မြောက်နှင့်တောင်တို့၏ တိုက်ပွဲ
Vol. 7 Ch. 92
"ဘယ်လိုလဲ၊ သူက ပြုစုပျိုးထောင်ဖို့ ထိုက်တန်ရဲ့လား"
ကုမူကျန့်ကျွမ်း၏မေးခွန်းကြောင့် အကြအကဲဆွေချုန်း၏မျက်လုံးများထဲတွင် ရှုပ်ထွေးနေဟန်များအတိုင်းသားပေါ်လာ၏။
"သူ့ကို ကျွန်တော်မမြင်နိုင်ဘူး"
ထိုစကားကို ကြားသောအခါ ကူမူကျန့်ကျွမ်း၏ မျက်လုံးများက အတွေးနက်သွားသလို ကျုံ့သွားသည်။
ရှန်ကွမ်းဂိုဏ်းတွင် ဆွေချုန်းမမြင်နိုင်သော သူမှာ ကျိစယ်တောင်ထွတ်သခင်မရွမ်ယူချမ်းတစ်ဦးတည်းသာရှိခဲ့သည်။
ယခုကျိယွမ်ကိုလည်း သူ၏ပညာဖြင့်ဖောက်ထွင်းမမြင်နိုင်ဟုဆိုလာ၏။
ကျိစယ်ဆရာတပည့်နှစ်ယောက်လုံးက ဘာတွေလဲ။
ကုမူကျန့်ကျွမ်းက လတ်တလောကိစ္စကိုအာရုံစိုက်လိုက်၏။
"ဒါဆိုရင်တော့ ဖျက်ဆီးဝံပုလွေကိုသတ်လိုက်တာ ကျိယွမ်ဖြစ်ဖို့များနေပြီ"
ကုမူကျန့်ကျွမ်းက သူ၏မုတ်ဆိတ်များကို သပ်ကာခေါင်းညိတ်၏။
"သူ့အရည်အချင်းက ပါရမီရှင်စာရင်းကြီးကို မှီနိုင်မဲ့ပုံရတယ်၊ငါတို့ အာရုံစိုက်ပြီးပြုစုပျိုးထောင်ပေးဖို့ ထိုက်တန်တယ်"
အကြီးအကဲ ဆွေချုန်းက တစ်ခုခုအားတွေးမိသလို ရယ်မောသည်။
"သူက ခင်ဗျားရဲ့ ပြုစုပျိုးထောင်မှုကို အရေးမလုပ်ရင်ကော"
ကုမူကျန့်ကျွမ်းခေတ္တ စဥ်းစားသွားလေသည်။
ကျိယွမ်၏စိတ်ထားကအမှန်တကယ်ပင် နားလည်ရခက်၏။ဘယ်သူဘာထင်ထင် သူပြောချင်ရာပြောသည်၊သူ့စိတ်ကူးနှင့်သူ လုပ်ချင်ရာကို ထလုပ်တတ်ပြီး မည်သူနှင့်မှလည်း မတိုင်ပင်တတ်ပေ။
ကျူးလျန်ဟွာနှင့်ဖျက်ဆီးဝံပုလွေတို့ကိုသတ်ကာ သူမဟုတ်သလိုနေထိုင်နေသည်က သက်သေပင်။
"ဘာပဲပြောပြော သူ့ရဲ့ကျင့်ကြံမှုအတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ပံ့ပိုးရမယ်၊သူ စိတ်ဝိညာဥ်အဆင့်ကို ချောချောမွေ့မွေ့တက်နိုင်အောင် ကူညီပေးမယ်"
