတ်ဘုရားတစ်ပါးသည် အချစ်ကြောင့်စုံလုံးကန်းနေသော မိန်းမပျိုတစ်ဦးကဲ့သို့ ပြုမူနေ၏။

ကျိယွမ်သည် သူ၏ရင်ခွင်ထဲသို့ တိုးဝင်နေသော နင်းထောင်၏ ဆံနွယ်ရှည်များကိုသပ်တင်ပေးရင်းမှ ကူကယ်ရာမဲ့သလို ခံစားရသည်။

ပြီးခဲ့သည့်အခေါက် သူမ နောက်ဆုံးအကြိမ်ပေါ်လာစဥ်က ဘယ်သူမှ မရှိသောအချိန်တွင် “သွေးပုလဲ” ဟု ခေါ်ခဲ့၏။

ယခုတစ်ကြိမ်တွင်မူ လူအများရှေ့၌ “ယောက်ျား” ဟု တမင်ခေါ်နေခြင်းပင်။

မိန်းကလေးများ၏စိတ်ကို သူတကယ်ပဲနားမလည်နိုင်တော့ပါ။

ကျိယွမ်က နင်းထောင်၏ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသောမျက်နှာကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်၊

“ဒီလို သူတစ်ပါးကို အားကိုးရတဲ့ ခံစားချက်က ဘာနဲ့ တူသလဲဆိုတော့... တော်တော်ကို ကောင်းတာပဲ။”

ကျိယွမ်က နင်းထောင်၏ခါးလေးအား ပိုင်နိုင်င်စွာဖတ်ထားရင်းမှ မိုဟွေ့ကို မောက်မာစွာကြည့်လိုက်သည်။

“မင်းရဲ့ အစ်ကိုကြီးက ယင်နတ်ဘုရားဆို ၊ ငါ့မိန်းမကလည်း ယင်နတ်သမီးပဲကွ၊ ငါက ဘာကြောက်နေရမှာလဲ"

သူက ယခင်ဘဝတွင်ဖတ်ဖူးခဲ့သော ကပ်စားဘုရင်သခင်ကြီးဇူကိုပင် သတိရသွား၏။

မိန်းမလှလေးတွေကို ကပ်စားရတာ တကယ်ပဲ ပျော်ရွှင်ဖို့ကောင်းတာကိုး။

ထို့အပြင် သူ၏ ပြိုင်ဆိုင်လိုစိတ်ကြောင့် နင်းထောင်ကို ပထမဆုံးအကြိမ် သူ၏ ဇနီး ဟု ခေါ်ဝေါ်လိုက်သည်။

နင်းထောင်၏ ကြည်လင်သောဘယ်ဘက်မျက်လုံးသည် ရေစက်ကဲ့သို့ နူးညံ့သွားပြီး ရှက်ရွံ့မှုများ ဖုံးလွှမ်းသွားသည်က။ သူ၏ ညှို့ငင်တတ်သော ညာဘက်မျက်လုံးကတော့ သဘောကျစွာ ရွှင်မြူးသွားလေ၏။ သူမ၏ မျက်နှာလေးသည် ခံစားချက်နှစ်ခုကြား၍ အနည်းငယ် နီမြန်းနေသည်။

ကျိယွမ်၏ စကား​ကြောင့် မိုဟွေ့က ထပ်မံခြိန်းခြောက်လိုက်သည်။

“ဒီတစ်ကြိမ်မှာ ငါတို့ ဒီမိုရာမျိုးနွယ်က ယင်နတ်ဘုရား ငါးပါးတောင် ပါလာတာ...”

“ငါ့မိန်းမက ယင်နတ်သမီးပဲ”

“အဲဒီအထဲက နှစ်ပါးက ကောင်းကင်ဘုံဖြတ်ကျော်လမ်းကို နှစ်လှမ်းလှမ်းပြီးသား၊ သုံးပါးကတော့...”

“မသိဘူး ၊ ငါ့မိန်းမက ယင်နတ်သမီးပဲ”

မိုလော့မှာ ကျိယွမ်အား နားရင်းများပင်တီးပစ်ချင်စိတ်ပေါက်လာ၏။

သူဘာပြောပြော ကျိယွမ်က ငါ့မိန်းမ ဆိုတာနှင့်ချည်း ကိုင်ပေါက်နေသည်မဟုတ်ပါလား။

ထို့ကြောင့် တစ်မျိုးပြောင်းပြောလိုက်သည်။

“မင်းက ဝမ်ယုတိုက်ကလည်း မဟုတ်ပါဘူး၊ ဘာဖြစ်လို့ ငါတို့ဒီမိုရာမျိုးနွယ်နဲ့ ရန်ဖြစ်နေရတာလဲ။”

“မင်းတို့ရဲ့ ကန်းလန်နယ်မြေက အုပ်စိုးရှင်သုံးပါးကတောင် ဝမ်ယုတိုက်ကြီးကို ခွဲဝေယူဖို့ ငါတို့နဲ့ သဘောတူထားပြီးသား။”

“မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် တိုက်ကြီးရဲ့ သုံးပုံတစ်ပုံ မင်းကိုပေးပါမယ်”

မိုဟွေ့က သူ၏ရှင်သန်ရေးအတွက် ဇွဲမလျော့သေးပါ ။ သူက ဆက်လက်ညှိနှိုင်းရန် ကြိုးစားနေသည်။

ပြောင်စပ်စပ်ဖြစ်နေသော ကျိယွမ်၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။

“အဓိပ္ပာယ်မရှိတာ၊ ဝမ်ယုကုန်းမြေတိုက်ကြီးက ငါ့အပိုင်ပဲ၊ ငါ့ပစ္စည်းနဲ့ ငါ့ကိုလာပြီး ကမ်းလှမ်းနေတာလား ၊ ဘယ်လောက်တောင် မျက်နှာပြောင်ရဲတာလဲ”

ကျိယွမ်ကို မစည်းရုံးနိုင်တော့သည်ကို မြင်သောအခါ မိုဟွေ့သည် နင်းထောင်ဘက်သို့ လှည့်သွားပြန်သည်။

“ ဒီမိုရာမျိုးနွယ်နဲ့ ဝမ်ယုတိုက်ကြီးကြားက ပဋိပက္ခရဲ့နောက်ကွယ်မှာ... ယန်နတ်ဘုရားနှစ်ပါး ပါဝင်နေပါတယ်။”

