← Chapters

လအင်ပါယာ​၏သတင်း နှင့် ပုရောဟိတ်မယ်တော်

Vol. 13 Ch. 159

လအင်ပါယာ​၏သတင်း နှင့် ပုရောဟိတ်မယ်တော်

Vol. 13 Ch. 159

လက်ရှိတွင် ကျိယွမ်သည် ဝမ်ယုကုန်းမြေတိုက်ကြီး၏တာအိုကို အပြည့်အဝ ပြန်လည်ရရှိခြင်း မရှိသေးပါ။

သို့သော်လည်း သူ၏စကားများသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ မူရင်းဌာနေသား​များဖြစ်သော တိုင်းပြည်ကိုယ်စားလှယ်များအပေါ်တွင် အာဏာသက်ရောက်မှုရှိပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနေသည် ။

သူ၏အမိန့်အရ တိုင်းပြည်ခုနှစ်ခုမှ ကိုယ်စားလှယ်များသည် ယခင် သဘောတူညီချက်များကို ချက်ချင်း ပယ်ဖျက်လိုက်ကြသည် ။

ထိုအဖြစ်အပျက်ကြောင့် နဂိုသဘောတူညီချက်များ ရရှိထားသော ပါရမီရှင်တို့၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားကြ၏ ။

လင်ကျောင်းသည် သူမ၏ဒေါသကို မထိန်းနိုင်တော့ဘဲ ကျိယွမ်ကို ပထမဆုံး စတင်စိန်ခေါ်သည် ။

"နင်က ဝမ်ယုတိုက်ကြီးရဲ့ မူရင်းဒေသခံတွေကို အရှိန်အဝါအတုတွေသုံးပြီး လှည့်စားတယ် ၊ ပြီးတော့ ငါတို့အားလုံးရဲ့ သဘောတူညီချက်တွေကို အတင်းအကြပ်ဖျက်ခိုင်းရဲတယ်ပေါ့ ၊ နင်က ရူးသလိုလိုနဲ့ သတ္တိက မသေးပါလား"

"မင်း အရမ်းလွန်နေပြီ၊ ကပ်ဘေးဒုက္ခကြီး

ဖြစ်လာတော့မှာကို ငါတို့အားလုံး ပူးပေါင်းလုပ်ဆောင်သင့်တာ၊ အရာအားလုံးကို မင်းတစ်ယောက်တည်း သိမ်းပိုက်ဖို့ ကြိုးစားနေတာကတော့ မဟုတ်သေးဘူး"

ထိုအချိန်တွင် ကျိကျန်းက နားမလည်သလိုဝင်ပြောလိုက်သည်။

"အရာအားလုံးကို သိမ်းပိုက်တာလား ၊ ဝမ်ယုကုန်းမြေတိုက်ကြီးက သူ့အိမ်ဆို "

ပါရမီရှင်များက ကျိကျန်းကို အရေးမလုပ်ပါ။ သူတို့က ကျိယွမ်ကို ရန်လိုသော အမူအရာများဖြင့် စိုက်ကြည့်နေကြသည် ။

ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင် ခြေကုပ်ယူထားခြင်းဖြင့် ဖြစ်ပေါ်လာမည့် ကပ်ဘေးဒုက္ခကြီးထံမှ လွတ်မြောက်နိုင်ရန်အတွက် သူတို့၏ဂိုဏ်းများက စီစဥ်ထားခဲ့သည်။

ယခု ကျိယွမ်၏ လုပ်ရပ်များသည် သူတို့၏ အစီအစဥ်များကို သိသိသာသာ ခြိမ်းခြောက်နေ၏။

ထိုအရူးသည် အင်အားကြီးမားသော အဖွဲ့အစည်း နှစ်ဆယ်နီးပါးကို တစ်ယောက်တည်း စိန်ခေါ်ရန် မည်သို့စိတ်ကူးဝံ့သည်ကိုတော့ မပြောတတ်ပေ။

"ဝမ်ယုကုန်းမြေတိုက်ကြီးက ငါ့အိမ်ပဲ။ ဘယ်သူ့ကို ငှားမယ်ဆိုတာ ငါပဲဆုံးဖြတ်မှာပေါ့၊ အခုနကတောင် ဘယ်သူငှားချင်လဲလို့ ငါ မေးခဲ့တယ် မဟုတ်လား၊ မင်းတို့ဘာသာ မငှားကြတာလေ"

ကျိယွမ်က အပြစ်ကင်းသော အမူအရာဖြင့် ပြောသည် ။

"ဒါကြောင့် သဘောတူညီချက်တွေ ပယ်ဖျက်လိုက်တာ။ ဒါ သဘာဝကျတာပဲကို ။ စာချုပ်တွေမှာ လက်မှတ်မထိုးရသေးတော့ ဥပဒေအရ အတည်မဖြစ်သေးဘူး။ မင်းတို့ ငါ့ကို တရားရုံးခေါ်သွားရင်တောင် ငါပဲ အနိုင်ရမှာ"

ကျိယွမ်၏ စကားများကြောင့် ဒေါသထွက်နေသော ပါရမီရှင်များသည် အံ့အားသင့်ကာ ရှုပ်ထွေးသွားကြသည် ။ စကားလုံးတစ်လုံးချင်းစီကို နားလည်သော်လည်း အားလုံးစုပေါင်းလိုက်လျှင် အဓိပ္ပာယ်ကို နားမလည်တော့ပေ။

သူတို့ အကြမ်းဖျင်းအားဖြင့် နားလည်လိုက်သည်မှာ ထိုသူသည် ဝမ်ယုတိုက်ကြီးကို သိမ်းပိုက်ရန် ရည်ရွယ်နေသည်ဟူသော အချက်သာ ဖြစ်လေ၏။

"နင်က ငါတို့အားလုံးကို ဆန့်ကျင်ဖို့ ဘယ်နေရာကများ ယုံကြည်မှုတွေ ရလာတာလဲ"

လင်ကျောင်းက အေးစက်စွာ မေးသည် ။

အခြားသူများကလည်း ရန်လိုသော အမူအရာများဖြင့် ချီယွမ်ကို ကြည့်နေကြသည် ။

"ဘယ်ကမှ ရဖို့မလိုဘူး ၊ ဒါက သဘာဝပဲလေ ၊ တရားမျှတတယ်လို့ခေါ်တယ်"