"အဲဒီကောင်လေးက သူ့ကိုယ်သူ ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်လို့ ခဏခဏပြောနေတာတဲ့၊သူက ကြယ်တာရာအမြုတေကို ဖွဲ့စည်းချင်ပါတယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ၊ အဲဒီအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း ခင်ဗျား ပံ့ပိုးပေးနိုင်မလား"
ကုမုကျန့်ကျွမ်းပါးစပ်ပိတ်သွားရပြန်သည်။
အကြီးအကဲဆွေချုန်းက ဒေါသကြီးကာတုတ်ထိုးအိုးပေါက်ပြောတတ်သော်လည်း သူ၏ထင်မြင်ချက်များကို အလေးမထား၍မရပါ။
"သူ့ကို မိတ်ဖွဲ့ချင်ရင် သူလိုအပ်တဲ့ တစ်ခုခု ပေးရလိမ့်မည်. ဥပမာ- သူက သူ့ရဲ့ဝိညာဉ်ကို အဆက်မပြတ်အားကောင်းအောင်လုပ်ဖို့ ကြိုးစားနေပုံရတယ်၊ခင်ဗျားမှာ အဲဒါကို ကူညီပေးနိုင်တဲ့ပစ္စည်းတွေ သိုလှောင်ထားတာပဲ၊ဒီဘဝမှာတော့ ခင်ဗျားအနေနဲ့ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်မှာ မဟုတ်တော့ဘူးလေ၊ ဒါကြောင့် အဲဒီပစ္စည်းတွေကို သူ့ကိုပေးလိုက်တာက ပိုကောင်းမယ်၊ပြီးရင် သေချာ ရှင်းပြလိုက်ပါ၊ အားလုံး အဆင်ပြေသွားလိမ့်မယ်"
ကုမူကျန့်ကျွမ်းမှာ အနည်းငယ်မဲ့သွား၏။
ရတနာများပေးခိုင်း၍ မဟုတ်ပါ၊မသိလျှင်အကြီးအကဲဆွေချုန်းက သူ့ကိုတည့်တည့်ကြီးလှောင်နေသလိုဖြစ်နေသောကြောင့်ပင်။
ဒီတစ်သက်ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်မှာလည်း မဟုတ်တော့ပါဘူးဆိုတာကြီးက နည်းနည်းလွန်တာပေါ့။ဒီကောင့်ပါးစပ်ကလည်း ကျိယွမ်နဲ့မတိမ်းမယိမ်းပါပဲ။
သို့သော် သူကထိုရတနာမျိုးကို အဆုံးရှုံးခံလိုက်လျှင်လည်း ခရမ်းရောင်နန်းတော်ဆင့်သို့ ရောက်ရှိရန် သူ၏အခွင့်အလမ်းသည် သုညရာခိုင်နှုန်းအောက်ကိုပင် ကျဆင်းသွားမည်မှာသေချာ၏။
မည်သူမဆိုမျှော်လင့်ချက်နှင့်အသက်ရှင်နေကြသူများသာ မဟုတ်ပါလား။
ကုမူကျန့်ကျွမ်းအနေနှင့် ကျိယွမ်အတွက်သူ၏မျှော်လင့်ချက်များကို အဆုံးရှုံးခံရတော့မည်လား။
သူငြိမ်သက်စွာ စဥ်းစားနေတော့သည်။
----------------
"ရှင်က ကျွန်မကိုကြောက်နေတာလား၊ကိုယ့်ရဲ့ မိန်းမလေးနဲ့တွေ့ရမှာကိုတောင် သတ္တိမရှိဘူးပေါ့"
.
