← Chapters

မျှော်လင့်ခြင်လမင်းကို နဖူးတောက်မိခြင်း

Vol. 7 Ch. 89

မျှော်လင့်ခြင်လမင်းကို နဖူးတောက်မိခြင်း

Vol. 7 Ch. 89

ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေအတွင်း၌

ဖျက်ဆီးဝံပုလွေသည် သူ၏ရှေ့မှအခြေတည်အဆင့်ငါးဦးကို ကြည့်ကာလှောင်သလိုပြုံးလိုက်၏။

"အားလုံးစုပြီးတိုက်တာတောင် မင်းတို့ရဲ့အစွမ်းကဒါပဲလား"

သူသည် ရှန်ကွမ်းဂိုဏ်း၊ကျူမြောလွင့်တောင်ဂိုဏ်းနှင့်အခြားဂိုဏ်းမှ ကျင့်ကြံသူငါးဦးကို တစ်ယောက်တည်းရင်ဆိုင်ခဲ့ရသော်လည်း အလွယ်တကူရင်ဆိုင်နိုင်ခဲ့၏။

အခြေတည်အထွတ်အထိပ်ငါးဦးစုပေါင်းအင်အားသည် အလကားမဟုတ်ပါ။အမြုတေအဆင့်အချို့ပင် သတိထားရသော စုဖွဲ့မှုပင်။သို့သော်လည်း ဖျက်ဆီးဝံပုလွေက လွယ်ကူစွာရင်ဆိုင်ခဲ့ရုံမက ထိုငါးယောက်လုံးကိုပင် ဖိအားပေးနိုင်ခဲ့၏။

မျက်နှာတွင်သွေးစများပေနေသော ကန်းဖူလူပင် အလွန်အမင်းသတိထားနေရလေပြီ။

"မင်းက အလင်းနန်းတော်ကလူ ပီသပါပေတယ်"

လီဝမ်နှင့်မြောင်းလီတို့နှစ်ယောက်မှာလည်း ပြင်းထန်သောဒဏ်ရာကိုယ်စီနှင့် ရှိနေ၏။

ကျူမျောလွင့်တောင်ဂိုဏ်းမှ ဓားကျင့်ကြံသူများသည် သူတို့၏ပြိုင်ဘက်ကင်းသော ဓားနည်းစနစ်များကြောင့် ကြော်ကြားခဲ့သော်လည်း ဖျက်ဆီးဝံပုလွေ၏တောက်ပသောဓားက ဖိနှိပ်ခြင်းခံခဲ့ရသည်။

"ဆံဖြူကောင် ၊ ခန်းမထဲမှာ မင်းကိုမှတ်ထားဆိုပြီး ငါ့ကိုကြွားလုံးထုတ်ခဲ့သေးတယ်မှတ်လား၊အခုဘယ်လိုဖြစ်ရတာလဲ"

ဖျက်ဆီးဝံပုလွေက အဖြူရောင်အလင်းတန်းများဖုံးလွှမ်းနေသော ဓားရှည်ကိုဝံ့ကြွားစွာကိုင်ထားရင်းမှ မေးလိုက်၏။

"မင်းရဲ့ ညီလေးရော အခု ဘယ်မှာလဲ၊ တစ်နေရာရာမှာ ပုန်းနေပြီထင်တယ်၊ လျှို့ဝှက်နယ်မြေထဲကို ဝင်ဝင်ချင်း ငုံးတစ်ကောင်လို တွင်းတူးပြီး ဝင်နေတာလား"

မြောင်းလီသည် အံကြိတ်ကာ ဖျက်ဆီးဝံပုလွေကို အေးစက်စွာ စိုက်ကြည့်နေသည်။

" ထားတော့...သူထွက်မလာရဲဘူးဆိုတော့လည်း မင်းတို့ကစပြီး သတ်ရတာပေါ့၊ပြီးမှ သူ့ကိုသတ်လည်း နောက်မကျသေးပါဘူး"

ကန်းဖူလူက သူ၏မြင်းမြီးခါးပတ်ကို ဝှေ့ယမ်းလိုက်သည်။

"ရှန်ကွမ်းဂိုဏ်းချုပ်ကြီးရဲ့သားမက်၊ရောင်ခြည်ငါးပါးတောင်ထိပ်ရဲ့ ထိပ်တန်းတပည့် ငါကန်းဖူလူကို မင်းက သတ်နိုင်မယ်လို့ တကယ်ထင်နေတာလား...အဲလောက်မလွယ်ဘူးကွ"

စကားဆုံးသည်နှင့် သူ၏ဆံပင်ဖြူများသည် ရုတ်တရက် အနက်ရောင်သို့ ပြောင်းသွားလေသည်။

ဖျက်ဆီးဝံပုလွေ၏မျက်လုံးများတွင် လေးနက်သောအရိပ်အယောင်များ ရုတ်တရက်ပေါ်လာ၏။

"ဟွန်း၊ ဒီတစ်ခါတော့ မင်း ကံကောင်းသွားတယ်"

သူသည် အလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာပြောင်းလဲသွားပြီး အားလုံး၏ရှေ့မှ ပျောက်ကွယ်သွားသည်။

မြောင်းလီက နားမလည်သလိုဖြင့် ဖျက်ဆီးဝံပုလွေပြေးသွားသောနေရာသို့ကြည့်ကာ ရေရွတ်မိသည်။

"ဘာဖြစ်တာလဲ၊ သူ ဘာလို့ ရုတ်တရက် ထွက်သွားတာပါလိမ့်"

လီဝမ်ကလည်း ကန်းဖူလူကိုလေးနက်သောမျက်လုံးများဖြင့်ကြည့်နေ၏။

ထိုအခိုက်ကန်းဖူလူသည် အံ့အားသင့်သွားသည့်အမူအယာနှင့် နောက်သို့လှည့်ကြည့်လိုက်သည်။

"အကြီးအကဲလီရှောက် ၊အကြီးအကဲဖန်လုံ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာကြတာလဲ"

အဝေးတွင် အဖြူရောင်အလင်းတန်း အုပ်စုအများအပြားသည် သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ရှန်ကွမ်းဂိုဏ်းမှ ကျင့်ကြံသူများက သူတိူ့နေရာသို့ ဆင်းသက်လာကြ၏။သူတို့ကို ဦးဆောင်လာသူမှာ သက်လတ်ပိုင်းအရွယ်ရှိသောလီရှောက်ဖြစ်လေသည်။

ကန်းဖူလူကိုမြင်သောအခါ လီရှောက်သည် စိတ်သက်သာရာရသလို ရေရွတ်၏။

"ကန်းဖူလူ ၊ မင်းအသက်ရှင်နေသေးတယ်၊ ကံကောင်းလိုက်တာ"