ကျိယွမ်က လုံးဝတည်တံ့နေပြီး သူကအလွန်ဖြောင့်မတ်သူလို ကြေညာသည် ။

"လွတ်လပ်ပြီးတရားမျှတတဲ့နယ်မြေမှာ နင်တို့က အိမ်ရှင်ခွင့်ပြုချက်မရဘဲ အိမ်ထဲကို အဓမ္မကျူးကျော်ဝင်ရောက်ရင် ငါ့မှာ နင့်ကို သေအောင် ပစ်ခတ်ပိုင်ခွင့်ရှိတယ်"

ကျိယွမ်သည် ဝေးလံသောဒေသတစ်ခုမှဥပဒေအတိုင်း သူတို့ကို ရှင်းပြပေးလိုက်သည်။

သို့သော် အားလုံးက ဒုံးဝေးကာ နားလည်ကြပုံမပေါ်ပေ။

"ဟမ့်၊ နင်လိုအရူးက ဘာလုပ်နိုင်လဲ ကြည့်ရသေးတာပေါ့"

လင်ကျောင်းထံမှ အားကောင်းသောအရှိန်အဝါများ တိုးထွက်လာကာ သူမသည် ကျိယွမ်ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ပြသည် ။

ထိုအရာကိုမြင်သောအခါ ကျိယွမ် စိတ်ပျက်သွားသည် ။ ဝေးလံသောဒေသတစ်ခုမှဥပဒေသည် သူ၏ရှေ့မှလူများကို မခြိမ်းခြောက်နိုင်ပုံရသည်။

သူတို့က တကယ်ပဲ သူ့ကို တိုက်ခိုက်ကြပေတော့မည်။

"မင်းတို့ အားလုံး တူတူလာတိုက်ကြတာ ပိုကောင်းမယ်။ ဒီနေ့ ဒီနေရာမှာ ငါ့လက်သီးတွေဟာ ဥပဒေဖြစ်တယ်ဆိုတာ မင်းတို့ကို ပြရသေးတာပေါ့"

ကျိယွမ်က သူ၏ထူထဲသောအဝတ်အစားအထပ်ထပ်ကြောင့် ခန္ဓာကိုယ်က ဖိုသီဖက်သီဖြင့် ပွယောင်းနေသလို

ရင်ဘက်နှင့်ကျောပြင်မှ လိပ်ခွံများကြောင့် သူ၏ပုံစံက ရယ်စရာလည်းကောင်းနေသည်။

သို့သော် ယခုအချိန်တွင် သူက ပါရမီရှင်များအားလုံးကို မကြောက်မရွံ့တစ်ယောက်တည်းနှင့် တိုက်ရိုက် စိန်ခေါ်နေ၏။

ပါရမီရှင်များ၏ မျက်နှာများပင် အံ့အားသင့်မှုဖြင့် အနည်းငယ် ပြောင်းလဲသွားသည် ။

"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ"

"မင်းက စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့် မှာ ရှိနေရင်တောင် ဒီနေ့ အပြတ်အသတ် ရှုံးနိမ့်မှာပဲ"

"ကိုယ်ကိုယ်ကိုယ် မသိတဲ့ကောင်"

ပါရမီရှင်များအားလုံး ဒေါသထွက်လာကြပြီး အချင်းချင်းကြည့်လိုက်မိကြသည်။

သူတို့ထဲမှအများစုသည် အမြုတေတွင် ရှိကြပြီး၊ အချို့မှာ စိတ်ဝိညာဉ်အဆင့်များဖြစ်၏။ သို့သော် သူတို့၏ထူးချွန်သောပါရမီများကြောင့် အဆင့်ကျော်ကာ သတ်ဖြတ်နိုင်သူများချည်းဖြစ်ကြသည်။

ထို့ကြောင့် ခရမ်းရောင်နန်းတော်အဆင့် မှလွဲလျင် သူတို့သည် အရှေ့တိုင်းဒေသ၏ အထွတ်အထိပ်ကျင့်ကြံသူများဟုပင် ဆိုနိုင်၏ ။

ထို့အပြင် သူတို့ရှေ့မှ ဖို့ယိုဖားယားလိပ်ခွံလူသားက ခရမ်းရောင်နန်းတော်အဆင့်မဟုတ်သည်မှာလည်း ရှင်းနေသည် ။

ကမ္ဘာတစ်ခု၏ မူလစွမ်းရည်ကို နားလည်ထားသော ကျင့်ကြံသူတစ်ဦးက အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်ပါက ထိုကမ္ဘာမှ ပြင်းထန်စွာ တွန်းလှန်ခြင်း ခံရမည်ဖြစ်လေ၏။

လိပ်ခွံလူသားသည် ထိုသို့သော တွန်းလှန်မှုကို မခံစားရသောကြောင့် ထိုသူသည် အလွန်ဆုံးမှ စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တွင်သာ ရှိလိမ့်မည်။

စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးက အဆင့်ကျော်သတ်နိုင်သော အရှေ့ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင် နှစ်ဆယ်လုံးကို စိန်ခေါ်ခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းပင် မဟုတ်ပါလား။

"ငါက စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့် မဟုတ်ပါဘူး ၊အမြုတေအဆင့်ပဲ ရှိပါသေးတယ်"

ကျိယွမ် အေးအေးဆေးဆေးပြန်ဖြေသည် ။

သို့သော် မည်သူကမှ သူ့ကို မယုံကြည်ကြသလို အာရုံစိုက်ခြင်းလည်း မရှိကြပေ ။

"မင်းဘာသာ စိတ်ဝိညာဉ်ပဲဖြစ်ဖြစ်၊ အမြုတေတစ်ထောင်ပဲ ရှိရှိ အရေးမကြီးဘူး။ ဒီနေ့ မင်းရှုံးနိမ့်ရလိမ့်မယ်"

ပါရမီရှင် တစ်ဒါဇင်ကျော်ခန့်က ကျိယွမ်ကို တိုက်ခိုက်ရန် နေရာယူလ်ုက်ကြသည် ။

ကျိယွမ်သည် သူတို့ကို လျစ်လျူရှုထားပြီး ကုရှောင်းရောင်ကို လေးနက်စွာ ကြည့်၏။

"မင်းက ကောင်းကင်ဘုံအုတ်မြစ်ကျင့်ကြံသူ ဆိုတော့ ငါအလေးစားဆုံး ပြိုင်ဘက်ပဲ ၊ မင်းနဲ့ တိုက်ခိုက်ရင် ကုန်းမြေတွေ ပြိုကျနိုင်တယ်၊ နေနဲ့လတွေပါ မှေးမှိန်သွားနိုင်တယ်၊ ပြီးတော့ အဖြေရဖို့ကိုပဲ ခြောက်လလောက် အချိန်ယူရနိုင်တယ်။ သူတို့ကို အရင်နိုင်ယူလိုက်ဦးမယ်၊ ပြီးရင် ငါတို့ ဂုဏ်သိက္ခာရှိတဲ့ တိုက်ပွဲ တစ်ခုလုပ်ကြတာပေါ့"

