← Chapters

အခန်း ၄၉၈

Vol. 47 Ch. 498

အခန်း ၄၉၈

Vol. 47 Ch. 498

အခန်း ၄၉၈ - မင်း အနိုင်ကျင့်တာက အရမ်းပျော့လွန်းတယ်

လင်းချင်းဟီသည် ကျိယွမ်နှင့် ရှန်လင်ဖုန်းတို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူ၏မျက်နှာတွင် အကူအညီမဲ့မှုများ ပြည့်နှက်နေ၏။

"လူတချို့ လွှတ်လိုက်စမ်း။ ရောင်ခြည်အဖွဲ့က လူသတ်သမား ဖန်ရှီဆန်းကို ဖမ်းဖို့ ဖမ်းဝရမ်း ထုတ်လိုက်"

ကျီနင်စီရင်စုတွင် ရုံးတော်ရှိသော်လည်း ဤနယ်မြေတွင် ကောင်းကင်ဂိုဏ်း၏ အမိန့်အာဏာက တော်ဝင်နန်းတော်၏ အမိန့်ထက် ပို၍ လေးနက်လှသည်။

အမှန်တော့ ဖုန်းရှန်းခရိုင်၏ ဘုရင်ခံ ဖြစ်လာရန်အတွက်ပင် ကောင်းကင်ဂိုဏ်း၏ သဘောတူညီချက် လိုအပ်၏။

ရှန်မိသားစုသည် ဖုန်းရှန်းခရိုင်၏ ချမ်းသာကြွယ်ဝပြီး ဩဇာကြီးမားသော မိသားစုဖြစ်သဖြင့် ပို၍ပင် အရှိန်အဝါ ရှိသည်။ အထူးသဖြင့် ရှန်လင်ရွှန်းသည် ကောင်းကင်ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်နေခြင်းကြောင့် ဖြစ်၏။

ရှန်လင်ဖုန်းကို ထောက်ထားသောအားဖြင့် လင်းချင်းဟီအနေဖြင့် ထိုအမိန့်ကို နာခံရမည် ဖြစ်သည်။

"ဟုတ်ကဲ့ပါ အရာရှိ"

အခြားရဲမက်များက ပြန်လည် ထူးလိုက်ကြ၏။

---

ညဉ့်နက်လာသည့်အခါ ရှန်ပိုင်တင်း၏ မျက်လုံးများက ကျေနပ်မှုကြောင့် အရောင်တောက်နေသည်။

"ဒီနေ့ စွမ်းဆောင်ရည်က မဆိုးဘူး။ နည်းနည်းလောက် ပိုကြိုးစားပြီး ရဲ့ရေကန်တောင်ကို သွားခွင့်ရရင်... ရှန်မိသားစုထဲမှာ ငါ့ရဲ့ အဆင့်အတန်းက အကြီးအကျယ် မြင့်တက်သွားလိမ့်မယ်"

ထိုနေ့က ရှန်မိသားစုသည် ပင်မမျိုးနွယ်ကြီးနှင့် မျိုးနွယ်ခွဲများမှ လူငယ်အများအပြားကို စုစည်းကာ အတက်ပညာရှင် ဖြစ်နိုင်မည့် ပါရမီရှိသူများကို ရွေးချယ်ခဲ့ကြသည်။ ထိုသူများထဲမှ ရဲ့ရေကန်တောင်တွင် ကျင်းပမည့် အတက်ပညာရှင်များညီလာခံသို့ တက်ရောက်မည့်သူများကို ရွေးချယ်မည် ဖြစ်၏။

"ဒါပေမဲ့ ငါ့ရဲ့ ပါရမီက... ပိုင်ဟုတို့နဲ့ ယှဉ်ရင် နိမ့်ကျနေသေးတယ်။ လှည့်ကွက်တချို့ကို သုံးရတော့မှာပဲ"

ရှန်ပိုင်တင်းက တံစိုးလက်ဆောင်ပေးရန် စတင် စဉ်းစားလိုက်၏။

သူ့တွင် သင့်တော်သော ပါရမီ ရှိသော်လည်း ထိပ်တန်းအဆင့်တွင် မရှိပေ။

အထူးသဖြင့် ရှန်ပိုင်ဟုနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်က ကြီးမားလှသည်။

"ရှန်ပိုင်ဟုရဲ့ နေရာကို လုဖို့ တံစိုးလက်ဆောင် ပေးရမှာကို အရင်က အားနာမိသလို ရှိပေမဲ့... သူက အဲဒီသမက်ကို ငါပြောတဲ့စကားတွေ သွားပြောပြကတည်းက ငါလည်း စိတ်အေးလက်အေး လုပ်လို့ ရသွားပြီ"

ရှန်ပိုင်တင်းက သူ၏ ကောက်ကျစ်သော လုပ်ရပ်ကို အကြောင်းပြချက် ပေးရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

"ပြီးတော့ အဲဒီသမက်စုတ်ကလည်း..."

