← Chapters

ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက အခြေအနေကို ဘယ်လို ပြောင်းလဲနိုင်မှာလဲ

Vol. 11 Ch. 140

ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက အခြေအနေကို ဘယ်လို ပြောင်းလဲနိုင်မှာလဲ

Vol. 11 Ch. 140

ကျိယွမ်သည် အသံကြားရာသို့ မော့ကြည့်လိုက်ရာ အဝေးရှိ လှေငယ်တစ်စင်းပေါ်မှ အစိမ်းရောင်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးကို မြင်လိုက်ရသည်။

“ အင်း..ဘာလိုချင်လို့လဲ”

ကျိယွမ်က တိုက်ရိုက်မေးလိုက်သည်။ သူသည် စိတ်ဝိညာဥ်အဆင့်များထံမှရရှိသော ကျင့်ကြံခြင်းနည်းစနစ်များကို စစ်ဆေးပြီး ကျိယွမ်ကျမ်းကို ဆက်လက်ဖန်တီးရန် စိတ်စောနေသည်။

“ကျွန်မက မြင့်တက်ခြင်းခန်းမက ဘိုးဘိုးဝူထျန်းရဲ့တပည့် ကျန်းယာပါ။ ရှင့်ရဲ့ မူလနတ်စွမ်းအင်အကြောင်းကို အရမ်းသိချင်နေမိပါတယ်... ဒါက ဒီကမ္ဘာနဲ့ မအပ်စပ်သလို ရှိနေပေမဲ့ ရှင်ကအသုံးပြုနိုင်တာကိုမြင်ရတော့ တကယ်ကို ထူးဆန်းနေပါတယ်”

ကျန်းယာသည် မိမိ၏ နောက်ခံကို မိတ်ဆက်ရင်း အကာအကွယ်တစ်ခု ထပ်ပေါင်းကာ သူမ၏ မျက်လုံးများက စူးစမ်းလိုစိတ်များဖြင့် ပြည့်နေသည်။

ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး၏ မူလနတ်စွမ်းအင်သည် ဝိညာဉ်စွမ်းအင်၏ အနှစ်သာရကို နားလည်သဘောပေါက်ရန်နှင့် ထိုနားလည်မှုအပေါ် အခြေခံ၍ မိမိ၏ကိုယ်ပိုင်တာအိုလမ်းကြောင်းကို ဖန်တီးရန် လိုအပ်သည်။

သို့သော်လည်း၊ သွေးဝတ်စုံဓားနတ်ဘုရား၏ နတ်စွမ်းအင်တွင်မူ သူမသည် ဝိညာဉ်စွမ်းအင်၏အနှစ်သာရကို မခံစားမိခဲ့ပေ။

ဤအချက်ကပင် သူမကို အံ့အားသင့်စေခဲ့ခြင်းပင်။

“ငါ့ကို အားပေးဖို့ ရောက်လာတာ ထင်ခဲ့မိတာ”

ကျိယွမ်က စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။

သူ၏ရှေ့မှ မိန်းမပျိုသည် ချောမောလှပသော်လည်း အရေးကြီးသောနေရာကအနည်းငယ်ပြားချပ်နေသည်။သို့သော်လည်း သူမသည် ပရိတ်သတ်တစ်ဦးတော့ ဖြစ်နိုင်သေးသည်။

သွေးဝတ်စုံဓားနတ်ဘုရားအဖြစ် ဟန်ဆောင်ထားသောကြောင့် ကိုယ်ပိုင်နောက်ခံတေးဂီတကို မဖွင့်ခဲ့ရပေ။ အဓိပတိ တစ်ရာပါသော တီးဝိုင်းလည်းမပါသဖြင့် သူ၏တိုက်ပွဲသည် ရှေးရိုးစွဲကာ ငြီးငွေ့ဖွယ်ကောင်းနေသည်။

တီးဝိုင်းလေးမပါရင်တောင် မိန်းမလှပရိတ်သတ်လေးတွေအားပေးနေရင် တော်သေးတာပေါ့။

သို့သော် ထိုမိန်းမပျိုက အားပေးရန်မဟုတ်ဘဲ သူ့ကို အင်တာဗျုးရန် ရောက်လာသည်မှာ အတော်ပင် ပျင်းရိဖွယ်ကောင်းလှသည်။

“ငါသွားတော့မယ်”

ကျိယွမ်သည် စိတ်ပျက်လက်ပျက်နှင့် လှည့်ထွက်သွားသည်။

ကျန်းယာသည် သွေးနီရောင်အရိပ်တစ်ခု ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသည်ကို မျက်စိတဆုံးထိကြည့်နေသည်။သူမ၏ မျက်လုံးများတွင် လေးစားမှုနှင့် အံ့သြနေသောအရိပ်အယောင်များ ယှက်သိုင်းလျှက်ရှိလေ၏။

“ဒီလူ... သူ့ရဲ့အလားအလာက ခန့်မှန်းရခက် လွန်းတယ်”

သူမ၏ဘေးမှ အဘွားအိုက ပြုံးကာ ထောက်ပြသာ်။

“ဘယ်လောက်ပဲ ခန့်မှန်းရခက်ပါစေ၊ ခန်းမသခင်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”

ကျန်းယာ ခေါင်းခါလိုက်သည်။

သူမ၏ဆရာည် တစ်ချိန်က သူ၏ မူလနတ်စွမ်းအင်ကို သူမအားပြသဖူးသည်။ထိုအချိန်က ဆရာဖြစ်သူ၏ မူလနတ်စွမ်းအင်မှာ ထိပ်တန်းရှိသည်ဟု သူမဂုဏ်ယူခဲ့ရ၏။ ယခုတွင် သွေးဝတ်စုံဓားနတ်ဘုရား၏ နတ်စွမ်းအင်နှင့် နှိုင်းယှဉ်လိုက်သောအခါ သူမ၏ဆရာ၏ နတ်စွမ်းအင်သည် သွေးဝတ်ဓားနတ်ဘုရားနှင့် မယှဉ်နိုင်ဟု သူမတွင် ဝေဝါးသော သံသယတစ်ခု ရှိလာသည်။

“ရှန်ကွမ်းဂိုဏ်းကို သွားရအောင်”

သူမသည် တိုက်ပွဲကို လုံလောက်စွာ မြင်တွေ့ခဲ့ပြီးဖြစ်၍ ကျေနပ်သွားလေပြီ။တိုင်းပြည်တစ်ရာသွေးစစ်ပွဲအတွင်း ညှပ်မပါစေရန် သူမ၏ညီမကို သာ့ရှန်းမှခေါ်ထုတ်သွားရန် လိုအပ်နေသည်။

သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ အစွမ်းထက်သော ရန်သူရှိနေသော်လည်း အလင်းနန်းတော်သည် စစ်ပွဲကို ရပ်တန့်မည်မဟုတ်ပေ။ နှစ်ဖက်စလုံးသည် မလွဲမသွေ တိုက်ခိုက်ကြရမည်သာ။

သူမ၏ဆရာဖြစ်သူပင် ယင်နတ်ဘုရား အဆင့်သို့ မရောက်သေးလျှင် အလင်းနန်းတော်ကို တားဆီးနိုင်မည်မဟုတ်ပေ၊ သွေးဝတ်စုံဓားနတ်ဘုရားဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပါ။

ထို့သူ၌ ခိုင်မာသော နတ်စွမ်းအင် ရှိကောင်းရှိနိုင်သော်လည်း သူ၏ကျင့်ကြံမှုအဆင့်သည် သူမ၏ဆရာထက်ပင် အများကြီးနိမ့်နေဖို့များလေ၏။

ကျိစယ်တောင်ထွတ်တွင် ရိုးရှင်းသောအဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့်ကျိယွမ်သည် သူ၏အုတ်အိမ်အသစ်ရှေ့တွင် ရပ်နေသည်။

အိမ်ကို တစိမ့်စိမ့်ကြည့်ရင်း သူသည် ကျေနပ်မှုကို ခံစားရ၏။

“ဒီလို အထက်တန်းကျတဲ့ အိမ်မျိုးမှ ငါ့အဆင့်အတန်းနဲ့ ထိုက်တန်တာ”

သူက ထိုသိုရေရွတ်လိုက်ပြီး အနီးအနားတွင်ရှိသေ ညီမလေးကျန်းလင်းစု၏ သစ်သားအိမ်ကို ကြည့်လိုက်မိရာ ပို၍ပင် သာလွန်သည်ဟု ခံစားရပြန်သည်။

နှိုင်းယှဥ်ခြင်းသည်လည်း တစ်ခါတစ်ရံ၌ ပျော်ရွှင်ခြင်းတစ်မျိုးပင် မဟုတ်ပါလား။

“အစ်ကိုကြီး၊ ဘယ်ကို သွားနေတာလဲ ရုတ်တရက် ပျောက်သွားတာ”

ကျန်းလင်းစုသည် ရေချိုးပြီးနောက် သူမ၏ တဲအပြင်ဘက်တွင် ကျိယွမ်ထံမှ စာတစ်စောင်ကို တွေ့ရှိခဲ့သည်။

“ငါ အပြင်သွားခဲ့တယ်။ လူတွေက မရိုးသားဘူး။ တစ်ယောက်တစ်ယောက်က နင့်ကို တောင်းပန်ချင်လို့ လာခဲ့ပါလို့ ပြောလာရင် မသွားပါနဲ့။ အဲဒါက ချုံခိုတိုက်ခိုက်မှု ဖြစ်နိုင်တယ်”

ကျိယွမ်က သူ၏ ဘဝသင်ခန်းစာများ ကို ညီမလေးအား မျှဝေခဲ့ခြင်းပင်။

“တစ်ယောက်ယောက်က အစ်ကိုကြီးကို လှည့်ကွက် သုံးခဲ့တာလား”

ကျန်းလင်းစု၏မျက်နှာလေးတွင် စိုးရိမ်သောကများ ဖြစ်ပေါ်သွားသည်။

“ငါ့ရဲ့ ခိုင်မာတဲ့ နတ်စွမ်းအင်သာ မရှိခဲ့ရင်၊ လှည့်ကွက်ထဲမှာ ကျရှုံးသွားနိုင်တယ်”

ကျိယွမ်က ပုခုံးတွန့်ကာ ကြောက်လန့်သလိုလုပ်ပြ၏။

နတ်စွမ်းအင်လား။

ကျန်းလင်းစု၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများသာ နတ်စွမ်းအင်ကို သုံးနိုင်၏။

ငါ့ရဲ့အစ်ကိုကြီး ရောဂါပြန်ထနေပြီ။မနေ့တစ်နေ့လေးတင် ရွှေအမြုတေကိုဖွဲ့စည်းထားတယ်လို့ပြောပြီး ၊ အခု စိတ်ဝိညာဥ်အဆင့်တွေပါ ပါလာပြီ။သူ့ရောဂါက တော်တော်ဆိုးလားပြီပဲ။

သူမသည် ကျိယွမ်ကို သနားဂရုဏာဖြင့် ကြည့်ကာ ကြင်နာစွာသတိပေးလိုက်သည်။

“အစ်ကိုကြီး၊ ကောင်းကင်က နေအသစ် ကို ဆက်မကြည့်ပါနဲ့တော့။ ဒါက အစ်ကိုကြီးရဲ့ မှတ်ဉာဏ်ကို ပိုဆိုးစေနိုင်တယ်”

ကျိယွမ်က အရေးမကြီးဟန်ဖြင့် ခေါင်းခါ၏။

“အဲဒါ နေအသစ်မဟုတ်ဘူး၊ အဲဒါ ငါ့ရဲ့အမြုတေပါဆို”

“ကောင်းပါပြီ၊ ကောင်းပါပြီ”

ကျန်းလင်းစုသည် ရောဂါပြင်းထန်နေသူနှင့် ဆက်မငြင်းတော့ပါ။

“ဒါနဲ့..အစ်ကိုကြီး၊ ဘာဖြစ်လို့ ကျွန်မအတွက် စာ ချန်ထားခဲ့တာလဲ"

ကျိယွမ်၏ လက်များ တောင့်တင်းသွားသည်။

“ငါ အခုတလော ဂိမ်းကိုပဲ အာရုံစိုက်ပြီး ကစားနေမိတာ၊ တခြားအရာတွေအားလုံးကို သတိမထားမိခဲ့ဘူး။ ကျိစယ်တောင်ထွတ် မှာ၊ အထူးသဖြင့် တောင်ထွတ်ထိပ်မှာ ဘာများဖြစ်ပျက်ခဲ့သေးလဲ"

ဆရာမ၏နန်းတော်မှ ပြန်လာပြီးကတည်းက ကျိယွမ်၏ ရင်ထဲတွင်မရှင်းမလင်း ခံစားရသည်။

ကျန်းလင်းစုသည် မျက်မှောင်ကြုတ်ကာ ခဏ စဉ်းစားပြီးမှ ပြန်ဖြေ၏။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျိစယ်တောင်ထွတ်မှာ ရုတ်တရက် မိုးကြိုးသံ ပေါ်လာခဲ့တယ်။ ဆရာမက အဲဒါကို တားဆီးဖို့ ကြားဝင်ပေးခဲ့ပုံရတယ်”