အကြီးအကဲဆွေချုန်းပေးခဲ့သော ဝိညာဉ်ခွဲဆေးလုံးများကို သောက်ပြီးနောက် မကြာမီမှာပင် ကျိယွမ်သည် ဂိမ်းထဲမှ အသံကိုကြားရပြန်သည်။
ယခုတစ်ကြိမ်တွင် အသံသည်ပိုမို ကြည်လင်နေပြီး တစ်စုံတစ်ယောက်က သူ့ဘေးတွင် လာထိုင်ပြီး စကားပြောနေသကဲ့သို့ပင် ခံစားရ၏။
သို့သော် နင်းထောင်၏စကားများကြောင့် ကျိယွမ်ဒေါသထွက်သွားရသည်။
"စောင့်နေစမ်းပါ၊နင့်ကိုတွေ့လို့ကတော့ သေချာပေါက်ကြိုးနဲ့တုပ်ပြီး တဖြန်းဖြန်းရိုက်ပစ်မယ်"
နင်းထောင်သည် ပထမပိုင်းတွင် အတော်လေး ချစ်စရာကောင်း၏။သူ့ကို 'ဦးလေး' ဟု အမြဲခေါ်ကာစကားပြောဟန်ကလည်း အပြစ်ကင်းစင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင်သူမ၏လေသံက ပြောင်းလာ၏။မာနကြီးနေသော အသံမျိုးဖြင့် ကျိယွမ်ကိုအမြဲတမ်းလှုံ့ဆော်သည်။
အသက်များကြီးလာရင်ဘယ်လိုလုပ်မလဲ၊ငယ်ငယ်လေးနဲ့ဒီလောက်မောက်မာနေတာ။
ကျိယွမ်ကသူမကို လျစ်လျူရှုလိုက်တော့သည်။
လျူဖုန်းနယ်မြေတွင်ဖြစ်သည်။
နင်းထောင်၏ကျောက်စိမ်းကဲ့သို့လှပသောကိုယ်ခန္ဓာသည် အလျားလိုက်လဲလျောင်းနေပြီး နှင်းပွင်းလေးများကဲ့သို့ ဖြူဖွေးသော မျက်နှာကို အနက်ရောင်မျက်နှာဖုံးပဝါဖြင့် ဖုံးအုပ်ထား၏။
ကျိယွမ်၏ ကြိမ်းဝါးသောစကားများကို ကြားရသောအခါ သူမကသွေးဆောင်မှုအပြည့်ပါသော လေသံဖြင့်တုန့်ပြန်လိုက်သည်။
"ယောက်ျား၊ ကျွန်မ ရှင်ရောက်လာမယ့်အချိန်ကို စောင့်နေပါ့မယ်"
သို့သော် ခဏအကြာအထိ မည်သည့် အကြောင်းပြန်ကြားချက်မှ မရရှိသောအခါ သူမသည် အပြင်ဝတ်ရုံကို ဝတ်ဆင်ပြီး နန်းတော်ထဲမှမှ ထွက်လာခဲ့သည်။
တူညီစွာဝတ်ဆင်ထားသော အမျိုးသမီးများက သူမကိုမြင်သည်နှင့် လေးစားစွာအရိုအသေပေးလိုက်ကြ၏။
ထိုအမျိုးသမီးများထဲမှ အပြင်းထန်ဆုံး အရှိန်အဝါကိုထုတ်လွှတ်နေသော အမျိုးသမီးနှစ်ဦးက ရှေ့သို့တက်လာပြီး တင်ပြလေ၏။
"နန်းတော်သခင်မရှင့် ၊ကျွန်မတို့အချိန်နှစ်တစ်ရာကြာအောင်ရှာဖွေအပြီးမှာတော့ ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းကိုရရှိလာခဲ့ပါပြီ"
သူတို့က နင်းထောင်ကို ကျောက်စိမ်းတစ်ချပ်အား ရိုသေစွာဆက်သလိုက်သည်။
ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းကို မြင်သောအခါ နင်းထောင်၏လှပသော မျက်နှာလေးက ကျေနပ်စွာပြုံးသွားသည်။
ယောက်ျား..ဒီတစ်ခါ ရှင်ဘယ်ကို ထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။
ဝိညာဥ်ချုပ်နှောင်ကျောက်စိမ်းသည် လျူဖုန်းနယ်မြေ၏ ရှားပါရတနာတစ်ပါးဖြစ်သည်။
၎င်း၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ အစွမ်းထက်သောပုဂ္ဂိုလ်တစ်ဦး၏ အကြွင်းအကျန်များမှတဆင့် ထိုပုဂ္ဂိုလ်တို့၏ဝိညာဉ်ကို အတင်းအကျပ်အကျဥ်းချ နိုင်ခြင်းဖြစ်သည်။
နင်းထောင်သည် ထိုအသံ၏ ပိုင်ရှင်ကို အမြဲတမ်း တွေ့ချင်ခဲ့သည်။.