ရှန်ပိုင်တင်း၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ တောက်လောင်လာသည်။

ထိုလူ၏ မဆုတ်မနစ်သော ရန်စမှုများက သူ့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့၏။

" ငါ့က သူ့ကို အနိုင်မကျင့်ရဲဘူးလို့ သူက တကယ်ထင်နေတာလား"

"လူသူကင်းဝေးတဲ့ ညဉ့်နက်ပိုင်းဆိုရင် ငါ့ကို လာပြီး ကစားလို့မရဘူးဆိုတာ သူ့ကို ငါ ကောင်းကောင်း သိအောင် လုပ်ပြမယ်"

ရှန်ပိုင်တင်းသည် အခန်းထဲတွင် တစ်ဦးတည်း တိုးတိုးလေး ပြောနေခြင်း ဖြစ်၏။

သူသည် ကျိယွမ်ကို သင်ခန်းစာ ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေပြီး ထိုသို့ ဖြစ်ပြီးနောက်တွင်လည်း သူ့ကိုယ်သူ နစ်နာသူတစ်ဦးအဖြစ် ဟန်ဆောင်နိုင်လိမ့်မည်ဟု တွေးထားသည်။

"ဘာလဲ... မင်း နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီး ငါ့ကို အနိုင်ကျင့်ဖို့ ပြင်နေတာလား"

ထိုအချိန်တွင် သူ၏ အခန်းတံခါးက ရုတ်တရက် ပွင့်သွား၏။ လူတစ်ဦးက အခန်းထဲသို့ လှမ်းဝင်လာပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ထိုလူ မည်သူဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ ရှန်ပိုင်တင်း၏ မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွား၏။

"ကျိ... ကျိယွမ်လား။ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

ရှန်ပိုင်တင်း၏ မျက်နှာထားက စိတ်ခံစားချက်များ ပြင်းထန်မှုကြောင့် ပျာယာခတ်သွားသည်။

ကျိယွမ်သည် ကြွက်တစ်ကောင်ကဲ့သို့ ဤနေရာသို့ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောက်လာရတာလဲ။

"ငါကလား..."

" မင်း ငါ့ကို အနိုင်ကျင့်မှာကို လာစောင့်နေတာလေ"

ကျိယွမ်က ကျေနပ်သော မျက်နှာဖြင့် ပြောလိုက်၏။

"မင်း ငါ့ကို အနိုင်ကျင့်ချင်တယ်လို့ ပြောတာ ငါ ကြားလို့ ဒီကို လာခဲ့တာပဲ"

သူ၏ သရုပ်ဆောင်တာဝန်ကို ပြီးမြောက်ရန်အတွက် ကျိယွမ်သည် အားသွန်ခွန်စိုက် လုပ်ဆောင်နေ၏။

"မင်း နားကြားမှားတာပဲ။ ငါ အဲဒီလို ဘာမှမပြောဘူး"

ရှန်ပိုင်တင်းက ဗြောင်ငြင်းလိုက်သည်။

သူ၏စိတ်ထဲမှာတော့ ပြောစရာ စကားလုံး ပျောက်ဆုံးနေ၏။

ညဉ့်နက်ပိုင်းမှာ တစ်ယောက်တည်း တိုးတိုးလေး ပြောတာကိုတောင် ချောင်းနားထောင်ခံရတယ်ပေါ့။

"ငါ ကြားပါတယ်။ မင်း တစ်ယောက်တည်း ရေရွတ်နေတာ။ ငါ မင်းကို အကြံပေးပါရစေ... တစ်ယောက်တည်း စကားပြောတာက မကောင်းတဲ့ အကျင့်ပဲ။ ငါဆိုရင် စိတ်ထဲကပဲ တွေးလေ့ရှိတယ်"

ကျိယွမ်က စေတနာဖြင့် ပြန်ပြောလိုက်၏။

အမှန်တော့ မင်း စိတ်ထဲက တွေးတာကိုလည်း ငါ ကြားနိုင်တာမို့လို့ ဘယ်လိုမှ တော့ မလုံခြုံဘူးပေါ့။

ရှန်ပိုင်တင်းက ကျိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အပြင်ဘက်ကို အကဲခတ်လိုက်ရာ ဘေးပတ်ပတ်လည်တွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ သူ၏ မျက်လုံးများက အရောင်တောက်သွားသည်။

"မင်း ဒီကို တစ်ယောက်တည်း လာတာလား"

"ဟုတ်တယ်... ငါ တစ်ယောက်တည်း လာတာ။ မင်းပဲ လူသူကင်းဝေးပြီး တိတ်ဆိတ်တဲ့နေရာမှာ ငါ့ကို အနိုင်ကျင့်မယ်လို့ အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား"

ကျိယွမ်က မျှော်လင့်ချက် ပြည့်နှက်နေသော မျက်နှာဖြင့် မေးလိုက်၏။

သူသည် ယောက္ခမကို ချိုးရေ သယ်ပေးခွင့် မရခဲ့သော်လည်း ယခုအခါ အနိုင်ကျင့်ခံရမည့် အခွင့်အရေး ရရှိခဲ့သဖြင့် မျှော်လင့်မထားသော ကံကောင်းမှုတစ်ခု ဖြစ်၏။

ရှန်ပိုင်တင်း၏ မျက်နှာက တွန့်သွားသည်။ သူ ဘာပြန်ပြောရမှန်း မသိသော်လည်း ဘေးတွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ သူ၏ သတ္တိက ပို၍ ကြီးမားလာ၏။

"မင်းက တကယ်ပဲ အရူးလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား"

ရှန်ပိုင်တင်း၏ အကြည့်များက အေးစက်သွားသည်။

"ငါ အရူးမဟုတ်ဘူး"

ကျိယွမ်က အလေးအနက် ပြန်ပြောလိုက်၏။

ရှန်ပိုင်တင်းက ကျိယွမ်ကို သေချာ စစ်ဆေးကြည့်ပြီးနောက် ထိုလူ၏ စိတ်ထဲတွင် တစ်ခုခု ပုံမှန်မဟုတ်တော့ကြောင်း သေချာသလောက် ရှိသွားသည်။