“အကြီးအကဲ၊ ကောင်းကင်ဖြတ်ကျော်လမ်း ဒုတိယခြေလှမ်းကို ရောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။”

“တစ်နေ့ကျရင် မဟာအုပ်စိုးရှင် ဖြစ်လာပြီး ပိုမိုမြင့်မားတဲနယ်ပယ်တွေကို တက်လှမ်းရမှာပါ။”

“ဒီလို အသေးအဖွဲကိစ္စတွေအတွက် ငါတို့ ဒီမိုရာမျိုးနွယ်အပြင် ငါတို့နောက်က ယန်နတ်ဘုရားကို ဘာဖြစ်လို့ စော်ကားပြီး အန္တရာယ်ယူနေရတာလဲ။”

"အကြီးအကဲသေချာစဥ်းစားပါ ယင်နတ်ဘုရားနဲ့ယန်နတ်ဘုရားဆိုတာ အလွန်ဝေးကွာလှပါတယ်"

မိုးဟွေ့သည် မတတ်သာသည့်အဆုံး၌ သူ၏နောက်ဆုံးဝှက်ဖဲနှင့်ခြိမ်းခြောက်ရတော့သည်။

ဒီမိုရာမျိုးနွယ်နှင့် ဝမ်ယုတိုက်ကြီးကြားမှ တိုက်ပွဲများသည် ယန်နတ်ဘုရားနှစ်ပါးကြား ပဋိပက္ခ၏ အဆက်မျှသာ ဖြစ်သည်။

သို့သော် သူတို့ဒီမိုရာမျိုးနွယ်သည် နေနတ်ဘုရားနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသလို၊ နီးစပ်သော လက်အောက်ခံပင် မဟုတ်ပါ။

ထိုစကားများက နင်းထောင်ကို ခြိမ်းခြောက်ရန် နည်းဗျူဟာတစ်ခုသာ ဖြစ်သည်။

သို့သော် နင်းထောင်သည် မိုဟွေ့ကို လှည့်၍ပင် မကြည့်ခဲ့ပါ၊

သူမ၏ လှပသောမျက်ဝန်းနက်များသည် ကျိယွမ်အပေါ်တွင်သာ စွဲမြဲနေသည်။

သူမ၏ ပုံရိပ်ယောင် ပေါ်လာချိန်သည် ကန့်သတ်ချက်ရှိနေသောကြောင့် စက္ကန့်တိုင်းသည် တန်ဖိုးရှိ၏။

“ယန်နတ်ဘုရားနဲ့ ငါတို့လင်မယားကို လာခြောက်လှန့်နေတာလား ၊ သတ္တိရှိရင် သူကိုယ်တိုင် ဆင်းလာပြီး ငါ့ကို သတ်လို့ပြောလိုက်”

ထိုကဲ့သို့သော ခြိမ်းခြောက်ရုံဖြင့် အလွယ်တကူကြောက်ရွံ့တတ်လျှင် ယနေ့ကျိယွမ်ဆိုတာ ဖြစ်လာမည်ပင် မဟုတ်ပါ။

ထို့အပြင် ယန်နတ်ဘုရားတစ်ပါးအနေဖြင့် အောက်နယ်မြေများသို့ ဆင်းသက်လာခြင်းသည်လည်း မလွယ်ကူလှပါချေ။

“သူ့ကို သတ်လိုက်တော့ ၊ နားငြီးလာပြီ "

ကျိယွမ်က နင်းထောင်ကို ဖက်ထားရင်းမှ ညင်သာစွာ ပြောလိုက်သည်။

"ယောက်ျားသဘောပါပဲ"

နင်းထောင်သည်လိမ်မာသော ဇနီးတစ်ယောက်ပမာ နာခံလိုက်ပြီး သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်၏။

လှုပ်ရှား၍မရသော မိုဟွေ့၏ ခန္ဓာကိုယ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အသွင်ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။

သူ၏ အဆီထူကာ တွဲကျနေသော အသားစိုင်ကြီးများသည် သဲကန္တာရလို ချက်ချင်းခြောက်သွေ့သွားပြီး၊ သူ၏ အကြေးခွံများကလည်း အက်ကွဲကုန်လေသည်။

သူ၏ ငယ်ရွယ်သော မျက်နှာသည် လျင်မြန်စွာ အိုမင်း၍ အဘိုးအိုတစ်ဦး၏မျက်နှာ ဖြစ်သွား၏။

သူ၏ မှိုင်းညို့နေသော မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးအကြိမ်အဖြစ် တီးတိုးရေရွတ်​မိသွားသည်။

“နတ်ဘုရားနယ်ပယ် မျိုးစေ့လား...”

စကားသံပင်မဆုံးသေးမီ သူ၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် ချေမှုန်းနိုင်စွမ်းရှိသော အစွမ်းထက် ယင်နတ်ဘုရားသည် ခြေလက်ကလေးပင် မလှုပ်ရှာနိုင်ဘဲ လွယ်ကူစွာ သေဆုံးသွားသည်။

သူ သေဆုံးသွားသည်မှာ အလွန်လျင်မြန်ပြီး သပ်ရပ်လှ၏။

သေဆုံးသွားသည်မှာ နတ်ဘုရားတစ်ပါး မဟုတ်ဘဲ သေမျိုးတစ်ဦးများလားဟုပင် ထင်ရသည်။

ဘေးပတ်ဝန်းကျင်တွင်ရှိသော လူအုပ်ကြီးမှာ ထိတ်လန့်နေကြဆဲပင်။

သူတို့၏ဘဝတွင် ပထမဆုံးအကြိမ် ယင်နတ်ဘုရားများကြားမှ တိုက်ပွဲကို မြင်တွေ့ရခြင်း ဖြစ်သည်။

သူတို့က ကောင်းကင်ကိုပင်ပြိုကွဲစေပြီး တောင်များကို စိစိညက်ညက်ချေမှုန်းမည့် တိုက်ပွဲကို မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် ထိုသို့ဟုတ်မနေပေ။