"အကြီးအကဲတို့ လျှို့ဝှက်နယ်မြေထဲကို ဘယ်လို ဝင်လာကြတာလဲ၊ အပြင်ဘက်မှာ တစ်ခုခု ဖြစ်ခဲ့တာလား"

ယခုလို ရုတ်တရက်ကြီး ရောက်ရှိလာခြင်းသည် အရေးကြီးသည့်ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းကို ဆိုလိုသည်။

လီရှောက်က လက်ရှိအခြေအနေများကို ကန်းဖူလူတို့အား ရှင်းပြလိုက်သောအခါ လူတိုင်း၏မျက်နှာများ အလွန်တင်းမာသွားတော့သည်။

"ဧကရာဇ်အိုကြီးက သေသလိုဟန်ဆောင်ပြီး ဓားနီဂိုဏ်းနဲ့ လျှို့ဝှက် ပူပေါင်းခဲ့တာလား"

ကန်းဖူလူသည် တစ်စုံတစ်ရာကို သဘောပေါက်သွားကာ အရာအားလုံးကို နားလည်သွားသည်။

"ဒါဆိုရင် ပဉ္စမမင်းသားနဲ့ တခြားသူတွေကို သတ်ခဲ့တာက ဒုတိယမင်းသား မဟုတ်ဘူးပေါ့၊ တကယ်တမ်းက ဧကရာဇ်အိုကြီးပဲ"

ကန်းဖူလူသည် လီရှောက်နှင့်အခြားသူများကို နဂါးနောင်တရလက်ဝါးဖြင့် သတ်ဖြတ်ခံထားရသော အလောင်းများကို ပြသရန် လျင်မြန်စွာ ဦးဆောင်ခေါ်သွားသည်။

အလောင်းများကိုမြင်သောအခါ လီရှောက်၏မျက်နှာသည် တစ်ချိန်ကကန်းဖူလူကဲ့သို့ပင် မည်းမှောင်သွားလေသည်။

စကားနည်းသော ဖန်လုံက ပတ်ဝန်းကျင်ကို သတိထားရင်းမှ သတိပေးလိုက်၏။

"စိတ်ဝိညာဉ်အဆင့် စွမ်းအင်ကို ငါ ခံစားမိတယ်"

"ဗျာ...ဧကရာဇ်အိုကြီးက စိတ်ဝိညာဉ်အဆင့်ဖြစ်နေပြီလား"

ကန်းဖူလူနှင့်တကွ အားလုံးထိတ်လန့်ကုန်၏။

လျှို့ဝှက်နယ်မြေထဲတွင် ပုန်းအောင်းနေသော စိတ်ဝိညာဥ်အဆင့်သည် စိတ်ကူးရုံဖြင့်ပင် ကြောက်စရာကောင်းသည်။သူတို့အား ကြက်ကလေးငှက်ကလေးများလို သတ်ပစ်နိုင်သည်မဟုတ်ပါလား။

"မင်းတို့အသက်ရှင်နေတာ တော်သေးတာပေါ့ ၊ အချိန်ဆွဲလို့မရဘူး ငါတို့အားလုံးလျှို့ဝှက်နယ်မြေကနေ မြန်မြန် ထွက်သွားကြရအောင်"

လီရှောက်က ပြတ်သားစွာပြောသည်။သူကဤအခြေအနေထိပင် ထင်မထားခဲ့ပါ။ထို့ကြောင့် အခွင့်အရေးရှိတုန်း အပြင်ထွက်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။

ထိုအချိန်တွင် ဖန်လုံက လူမစုံသည်ကိုသတိထားမိသွားသည်။

"ကျိယွမ် ဘယ်မှာလဲ"

လူအုပ်ထဲတွင် ကျိယွမ်၏အရိပ်အယောင်ကိုမတွေ့ရပေ။

"ညီလေးကျိယွမ်က ဧကရာဇ်အိုကြီးရဲ့ မဟာမိတ်တွေကို ရှာဖွေဖို့ဆိုပြီး တစ်ယောက်တည်းထွက်သွားတယ်၊ ဒါ ကျွန်တော့်ရဲ့အမှားပါ၊ လျှို့ဝှက်နယ်မြေရဲ့ အန္တရာယ်တွေကို လျှော့တွက်ခဲ့မိတယ်"

ကျိယွမ်က ဝိညာဉ်အတွေးပန်းအကြောင်း ပြောလိုက်စဥ်ကတည်းက ကန်းဖူလူသည် ၎င်း၏တန်ဖိုးကို သဘောပေါက်ခဲ့သည်။

ကျိယွမ်သည် အကြောင်းပြချက်မပြောဘဲ ထွက်သွားခဲ့သော်လည်း ကန်ဖူလူက ကျိယွမ်သည် ဒုတိယမင်းသား၏မဟာမိတ်များထံမှ ဝိညာဉ်တွေးပန်းများကို သိမ်းပိုက်ရန် သွားရောက်ရှာဖွေမည်ဟု ခန့်မှန်းမိခဲ့၏။

စီနီယာတစ်ဦးအနေဖြင့် ကန်းဖူလူသည် ထိုကိစ္စကို မတားမြစ်ချင်သောကြောင့် ထိုအချိန်က ဘာမှမပြောခဲ့ခြင်းပင်။

"ဘာ၊ သူက ဧကရာဇ်အိုကြီးရဲ့မဟာမိတ်တွေကို ရှာဖို့ သွားခဲ့တာလား"

လီရှောက်နှင့်ဖန်လုံတို့၏မျက်နှာများ ပျက်ယွင်းကုန်၏။စိတ်ဝိညာဥ်အဆင့်ရှိနေသည်ကိုမသိဘဲ ကျိယွမ်က တစ်ယောက်တည်းထွက်သွားခဲ့ခြင်းပင်။

"အကြီးအကဲတို့၊ ကျန်တဲ့သူတွေကို လျှို့ဝှက်နယ်မြေကနေ ဦးဆောင်ပြီး ထွက်သွားလိုက်ပါ၊ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ညီလေးကို ပြန်ခေါ်လာရပါမယ်"

လီရှောက်သည်တိတ်ဆိတ်စွာရပ်နေပြီး စဉ်းစားနေသည်။ ပြီးမှသူက အစီအစဥ်ချလိုက်၏။

"ဖန်လုံ၊ မင်း သူတို့ကို ပြန်ခေါ်သွားပါ၊ ငါ ကန်းဖူလူနဲ့အတူ ကျိယွမ်ကို သွားရှာမယ်"

.................

