ဒဏ္ဍာရီလာ ထျန်းရွှမ်
Vol. 28 Ch. 314
လျူမောင်နှမနှစ်ယောက်လုံးသာမက မင်းသမီးဟွမ်ရှားပါ နားမလည်ဖြစ်သွားကြသည်။
ချန်ဖန်၏ စကားများက သူတို့ကို ဇဝေဇဝါ ဖြစ်စေ၏။
ချန်ဖန်၏ ကမ္ဘာဆိုသောနေရာသို့ သွားရန် သေဆုံးရမည်တဲ့လား.
ဒါက ဘာအဓိပ္ပာယ်လဲ။
ငရဲပြည်မို့လို့လား။
ကျိယွမ်ကတော့ သေသေချာ စဥ်းစားနေသလို ငြိမ်သွားသည်။
"သေပြီးမှပဲ ဝင်လို့ရတာလား ၊ တခြားနည်းလမ်းရော မရှိဘူးလား။ဒီဂိမ်းက မပြီးသေးဘူး ၊ ငါသေလို့မရသေးဘူးလေ"
ချန်ဖန်က ချက်ချင်းမဖြေပါ ။
"အခု ငါ့အလှည့်ပဲ ၊ ငါမေးမယ်... မင်း ပင်လယ်သတ္တဝါတွေကို ငါးဖမ်းသလို ဖမ်းဖို့သုံးနေတာက အထဲမှာ ပင်လယ်သတ္တဝါတစ်ကောင် ပါတဲ့ ထူးဆန်းတဲ့ ခရစ္စတယ်တုံးတစ်ခုလား။"
ချန်ဖန်က လေးနက်စွာမေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်"
ကျိယွမ်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပြန်မေး၏။
"တခြားနည်းလမ်းကို ပြောပြဖို့ မင်းအလှည့်ပဲ။"
ချန်ဖန်က မငြင်းပါ ။ သို့သော် သူ၏စကားကို ဆက်ပြောသည်။
"အဲဒါကို အရင်ကြည့်ပါရစေ၊ ပြီးမှ မင်းရဲ့ ကျန်တဲ့မေးခွန်းတွေကို ငါ ဖြေမယ်။"
"ရတယ်လေ"
ကျိယွမ်က တွန့်ဆုတ်မနေပါ ။ သူ့အားတစ်ခုခု ကြံစည်မည်ဆိုလျှင်ပင် သူကဂရုစိုက်နေမည် မဟုတ်ချေ။
အကယ်၍ တစ်ဖက်လူက သူ့ကို လှည့်စားရန် ကြိုးစားပါက သူက တစ်ချက်တည်းနှင့် သတ်ပစ်နိုင်သည် မဟုတ်ပါလား။
ကျိယွမ်က ငါးမျှားကြိုးကိုကိုင်ပြီး သူ၏လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ရာ ရေများ စင်ထွက်သွားပြီး တစ်ကုဗမီတာခန့်ရှိသော ကြည်လင်နေသည့်ခရစ္စတယ်တုံးကြီးမှာ သမုဒ္ဒရာထဲမှ ပျံထွက်လာသည်။
ခရစ္စတယ်တုံးကြီးထဲတွင်မူ ပုံသဏ္ဌာန်ပြောင်းလဲနေသော ပင်လယ်သတ္တဝါတစ်ကောင် ရှိနေ၏။
၎င်းကို မြင်သောအခါ လျူမောင်နှမမှာ မျက်လုံးများ ပြူးသွားကြသည်။
"ဘယ်လောက်တောင် ကြီးမားတဲ့ ခွန်အားလဲ ၊ ဒါဟာ အနည်းဆုံး ပေါင်ရာချီ လေးမှာ မဟုတ်လား။"
ပေါင်ရာချီ လေးလံသော အရာတစ်ခုကို လက်တစ်ချက်ခါရုံဖြင့် မလိုက်နိုင်ခြင်းမှာ သူသည် အဆင့်မြင့် မျိုးရိုးဗီဇဆေးရည်များကို သောက်သုံးထားသူ ဖြစ်ရပေလိမ့်မည်။
အနီးတွင် ရပ်နေသော ချန်ဖန်မှာလည်း အံ့အားသင့်သွား၏။
တောရိုင်းမြေရိုင်းထဲတွင် ပုန်းကွယ်နေသော နဂါးတစ်ကောင်ကို သူ တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကြည်လင်နေသော ခရစ္စတယ်တုံးကြီးနှင့် အထဲမှ ပင်လယ်သတ္တဝါမှာ ပေါင်ရာချီထက် များစွာ ပိုလေးလံပြီး ပေါင်တစ်သောင်းနီးပါး ရှိကြောင်း သူအသိဆုံး မဟုတ်ပါလား။
သာမန် သွေးစွမ်းအား သိုင်းသမားတစ်ဦးမှာ ထိုမျှ ကြီးမားသော ခွန်အားကို မပိုင်ဆိုင်နိုင်ပါ။
သူ၏ အကြည့်က ဗီဇပြောင်းပင်လယ်သတ္တဝါထံ ကျရောက်သွားသောအခါ သူ၏အမူအရာမှာ ပိုမို ရှုပ်ထွေးလာသည်။
ခဏအကြာထိ သေချာကြည့်ပြီးနောက် သူက သက်ပြင်းချလိုက်၏။
"သူ့ရဲ့ အရှိန်အဝါတွေ ပျောက်ဆုံးသွားပြီ..."