ထိုသို့ မဟုတ်ပါက ညဉ့်နက်သန်းခေါင်ကြီးတွင် သူ၏ ခြံဝင်းထဲသို့ ရောက်လာပြီး သူ့ကို အနိုင်ကျင့်ခိုင်းစရာ အကြောင်းမရှိပေ။

ပြီးတော့ ပိုပြီး အရေးကြီးတာက သူ တစ်ယောက်တည်း လာတာပဲ။ သူ သေမှာကို မကြောက်ဘူးလား။

"မင်းက ငါ့ကို တကယ်ပဲ အနိုင်ကျင့်ခိုင်းချင်တာလား"

ရှန်ပိုင်တင်းက အသံနှိမ့်ကာ မေးလိုက်၏။

"ဟုတ်တယ်"

ထိုစကားကို ကြားလိုက်ရသဖြင့် ရှန်ပိုင်တင်းသည် ကျိယွမ်၏ ဦးနှောက်ထဲက တစ်ခုခု လျော့နေပြီဟု ခံစားလိုက်ရသည်။

သူ၏ မနာလိုစိတ်က ပို၍ ပြင်းထန်လာ၏။ ဒီလို အသုံးမကျတဲ့လူက ဘာလို့ ရှန်လင်ရွှန်းလို အနှိုင်းမဲ့ အလှပဂေးမိန်းကလေးနဲ့ လက်ထပ်ခွင့် ရခဲ့ရတာလဲ။

"လာ... အပြင်ထွက်ပြီး စကားပြောရအောင်"

ရှန်ပိုင်တင်းက ဆုံးဖြတ်လိုက်ရင်း ပြောသည်။

သူသည် ပင်မအိမ်တော်နှင့် ဝေးကွာသော တိတ်ဆိတ်သည့် ခြံဝင်းတစ်ခုတွင် နေထိုင်ခြင်း ဖြစ်၏။

ဒီနေရာမှာ ဘာပဲပြောပြော ဘယ်သူမှ ကြားနိုင်မှာ မဟုတ်ပေ။

မကြာမီမှာပင် ကျိယွမ်သည် ရှန်ပိုင်တင်း၏ နောက်သို့ လိုက်ကာ ဝင်းထဲသို့ လျှောက်လာခဲ့သည်။

ထိုခြံဝင်းက ကြီးမားလှပြီး အတွင်း၌ ရေကန်ငယ်လေးတစ်ခုပင် ရှိနေ၏။

ရေကန်ထဲတွင် စိမ်းလန်းသော ကြာရွက်များ၊ နုပျိုသော ကြာပွင့်များ ရှိနေပြီး ဝက်များအတွက် အစာကောင်းဖြစ်သော မှော်မှော်ပင်များက ရေပြင်ပေါ်တွင် ထူထပ်စွာ ဖုံးလွှမ်းနေသည်။

ရေကန်ဘေးတွင် ရပ်ရင်း ရှန်ပိုင်တင်း၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေ၏။ သူက သနားကရုဏာ သက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကျိယွမ်... မင်း ငါ့ကို မရန်စခဲ့သင့်ဘူး"

"ငါ မင်းကို မရန်စပါဘူး"

"မင်း စိတ်မလွတ်ခင်ကတောင် ငါ့ကို မယှဉ်နိုင်ခဲ့တာ။ အခု မင်း အရူးဖြစ်နေတဲ့ အချိန်မှာတော့..."

ရှန်ပိုင်တင်း၏ မျက်လုံးများထဲတွင် အထင်သေးမှုများ အရောင်တောက်နေ၏။

သူသည် ကျိယွမ်ကို သင်ခန်းစာ ပေးနိုင်မည့် နည်းလမ်းကို တွေးတောထားပြီးဖြစ်ကာ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို နစ်နာသူတစ်ဦးအဖြစ် ဟန်ဆောင်ရန် ပြင်ဆင်ထားသည်။

သူက ပြောပြောဆိုဆိုနှင့် ရုတ်တရက် ရှေ့သို့ လှမ်းကာ ကျိယွမ်၏ ခါးကို ပြင်းထန်စွာ ဆွဲဆိတ်လိုက်၏။

"မင်းပဲ ငါ့ကို အနိုင်ကျင့်ခိုင်းနေတာ မဟုတ်ဘူးလား"

ထိုဆွဲဆိတ်မှုထဲတွင် လျှို့ဝှက်အင်အားတစ်ခု ပါဝင်နေသည်။ ၎င်းမှာ သူ၏ ဆရာက သင်ကြားပေးခဲ့သော လျှို့ဝှက်စွမ်းအင်တစ်ခု ဖြစ်၏။ ထိုစွမ်းအင်က အလွန် သိမ်မွေ့လှသဖြင့် မြေကမ္ဘာအဆင့် လက်နက်သခင်တစ်ဦးပင်လျှင် ခန္ဓာကိုယ်အတွင်း ပျက်စီးမှုကို သတိထားမိရန် ခက်ခဲလိမ့်မည်။

ရှန်ပိုင်တင်းသည် ဘာမှ ချန်မထားဘဲ အားသွန်ခွန်စိုက် လုပ်လိုက်ခြင်း ဖြစ်၏။

ထိုစွမ်းအင်က ပြင်းထန်သော နာကျင်မှုကို ပေးစွမ်းနိုင်ရုံသာမက ခန္ဓာကိုယ်အတွင်း၌ ကြာရှည်စွာ တည်ရှိနေပြီး ကိုယ်တွင်းအင်္ဂါများကို တဖြည်းဖြည်း ပျက်စီးစေသည်။