နတ်ဘုရားသံတမန်ကတော့ ကြောက်လန့်လွန်း၍ မျက်လုံးများပင် အစွမ်းကုန်ပြူးကျယ်နေခဲ့သည်။

ယနေ့ ဖြစ်ပျက်ခဲ့သည်များက သူ၏စိတ်ကူးများကိုပင် ကျော်လွန်နေသည်။

ထိုအချိန်မှာပင် နင်းထောင်၏ လှပသောပုံရိပ်သည်လည်း မှေးမှိန်စပြုလာခဲ့သည်။

“ယောက်ျား... နောက်တစ်ခါ အင်အားကြီး ရန်သူနဲ့ တွေ့ရင် ကျွန်မကို ခေါ်ပါဦးနော်"

သူမ၏ မျက်လုံးများက လွမ်းဆွတ်မှုများနှင့်အတူ တောင့်တမှုများဖြင့် ပြည့်နေသည်။ထိုသို့ ပြောပြီးနောက် သူမ၏ ပုံရိပ်ယောင်သည် လုံးဝ ပျောက်ကွယ်သွားပြီး ကြယ်အမြုတေဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

သူမသည် မုန်တိုင်းကဲ့သို့ ရောက်ရှိလာပြီး ဖုန်မှုန့်ကဲ့သို့ ထွက်ခွာသွားခဲ့သည်။

ကျိယွမ်သည် ရင်ထဲ၌ လွမ်းမောသလို လစ်ဟာမှုကို ခံစားလိုက်ရ၏။

ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်သွားလေ၏။

နင်းထောင်ရောက်လာပြီးနောက် ကျိယွမ်အား ယောက်ျားဟု ခေါ်ကတည်းက ပါးစပ်အဟောင်းသားများဖြင့် မတီးမှုတ်နိုင်ဖြစ်ကုန်သောကြောင့် ဆိုနာသံများလည်း မရှိတော့ပေ။

ကျိယွမ်၏ အမာခံဖန်ဖြစ်သော ကျိကျန်းကတော့ သူ့အားချီးကျူးရန် လက်နှေးမနေခဲ့ပါ။

“အကြီးအကဲက တကယ်ကို ထူးချွန်ပါပေတယ်၊ ယင်နတ်ဘုရားတစ်ပါးကိုတောင် ဇနီးအဖြစ် သိမ်းပိုက်ထားနိိုင်တယ်"

ကျိကျန်းသည် အနားမှာလူများသာမရှိပါက ကျိယွမ်အနားသို့ကပ်ကာ ယင်နတ်သမီးတစ်ပါးကို မည်သို့သိမ်းပိုက်ခဲ့သည်အား မေးမိမှာသေချာ၏။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျန်းယာက စိုးရိမ်စွာဖြင့် စကားဆိုလာခဲ့သည်။

“အကြီးအကဲ သတိထားနေမှရမယ်၊ ဒီမိုရာ မျိုးနွယ်မှာ ယင်နတ်ဘုရားတွေ တစ်ပါးထက်မက ရှိနေပြီး၊ ကောင်းကင်ဖြတ်ကျော်လမ်းကိုနှစ်လှမ်းလှမ်းပြီးတဲ့ ဒုတိယအဆင့်နှစ်ယောက်တောင် ရှိနေသေးတယ်တဲ့"

ကျန်းယာက အကြောင်းမဲ့ စိုးရိမ်နေသည် မဟုတ်ပါ။

သွေးဝတ်စုံဓားနတ်ဘုရား၌ ယင်နတ်ဘုရားအဆင့် ဇနီးတစ်ယောက်သာရှိသည်။

လက်သီးတစ်ဖက်က လက်ဝါးလေးဘက်ကိုမနိုင်ပါဟူသော ဆိုရိုးရှိ၏။

ဒီမိုရာမျိုးနွယ်တွင် ယင်နတ်ဘုရားလေးပါး ကျန်ရှိနေသေးပြီး ၎င်းတို့၏ ခွန်အားကလည်း ကြီးမားနေသည်။

“အကြီးအကဲရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် အကြံတစ်ခု ကျွန်တော့်မှာ ရှိပါတယ်”

စစ်မှန်မဟူပညာရှိကျိကျန်းက လေးနက်စွာပြောလိုက်သည်။

"အကြီးအကဲသာ ယင်နတ်သမီးဇနီးသည်တချို့ကို ထပ်ပြီးသိမ်းပိုက်နိုင်မယ်ဆိုရင် ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့အားလုံးကို ခေါ်ယူနိုင်ပြီး၊ ဒီမိုရာမျိုးနွယ်ကို စိုးရိမ်စရာ မလိုတော့ပါဘူး။”

ကျိယွမ်သည် ထိုအကြံက အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိသည်။

“စိုးရိမ်စရာ မလိုပါဘူး။”

သူသည် လက်ရှိတွင် သူတစ်ပါးကို အားကိုးနေရသော်လည်း၊ ထာဝရ ထိုသို့ ပြုလုပ်သွားမည်ဟု မဆိုလိုပါ။

မကြာမီတွင် သူသည် ဝမ်ယုကုန်းမြေ​တိုက်ကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

ထိုအခါ သူသည် ဤလောကကြီး၏ စစ်မှန်သောတာအိုသခင်ဖြစ်လာပြီး စကားတစ်ခွန်းတည်းဖြင့်ပင် စည်းမျဥ်းများကို ဖန်တီးနိုင်၏။

“နာရီဝက်လောက် အနားယူကြ ၊ ပြီးရင် ဒီမိုရာမျိုးနွယ်ကို ဆက်ရှင်းမယ်”

ကျိယွမ်သည် မိုဟွေ့၏အလောင်းနှင့်အတူအစိတ်စိတ်အမွှာမွှာဖြစ်နေသော ခရမ်းရောင်နန်းတော်အဆင့်ငါးယောက်၏ အလောင်းများကို စိတ်ပျက်စွာကြည့်လိုက်သည်။

အလကားပဲ ၊ ဒီလောက်အသက်အရှည်ကြီးနေလာကြပြီး ငါ့အတွက်အသုံးဝင်တာလေးတစ်ခုတောင် မပိုင်ကြဘူး ၊ သေကုန်တာပဲ ကောင်းတယ် ။

ထိုအခိုက်သူ၏ စိိတ်အာရုံထဲတွင် ရုတ်တရက် ထူးခြားမှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရ၏။

နေပါဦး ခုနကခံစားချက်က ....