“မိုးကြိုးလား”

ကျိယွမ်သည် စိတ်ရှုပ်ထွေးသွားသည်။

“ဆရာမက ကြားကဝင်ပြီး တားဆီးပေးတယ်”

“ဟုတ်တယ်”

ကျန်းလင်းစုက လေးနက်စွာ ခေါင်းညိတ်သည်။

“မိုးကြိုးမကျခင် ထူးဆန်းတဲ့ အရာတချို့လည်း ဖြစ်ပျက်ခဲ့သေးတယ်”

“ဘာထူးဆန်းတဲ့ အရာတွေလဲ”

ကျိယွမ် လျင်မြန်စွာမေးသည်။

“ကျွန်မ ကျင့်ကြံနေတုန်း အကုန်လုံးကို မေ့သွားသလို ရုတ်တရက် ခံစားရတယ်၊ ဒါပေမဲ့ ချက်ချင်း ပြန်မှတ်မိသွားခဲ့တယ်”

ကျန်းလင်းစုက ထိုကိစ္စကိုအလေးအနက်ထားပုံရသည်။ ကျင့်ကြံသူများအတွက် ပုံမှန်မဟုတ်သော မည်သည့်အရာမဆို သတိပြုသင့်သည်။ ၎င်းသည် တစ်စုံတစ်ဦး၏ လှည့်စားမှု သို့မဟုတ် နှလုံးသားနတ်ဆိုးဖြစ်နေနိုင်သည်။

“မေ့သွားတာလား”

ကျိယွမ်၏ မျက်လုံးများကလည်း လေးနက်သွားပြီး သေသေချာချာစဥ်းစားသွားသာ်။

အရာအားလုံးသည် ဆက်စပ်နေသည်ဟု သူခံစားရ၏။

သူသည် သူ၏ မူလစွမ်းအားကို တတိယအကြိမ် နားလည်သဘောပေါက်သောအခါ နှလုံးသားဆိုးဘေးဒုက္ခများနှင့် ကောင်းကင်၏ဘေးဒုက္ခကို ရင်ဆိုင်ခဲ့ရသည်။

နှလုံးသားနတ်ဆိုးများမှာ နတ်ဆိုးတစ်သောင်းတံခါးမှ ဖြစ်ပြီး ဘေးဒဏ်မှာ မေ့လျော့ခြင်းအကြောင်း ဖြစ်သည်။

ထိုစဥ်က သူသည်ကောင်းကောင်ကပ်ဘေးကိုတော့ မခံစားခဲ့ရပေ။

ဆရာမတားဆီးပေးခဲ့သော မိုးကြိုးသည် ထိုအရာများနှင့် သက်ဆိုင်နေမလား။

“ဆရာမက ငါ့ကို အရင်လိုပဲကြင်နာပြီး ဂရုစိုက်ပေးနေသေးတာပဲ”

ကျိယွမ်သည် အနည်းငယ်စိတ်သက်သာရာရသလို ခံစားရသည်။သူက ဆရာမ၏လျစ်လျူရှုခံရသည်ဟု တွေးကာ ခံစားနေခဲ့ရသည် မဟုတ်ပါလား။

အတွေးနှင့်အတူ တောင်ထွတ်ပေါ်ရှိ နန်းဆောင်ကို ကျိယွမ်ကြည့်လိုက်မိသည်။တောင်ထွတ်သည် လူသူကင်းမဲ့နေပြီး နှစ်ပေါင်းတစ်ထောင်ခန့် လူမနေခဲ့သကဲ့သို့ ဖြစ်နေသည်။

သူသည် သူ၏ လှပသောဆရာမကို တစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး ထိုအချိန်ကလည်း သူမ၏ ဘေးတိုက်အနေအထားနှင့် ကျောဘက်ကိုသာ မြင်ခဲ့ရခြင်းပင်။

“အစ်ကိုကြီး၊ အဲဒီလို ပြဿနာဖြစ်တတ်တဲ့ စကားမျိုးတွေကို မပြောဘဲမနေနိုင်ဘူးလား”

ကျန်းလင်းစုသည် ကျိယွမ်ကို မကြည်သလိုမျက်လုံးကျုံ့သည်။

ကန်းလန်နယ်မြေတွင် ဆရာနှင့်တပည့် များသည် တာအိုလက်တွဲဖော်များ ဖြစ်လာခြင်းသည် အဆန်းမဟုတ်ပေ။ ကျင့်ကြံခြင်းလောက၌ နှစ်ပေါင်းထောင်သောင်းချီသောဘိုးဘေးများနှင့် မျိုးဆက်သစ်လေးများပင်လျှင် တာအိုအဖော် များဖြစ်လာနိုင်၏။

“ညီမလေး၊ ဆရာမက နင့်ကို ဂရုမစိုက်လို့ နင် မနာလို ဖြစ်နေတယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ စိတ်မပူပါနဲ့၊ အစ်ကိုကြီးကတော့ နငိ့ကို ဂရုစိုက်မှာပါ"

ကျိယွမ်က သူမအားနောက်ပြောင်သည်။

“တော်ပါ"

ကျန်းလင်းစုက ကျိယွမ်အားမျက်စောင်းလှလှလေးထိုးလိုက်၏။သို့သော် သူမသည် ကျိယွမ်၏ ခန့်ညားသော မျက်နှာကိုလည်း သေချာကြည့်မိသွားသည်။

အစ်ကိုကြီးက ဘာလို့ ပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့ ငါကထင်နေရတာလဲ။

မဖြစ်ဘူး..ရုပ်ကလေးလှတာမက်ရင် ငါပါရူးသွားမှခက်မယ်။

ကျန်းလင်းစုက အနည်းငယ်မျက်နှာလေးနီသွားကာ ကျိယွမ်အနီးမှ ထွက်သွားသည်။

ကျိယွမ်သည် ကျန်းလင်းစု၏ ကျောပြင်အားအမှတ်တမဲ့ ကြည့်မိရင်းမှ လှေပေါ်တွင် မြင်ခဲ့ရသော သွယ်လျသည့်မိန်းကလေးကို စဥ်းစားမိသွားသည်။

“သူက ဆင်းရဲလို့ အာဟာရချို့တဲ့ နေပုံပဲ။ ညီမလေးရဲ့ မိသားစုမှာတော့ ကိုယ်ပိုင်သတ္တုတွင်းတွေ ရှိနိင်တယ်။ ဒါကြောင့် ညီမလေးရဲ့ ခန္ဓာကိုယ်အချိုးအစားက အံ့မခန်းဖြစ်နေတာ"

သူသည် သူ၏အုတ်အိမ်အသစ်ထဲသို့ ပြန်ရောက်သွားသည်။ ရေခဲတောင်သခင်မက အလင်းနန်းတော်ကို ဖျက်ဆီးမည့် အစီအစဉ်၏ တိုးတက်မှုကို သူတို့အားပြောပြသင့်သည်ဟု မှာထားးသည်ကို သူမမေ့ပါ။

သူသည်ရှင်ဟွာအဖွဲ့ကျောက်စိမ်းပြားကိုထုတ်ကာ ဧကရာဇ်လေးပါးစကားပြောခန်း ထဲသို့ တန်းဝင်လိုက်သည်။

“ဒီနေ့၊ ကျွန်တော် သွေးဝတ်စုံဓားနတ်ဘုရား အဖြစ်ဟန်ဆောင်ပြီး အလင်းနန်းတော်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေနဲ့ တွေ့ဆုံခဲ့တယ်"

"ဟေ..."