ကုရှောင်းရောင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူ၏စိတ်ထဲတွင်း ထူးဆန်းစွာ အထက်စီးဆန်သောခံစားချက်တစ်ခု ပေါ်ထွက်လာသည် ။

"ကောင်းပြီလေ"

သူ၏ရှေ့မှ ထူးဆန်းသောလူသည် ကျန်သောပါရမီရှင်များကို ထိုက်တန်သော ပြိုင်ဘက်များအဖြစ် မသတ်မှတ်ဘဲ သူ့အတွက်သာ နောက်ဆုံးတိုက်ပွဲကို ချန်ထားခဲ့သည် ။ ထိုအရာက သူ့ကို အခြားသူများထက် ပို၍အဆင့်မြင့်သလို ခံစားရစေသဖြင့် သူက သဘောတူလိုက်ခြင်းပင် ။

"ဘယ်လောက်တောင် မောက်မာလိုက်သလဲ၊ ငါတို့အားလုံးကို တစ်ယောက်တည်း စိန်ခေါ်ရဲတယ်ဆိုပဲ ။ နင်က သေချင်နေတာကိုး"

လင်ကျောင်းက အေးစက်စွာပြောရင်းမှ ကျိယွမ်၏တစ်ကိုယ်လုံးကို ကြည့်ကာလှောင်ပြောင်သည် ။

"လိပ်ခွံတွေနဲ့ ဝတ်ရုံတွေဘယ်​လောက်များများကမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"

အခြားသောပါရမီရှင်များကလည်း သူ၏စကားများကြောင့် ပို၍ဒေါသထွက်သွားကြပြီး ဆုံးမချင်စိတ်များ တလိပ်လိပ်တတ်လာ၏။

"ငါ ဒီတိုက်ပွဲမှာ မပါဘူး"

ရွှီထုန်ချန်းက ထိုသို့ပြောကာ တိုက်ပွဲနှင့်လွတ်ရာသို့ ဆုတ်ခွာသွားသည်။

အလင်းနန်းတော်နဲ့ ယင်နတ်ဘုရားအဆင့် ရတနာကိုတောင် တစ်ယောက်တည်းနဲ့ဖျက်ဆီးခဲ့တဲ့သူကို တိုက်ခိုက်ရအောင် ငါကအရူးလား။

ထိုလိပ်ခွံလူသားက သွေးဝတ်စုံဓားနတ်ဘုရားကျိယွမ်ဖြစ်ကြောင်း စတွေ့ကတည်းက သူသိခဲ့ပြီးသားပင်။

ထိုသူမှန်းသိကတည်းက သူသည် နားမလည်သောအရာတစ်ခုကို စဥ်းစားနေခဲ့ခြင်းဖြစ်၏။

မူလစွမ်းအင်ကိုနားလည်သော ခရမ်းရောင်နန်းတော်အဆင့်ရှိ ကျင့်ကြံသူများ အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သည့်အခါ ထိုကမ္ဘာ၏တာအိုက ငြင်းပယ်တတ်သဖြင့် ကောင်းကင်ဖြစ်ရပ်များ ဖြစ်ပေါ်သင့်သည် ။ သို့သော် သွေးဝတ်စုံဓါးနတ်ဘုရားဝင်လာသော်လည်း ဤကမ္ဘာက ထိုသို့မဖြစ်ခဲ့ပါ။

"ငါက တိုက်ခိုက်တာ မကျွမ်းကျင်ဘူး၊ ဒါကြောင့် ငါလည်း ဖယ်နေလိုက်မယ်"

ကျန်းယာသည် ခဏမျှစဉ်းစားပြီးနောက် တိုက်ပွဲမှ ထပ်မံနုတ်ထွက်သည် ။

စစ်မှန်မဟာဉာဏ်ပညာရှိ ကျိကျန်းကတော့

ကျိယွမ်ကို ကြည့်ပြီး လက်သီးဆုပ်ကို မြှောက်ပြသည် ။

"ငါ မင်းကို ထောက်ခံတယ်"

သူတို့မှလွဲ၍ ကျ​န်သောပါရမီရှင် ဆယ့်ငါးယောက်က ကျိယွမ်ကို အေးစက်စွာကြည့်​လိုက်ကြပြီး တစ်ချို့သူများ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။

သို့သော် သူတို့၏ဂုဏ်သတင်းကြောင့် လူတစ်ယောက်တည်းကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းသည် အနိုင်ရလျှင်ပင် ရှက်စရာဖြစ်နေသောကြောင့် သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ ပထမဆုံး စတင်တိုက်ခိုက်ရန် မလိုလားကြပေ ။

ထို့ကြောင့် သူတို့သည် လင်ကျောင်းကို ဦးဆောင်ခိုင်းပြီး နောက်မှ ကူညီသလိုလိုနှင့် ထိုအရူးလိပ်ခွံလူသားကို သင်ခန်းစာပေးရန် စောင့်ဆိုင်းနေကြသည် ။

သို့သော် လင်ကျောင်း မလှုပ်ရှားမီတွင် ကျိယွမ်က အရင်ဆုံး စတင်လှုပ်ရှားသည် ။

"ငါ့အိမ်မှာဆိုရင် ငါ့ကောင်းချီးတွေရှိတယ် ။ မင်းတို့ ဘယ်လိုလုပ် ငါ့ကို အနိုင်ယူနိုင်မှာလဲ"

ကျိယွမ် အော်ဟစ်လိုက်သည်နှင့် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ၎င်းတို့အား လွှမ်းခြုံသွားသည် ။

ပါရမီရှင်များသည် သူတို့၏ အသက်ရှူနှုန်း မြန်လာသည်ကို ခံစားရပြီးနောက် ကြီးမားသော ဖိအားတစ်ခုက သူတို့အပေါ်သို့ ပြင်းထန်စွာ သက်ရောက်လာသဖြင့် မျက်နှာများပင် ဖြူဖျော့သွား၏။

သူတို့ မည်သည့်အရာကိုမှ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ဧရာမတောင်တန်းကြီးများက သူတို့၏ ကျောပေါ်သို့ တစ်ခုပြီးတစ်ခု ဖိချနေသကဲ့သို့ ခံစားရသည် ။