နင်းထောင်က မိုဟွေ့ကို သတ်လိုက်ချိန်တွင် ကျိယွမ်သည် သူ၏ ဂိမ်းကျောက်ပြား၌ အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်သွားသည်ကို သတိပြုမိခဲ့သည်။

အခြားသူများက အချင်းချင်းတီးတိုးပြောနေစဥ်မှာပင် ကျိယွမ်သည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ ထွက်သွားလိုက်သည်။

ထို့နောက် သူ၏အသိစိတ်ကို ဂိမ်းကျောက်ပြားဆီသို့ပို့လွှတ်ကာ စစ်ဆေး၏။

“ဂိမ်းအိုင်ကွန်အသစ် ပေါ်လာပြီ”

ကျိယွမ် အလွန်စိတ်လှုပ်ရှားသွားသည်။

သို့သော် သူ၏စိတ်လှုပ်ရှားမှုက ခဏသာခံခဲ့လေ၏။

“လေးပုံတစ်ပုံတောင် မပြည့်သေးဘူးလား။”

သတင်းကောင်းမှာ ဂိမ်းအိုင်ကွန် ပေါ်လာခြင်း ဖြစ်ပြီး၊ သတင်းဆိုးမှာ လေးပုံတစ်ပုံပင် မပြည့်သေးခြင်းပင်။

ကျိယွမ်သည် ဂိမ်းကျောက်ပြားကို စိုက်ကြည့်နေရင်းမှ မျက်မှောင်ကုပ်ကာ စဥ်းစားမိနေ၏။

သူက ထိုဂိမ်းအသစ်မည်သို့ရောက်ရှိလာသည်ကို အတွေးနက်နေခြင်းပင်။

" ဒါက ဒီဂိမ်း ဒေါင်းလုပ် လုပ်ဖို့အတွက် ... ငါ ဒါမှမဟုတ် နင်းထောင်က ယင်နတ်ဘုရားတွေကို သတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။”

သူသည် မပြည့်စုံသေးသော ဂိမ်းအိုင်ကွန်ကို စိုက်ကြည့်ရင်း ငေးနေခဲ့သည်။

ထိုအခိုက်တွင် ယောက်ျားများ၏ စကားပြောသံများက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

“နတ်မင်း၊ ကျွန်တော်တို့က မပူဇော်ပသချင်လို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ချင်းရွှေရွာ က အရမ်းဆင်းရဲပါတယ်”

“မနေ့က ရွာလူကြီးယွီလီက ရေကိစ္စအတွက် အိမ်နီးချင်းရွာနဲ့ တိုက်ခိုက်ဖို့ ကျွန်တော်တို့ကိုဦးဆောင်သွားခဲ့ကြပါတယ် ၊ ဒါပေမဲ့ ရွာလူကြီးကို ဟိုဘက်ရွာလူကြီးက ကိုက်သွားတယ်။ ... ဒီလိုနေ့တွေ ဘယ်တော့မှ ပြီးဆုံးမှာလဲ။”

“ဒီခေတ်ကြီးမှာ ဘယ်သူက ရှေးဟောင်းနတ်ဘုရားတွေကို ကိုးကွယ်နေသေးလဲ၊ ငါတို့ နတ်ဘုရားအသစ်တွေကို ပူဇော်ရမှာပေါ့"

“အဓိပ္ပာယ်မရှိတာ၊ အဲဒီ လူသားစားတဲ့ နတ်ဘုရားတွေက လူတွေကို စားတယ်လေ"

“အနည်းဆုံး လူသားစားတဲ့ နတ်ဘုရားတွေက မြေကိုတော့ ကာကွယ်ပေးမှာပေါ့၊ ဒါပေမဲ့ မင်းတို့ ကိုးကွယ်တဲ့... အဲဒီ ရှေးဟောင်းနတ်ဘုရားတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက... ကျဆုံးသွားပြီ။ မင်းတို့ နေ့တိုင်း ဦးညွှတ်ဆုတောင်းနေပေမဲ့ တုံ့ပြန်မှု ရှိခဲ့လို့လား။”

“အား... ငါတို့မှာ ပူဇော်ဖို့ မရှိလို့၊ နတ်ဘုရားတွေလည်း အငတ်ဘေးနဲ့ သေသွားတာ ဖြစ်ရမယ်။”

“ရှန်ထူ မင်းရဲ့အစ်ကို စကားကို နားထောင်လိုက်၊ ငါတို့ရွာလိုပဲ နတ်ဘုရားအသစ်ကို ပြောင်းပြီး ကိုးကွယ်လိုက်ပါ။”

ကျိယွမ်သည် ထူးဆန်းသော စကားသံများကို နားထောင်ရင်း သေချာစဥ်းစားနေသည်။

“ဒီတော့ ဒါက ဂိမ်းအသစ်ရဲ့ နောက်ခံဇာတ်လမ်းလား။”

ရှေးဟောင်းနတ်ဘုရားများနှင့် လူသားစား နတ်ဘုရားအသစ်တွေပေါ့။

ဒါပေမဲ့... စိတ်ဝိညာဥ်အဆင့် ရွာလူကြီးတွေက ဘာလဲ၊ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေက အခုရာထူးတွေဘာတွေ ရလာပြီး ရွာလူကြီးတွေ လုပ်စားနေရပြီလား။

ပြီးတော့ ဒီရွာလူကြီးတွေက ဘာလို့ ရေကိစ္စနဲ့ ရန်ဖြစ်နေရတာလဲ။

ကျိယွမ်မှာ တွေးလေ ရှုပ်ထွေးလေဖြစ်လာသည်။

ယောက်ျားများ၏ အပြန်အလှန်ငြင်းခုံသံများကို ဆက်၍နားထောင်နေရင်းမှ ကျိယွမ် အာရုံနောက်လာပြီး ရုတ်တရက် ဂိမ်းထဲသ်ု့ မအော်ပစ်လိုက်သည်။

“ငါက မူလနတ်ဘုရား ဖြစ်တယ်၊ ငါ့ကို ယုံကြည်ပါ၊ မင်းတို့ ထာဝရအသက်ကို ရရှိလိမ့်မယ်။”