သူသည် မိုလီငါးဘုရင်၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
ပင်လယ်သတ္တဝါများ ဤဘက်သို့ ကူးခတ်လာသည်ကို မြင်သောအခါ မိုလီငါးဘုရင်သည် စည်းတံဆိပ်ခတ်ထားရာမှ လွတ်မြောက်သွားမည်ကို သူ စိုးရိမ်သွားခဲ့၏။
ယခုအခါ အစွမ်းထက်သော ကောင်းကင်မျက်လုံးလက်နက် ရှိနေသော်လည်း မိုလီငါဘုရင်သာ သောင်းကျန်းပါက ကြီးမားသော ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေနိုင်သေးသည် မဟုတ်ပါလား။
ထို့ကြောင့် မိုလီငါးဘုရင်သာ အသက်ရှင်နေသေးသည်ကို တွေ့ပါက ရှေ့မှလူကို ၎င်းအား ပြန်လည်၍ စည်းတံဆိပ်ခတ်ရန် သူ နားချမိမှာ သေချာ၏။
ယခုမူ ထိုဗီဇပြောင်းသတ္တဝါ၏ အရှိန်အဝါမှာ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် စိုးရိမ်စရာ မလိုတော့ပေ။
"ကောင်းပြီ၊ အခု ငါ့မေးခွန်းကို ဖြေပါ။ သေတာအပြင် မင်းတို့ကမ္ဘာကို သွားဖို့ တခြားနည်းလမ်း ရှိသေးလား။"
ကျိယွမ်က သူ၏မေးခွန်းကို ထပ်မေးသည်။
ထိုကိစ္စမှာ သူ့အတွက် အလွန်အရေးကြီးလေ၏။
ဝိညာဉ်လမ်းစဥ်သိုင်းဘုရင်တစ်ဦး ဖြစ်လာမည့်လမ်းစမှာ ထိုလူပြောသည့် သေပြီးမှသာ သွားနိုင်သည့် နေရာတွင် ရှိနေမည်ဟုပင် သူ သံသယဝင်နေသည်။
ချန်ဖန်က ကျိယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။
"မင်းရဲ့ ခွန်အားအရ ဆိုရင်တော့... မင်း အဲဒီကို ရောက်ဖူးသင့်နေပြီ။
မင်းက သိုင်းပညာရဲ့ အကန့်အသတ်ကို ကျော်ဖြတ်ပြီး သွေးစွမ်းအား သိုင်းသမား ဖြစ်လာပြီဆိုရင်... မင်းက သွေးနယ်မြေကို အာရုံခံနိုင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေနဲ့ နဂါးငွေ့တန်းလမ်းကို လှည့်လည်သွားလာနိုင်လိမ့်မယ်။"
သူသည် သိုင်းပညာ၏ အကန့်အသတ်ကို ကျော်ဖြတ်စဉ်က နဂါးငွေ့တန်းလမ်း၏ ထောင့်တစ်နေရာကို မြင်တွေ့ခဲ့ရသည်။
အကန့်အသတ်ကို ကျော်ဖြတ်နိုင်သော မည်သည့်သိုင်းသမားမဆို သွေးနယ်မြေကို အာရုံခံနိုင်ပြီး ထူးခြားသော နည်းလမ်းဖြင့် ထိုနေရာသို့ ဝင်ရောက်နိုင်၏။
"ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်"
ချန်ဖန်က အတိတ်ပြန်ပြောင်းသတိရနေသလို ရေရွတ်သည်။
"အဲဒီမှာ မင်း ကြာကြာနေလေလေ အကျိုးကျေးဇူးတွေ ပိုရလေလေပဲ၊ ဒါပေမဲ့... ဆိုးကျိုးတွေကလည်း ပိုများတယ်။ အဲဒါက မင်းရဲ့ သွေးမျိုးဆက်ကို ညစ်ညမ်းစေပြီး သက်တမ်းတိုစေနိုင်တယ်။"
ချန်ဖန်မှာ အသုံးဝင်သော သတင်းအချက်အလက်များစွာကို ပြောပြလိုက်ခြင်းပင်။
ကျိယွမ်က အလွန်စိတ်ဝင်စားစွာ နားထောင်နေပြီး သူ၏ မျက်လုံးများထဲတွင် စူးစမ်းလိုသော အမူအရာများ ရှိနေသည်။
"ဘာလို့ သက်တမ်းတိုရတာလဲ။"
ချန်ဖန်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ရှင်းပြရန် ရွေးချယ်လိုက်ပုံရသည်။
"သိုင်းပညာလမ်းစဉ်ဆိုတာ သွေးမျိုးဆက်အပေါ်မှာ မူတည်တယ် ၊ သွေးမျိုးဆက် ပိုအားကောင်းလေလေ၊ ခွန်အား ပိုကြီးလေလေပဲ။"
"ပြီးတော့ အဲဒီနေရာမှာ... သွေးနယ်မြေထဲမှာ သိုင်းပညာကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်ပေးနိုင်တဲ့ သွေးမျိုးဆက်တွေ အမြောက်အမြား ရှိနေတယ်လေ။"
"ဒါပေမဲ့... သွေးမျိုးဆက်တွေက မတူညီကြတော့ အများကြီး ဝါးမြိုလိုက်ရင် ပဋိပက္ခဖြစ်ပြီး ရူးသွပ်သွားနိုင်တာလား။"
ချီယွမ်က ခန့်မှန်းလိုက်သည်။
"ဟုတ်တယ်"
ချန်ဖန်က ခေါင်းညိတ်ပြီး ကျိယွမ်ကို ချီးကျူးသလို ကြည့်၏။