အတိတ်က ရှန်ပိုင်တင်းသည် မျိုးနွယ်ခွဲတွင် ရှိနေစဉ်က အလွန် ပါရမီထူးချွန်သော ဝမ်းကွဲမောင်နှမတစ်ဦးအပေါ် ပြင်းထန်စွာ မနာလို ဖြစ်ခဲ့ဖူး၏။

ထိုဝမ်းကွဲမောင်နှမက သူ့အပေါ် ကောင်းမွန်ခဲ့ပြီး ပင်မမျိုးနွယ်ကြီးမှ အရင်းအမြစ်များကို မျှဝေပေးခဲ့ဖူးသည်။

မနာလိုစိတ်ကြောင့် ရှန်ပိုင်တင်းသည် သိုင်းပညာလေ့ကျင့်စဉ်အတွင်း ထိုလျှို့ဝှက်အင်အားကို အသုံးချကာ ဝမ်းကွဲမောင်နှမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်၏။

နှစ်နှစ်အတွင်း ထိုဝမ်းကွဲမောင်နှမ၏ ကျန်းမာရေးက အကြီးအကျယ် ဆိုးရွားသွားခဲ့ပြီး ကျင့်ကြံခြင်း မပြုနိုင်တော့ဘဲ ခြေထောက်တစ်ဖက်ပင် သုံးမရ ဖြစ်သွားခဲ့ရသည်။

ထိုဝမ်းကွဲမောင်နှမသည် ရှန်ပိုင်တင်းကို တစ်ခါမျှ သံသယမဝင်ခဲ့ဘဲ သူ၏ ကျန်ရှိသော အရင်းအမြစ်များကိုပင် ရှန်ပိုင်တင်းအား ပေးအပ်ခဲ့ကာ ရှန်ပိုင်တင်းက မျိုးနွယ်ခွဲကို ဦးဆောင်ပြီး ကြီးပွားအောင် လုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ရှာသည်။

"ကဲ... အခုကော လောက်ပြီလား"

ရှန်ပိုင်တင်းက ကျိယွမ်ကို ပြင်းထန်စွာ ဆွဲဆိတ်ရင်း ကျေနပ်စွာ မေးလိုက်၏။

ထို့နောက် သူသည် တမင်တကာ နောက်သို့ ယိုင်လဲသွားပြီး ရေကန်ထဲသို့ ကျသွားတော့သည်။

သူသည် ဇာတ်လမ်းတစ်ပုဒ်ကို တွေးတောထားပြီးဖြစ်၏။

သမက်ဖြစ်သူ ကျိယွမ်က ညဉ့်နက်ပိုင်းတွင် သူ့ထံသို့ လာရောက်ကာ ပြဿနာရှာခဲ့ခြင်း ဖြစ်သည်။ ရှန်ပိုင်တင်းက မခုခံရဲသဖြင့် ကျိယွမ်၏ နှိပ်စက်မှုများကို ခံခဲ့ရပြီး နောက်ဆုံးတွင် ရေကန်ထဲသို့ တွန်းချခံလိုက်ရသည်ဟူ၍ ဖြစ်၏။

ယခု သူလုပ်ရန် လိုအပ်သည်မှာ အော်ဟစ်ပြီး လူများကို ဆွဲဆောင်ရန်သာ ဖြစ်သည်။

တကယ့်ကို ပြီးပြည့်စုံသော နစ်နာသူ ဇာတ်ကွက် ဖြစ်၏။

သို့သော် သူ ရေကန်ထဲသို့ ကျသွားပြီး အော်ဟစ်ရန် ပြင်လိုက်သည့်အခါ သူ၏ ပါးစပ်မှ မည်သည့်အသံမျှ ထွက်မလာသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။

ရေကန်ဘေးတွင်မူ ခါးထောက်ကာ မတ်တတ်ရပ်နေသော ချောမောသည့် ယောကျာ်းက သူ့ကို စိတ်ပျက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။

"မင်းရဲ့ အနိုင်ကျင့်မှုက... တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ။ ဒီလိုဆွဲဆိတ်တာက..."

ကျိယွမ်က စိတ်ပျက်စွာ ခေါင်းခါသည်။

" လုံးဝကို ပျော့လွန်းတယ် ၊ ဒါက အနိုင်ကျင့်တာမှ မဟုတ်တာ "

ထို့နောက် ကျိယွမ်က ရှန်ပိုင်တင်းအား ဆက်ပြောလိုက်သည်။

"မင်းက လှည့်ကွက်ဆင်တတ်တဲ့သူတင်မကဘဲ ရောင်ခြည်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ပြောစရာရှိတာက... ရောင်ခြည်အဖွဲ့က အဖွဲ့ဝင်တွေအားလုံးက နန်းတွင်းလုပ်ကြံမှုတွေမှာ ကျွမ်းကျင်ကြတာလား"

ကျိယွမ်၏ မျက်လုံးများက ရှန်ပိုင်တင်း အသုံးပြုခဲ့သော စွမ်းအင်မှာ ရောင်ခြည်အဖွဲ့၏ အလင်းနှင့်အမှောင်အင်အား ဖြစ်ကြောင်း ခွဲခြားသိနိုင်ခဲ့ခြင်း ဖြစ်၏။

ရေကန်ထဲတွင် ရှန်ပိုင်တင်း၏ မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။

