ကျိယွမ်က ကျင့်ကြံခြင်းလောကရဲ့လေထုကို ပြုပြင်ပေးတယ်
Vol. 14 Ch. 167
လအင်ပါယာတွင် ဖြစ်သည် ။
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် သူမရှေ့မှ မိန်းကလေးကို ကြည့်ကာ မျက်လုံးများတွင် ကူကယ်ရာမဲ့မှုများ ပြည့်နေ၏။
"ပုရောဟိတ်မယ်ကသူ့နဲ့အတူ ကန်းလန်နယ်မြေကို လိုက်သွားဖို့ တကယ်ပဲစီစဥ်နေတာလား"
"မေမေက အထက်ဘုံကို တစ်ယောက်တည်း သွားရမှာဆိုတော့၊သမီးဖြစ်တဲ့ငါက ဒီမှာနေမှ ဖြစ်မယ်"
ကျိကျန်ကျွင်းက ချိုမြိန်သော အပြုံးဖြင့် ပြန်ပြောလိုက်သည် ။
ထိုပုံစံသည် အဖြူရောင်ဝတ်စုံအမျိုးသမီး မြင်နေကျ အကြီးအကဲပုရောဟိတ်မယ်တော်၏ပုံစံနှင့် လုံးဝ ကွဲပြားနေ၏ ။
ဒါတွေအားလုံးက ဟိုပုဂ္ဂိုလ်ကြောင့်ပဲ။
" ပုရောဟိတ်မယ်တော်.. သူရဲ့လက်ရှိစိတ်အခြေအနေက ဒီကမ္ဘာရဲ့ကောင်းကင်ဘုံတာအိုကို ဝါးမျိုးလိုက်တာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ သက်ရောက်မှုလို့ ထင်ပါသလား"
အဖြူရောင်ဝတ်စုံအမျိုးသမီးက ပုရောဟိတ်မယ်တော်အား သတိထားရန်အတွက် ထိုသို့သွယ်ဝိုက်မေးလ်ုက်ခြင်းပင်။
ရူးသွပ်နေသူတစ်ဦးသည် မမျှော်လင့်ဘဲ အခြားသူများကို ထိခိုက်စေနိုင်၏။အထူးသဖြင့် ခွန်အားအလွန်ကြီးမားနေသော ရူးသွပ်သူမျိုးဆို ပို၍အန္တရာယ်များသည် ။
သွေးဝတ်စုံဓားနတ်ဘုရားက ထိုသူမျိုးပင် ။ သူက ထူးလည်းထူးသလို ရူးလည်းရူးနေ၏။
"ဒီလို အိပ်မက်ဆန်တဲ့လောကထဲမှာ နည်းနည်း ရူးသွပ်နေတာက မကောင်းဘူးလား"
ကျိကျန်ကျွင်းက မသိကျိုးကျွံပြုကာ ရှောင်လွှဲသော အဖြေကိုပေး၏။
အဖြူရောင်ဝတ်စုံအမျိုးသမီး တိတ်ဆိတ်သွားသည် ။
ကျိကျန်ကျွင်းက ဆက်ပြောသည်။
"ကောင်းပြီ၊ ရွှေ့ပြောင်းအစီအရင်ကို ဖွင့်လိုက်ပြီ ။ နင်လည်း အထက်ဘုံကို သွားသင့်တယ် ။ လနတ်ဘုရား နန်းတော်ကို ရောက်ရင် ဖေဖေ့ကို ရှာတွေ့ပြီလို့ မေမေ့ကို ပြောပြလိုက်ပါ"
အထက်ဘုံသို့ ပို့ဆောင်သည့် အစီအရင်သည် ကျပန်းဖြစ်နေပြီး မည်သည့်နေရာသို့ ပို့ဆောင်မည်ကို အာမမခံနိုင်ပေ ။
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် လနတ်ဘုရားနန်းတော်ကို ရှာဖွေရန် နှစ်ပေါင်းရာချီသို့မဟုတ် နှစ်ပေါင်းထောင်ချီ ကုန်ဆုံးရနိုင်သည် ။
ပုရောဟိတ်မယ်သည် အဖြူရောင်ဝတ်စုံအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာခဲ့၏။
သွေးနီရောင်ဝတ်စုံဖြင့် ပုံရိပ်ကို မြင်သောအခါ သူမ၏ မျက်လုံးများက လင်းလက်ပြီး ကလေးတစ်ယောက်လို ပြေးသွားလေသည်။
"ဖေဖေ ၊ သမီးတို့ ကန်းလန်ကမ္ဘာကို သွားတော့မှာလား"
"ဟုတ်တယ်"
ကျိယွမ်က ခေါင်းညိတ်ပြ၏ ။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည်ဒီမိုရာမျိုးနွယ်စုများနေထိုင်သော ကမ္ဘာသို့ သွားရောက်ရန် ရည်ရွယ်ခဲ့သေးသည် ။
သို့သော်ကံမကောင်းစွာဖြင့် ဝင်ပေါက်တံခါးက ပိတ်သွားခဲ့သဖြင့်ဘာမှမတတ်နိုင်တော့ပေ။
သူသည် ဒေါသထွက်ထွက်ဖြင့် မိုလော့ကမ္ဘာကို အဝေးမှလက်သီးတစ်ချက် ထိုးမိသော်လည်း မည်သည့် အရာမျှ မဖြစ်ခဲ့ပေ ။
နောက်ပိုင်းတွင် သူသည် ဝမ်ယုကုန်းမြေတိုက်ကြီးအနှံ့ တစ်နေကုန်တစ်နေခန်းခရီးထွက်ကြည့်ရင်း အတိတ်၏သဲလွန်စများကို ရှာတွေ့ဦးမလား မျှော်လင့်မိခဲ့သည် ။
သို့သော် ရွှမ်းဟွမ်တားမြစ်နယ်မြေ၊ဒြပ်စင်ငါးပါးတားမြစ်နယ်မြေ ၊ ယင်ယန်တားမြစ်နယ်မြေ တို့မှအစပြု၍ ထျန်းကျွဲ့နှင့် တိကျွဲ့ပါမကျန် အားလုံးက ဗလာနတ္ထိသာ ဖြစ်နေကြကုန်၏။
လုံ ၊ပန် ၊ ကျန်းဟွာ စသော သူ၏ မိတ်ဆွေဟောင်းများကို မမြင်တွေ့ခဲ့ရသလို၊ ရင်းနှီးသော သဲလွန်စများကိုလည်း မတွေ့ခဲ့ရပေ ။
ဘဝသံသရာဝင်စားခြင်း စွမ်းရည်မရှိလျှင် သို့မဟုတ် ယန်နတ်ဘုရားမဖြစ်လျှင် ပြန်လည်မွေးဖွားရန် အခွင့်အရေးက မရှိသလောက်ပင် ။
ထို့ကြောင့် သာမန်သေမျိုးများ၏ သေဆုံးခြင်းသည် လုံးဝ ပျက်သုဉ်းခြင်းကို ဆိုလိုပြီး၊ လောကထဲသို့ ပျော်ဝင်သွားပြီးနောက် သမိုင်း၏ ဖုန်မှုန့်များသာဖြစ်ကုန်ကြရသည်။
ယခုအချိန်ဆိုလျှင် ကျိယွမ်မှအပ မည်သူကမျှ သူတို့ကို မမှတ်မိတော့ပေ သို့မဟုတ် ကြားပင်မကြားဖူးခဲ့ကြပေ။
နောက်ဆုံးတွင် ကျိယွမ်သည် လက်လျှော့လိုက်ပြီး ကန်းလန်ဘုံသို့ ပြန်သွားရန်နှင့် ကျိစယ်တောင်ထိပ်သို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်သည် ။
သို့သော် သူမပြန်ခင် တတ်လှမ်းခြင်းခန်းမသို့ သွားရန်တော့စိတ်ကူးထားလေ၏။