ကျိယွမ်မှာ ထိုနေရာသို့ မရောက်ဖူးသော်လည်း ထိုကဲ့သို့ ကောက်ချက်ချနိုင်ခဲ့သည်။
၎င်းမှာ သိုင်းပညာလမ်းစဉ်အပေါ် သူ၏ နက်ရှိုင်းသော နားလည်မှုကို ပြသနေသည် မဟုတ်ပါလား။
"ဒါကြောင့် မင်း သိုင်းပညာလမ်းစဉ်မှာ ပိုပြီး ရှေ့ဆက်ချင်တယ်ဆိုရင် အဲဒီနေရာကို ဝင်ရမှာပဲ။"
"ဒါပေမဲ့... အဲဒီနေရာက အကျဉ်းထောင်တစ်ခုပဲ။"
"မင်း အဲဒီကို မရောက်ဖူးသေးရင် မသွားဖို့ ငါ အကြံပေးချင်တယ်။"
ပြောစရာရှိသည်များကို ပြောပြီးနောက် ချန်ဖန်မှာ အချိန်ဖြုန်းလိုဟန်မရပေ။ လျူမောင်နှမနှင့်အတူ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ကျိယွမ်က ချန်ဖန်၏ ကျောပြင်ကို ကြည့်ပြီး လက်လှမ်းပြလိုက်၏။
"ရှင်းပြပေးတဲ့အတွက် ကျေးဇူးပဲ လမ်းကြုံ NPC ကြီး။ မင်းမှာ နာမည်မရှိပေမယ့် တကယ်လို့ ငါသာ ရုပ်ရှင်ရိုက်ပြီး ဒါရိုက်တာ ဖြစ်လာရင် မင်းကို ဇာတ်လိုက် မင်းသား တင်ပေးမယ်။"
ချန်ဖန်ကတော့ ကျိယွမ်၏ စကားများကို လျစ်လျူရှုလိုက်သည်။
ခဏအတွင်းမှာပင် ရွက်လှေပေါ်တွင် ကျိယွမ်၊ ဟွမ်ရှားမင်းသမီးနှင့် ဗီဇပြောင်းပင်လယ်သတ္တဝါများ အစုအပုံ ပုံကြီးသာ ကျန်တော့သည်။
ကျိယွမ်က ထိုပင်လယ်သတ္တဝါများကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။
"မင်းတို့တွေက ငြိမ်ငြိမ်လေးနေပြီး တိုးတက်ဖို့ မကြိုးစားကြဘူးဆိုရင် မင်းတို့ကို ရှာရတာ ငါ့အတွက် နည်းနည်း ပိုခက်လိမ့်မယ်။"
သူက ထိုသို့ပြောကာ မည်သည့်ကရုဏာမှမရှိဘဲ လက်ကို ဝေ့ယမ်းလိုက်သည်။
ရာနှင့်ချီသော ပင်လယ်သတ္တဝါများမှာ တစ်ပြိုင်နက်တည်း အနှစ်များအဖြစ် ပြောင်းလဲသွားကြ၏။
ဤတစ်ကြိမ်တွင် ကျိယွမ်က သူတို့ကို ပင်လယ်ထဲသို့ ပြန်လွှတ်ပေးမည်ဟု ကတိမပေးခဲ့ပေ။
ပင်လယ်သတ္တဝါ တစ်ကောင်ချင်းစီမှ သွေးတစ်စက်စီ ထွက်လာသည်။
မိုလီငါးဘုရင်ဆီမှ ပဲစေ့ခန့်ရှိသော သွေးသုံးစက် ထွက်လာ၏။
ကျိယွမ်က ထိုသွေးစက်အားလုံးကို စုဆောင်းလိုက်သည်။
"မင်းသမီး၊ ပြန်ကြရအောင်။"
ဗီဇပြောင်းသတ္တဝါများ၏သွေးများကို စုဆောင်းပြီးသော်လည်း ပင်လယ်ပြင်တွင်ရှိနေစဉ် ၎င်းတို့ကို သောက်သုံးပြီး သိုင်းပညာအကန့်အသတ်ကိုကျော်ဖြတ်ရန် ကျိယွမ် စိတ်မကူးပါ။
ချန်ဖန်၏ ပြောကြားချက်အရ သိုင်းပညာအကန့်အသတ်ကို ကျော်ဖြတ်ချိန်တွင် သိုင်းသမားတိုင်းမှာ သွေးနယ်မြေကို အာရုံခံနိုင်ပြီး ထူးခြားသော အခြေအနေဖြင့် ထိုနယ်မြေသို့ လှည့်လည်သွားလာနိုင်သည့် အခွင့်အရေး ရမည်ဖြစ်၏။
အကယ်၍ သူသာ ယခုအချိန် ကျော်ဖြတ်လိုက်ပြီး သူ၏ဝိညာဉ်က ထိုကမ္ဘာဘက်ခြမ်းသို့ ရောက်သွားချိန်တွင် ရွက်လှေက မှောက်သွားပါက မည်သို့ဖြစ်မည်နည်း။
ဟိုတယ်သို့ ပြန်သွားခြင်းက အကောင်းဆုံးရွေးချယ်မှူပင်။
ဟိုတယ်မှာပင် အဟန့်အတားကို မကျော်ဖြတ်မီ အစီရင်ခံတစ်ခု တည်ဆောက်ထားမည်ဖြစ်သောကြောင့် ပို၍ ဘေးကင်းမှာသေချာ၏။
ဤသို့ဖြင့် နေ့ဝက်ခန့် ကြာပြီးနောက်။
ဟိုတယ်အတွင်း၌ ဖြစ်သည်။
ကျိယွမ်၏ ပတ်ဝန်းကျင်တွင် အစီရင်များဖြင့် ဝန်းရံထား၏။အစီအရင်များမှာ သူ၏ ဘေးကင်းလုံခြုံမှုကို အာမခံရန် လုံလောက်သည်ဟု သူခံစားရသည်။
ငလျင်လှုပ်ခြင်း သို့မဟုတ် ရေကြီးခြင်း ဖြစ်လာလျှင်ပင် သူ့ကို လှုပ်ရှားအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
ကျိယွမ်က အားလုံးစိတ်ချရပြီဆိုမှ သူ၏ လက်ချောင်းကို တောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသော သွေးစက်များ ကျိယွမ်၏ ပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး လေထဲ၌ လွင့်မျောနေကြ၏။