"မင်း..မင်းက. အရူးဟန်ဆောင်နေတာလား"

သူက ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ အသံက တိုးတိုးလေးသာ ထွက်လာ၏။

"ငါ့ပုံစံက အရူးနဲ့ တူလို့လား။ မင်း ဒီလောက် ချောတဲ့ အရူးကို မြင်ဖူးလို့လား"

ကျိယွမ်က ပျင်းရိစွာ အကြောဆန့်လိုက်၏။

"မင်း... မင်း..ဘယ်သူလဲ"

ရှန်ပိုင်တင်းက လည်ပင်း အဖြတ်ခံထားရသည့်အလား အသံဗလံ ကင်းမဲ့စွာဖြင့် မေးလိုက်သည်။

သူသည် အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်ချင်ပြီး ရောင်ခြည်အဖွဲ့၏ နာမည်ကို သုံးကာ ခြိမ်းခြောက်ချင်နေ၏။

သို့သော် ကျိယွမ်က သူ့ကို စကားပြောခွင့် မပေးပေ။

"ကဲ... ဒီညတော့ လုံးလုံး အရှုံးမရှိပါဘူး။ အနည်းဆုံးတော့... မင်း ငါ့ကို တကယ်ပဲ အနိုင်ကျင့်ခဲ့တာပဲ"

ကျိယွမ်က ရေကန်ထဲတွင် ရုန်းကန်နေသော ရှန်ပိုင်တင်းကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။

"လူတိုင်းက မင်းဘက်မှာ ရှိနေရုံနဲ့ မင်းက မှန်ကန်နေတယ်လို့ ထင်နေတာလား"

"စိတ်မကောင်းပါဘူးကွာ... ဒီနေရာမှာတော့ အင်အားကသာ အရာအားလုံးကို ဆုံးဖြတ်တာ"

"ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်ကို စွပ်စွဲတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ"

"ပြီးတော့ မမေ့နဲ့ဦး... ငါက အရူးအဖြစ် သရုပ်ဆောင်နေတာ။ လူသတ်တာက အပြစ်မရှိဘူးလေ"

ကျိယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။

သူသည် တိတ်ဆိတ်စွာ ရောက်လာခဲ့ပြီး တိတ်ဆိတ်စွာပင် ပြန်လည် ထွက်ခွာသွားခဲ့သဖြင့် မည်သူမျှ သတိမထားမိကြပေ။

ရေကန်ထဲတွင် ရှန်ပိုင်တင်းသည် ရုန်းကန်နေသော်လည်း အချည်းနှီး ဖြစ်၏။ သူသည် ရေပြင်ပေါ်တွင် ရေပွက်သံတစ်ခုပင် မဖြစ်ပေါ်စေနိုင်ခဲ့ပေ။

အဆုံးတွင် သူသည် ရေကန်အောက်ခြေသို့ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။

---

"ရာခိုင်နှုန်း သုံးဆယ် တိုးတက်မှု။ ငါ လက်မှုပညာနှလုံးသားကို ရပြီ"

ကျိယွမ်၏ သမက်အဖြစ် သရုပ်ဆောင်တာဝန်တိုးတက်မှုမှာ ရာခိုင်နှုန်း သုံးဆယ်သို့ ရောက်ရှိသွားသည့်အခါ သူသည် ကျိယွမ်၏ စွမ်းရည်တစ်ခုဖြစ်သော လက်မှုပညာနှလုံးသားကို ရရှိခဲ့ခြင်း ဖြစ်၏။

လက်မှုပညာနှလုံးသားသည် ရှားပါးလှသော ပါရမီတစ်ခု ဖြစ်သည်။

ထိုပါရမီရှိသူ မည်သူမဆို ရတနာလက်နက်များ ဖန်တီးရာတွင် အောင်မြင်မှုနှုန်းကို ငါးရာခိုင်နှုန်း တိုးတက်စေနိုင်၏။

ထိုပမာဏက သေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တော့ အလွန် အရေးကြီးလှသည်။

ဤကမ္ဘာတွင် ရတနာလက်နက်များ ဖန်တီးရာ၌ အောင်မြင်မှုနှုန်းက မမြင့်မားလှပေ။ မြေကမ္ဘာအဆင့် အတက်ပညာရှင်များပင်လျှင် ရွှမ်အဆင့် လက်နက်များ ဖန်တီးရာတွင် အောင်မြင်မှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းအောက်သာ ရှိသည်။

ထပ်ဆောင်း ငါးရာခိုင်နှုန်း ရရှိခြင်းက အလွန် ကြီးမားသော အားသာချက် ဖြစ်၏။

"ဒါဆိုရင် ငါ အခု လက်နက်ဖန်တီးတာကို သင်ယူဖို့ အရည်အချင်း ပြည့်မီသွားပြီပေါ့"

ကျိယွမ်က စဉ်းစားလိုက်သည်။

"ဖြစ်နိုင်တာက ငါ ဒရုန်းတွေကို ဖန်တီးလို့ ရလိမ့်မယ်။ တကယ်လို့ ငါ ရှန်လင်ရွှန်းကို ဒရုန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရင် ငါ သူမကို စီးပြီး တိုက်ပွဲဝင်လို့ ရမှာပဲ။ လူတိုင်းက ငါ့ကို နတ်ဘုရားတစ်ပါးလို့ ထင်ကြလိမ့်မယ်"