ကျန်းယာဆီက အကြွေးတွေရစရာရှိသေးတယ်၊
"အားလုံး စုံပြီဆိုတော့ ၊ သွားကြရအောင် "
ကျိယွမ်က ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို နောက်ဆုံးအနေဖြင့် နက်ရှိုင်းစွာ ကြည့်လိုက်သည် ။
မိုးထိအောင်မြင့်သော သစ်ပင်ကြီးသည် ငွေသားရောင်နှင်းဝတ်ရုံ ဆင်မြန်းထားပြီး၊ နှင်းပွင့်များ ဖုံးလွှမ်းနေကာ လှပပြီး လွမ်းမောစရာမြင်ကွင်းကို ဖန်တီးနေသည့်အလားပင် ။
နှုတ်ဆက်ခဲ့ပါတယ်စီးချောင်သစ်ပင်ကြီးရေ ..။
"ပြန်ကြစို့"
ကျိယွမ်က ကျိကျန်း ၊ ရွှီထုံချန်းနှင့် ကျန်းယာတို့ကို ကြည့်လိုက်သည် ။
အလာခရီးတွင် လေးယောက်တည်းသာ လာခဲ့ကြသော်လည်း အပြန်ခရီးမှာတော့ ကလေးတစ်ယောက်ထပ်တိုးကာ ငါးယောက်ဖြစ်သွားလေပြီ။
"ငါတို့ သွားတော့မှာလား"
ကျိကျန်းက သက်ပြင်းချကာ ဝမ်ယုကုန်းမြေကြီးကို ကြည့်၏။
"ငါ ဒီကမ္ဘာက ထွက်ခွာသွားတာလား၊ ဒါမှမဟုတ် ဒီကမ္ဘာက ငါ့ကို စွန့်ခွာသွားတာလား"
ထို့နောက် လူငါးဦးပါသောအဖွဲ့သည် သူတို့ ပထမဆုံး ရောက်ရှိခဲ့သော သဲကန္တာရသို့ ရောက်ရှိလာပြီးနောက် ကန်းလန်ဘုံသို့ ပြန်သွားသည့် လမ်းကြောင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည် ။
ကျိယွမ်သည် ဝမ်ယုကုန်းမြေတွင် သူ ပိုင်ဆိုင်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားမိသည် ။
သို့သော် သူသည် စိုးရိမ်ပူပန်ခြင်းလည်းမဖြစ်သလို နှမြောတသဖြစ်ခြင်းလည်း မရှိခဲ့ပါ။
အလာခရီးတုန်းကလိုပင် အလင်းတန်းများကို ဖြတ်သန်းပြီးနောက် သူတို့အားလုံး ကန်းလန်နယ်မြေသို့ ပြန်ရောက်လာခဲ့ကြသည်။
ကန်းလန်မြေပေါ်သို့ ခြေချမိသည်နှင့် ကျိယွမ်သည် မသင်္ကာဖွယ်ရာ အော်ရာလေးခုကို ခံစားလိုက်ရ၏။
ကျိယွမ်၏မျက်လုံးများက သတိအနေအထားဖြစ်သွားသည်။
"တော်တော်များတာပဲ ။ သူတို့က ယဲ့ချုံးရဲ့ အကူတပ်ဖွဲ့လား"
ထိုအော်ရာလေးခုစလုံးက ယင်နတ်ဘုရားများ ဖြစ်နေသောကြောင့် ကျိယွမ်သည် ကျိကျန်ကျွင်း၏လက်လေးကိုဆုပ်ကိုင်ကာ အာရုံအပြည့်စိုက်ထားလိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲကို ဂါရဝပြုပါတယ်"
ယွင်ကျူအုပ်စိုးရှင်၏အသံက ပထမဆုံးထွက်ပေါ်လာသည်။
အခြားသူများလည်း ခါးညွတ်ကာ အရိုအသေ ပေးကြသည် ။
"အကြီးအကဲ၊ ကျွန်တော်တို့က ယဲ့ချုံးအုပ်စိုးရှင်နဲ့ မရင်းနှီးပါဘူး"
"ကျွန်တော်က လဲ့ချန်ပါ၊ အကြီးအကဲနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်"
ယင်နတ်ဘုရား လေးပါးစလုံးသည် ကျိယွမ်ကို လေးစားမှု အပြည့်ဖြင့်ကြည့်နေကြ၏ ။
ဂုဏ်သရေကြီးမားသော ယင်နတ်ဘုရားများက ကျိယွမ်အား ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးက ယင်နတ်ဘုရားကို ဆက်ဆံသကဲ့သို့ အလွန်ရိုသေစွာဆက်ဆံကြသည် ။
ထိုအပြင် လူများအားလုံးက ကျိယွမ်၏လက်ကိုဆွဲထားသော ချစ်စရာကောင်းသည့် မိန်းကလေးကို သတိပြုမိပြီး
အနည်းငယ်ထူးဆန်းနေသလို ခံစားရ၏။
"ခင်ဗျားတို့ အားလုံး အရှေ့ပိုင်းဒေသက ယင်နတ်ဘုရားတွေလား"
သူသည် အပေါ်ယံအားဖြင့် အရှေ့ပိုင်းဒေသတွင် ယင်နတ်ဘုရား သုံးပါးသာ ရှိကြောင်း သိထားသည် ။
"ဟုတ်ပါတယ်"
" ကျွန်တော်က တောင်းပန်ဖို့ လာခဲ့တာပါ"
ကျားဟိန်းသံအုပ်စိုးရှင်က ကျိယွမ်အားရိုသေလေးစားစွာ စကားဆို၏။
ကျိယွမ်၏အကြည့်က သူ့အပေါ်သို့ ကျရောက်လာရာ သူကလေးစားစွာ တုန့်ပြန်သည်။
"ကျွန်တော်က တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်း ၃၀၀ ကျော်ပါပြီး ၊ ယဲ့ချုံးအုပ်စိုးရှင်ရဲ့ အကြံအစည်တွေကို ကျွန်တော် လုံးဝ မသိခဲ့ပါဘူး"
စသည်ဖြင့်အစချီကာ အစမှအဆုံးထိ သူကလျှင်မြန်စွာရှင်းပြလိုက်သည်။
"မသိနားမလည်သူတွေက အပြစ်မရှိပါဘူး"
ကျိယွမ်က နွေးထွေးစွာ ပြုံးသည် ။
ဤလောကတွင် ခွန်အားသည် ပထမဖြစ်၏။
ထိုအတူ ဒုတိယနှင့် တတိယသည်လည်း ခွန်အားသာဖြစ်သည် ။ ခွန်အားသည်သာ အရာရာပင်။
တစ်ချိန်တုန်းက အလင်းနန်းတော်သည် လူမဆန်သောသွေးချောင်းစီးမှုများကို ဖန်တီးရန် ရည်ရွယ်ကာ တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို စတင်ခဲ့၏ ။သို့သော် မည်သည့်ယင်နတ်ဘုရားကမျှ တိုင်းပြည်တစ်ရာဘက်မှ ဝင်ရောက် စကားပြောပေးခဲ့ခြင်း မရှိခဲ့ပေ ။
အကြောင်းမှာ ခွန်အားပင်ဖြစ်၏ ။ခွန်အားမရှိလျှင် အသက်များက ပုရွတ်ဆိတ်များလို စျေးပေါသည်။
ယခုလည်း သူ၏ခွန်အားကြောင့်သာ ကျားဟိန်းသံအုပ်စိုးရှင်က ဤမျှလိမ်မာနေခြင်းပင်။