နစ်မြုပ်ခေါင်းတလားနယ်မြေတွင်

ခရမ်းရောင်ဝတ်စုံအဘိုးအိုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ရုတ်တရက် သူသည်ချောင်းတစ်ချက်ဆိုးကာ သွေးစများအန်လိုက်၏။

သူကနီရဲနေသောမျက်လုံးများဖြင့် နောက်ဘက်သို့ နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လေသည်။

ထိုနေရာ၌ ကြည်လင်သောခေါင်းတလားတစ်ခုသည် အရည်ကဲ့သို့ဝိညာဉ်စွမ်းအင်များဖြင့်ရစ်ပတ်ထားပြီး မရေမတွက်နိုင်သော နွယ်ပင်များက ခေါင်းတလားကိုဝန်းရံထားသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ခေါင်းတလားကို နွယ်ပင်များထံမှထုတ်ယူရန် ကြိုးစားနေသကဲ့သို့ ဆွဲထုတ်နေခဲ့သည်။

သို့သော် ထိုစွမ်းအားသည် လေကုန်သွားသောမိုးပျံပူဖောင်းကဲ့သို့ ရှုးခနဲ ပျောက်ကွယ်သွားလေသည်။

"ဘယ်သူလဲကွ"

ခရမ်းရောင်ဝတ်စုံဝတ်အဘိုးအိုသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရက်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်။

အစွမ်းထက်လျှို့ဝှက်အကြီးအကဲ ပေးသော နည်းလမ်းသည် အသုံးမဝင်ကြောင်း သူ နားလည်သွားလေသည်။

သူက ရက်ပေါင်းများစွာ ကြိုးစားနေခဲ့သော်လည်း မအောင်မြင်သည့်အပြင် လျှို့ဝှက်နယ်မြေမှငှားယူထားသော စွမ်းအားသည်လည်း ရုတ်တရက်ပျောက်ကွယ်သွားပြီး အခွင့်အရေးက လုံးဝမကျန်တော့ပေ။

ခရမ်းရောင်ဝတ်အဘိုးအိုကလဒေါသကြီးစွာဖြင့် ထိုနေရာမှထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် အဘိုးအိုပုန်းအောင်းနေခဲ့သောနေရာ၏အပြင်ဘက်တွင်ရှိနေသည့် ကျိယွမ်ကစိတ်သက်သာရာရသွားသလို ပြုံးလိုက်လေ၏။

"လူကြီးက ငါ့ကိုတော်တော်ချစ်ပုံရတယ်၊ ငါ့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ စိတ်ဝိညာဥ်အဆင့်ကို ပို့လိုက်တယ်တဲ့လား"

ကျိယွမ်က အခွင့်အရေးရပါက ထိုပုဂ္ဂိုလ်ကြီးကို သူ၏သစ်သားအိမ်ထဲမှ ရက်ရက်စက်စက်ကန်ထုတ်ပစ်မည်ဟု တေးထားလိုက်သည်။

စိတ်ဝိညာဥ်အဆင့်တဲ့၊ငါ့ကိုသာ တစ်ခါတည်းသတ်လိုက်ပါတော့လား။

သို့သော် ကျိယွမ်သည်ထွက်မပြေးခဲ့ပါ။

မီးဖိုချောင်သုံးဓားကိုကိုင်ကာ မြက်ခင်းပြင်ပေါ်တွင် တည်ငြိမ်စွာမတ်တပ်ရပ်နေ၏။ သူ၏အဝတ်များနှင့်ဆံပင်များက လေတွင် လှုပ်ခတ်နေသည်။

ထိုအခိုက် ကောင်းကင်မှပျံသန်းလာသော ခရမ်းရောင်ဝတ်စုံဝတ်အဘိုးအိုသည် လျင်မြန်စွာရောက်ရှိလာပြီး ကျိယွမ်နှင့် မနီးမဝေးတွင်ရပ်လိုက်သည်။

"မင်းက ကျိယွမ်လား"

ခရမ်းရောင်ဝတ်စုံဝတ်အဘိုးအိုသည် မယုံနိုင်သောအမူအရာဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။

သူသည် ကျိယွမ်ထံမှ ပြင်းထန်သောသွေးနံ့နှင့်သတ်ဖြတ်လိုစိတ်ကို ရရှိနေသည်။

ဆိုလိုသည်မှာ အသေခံစစ်သည်သုံးရာလုံး အသတ်ခံခဲ့ရလေပြီ။

သူ နားမလည်နိုင်ပေ။

ကျိယွမ်သည် အဘယ့်ကြောင့် ဤနေရာအထိ လွယ်ကူစွာရောက်ရှိလာရသနည်း။

ဒီကောင်က ရွမ်ယူချမ်းရဲ့သားဖြစ်နေရင်တောင် ဒီလိုမျိုး မဖြစ်သင့်ဘူး မဟုတ်လား။

ရွမ်ယူချမ်းက သူ့ကိုဘယ်လိုများသင်ကြားပေးခဲ့တာလဲ၊သူ့သားတောင်ဒီလောက်အစွမ်းထက်နေရင် သူ့ရဲ့အဆင့်က......

ကြောက်ရွံ့မှုသည် ခရမ်းရောင်ဝတ်စုံဝတ်အဘိုးအို၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။

သို့သော် ဤနေရာသည်အသက်တစ်ရာကျော်သူများ ဝင်ရောက်၍မရသော နဂါးနတ်ဘုရား လျှို့ဝှက်နယ်မြေဖြစ်ကြောင်း သတိရလိုက်သောအခါ ယုံကြည်မှု ပြန်လည်ရရှိလာသည်။

ယခုအချိန် သူသည်စိတ်ဝိညာည်အဆင့်ဖြစ်နေလေပြီ။

"မင်း သူတို့အားလုံးကို သတ်ခဲ့တာလား"

ခရမ်းရောင်ဝတ်စုံအဘိုးအိုသည် ကျိယွမ်ကို စူးရှစွာကြည့်လိုက်သည်။

"ဟုတ်တယ်၊ သူတို့အားလုံးမြေကြီးထဲရောက်ကုန်ပြီ"

ကျိယွမ်က မထူးဆန်းသလို အေးအေးဆေးဆေးဖြေလိုက်သည်။

"မင်း ငါ့ကို မကြောက်ဘူးလား"

အဘိုးအိုသည် အနည်းငယ် စိုးရိမ်မိသော်လည်း သူ၏သက်တမ်းနှင့်စိတ်ဝိညာဥ်အဆင့်အင်အားကို သတိရလိုက်သောအခါ သူ၏စိုးရိမ်မှုများ လုံးဝပျောက်ကွယ်သွားသည်။

သို့သော် သူသိချင်နေသောအရာက ရှိနေသေးသည်။

"မင်းအဆင့်လေးနဲ့ သူတို့အားလုံးကို ဘယ်လိုသတ်ခဲ့တယ်ဆိုတာ ငါသိချင်နေတာ.."