ကျိယွမ်၏ အတွေးများက ထိန်းမနိုင်သိမ်းမရ လွင့်မျောနေ၏။

ထိုညက "အနိုင်ကျင့်ခံရခြင်း" ပြီးနောက် ကျိယွမ်သည် ချန်ခန်းပေါင်၏ ဆီမှ ပေါက်စီနောက်ထပ်တစ်လုံးကို လုစားကာ မိမိကိုယ်ကို ဆုချလိုက်သည်။ ချန်ခန်းပေါင်က ထိုအပေါ် မကျေမနပ်ဖြစ်ကာ တတွတ်တွတ် ရေရွတ်နေ၏။

သို့သော် ကျိယွမ်သည် ထိုညတွင် အပြင်သို့ ထပ်မံ ထွက်မသွားတော့သလို ယောက္ခမကို ချိုးရေ သယ်ပေးရန်လည်း မကြိုးစားတော့ပါ။

ယခု သူ၏ တိုးတက်မှုက ရာခိုင်နှုန်း သုံးဆယ်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် သူသည် အေးအေးဆေးဆေး လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ယောက္ခမနှင့် သက်ဆိုင်သော တာဝန်များသည် တိကျမှုနှင့် ဂရုစိုက်မှု လိုအပ်လှ၏။အလောတကြီးလုပ်လျှင် မှားသွားနိုင်သည်။

နောက်တစ်နေ့ နံနက်တွင် ကျိယွမ် အိပ်ရာမှ ထပြီး မကြာမီမှာပင် သူ၏ ခြံဝင်းထဲသို့ မျှော်လင့်မထားသော ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။

"ယောက်ဖ... အမြန်လာဦး။ အဖေနဲ့ အမေက မင်းအတွက် ဆရာတစ်ယောက် ရှာပေးထားတယ်"

ရှန်လင်ဖုန်းက တက်ကြွစွာ ဝင်လာခဲ့ပြီး သူ၏ နောက်တွင် တည်ကြည်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်း ယောကျာ်းတစ်ယောက် ပါလာ၏။ ထိုလူ၏ ဆံပင်များက သေသပ်စွာ ဖြီးသင်ထားပြီး အဝတ်အစားများက အလွန် သန့်ရှင်းသပ်ရပ်ကာ သူ၏ နှုတ်ခမ်းမွှေးပင်လျှင် ဘယ်ညာ ညီညာလွန်းလှသည်။

သူ့ပုံစံက တိကျညီညာမှုကို အလွန်အလေးထားသော လူတစ်ဦးနှင့် တူ၏။

"ဆရာ ဟုတ်လား"

ကျိယွမ်နှင့် ချန်ခန်းပေါင်တို့ ထွက်လာခဲ့ကြပြီး ကျိယွမ်၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နေသည်။

"ဒါက ရှန်မိသားစုရဲ့ ရွှမ်အဆင့်အတက်ပညာရှင် ဆရာချန်ရှန်းဝေပဲ"

ရှန်လင်ဖုန်းက မိတ်ဆက်ပေးလိုက်၏။

"အဖေက မင်းကို ပညာတချို့ သင်ယူစေချင်တာ... မင်းကြောင့် မိသားစု သိက္ခာမကျစေချင်လို့လေ"

"အော်...သိပြီ"

ကျိယွမ်က ခေတ္တမျှ တွေဝေသွားသော်လည်း ငြင်းဆန်ခြင်းတော့ မရှိပါ။

သူသည် အိမ်ပါသမက်အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သဖြင့် လက်နက်ဖန်တီးခြင်းကို သင်ယူခြင်းက သူ၏ တိုးတက်မှုကို မြှင့်တင်ပေးနိုင်စရာ ရှိသည်။

ထို့အပြင် ကျိယွမ်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ပညာရပ်အပေါ် စိတ်ဝင်စားမှု ရှိနေ၏။

ချန်ရှန်းဝေက ကျိယွမ်ကို တည်ငြိမ်သော မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူ၏ အကြည့်က ချန်ခန်းပေါင်၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ မျက်မှောင်က တွန့်သွား၏။

သူသည် မထိန်းနိုင်ဘဲ ချန်ခန်းပေါင်၏ ပါးစပ်ထဲမှ မညီမညာကိုက်ထားသော ပေါက်စီကိုဆွဲထုတ်ကာ တိတိကျကျဖြစ်အောင် ပြင်ဆင်ပေးလိုက်သည်။

"မင်း အစာစားတဲ့အခါ ဘယ်ညာ ညီညီညာညာ စားရမယ်။ ဘယ်ဘက်ကိုပဲ တစ်ဖက်သတ်ကိုက်စားနေတော့ ဘာအဓိပ္ပာယ် ရှိမှာလဲ"

ချန်ခန်းပေါင် ဆွံ့အသွားရ၏။

ရှန်လင်ဖုန်းက ကျိယွမ်၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ယောက်ဖ... ဆရာချန်က... သူက အရမ်း တည်ကြည်ပြီး အရာအားလုံးကို ညီညီညာညာ ရှိနေတာကိုပဲ သဘောကျတာ"

အော်... အရာအားလုံး ညီညာနေမှ ကျေနပ်တတ်တဲ့ ရောဂါပဲ။

ကျိယွမ် ချက်ချင်း သဘောပေါက်သွားသည်။

သူ၏ စိတ်ထဲတွင် နောက်ပြောင်လိုသော အတွေးများ ပြည့်နှက်သွားသဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