ကျိယွမ်၏ စကားကို ကြားရမှ ကျားဟိန်းသံ အုပ်စိုးရှင်သည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည် ။
သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို အမှန်တကယ် ကြောက်ရွံ့မိခဲ့သည် ။
ကုရှောင်းရောင်နှင့် အခြားစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ ဖော်ပြချက်များတွင် သွေးဝတ်စုံဓားနတ်ဘုရားသည် ဝမ်ယုကုန်းမြေ၏ ကောင်းကင်ဘုံတာအိုကို ဝါးမျိုခဲ့ကြောင်း အတည်ပြုခဲ့သည်ဆို၏ ။
ကောင်းကင်ဘုံတာအိုကို ဝါးမျိုရန်အတွက် အနည်းဆုံး မဟာအုပ်စိုးရှင်သခင်အဆင့်တွင် ရှိရမည် ။
တစ်နည်းအားဖြင့် သွေးဝတ်စုံဓားနတ်ဘုရားသည် အနည်းဆုံး မဟာအုပ်စိုးရှင်နယ်ပယ်ဖြစ်သည် ။
ထို့အပြင် သတင်းများအရ ဝမ်ယုကုန်းမြေတွင် သူဖော်ပြခဲ့သော စွမ်းအားသည် သာမန် မဟာအုပ်စိုးရှင်တစ်ဦးထက်ပင် ပိုမို ကြီးမားနေခဲ့၏။
"ခင်ဗျားတို့ရောက်လာတာ ကြိုဆိုဖို့ သက်သက်တော့ မဟုတ်ဘူးထင်တယ်"
ကျိယွမ်က ယင်နတ်ဘုရားလေးပါးကို ကြည့်လိုက်သည် ။
မည်သည့်အတွက်မှန်းမသိရသော်လည်း
အလင်းနန်းတော်ကိုဖျက်ဆီးပြီးနောက် ယွင်ကျုံးစံအိမ်သခင်ဦးဆောင်သည့် ခရမ်းရောင် နန်းတော်ကျင့်ကြံသူများနှင့် ပထမဆုံးကြုံတွေ့စဥ်ကလို သူခံစားနေရ၏။
ယွင်ကျူအုပ်စိုးရှင်က ရှေ့သို့ တက်လာပြီး
လေးစားစွာရှင်းပြသည်။
"ကျွန်တော်တို့ကအကြီးအကဲနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ချိတ်ပိတ်ထားပြီးပါပြီ ။ ကျွန်တော်တို့ လေးယောက်အပြင် ရေခဲဝိညာဉ်အုပ်စိုးရှင်တစ်ယောက်ပဲ အကြီးအကဲအကြောာင်းကို သိပါတယ်"
"ခင်ဗျားနဲ့ ရေခဲဝိညာဉ်တို့ ပြသခဲ့တဲ့ ကူညီမှုကို ကျွန်တော်မှတ်ထားလိုက်ပါမယ်"
ကျားဟိန်းသံအုပ်စိုးရှင် ရှင်းပြခဲ့သောစကားများတွင် ယွင်ကျူ၏ သွေးဝတ်စုံမဟာမိတ်ကိုအကူအညီပေးခဲ့ခြင်း အပါအဝင် အရာအားလုံးကို ရှင်းပြပြီးသားဖြစ်၏။
ယွင်ကျူအုပ်စိုးရှင်၏ ရင်ထဲ၌အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည် ။
ငါက မကောင်းတတ်လို့ကူညီလိုက်တာ တော်တော်အကျိုးရှိသွားတယ်။ပြီးတော့ ငါသတိကြီးလို့ပေါ့ ၊ မဟုတ်ရင် ယဲ့ချုံးနဲ့အတူ ပျက်စီးသွားလောက်ပြီ။
"အကြီးအကဲ၊ ကျွန်တော်တို့ အကူအညီ တောင်းခံဖို့ လာခဲ့တာပါ"
ယွင်ကျူက စကားစလိုက်ရာ အခြားယင်နတ်ဘုရားများက ကျိယွမ်ကို ကြည့်လာကြသည် ။
"ဘာလဲ"
ကျိယွမ်က အလကားရသော နေ့လယ်စာဟူ၍ မရှိကြောင်း သဘောပေါက်၏။
"မဟာကပ်ဘေးကြီးရောက်လာတဲ့အခါ၊ အကြီးအကဲက ကျွန်တော်တို့ကို ဝမ်ယုကုန်းမြေမှာ ခိုလှုံခွင့်လေးပေးဖို့ မျှော်လင့်ပါတယ်"
ယွင်ကျူက မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုလိုက်၏။
သာမန်မဟာအုပ်စိုးရှင်တစ်ပါးဆိုလျှင်တော့ မဟာကပ်ဘေးကြီးမှ အသက်ရှင်နိုင်မည်မဟုတ်ပေ။
ထိုအတူ သာမန်ဝမ်ယုကုန်းမြေဆိုလျှင်လည်း ၎င်းထဲသို့ ဝင်ရောက်ခြင်းသည် မဟာကပ်ဘေးမှ ကာကွယ်နိုင်မည် မဟုတ်ပေ ။
သို့သော် ကောင်းကင်ဘုံတာအိုကို ဝါးမျိုခဲ့သော မဟာအုပါစိုးရှင်တစ်ပါးဆိုလျှင်တော့ ကွာခြားသွားလေပြီ။
ဝမ်ယုတိုက်ကြီးအတွင်းထဲတွင် ပုန်းအောင်းနေခြင်းဖြင့် ကပ်ဘေးကြီးကို ရှောင်ရှားရန် အခွင့်အလမ်းကောင်းများ ရှိလာနိုင်သည် ။
ကျိယွမ်က ယင်နတ်ဘုရားများကို ကြည့်လိုက်သည်။
"ခင်ဗျားတို့ အကူအညီ လိုချင်တယ်ဆိုရင် ရိုးရှင်းပါတယ် ။ ကျွန်တော် နည်းစနစ်တွေ လိုအပ်တယ်၊ တတ်နိုင်သမျှ များများရလေ ကောင်းလေပဲ"
သူတို့ပြောနေသော မဟာကပ်ဘေးဆိုးကြီးက ရောက်ရှိလာရန် ရာစုနှစ်များစွာဝေးနေသေးသည် ။
ထို့ကြောင့် အချိန်များစွာ ကျန်နေသောကြောင့် အကျိုးရှိစွာအသုံးချရလိမ့်မည်။
"အကြီးအကဲမှာ တခြားအခြေအနေတွေ ရှိပါသေးလား"
လဲ့ချန်အုပ်စိုးရှင်က မေးလိုက်သည် ။
သွေးဝတ်စုံဓားနတ်ဘုရား၏ တောင်းဆိုမှုမှာ အလွန် လွယ်ကူလွန်းနေသည်ဟု ထင်မိ၏။
"လောလောဆယ် ဒါပဲ ။ ကျန်တာကို နောက်မှ စဥ်းစားမယ်"
ကျိယွမ် ခေါင်းရှုပ်မခံချင်ပုံဖြင့် ပြန်ဖြေသည် ။
အခြားသော ယင်နတ်ဘုရားများသည်လည်း ထိုအခြေအနေကို အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိသည် ။
သူတို့သည် ကျိယွမ်ကို ပိုမိုပြင်းထန်သောတောင်းဆိုမှုများ ပြုလုပ်ရန် တောင်းပန်ချင်စိတ်များပင် ပေါက်နေကြ၏။
သူများများတောင်းထားမှ ငါတို့ကို များများ ဂရုစိုက်မှာ။
...................