သူ၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ခဏအတွင်းမှာပင် ထိုကြည်လင်သော သွေးစက်များအားလုံးမှာ သူ၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ကျိယွမ်၏ မျက်လုံးများမှာလည်း သွေးကဲ့သို့ နီရဲသွား၏။
သူ၏ နဖူးမှာလည်း အဆီပြန်သလိုဝင်းနေပြီး တောက်ပလာသည်။
ကျိယွမ်က သူ၏မျက်လုံးများကို ဖြည်းညင်းစွာမှိတ်လိုက်ရာ လှိုင်းလုံးကြီးများ ရိုက်ခတ်သံ သို့မဟုတ် သဲမုန်တိုင်း တိုက်ခတ်သံများကို ကြားနေရသကဲ့သို့ ရှိသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဆူပွက်လာပြီး အလွန်နီရဲလာကာ ဆွဲဆောင်မှုရှိသော သွေးတစ်စက် ဖြစ်ပေါ်လာသည်အထိ လှုပ်ရှားလာသည်။
"ကွဲပြားစေ။"
ချီယွမ်၏ တိုးညှင်းသော စကားသံနှင့်အတူ ထိုသွေးစက်မှာ ရုတ်တရက် ကွဲထွက်သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများနှင့် ခြေလက်များဆီသို့ ပျံ့နှံ့သွားလေသည်။
သူ၏ ခန္ဓာကိုယ်မှာ ပိုမိုမာကျောကြံ့ခိုင်လာသည်ကို သူခံစားလိုက်ရ၏။
"ဒါက သိုင်းပညာရဲ့ အကန့်အသတ်ကို ကျော်ဖြတ်လိုက်ရတဲ့ ခံစားချက်လား။"
"ဒါက သိုင်းပညာအထွတ်အထိပ်အဆင့်နဲ့မတူဘဲ လုံးဝထူးခြားတဲ့ ခံစားချက်ပဲ"
ယခုအချိန်တွင် မည်သည့် မှော်အတတ်ကိုမျှ မသုံးဘဲ သူ၏ သိုင်းပညာ ခွန်အားသက်သက်ဖြင့်ပင် ချီအဆင့်ကျင့်ကြံခြင်း စတုတ္ထအဆင့်ရှိသူ တစ်ဦးကို ယှဉ်နိုင်နေပြီ ဖြစ်သည်။
"ဒါဆို သိုင်းပညာအကန့်အသတ်ကို ကျော်ဖြတ်ပြီး သွေးစွမ်းအား သိုင်းသမား ဖြစ်လာတာက ထူးကဲတဲ့ သိုင်းပညာလမ်းစဉ်ရဲ့ အစပဲပေါ့"
ကျိယွမ်မှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
သူက မျက်လုံးများကို တစ်ဖန် မှိတ်လိုက်၏။
သူ၏ ရှေ့တွင် သွေးပင်လယ်ကြီး တစ်ခု ရှိနေပြီး အသံဟူ၍ လုံးဝမရှိအောင်တိတ်ဆိတ်နေသည့် ပင်လယ်ကြီး ဖြစ်သည်။
သို့မဟုတ် အသံမှာ သူ့ထံသို့ မရောက်သေးခြင်းလည်း ဖြစ်နိုင်၏။
ကျိယွမ်သည် ချန်ဖန် ရှင်းပြခဲ့သည့်အတိုင်း သွေးနယ်မြေကို အာရုံခံရန် ကြိုးစားလိုက်သည်။
"သွေးတွေနဲ့ တည်ဆောက်ထားတဲ့ နေရာတစ်ခုလား။"
ရှေ့ရှိ သွေးနယ်မြေကို ကြည့်ပြီး ကျိယွမ်မှာ အတွေးများထဲ နစ်မျောနေ၏။
သာမန် သိုင်းသမားတစ်ဦးအတွက်မူ သွေးနယ်မြေကို မြင်တွေ့ပြီး ဝင်ရောက်လိုလျှင်ပင် မှန်ကန်သော နည်းလမ်းမရှိဘဲ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
သို့သော် ကျိယွမ်၏ ခွန်အားမှာ သူ၏ ဝိညာဉ်နှင့် စိတ်ဓာတ်ကို အစွမ်းကုန် ထိ ထိန်းချုပ်နိုင်သဖြင့်
သွေးနယ်မြေထဲသို့ ဝင်ရန်ဆိုလျှင် သူ၏ ဝိညာဉ်ကို ထိုထဲသို့ နှစ်မြှုပ်လိုက်ရုံသာ ဖြစ်သည်။
သူ၏ ဝိညာဉ်မှာ ငါးတစ်ကောင်ကဲ့သို့ သွေးနယ်မြေထဲသို့ ခုန်ဝင်သွားလေ၏။
ထိုအချိန်တွင် ကျိယွမ်၏ နားထဲ၌ နတ်ဘုရားဆန်ဆန် အသံတစ်ခု ထွက်ပေါ်လာသည်။
[ထျန်းချီ (၁၃) နှစ်မြောက်တွင် ရှုပ်ထွေးမှုများ လွှမ်းမိုးခဲ့ပြီး ဘေးအန္တရာယ်များမှာ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။
ယွမ်ယင်းခရိုင်တွင် ပါရမီထူးချွန်သော သိုင်းသမား လော့ပုဖန်သည် သိုင်းပညာအကန့်အသတ်ကို ကျော်ဖြတ်ခဲ့ပြီး ဟင်းလင်းပြင်ကို ခွဲကာ နတ်ပြည်သို့ တက်လှမ်းသွားသည်ဟု ဆိုကြသည်။
ချန်မိသားစုနှင့် လော့မိသားစုမှာ မိစ္ဆာတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