ကျော်ကြားသော ထိပ်တန်းပါရမီရှင် ဆယ့်ငါးဦးသည် လှုပ်ရှားရန်ပင်အချိန်မရဘဲ ထိုအလေးချိန်အောက်တွင် ကြေမွသွားတော့မည်အလား အဖိခံထားရသည် ။

လင်ကျောင်းသည် အဆိုးဆုံး ခံစားရပြီး မြေကြီးထဲသို့ မျက်နှာအပ်လျက် ကျသွားကာ သူမကျသွားသော မြေပြင်တွင် နက်ရှိုင်းသော တွင်းပေါက်တစ်ခုပင် ဖြစ်ပေါ်သွားသည် ။

ကျိယွမ်သည် စွမ်းအားကို တစ်ချက်ထုတ်ပြရုံဖြင့် ပါရမီရှင်ဆယ့်ငါးဦးကို ချက်ချင်းအနိုင်ယူပြသွားခြင်းပင်။

ထိပ်တန်းပါရမီရှင် ဆယ့်ငါးဦးသည် အသံလေးပင်မထွက်နိုင်ဘဲ အပြတ်အသတ် ရှုံးနိမ့်သွားကြသည် ။

"ခရမ်းရောင်နန်းတော်အဆင့် လား"

"မင်းက ခရမ်းရောင်နန်းတော် အဆင့်ကျင့်ကြံသူလား ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မဟုတ်ဘူး၊ ခရမ်းရောင်နန်းတော်အဆင့်ဆိုရင်တောင် ဒီလောက် မသန်မာနိုင်ဘူး"

" မင်း… မင်းက သွေဝတ်စုံဓားနတ်ဘုရားပဲ"

ပါရမီရှင်များအားလုံး နားမလည်ဖြစ်သွားပြီး ပြင်းထန်စွာ တုန်လှုပ်နေကြသည် ။

ဒီလိပ်ခွံလူသားက တကယ်ပဲ ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေတာလား။

သူတို့ကြုံလ်ုက်ရသောအဖြစ်အပျက်က ထိုအရာကို သက်သေပြနေ၏။

ကျိယွမ်သည် သူ၏ ဖိအားကို ရုပ်သိမ်းလိုက်ပြီး ကုရှောင်းရောင်ကို ကြည့်ကာ ဖိတ်ခေါ်သည်။

"ငါ ခုနကလုပ်တာက ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိတဲ့ မင်းလိုလူအတွက် ဘာမှမဟုတ်ပါဘူး။ အခု… ငါတို့ ဂုဏ်သိက္ခာရှိတဲ့ တိုက်ပွဲတစ်ခု လုပ်ကြရအောင်။ ငါ့ကို ငယ်ရွယ်တယ်လို့ ထင်ပြီး အားမချန်ထားပါနဲ့။ မင်းရဲ့စွမ်းအား သုံးရာခိုင်နှုန်းလောက်ကိုတောင် ငါ ယှဉ်နိုင်မလားဆိုတာ သိချင်တယ်"

ကျိယွမ်၏ စွမ်းအင်သည် ယခုအခါ ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုမို အားကောင်းနေလေပြီ။

နောက်ဆုံးတွင် ဒဏ္ဍာရီလာ ပြီးပြည့်စုံသော ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင် သို့မဟုတ် သူ၏ စစ်မှန်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရတော့မည် ။

ဒါက သူ ရင်ဆိုင်ကြည့်ရင် ရည်ရွယ်ထားသော ပြိုင်ဘက်မျိုးလည်း ဖြစ်သည် ။

ထိုအချိန်တွင် ကုရှောင်းရောင်သည် ကြီးမားသော ဖိအားကို ခံစားရပြီး ထိတ်လန့်နေဆဲပင်ရှိသည် ။

ဒီအကြီးအကဲက နောက်နေတာလား။

သူက အင်အားကြီးမားတဲ့ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ​လေ၊ အလင်းနန်းတော်ကိုတောင် ဖျက်ဆီးခဲ့တဲ့သူ၊ ငါလို စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူလေးနဲ့ မျှတတဲ့ တိုက်ပွဲကို လုပ်ချင်တယ်တဲ့။

ဒါက အနိုင်ကျင့်တာပဲ။

သူသည် အလွန်နစ်နာသည်ဟု ခံစားရပြီး ထိတ်လန့်ကာ စကားမပြောနိုင်ဖြစ်နေသည် ။

ကျိကျန်းက ကြားဝင်ပြောလိုက်သည်။

"ငါ့ အတွေ့အကြုံအရတော့ မင်းရဲ့ ဖိအားက အရမ်း ပြင်းထန်နေလို့ ကုရှောင်းရောင်က အခု စကားမပြောနိုင်ဖြစ်နေတာ။ သူ ပါးစပ်တောင် ဖွင့်လို့ မရဘူး"

"ဟင်"

ကျိယွမ် အံ့အားသင့်သွားသည် ။ သူက ကုရှောင်းရောင်အား ခြေဆုံးခေါင်းဆုံးကြည့်၏။

ဒီကောင်က ပြီးပြည့်စုံတဲ့အုတ်မြစ်မဟုတ်ဘူးလား။

ကုရှောင်းရောင်သည် သူတစ်သက်လုံး ကြည့်မရဖြစ်လာခဲ့သော ကျိကျန်းကို တိတ်တဆိတ် ကျေးဇူးတင်လိုက်သည် ။

"ဒါပေမယ့် သူက ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိတယ်မဟုတ်လား ၊ ငါ့ရဲ့ ဖိအားက သူ့ကို ဘယ်လိုလုပ် သက်ရောက်မှု ရှိနိုင်မှာလဲ ၊ ငါ သဘောပေါက်ပြီ ၊ သူက ငါ့ကို အလစ်အငိုက်ဖမ်းဖို့ အားနည်းဟန်ဆောင်နေတာပဲ! ဘယ်လောက် လိမ္မာပါးနပ်လိုက်သလဲ၊ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကျင့်ကြံသူ ပီသတယ်"

ကျိယွမ်က စကားဆုံးသည်နှင့် သူ၏အရှိန်အဝါကို ပို၍ပြင်းထန်စွာ ထုတ်ဖော်လိုက်သည်။

ငါ့ကို အရူးများမှတ်နေလား၊ လက်ဦးအောင် ဆော်ရမယ်။

ကုရှောင်းရောင်၏ မျက်နှာကဖြူဖွေးသွားပြီး လဲသေချင်စိတ်ပါ ပေါက်သွားတော့သည်။

ထို့အတူ သွေးဝတ်စုံဓားနတ်ဘုရားက အဘယ့်ကြောင့် သူ့အားဤမျှ အထင်ကြီးနေရသနည်းဟု နားမလည်နိုင်ဖြစ်နေ၏။

ကျိကျန်းက တဖန်ထပ်ပြောလာသည်။

"သူ့မှာ ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ် မရှိဘဲ တော်တော်လေးချို့ယွင်းချက်ရှိတဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ် ဖြစ်နေနိုင်တယ်"

ကျိယွမ် အံ့အားသင့်သွားသည် ။

"အဲဒီလိုလား.."