ရှင်းဟွာဖိုရမ်တွင် ဖြစ်သည်။
မြေခွေးဂူမှ လီလေးသည် အခြားသူများနှင့် အပြင်းအထန် ငြင်းခုံနေသည် ။
"သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲက ဖြောင့်မတ်သူတစ်ယောက်ပါ ။ သူက အများအကျိုးအတွက်ကြည့်ပြီး ရက်စက်တဲ့ တိုင်းပြည်တစ်ရာ သွေးစစ်ပွဲကို ရပ်တန့်ဖို့ အလင်းနန်းတော်ကို တစ်ယောက်တည်း ဆန့်ကျင်ခဲ့တာ"
"ဖြောင့်မတ်တယ်ဆိုတာ ဘာမှမဟုတ်တဲ့ စကားတွေ ။ ဒီလို ကျင့်ကြံသူတွေက သူတို့ရဲ့ အကျိုးစီးပွားကိုပဲဂရုစိုက်ကြတာ ။ သွေးဝတ်စုံဓားနတ်ဘုရားက မာနကြီးပြီး မောက်မာလွန်းတယ် ၊၊ ယဲ့ချုံးအုပ်စိုးရှင်ရဲ့လက်ချက်နဲ့ သေသင့်တယ် ။"
"သွေးဝတ်စုံမဟာမိတ်အဖွဲ့မှာ စုဝေးနေကြတဲ့ ယင်နတ်ဘုရားတွေဟာ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ရတနာတွေကို လုယူဖို့ ရောက်လာကြတာလို့ ငါလောင်းရဲတယ် ။
သွေးဝတ်စုံဓားနတ်ဘုရားက အဲဒီရတနာတွေကို သာမန်ကျင့်ကြံသူအများကြီးကို သတ်ဖြတ်ပြီး လုယူခဲ့တယ်ဆိုတာ ရှင်းနေတာပဲ"
"တော်စမ်း...မဟုတ်တမ်းတရားတွေ ၊ ဒါက သပ်သပ် အသရေဖျက်တာပဲ"
မြေခွေးဂူမှလီလေးသည် ဒေါသထွက်ကာ သူမ၏ပုံရိပ်ကျောက်တုံးဖြင့် အရာအားလုံးကို လျင်မြန်စွာမှတ်တမ်းတင်တော့သည် ။
"သွေးဝတ်စုံဓားနတ်ဘုရားအနေနဲ့ ငါက သူ့ကို အသရေဖျက်နေတယ်လို့ ထင်ရင် ငါ့ကို လာရင်ဆိုင်နိုင်တယ် ။ သူ သတ္တိမရှိရင်တော့ ဒါဟာ သူလုပ်ခဲ့ပါတယ်လို့ ဝန်ခံလိုက်တာ မဟုတ်ဘူးလား ။ဒါမှမဟုတ် သူ သေသွားတာလည်း ဖြစ်နိုင်တယ် ၊ ဟားဟား ဟားဟား"
"နင်...နင်တို့"
ထိုကွန်မန့်များကို မြင်သောအခါ လီလေးမှာ အလွန် ဒေါသထွက်သွားသည် ။
သို့သော် သူမသည် ထိုပို့စ်များကိုသာ မှတ်တမ်းတင်ရုံသာတတ်နိုင်ခဲ့၏။
ကြာရှည်စွာ ငြင်းခုံပြီးနောက် ဒေါသထွက်လွန်း၍ ပင်ပန်းနွမ်းနယ်လာသည်ဟုပင်ခံစားခဲ့ရသည်။
တော်ပြီ ထွက်တော့မယ် ။
သူမ ဖိုရမ်မှ ထွက်ခွာရန် စဥ်းစားလိုက်စဥ်မှာပင် ဖိုရမ်ပေါ်တွင် ပို့စ်အသစ်တစ်ခု ပေါ်လာခဲ့သည်။
လာပြန်ပြီလား အသရေဖျက်ပိုစ့်တွေ။
သို့သော် သူမက ထိုပိုစ့်ကိုဖတ်လိုက်သောအခါ မျက်ခုံးကွေးကွေးလေးများပင် တွန့်ချိုးသွားခဲ့သည်။
"လူတိုင်းရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ် ။ ကျွန်တော် သွေးဝတ်စုံဓားနတ်ဘုရားကို ယင်နတ်ဘုရားတွေက တကယ်ပဲ ဝိုင်းပြီးလုပ်ကြံခဲ့ကြတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့က အရမ်းအားနည်းလွန်းနေတယ်"
" ကျွန်တော် ဝမ်းယုကုန်းမြေမှာ ရှိနေတုန်းက တစ်နေ့မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို မကောင်းပြောနေတာ ကြားလိုက်ရတယ် ။ကျွန်တော် ကြည့်လိုက်တော့ ယဲ့ချုံးနဲ့ ယိုချင်း ဖြစ်နေတာကို တွေ့ရပြီး သူတို့ကဒီမိုရာမျိုးနွယ်နဲ့အတူ ကျွန်တော့်ကို မကောင်းပြောနေကြတာပဲ ။ ကျွန်တော် သည်းမခံနိုင်တော့ဘဲ သူတို့ကို ချက်ချင်း ကွပ်မျက်လိုက်တယ်"
မြေခွေးဂူမှ လီလေး ဝမ်းသာစိတ်နဲ့အတူ တုန်လှုပ်သွားလေ၏။
"အိုး...သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲက အသက်ရှင်နေတုန်းပဲတော့"
သူမက ထိုပိုစ့်တွင်လျင်မြန်စွာ ကွန်မန့်ရေးလိုက်သည်။
"အကြီးအကဲ အသက်ရှင်မယ်ဆိုတာ ကျွန်မ သိသားပဲ ။ ဘာပဲဖြစ်ဖြစ် အရမ်း အံ့သြဖို့ကောင်းတယ် ။ သူငယ်ချင်းအဖြစ် လက်ခံပေးနိုင်မလား"
"လာခဲ့ပါ၊ ငါ နင့်ကို လက်ခံပေးမယ်"
သူမ ရေးပြီးပြီးချင်းမှာပင် သွေးဝတ်စုံဓားနတ်ဘုရားက အကြောင်းပြန်သဖြင့် သူမအလွန်ဝမ်းမြောက်သွားလေ၏။
"အကြီးအကဲက ငါ့ကို သူငယ်ချင်းအဖြစ် တကယ် လက်ခံပေးလိုက်တယ်"
သူမသည် အလွန်ဝမ်းသာပျော်ရွှင်နေပြီး သူမ၏မျိုးနွယ်စုမှ အကြီးအကဲများကို ပြောပြချင်သော်လည်း ခေတ္တစဥ်းစားပြီးနောက် မပြောရန် ဆုံးဖြတ်လိုက်သည် ။
"အကြီးအကဲ ရှင်ထွက်သွားပြီးနောက် ရှင်းဟွာဖိုရမ်ထဲက လူတွေအများကြီးက ရှင့်နောက်ကွယ်မှာ မကောင်းပြောနေကြတယ်"
သူငယ်ချင်းဖြစ်သွားသည်နှင့် မြေခွေးဂူမှ လီလေးသည် ဖိုရမ်တွင် ဖြစ်ပျက်ခဲ့သည်များကို သူ့အား လျင်မြန်စွာ ပြောပြလိုက်သည် ။
"ဘာ၊ တစ်ယောက်ယောက်က ငါ့နောက်ကွယ်မှာ မကောင်းပြောနေတာလား"
"မဟုတ်မဟပ်တွေလည်း စွပ်စွဲတယ်ပေါ့"
ကျိယွမ် ချက်ချင်းဒေါသထွက်သွား၏။
"အင်တာနက်ဆိုတာ ဥပဒေမဲ့မဟုတ်ဘူး ။ ဒီလူတွေဟာ တန်ဖိုးကို ပေးဆပ်ရမယ်"
သူ အွန်လိုင်းတွင် မရှိခိုက် တစ်စုံတစ်ယောက်က သူ့ကို ကျိန်ဆဲနေခဲ့သည် ။