တာဝန် - အမှန်တရားကို ဖော်ထုတ်ပါ။
ဆုလာဘ် - ခန္ဓာကိုယ်ကြံ့ခိုင်စေသော သွေးဆေးလုံး။]
ကျိယွမ်၏ မျက်ခုံးမှာ တွန့်ချိူးသွားလေ၏။
" ငါက ဂိမ်းထဲမှာ ဂိမ်းထပ်ကစားနေတာလား။"
သူ လုံးဝအံ့အားသင့်သွားခဲ့သည်။
သူသည် ဤကမ္ဘာသို့ ဂိမ်းကစားရန် ရောက်လာခြင်း ဖြစ်၏။
ယခုမူ ဂိမ်း၏ အကြောင်းအရာမှာ နောက်ထပ် ဂိမ်းတစ်ခုကို ဆက်လက်ကစားနေရခြင်း ဖြစ်နေလေပြီ။
ဒါက အလွှာလိုက် အိပ်မက်မက်နေရတဲ့ ပုံစံမျိုးလား။အိမ်မက်ထဲမှာ အိမ်မက်ပြန်မက်နေသလိုလေ။
"ဒါဆို ဒီလျှို့ဝှက်မြေပုံက ပင်မနတ်ဘုရားအာကာသလိုမျိုး ဂိမ်းခွဲတစ်ခုပေါ့"
ကျိယွမ် ခန့်မှန်းကြည့်လိုက်သည်။
သူသည် ဇာတ်လမ်းဆင်တူသော နောက်ခံများပါသည့် ကာတွန်းများနှင့် အန်နီမေးများစွာကို ဖတ်ဖူး၊ ကြည့်ဖူးလေ၏။
ထို့ကြောင့် ယခုအယူအဆကို သူ အလွယ်တကူ လက်ခံနိုင်ပါသည်။
ထိုအချိန်မှာပင် ရုတ်တရက် သတင်းအချက်အလက်များစွာမှာ ကျိယွမ်၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
အရင်က ပင်ကိုယ်မျိုးစေ့ ရရှိစဉ်ကကဲ့သို့ပင် ဂိမ်းဇာတ်ကောင်၏ မှတ်ဉာဏ်နှင့် ကမ္ဘာ့နောက်ခံအပေါ် နားလည်မှုများမှာ သူ၏ စိတ်ထဲတွင် ပေါင်းစပ်သွားကြ၏။
သတင်းအချက်အလက်များကို နားလည်ပြီးနောက် ကျိယွမ်မှာ အနည်းငယ် မှင်တက်သွားသည်။
"ဒီဂိမ်းက... ဒဏ္ဍာရီလာထျန်းရွှမ်ဗားရှင်းလား။"
ချင်းယွမ်ခေတ်မတိုင်မီက မင်းဆက်မှာ ထျန်ရွှမ်မင်းဆက် ဖြစ်ပြီး လော့ပုဖန် နေထိုင်ခဲ့သည့် ခေတ်လည်းဖြစ်သည်။
ကျိယွမ်မှာ အခြေခံပညာရေးကိုမဖြစ်မနေသင်ကြားထားရသူ ဖြစ်သဖြင့် ရှေးဟောင်းသမိုင်းကြောင်း အချို့ကို သိလေသည်။
သမိုင်းမှတ်တမ်းများတွင်မူ ထျန်းရွှမ်မင်းဆက်မှာ အမြောက်များပင် သိပ် မရှိသော သာမန် မြေရှင်ပဒေသရာဇ် မင်းဆက်တစ်ခုသာ ဖြစ်ခဲ့သည်။
ပြောရလျှင် သာမန် မြေရှင်ပဒေသရာဇ် မင်းဆက်တစ်ခုပင်။
ထူးခြားချက်သည့် အချက်ဆို၍ သိုင်းသမားများအကြောင်း ဒဏ္ဍာရီများစွာ ရှိနေခြင်းသာ ဖြစ်သည်။
သမိုင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသော သိုင်းသမားများအကြောင်းကတော့ အနည်းငယ် ပုံကြီးချဲ့ထားခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိ၏။
သို့သော် ဤဂိမ်းထဲမှ ထျန်းရွှမ်မင်းဆက်မှာတော့ ဒဏ္ဍာရီလာတစ်ခုဖြစ်နေလေသည်။
ထိုခေတ်၏သိုင်းသမားများမှာ မြစ်ချောင်းများနှင့် ပင်လယ်များကို တိမ်းစောင်းစေနိုင်၏။
ထို့အပြင်... ထျန်းရွှမ်မင်းဆက်တွင် မိစ္ဆာမျိုးစုံလည်း တည်ရှိနေပြန်သည်။
ထိုမိစ္ဆာများသည် လူသားများကို အစာအဖြစ် စားသုံးကြ၏။
ထိုဖြစ်ရပ်အားလုံးမှာတော့ သူသင်ဖူးသော သမိုင်းစာအုပ်ထဲတွင် ပါဝင်ခြင်း မရှိပေ။
သမိုင်းမှတ်တမ်းများ ပျောက်ဆုံးသွား၍ မပါတော့ခြင်းလည်း ဖြစ်နိုင်သည်။
ဘာပဲပြောပြော ဂိမ်းကိုအရင်ဆုံးဆော့ကြည့်လိုက်တာက ပိုကောင်းလိမ့်မယ်။
ကျိယွမ်မှာ မြို့ပြဂိမ်းများ၏ အပန်းဖြေမှုပုံစံကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် ကစားရန်အပန်းမကြီးပါ။
ထိုသို့တွေးပြီးနောက် သူက အထက်သို့ ကြည့်လိုက်သောအခါ စိုထိုင်းသော မြေနံရံများကို မြင်ရပြီး အလှဆင်ထားသော အနီရောင် ကုလားကာများလည်းရှိနေသဖြင့် ပွဲတော်ကျင်းပနေသည့်ပုံစံမျိုး ဖြစ်နေသည်။
"အစ်ကိုကျိ... ကျွန်မ မသွားချင်ဘူး၊ မသွားချင်ဘူး... ကျေးဇူးပြုပြီး..."