"ဒါနဲ့ ဆရာချန်... ဆရာက ဆီးသွားတဲ့အခါကော ညီညီညာညာ သွားရဲ့လား။ ဆိုလိုတာက... ဆီးထွက်တဲ့ ပုံစံကော ဘယ်ညာ ညီရဲ့လား"

ကမ္ဘာမြေတွင် ရှိစဉ်က ကျိယွမ်သည် ထိုရောဂါနှင့် ပတ်သက်၍ ဟာသများစွာ ကြားဖူးခဲ့သည်။

ယခုလို အခွင့်အရေးရခိုက် သူ မမေးဘဲ မနေနိုင်တော့ပေ။

ချန်ရှန်းဝေ၏ နှုတ်ခမ်းမွှေးက တုန်ခါသွားပြီး သူ၏ နှုတ်ခမ်းများကလည်း တုန်ရင်လာ၏။

"ဆရာချန်... မတုန်ပါနဲ့။ ဆရာ့ရဲ့ နှုတ်ခမ်းမွှေးက မညီမညာ ဖြစ်သွားပြီ"

"မင်း..."

ချန်ရှန်းဝေသည် သူ၏ နှုတ်ခမ်းမွှေးကို အလျင်အစလို ပြန်လည် ပြင်ဆင်လိုက်ရင်း ကျိယွမ်ကို နာကျင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်၏။

ရှန်မိသားစုထဲက အတက်ပညာရှင်တွေ အများကြီးရှိတဲ့ထဲက ဘာလို့ ငါ့ကိုမှ ဒီအရူးကို သင်ခိုင်းရတာလဲ။

ဒါက နှိပ်စက်ခြင်းတစ်မျိုးပဲ။

ငါးမိနစ်ခန့် ကြာပြီးနောက် ချန်ရှန်းဝေသည် ထူးဆန်းသော လက်နက်ကိရိယာ အပုံလိုက်ကို ထုတ်ယူလိုက်သည်။

သူသည် သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး တည်ကြည်သော မျက်နှာထားသို့ ပြောင်းလဲသွား၏။

"ရှေးခေတ်က ကမ္ဘာဦးကာလ ခွဲဖြာသွားတဲ့အချိန်မှာ ငါတို့ရဲ့ ဘိုးဘွားတွေက တောင်တွေထဲကနေ ထွက်လာခဲ့ကြပြီး ကျောက်လက်နက်တွေအဆင့်ကနေ သံလက်နက်တွေကို ဖန်တီးတဲ့ တောက်ပြောင်တဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ထောင်ခဲ့ကြတယ်"

အတက်ပညာကို သင်ယူရန်အတွက် ပထမဆုံးအနေဖြင့် ၎င်း၏ မူလအစကို နားလည်ရမည် ဖြစ်၏။

ပုံမှန်အားဖြင့် ချန်ရှန်းဝေသည် အခြားသူများကို သင်ကြားသည့်အခါ ထိုမျှအထိ အသေးစိတ် ပြောလေ့မရှိပေ။

သို့သော် သူသည် အရူးတစ်ယောက်ကို သင်ကြားနေခြင်း ဖြစ်သဖြင့် မူလအစကို ပို၍ ပုံပြင်ဆန်ဆန် ပြောပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"သာမန် ကျောက်လက်နက်တွေနဲ့ သံလက်နက်တွေက... သာမန်အဆင့်ကနေ ထူးခြားတဲ့ အဆင့်ကို ဘယ်လို ပြောင်းလဲသွားတာလဲ"

ကျိယွမ်က မေးလိုက်၏။

ကျောက်လက်နက်များသည် ကမ္ဘာမြေတွင် အလွန် သာမန် ဖြစ်သည်။

သို့သော် ဤကမ္ဘာတွင်မူ ရတနာလက်နက်များ၌ ထူးခြားဆန်းကြယ်သော စွမ်းရည်များ ရှိနေကြ၏။

ချန်ရှန်းဝေက ခေါင်းညိတ်ကာ ဆက်ပြောသည်။

"အဲဒီနောက်မှာ ဝိညာဉ်မှင်စာတွေ ပေါ်လာပြီး ငါတို့ရဲ့ ကမ္ဘာကို တိုက်ခိုက်ခဲ့ကြတယ်။ ငါတို့ရဲ့ ဘိုးဘွားတွေက သာမန် သံလက်နက်တွေနဲ့ ဝိညာဉ်မှင်စာတွေကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ"

"အဲဒီအချိန်မှာ လက်နက်တွေရဲ့စည်းမျဥ်းက ကောင်းကင်ပြင်ပကနေ ကျရောက်လာပြီး ငါတို့ရဲ့ ကမ္ဘာထဲကို ဝင်လာခဲ့တယ်။ ထိုအချိန်ကစပြီး ငါတို့တွေက ဝိညာဉ်မှင်စာတွေကို တိုက်ခိုက်ဖို့ မှော်လက်နက်တွေကို အားကိုးခဲ့ကြရတာ"

"အတက်ပညာရှင်တွေက တောင်တွေ၊ မြစ်တွေရဲ့ အနှစ်သာရ၊ နေနဲ့ လရဲ့ အလင်းတန်းတွေကို အသုံးချပြီး ကောင်းကင်ကို ပြောင်းလဲနိုင်၊ တောင်တွေကို ရွှေ့နိုင်၊ ပင်လယ်တွေကို ပိတ်ဆို့နိုင်တဲ့ အထွတ်အထိပ်လက်နက်တွေကို သွန်းလုပ်ခဲ့ကြတယ်"