ဆိုးသွမ်းအင်မော်တယ်ကတော့ ဆိုးသွမ်းအင်မော်တယ်ပင်။သူကအဲဗားအွန်လိုင်းသမားဟုပင် ဆိုနိုင်၏။

“ညီအစ်ကို၊ မင်းတကယ်သွားခဲ့တာလား"

“ဟုတ်ပါတယ်။ ကျွန်တော်က ခံရသူ ပါ။ တရားမျှတမှုက ကျွန်တော့်ဘက်မှာ ရှိနေတာကို။ ဘာကြောင့် မသွားရမှာလဲ”

ကျိယွမ်က ဖြစ်ရပ်မှန်လိုလို အတည်ပေါက်ပြောသည်။

“အဲဒါဆို ဘယ်လိုတွေဖြစ်ခဲ့လဲ”

ဆိုးသွမ်းအင်မော်တယ်က သူသိချင်သောအရာကို လျင်မြန်စွာ မေးသည်။

“မူလနတ်ဘုရားက အဖွဲ့ထဲမှာစကားပြောနိုင်သေးတယ်ဆိုတော့ မသေသေးလို့ပေါ့၊သူက အလင်းနန်းတော်နဲ့ဖြေရှင်းပြီးသွားတာ ဖြစ်ရမယ်၊သူတို့က တောင်းပန်လိုက်တာတောင် ဖြစ်နိုင်တယ်"

မီးလျှံဧကရာဇ်က အဖွဲ့ထဲသို့ ဝင်ရောက်လာပြီး ခန့်မှန်းလိုက်သည်။"

“ပြောမနေပါနဲ့တော့။ အလင်းနန်းတော်မှာ တောင်းပန်ဖို့ ရည်ရွယ်ချက် အစကတည်းက မရှိဘူး။ သူတို့က ကျွန်တော့်ကို မြင်တာနဲ့ချက်ချင်း သတ်ချင်နေကြတာ၊ နတ်ဆိုးကို ဖယ်ရှားမယ် ဘာညာနဲ့ လုပ်နေလို့ "

ကျိယွမ်က တော်တော်လေး ကူကယ်ရာမဲ့ကြုံခဲ့ရဟန်ဖြင့် ပြောသည်။

“အဲဒါကမှ အလင်းနန်းတော်ရဲ့ပုံစံပဲ”

မီးလျှံဧကရာဇ်က မှတ်ချက်ချ၏။

“အလင်းနန်းတော်က အမြင်ကျဥ်းလွန်းတယ်၊ သူတို့က လျော်ကြေးတောင် မပေးချင်ဘူးပေါ့"

ဆိုးသွမ်းအင်မော်တယ်ပင် ကျိယွမ်အတွက် မခံရပ်နိုင်ဖြစ်သွားသည်။လူသိရှင်ကြားမတောင်းပန်သလို လျှော်ကြေးလေးပင် မပေးချင်သည်ကတော့ သဘာဝမကျပေ။

“ဟုတ်တယ်၊ ကျွန်တော်က ဝိညာဉ်ကျောက် ဆယ်ထရီလီယံပဲ တောင်းခဲ့တာပါ။ သူတို့က တွန့်တိုပြီး ငြင်းဆိုခဲ့တယ်၊ ဒါကြောင့် ကျွန်တော်လည်း သူတို့ကို သူတို့ရဲ့ ကွယ်လွန်သွားကြတဲ့ ချစ်ရသူတွေနဲ့ ပြန်လည်ပေါင်းစည်းဖို့ ပို့ပေးလိုက်ရတယ်"

ကျိယွမ်က ဘာမှမတတ်နိုင်တော့သလိုပြောသည်။

“...ဆယ်ထရီလီယံလား”

ဆိုးသွမ်းအင်မော်တယ် သူ၏နဖူးကိုသူပြန်ရိုက်မိသွားသည်။မူလနတ်ဘုရား မမှားဘူး၊သူကို့ယုံမိခဲ့တာ ငါကမှားသွားတာ။

မီးလျှံဧကရာဇ်ကတော့ နားမလည်သလိုမေး၏။

"မင်း သူတို့အကုန်လုံးကို သတ်ပစ်တယ်လို့ပြောတာလား၊မင်းပြောတော့ အခုလေးတင် အမြုတေဖွဲ့စည်းထားတာဆို၊ဟိုက စိတ်ဝိညာဥ်အဆင့်တွေပဲ စေလွှတ်ဖို့များတယ်"

“အလင်းနန်းတော်က စိတ်ဝိညာ်အဆင့်တွေက အရမ်းအားနည်းနေတာ၊ ကျွန်တော့်ရဲ့အမြုတေအဆင့်ခွန်အားကိုတောင် မသုံးလိုက်ရဘူး၊အခြေတည်အဆင့်ခွန်အားနဲ့ချတာကိုတောင် သူတိူ့ကသေကုန်ကြတယ်၊တော်တော် ပျင်းစရာပါ"

“တကယ်ကြီးလား"

“မယုံနိုင်စရာပဲ"

“ဟမ့်၊ မူလနတ်ဘုရားကို နင်တို့က သံသယဝင်ရဲသလား”

ရေခဲတောင်သခင်သည် စကားဝိုင်းတွင် ပေါ်လာခဲ့သည်။

“ငါ့မှာ အလင်းနန်းတော်ကနေ သန်းနဲ့ချီတဲ့ အတိုးကြီးချေးငွေကိုယူထားတဲ့ ညီမတစ်ယောက် ရှိတယ်။ သူက ငွေတွေချေးထားပြီးမှ မူလနတ်ဘုရားက အလင်းနန်းတော်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေခဲ့တာလေ။ အဲ့ဒါကြောင့် လိုရမယ်ရအနေနဲ့ သူရဲ့ တပည့်တချို့ကို လင်ဖုန်းဆိပ်ကမ်းမှာ သွေးဝတ်စုံဓားနတ်ဘုရားဆိုတာကို စောင့်ကြည့်ဖို့ စေလွှတ်ခဲ့တာ"