ထိုအချိန်တွင် ငိုရှိုက်သံများနှင့် ပြည့်နှက်နေသော အသံတစ်ခု သူ့အနီး၌ ထွက်ပေါ်လာ၏။
အသားမည်းမည်း၊ သာမန်ရုပ်ရည်သာရှိသော မိန်းကလေးတစ်ဦးမှာ လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေခဲ့၏။
သူမမှာ အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသဖြင့် မှိန်ဖျော့သော အလင်းရောင်အောက်တွင် ပို၍ပင် အသားမည်းနေသကဲ့သို့ ရှိသည်။
မိန်းကလေး၏ စကားကို ကြားသောအခါ မှတ်ဉာဏ်များ ပိုမို စီးဝင်လာပြီးနောက် ကျိယွမ်ကို စကားမပြောနိုင်အောင် ဖြစ်သွားစေ၏။
သူ့ရှေ့ရှိ မိန်းကလေးမှာ ရှောင်မေ ဟူသော အလွန်ရိုးရှင်းသည့် နာမည်ရှိသည်။
ဂိမ်းထုတ်လုပ်သူများမှာ နာမည်ကောင်းကောင်း စဉ်းစားရန် ပျင်းနေသဖြင့် တွေ့ရာနာမည်ပေးလိုက်ပုံ ရသည်။
ရှောင်မေမှာ နာမည်ကလည်းမလှသလို လူကလည်း အသားမည်းကာ အလွန်သာမန်ဆန်လှ၏။
ဤရှောင်မေမှာ ဂိမ်းဇာတ်ကောင် ကျိယွမ်က မွေးစားထားသော သတို့သမီးလောင်း ဖြစ်လေသည်။
ဂိမ်းထဲရှိ ကျိယွမ်၏ ဇာတ်ကောင်မှာ သားသတ်သမားတစ်ဦး ဖြစ်ပြီး စုဆောင်းငွေ အနည်းငယ်ရှိကာ ဆိုးရွားသော လောင်းကစားဝါသနာ ရှိ၏။
သူသည် လှပသော ဇနီးတစ်ဦးကို လက်ထပ်ရန် အမြဲတမ်းလိုလို အိပ်မက်မက်သော်လည်း သူ၏ သတို့သမီးလောင်းမှာ မလှသောကြောင့် သူမကို "အလှလေး" ဟု အဓိပ္ပာယ်ရသော ရှောင်မေ ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
"လောင်းကစားသမား ဆယ်ယောက်မှာ ကိုးယောက် ရှုံးသည်" ဟူသော စကားအတိုင်း ဤဇာတ်ကောင်မှာ လောင်းကစားဝိုင်းတွင် အကြွေးများစွာ တင်နေ၏။
ယွမ်ယင်းခရိုင်ရှိ လောင်းကစားဝိုင်းကို မြွေပါအုပ်စုတစ်စုက ပိုင်ဆိုင်ထားသည်ကို မည်သူမျှ မသိကြပေ။
၎င်းတို့အထဲမှ သခင်ကြီး ဟွမ်စစ်က ကျိယွမ်၏ အကြွေးကို လာတောင်းသည်။ အကြွေးကို မဆပ်နိုင်သဖြင့် သူက သူ၏ သတို့သမီးလောင်းကို အကြွေးဆပ်ရန် ပေးအပ်လိုက်ခြင်း ဖြစ်သည်။
သခင်ကြီး ဟွမ်စစ်မှာ ကျိယွမ်လိုချေးများသူမဟုတ်ဘဲ ရှောင်မေကဲ့သို့သော ပုံစံကို ကြိုက်နှစ်သက်နေ၏။
ယခုမူ သခင်ကြီး ဟွမ်စစ်က သတို့သမီးကို လာခေါ်နေပြီးဖြစ်သောကြောင့် ရှောင်မေမှာ လိုက်သွားရပေတော့မည်။
သူ၏ရှေ့တွင် ရှောင်မေသည် ဓားကို တင်းကျပ်စွာကိုင်ထားပြီး မျက်ရည်များကလည်း မိုးရေကဲ့သို့ စီးကျနေသည်။
"အစ်ကိုကျိ... ရှင်က ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ အသက်နဲ့ ပြန်ပေးဆပ်ရမယ်။ တကယ်လို့ ကျွန်မက သခင်ကြီး ဟွမ်စစ်ကို လက်ထပ်လိုက်ရင် ကျွန်မတို့တွေ ကျေပါပြီ"
ရှောင်မေက ကျိယွမ်ကို ကြည့်သော အကြည့်၌ ဒေါသများ၊ ကြောက်ရွံ့မှုများနှင့်အတူ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။
ကျိယွမ်က ပုခုံးတွန့်လိုက်သည်။
"အခု ငါတို့တွေ ကျေသွားပြီပေါ့။"
မည်သို့ပင်ဖြစ်စေ၊ ၎င်းမှာ ဂိမ်း၏ နောက်ခံအခြေအနေသာ ဖြစ်သည်။
အကယ်၍ ဂိမ်းက သူ့ကို အဖေတစ်ယောက် သတ်မှတ်ပေးခဲ့လျှင် သူက တွေ့သည့်အခါ "အဖေ" ဟု ခေါ်ရမည်လား။
ထို့အပြင် ယခုအခါ သူသည် သူ၏ စစ်မှန်သော ပုံစံဖြင့် ဆင်းသက်လာခြင်း ဖြစ်သည်။
သူ၏ စစ်မှန်သော ခန္ဓာကိုယ်မှာ ဂိမ်းထဲရှိ ဇာတ်ကောင်၏ ခန္ဓာကိုယ် မဟုတ်ဘဲ ရုပ်ရည်နှင့် ဝတ်စားဆင်ယင်မှုများကို ပြောင်းလဲထား၏။
ကျိယွမ်၏ အေးစက်ပြီး နှလုံးသားမရှိသော စကားများက ရှောင်မေကို လုံးဝ စိတ်ပျက်သွားစေခဲ့သည်။
ကျိယွမ်က နောင်တရပြီး သူမကို ယွမ်ယင်းခရိုင်မှ အဝေးသို့ခေါ်ဆောင်သွားလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိ၏။
ဒါပေမဲ့ အခုတော့...