သူသည် သူ၏ ဖိအားအားလုံးကို ရုပ်သိမ်းပေးလိုက်သည်နှင့် ကုရှောင်းရောင်မှာ သက်ပြင်းကြီးတစ်လုံး ဟင်းခနဲချကာ သေဘေးမှ လွတ်မြောက်ခဲ့သည့်အလား ဝမ်းသာသွားသည်။

"ဟုတ်ပါတယ် ..အကြီးအကဲ၊ ကျွန်တော့်မှာ တော်တော်လေး ချို့ယွင်းချက်ရှိတဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်ပဲ ရှိတာပါ"

ကျိယွမ်သည် ထိုစကားကို ကြားသောအခါ အလွန် အရှက်ရသွားသည် ။

သူသည် မှားယွင်းသော သတင်းအချက်အလက်များကို ရရှိခဲ့ခြင်းမဟုတ်ပါလား။

ဒါတွေအားလုံး ဟိုကောင်ရွှီထုန်ချန်းရဲ့ အပြစ်ပဲ၊ ငါ့ကို သတင်းအမှားတွေ ပေးထားရလား။ ခုတော့ ဘယ်လောက်ရှက်ဖို့ကောင်းလဲ ၊ ငါက အတည်ပေါက်ကြီး လုပ်နေမိတာ။

ကျိယွမ်သည် ရှက်လွန်းသဖြင့် ထိုနေရာတွင် ဆက်မနေချင်တော့ပါ။

သူသည် လော့ရှီးနှင့်ကိုယ်စားလှယ်များကို ကြည့်ပြီး ပြောလိုက်သည်။

"ဒီမိုရာမျိုးနွယ်စုကို သွားရှင်းကြမယ်"

လော့ရှီးနှင့်တကွ တိုင်းပြည်များမှ ကိုယ်စားလှယ်များသည် စိတ်လှုပ်ရှားမှုနှင့်အတူ အားတတ်လာသလို ခံစားရသည် ။

သူတို့ရှေ့မှပါရမီရှင်၏ စွမ်းအားသည် မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေသည်မဟုတ်ပါလား။

သူတို့သည်လည်း သူ့ကိုအသက်ရှုချိန် တစ်ခါပြည့်အောင်ပင် ခံနိုင်မည် မဟုတ်ဟု ခံစားရသည် ။

ဒါက ဒဏ္ဍာရီလာ ပဉ္စမအဆင့် စွမ်းအားရှင်များလား။

"ဟုတ်ကဲ့"

လော့ရှီး၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည် ။

ထိုအခိုက်တွင် ကျန်းယာက ဝင်ပြောလာသည် ။

"အကြီးအကဲ၊ ကျွန်မက တိုင်းပြည်တစ်ဝန်းကနည်းစနစ်တွေကိုပဲ စုဆောင်းချင်တာပါ။ ဒီကမ္ဘာက နည်းစနစ်တွေကို စုဆောင်းတဲ့ခရီးမှာ ရှင်နဲ့အတူ လိုက်ခွင့်ပြုနိုင်မလား"

"အင်း… ကောင်းပြီ"

ကျိယွမ်က ခဏစဉ်းစားပြီးနောက် ထပ်ပြောသည်၊

"ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်တစ်ခု ရှိတယ် ၊ နင်တို့ မြင့်တတ်ခြင်းခန်းမက နည်းစနစ်တချို့ကိုလည်း ငါ့ကို မျှဝေပေးရမယ်"

ကျန်းယာ သဘောကျစွာ ပြုံးသည် ။

"ကျွန်မ ဒီကမ္ဘာက နည်းစနစ်တစ်ခု စုဆောင်းတိုင်း ရှင့်ကို ငါးခုပေးပါမယ်။ ဘယ်လိုလဲ"

"သဘောတူတယ်"

ကျိယွမ် အလွန် ပျော်ရွှင်သွားသည် ။

နောက်ဆုံးတွင် သူသည် ကျန်းယာဟူသော ချမ်းသာကြွယ်ဝသည့် စပွန်ဆာကို မဟာမိတ်ဖွဲ့နိုင်ခဲ့လေပြီ။

"တာအိုရောင်းရင်း ၊ ငါလည်း ဒီကမ္ဘာရဲ့ ဓလေ့ထုံးတမ်းတွေကို စိတ်ဝင်စားတယ်။ မင်းနဲ့ ပူးပေါင်းလို့ရမလား"

ကျိကျန်းကလည်း သူပါလိုက်ချင်ကြောင်း အရေးဆို၏။

"ရတာပေါ့၊ ပြီးတော့ ဘယ်အိမ်ကို ငှားရမလဲဆိုတာ ဆုံးဖြတ်ဖို့ ငါ့ကို ကူညီပေးနိုင်တယ်"

ကျိယွမ်က သဘောတူသည် ။

"ကျွန်တော်လည်း လိုက်မယ်"

ရွှီထုန်ချန်းက အလျင်အမြန် ထပ်ပြောသည် ။

သူသည် အစောပိုင်း တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသောကြောင့် ပါရမီရှင်များနှင့်နေခဲ့ပါက ၄င်းတို့၏ မေးခွန်းများကို ရင်ဆိုင်ရဖွယ်ရှိနေသည်။

"ရတယ်"

ကျိယွမ်သည် ထိုနေရာမှ ပါရမီရှင်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် လော့ရှီး၊ အခြားသူများနှင့်အတူ ထွက်ခွာသွားသည် ။

ကျန်နေခဲ့သော ပါရမီရှင်များမှာ ထိုအခါမှ လွှမ်းမိုးနေသော အရှိန်အဝါမှ သက်သာရာရသွားကြပြီး အမျိုးမျိုးဝေဖန် နေကြတော့သည်။

.................