အလွန့်အလွန်ဝေးလံသော ကမ္ဘာတစ်ခုတွင်ဖြစ်သည်။

ဝေးလံခေါင်ဖျားသော ရွာတစ်ရွာရှိလေ၏။

ဗိုက်ဆာဆာနှင့် လဲလျောင်းနေသောရှန်ထူသည် အလန့်တကြားထထိုင်လိုက်မိသည်။

သူ၏ မျက်လုံးများက ပြူးကျယ်လာပြီး ဘုရားကျောင်းထဲမှ ပျက်စီးနေသော နတ်ရုပ်တုကို အံ့ဩသောအမူအရာဖြင့် စိုက်ကြည့်နေ၏။

“ခွေးမြီးမြက်နတ်ဘုရား မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး မူလနတ်ဘုရား ဖြစ်သွားရတာလဲ။”

နတ်ဘုရားများပင် အငတ်ဘေးကြောင့် ရူးသွပ်သွားကြပြီလား။

..................

ဆီးနှင်းများက အရပ်လေးမျက်နှာအနှံ့ တဖြိုင်ဖြိုင်ကျဆင်းနေပြီး လအင်ပါယာ၏ မြို့တော်ကို အဖြူရောင်ဖြင့် ဖုံးလွှမ်းပေးနေသည့်အလားရှိသည်။

ရှေးဟောင်း စီးချောင်သစ်ပင်ကြီး၏ အကိုင်းအခက်များနှင့် ပင်စည်များပင် ဆီးနှင်းများ ဖုံးလွှမ်းနေလေပြီ။

ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့် ရှိပုံရသော မိန်းကလေးငယ်တစ်ဦးသည် မြေခွေးမွေးကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး ကျောက်တုံးပေါ်တွင် ထိုင်ကာ မျက်လုံးများကိုမှိတ်လျှက် ကျင့်ကြံနေသည်။

ထိုအချိန်မှာပင် သူမ၏နံဘေးသို့ အဖြူရောင်ဝတ်အမျိုးသမီးတစ်ဦးသည် တိတ်ဆိတ်စွာ ပေါ်လာခဲ့လေ၏။

မိန်းကလေးက သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ပြီး မေးလိုက်သည်၊

“အခြေအနေ ဘယ်လိုရှိလဲ။”

“ပုရောဟိတ်မယ် ၊ အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ နောက်ကွယ်မှာ ကောင်းကင်ဖြတ်ကျော်လမ်းရဲ့ ဒုတိယအဆင့်ရောက်နေတဲ့ ယင်နတ်ဘုရားတစ်ပါး ရှိနေပါတယ်။ မကြာသေးခင်က အဲဒီယင်နတ် ဝင်ရောက်စွက်ဖက်ပြီး မိုဟွေ့ကို သတ်ပစ်လိုက်ပါပြီ”

အဖြူရောင်ဝတ်အမျိုးသမီးသည် အခြားသူမဟုတ်ပါ ကျိယွမ်နှင့်တွေ့ဆုံခဲ့ဖူးသော ယင်နတ်ဘုရားအမျိုးသမီးပင်။

သူမသည် ယင်နတ်ဘုရားတစ်ပါး ဖြစ်သော်လည် သူမရှေ့တွင်ရှိနေသော မိန်းကလေးကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်ကတော့ ထူးခြားလှ၏။

ပုရောဟိတ်မယ်သည် သူမရှေ့ရှိ ဂျူလိုင်ကန်ကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများက သလင်းကျောက်ပမာ ကြည်လင်နေသည်။

အဖြူရောင်ဝတ်အမျိုးသမီးက အလေးအနက် ထပ်ပြောသည်၊

“ပုရောဟိတ်မယ် ကောင်းကင်ဖြတ်ကျော်လမ်းရဲ့ ဒုတိယအဆင့်ကိုရောက်နေတဲ့ မဟာမိတ်တစ်ဦး ထပ်တိုးလာရင်တောင် အကျိုးရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။”

"ဝမ်ယုကုန်းမြေတိုက်ကြီးကို ဒီထက်ပိုပြီး ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး၊ ကျွန်မတို့ ထွက်ခွာမှရပါလိမ့်မယ်။”

ပုရောဟိတ်မယ် မိန်းကလေး၏ နုနယ်သော

မျက်နှာက ပြတ်သားကာ ခိုင်မာနေသည်။

“ငါတို့ အခု ထွက်ခွာလို့ မရသေးဘူး၊ တစ်စုံတစ်ယောက်ကို စောင့်ရဦးမယ်။”

အဖြူရောင်ဝတ်အမျိုးသမီးသည် ထိုစကားကြောင့် အချိန်အတန်ကြာအထိ တိတ်ဆိတ်သွားပြီးမှ မနေနိုင်စွာ မေးလိုက်သည်၊

“အရှင်မ စောင့်နေတဲ့သူက မျက်နှာမဲ့ဓားနတ်ဘုရားလား။”

ပုရောဟိတ်မယ်က တစ်စုံတစ်ရာပြန်မဖြေခဲ့ပါ၊ ၊သို့သော် တိတ်ဆိတ်မှုကပင် အဖြေမဟုတ်ပါလား။

“မျက်နှာမဲ့ဓားနတ်ဘုရားသာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော်က မကျဆုံးခဲ့ဘူးဆိုရင်၊ အခုအချိန်ဆို ရောက်လာလောက်ပါပြီ။”

“ငါ ဒီမှာ နှစ်ပေါင်း ငါးထောင်ကျော်ထိုင်စောင့်နေခဲ့တာ၊ နောက်ထပ်နှစ်နည်းနည်းလောက် ထပ် စောင့်ရတာ ဘာထူးဆန်းတော့မှာလဲ။”

“ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး၊ ဒါပေမဲ့ သူက တကယ်ပဲဒဏ္ဍာရီတွေထဲမှာ ပြောထားသလိုမျိုး ဟုတ်မဟုတ် သိချင်တယ်...”