"သူတို့ ဘာတွေ့ခဲ့လဲ သိလာ၊သွေးဝတ်စုံဓားနတ်ဘုရားက စိတ်ဝိညာဥ်အဆင့်တောင် မဟုတ်ဘူး။ သူဟာ ခရမ်းရောင်နန်းတော်အင့်ဖြစ်နေတာတဲ့၊ခရမ်းရောင်နန်းတော်တောင် သာမန်တစ်ဦး မဟုတ်ဘူးတဲ့"

စကားဝိုင်းကို တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။

ဆေးမီးဖိုတစ်ခုဘေးတွင်ရှိနေသော တပည့်သည် ထို မက်ဆေ့ချ်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေ၏။

မူလနတ်ဘုရားက ခရမ်းရောင်နန်းတော်အဆင့်ကြီးတဲ့လား။

ထိုတပည့်သည် ခံစားချက်မျိုးစုံကို ခံစားလိုက်ရသည်။

ခရမ်းရောင်နန်းတော်အဆင့်ကြီးက သူတို့ စကားဝိုင်းတွင် အိုးပုတ်ဂျိုးရုပ်များနှင့်အိမ်ဆောက်တမ်းလာပြီး ကစားနေတာလား။

“မင်းက ခရမ်းရောင်နန်းတော်အဆင့်ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး”

မီးလျှံဧကရာဇ်က တံတွေးမျိုချကာ မှတ်ချက်ချမိသည်။

“ကျွန်တော်က ခရမ်းရောင်နန်းတော်အဆင့် မဟုတ်ပါဘူး၊ အသစ်ဖွဲ့စည်းထားတဲ့ အမြုတေအဆင့်ပဲရှိပါသေးတယ်"

ကျိယွမ်က ရိုးသားစွာ ပြင်ပေးလိုက်သည်။

“နင့်ကို ပါရမီရှင် လို့ ထင်ခဲ့မိတယ်၊ ဒါပေမဲ့ ဆရာကြီးတစ်ယောက် ဖြစ်နေတာပဲ။ ဒါကိုမသိဘဲ ကလေးကလားအဆင့် ပါရမီရှင်တိုက်ပွဲကို ဖိတ်ခေါ်တာဟာ ရယ်စရာ ဖြစ်နေပြီ”

ရေခဲတောင်သခင်မက သူမကိုယ်သူမ လှောင်သလို ပြောလိုက်သည်။

ပါရမီရှင်တိုက်ပွဲတွင် အဆင့် ၃၀ အတွင်းဝင်သူများကို ကန်လန်နယ်မြေတွင် အသစ်တွေ့ရှိခဲ့သော ကမ္ဘာတစ်ခုသို့ ဝင်ရောက်ခွင့်ပေးမည်ဖြစ်သည်။ ရေခဲတောင်သခင်မသည် ကျိယွမ်အား လူငယ်ပါရမီရှင်ဟု ထင်ကာ ဤအခွင့်အရေးကို မျှဝေခဲ့ခြင်းပင်။

“ကျွန်တော်က ဆရာကြီးမဟုတ်ပါဘူး၊အမြုတေအဆင့်ကိုရောက်ကာစ လူသစ်လေးပဲရှိပါသေးတယ်"

ကျိယွမ်ကတော့ နှိမ့်ချစွာ ထပ်ပြောသည်။

“ကျွန်တော့်ရဲ့အမြုတေတော့ နည်းနည်းကြီးပါတယ်၊ အခု အမြုတေက ပျောက်နေပေမဲ့ ကျွန်တော်က အမြုတေအဆင့်တော့ ဖြစ်နေသေးတယ်လေ"

“ဘာပဲပြောပြော ကျွန်တော် အလင်းနန်းတော်ကိုစစ်ကြေညာလိုက်ပြီ။ ကျွန်တော့်ရဲ့ သတင်းကောင်း ကို စောင့်မျှော်ပေးကြပါ”

“မူလနတ်ဘုရား၊ အလင်းနန်းတော်ကို ဖျက်ဆီးဖို့က ခက်ခဲတယ်။ အရန်အင်အားတစ်ချို့ လိုအပ်လား။ ငါ့ရဲ့ ညီမတွေက အလင်းနန်းတော်ကနေ ပိုက်ဆံချေး ထားပြီး ပြန်မဆပ်ချင်ဘူး။ ငါတို့ ပူးပေါင်း ပြီး ဖျက်ဆီးနိုင်တယ်”

ရေခဲတောင်သခင်မက ကမ်းလှမ်းသည်။

အကြွေးရှင်များ သေဆုံးသွားလျှင် အကြွေးများကို ပြန်ဆပ်ရန် မလိုအပ်တော့ပေ။ထို့ကြောင့် သူမကလည်း ကူညီချင်နေပုံရ၏။

ကျိယွမ်သည် အနည်းငယ်နွေးထွေးမှုကို ခံစားရပြီး တုန့်ပြန်လိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်မ၊ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်”

သူသည် ထို “အသက်ကြီးသော” အမျိုးသမီးများနှင့် အဖွဲ့ဖွဲ့ရန် လူမှုဆက်ဆံရေးတွင် အခက်အခဲတစ်ချို့ ရှိနေသည်။အထူးသဖြသ့် မိန်းမများသည်အသက်ကြီးလာလျင် စကားပိုများလာတတ်သည် ဟုဆိုကြ၏။ အမျိုးသမီးကြီးများက ဗျစ်တောက်ဗျစ်တောက်လုပ်ကာ သူ့ကို ဖိအားပေး လာနိုင်သည်၊

သူ၏အစီအစဥ်က ချောမွေ့စွာလည်ပတ်နေနေလေပြီ၊မလိုအပ်သော ဖိအားများကို သူမတွေ့ကြုံချင်ပါ။

ကျိယွမ်သည် ကျေးဇူးတင်စကား ပြောကြားပြီးနောက် အဖွဲ့လိုက်စကားဝိုင်းမှ ထွက်ခွာသွားသည်။

တစ်ချိန်တည်းတွင် ဂူတစ်ခုထဲတွင် ရေခဲတောင်သခင်မသည် သေရည်တစ်အိုးကို အရသာခံကာ သောက်နေသည်။