ကျိယွမ်က မဲ့လိုက်၏။

"ငါက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်လေ..ဒီလောက်ကောင်လေးတွေကိုသတ်နိုင်တာ ဘာဆန်းလို့လဲ"

"ကောင်းကင်ဘုံတာအိုအုတ်မြစ်တဲ့လား"

အဘိုးအို၏မျက်လုံးများသည် အံ့အားသင့်သလို ပြူးကျယ်သွားပြီးနောက် စိတ်ပျက်အားငယ်မှုတို့ ထင်ဟပ်လာ၏။

သူ ကျိယွမ်၏ စကားကို ယုံကြည်သည်။

သူ၏အဆင့်လေးဖြင့် အသေခံစစ်သည်သုံးရာကို ဒဏ်ရာလေးတစ်ခုပင်မရဘဲ သတ်နိုင်ရန်မှာ ထိုတစ်မျိုးတည်းသာဖြစ်နိုင်သည်မဟုတ်ပါလား။

သူသည် ကောင်းကင်ဘုံတာအို အခြေတည်ခြင်းအကြောင်းကို ပြည့်ဝစွာမသိပါ။

သို့သော် ဖျက်ဆီးဝံပုလွေကဲ့သို့သော အရှေ့ပိုင်းဒေသမှ သာမန်ပါရမီရှင်များကပင် အမြုတေအဆင့်ကိုသတ်ဖြတ်နိုငိကြသည်ဆိုလျှင် ကောင်းကင်ဘုံတာအိုနှင့်အုတ်မြစ်တည်ဆောက်ထားသူကလည်း အမြုတေအဆင့်များကို သတ်နိုင်မည်မှာသံသယရှိစရာမလိုပါ။

"ကောင်းကင်ဘုံတာအိုနဲ့ အခြေတည်ဆောက်ခြင်း၊ ကောင်းကင်ဘုံတာအို အုတ်မြစ်နဲ့အခြေတည်ခြင်းတဲ့လား......."

အဘိုးအိုသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသည့် အမူအရာတစ်ခု ပေါ်လာသည်။

"ငါ့ရဲ့အစီအစဥ်တွေအားလုံး အချည်းနှီး ဖြစ်သွားပုံရတယ်"

ကောင်းကင်ဘုံတာအိုအုတ်မြစ်ဖြင့် အခြေတည်ဆောက်နိုင်သည်ဆိုကတည်းက ရွမ်ယူချမ်း သို့မဟုတ် ကျိယွမ်၏ နောက်ကွယ်တွင် ယင်နတ်ဘုရားအဆင့်ကြောက်မက်ဖွယ်ကောင်းသောသူတစ်ဦး သေချာပေါက်ရှိနေသည်ဟု ဆိုလိုသည်။

ယင်နတ်ဘုရားအကြီးအကဲတစ်ဦးက အားပေးထောက်ခံနေမှတော့ သူ၏အစီအစဥ်များအောင်မြင်ခဲ့လျှင်ပင် အသုံးမဝင်နိုင်တော့ပါ။

သို့သော် အဘိုးအို၏ မျက်လုံးများတွင် ကြမ်းတမ်းပြီးရူးသွပ်သောအမူအရာတစ်ခု ပေါ်လာသည်။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်နဲ့ ပါရမီရှင်ကို ငါ့နဲ့အတူအုတ်ဂူထဲကို ခေါ်သွားတာကလည်း မဆိုးပါဘူး၊ ဟူတ်တယ်မှတ်လား..ဟားဟားဟားဟား"

ကျိယွမ်၏ အမူအရာကတော့ ငြိမ်သက်နေသည်။

"ခင်ဗျားက အလွန်အကျွံတွေစဉ်းစားနေတာပဲ၊ကျူပ်ကဘာလို့ခင်ဗျားရဲ့အသုဘကို လိုက်ပို့ပေးရမှာလဲ၊ ပြီးတော့ သာ့ရှန်းကလည်း ကျဆုံးမှာမဟုတ်ဘူး ၊ဇာတ်လိုက်လိုကံကြမ္မာနဲ့ကောင် ရှိတယ်၊ ခင်ဗျားကသာ ဘုမသိ ဘမသိနဲ့အရူးထလို့ သေရတော့မယ်၊ ဧကရာဇ်ဖြစ်တာကြာလွန်းလို့ ဘယ်လိုစိတ်ကူးတွေနဲ့ ဘာတွေလျှောက်လုပ်ခဲ့မှန်းကိုမသိဘူး"

ခေါင်းမာသောဧကရာဇ်အိုကြီးကတော့ သူ၏ နောက်ဆုံးအချိန်များတွင် ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ပေ။

သူက ကျိယွမ်ကို သတ်ဖြတ်ရန်သာကြိုးစား၏။

အစွမ်းထက်သော စိတ်ဝိညာဥ်အဆင့် စွမ်းအင်များက ပေါက်ကွဲထွက်လာ၏။

"သာ့ရှန်းက ငါ့ရဲ့ ပိုင်ဆိုင်မှုပဲကွ"

အော်ဟစ်သံနှင့်အတူ အမြုတေအဆင့်များထက် ဆယ်ဆမကပို၍အစွမ်းထက်သော စွမ်းအင်လှိုင်းနှင့်အတူ ကျိယွမ်ဆီသို့ လှိုင်းလုံးကြီးတစ်ခုပမာ ဝင်ရောက်သွားသည်။

ဧကရာဇ်အိုကြီးသည် သူ၏အစွမ်းအထက်ဆုံးဖြစ်သော နဂါးနောင်တလက်ဝါးရိုက်ချက်ကို အသုံးပြုလိုက်ခြင်းပင်။

စိတ်ဝိညာဥ်အဆင့်နှင့် အောက်အဆင့်များကြားမှအကြီးမားဆုံးကွာခြားချက်မှာ စိတ်ဝိညာဥ်အဆင့်များသည် ၄င်းတို့၏စိတ်ဝိညာဥ်မှတစ်ဆင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်ခြင်းပင်။

ထို့ကြောင့်စိတ်ဝိညာဥ်အဆင့်များ၏ တိုက်ခိုက်မှုတစ်ခုသည် သာမန်လူများနေထိုင်သော မြို့နယ်တစ်ခုလုံးကိုပင်

စိစိညက်ညက်ကျေသွားစေနိုင်အောင် အင်အားကြီးမားနေခြင်းပင်။

ဧရာမ နဂါးလက်သည်းတစ်ခုသည် ကျိယွမ်၏ ခေါင်းပေါ်တွင် စုစည်းလာပြီး အမြုတေအဆင့်၏စွမ်းအားကို များစွာ ကျော်လွန်သောစွမ်းအားကို ထုတ်လွှတ်နေသည်။

လက်သည်းသည် ထက်မြက်ပြီးသေစေနိုင်ကာ အမြုတေအဆင့်များကိုပင် လူရောအမြုတေရောပေါက်ကွဲကာ အရိုးတခြားအသားတခြားဖြစ်သွားစေနိူင်၏။