ကောင်းကင်ယံတွင် အလင်းတန်းများစွာသည် တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော် ပျံသန်းနေသည် ။

ကျိယွမ်သည် သူ၏ဘေးမှ လော့ရှီးကို မေးသည်။

"မင်း ရွှမ်းဟွမ်တားမြစ်နယ်မြေကို ရောက်ဖူးလား"

လော့ရှီးမှာ အလွန်ထိတ်လန့်သွားသည် ။

"အကြီးအကဲ… ဘယ်လို သိတာလဲ"

ကျန်းယာသည် သူတို့၏စကားများကို ကြားပြီး ကျိယွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်သည် ။

"ရွှမ်းဟွမ်တားမြစ်နယ်မြေမှာ ထိုင်ထလုပ်တာ၊ ဒိုက်ထိုးတာတွေ လုပ်ရင် မင်းရဲ့ ခွန်အား တိုးလာနိုင်တယ်၊ ဒါပေမယ့် ပေးဆပ်ရမှာက… ဆံပင်ကျွတ်ခြင်းပဲ"

ကျိယွမ်က သက်ပြင်းချသည် ။ ကျင်းလီကို ကူညီရန်အတွက် သူက ရွှမ်းဟွမ်တွင် ထိုစည်းမျဥ်းများကို ချမှတ်ခဲ့ခြင်းပင်။

အခုအခေါက်မှာရော ငါ ကျင်းလီကို

တွေ့ခွင့်ရနိုင်ပါမလား။ နင်ဘယ်မှာလဲ ကျင်းလီ။

ကျိယွမ် ငြိမ်သွားသော်လည်း လော့ရှီး၏ အံ့အံ့သြမှုက ပို၍ ပြင်းထန်လာသည်။ သူက ကျိယွမ်အား ထူးဆန်းသလို ကြည့်နေမိသည်။

အခြားကမ္ဘာကလာတဲ့သူက ဒီလိုကြီးမားတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ်ပြီး သိနေတာလဲ။

ထိုအချိန်မှာပင် ကျိယွမ်သည် လော့ရှီးကို ကြည့်လာပြီး တောင်းဆိုလိုက်သည် ။

"ရွှမ်းဟွမ်တားမြစ်နယ်မြေအကြောင်း ငါ့ကို ပြောပြနိုင်မလား"

လော့ရှီး အနည်းငယ်တုံ့ဆိုင်းသွားသည် ။

သူသည် ကျိယွမ်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မသိရပေ ။

ထို့အပြင် ရွှမ်းဟွမ်တားမြစ်နယ်မြေသည် ကြီးမားသော လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေ၏။

သူ ဘာပြောရမှန်း မသိဖြစ်နေသည် ။

ကျိယွမ်သည် အဝေးဆီမှ ကောင်းကင်ထိတိုင်အောင်မြင့်မားသော ရှေးဟောင်းစီးချောင်းသစ်ပင်ကြီးကို ကြည့်လိုက်ပြီး သူ၏ အတွေးများသည် ပြီးဆုံးခဲ့သော အချိန်တစ်ခုဆီသို့ ရောက်ရှိသွားသည် ။

သူသည် ဂျူလိုင်ရေကန်ဘေးတွင် ထိုင်လျက်၊ ယွဲ့နုနှင့်အတူ စိမ်းပြာရောင်ကျောက်တုံးပေါ်တွင် တစ်ယောက်တည်း ငါးမျှားနေခဲ့သည်ကို သတိရမိ၏။

အခုလောက်ဆို ယွဲ့နုလေးရော ဘယ်အရွယ်များရှိနေမလဲ။

သူကအတန်ကြာငိုင်နေပြီးမှ တွေဝေနေသောလော့ရှီးအား တိုက်တွန်းလိုက်သည်။

"ပြောပြပါ။ဘာမှမဖြစ်ဘူး"

သူ၏ အသံက နူညံ့ပြီး ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိသည် ။

စိုးရိမ်ပူပန်နေသော လော့ရှီးသည် အလိုလိုစိတ်ချသွားပြီး ဖြည်းညှင်းစွာ စတင် ပြောဆိုသည် ။

"ကျွန်တော် ငယ်ငယ်က မိဘတွေနဲ့အတူ လအင်ပါယာကို ရောက်လာခဲ့တာ ၊ အဲဒီနောက် မထင်မှတ်ဘဲ လအင်ပါယာထဲကို ဝင်ရောက်ပြီး လနတ်ဘုရားကိုကိုးကွယ်သူတွေထဲက တစ်ဦး ဖြစ်လာခဲ့တယ်"

"လအင်ပါယာက ရှိနေသေးတာပဲ…"

ကျိယွမ်သည် ဂျူလိုင်မြို့လေးအနီးမှ လူများနှင့် သူ၏ လက်မောင်းတွင် လခြမ်းပုံ အမာရွတ်ကို ချန်ထားခဲ့သည့် သူတော်စင်မယ် ယွဲ့နုလေးသတိရသွားသည် ။

သူသည် သူ၏ လက်မောင်းကို ကြည့်လိုက်မိသော်လည်း ချောမွေ့သန့်ရှင်းနေသည် ။ လခြမ်းအမာရွတ်သည် မှေးမှိန်သွားခဲ့သည်မှာ ကြာ​ခဲ့ပြီ မဟုတ်ပါလား။

"လနတ်ဘုရားကို ကိုးကွယ်သူ ဖြစ်လာရင်

ရွှမ်းဟွမ်တားမြစ်နယ်မြေကို ဝင်ရောက်ခွင့် ပြီး စွမ်းအားတိုးတက်အောင် လေ့ကျင့်နိုင်တယ်၊ ပြီးတော့ လနတ်ဘုရားကိုလည်း အမှုထမ်းနိုင်တယ်"

လော့ရှီး၏မျက်နှာတွင် လေးနက်သော ရိုသေမှုကို မြင်နေရ၏။

"နောက်ပိုင်းမှာ ဒီမိုရာမျိုးနွယ်စုက ကျူးကျော်ဝင်ရောက်ပြီး ဖုန်ကွေ့တိုင်းပြည်အန္တရာယ်ကျရောက်လာတာကြောင့် ခေါင်းဆောင်ဆီက ခွင့်ပြုချက်တောင်းပြီး ဖုန်ကွေ့ကို ကာကွယ်ဖို့ ပြန်လာခဲ့ပါတယ်"

လော့ရှီး၏ စကားများကို ကျိယွမ် တိတ်ဆိတ်စွာ နားထောင်သည်၊ သူ၏ မျက်လုံးများကတော့ ကောင်းကင်ပေါ်မှ လကို စူးစိုက်ကြည့်နေရင်း အတွေးနက်နေပုံရ၏။