ထိုအချိန်တွင် တံခါးခေါက်သံက ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ကျိအာ... တံခါးဖွင့်စမ်း၊ မင်္ဂလာဝတ်စုံ ရော အဆင်သင့်ဖြစ်ပြီလား။ မင်း ဒီကောင်စုတ်၊ သတို့သမီးကို မြန်မြန် ထုတ်ခဲ့စမ်း! သခင်ကြီး ဟွမ်စစ်ကို စောင့်မနေခိုင်းနဲ့"
ရှောင်မေမှာ ဓားကို ကိုင်ထားပြီး မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေ၏။သို့သော် ငိုနေသော အလှလေးတစ်ဦးကဲ့သို့ သနားစဖွယ် ဖြစ်မည့်အစား နှာရည်များက သူမ၏ နှုတ်ခမ်းအထက်တွင် ပေကျံနေသည်။
ကျိယွမ်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာ၏။
"မိစ္ဆာတွေပေါ့ ဟုတ်လား။"
ရိုးရိုးသားသား ပြောရလျှင် ဤကမ္ဘာရှိ မိစ္ဆာများကို သူ အတော်လေး စိတ်ဝင်စားမိသည်။
ဤကမ္ဘာ၏ သွေးမျိုးဆက် သိုင်းပညာမှာလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်း၏။
သို့သော် ကျိယွမ် တံခါးဆီသို့ လျှောက်သွားလိုက်စဥ်မှာပင် တွန့်ခနဲဖြစ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော်... သူ၏ ကျင့်ကြံမှု အဆင့်မှာ... လျော့နည်းသွားသောကြောင့် ဖြစ်၏။
စစ်မှန်သော ကမ္ဘာတွင် သူသည် အခြေတည်အဆင့်၏ အထွက်အထိပ်သို့ ရောက်လုနီးပါး ဖြစ်ပြီး အမြုတေ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် ယခုမူ သူ၏ ကျင့်ကြံမှုမှာ ချီစွမ်းအား အဆင့်သို့ ကျဆင်းသွားခဲ့သည်။
"ဒါက ဘာကြီးလဲ..."
ကျိယွမ်မှာ ခဏမျှ မှင်တက်သွားမိသည်။
ယခုကဲ့သို့ အခြေအနေမျိုးနှင့် သူ ပထမဆုံး ကြုံတွေ့ရခြင်း ဖြစ်သည်။
၎င်းမှာ သူ အရင်က ကစားခဲ့ဖူးသော မည်သည့်ဂိမ်းနှင့်မျှ မတူပေ။
သူ၏ ကျင့်ကြံမှုအဆင့်မှာ အဆင့်ကြီး တစ်ခုစာ အတင်းအကျပ် လျော့ချခံလိုက်ရခြင်းပင်။
ရုတ်တရက် ကျိယွမ်က မဟာပညာရှိ၏ သင်ခန်းစာများကို ပြန်သတိရလိုက်သည်။
ယန်နတ်ဘုရား နယ်ပယ်တွင် ကောင်းကင်ဘုံ၌ နေရာယူခြင်း အဆင့် ၊ မူလသဘောတရား အဆင့် စသည်ဖြင့်ရှိကြ၏။
သို့သော် ယန်နတ်ဘုရားတစ်ပါးသည် စည်းမျဥ်းဥပဒေသများ မတူညီသော အခြားကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်ပါက ထိုကမ္ဘာ၏ကန့်သတ်ခြင်းကို ခံရပြီး အဆင့်ကြီး တစ်ဆင့်စီ လျှော့ချခံရမည်ဖြစ်သည် ။ ထိုယန်နတ်ဘုရားသည် မူလသဘောတရားနယ်ပယ်၏ အဓိကအဆင့်ကိုရောက်မှသာ ထိုဥပဒေသများကို လျစ်လျူရှုနိုင်ပေလိမ့်မည်။
"ငါလည်း အဲဒိလိုအခြေအနေနဲ့ ကြုံနေရတာလား ၊ ဒါပေမဲ့ငါက ယင်နတ်ဘုရားတောင် မဖြစ်သေးတာကို"
သူ၏ မသေမျိုးကျင့်ကြံမှုမှာ အဆင့်ကြီး တစ်ခု လျော့ကျသွားသော်လည်း သူ၏ သိုင်းပညာကတော့မူလအတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။
ကျိယွမ်က အနည်းငယ်ရင်ထိတ်သွားသ်လည်း အလွန်အကျွံကြီးတော့ မစိုးရိမ်ပါ။
ဒါကဂိမ်းတစ်ခုပဲ၊ ပျော်ရွှင်ဖို့က အဓိကလေ။
သူ အိမ်တံခါးကို ဖွင့်လိုက်ပြီး ခြံဝင်းထဲသို့ လျှောက်သွားကာ တံခါးကို ကျယ်ကျယ်ဖွင့်လိုက်သည်။
အပြင်ဘက်တွင် ပုခုံးကျယ်ကျယ်နှင့် ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် သန်မာသော လူအနည်းငယ် ရပ်နေကြ၏။
သူတို့ဘေးတွင် ဝေါယာဉ်တစ်ခု ရှိပြီး ၎င်း၏ ဘေးတွင် ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရပ်နေသည်။ ထိုအဘိုးအိုမှာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ပုံစံရှိကာ ရုပ်မြင်သံကြားထဲမှ လူကောင်းဇာတ်ကောင်တစ်ဦးအလား ရှိလေသည်။
သို့သော် အဘိုးကြီးက အမွှေးနံ့သာများကို အထပ်ထပ် လိမ်းကျံထားပုံရပြီး အဝေးမှပင် ကျိယွမ်က ထူးဆန်းသော အနံ့ကို ရနေ၏။
၎င်းမှာ တစ်နှစ်ပတ်လုံး မဆေးကြောထားသော ဓာတ်လှေကားတစ်ခုထဲတွင် စျေးပေါပြီး အနံ့ပြင်းသော ရေမွှေးများကို ဆွတ်ထားသည့် နံစော်နေသော လူတစ်ယောက်နှင့် အတူရပ်နေရသကဲ့သို့ပင် ၊ ထိုအနံ့မှာ စူးရှလွန်းလှသည်။