ကျိယွမ်သည် ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရသည်။

"တကယ်တော့ ငါ့ရဲ့ ကောင်းကင်ဘုံတာအို အခြေတည်ဆောက်ခြင်းက အစွမ်းအထက်ဆုံးမဖြစ်ခဲ့ဘူး ၊ဘာလို့လဲဆိုတော့ ငါ အဲဒီ လူကြီးကို မနိုင်သေးလို့ပဲ၊ သာမန်အုတ်မြစ်နဲ့စိတ်ဝိညာဥ်အဆင့်ကတောင် ငါ့ကို ခြိမ်းခြောက်နိုင်သေးတယ်"

သို့သော် ကျိယွမ်က လက်သည်းကြီးကို ကြည့်ကာမဲ့လိုက်၏။

"ဒါပေမဲ့ ငါကနောက်ဆုတ်မှတော့ မဟုတ်ဘူး"

ကျိယွမ်သည် ယခင်ကကျိယွမ် မဟုတ်တော့ပါ။သူက စိတ်ဝိညာဥ်အဆင့် နဂါးလက်သည်းကြီးကို နောက်မဆုတ်တမ်း ရဲရင့်စွာရင်ဆိုင်သည်။

သူ၏ ကောင်းကင်ဘုံတာအို အခြေတည်ခြင်းစွမ်းအားသည် ကန့်သတ်ခံထားပုံရသော်လည်း ထုတ်ဖော်လိုက်သော အရာသည် အံ့ဩစရာကောင်းနေဆဲ ဖြစ်သည်။

နဂါးနောင်တလက်ဝါးနှင့် ကျိယွမ်၏ မီးဖိုချောင်သုံးဓားသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

အံ့သြစရာကောင်းသည်မှာ ထိုတိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်၏ အရာဝတ္ထုများ ပျက်စီးမသွားခဲ့ပါ။

စိတ်ဝိညာဥ်အဆင့်တိုက်ခိုက်မှုသည် ချီစွမ်းအင်ကိုပြိုင်ဘက်အပေါ်၌သာ ဦးတည်ထားပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်ခြင်းမျိုးမရှိပေ။

သို့သော် ကျိယွမ်၏မီးဖိုချောင်သုံးဓားသည်လည်း သာမန်မဟုတ်ခဲ့ပါ။

"ဝုန်း..."

ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ လက်သည်းပုံရိပ်ပြိုကွဲသွားသလို မီးဖိုချောင်းသုံးဓားမှာလည်း ကျိယွမ်ထံပြန်လည်လွင့်စင်သွား၏။

အဘိုးအိုမှာ မယုံနိုင်စွာထိတ်လန့်သွားသည်။ ။

"မင်းက ဘယ်လိုနတ်ဆိုးမျိုးလဲ"

သူ၏စိတ်ဝိညာဥ်အဆင့်သည် သာမန်လူများထက်နိမ့်ကျသော်လည်း စိတ်ဝိညာဥ်အဆင့်သာဖြစ်သည်။

ကောင်းကင်ဘုံတာအိုအုတ်မြစ်ဖြစ်စေဦးတော့ အခြေတည်အဆင့်လေးက ရင်ဆိုင်နိုင်စရာမရှိပါ။

သို့သော် ကျိယွမ်လည်းမသက်သာခဲ့ပါ။သူက ဓားနှင့်အတူ ခြေလှမ်းများစွာဆုတ်ခွာသွားရသည်။

"ခင်ဗျားက..တကယ်ပဲ စိတ်ဝိညာဥ်အဆင့်ကိုး.."

ကျိယွမ်မှာ အနည်းငယ်ယိုင်နေ၏။

"နဂါးနောင်တလက်ဝါးတစ်ချည်တည်းနဲ့ ငါ့ရဲ့သွေးကြောတွေပေါက်ကွဲကုန်ပြီ"

လျှို့ဝှက်နယ်မြေထဲသို့ ရောက်ပြီးကတည်းက ပထမဆုံးအကြိမ်ဒဏ်ရာရသွားခြင်းပင်။

သူက စိတ်ဝိညာဥ်အဆင့်တစ်ယောက်၏ အင်အားကိုပထမဆုံးအကြိမ်ရင်ဆိုင်ဖူးခြင်းလည်းဖြစ်၏။

ငါ့တစ်သက်မှာအပြင်းထန်ဆုံးတိုက်ခိုက်ခံရတာပဲ။

ဧကရာဇ်အိုကြီးကတော့ ကျိယွမ်ကို သံသယမျက်လုံးများဖြင့်ကြည့်နေသည်။ သူ ၏တိုက်ခိုက်မှုက ကျိယွမ်ကိုထိခိုက်ဒဏ်ရာ ရအောင် လုပ်နိုင်ပုံမရှိပေ။

ဘာကို သွေးကြောပေါက်ကွဲတာလဲ။တစ်ခုမှ မတွေ့ဘူး။ဒီကောင်က သူ့အမေရွမ်ယူချမ်းလိုပဲ အရှက်မရှိဘူး။

"ငါ့ရဲ့ သွေးကြောမျှင်လေးတွေ၊ သနားစရာသွေးကြောလေးတွေ၊ရက်စက်တဲ့ အဘိုးကြီးပဲ"

ကျိယွမ်၏သွေးကြောများ ပေါက်ကွဲခဲ့ပါသည်။သို့သော် ဓားကိုင်ထားသောလက်မှ အရေးမကြီးသော ဆံချည်မျှင်သွေးကြောလေးနည်းနည်းသာဖြစ်သည်။သေရေးရှင်ရေးတိုက်ပွဲတွင် ထိုအရာက ဒဏ်ရာဟုပင်ခေါ်၍မရပါ။

"မင်း...လူမိုက်၊ ငါ့ကို စော်ကားရဲတယ်ပေါ့"

ဧကရာဇ်အိုကြီး၏ဒေါသက အမြင့်ဆုံးထိထွက်သွားသည်။

သူသည် သူ၏ဖိနှိပ်ခံဘဝကို ပြန်သတိရမိလိုက်သည်။အချုပ်အခြာအာဏာပိုင် ဧကရာဇ်တစ်ဦးဖြစ်နေသော်လည်း သူသည် စစ်မှန်သော အင်အားမရှိခဲ့ပေ။

သာ့ရှန်းကို အဓိကဂိုဏ်းကြီးသုံးခုက အပြည့်အဝ ထိန်းချုပ်ထားသည်။

သူသည် အရှက်ရခြင်းများစွာကို သည်းခံခဲ့ရပြီး အဆုံးမဲ့စော်ကားမှုများကို မျိသိပ်နေခဲ့ရ၏။

ယခုတော့ အခြေတည်အဆင့်လေးတစ်ဦးကပင် သူ့အားလှောင်ပြောင်နေလေပြီ။

" မင်းတို့...မင်းတို့ကောင်တွေအကုန်လုံးကို သတ်မယ်ကွ"

သူ ရူးသွပ်သွားသည့်အတိုင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထို့နောက် ကျိယွမ်ထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

ကျိယွမ်သည် အံ့သြခြင်း မရှိပါ။

တစ်သက်တာလုံး ဖိနှိပ်ခံခဲ့ရပြီးနောက် သေခါနီးတွင်ရူးသွပ်သွားခြင်းသည် သဘာဝသာဖြစ်၏။

"ခုနကတစ်ချက်က ကျုပ်အားစမ်းကြည့်တာ၊အဲဒါကသာ ခင်ဗျားရဲ့အစွမ်းကုန်ပဲဆိုရင်တော့..."