“လင်းအာက အရှေ့ပိုင်းဒေသက မဟုတ်တာ နှမြောစရာပဲ၊သူသာအရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို ဝင်နိုင်ခဲ့ရင် သေချာပေါက် ထိပ်တန်း ၁၀ ဦးထဲ ပါမှာပဲ၊ငါရဲ့မိသားစုမှာလည်း နောက်ထပ်သွားစရာနေရာတစ်ခု ရှိလာနိုင်တယ်"

ကြီးမားသောအဖြစ်အပျက်များ နီးကပ်လာသည်နှင့်အမျှ အလင်းနန်းတော်သည် ကြိုတင်လှုပ်ရှားမှုများ လုပ်ဆောင်နေသည်။ သူမသည်လည်း အနာတ်အတွက် စီစဉ် ရမည် ဖြစ်သည်။

ကျိစယ်တောင်ထွတ်တွင်တော့ ကျိယွမ်၏မျက်နှာက ရှုံ့မဲ့နေလေသည်။

သူရှာဖွေတွေ့ရှိခဲ့သော နည်းစနစ်များအားလုံးကို ပြန်လည်စစ်ဆေးရင်း လွန်စွာမကျေမနပ်ခံစားရသည်။

“ဒီစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေက ငါ့ရဲ့မျှော်လင့်ခြင်း လမင်းဖြစ်ဖို့ မထိုက်တန်ကြဘူး"

သူသည် ကျောက်စိမ်းအဆင့်နည်းစနစ် နှစ်ဆယ်ကျော်နှင့် နက်နဲသောအဆင့် နည်းစနစ် သုံးခုကို ရရှိခဲ့သည်။ သူ အခြေခံတည်ဆောက်ခြင်း အဆင့်တွင် ရှိနေစဥ်ကဆိုလျှင် အသုံးဝင်သော်လည်း၊ ယခု အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤနည်းစနစ်များသည် သူ၏အောက်တွင် ရှိနေသည်။

"အဆင့်အတန်းကပိုမြင့်လာတာနဲ့ အမျှ၊ လူတစ်ယောက်ရဲ့စံနှုန်းတွေကလည်း မြင့်တက်လာတာပဲကိုး၊ ရွာမှာနေတုန်းကတော့ မုဆိုးမဝမ် နဲ့ ကွမ်းတောင်ကိုင်မလေးရှောင်ကွေ့ တို့က အိပ်မက်နတ်သမီးဖြစ်ပေမဲ့၊ခရိုင်အဆင့်ကိုရောက်သွားရင်တော့ အနည်းဆုံး ယူနီဖောင်းနဲ့ကျောင်းသူလေးတစ်ဦးလောက်ကမှ အိမ်မက်နတ်သမီးဖြစ်တော့မှာ"

ယခုအခါ သူ၏စံနှုန်းများကလည်း မြင့်တက်လာပြီဖြစ်သည်။ အလင်းနန်းတော်၏ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများသာလျှင် သူ၏မျှော်လင့်ခြင်းလမင်း ဖြစ်နိုင်ပေမည်။

“အစ်ကိုကြီး၊ ကျွန်မရဲ့အစ်မ ရောက်လာပြီ”

ရွှင်လန်းသော အသံတစ်ခုက သူ့အား ခေါ်လိုက်သည်။

နည်းစနစ်များကို စိတ်ပျက်နေသောကျိယွမ်သည် အိမ်အပြင်သို့ ပျင်းရိစွာဖြင့် ထွက်လိုက်သောအခါ ခန္ဓာကိုယ်ပုံစံ ကွဲပြားသော မိန်းမပျိုနှစ်ဦးကို မြင်လိုက်ရသည်။

တစ်ဦးက ဝါးခြမ်းပြားကဲ့သို့ ပိန်သွယ်ပြီး၊ နောက်တစ်ဦးက မျှစ်စို့ကြီးတစ်ခုအလား ပြည့်ဖြိုးပြီး အချိုးအစားကျနေသည်။

“သူက နင့်ရဲ့ အစ်မလား”

ကျိယွမ် အံ့အားသင့်သွားသည်။ လှေပေါ်မှ မိန်းကလေးသည် ညကအတိုင်းပင် အစိမ်းရောင်ဝတ်စုံနှင့်ဖြစ်သည်။

“ဒါက ကျွန်မရဲ့အစ်မ ကျန်းယာ ပါ။ အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းကြီးမှာ အဆင့်ဆယ့်ငါးနေရာမှာ ရှိပြီး အမြုတေအဆင့်ကျင့်ကြံသူပါ”

ကျန်းလင်းစုသည် ကျန်းယာကို ဖက်တွယ်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။

“အစ်မယာယာ ၊ ဒါက ကျွန်မရဲ့ အစ်ကိုကြီး ကျိယွမ် ပါ။ သူ့ရဲ့ ပေါ့ပျက်ပျက်ပုံစံကို မကြည့်ပါနဲ့။ သူက တကယ်ကောင်းမွန် ပြီး ကြီးမားတဲ့အရည်အချင်း ရှိတယ်၊ အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းမှာတောင် ပါဝင်နိုင်လောက်အောင် ထူးချွန်ပါတယ်"

ကျန်းယာသည် ကျိယွမ်ကို အလေးအနက် စစ်ဆေးပြီး အနည်းအံ့အားသင့်သလိုရှိ၏။

“ကျွန်မရဲ့ညီမကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မဟုတ်ပါဘူး၊ သူက ကျွန်တော့်ကို ဂရုစိုက်ပေးနေတာပါ”

ကျိယွမ်သည် ရိုးသားစွာ အမှန်အတိုင်း ပြန်ဖြေသည်။ကျန်းလင်းစုနှင့်သူ၏ ဆက်ဆံရေးတွင် သူကချည်း ကျန်းလင်းစုကို အားကိုးနေခဲ့ရသည်မဟုတ်ပါလား။

ကျန်းယာ၏ မျက်နှာအမူအရာသည် တည်ကြည်သွားပြီး အခြေအနေတစ်ခုကို သုံးသပ်ပြသည်။

"တိုင်းပြည်တစ်ရာသွေးစစ်ပွဲစတင်လိုက်တာနဲ့အတူ သာ့ရှန်းဟာ ပဋိပက္ခတွေနဲ့ ပြည့်နေမှာပဲ"

အစ်မဖြစ်သူ၏စကားကို ကြားသောအခါ ကျန်းလင်းစုသည် မျက်မှောင်ကြုတ်လေသည်။ သူမ၏အစ်မ အဘယ်ကြောင့် ရောက်လာသည်ကို သူမ သိပါသည်။