ကန်ရေပြင်ကို ငေးကြည့်နေသော မိန်းကလေး၏ မျက်လုံးများတွင် အဆုံးမဲ့ တောင့်တမှုများ ပြည့်နှက်နေခဲ့သည်။

ရုတ်ရက် သူမကတစ်ခုခုကို သတိရသွားပုံခြင့် အဖြူရောင်ဝတ်အမျိုးသမီးဘက်သို့လှည့်ပြီး မေးလိုက်သည်။

“အဲဒီသွေးဝတ်စုံဓားနတ်ဘုရားက ပိုအစွမ်းထက်တယ်လို့ နင်ထင် လား၊ ဒါမှမဟုတ် မျက်နှာမဲ့ဓားနတ်ဘုရားက ပိုအစွမ်းထက်မလား။”

အဖြူရောင်ဝတ်အမျိုးသမီးသည် အနည်းငယ် ကူကယ်ရာမဲ့ ခံစားလိုက်ရ၏။

သူမက ပြုံးရယ်ခြင်းမရှိဘဲ တီးတိုးဖြေဆို​၏။

“ပုရောဟိတ်မယ်က ပိုအစွမ်းထက်တယ်လို့ ယုံကြည်တဲ့သူက ပိုအစွမ်းထက်ပါလိမ့်မယ်။”

“သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ဇနီးက ကောင်းကင်ဖြတ်ကျော်လမ်းရဲ့ ဒုတိယအဆင့်မှာပဲ ရှိသေးတယ်၊ ဒါကြောင့် ဇနီးချင်းပြိုင်မယ်ဆိုရင်တော့ သူကသေချာပေါက် မျက်နှာမဲ့ဓားနတ်ဘုရားကို မယှဥ်နိုင်ဘူး။”

“ပြီးတော့ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ရုပ်ရည်ကလည်း မျက်နှာမဲ့ဓားနတ်ဘုရားနဲ့လုံးဝ မယှဥ်နိုင်ပါဘူး။”

ပုရောဟိတ်မယ်သည် ဂျူလိုင်ကန်ရေထဲတွင် ပေါ်နေသော သူမ၏ အရိပ်ကို ကြည့်ရင်း ပြောလိုက်သည်။

သူမသည် နောက်ဆုံးအချက်ကိုတော့ လုံးဝယုံကြည်မှု ရှိပါသည်။

“ဒီတော့ မျက်နှာမဲ့ဓားနတ်ဘုရားက အပြည့်အဝ အနိုင်ရတယ်”

သူမက ဂုဏ်ယူစွာ ပြောလိုက်သည်။

အဖြူရောင်ဝတ် အမျိုးသမီးသည် ဘာမှ မပြောဘဲ တိတ်ဆိတ်နေပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်နေဆဲရှိသည်။

ပုရောဟိတ်မယ်က သူမ၏သောကကို သဘပေါက်သွားပုံရ၏။

“နင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါ နားလည်ပါတယ်၊ အခြေအနေ မကောင်းတော့ဘူးဆိုရင် ငါ ​တည်နေရာကူးပြောင်းအစီအရင်ကို အသက်သွင်းပြီး... လအင်ပါယာကို ငါနဲ့အတူ ခေါ်သွားမှာပါ”

တစ်ချို့စကားများကိုတော့ ပုရောဟိတ်မယ်က ချန်ထားခဲ့ပါသည်။

အကယ်၍များ မျက်နှာမဲ့ဓားနတ်ဘုရားသည် ထိုအချိန်တွင် နိုးထလာခဲ့ပါက ဂျူလိုင်ရေကန်ကို ရှာတွေ့နိုင်ပါ့ဦးမလား။

ဝမ်ယုကုန်းမြေတိုက်ကြီးကတော့ စစ်မှန်သော ငရဲဘုံတစ်ခု ဖြစ်လာပေတော့မည်။

ထိုသူ တစ်ချိန်က အသက်နှင့်လဲ၍ ကာကွယ်ခဲ့သော နေရာကြီးပျက်စီးသွားသည်ကို သူမကရော မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ပုရောဟိတ်မယ်၏စကားကို ကြားသောအခါ အဖြူရောင်ဝတ် အမျိုးသမီး စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်၊

သူမသည် ပုရောဟိတ်မယ်က ခေါင်းမာစွာ ဖြင့် နောက်ဆုံးအချိန်ထိ ဆက်နေဖို့ အတင်းအကျပ် တောင်းဆိုမည်ကို စိုးရိမ်နေခဲ့ခြင်းပင်။

ထိုအချိန်မှာပင် အလွန်အရေးကြီးသုတ်ပြာနိုင်သော အရေးပေါ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ပုရောဟိတ်မယ်တော်ကို တွေ့ခွင့်တောင်းပါတယ်”

မျက်နှာမဲ့နတ်ဘုရားဂိုဏ်းမှ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော သံတမန်တစ်ဦးပေါ်လာပြီး သူ၏ခြေလှမ်းများကလည်း ရေးကြီးသုတ်ပြာ ရှိလှသည်။

ပုရောဟိတ်မယ်က နုညံ့စွာမေးလိုက်သည်။

“သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ဇနီးက ယင်နတ်ဘုရားတစ်ပါးဆိုတာ ငါ သိပြီးသားပါ၊ တခြား ဘာများ ရှိသေးလဲ။”

"ပုရောဟိတ်မယ်တော် ၊ အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားက နည်းနည်း ထူးဆန်းတယ်လို့ ကျွန်တော် ထင်ပါတယ်”

သံတမန်က တွေးဆဆနှင့် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“ဘာများ ထူးဆန်းနေတာလဲ”

ပုရောဟိတ်မယ်တော်က မထူးဆန်းသလိုမေးလိုက်၏။ သူမသည် ကမ္ဘာပေါ်ရှိ ထူးဆန်းသောအရာများစွာကို မြင်ဖူးပါသည်။ထို့ကြောင့် သူမအတွက် ထူးဆန်းသောအရာက မရှိသလောက်ပင်။

“သူ့ကို မြင်လိုက်တဲ့အချိန်မှာ ၊ မရှင်းပြနိုင်တဲ့ ရင်းနှီးမှုတစ်မျိုးကို ကျွန်တော် ခံစားလိုက်ရပါတယ်။”

“ပြီးတော့ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်က သူ့ကို မြင်တဲ့သူတိုင်းက သူ့အပေါ် နက်ရှိုင်းတဲ့ ချစ်ခင်မှုနဲ့ ခိုင်မာတဲ့ ယုံကြည်မှုကို ခံစားရပါတယ်”