ကျိယွမ်က မီးဖိုချောင်သုံးဓားကို တစ်ချက်ကြည့်ကာ မဲ့လိုက်၏။

"ခင်ဗျားဘဝက တကယ်ဇာတ်သိမ်းပြီ"

သူက တေးဂီတကျောက်စိမ်းပြားမှ ကြေကွဲဖွယ်သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။

ဧကရာဇ်တစ်ပါး၏ နောက်ဆုံးခရီးသည် ထိုတေးသံနှင့်ထိုက်တန်၏။

ထိုအချိန်မှာပင် ဧကရာဇ်က ကျိယွမ်၏အနီးသို့ရောက်လာလေပြီ။

" တောက်ပသောဓား"

တောက်ပသောဓားသည် ပြင်းထန်သောသွေးစွမ်းအင်ဖြင့်ဖုံးလွှမ်းနေပြီး အဆုံးမဲ့ သောသွေးရောင်အလင်းရောင်ကို ထုတ်လွှတ်သည်။

"သေစမ်း.."

အရှိန်ပြင်းစွာ ပြေးဝင်လာသောဧကရာဇ်အိုကြီးသည် ကောင်းကင်မှပြုတ်ကျသွားပြီး သူ၏စွမ်းအင်သည် လျင်မြန်စွာကျဆင်းသွားသည်။

စိတ်ဝိညာဥ်အစောပိုင်းအဆင့်မှ အမြုတေအထွတ်အထိပ်အဆင့်၊ထို့နောက် အမြုတေ အလယ်အလက်အဆင့်၊ ထို့နောက် အမြုတေအစောပိုင်း၊နောက်ဆုံးတွင်အခြေတည်အထွတ်အထိပ်အဆင့်ထိ ကျဆင်းပြီးမှ ရပ်တန့်သွား၏ ။

သူ၏မျက်နှာသည် အိုမင်းပြီး နွမ်းနယ်နေကာ သေခြင်းတရားများဖြင့် ပြည့်နှက်လာသည်။

သူသည် ကျိယွမ်ကို နာကျည်းစွာကြည့်လိုက်သည်။

"ငါ့မှာသာမင်းလိုနောက်ခံမျိုးရှိခဲ့မယ်ဆိုရင် ငါ့ဘဝက ဒီလိုအဆုံးသတ်မျိုးနဲ့ကြုံရမှာလဲ"

" ဒီကမ္ဘာကြီးက ဘာလို့ဒီလောက်မတရားရတာလဲ။မင်းက ကလေးတစ်ယောက်၊ ဇိမ်ခံပြီး နေထိုင်ရတယ်၊ဆရာတွေက ကာကွယ်ပေးတယ်၊ မင်းရဲ့ဘဝက ချောမွေ့တယ်"

"ဦးနှောက်မကောင်းတဲ့ ဥပါဒါန်သွေးမျိုးဆက်တစ်ယောက်ကတောင် ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ဖြစ်လာတယ်"

"ငါလို ဧကရာဇ်တစ်ပါးကြတော့...

.... ဘာလို့၊ ဘာလို့ အရှုံးသမားဖြစ်ရတာလဲ"

သူသည် မရေမတွက်နိုင်သော အရှက်ရခြင်းများကို ခံနိုင်ရည်ရှိခဲ့ပြီး အညံ့မခံခဲ့သော်လည်း ဤသို့သောအဆုံးသတ်မျိုးဖြင့် တွေ့ဆုံခဲ့ရသည်။

ယခုလိုအဆုံးသတ်မျိုးကို သူမလိုချင်ပေ။

ကျိယွမ်သည် ဧကရာဇ်အိုကြီးကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောသည်။

"ခင်ဗျားရဲ့အတိတ်ကို ကျုပ်မသိဘူး၊ ဒီတော့ ဘာကြောင့်လဲဆိုတာ ဘယ်လိုလုပ်သိမလဲ၊ ဒါပေမဲ့ ပိုကောင်းတဲ့ဘဝဆီကိုတော့ ပို့ဆောင်ပေးမှာပါ"

ဧကရာဇ်အိုကြီးသည် ချောင်းဆိုးလိုက်ပြီး မည်းနက်သောသွေးများက သူ၏ပါးစပ်မှ စီးကျလာ၏။

"မင်းဆရာကလည်း လျှို့ဝှက်နယ်မြေကို လိုချင်နေတာ မဟုတ်ဘူးလား"

" ငါ မအောင်မြင်ခဲ့ဘူး၊နောက်တစ်နာရီဆိုရင် အဲဒီခေါင်းတလားက နေရာပြောင်းတော့မယ်

ငါမရနိုင်ခဲ့သလို မင်းတို့လည်း မရနိုင်ဘူး ၊ဟားဟား ဟားဟားဟား"

ထိုသို့ပြောပြီးနောက် ဧကရာဇ်အိုကြီးသည် ခေါင်းစောင်းသွားပြီး ထိုနေရာတွင်လဲကျ သေဆုံးသွားလေသည်။

သူ၏မျက်နှာမှာတော့ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နေ၏။

ကြီးမားသောမင်းဆက်တစ်ခု၏ တန်ခိုးကြီးခဲ့သောဧကရာဇ်တစ်ပါးသည် လူမသိသူမသိဖြင့် တိတ်ဆိတ်စွာသေဆုံးသွားခဲ့သည်။

ကျိယွမ်သည် ဧကရာဇ်အိုကြီးဘေးတွင် ရပ်နေပြီး လေးနက်စွာစဉ်းစားနေမိ၏။

အတန်ကြာမှ သူကဧကရာဇ်၏အလောင်းအားစစ်ဆေးလိုက်သည်။

"ပြောတော့လည်း ဧကရာဇ်တဲ့ ဘာမှလည်းမရှိဘူး၊ဘယ်လိုဧကရာဇ်ကြီးပါလိမ့်"

ကျိယွမ် တော်တော်လေး စိတ်ပျက်သွားသည်။ဧကရာဇ်အိုကြီးကို သတ်လိုက်သော်လည်း သူ အဖိုးတန်သောအရာ တစ်ခုမှ မရခဲ့ပါ။ထိုဧကရာဇ်က မွဲတေနေ၏။

သူ ရရှိခဲ့သည့်တစ်ခုတည်းသော အရာမှာ သူ၏ ခွန်အားအဆင့်ကို နားလည်ခြင်း ဖြစ်သည်။

"ဒါပေမဲ့ မဟူရာကြက်မိစ္ဆာကြီးက စိတ်ဝိညာဥ်အထွတ်အထိပ်ဆိုတော့ မလွယ်သေးဘူး၊ တော်တော်စိတ်ရှုပ်စရာပဲ"