“လင်းစုက မိသားစုကို စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာကမကျေနပ်မှုတွေ ကို ဖြစ်စေခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက ဖိနှိပ်ပေးထားခဲ့တယ်။ သူ့ရဲ့ ရွေးချယ်မှုကို ကျွန်မ ထောက်ခံပါတယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ရာသွေးစစ်ပွဲနဲ့အတူ သာ့ရှန်းကလည်း နတ်ဆိုးနယ်မြေလို့သတ်မှတ်လိုက်တာကြောင့် သူဆက်နေဖို့ မသင့်တော်တော့ပါဘူး"

ကျန်းယာသည် အစ်မပီသစွာ တည်ငြိမ်နေပြီး သူမပြောစရာရှိသည်ကို ပြောသည်။

ကျန်းလင်းစုသည် ကျိယွမ်ကို လှမ်းကြည့်ပြီး သနားစဖွယ် ဖြစ်နေသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော်က ညီမလေးကို ကာကွယ် ပေးပါမယ်”

ကျိယွမ်က ယုံကြည်မှုရှိစွာ ရင်ကော့ပြီးပြောလိုက်သည်။သူက အမှန်တကယ်လည်း မကြောက်ရွံ့ပါ။

ကျန်းလင်းစုသည် ရင်ထဲ၌နွေးထွေးမှု ကို ခံစားရသည်။ သူမ၏ အစ်ကိုကြီးသည် သိပ်ပြီး မယုံကြည်ရသော်လည်း သူသည် ကြင်နာတတ်ပြီး ခန့်ညားလွန်းသည်။

ကျန်းယာက နားလည်မှုရှိစွာ ပြုံးသည်။

“ကျိယွမ်၊ ချက်ချင်း မငြင်းပါနဲ့။ ကျွန်မက လင်းစုကိုကာကွယ်ပေးမယ်ဆိုတဲ့ ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပါတယ်၊ ပြီးတော့ ရှင့်ရဲ့အကျင့်စာရိတ္တကိုလည်း သံသယမဝင်ပါဘူး။ လင်းစုက ကျွန်မထက်တောင် အကဲဖြတ်တဲ့နေရာမှာ ပိုကောင်းပါတယ်”

ကျိယွမ် စိတ်ရှုပ်ထွေး သွားသည်။

ငါ့မှာ ဘယ်တုန်းက အဲဒီလိုဆုံးဖြတ်ချက်မျိုးရှိသွားတာလဲ၊ငါတောင်မသိလိုက်ရပါလား။မသိရင် ငါကပဲအသက်စွန့်ပြီး ကာကွယ်ပေးတော့မဲ့ပုံ။

ကျန်းယာက လေသံအေးအေးဖြင့် ဆက်ပြောနေသည်။

"ကျွန်မတို့က တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို မတားဆီးနိုင်ပါဘူး၊ကျွန်မအနေနဲ့ ကျိစယ်တောင်ထွတ်က်ု ဒါမှမဟုတ် ရှန်ကွမ်းဂိုဏ်းတစ်ခုလုံးကိုပါ ရွှေ့ပြောင်းဖို့ အကြံပြုချင်ပါတယ်၊ကျွန်မတို့ရဲ့ မြင့်တတ်ခြင်းခန်းမက ကူညီနိုင်ပြီး အလင်းနန်းတော်က တားဆီးနိုင်မှာမဟုတ်ပါဘူး"

သူမ၏အဆိုပြုချက်သည် အရေးပါသော သဘောတူညီမှုဖြစ်ပြီး ကျန်းလင်းစု အပေါ် ၌ မည်မျှစိုးရိမ်ပူပန်နေသည်ကို ဖော်ပြနေ၏။ ပုံမှန်သာဆိုလျှင် သူမသည် ကျန်းလင်စုကို အတင်းအကြပ် ခေါ်ဆောင်သွားပေလိမ့်မည်။

ကျိယွမ်သည် ကျိစယ်တောင်ထွတ်နှင့် သူ၏ အုတ်အိမ်အသစ်ကို ကြည့်ပြီး ခေါင်းယမ်းသည်။

“ကျိစယ်တောင်ထွတ်ကို ဘယ်နေရာကိုမှ မရွှေ့နိုင်ပါဘူး”

သူ၏ဆုံးဖြတ်ချက်က ကျန်းယာ ကို အံ့အားသင့်စေခဲ့သည်။

“ပြီးတော့ အလင်းနန်းတော်ဟာ မကြာခင် ဖျက်ဆီးခံရတော့မှာဖြစ်လို့ ကြောက်စရာ လည်း ဘာမှမရှိပါဘူး”

ကျိယွမ်က စိတ်အေးလက်အေးရှိလှသည်။ သူ၏ အလင်းနန်းတော်ကို ဖျက်ဆီးရန် အစီအစဉ်သည် တည်ငြိမ်စွာ တိုးတက်နေသည် မဟုတ်ပါလား။

ကျန်းယာသည် ကျိယွမ်ကို နားမလည်သလိုကြည့်ပြီး အတန်ကြာမှ တစ်ခုခုကိုနားလည်သွားပြီး မေးလိုက်သည်။

“ရှင်က ရှင့်ရဲ့ မျှော်လင့်ချက်ကို သွေးဝတ်စုံဓားနတ်ဘုရား အပေါ်မှာ ထားနေတာလား”

“သွေးဝတ်စုံဓားနတ်ဘုရား..အဲဒါကဘယ်သူလဲ"

ကျန်းလင်းစု စိတ်ရှုပ်ထွေးသွားသည်။

“သူနဲ့ ဒီကိစ္စ ဘာဆိုင်လို့လဲ”

ကျန်းလင်းစုမေးရန်ပြင်လိုက်စဥ်မှာပင် ကျန်းယာက ဆက်ပြောသည်။

“ရိုးရိုးသားသား ပြောရရင် တိုင်းပြည်တစ်ရာ လိုနေရာက ခရမ်းရောင်နန်းတော်အဆင့်တစ်ဦး ထွက်ပေါ်လာတာ အံ့အားသင့်စရာပါ။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ တော်နေပါစေ၊ ဒါမှမဟုတ် ပြည့်စုံနေပါစေ၊ သူကလည်း တိုင်းပြည်တစ်ရာစစ်ပွဲကို မပြောင်းလဲနိုင်ပါဘူး”

စစ်ပွဲသည် အလင်းနန်းတော်၏ ရှင်သန်မှု အတွက် အရေးပါနေသောကြောင့် သူတို့က နောက်ဆုတ်မည်မဟုတ်ပေ။ ခရမ်းရောင်နန်းတော်ဒါဇင်များစွာရှိသည့်အပြင် နဂါးသရဖူပါရှိနေသောကြောင့် ကျန်းယာ၏ ဆရာကိုယ်တိုင်ပင် ယင်နတ်ဘုရား မဖြစ်သေးလျှင် အလင်းနန်းတော်ကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။