ထိုအဘိုးကြီးမှာ သခင်ကြီး ဟွမ်စစ် ဖြစ်လေသည်။ ပထမတစ်ချက်ကြည့်လျှင် သူသည် လူသားနှင့် တူသော်လည်း သေချာကြည့်ပါက သူ့တွင် ကြွက်နားရွက်တစ်စုံ ရှိနေသည်ကို မြင်နိုင်၏။
ဧည့်သည်များက ဘာမှမပြောရသေးမီမှာပင် ကျိယွမ်က အရင်စပြောလိုက်သည်။
"ခင်ဗျားက ကြွက်နားရွက်နဲ့ လူလား။"
သူသည် ကြောင်နားရွက်နှင့် မိန်းကလေးများကို မြင်ဖူးသော်လည်း ယခုမှာ ကြွက်နားရွက်နှင့် ယောက်ျားကြီးယောက်ကို မြင်နေရခြင်း ဖြစ်သည်။
၎င်းက ထိုသတ္တဝါများအပေါ် သူ၏ စိတ်ကူးယဉ်မှုအားလုံးကို ရိုက်ချိုးလိုက်သလိုပင်။
သို့သော် ကျယ်ပြန့်သော ကမ္ဘာကြီးတွင် အမြဲတမ်း အံ့သြစရာများ ရှိနေတတ်သည်မှာ သဘာဝဖြစ်၏။
အချို့လူများက ကြောင်မလေးများကို မနှစ်သက်ဘဲ ကြွက်နားရွက်နှင့် အမျိုးသားဒီဇိုင်းကို သဘောကျခြင်းမျိုးလည်း ရှိနိုင်လေသည်။
"သခင်ကြီး ဟွမ်စစ်ကို ဒီလိုစကားမျိုး ဘယ်လိုပြောရဲတာလဲ။ သတို့သမီး ဘယ်မှာလဲ။ မြန်မြန်လုပ်စမ်း"
အင်္ကျီရင်ဘတ်ကို ဟထားသဖြင့် အဝါရောင်ရင်ဘက်မွှေးများပေါ်နေသော လူသန်ကြီးတစ်ဦးက ကျိယွမ်အား အော်ဟစ်လိုက်သည်။
"ဟေး... အဝါရောင်ဆံပင်နဲ့ကောင်၊ မင်းလို NPC တစ်ကောင်က ငါ့ကို ဒီလိုမျိုး ဘယ်လိုပြောရဲတာလဲ။"
"ထျန်းရွှမ်ဥပဒေအရ သူတစ်ပါးအိမ်ထဲ ကျူးကျော်ဝင်ရောက်တာက တရားမဝင်ဘူးဆိုတာ မင်းမသိဘူးလား။"
ကျိယွမ်မှာ ဥပဒေလက်နက်များကို အသုံးပြုရာတွင် ကျွမ်းကျင်သည်။
ဥပဒေမှာ အုပ်ချုပ်သူလူတန်းစား၏ လက်နက်တစ်ခု ဖြစ်သော်လည်း သုံးတတ်လျှင် သာမန်လူများအတွက်လည်း တစ်ခါတစ်ရံအသုံးဝင်သည်ကို ကျိယွမ် တွေ့ရှိခဲ့၏။
ထို့အပြင် သမီးနှစ်ယောက်၏ အဖေအနေဖြင့် သူသည် အဝါရောင်အမွှေးများကို အမြဲမုန်းတီးလေသည်။
(ကျိယွမ်၏ သမီးများ = ကျိကျန်ကျွင်းနှင့်ချီချီ)
အဝါရောင်ရင်ဘက်အမွှေးများနှင့် လူကြမ်းကြီးမှာ ဒေါသထွက်သွားပြီး ကျိယွမ်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
"သေချင်နေတာပဲ.."
သို့သော် သခင်ကြီး ဟွမ်စစ်က ညင်သာစွာ တားလိုက်၏။
"ဒီနေ့က မင်္ဂလာရှိတဲ့နေ့ပဲ၊ သွေးမထွက်ကြရအောင်။"
"ကျိအာ၊ မင်းရဲ့ သတို့သမီးလောင်းကို ငါလက်ထပ်တာကြောင့် မင်း စိတ်မကောင်းဖြစ်နေတာကို ငါသိပါတယ်။"
"ဒါပေမဲ့ မင်းကိုယ်တိုင် အရောင်းအဝယ် စာချုပ်မှာ လက်မှတ်ထိုးခဲ့တာလေ။"
သခင်ကြီး ဟွမ်စစ်မှာ လူသားမဟုတ်သော်လည်း လူသားတစ်ဦးကဲ့သို့ ဟန်ဆောင်နေထိုင်ရသည်ကို နှစ်သက်သူဖြစ်သည်။
ထို့ကြောင့် အမြဲလိုလို လူသားဆန်ဆန်ပြောဆို ဆက်ဆံရန်အားထုတ်လေ့ရှိ၏။
"လက်မှတ်ထိုးတာက ကျိအာလေ ၊ ဒါပေမဲ့ အဲဒါက ငါ ကျိယွမ်နဲ့ ဘာဆိုင်လို့လဲ။မင်းတို့က မတရားလာလုပ်နေတာလား "
ကျိယွမ်က စကားဆုံးသည်နှင့် လူအုပ်ထဲသို့ ခုန်ဝင်ကာ တွေ့ရာလူကို လက်သီးဖြင့် ထိုးရန်ပြင်လိုက်သည်။
သို့သော် သူသည် ကျင့်ကြံခြင်းကို မသုံးဘဲ သိုင်းပညာသပ်သပ်ဖြင့် ထိုးခြင်းဖြစ်၏။
သိုင်းပညာ အကန့်အသတ်ကို ကျော်ဖြတ်ပြီးကာစ ဖြစ်သဖြင့် လေ့ကျင့်မှု အချို့ လိုအပ်နေလေသည်။
ထို့ကြောင့် အသေးအဖွဲလူမိုက်များနှင့် ဆုံတွေ့ခိုက် ကျိယွမ်က ဂိမ်းကစားရခြင်း၏ အရသာကို ပြန်လည် ခံစားချင်နေ၏။
"ကောင်လေး၊ မင်းက ပြဿနာရှာချင်နေတာကိုး။ ဟန်ပြ သိုင်းကွက်လေးတွေသင်ထားရုံနဲ့ သခင်ကြီး ဟွမ်စစ်ကို လာရှုပ်လို့ရမယ် ထင်နေတာလား။ မင်း သေချင်နေပြီပဲ"
အဝါရောင်ဆံပင်နှင့် လူကလည်း ဒေါသတကြီးဖြင့် ကျိယွမ်ထံသို့ ပြေးဝင်လာသည်၊ သူသည်လည်း လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။
"မနေ့ကမှ လောလောလတ်လတ် ငါရိုက်ထားတာကို ဒီကျိအာ မမှတ်သေးဘူးပဲ "