"အကြီးအကဲ ၊ ကျွန်မ အားလုံးကို မှတ်တမ်းတင်ထားပါတယ် ။ ရှင့်ကို ပို့ပေးရမလား"
မြေခွေးဂူမှ လီလေးက ထပ်မံမေးလ်ုက်သည်။
"ပုံရိပ်ကျောက်တုံးကို ရှင့်ဆီ ဘယ်လို ပို့ရမလဲ"
"လွယ်ပါတယ် ။ နငိဘယ်မှာ ရှိလဲဆိုတာ အတိအကျ ပြောပြပါ၊ ငါ့သမီးရဲ့ ကိုယ်ပွားကို နင်နဲ့ လာတွေ့ဖို့ လွှတ်ပေးမယ်"
ကျိယွမ်သည် ယင်နတ်ဘုရား မဟုတ်သောကြောင့် မိုင်ပေါင်းထောင်ဂဏန်းများစွာကို ချက်ချင်း ဖြတ်ကျော်နိုင်သော ကိုယ်ပွားကို နတ်စွမ်းအားဖြင့် ဖန်တီးနိုင်ခြင်း မရှိပေ ။
"အကြီးအကဲရဲ့ သမီးလား"
တစ်ဖက်တွင်ရှိနေသော မြေခွေးဂူမှ လီလေးသည် အလွန် စိတ်လှုပ်ရှားနေခဲ့သည် ။
အကြီးအကဲရဲ့ သမီးက တကယ်ပဲငါ့ကို လာတွေ့တော့မယ်။
သူမသည် လိပ်စာကို သွေးဝတ်စုံဓားနတ်ဘုရားထံ လျင်မြန်စွာ ပို့လိုက်သည် ။
"ခဏကြာရင် ငါ့သမီးရောက်လာလိမ့်မယ် ။ သူမကို ပုံရိပ်ကျောက်တုံး ပြလိုက်ပါ"
"ကောင်းပါပြီ"
မြေခွေးဂူမှလီလေးသည် အနည်းငယ်တော့စိုးရိမ်နေသည် ။
သူမသည် သွေးဝတ်စုံဓားနတ်ဘုရားကို မတွေ့ရသေးခင် သူ၏သမီးကို တွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ ။
သူလာရင် ငါဘယ်လိုဆက်ဆံရင်ကောင်းမလဲ။
ထိုအရာကို စဥ်းစားရင်မှ လီလေးသည် သူမ မေ့နေသောအရာတစ်ခုကို ရုတ်တရက်စဥ်းစားမိပြီး သူမ၏ မျက်နှာသည် ဖြူဖျော့သွားသည် ။
"သေစမ်း ။ မြေခွေးဂူက တားမြစ်နယ်မြေပဲ၊ အပြင်လူတွေကို အထဲကို ဝင်ခွင့်မပြုဘူး ။
တစ်ယောက်ယောက် လာတွေ့မယ်ဆိုတာ ကို ဖွားဖွားသိရင် ငါအရင်လ်ုပဲအဆူခံရမှာ သေချာတယ်"
လီလေးမှာ မည်သို့လုပ်သင့်သနည်းဟု တွေးကာ ခေါင်းရှုပ်သွားရသည်။
သူငယ်ချင်းတစ်ယောက် လာတွေ့မည်ဟု အဖွားအား ပြောပြသင့်မသင့် စဥ်းစားနေသည် ။
ထိုအချိန်တွင် မြေခွေးဂူ၏ တားမြစ်နယ်မြေအတွင်း၌ ပြင်းထန်သောအရှိန်အဝါတစ်ခုက ရုတ်တရက်ရောက်ရှိလာ၏။
ထိုအော်ရာကြောင့် အိုမင်းသောပုံရိပ်တစ်ခု က တားမြစ်နယ်မြေထဲမှ ပျံသန်းလာခဲ့သည်။
သူမက အလွန်သတိထားသော အမူအယာဖြင့် ပတ်ဝန်းကျင်ကိုစစ်ဆေး၏။
"ဘယ်အကြီးအကဲကများ ကျွန်မတို့ရဲ့ မြေခွေးဂူကို ရောက်လာတာလဲ ။ ကိုယ့်ကိုယ်ကိုယ် ဖော်ပြပေးပါ"
မြေခွေးဂူဘွားဘွားသည် ခရမ်းရောင်နန်းတော်အဆင့်တစ်ဦး ဖြစ်သည် ။ သူမကျင့်ကြံနေစဥ် အားကောင်းသောတည်ရှိမှုတစ်ခု ချဥ်းကပ်လာသည်ကို ရုတ်တရက် ခံစားမိသောကြောင့် လျင်မြန်စွာထွက်လာခဲ့ခြင်းပင်။
ထိုအော်ရာသည်မည်သူ့ထံမှ လာသည်ကိုမသိရသော်လည်း သူမထက် ပို၍အားကောင်းသည်ကတော့ သေချာသည် ။
သူမသည် လက်စားချေရန် လာသော ရန်သူ တစ်ယောက်ယောက်ဖြစ်မည်ကို ကြောက်ရွံ့ပြီး သိသိသာသာစိတ်ပူသွား၏။
ရန်သူက သူမထက်ခွန်အားများစွာသာလွန်နေလျှင် သူမ၏မြေခွေးလှိုဏ်ဂူအတွက် ကံကြမ္မာဆိုးရွားသွားနိုင်မဟုတ်ပါလား။
သူမရှာဖွေနေစဥ်မှာပင် ပြင်းထန်သော အရှိန်အဝါသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည် ။
မြေခွေးဂူဘွားဘွား၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။
"ယင်... ယင်နတ်ဘုရား"
ထိုကဲ့သို့သော အရှိန်အဝါမျိုးသည် ယင်နတ်ဘုရား၏အရှိန်အဝါဖြစ်သည်မှာ ရှင်းနေသည် ။
ဘယ်လိုအုပ်စိုးရှင်တစ်ပါးက မြေခွေးဂူကို
ရောက်လာခဲ့တာလဲ။
အော်ဟစ်ကာမေးလိုက်မိသည်ကိုပင် နောင်တရချင်သွား၏ ။အမှတ်မထင်ဖြတ်သန်းသွားသော ယင်နတ်ဘုရားတစ်ပါးကို အနှောင့်အယှက်ပေးမိ၍ ဒေါသထွက်သွားလျှင် လက်ဖဝါးတစ်ချက်တည်းဖြင့် သူတို့ကို ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့နေသည် ။
မြေခွေးဂူဘွားဘွားထိတ်လန့်နေစဥ်မှာပင် သူမ၏ရှေ့တွင် သေးငယ်ပြီး နူးညံ့သော ပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုအရာသည် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦး၏ ပုံရိပ်တစ်ခုမျှသာ ဖြစ်သည် ။
သို့သော် ပုံရိပ်မျှဖြင့်ပင် မြေခွေးဂူကို အလွယ်တကူဖျက်ဆီးပစ်နိုင်သည် ။
သေးငယ်ပြီး ချစ်စရာကောင်းသော ထိုမိန်းကလေးငယ်သည် တောက်ပစွာပြုံးပြပြီး စကားဆိုသည်။
"မကြောက်ပါနဲ့ ။ ကျွန်မအဖေရဲ့ အမိန့်နဲ့ မြေခွေးဂူက လီလေးဆီကနေ တစ်ခုခု ယူဖို့ လာခဲ့တာပါ"
ကျိကျန်ကျွင်းသည် အဘွားအို၏ ထိတ်လန့်ပြီး ရှုပ်ထွေးနေသည်ကို မြင်သောအခါ နောက်ထပ်စကားမဆိုတော့ဘဲ မြေခွေးဂူထဲမှ လီလေးဆီသို့တိုက် ရိုက်ဝင်ရောက်သွားသည်။
ထိတ်လန့်နေသော အဘွားအို မျက်လုံးများပြူးသွား၏။
လီလေးက ဘယ်လိုလုပ်ပြီး ယင်နတ်ဘုရားတစ်ပါးနဲ့ ရင်းနှီးနေတာလဲ။ ယင်နတ်ဘုရားရဲ့ အဖေဆိုတာကရော..