သံတမန်က နားမလည်သော အမူအယာရှိနေ၏။ အခြေအနေက တကယ်ပင် ထူးဆန်းနေသည်ဟု သူကတော့ ထင်နေမိသည်။

အဖြူရောင်ဝတ်အမျိုးသမီးက သံတမန်ကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက ရုတ်တရက် စူးရှသွားခဲ့သည်။

“နတ်ဘုရားမှော်ပညာရဲ့ လက္ခဏာတွေ မရှိပါဘူး။”

ပုရောဟိတ်မယ်တော်က စဥ်းစားသလိုရှိသွားပြီး ထပ်မေး၏။

“တခြား ဘာများ ရှိသေးလဲ။”

“နောက်တစ်ခု ရှိပါသေးတယ်၊ သူ အသုံးပြုတဲ့ ဓားနည်းစနစ်က ပုရောဟိတ်မယ်တော်ရဲ့ ဓားနည်းစနစ်နဲ့ တော်တော်လေးဆင်တူနေပါတယ်”

“ဘာ...”

ပုရောဟိတ်မယ်တော်၏ အမူအယာက သိသိသာသာ တုန်လှုပ်သွားခဲ့သည်။

သူမက မည်သည့်စကားမှ ထပ်မဆိုဘဲ အဝေးမှ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအား ငေးကြညိ့နေ၏။

ကြယ်တာရာများလိုလင်းလက်နေသော မျက်လုံးများက နက်ရှိုင်းနေပြီး ဆောင်းရာသီ ဆီးနှင်းများကိုပင် ရောင်ပြန်ဟပ်နေခဲ့လေသည်။

............

မိုးကုပ်စက်ဝိုင်းဆီမှ ရှေးဟောင်းသစ်ပင်ကြီးကို ကြည့်ရင်း ကျိယွမ်သည် သူ၏ လက်မောင်းကို မြှောက်လိုက်သည်။

လခြမ်းပုံ အမှတ်အသားက ပေါ်မလာခဲ့ပါ။

“လကညာ မဟုတ်ဘူးလား"

ကျိယွမ် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ပုရောဟိတ်မယ်တော်သည် လကညာလေးယွဲ့နုသာ ဖြစ်ခဲ့ပါက၊ သူ၏ လက်မောင်းမှ လခြမ်းပုံ အမှတ်အသား ပေါ်လာနိုင်သည်။

ထို့နောက် လကညာသည် ... သူ၏တည်ရှိမှုကို ခံစားမိပြီး လာရောက် တွေ့ဆုံလိမ့်မည်။

သူကြားခဲ့ရသော ပုရောဟိတ်မယ်၏ သတင်းက ယွဲ့နုလေးအကြောင်းနှင့် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပုံရလေသည်။

“တကယ်ပဲ၊ ဘာလို့ နှင်းတွေကျလာရတာလဲ။”

သူသည် ကျယ်ပြန့်သော နှင်းများထဲတွင် တိတိဆိတ်စွာရပ်နေခဲ့ပြီး နှင်းများသည် သူ၏ ပခုံးများကို ဖုံးလွှမ်းပါစေဟု ပစ်ထားလိုက်သည်။

လအင်ပါယာနှင့် ပိုနီးလာသောအခါ ကျိယွမ်သည်ပို၍ စိတ်လှုပ်ရှားလာပြီး အဖော်များကိုပင် မစောင့်တော့ဘဲ တစ်ယောက်တည်း ထွက်လာခဲ့မိ​၏။

သို့သော် ရင်းနှီးသောနေရာသို့ တစ်ကြိမ်ပြန်ရောက်လာသောအခါ ယခင်နှင့် အတော်အတန် ကွာခြားနေခဲ့လေပြီ။

သူ မရှိခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့လောက်ပြီး ဖြစ်နိုင်သည်။ အရာအားလုံးသည် ရှည်လျားသောအချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့​ရ၏။

နန်းကန်တိုင်းပြည်ပင်လျှင် ပျောက်ကွယ်သွားခဲ့လေပြီ။

ထျန်းယင်ဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းနီးပါးက ဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။

အရာအားလုံးတို့သည် သမိုင်း၏ ဖုန်မှုန့်များထဲတွင် ပျောက်ကွယ်သွားခဲ့ကြလေသည်။

ကျိယွမ် အတွေးနက်နေစဥ် ရုတ်တရက် သစ်ပင်ပေါ်မှ နှင်းများတဖျောဖျောလျှောကျလာပြီး သူ၏ ပခုံးနှင့် ခေါင်းပေါ်သို့ ကျလာသည်။

သူ မော့ကြည့်ရန်ပြင်လိုက်မိခိုက် မလှမ်းမကမ်း၌ အသက်နှစ်ဆယ်ကျော်ခန့်ရှိသော မိန်းမပျိုတစ်ဦး ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရ၏။ အမှတ်တမဲ့ကြည့်မိခြင်းဖြစ်သော်လည်း သူမ၏ ​လမ်းလျှောက်ပုံက ခြေထောက်တွင် ဒဏ်ရာရထားဖူးသူလို ထင်ရသည်။

သူမသည် မြေခွေးမွေးအပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီ သူမ၏ မျက်နှာက ရေကန်တစ်ခုလို တည်ငြိမ်၏။

သူမ၏ခေါင်းထက်မှ ဦးထုပ်ကို ဆွဲချွတ်လိုက်သောအခါ လခြမ်းကဲ့သို့ စင်ကြယ်သော မျက်နှာ၊ ဆီးနှင်းပန်းကဲ့သို့ ဖြူဖွေးသောအသားအရေ ပေါ်လာခဲ့သည်။

သူမ၏ နှုတ်ခမ်းများသည် ပါးလွှာ၏။ မျက်လုံးများသည် ကြည်လင်ပြတ်သားကာ၊ သိမ်မွေ့ပြီး ကျက်သရေရှိသော အမူအရာကို ပိုင်ဆိုင်ထား၏။

သူမသည် ကျိယွမ်၏အနီးသို့ ဦးတည်ကာလျောက်လာပြီး မေးခွန်းတစ်ခု မေးလိုက်သည်၊

“သူမက... လှလား။”