လနတ်ဘုရား၊

လရောင်စောင့်ကြည့်ကုန်းမြေ၊

လကညာ သူတော်စင်မယ်၊

လတံဆိပ်၊

ဆရာမ ..။

သူတို့အားလုံးက ဆက်စပ်နေသလား။

ကျိယွမ်၏ အတွေးများက အတိတ်နှင့်ပစ္စုပ္ပန်သို့ လူးလားခေါက်တုံကူးကာ ဝေဖန်ပိုင်းခြားနေသည် ။

သူ မြင်တွေ့ချင်သောလူများကို တွေ့ခွင့်ရနိုင်ပါ့မလား ။ သူ မသိပါ။

ထိုအခိုက် ကျန်းယာ၏ အသံက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည် ။

"အကြီးအကဲ၊ ဒီမိုရာမျိုးနွယ်စုကို ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားလဲ"

"ထုံစံအတိုင်းပဲပေါ့… သူတို့ကို သတ်မယ်"

ကျိယွမ်၏ အဖြေ​ကပြတ်သား၏။

ကျန်းယာက ခေါင်းညိတ်ကာ ဆက်ပြောသည် ။

"ဖုန်ကွေ့နဲ့ ကျန်တဲ့တိုင်းပြည်ခြောက်ခုက ဒီမိုရာမျိုးနွယ်စုက သိပ်အင်အားမကြီးပါဘူး။ အကြီးအကဲရဲ့ ခွန်အားနဲ့ဆို ရက်အနည်းငယ်အတွင်း သူတို့ကို အပြီးသတ် ချေမှုန်းနိုင်ပါတယ်။ ဒါပေမဲ့…ရှင့်ရဲ့ စွမ်းအားအပြည့်အစုံကို ထုတ်ပြရင် ဒီမိုရာမျိုးနွယ်စုရဲ့ အင်အားကြီးသူတွေကို အချက်ပေးသလို ဖြစ်သွားလိမ့်မယ်။ ရက်အနည်းငယ်အတွင်း ဖြစ်စေ၊ လအနည်းငယ်အတွင်း ဖြစ်စေ၊ ဒီမိုရာမျိုးနွယ်စုရဲ့ ယင်နတ်ဘုရားတွေက ရှင့်နောက်ကို လိုက်လာမှာ သေချာတယ်။ အခု​ဆိုရင် ရှင်က အရှေ့ပိုင်းဒေသက အင်အားကြီးမားတဲ့ အဖွဲ့အစည်း အများကြီးနဲ့ ရန်သူ ဖြစ်နေပြီ။ အဲဒီလိုအခြေအနေမှာ ဒီမိုရာမျိုးနွယ်စုကို လည်း တစ်ယောက်တည်း ရင်ဆိုင်ရဦးမယ်ဆိုတော့...…"

ကျန်းယာ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာ၏ ။

ဒီမိုရာမျိုးနွယ်စုသည် အလွန် အင်အားကြီးမားသည် ။ ထို့ကြောင့်လည်း အရှေ့ပိုင်းဒေသမှ ယင်နတ်ဘုရားများကပင် ၎င်းတို့ကို ရင်ဆိုင်ရာတွင် အခက်တွေ့နေရလေ၏။။

"ဒါက ငါ့အိမ်လေ ၊ ရန်သူက အင်အားကြီးနေတယ်ဆိုတာနဲ့ လက်နက်ချရမှာလား "

ကျိယွမ်က ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည် ။

ဝမ်ယုကုန်းမြေတိုက်ကြီးသည် သူ၏ အိမ်ဖြစ်သည်။ မလိုလားအပ်သော ဧည့်သည်များ ရောက်လာပါက ၎င်းတို့အတွက် နှစ်လမ်းသာရှိသည်။

ပြန်မလား ၊ အသေခံမလား။

ကျန်းယာ ဘာပြောရမှန်းမသိဖြစ်သွားသည် ။

သူက အခုထိငါ့အိမ်ဆိုတာကို ပါးစပ်ကမချပါလား။

ကျိကျန်းက သူ၏ထင်မြင်ချက်ကို ထုတ်ဖော်လာ၏။

"လူတစ်ယောက်ဟာ ခေါင်းကို ဖြတ်ချင်ဖြတ်ခံနိုင်တယ်၊ သူ့သွေးကို မြစ်လိုစီးဆင်းအောင်လုပ်ချင် လုပ်နိုင်တယ်၊ ဒါပေမယ့် သူ့အိမ်ကိုတော့ လက်မလွှတ်ရဘူး"

ရွှီထုန်ချန်းသည် ယခုအချိန်ထိ တိတ်ဆိတ်နေပြီး စကားဝိုင်းတွင် မပါဝင်ခဲ့ပေ။

ကျိယွမ်သည် လော့ရှီးဘက်သို့ လှည့်ကာ သူသိလိုသောအရာကို မေးလိုက်သည်။

"ရွှမ်းဟွမ်တားမြစ်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို လအင်ပါယာကို ဘယ်သူ ပြောပြခဲ့တာလဲ"

ထိုအချိန်က သူသည် ကျင်းလီတစ်ယောက်တည်းကိုသာ လျှို့ဝှက်ချက်ကို မျှဝေခဲ့ပြီး လကညာကို လုံးဝ မပြောခဲ့ပါ ။

ဒါဆို လအင်ပါယာက ရွှမ်းဟွမ်တားမြစ်နယ်မြေအကြောင်းကို ဘယ်လို သိသွားတာလဲ။

"ကျွန်တော် မသိပါဘူး အကြီးအကဲ"

လော့ရှီးက ကျိယွမ်၏ မေးခွန်းကြောင့် ရှုပ်ထွေးသွားသည် ။

ကျိယွမ်က လော့ရှီး၏ အဖြေကြောင့် မျက်မှောင်ကုပ်၏။

အမှန်တရားကို ဖော်ထုတ်ရန်အတွက် သူ ကိုယ်တိုင် လအင်ပါယာသို့ သွားရောက်ရမည့်ပုံရှိသည်။

ကျင်းလီက ငါ့ကိုစောင့်ဖို့ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးနားမှာ နေထိုင်ရင်းကနေ နောက်ဆုံးမှာ လအင်ပါယာနဲ့ ပူးပေါင်းခဲ့တာများ ဖြစ်နေမလား။