ချီယွမ် သက်ပြင်းချလိုက်မိသည်။သူ့အတွက် မဟူရာကြက်မိစ္ဆာကြီးသည် အမြဲတမ်းခြိမ်းခြောက်နေသောအရာကြီးတစ်ခုပင်။

သူ၏ကောင်းကင်ဘုံအိုအုတ်မြစ်တည်ဆောက်ခြင်းက မပြည့်စုံဖြစ်ခဲ့ခြင်းက တော်တော်ဆိုးလှသည်။မဟုတ်လျှင် သူအနေဖြင့် မဟူရာကြက်မိစ္ဆာကြီးကို အလွယ်တကူသတ်နိုင်နေလေပြီ။

"ဒါတွေအကုန်လုံး အိမ်မက်ထဲကလူကြီးကြောင့်ပဲ ၊ ပြန်တွေ့လို့ကတော့..."

ကျိယွမ်က တွေးမိတိုင်းထိုလူကြီးကိုသာ ဒေါသထွက်နေ၏။

"ထားတော့ လျှို့ဝှက်နယ်မြေဒီဘက်ခြမ်းမှာ ဘာတွေရှိမလဲမသိဘူး၊လေ့လာရမယ်"

ကျိဟွမ်က အလောင်းကို မည်သို့ပြုလုပ်ရမည်နည်းဟု စဥ်းစားနေစဥ်မှာပင် အလင်းတန်းတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာ၏။

အဖြူရောင်ဝတ်စုံဝတ်ထားသော ဖျက်ဆီးဝံပုလွေက ကျိယွမ်၏ရှေ့သို့ ဆင်းသက်လာကာ သူ၏မျက်နှာက ကျေနပ်မှုကြောင့်ပြုံးနေလေသည်။

"အဝေးကနေ တောက်ပသောဓားရဲ့ စွမ်းအင်ကို ငါခံစားမိတယ်၊ မထင်မှတ်ဘဲ မင်းဖြစ်နေတာကို ၊၊ဒါဆို မင်းကရှင်ဟွာအဖွဲ့ကဆိုတာ သေချာနေပြီ "

စိတ်ဓာတ်ကျနေသောကျိယွမ်က ဖျက်ဆီးဝံပုလွေက မိုးပေါ်မှနေ၍ သူ၏ရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာသည်ကိုမြင်ကာ စိတ်အားတတ်ကြွသွားသည်။

သူ၏ မျှော်လင့်ခြင်းလမင်းက လိုက်ရှာစရာပင်မလိုပေ။

တော်သေးတာပေါ့၊အလုပ်တွေများပြီး အရေးကြီးတာကို မေ့နေတာ။

ဖျက်ဆီးဝံပုလွေက ကျိယွမ်ဘေးမှ ဧကရာဇ်၏အလောင်းကိုကြည့်ကာ လှောင်ပြောင်လိုင်သည်။

"တောက်ပသောဓားကိုသုံးပြီး အခြေတည်အထွတ်အထိပ်အဆင့်ကို သတ်လိုက်တယ်ပေါ့၊ မင်းရဲ့အင်အားက ဒီလောက်ပဲလား"

"ဒီနေ့ ငါကမင်းကို စစ်မှန်တဲ့တောက်ပသောဓားဆိုတာ ဘာလဲဆိုတာ ပြသမယ်"

ဖျက်ဆီးဝံပုလွေက အဖြစ်မှန်ကိုမသိဘဲ ကျိယွမ်အား အထင်သေးစွာကြည့်လိုက်၏။

"တောက်ပသောဓားရဲ့ အဆင့်မြင့်နည်းစနစ်နဲ့ သေရတာက မင်းလိုအဆင့်လေးအတွက် ဂုဏ်ယူစရာပဲ"

"အဆင့်မြင့်နည်းစနစ်လား။"

ကျိယွမ်၏ မျက်လုံးများ ထိပ်မံလင်းလက်လာသည်။

"ဒါဆို ဒါကတောက်ပသောဓားရဲ့ အဆင့်မြင့် ဗားရှင်းလား၊ အဆင်ပြေလိုက်တာ ဒါက ငါ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာတော့မှာပေါ့"

ဖျက်ဆီးဝံပုလွေက ကျိယွမ်အားရှုံ့ချလိုက်သည်။

"လုဖေးပြောတာ အမှန်ပဲ ၊မင်းရဲ့ခေါင်းမှာ ပြဿနာရှိနေတာကိုး၊ ငါ့ကို ကျူးလျန်ဟွာ လိုမျိုး ငတုံးလို့ ထင်နေတာလား"

လမ်းတစ်လျှောက်တွင် ဖျက်ဆီးဝံပုလွေသည် နတ်ဆိုးရမက်ဂိုဏ်းမှ တပည့်နှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ကို သတ်ပစ်ခဲ့သည်။

လုဖေးမှတစ်ဆင့် နစ်မြုပ်ခေါင်းတလားနယ်မြေထဲကို မည်သို့ဝင်ရောက်ရမည်ဆိုသည်နှင့် အထဲမှအခြေအနေများအကြောင်းကို ပိုမိုသိရှိခဲ့သည်။

အနည်းငယ်ရူးနေသောကျိယွမ်သည် နစ်မြုပ်ခေါင်းတလားနယ်မြေထဲတွင် ရှိနေသည်ဟူသောအကြောင်းအရာမျိုးပါ မကျန်သိခဲ့ရ၏။

လုဖေးက သူမကိုအသက်ချမ်းသာပေးရန်အတွက် သိသမျှအားလုံးကိုပြောပြခဲ့သည့်အပြင် ကျိယွမ်ဆီသို့ပါ မြှားဦးလှည့်ပေးခဲ့ခြင်းပင်။

သို့သော် သူသိချင်သောအရာများသိပြီးသည်နှင့် ဖျက်ဆီးဝံပုလွေက အားလုံးကိုသတ်ပစ်ခဲ့သည်။

ဖျက်ဆီးဝံပုလွေက ကျိယွမ်အား လှောင်သလိုကြည့်လိုက်ပြီး တောက်ပသောဓား ကို ထုတ်လွှတ်လိုက်သည်။

"မသိသေးရင်မှတ်ထားလိုက် ငါ့ရဲ့ဓားကအမြုတေအဆင့်ကိုတောင်သတ်နိုင်တယ်"

ဖျက်ဆီးဝံပုလွေက အစွန်အဖျားဒေသမှ လူညံ့များကို အရှေ့ပိုင်းဒေသ၏ပါရမီရှင်ဆိုသည်မှာ မည်မျှအစွမ်းထက်သနည်းဟု ပြချင်နေသည်။

ဧရာမအလင်းဓားကြီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး ကျိယွမ်ဆီသို့ တည့်မတ်စွာ ဦးတည်လာ၏

ကျိယွမ်က စိတ်ပျက်သလို ခေါင်းယမ်းလိုက်သည်။

"တောက်ပသောဓား ကိုသုံးပြီး အမြုတေအဆင့်လေးတွေကို သတ်တာလား၊ ဘယ်လောက် အလေအလွင့် ဖြစ်လဲ"

"မင်းကိုသတ်ဖို့အတွက် ငါကဘယ်ဓားမှမလိုမလိုအပ်ဘူး၊ လက်ညှိုးနဲ့ နဖူးကို ဟောဒီလိုလေး တောက်လိုက်ရုံပဲ"

ကျိယွမ်သည် သူ၏လက်မနှင့်လက်ခလယ်ဝိုင်းကာ ဆန့်ထုတ်လိုက်သည်။

"ဒေါက်.."