မိန်းမပျိုက သူမ ဟူသော နာမ်စားကို သုံးပြီးမေးခဲ့သော်လည်း ကျောက်စိမ်းကဲ့သို့ လှပသောလက်ချောင်းကိုဆန့်တန်း၍ သူမ၏ ကိုယ်ပိုင်မျက်နှာကို ပြန်ထိုးပြပြီး မေးနေခြင်းဖြစ်သည်။

မိမိမျက်နှာကို မိမိလက်ညှိုးပြန်ထိုးကာ သူမက လှသလားဟု မေးနေခြင်းပင်။

ကျိယွမ်သည် ခေတ္တမျှ တုန်လှုပ်သွားလေ၏။

【ထိုအရာသည် သင်နှင့် နက်ရှိုင်းသော ဆက်နွယ်မှုရှိသည့် လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။】

“အင်း ၊ အရမ်းလှတယ်”

ကျိယွမ်သည် သူမ၏မျက်နှာကို ကြည့်ရင်း အတွေးများထဲတွင် နစ်မြုပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမကမည်သူမည်ဝါဖြစ်ကြောင်းကို သိရှိနိုင်ရန် သူ ကြိုးစားနေမိ၏။

မိန်းမပျိုက သဘောကျသလို သိမ်​မွေ့စွာရယ်လိုက်သည်။

“ခစ်...ခစ် ...အဲဒါကို ကြားရင် သူမ အရမ်း ပျော်မှာပါ။”

“သူမ... က ဘယ်သူလဲ”

ကျိယွမ်သည် ထိုမျက်နှာကို စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာနှင့်အတူ အရဲစွန့်ကာမှန်းဆချက်တစ်ခုကို ထုတ်ခိုက်မိသည်။

“သူမက ပြောတယ်၊ သူမရဲ့ ဒီမျက်နှာကို မှတ်ထားပါ၊ နောင်အခါ... ရှင် သူမနဲ့ တွေ့တဲ့အခါ မမှတ်မိဘဲ နေမှာစိုးလို့တဲ့ ။”

ကျိယွမ်က သူ၏စိတ်ထဲမှ မှန်းဆချက်ကို အရဲစွန့်ကာ မေးမိသွားသည်။

“သူမက ကျင်းလီလား”

ကျိယွမ်သည် ထိုမျှသာမေးခဲ့ပြီး တိတ်ဆိတ်သွား၏။ သူက ငြိမ်သက်စွာရပ်နေရင်းမှ သူမ၏လှပသောမျက်နှာကို ငေးမောနေမိလသည်။

သူသည် ရှေးဟောင်းစီးချောင်သစ်ပင်ကြိးအောက်တွင် ကျင်းလီကို အချိန်အကြာကြီး စောင့်ခဲ့သော်လည်း သူမက ပေါ်မလာခဲ့ပါ။

ထိုအခိုက် မိန်းမပျိုက ညင်သာစွာ ပြောလိုက်သည်။

“သူမက လကညာဆိုရင်လည်း မှန်ပါတယ်”

"ဘာ...."

ကျိယွမ်၏ ခန္ဓာကိုယ်က ဆက်ခနဲတုန်သွားခဲ့သည်။

အချိန်နှင့် အာကာသသည်ပင် တစ်ဖန် ရပ်တန့်သွားသလို ထင်ရ၏။

ကျိယွမ်သည် ဇူလိုင်ကန် နှင့် အတိတ်က ခေါင်းမာသော ယွဲ့နုလေးကို ပြန်တွေးလိုက်မိ၏။

အချိန်နှင့် အာကာသကို ဖြတ်ကျော်၍ ပေးခဲ့သော ကတိ။

နှစ်ဦးစလုံးသည် အချိန်၏ ဆန့်ကျင်ဘက် အစွန်းများတွင် ရပ်နေသဖြင့် မူလက မဆုံနိုင်သော်လည်း... ကံကြမ္မာက သူတို့အား မတူညီသော ပုံစံဖြင့် တွေ့ဆုံရန် စီစဥ်ပေးခဲ့ပါသည်။

သို့သော် သူမသည် ကျင်းလီဆိုတာကို သူမသိခဲ့ပါ။

သူမကလည်း သူ့ကို သူမ နောင်တစ်ချိန်တွင် တွေ့ဆုံရမည့် ကျိယွမ်မှန်း မသိခဲ့ပါချေ။

တကယ်တော့ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စိမ်းကားသူများ မဟုတ်သလို၊ မတွေ့ဆုံဖူးခြင်းလည်း မဟုတ်ပါ။သို့သော်လည်း နီးလျှက်နှင့် ဝေးကွားခဲ့ကြသည် မဟူတ်ပါလား။

“ဒါဆို ...နင်က ဘယ်သူလဲ။”

သူမေးလိုက်စဥ်မှာပင် သူရှေ့တွင်ရှိနေသော မိန်းမပျို၏ပုံသဏ္ဍာန်သည် ပြောင်းလဲသွားပြီး ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။

ထိုကလေးမလေးကို မြင်သောအခါ ကျိယွမ်သည် အတိတ်က လကညာကို သတိရသွားမိ၏။

သူမ၌ လကညာယွဲ့နုလေး၏ အရိပ်အယောင်များကို သူ မြင်နေရသည် မဟူတ်ပါလား။

“ကျွန်မက ကျွန်မအမေရဲ့ သမီးပါ၊ ကျွန်မအဖေရဲ့ သမီးလည်းဖြစ်ပါတယ်"

ကလေးမလေးသည် ကျိယွမ်ကို ချစိခင်စွာကြည့်ပြီး မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နေသည်၊

“ပြီးတော့ ကျွန်မဟာ ကျွန်မအဖေက ကျွန်မအမေကို ပေးတဲ့ အဖိုးအတန်ဆုံး လက်ဆောင်လည်း ဖြစ်ပါတယ်။”

ကျင်းလီသည် ထိုကလေးမလေးကို မျက်နှာမဲ့ဓားနတ်ဘုရားရုပ်တုမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အတိတ်မှ အမှတ်ရစရာများအားလုံးက ​ကျိယွမ်၏နှလုံးသားထဲသို့ ပြန်လည် စီးဆင်းလာခဲ့သလိုပင်။

"သူမက ငါ့ကို တကယ်တွေ့သွားခဲ့တာပဲ"

--------------------

All Chapters