ကျန်းလင်းစုက စကားပြတ်ခိုက် သူမသိချင်တာကို ဖြတ်မေးသည်။

“ဘယ် ခရမ်းရောင်နန်းတော်အဆင့်ကို ပြောတာလဲ”

“မနေ့က အလင်းနန်းတော်ဟာ လင်ဖုန်းဆိပ်ကမ်းမှာ သွေးဝတ်စုံဓားနတ်ဘုရားနဲ့ တွေ့ဆုံပြီး သူတို့တိုက်ခိုက်ခဲ့ကြတယ်။ သွေးဝတ်စုံဓားနတ်ဘုရားက မူလနတ်စွမ်းအင် ကို သုံးပြီး စိတ်ဝိညာဥ်အဆင့်တွေကို သတ်ပစ်တယ်။ပြီးတော့ သူကအလင်းနန်းတော်ကို စစ်ကြေညာခဲ့တာ။ ဒါက လေးစားစရာ ကောင်းပေမဲ့ ရလဒ်ကိုတော့ ထူးထူးခြားခြား မပြောင်းလဲနိုင်ပါဘူး”

ကျန်းယာက ရှင်းပြသည်။

ကျန်းလင်းစုသည် သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ ကျိယွမ်ကို လှမ်းကြည့်သည်။

သွေးဝတ်စုံဓားနတ်ဘုရားက ခရမ်းရောင်နန်းတော်အဆင့်တဲ့ လား။

ပြီးတော့စိတ်ဝိညာဥ်အဆင့်တွေကို သတ်ပစ်တယ်ပေါ့။

သွေးဝတ်စုံဓားနတ်ဘုရားဆိုတဲ့နာမည်က..။

သူမသည် အစ်မဖြစ်သူရှိနေသောကြောင့် ကျိယွမ်ကို မမေးနိုင်သော မေးခွန်းများစွာ ရှိနေသည်။

ကျိယွမ်သည် “ကျွန်တော်က ခရမ်းရောင်နန်းတော်အဆင့်မဟုတ်ပါဘူး၊ အမြုတေအဆင့် လူသစ်လေးပါ” ဟု ပြောချင်နေသော်လည်း သူက မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်လို့ မရပေ။

ထို့ကြောင့် မဆိုင်သလို ဆိတ်ဆိတ်သာနေလိုက်၏။

“ရုတ်တရက်ကြီး ရှင်လက်ခံဖို့ ခက်ခဲမယ်ဆိုတာ ကျွန်မ သိပါတယ်။ သွေးဝတ်စုံဓားနတ်ဘုရားနဲ့အလင်းနန်းတော်ရဲ့ရလဒ် ရှင်းလင်းသွားမှ ကျွန်မ ပြန်လာခဲ့မယ်”

ကျန်းယာသည် ကျိယွမ်အားနှုတ်ဆက်ပြီး ကျန်းလင်းစုနှင့်အတူ ပြန်သွားလေသည်။

ကျန်းလင်းစု၏ သစ်သားအိမ်လေးထဲသို့ ရောက်သောအခါ ကျန်းယာသည် မျက်မှောင်ကြုတ်နေပြီး စကားမဆိုသေးပေ။

သူမက စိတ်ရှုပ်သောအမူအယာဖြင့် ထိုင်နေသော ညီမဖြစ်သူအားကြည့်ကာ ပြုံး၍မေးလိုက်သည်။

"အစ်မကို တွေ့ရတာ မပျော် ဘူးလား”

“မ... မဟုတ်ပါဘူး”

ကျန်းလင်းစုသည် သွေးဝတ်စုံဓားနတ်ဘုရား အကြောင်း စဥ်းစားနေခဲ့သည်။

"နင် ငါ့ဆီ ပို့ပေးတဲ့နည်းစနစ်တွေကို ငါကြည့်ပြီးပြီ ။ တစ်ခုက ပြုပြင်ပြောင်းလဲထားတာ သိပ်မကောင်းပါဘူး”

“တကယ်လား၊ ပြဿနာတွေဘာတွေ ဖြစ်စေနိုင်လား"

ကျန်းလင်းစု စိုးရိမ်ပူပန်သွားသည်။

၎င်းသည် သူမ၏အစ်ကိုကြီး ပြုပြင်ခဲ့သော နည်းစနစ် ဖြစ်၏။

“သီအိုရီအရ၊ ဒါကို ကျင့်ကြံရင် ရူးသွပ် ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ လုံးဝ မေ့လျော့ခြင်းတောင် ဖြစ်စေနိုင်တယ်”

“ဘာ၊ အဲဒီလောက်တောင် ဆိုးတာလား”

ကျန်းလင်းစုသည် ချက်ချင်းမတ်တပ်ထရပ်သွားသည်။သူမ၏မျက်နှာမှ စိုးရိမ်မှုဒီဂရီက သိသိသာသာမြင့်တတ်နေလေပြီ။

သူမ၏အစ်ကိုကြီးက ထိုနည်းစနစ်ကို ကျင့်ကြံနေတာတော့ မဟုတ်လောက်ဘူးမှတ်လား။

ညီမဖြစ်သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းယာက သဘောပေါက်သလို ပြုံးသည်။

“နင့်ရဲ့အစ်ကိုကြီးအတွက် စိတ်မပူပါနဲ့။ မပြည့်စုံတဲ့ နည်းစနစ်က အခြေခံသီအိုရီသပ်သပ်ပဲဖြစ်ပြီး ကျင့်ကြံလို့ မရပါဘူး”

ကျန်းလင်းစုသည် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။ သူမ၏ အစ်ကိုကြီး ဘေးကင်းနေ၍ တော်သေးသည်။

ကျန်းယာ ညီဖြစ်သူအား အသိပေးလိုက်သည်။

“ငါ ဒီမှာကြာကြာနေလို့ရဘူး။ အရှေ့ပိုင်းဒေသရဲ့ပါရမီရှင်တိုက်ပွဲကို ရှေ့ကိုစောပြီး ရွှေ့လိုက်လို့ ငါအချီနိမီဝင်ပြိုင်ရမယ်။

အဲဒါ ပြီးတာနဲ့ နင့်ကို အိမ်ခေါ်သွားမယ်”

လာမည့်တိုက်ပွဲသည် အရေးကြီးလေသည်။ သူမ၏ဆရာဖြစ်သူက ထုတ်မပြောသော်လည်း ကျန်းယာသည် ၎င်း၏ အရေးပါမှုကို ခံစားမိနေသည်။

--------------

All Chapters