ဂူအပြင်ဘက်၌ မြေခွေးဂူဘွားဘွား တုန်လှုပ်ကျန်နေခဲ့သလို ဂူအထဲ၌လည်း လီလေးသည် တုန်ယင်နေ၏ ။ ယင်နတ်ဘုရားတစ်ပါးကို လူကိုယ်တိုင် ရင်ဆိုင်ရသည်မှာ သူမအတွက် အလွန်ကြောက်မက်ဖွယ်အတွေ့အကြုံကြီးကို ခံစားရသလိုပင် ။
"အကြီးအကဲ... ဒီမှာပုံရိပ်ကျောက်တုံးပါ"
မြေခွေးဂူမှ လီလေးသည် ပုံရိပ်ကျောက်တုံးကို ကျိကျန်ကျွင်းအား လျင်မြန်စွာ လွှဲပြောင်းပေးလိုက်သည် ။
ကျိကျန်ကျွင်းက ပုံရိပ်ကျောက်တုံး၏ အကြောင်းအရာကို ကြည့်လိုက်ပြီး သူမ၏ နုညံ့သောအပြုံးက ပျောက်ကွယ်သွားသည်။
"သူတို့က ငါ့အဖေရဲ့ နောက်ကွယ်မှာ မကောင်းပြောရဲကြတာလား ။ သူတို့ အဆုံးသတ်ပြီသာမှတ်"
ကျိကျန်ကျွင်းသည် ပုံရိပ်များကိုကြည့်ရင်းသွားများကို ကြိတ်လိုက်သည် ။
လီလေးက စကားပြောရန် သတ္တိမွေးကာ ဖျစ်ညှစ်ပြောလေသည်။
"အဲဒီလူတွေက တကယ်ပဲ အရမ်းဉာဏ်များလွန်းတယ် ။ သွေးဝတ်စုံဓားနတ်ဘုရားက ရှင်းဟွာဖိုရမ်မှာ ပို့စ်တင်ပြီးနောက်မှာတောင် တချို့လူတွေက သူ့လို ဂုဏ်သိက္ခာရှိတဲ့ ယင်နတ်ဘုရားက ဒီလို ကိစ္စသေးသေးလေးတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ အကာအကွယ်ယူပြီး ပြောနေကြတုန်းပဲ"
"ဘာလို့ စိတ်မဝင်စားရမှာလဲ"
ကျိကျန်ကျွင်း၏ မျက်လုံးများက စူးရဲသွားခဲ့သည်။
"ငါတို့က အားကောင်းတဲ့သူတွေနဲ့ပဲ တိုက်ခိုက်ရမယ်လို့ ဘယ်သူပြောလဲ ၊
သူတို့ ငါ့အဖေကို မကောင်းပြောရဲတာက ကိစ္စသေးသေးလေးလား ။ ဘာပဲဖြစ်ဖြစ် သူတို့ အဆုံးသတ်သွားပြီ"
ကျိကျန်းကျွင်းသည် အကြောင်းအရာအားလုံးကို မှတ်သားထားသည် ။
သူမက မထွက်ခွာမီ မြေခွေးဂူမှဘွားဘွားကို ကြည့်သည် ။
"လီလေးက ကျွန်မအဖေရဲ့ သူငယ်ချင်းပါ"
ထိုသို့ပြောပြီးနောက် ကျိကျန်ကျွင်း၏ အရိပ်သည် ပျောက်ကွယ်သွား၏ ။
မြေခွေးဂူဘွားဘွားသည် မြေခွေးဂူထဲမှ လီလေးနေထိုင်သောအပိုင်းသို့ ချက်ချင်းဝင်ရောက်သွားသည်။
ထို့အပြင် သူမ၏လေသံသည် အရင်ကထက်ပိုမို နူးညံ့နေပြီး သူမ၏ မျက်နှာတွင် ကြင်နာမှုများ အပြည့်ရှိနေ၏။
"လီလေး.. သမီးလေး..ဘွားဘွားကို ပြောပြပါဦးကွယ် ၊ အဲဒီအုပ်စိုးရှင်နဲ့ဘယ်လို တွေ့ခဲ့တာလဲ"
လီလေးသည် အဘွားအိုအား မမြင်ဖူးသူလို ငေးကြည့်မိသည်။
ငါ့က်ု ဒီလိုလေသံ ဒီလိုမျက်နှာထားနဲ့ ဘယ်တုန်းက ဆက်ဆံဖူးလို့လဲ ။ လောကကြီးကလည်း တရားကျဖို့ကောင်းလိုက်တာ။
"အဖွား၊ ကျွန်မ ရှင်ဟွာဖိုရမ်မှာ သူ့ကို တွေ့ခဲ့တာပါ"
လီလေးသည် သွေးဝတ်စုံဓားနတ်ဘုရားကို မည်သို့ သိကျွမ်းခဲ့ကြောင်း ရိုးသားစွာ ပြန်ပြောပြသည် ။
သူမ၏စကားကို ကြားသောအခါ အဘွားအို၏ အပြုံးသည် ပို၍ပင်ပြုံးဖြီးနေတော့သည်။
"လီလေး... သမီး ကောင်းကောင်း လုပ်ခဲ့တယ်"
အဘွားအိုသည် တစ်ခုခုကို တွေးမိဟန်ဖြင့် လီလေးအားမေးလိုက်၏။
"သမီး အမြီးကိုးချောင်းသစ်သီးကို အမြဲ လိုချင်ခဲ့တာ မှတ်မိတယ်၊ ဒါပေမဲ့ သမီးမှာ ရမှတ်မလုံလောက်ခဲ့ဘူးလေ "
"ကံကောင်းတာက အဖွားဆီမှာ အသုံးမပြုရသေးတဲ့ သစ်သီးရှစ်လုံး ကျန်နေသေးတယ် ။ အဖွား သမီးကို ပေးလိုက်မယ်"
အဖွားအိုသည် သစ်သီးရှစ်လုံးကို လီလေးအား ချက်ချင်းပေးလိုက်၏ ။
အသီးများကို မြင်သောအခါ လီလေး၏ မျက်နှာသည် ဝမ်းသာလွန်း၍ အလွန်ရွှင်လန်းသွားတော့သည်။
နှစ်တစ်ရာစုမှတစ်လုံးသာရနိုင်သော အသီးကို တစ်ခါတည်းရှစ်လုံးရမှတော့ မည်သူကမပျော်ဘဲနေမည်နည်း။
"ကျေးဇူးတင်ပါတယ် အဖွား"
...