ပြောနေရင်းမှ ချန်ရှန်းဝေ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာ၏။

"မူလအစရဲ့လျှို့ဝှက်ချက်တွေ အရဆိုရင် မှော်လက်နက်တွေ မပေါ်လာခင်က ငါတို့ရဲ့ ကမ္ဘာက ဝိညာဉ်မှင်စာတွေရဲ့ ဝါးမြိုခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး သူတို့ရဲ့ နယ်မြေဖြစ်ခါနီး ဖြစ်ခဲ့တာ"

ကျိယွမ်က ဂိမ်းထဲက သမိုင်းကြောင်းများကို နားထောင်နေသည့်အလား အသေအချာ နားထောင်နေ၏။

ဆရာချန်၏စကားအရ အတက်ပညာ၏ မူလအစက ကောင်းကင်ပြင်ပက သက်ရှိများနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။

"ဒါတို ငါတို့တွေ ကောင်းကင်ပြင်ပက သက်ရှိတွေနဲ့ အခုထိ ဆက်သွယ်မှု ရှိသေးလား"

ကျိယွမ်က မနေနိုင်စွာ ထမေးသည်။

ချန်ရှန်းဝေက ခေါင်းခါလိုက်၏။

"ဒါက ငါလို ရွှမ်အဆင့်အတက်ပညာရှင်တစ်ယောက် သိနိုင်တဲ့ အရာမဟုတ်ဘူး။"

"တကယ်လို့ တစ်နေ့မှာ မင်းက ကောင်းကင်အဆင့်လက်နက်သခင်တစ်ယောက် ဖြစ်လာပြီး တောင်ပြာနယ်မြေရဲ့ အပြင်ဘက်က ပိုပြီး ကြီးမားတဲ့ နယ်မြေကြီးထဲကို လှမ်းဝင်နိုင်ရင် အမှန်တရားကို သိနိုင်ကောင်း သိနိုင်လိမ့်မယ်"

ဤကမ္ဘာကို တောင်ပြာနယ်မြေဟု ခေါ်ဆိုကြပြီး ဖရိုဖရဲကြယ်နယ်မြေအတွင်း တည်ရှိသော နယ်မြေလေးတစ်ခု ဖြစ်၏။

နယ်မြေလေးများ၏ အထက်တွင် နယ်မြေကြီးများ ရှိနေကြသည်။

"ဒါတွေကို မင်းနဲ့ ဆွေးနွေးဖို့က စောလွန်းပါသေးတယ်။ တကယ်လို့ မင်းသာ အတက်ပညာရှင်တစ်ယောက် ဖြစ်လာရင် ငါလည်း ဆရာကြီးတစ်ယောက် ဖြစ်လာမှာပေါ့"

ချန်ရှန်းဝေက သက်ပြင်းချရင်း သူ၏ ဟာသဉာဏ်ဖြင့် စိတ်သက်သာရာ ရှာလိုက်၏။

"အတက်ပညာရှင်တွေရဲ့ သမိုင်းကြောင်းကို ဆက်ပြောရအောင်..."

အမှန်တော့ သူသည် သမိုင်းကြောင်းများကိုသာ စတင် သင်ကြားရန် စီစဉ်ထားသည်။

အရူးတစ်ယောက်ကို လက်နက်ဖန်တီးနည်းအား ချက်ချင်းသင်ပေးခြင်းက မျှော်လင့်မထားသော မတော်တဆမှုများ ဖြစ်လာနိုင်သည်မဟုတ်ပါလား။

"ဆရာချန်... လက်နက်တွေ ဖန်တီးတဲ့အခါ ထူးခြားတဲ့ မီးတောက်တွေ လိုအပ်လား"

ကျိယွမ်က မေးလိုက်၏။

ရုပ်ရှင်များထဲတွင် ဆေးဝါးများ ဖော်စပ်သည့်အခါ လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များ လိုအပ်တတ်သည်။ လက်နက်ဖန်တီးရာတွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်လား။

ချန်ရှန်းဝေက ကျိယွမ်ကို အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"လက်နက်ဖန်တီးတာက အတွင်းမီးတောက် လိုအပ်တာ။"

"လူတစ်ယောက်ရဲ့ စိတ်ဓာတ်စွမ်းအားနဲ့ မွေးရာပါနယ်ပယ်က ပိုပြီး အားကောင်းလေ၊ သူတို့ရဲ့ အတွင်းမီးတောက်က ပိုပြီး ပြင်းထန်လေပဲ"

"ဒီနေ့အတွက် သင်ခန်းစာကတော့ ဒီလောက်ပဲ။ ဒါက အတက်ပညာရဲ့ အခြေခံလက်စွဲစာအုပ်ပဲ။ ဒါကို သေချာဖတ်ထားပါ၊ မနက်ဖြန်ကျမှ ငါ ထပ်ပြီး သင်ပေးမယ်"

ချန်ရှန်းဝေက ကျိယွမ်အား အတက်ပညာအခြေခံသဘောတရား ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်ပြီးနောက် အလျင်အစလို ထွက်ခွာသွားတော့သည်။

အခန်းထဲတွင် ကျိယွမ်သည် ထိုစာအုပ်ကို လှန်လှော ဖတ်ရှုနေ၏။

"ဒါက..."

ကျိယွမ်က အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

"ဒါက ကောင်းကင်မျိုးနွယ်စုရဲ့ လက်နက်ဖန်တီးတဲ့ နည်းလမ်းတွေနဲ့ မူလအစချင်း တူနေတာပဲ"

---------

All Chapters