သူ၏လက်ခလယ်ဖြင့်တောက်လိုက်သောစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော အလင်းဓားဖြင့်တိုက်မိ၏။

"ခလွပ်"

အစွမ်းထက်သောအလင်းဓားသည် မယုံနိုင်စရာ ချက်ချင်းကွဲကြေသွားသည်။

သို့သော် နဖူးတောက်လိုက်သောစွမ်းအားသည်မရပ်တန့်ဘဲ ဖျက်ဆီးဝံပုလွေ နဖူးပေါ်သို့ ကျရောက်သွားသည်။

"ခွပ်..."

ဖျက်ဆီးဝံပုလွေ၏ ဦးခေါင်းခွံသာမကဘဲ နှလုံးသားနှင့်ဝိညာဉ်တို့ပါမကျန် အလင်းဓားနှင့်အတူကွဲကြေသွားတော့သည်။

သူ၏မျက်နှာသည် မယုံကြည်နိုင်သလို ငေးကြောင်နေစဥ် ကျိယွမ်က သူ၏လက်ကိုရုတ်ကာ ပြုံးပြလိုက်၏။

"မင်းရဲ့ခြေထောက်အောက်မှာ အမြုတေအဆင့်တွေရာချီပြီးရှိတယ်"

"ငါ ခုနကတောက်ပသောဓားနဲ့သတ်လိုက်တဲ့သူက စိတ်ဝိညာဥ်အဆင့်ကွ"

"မင်းကို နဖူးလေးပဲတောက်လိုက်တာ ငါအများကြီး သက်ညှာပေးလိုက်တာပဲ၊ မင်းအနေနဲ့ ကျေးဇူးတင်သင့်တယ်"

ဖျက်ဆီးဝံပုလွေမှာ မယုံနိုင်သောမျက်ဝန်းများဖြင့် ဆန့်ဆန့်ကြီးလဲကျသွားခဲ့လေသည်။

"ဒီကောင် အားနည်းလွန်းတယ်"

ကျိယွမ်သည် ဖျက်ဆီးဝံပုလွေထံမှ ရှိသမျှပစ္စည်းများ ကိုရှာဖွေ၏။

"ကောင်းတယ်၊ ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ"

အသေခံစစ်သည်များနှင့် ဧကရာဇ်အိုကြီးကို အပင်ပန်းခံကာသတ်ခဲ့ရသော်လည်း ဝိညာဉ်အတွေးပန်းများမှလွဲ၍ အဖိုးတန်သောအရာ တစ်ခုလေးပင် မရခဲ့ပေ။

"တော်သေးတာပေါ့ မျှော်လင်းခြင်းလမင်းက အရမ်းကြင်နာတတ်လို့ လက်ဆောင်တွေ အများကြီး ယူလာပေးတယ်၊ ငါကငြင်းရင် ရိုင်းရာကျသွားမှာပေါ့"

ကျိယွမ်သည် ဖျက်ဆီးဝံပုလွေ၏ သိုလှောင်အိတ်ကို မွှေနှောက်လိုက်သည်။

ကျောက်စိမ်းအဆင့် နည်းစနစ် ခုနစ်ခု၊ နက်နဲသောအဆင့်နည်းစနစ်နှစ်ခုနှင့် တောက်ပသောဓား၏ အဆင့်မြင့်ဗားရှင်းကို တွေ့ရှိခဲ့သည်။

"ထီပေါက်တာပဲ"

ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေသို့ လာရသောခရီးစဥ်သည် တန်ဖိုးရှိလှသည်ဟု ကျိယွမ် ခံစားလိုက်ရသည်။

"ဇာတ်လိုက်နဲ့ပေါင်းရတာလည်း တစ်ခါတလေတော့ မဆိုးပါဘူး"

ယခုနည်းစနစ်များကို အပြည့်အဝနားလည်သွားပါက သူ၏မျက်လုံးများက အခြား နည်းစနစ်များကိုကြည့်ရှုသောအခါ ပိုကောင်းသောအချက်အလက်များကို ထုတ်ပေးနိုင်တော့မည် မဟုတ်ပါလား။

သူ၏ ကျိယွမ်ကျမ်းကလည်း ပိုမိုတိုးတက်လာနိုင်သည်။

"ဝိညာဉ်အတွေးပန်းတွေကတော့ အပိုလက်ဆောင်လေးတွေပေါ့"

ဝိညာဉ်တွေးပန်းများသည် ဝိညာဉ်ကို မြှင့်တင်ပေးနိုင်၏။ သူ၏ ဝိညာဥ်စွမ်းအားကို မြှင့်တင်ကာ ဒုတိယဂိမ်းထဲသို့ ဝင်ရောက်ရန် အခွင့်အရေးများကို တိုးမြှင့်ပေးနိုင်လိမ့်နည်။

ကျိယွမ်က အားလုံးကို သိမ်းဆည်းပြီးနောက် ပတ်ဝန်းကျင်အားအကဲခတ်လိုက်၏။

"အင်..ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေကို အကုန်ရှင်းလင်းပြီးပြီဆိုတော့ ထွက်ခွာဖို့ အချိန်ရောက်ပြီပေါ့"

သူကဝိညာဥ်ပျောက်ဆုံးမြစ်ဆီသို့ ဦးတည်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက်ရပ်လိုက်၏ ။

"မဟုတ်သေးဘူး၊ ဧကရာဇ်အိုကြီး အစီအစဥ်ဆွဲနေတဲ့ ခေါင်းတလားဆိုလား ဘာဆိုလားရှိသေးတာပဲ၊ ငါ စစ်ဆေးသင့်တယ်"

"အဲဒီအထဲမှာ ဝိညာဉ်အတွေးပန်းတွေနဲ့ ပြည့်နေရင် ဘယ်လိုလုပ်မလဲ၊ဟီး ..ဟီး .. နောက်ထပ်လက်ဆောင်ကြီးပဲ"

...............

All Chapters