သွေးဝတ်စုံမဟာမိတ်အဖွဲ့ တွင်ဖြစ်သည်။
ကျိယွမ်သည် ဒေါသထွက်နေသောမျက်နှာဖြင့် လှောင်ပြောင်သလို ပြုံးနေ၏။
"သူတို့ ငါ့နောက်ကွယ်မှာ မကောင်းပြောရဲကြပြီး ငါ့ကို ကိုယ့်ကျင့်တရားနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားကြတယ် ။ သူတို့ တကယ်ပဲ သေခြင်းတရားကို တောင်းဆိုနေကြတာပဲ"
ကျန်ယာသည် သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည် ။
သူမက ထိုကိစ္စကို ကိစ္စကြီးကြီးမားမားအဖြစ် မမြင်ပေ ။ ကြော်ကြားသူများအကြောင်း အတင်းအဖျင်းများရှိတတ်သည်မှာ သဘာဝပင် ။ အားလုံးကို လိုက်ခံစားနေစရာလည်း မလိုပေ။
စစ်မှန်မဟာဉာဏ်ပညာရှိ ကျိကျန်းက အကြံပေးသည်။
"ကျွန်တော် ထင်တာကတော့ သွေးဝတ်စုံမဟာမိတ်အဖွဲ့ဟာ ဒီလို မကောင်းပြောမှုမျိုးကို အရင်းအမြစ်ကနေ ချေမှုန်းပစ်ဖို့ ပထမဆုံးစစ်ဆင်ရေးကို အခုပဲ စတင်သင့်ပါတယ်"
"မှန်တယ်၊ ဒါက ကိုယ်ရေးကိုယ်တာ လက်စားချေတာ မဟုတ်ဘူး ။ ဒါဟာ ကျင့်ကြံခြင်းလောကရဲ့လေထုကို ပြုပြင်ပေးဖို့ ဖြစ်တယ်"
ကျိယွမ်၏ မျက်လုံးများ လင်းလက်လာပြီး ယခုလုပ်ရပ်များ၏ အရေးပါမှုကို မြှင့်တင်လိုက်သည်။
"ကျင့်ကြံခြင်းလောကဟာ အညစ်အကြေးတွေနဲ့ ပြည့်နေတယ်၊ လေထုကိုပစ်ထားရင် အဆိပ်သင့်သွားမှာပေါ့ ၊ ငါ့ဆီကနေ စပြီးပြောင်းလဲရမယ်"
ထိုအချိန်တွင် အပြင်ထွက်သွားသော ကျိကျန်ကျွင်း ပြန်ရောက်လာခဲ့သည်။
"ဖေဖေ၊ ကျွန်မ ရှင်ဟွာဖိုရမ်ရဲ့ ဒုတိယခေါင်းဆောင်ဆီကနေ လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ပြီးပါပြီ"
ကျိကျန်ကျွင်းသည် သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး အတော်လေး ဂုဏ်ယူနေပုံရလေ၏ ။
ထို့နောက် သူတို့သုံးယောက်သည် အခြားကိစ္စများကို မေ့ကာ မည်သို့မည်ပုံ လက်စားချေကြမည်ကို ချက်ချင်း အားကြိုးမာန်တက်ဆွေးနွေးကြသည် ။
ကျန်းယာသည် သူတို့သုံးယောက်၏ ဆွေးနွေးပွဲကို ကြည့်နေရင်းမှ အဘယ့်ကြောင့် ထိုသူများသည် သာမန်မဟုတ်ရလေသနည်းဟု ခံစားရသည် ။
အဖေက မဟာအုပ်စိုးရှင် ယင်နတ်ဘုရား၊ သမီးက အုပ်စိုးရှင်ယင်နတ်ဘုရား ...ဒီလိုကြီးမားတဲ့ဂုဏ်သိက္ခာတွေကိုမှ မထောက် ၊ ဘာမဟုတ်တဲ့ အောက်ခြေကကျင့်ကြံသူတွေကို လက်စားချေမယ်တဲ့လား ။ ဘယ်လို သားအဖလဲ ။
ကျန်းယာမှာ စိတ်ပျက်လက်ပျက်ခေါင်းရမ်းချင်သော်လည်း မရမ်းရဲပါ။
တော်ကြာ ငါ့ပါလက်စားချေနေမယ် ။
....................
အရှေ့ပိုင်းဒေသ၊ ရေနတ်ဘုရားကုန်းမြေတိုက်ကြီးတွင်ဖြစ်သည်။
လီချီမြို့သည် အတော်လေး ဝေးလံပြီး အနည်းငယ်ခေါင်သော မြို့လေးတစ်ခုဖြစ်၏။
သို့သော် ကျင့်ကြံသူများနေထိုင်ရာမြို့ဖြစ်ပြီး ကျင့်ကြံခြင်းဂိုဏ်းများလည်း ရှိသည်။
ထိုဂိုဏ်းများအားလုံးကို အမြုတေအထွတ်အထိပ်အဆင့် ဂိုဏ်းတစ်ခုက ဦးဆောင်နေသည် ။
ဝမ်ရှန်းဟိုင်သည် နှုတ်ခမ်းနီစံအိမ်တွင် ပျော်ပါးနေသော်လည်း သူ၏နဖူးများကို ရှုံ့တွသည်အထိ စဥ်းစားကာ စိတ်မပြေနိုင် ဖြစ်နေသည် ။
သူနှင့်အတူ အခြားသောကျင့်ကြံသူအုပ်စုတစ်စုသည်လည်း သောက်စားပျော်ပါးနေကြသည် ။
"ဝမ်၊ မင်း ဘာလို့ ဒီလောက် မှိုင်နေတာလဲ"
အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက သတိထားမိသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။
" ယဲ့ချုံးအုပ်စိုးရှင်က အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားကို အောင်မြင်စွာ သတ်နိုင်မယ်လို့ ငါ အစက ထင်ခဲ့တာ၊ ဒါပေမဲ့ သူကယင်နတ်ဘုရားဖြစ်နေပြီး အသုံးမကျလွန်းလို့ သွေဝတ်စုံဓားနတ်ဘုရားက သူ့ကို ပြန်သတ်လိုက်တယ်လေ ၊ သွားပြီပေါ့"
ဝမ်ရှန်းဟိုင် ပေါက်ကွဲနေသည်။
ယခင်ကတည်းကပင် သူသည် ရှင်ဟွာဖိုရမ်တွင် သူမြင်တွေ့ခဲ့ရသော အဓိက ဖြစ်ရပ်များကို အပေါင်းအသင်း ငယ်သားများကို မကြာခဏ ပြောပြလေ့ရှိပြီး ချီးကျူးမှုများစွာ ရရှိခဲ့သည် ။
အမြုတေအဆင့်ကျင့်ကြံသူသည် သူ၏စကားကို ကြားသောအခါ ခေါင်းခါ၏။သူက အစကတည်းက ဝမ်ရှန်းဟိုင်၏လုပ်ရပ်ကို သဘောမကျခဲ့ပါ။
တစ်နေကုန် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေတဲ့ ဝမ်ရှန်းဟိုင်လိုကောင်က ဓားနတ်ဘုရားနတ်ဆိုးဟု ခေါ်ဝံ့တယ်လား ။
"ဝမ်၊ မင်း သတိထားသင့်တယ် ။ အဲဒီ ယင်နတ်ဘုရားသာ မင်းရဲ့စကားတွေကို ကြားရင် လိုက်လာနိုင်တယ်"
"ငါတို့က ဒီလိုဝေးလံတဲ့ နောက်ဖေးနေရာမှာ ရှိနေတာ ။ စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဒီကို လာရင်တောင် အံ့သြလွန်းလို့ နှစ်ပေါင်းများစွာ ပြောကြလိမ့်မယ် ၊ ယင်နတ်ဘုရားလိုအဆင့်က ဘယ်လိုလုပ်လာမှာလဲ"
ထိုကိစ္စကိုတော့ ဝမ်ရှန်းဟိုင်သည် ယုံကြည်စိတ်ချပြီး ကြောက်ရွံ့ခြင်း မရှိပေ ။
ထိုသို့သော ဂုဏ်သရေကြီးမားသူတစ်ဦးသည် သူ့လို အရေးမပါသူတစ်ဦးကို ဂရုစိုက်မည် မဟုတ်ပေ ။
သို့သော် ထိုအချိန်မှာပင် ဝမ်းနည်းဖွယ် ဆူနာတေးသံသည် ရုတ်တရက် လေထဲတွင် ပြည့်နှက်သွား၏။