ကျိယွမ်၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသည် ။

သူက ထပ်မေးသည် ။

"လအင်ပါယာက ရှေးဟောင်းစီးချောင်သစ်ပင်ကြီးနားမှာပဲ ရှိနေသေးလား၊ ဂျူလိုင်ရေကန်ဘေးမှာရော လူတွေ နေထိုင်နေကြသေးလား"

"ဟုတ်ပါတယ်"

ယခုအခါမှာတော့ လော့ရှီး ခေါင်းညိတ်သည် ။

"လအင်ပါယာက အခုထိ ရှိနေတုန်းပဲ၊ သူ့ရဲ့ ကျော်ကြားမှုက မှေးမှိန်သွားပေမယ့် အခုထိ အင်အားကြီးတဲ့ ပုဂ္ဂိုလ်များစွာကို မွေးထုတ်ပေးနေတုန်းပဲ။ ဂျူလိုင်မြို့လေးကို လအင်ပါယာမှာ သူတော်စင်နယ်မြေအဖြစ် သတ်မှတ်တယ်။ အမြင့်ဆုံးပုရောဟိတ်မယ်က ဂျူလိုင်ရေကန်ဘေးက သစ်သားအိမ်မှာ အမြဲတမ်း နေထိုင်ပါတယ်"

"ပုရောဟိတ်မယ်" ဟူသော ဘွဲ့ကို ကြားရသောအခါ ကျိယွမ်၏ ဘယ်ဘက်မျက်ခုံး လှုပ်ခတ်သွားသည် ။

"ပုရောဟိတ်မယ်ရဲ့ နာမည်က ဘယ်သူလဲ၊ ပုံစံကရော ဘယ်လို ပုံပန်းသဏ္ဍာန်ရှိလဲ"

"အမြင့်ဆုံးပုရောဟိတ်မယ်က... ကလေးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ရှိပြီး အနှစ်တစ်ရာကြာတဲ့အထိ မအိုမင်းသေးဘူး။ သူက မျက်နှာကို အမြဲတမ်း မျက်နှာဖုံးနဲ့ ဖုံးထားတယ်၊ ဒါကြောင့် သူ့မျက်နှာကိုတော့ မမြင်ဖူးပါဘူး ။ အမြင့်ဆုံးပုရောဟိတ်မယ်ဟာ လအင်ပါယာရဲ့ အသန်မာဆုံး စစ်သည်တော်ဖြစ်သလို ဝမ်ယုကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာလည်း အစွမ်းအထက်ဆုံးပါ။ သူ့ရဲ့ ဓားရေးက ပြိုင်ဘက်ကင်းပါတယ်၊ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

လော့ရှီး၏ မျက်လုံးများတွင် လေးစားမှုနှင့်အတူ ပြင်းပြသောစိတ်အားထက်သန်မှုများ ​ထက်သန်နေသည်။

ပုရောဟိတ်မယ်သည် လကိုကိုးကွယ်သူများ၏ နှလုံးသားထဲတွင် မြင့်မြတ်သော အနေအထားကို ရရှိထားကြောင်း သိသာလှသည် ။

"အမြင့်ဆုံးပုရောဟိတ်မယ်ဟာ လနတ်ဘုရားရဲ့ အနီးကပ်ဆုံး အစေခံလည်း ဖြစ်တယ်"

လော့ရှီးက ထပ်မံဖြည့်စွတ်သည် ။

ကျိယွမ်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွား၏။

ပြိုင်ဘက်ကင်းဓားရေး..

ကလေးတစ်ယောက်လို ပုံပန်းသဏ္ဍာန်။

လကညာများ ဖြစ်နေမလား။

သို့သော် ဝမ်ယုကုန်းမြေတွင် သူပျောက်ကွယ်သွားသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။ လကညာသည် ကြီးပြင်းလာခဲ့ပြီး ဖြစ်နိုင်သည် သို့မဟုတ် အချိန်မြစ်ထဲတွင် ပျက်စီးသွားခဲ့ပြီလည်း ဖြစ်နိုင်သည် ။

ဒါက တိုက်ဆိုင်မှုများ ဖြစ်နေမလား။

အမှန်တရားကိုဖော်ထုတ်ရန် ကျိယွမ်သည် လအင်ပါယာသို့ သွားရောက်မှသာ ရလိမ့်မည်။

ထူးဆန်းသည်မှာ ဝမ်ယုကုန်းမြေတိုက်ကြီးသို့ ရောက်ပြီးနောက် ကျိယွမ်သည် ကြောက်ရွံ့မှုအနည်းငယ်ကို ခံစားရသည် ။

အရာအားလုံး အချည်းနှီးဖြစ်သွားမှာကို သူကြောက်ရွံ့သည် ။

သူမြင်တွေ့ချင်သောသူအား မည်သောအခါမှ တွေ့မြင်ခွင့်မရှိတော့မည်ကို သူကြောက်ရွံသည်။

သို့သော် ကျိယွမ်၏ မျက်နှာထက်၌ ထီမထင်ဟန်ပေါ်လာပြီး ကြောက်ရွံ့မှုကို မောင်းထုတ်ပစ်သည် ။

"ဟမ့်၊ ငါက ရှေးဦးသူတော်စင် မဟာနတ်ဘိုးဘိုးဖြစ်လာမှာ။ အရာအားလုံးက ဗလာနတ္ထိဖြစ်နေရင်တောင် ပုံရိပ်ယောင်ကို အမှန်တရားအဖြစ် ငါ ပြောင်းလဲနိုင်တယ် "

ကျိယွမ်က သူ့ကိုယ်သူ ထိုသို့တွေးကာ အားတင်းသည် ။

သူသည် ဖုန်ကွေ့တိုင်းပြည်နှင့် ကျန်သောတိုင်းပြည် ခုနှစ်ခုမှ ကျူးကျော်သူများကို ရှင်းလင်းပြီးနောက် အမှန်တရားကို ဖော်ထုတ်ရန် လအင်ပါယာသို့ ဦးတည်ရန် ဆုံးဖြတ်ခဲ့သည် ။

သူက အဝေးဆီမှ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအား လွမ်းမောစွာကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"နှစ်ဆယ့်တစ်ရက်ဆိုတာက ခဏလေးနဲ့ ကုန်ဆုံးသွားမှာပါ"

ကျန်းယာနှင့်တကွ ကျန်သောသူများကတော့ ကျိယွမ်အား နားမလည်သောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။

၂၁ ရက်ဆိုတာက ဘာကိုပြောတာလဲ ။

--------------------

All Chapters