နှုတ်ခမ်းနီစံအိမ်တွင်ရှိနေသော အမြုတေအဆင့်ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြသည် ။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ရှေ့တွင် သွေးနီရောင်ဝတ်စုံ ဆင်တူဝတ်ဆင်ထားသော ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်သည် ဆူနာများကို တီးခတ်ရင်း ရုတ်တရက် ပေါ်လာခဲ့ကြသည်မဟုတ်ပါလား ။
ထိုကျင့်ကြံသူတစ်ဦးစီတွင် သူတို့၏ကျင့်ကြံမှုအဆင့်ကို မခွဲခြားနိုင်လောက်အောင် နက်ရှိုင်းသော အငွေ့အသက်များ ရှိကြ၏။
သေချာသည်ကတော့ အနည်းဆုံး စိတ်ဝိညာဉ်အဆင့် ရှိသည် ။
ထိုအချိန်တွင် သွေးနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦး ပေါ်လာပြီး ဝမ်ရှန်းဟိုင်ကိုကြည့်ကာ ကျေနပ်သော အမူအရာဖြင့် မေးလိုက်သည်။
"မင်းက ငါ့နောက်ကွယ်မှာ မကောင်းပြောနေတဲ့သူလား"
ဖြစ်ပျက်လာသည်များကို ထူးဆန်းသည်ဟုတွေးကာ ပရိတ်သတ်တစ်ယောက်လိုငေးနေသော ဝမ်ရှန်းဟိုင်မှာ သူ့ကိုတည့်တည့်မေးလာသဖြင့် တုန်လှုပ်သွားပြီး ချက်ချင်း သတိပြန်ဝင်လာသည်။
"အ....အကြီးအကဲ... ခင်ဗျားက"
သူသည် သူ၏ရှေ့မှ အမျိုးသားကို မသိသော်လည်း သူ၏ကျင့်ကြံမှုအဆင့်သည် မုချ အလွန်မြင့်မားလှ၏ ။
"မင်းက ရှင်ဟွာဖိုရမ်မှာ ငါ့ကို ယဲ့ချုံးက အပိုင်းပိုင်း ဆုတ်ဖြဲသတ်သင့်တယ်၊ ငါ သေရင် အရှေ့ပိုင်းဒေသရဲ့ ကောင်းကင်က ကြည်လင်သွားမယ်လို့ ပြောတဲ့သူ မဟုတ်ဘူးလား"
ကျိယွမ်သည် ဝမ်ရှန်းဟိုင်ကို ကြည့်ပြီး တောက်ပစွာ ပြုံးသည် ။
"ခင်ဗျား... ခင်ဗျားက သွေးဝတ်စုံဓားနတ်ဘုရားပဲ"
ဝမ်ရှန်းဟိုင်သည် သွေးရောင်ဝတ်စုံနှင့်ကျိယွမ်ကို ကြည့်ပြီး သူ၏ နောက်တွင်ရှိနေသော ဆူနာတီးသူများကို ကြည့်မိသည် ။
ထိုပုံစံသည် သွေးဝတ်စုံဓားနတ်ဘုရား၏
ကျော်ကြားသော ပုံစံဖြစ်ကြောင့် သူအမှတိရသွားခဲ့၏။
သူက ဂုဏ်သိက္ခာရှိတဲ့ ယင်နတ်ဘုရားအုပ်စိုးရှင်လေ ။
စံအိမ်တွင်ရှိနေသော အခြား ကျင့်ကြံသူများသည်လည်း ထိတ်လန့်တုန်လှုပ်ပြီး ဆွံ့အသွားကြသည် ။
ယင်နတ်ဘုရား... ၎င်းသည် အမှန်တကယ်ပင် ယင်နတ်ဘုရားအုပ်စိုးရှင်တစ်ပါးဖြစ်သည် ။
ထိုသို့သော ဂုဏ်သရေကြီးမားသူတစ်ဦးသည် ယခုလိုသေးငယ်ပြီး ဝေးလံသော နေရာသို့ အမှန်တကယ် ရောက်လာခဲ့သည် ။
၎င်းသည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်က တောင်ခြေမှတံငါရွာလေးသို့ လာရောက်သကဲ့သို့ ဖြစ်နေ၏ ။
"မှန်တယ်၊ မင်းရဲ့ ဆုလာဘ်က နောက်ထပ် ကျည်ဆံတစ်တောင့်ပဲ"
ထိုအချိန်မှာပင် ကျိကျန်းကျွင်းသည် ကျောက်ပြားတစ်ခုကို ထုတ်ယူကာ အေးစက်စွာ ဖတ်ပြသည်။
"ဝမ်ရှန်းဟိုင်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်က၊ ပထမအဆင့် အုတ်မြစ်တည်ဆောက်ခြင်း ရတနာတစ်ခုကို လိုချင်ပြီး သင့်ရဲ့ ညီငယ် လီရှန်ယန်ရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်က၊ သင်ဟာ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်.။ .. ...။ .......။
နောက်ဆုံးပြစ်မှုကတော့ လွန်ခဲ့တဲ့ခြောက်ရက်က .. သင်က ရှင်းဟွာဖိုရမ်မှာ ရိုင်းစိုင်းတဲ့စကားတွေ ပြောပြီး သွေးဝတ်စုံဓားနတ်ဘုရားကို အသရေဖျက်ခဲ့တယ် ။
သင့်ရဲ့ ရာဇဝတ်မှုတွေက ဆိုးရွားတယ်၊ဒါကြောင့်.. ချက်ချင်းကွပ်မျက်ဖို့ အမိန့်ချမှတ်လိုက်တယ်"
ကျိယွမ်သည် သေနတ်ပစ်သည့် အမူအရာအတိုင်း လက်ချောင်းများကိုပုံစံလုပ်ကာ ဆန့်ထုတ်သည်။
"နောက်ကွယ်မှာ လူတွေကို မကောင်းမပြောရဘူး"
"ဪ.... မင်း သေပြီးရင် မင်းက ဒီမြို့မှာ နာမည်အကြီးဆုံးလူ ဖြစ်လာလိမ့်မယ် ။ ငါ့ကို ကျေးဇူးမတင်ပါနဲ့"
ကျိယွမ်က လက်ညှိုးကိုကွေးကာ ပစ်ခတ်လိုက်၏ ။
ဘမ်း....။
သူ၏ပါးစပ်သေနတ်သံနှင့်အတူ ဝမ်ရှန်းဟိုင် သေဆုံးသွားသည် ။
သူသည် ဒဏ္ဍာရီလာယင်နတ်ဘုရား၏ လက်ချက်ဖြင့် သေဆုံးရမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ ။
နှုတ်ခမ်းနီစံအိမ်ထဲမှ ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေကြသည် ။
ယင်နတ်ဘုရားတစ်ပါးသည် အလွန်ခေါင်းပါးသောလီချီမြို့လေးသို့ ရောက်လာခဲ့သည် ။
ဝမ်ရှန်းဟိုင်သည် ယခုအချိန်မှစ၍ လီချီမြို့တွင် နာမည်အကြီးဆုံးလူ ဖြစ်လာမည်မှာ သေချာသည် ။
ကျိယွမ်သည် ထိတ်လန့်နေသောလူများကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
"ကျင့်ကြံခြင်းလောကရဲ့လေထုကို ပြုပြင်ပေးခြင်းက ငါ့ဆီကနေစတင်တယ် ။
မင်းတို့အားလုံးလည်း၊ အပြစ်သေးသေးလေးတွေဟာ ပြုပြင်ဖို့ မထိုက်တန်ဘူးလို့ မထင်ပါနဲ့"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့် တီးဝိုင်းနှင့်အတူ ထွက်ခွာသွားသည် ။
ကျန်နေခဲ့သော လီချီမြို့သားကျင့်ကြံသူများမှာ ထိတ်လန့်ခြင်းနှင့်အတူ အိမ်မက်လား တကယ်လား ရောထွေးကာကျန်ခဲ့လေ၏
ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက ယုံနိုင်စရာမရှိပါလား။
-----------------