ကုန်လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် ကာလအတွင်း သူမ၏ခံစားချက်များသည် ကြောက်ရွံ့မှုနှင့်ကျေးဇူးတင်မှုမှ ရှုပ်ထွေးသော ခံစားချက်များဆီသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။
သူမသည် ထိုအသံ၏ပိုင်ရှင်သည် အဓိပတိပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်ဟု ယုံကြည်သည်။
သို့သော်ယခုအချိန်တွင် သူမသည်လည်း အဓိပတိပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်နေခဲ့လေပြီ။
တစိချိန်က အသံပိုင်ရှင်ကို ကြောက်ခဲ့သော်လည်း ယခုကြောက်စရာမလိုတော့ပါ။
"ယောက်ျား ၊ဒီတစ်ခါရှင့်ကို နတ်ဆိုးဥထဲမှာ ဝိညာဥ်အကျဥ်းချထားမယ်၊ရှင့်မှတ်ဉာဏ်တွေကို တဖြည်းဖြည်းဖျက်ဆီးပစ်မယ်"
"အချိန်တန်လို့ အခွံကွဲလာတဲ့နေ့ရောက်မှ ကျွန်မကရှင့်ဆီလျှောက်လာပြီး ငါကနင့်အမေပဲလို့ ပြောပြမယ်"
သူမသည် သူ့ကို သူမဘေးတွင် အကျဉ်းချ ထားပြီး နေ့တိုင်းအပြစ်တင်စကားများ ပြောချင်နေ၏။
သူမကို လျစ်လျူရှုရဲသည့်အတွက် ထိုအရာက သူနှင့်ထိုက်တန်သည်ဟု သူမကသတ်မှတ်ထားလေသည်။
ဝိညာဉ်ချုပ်နှောင်ကျောက်စိမ်းကို ရရှိပြီးနောက် နင်းထောင်သည် သူမ၏အစီအစဉ်ကို စတင်တော့သည်။
အဓိပဓိပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဉ်ကိုအကျဥ်းချရန်မလွယ်ကူသော်လည်း သူမကလက်လျှော့မည်မဟုတ်ပါ။
........................
အချိန်ပေါင်း မည်မျှအထိ ကြာပြီးနောက်။
တောင်ကုန်းတောင်တန်းများထူထပ်သော လျူဖုန်းနယ်မြေတစ်နေရာတွင်ဖြစ်သည်။
ချွန်ထက်သော တောင်ကြီးများကကောင်းကင်သို့ထိုးဖောက်မတတ်မြင့်မားနေပြီး မှောင်မည်းကာတိတ်ဆိတ်နေ၏။
တောင်ထွတ်များပေါ်တွင် နန်းတော်များရှိသလို လူရိပ်များလည်း ရွေ့လျားနေကြသည်။
ကမ္ဘာကြီးကတော့ မှောင်မိုက်မှုဖြင့် ဖုံးလွှမ်းနေ၏။
ရုတ်တရက် အလင်းတန်းနှစ်ခုသည် မှောင်မိုက်မှုကို ထိုးဖောက်ပြီး တောင်တန်းပေါ်သို့ ကျဆင်းလာခဲ့သည်။
တောင်ထွတ်များအထက်တွင် ကောင်းကင်ယံတွင် မီးအိမ်ကဲ့သို့သော မျက်လုံးကြီးနှစ်လုံးပေါ်လာခြင်းပင်တည်း။
မီးအိမ်ကဲ့သို့သော မျက်လုံးများနှင့် ကြီးမားသော သက်ရှိကြီးတစ်ကောင်၏ ကြောက်မက်ဖွယ် မျက်နှာပြင်ကြီးတစ်ခုကို လည်း ခပ်ရေးရေးမြင်တွေ့နိုင်သည်။
ထိုသက်ရှိကြီးက အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ၎င်း၏ ကိုယ်ထည်အပြည့်အစုံ မည်သူမျှ မမြင်နိုင်ကြပေ။
ကြီးမားသောမျက်လုံးရဲရဲကြီးများက မြေပြင်ပေါ်သို့ လှည့်ပတ်ကြည့်ရှုနေသည်။
ထို့နောက် ကျယ်လောင်သော အသံတစ်ခုသည် ကောင်းကင်မှ ပဲ့တင်ထပ်လာ၏။
"ထျန်းရှင်နန်းတော်သခင်မ နင်ဘယ်မှာလဲ"
ကျယ်လောင်သောအသံကြီးအဆုံးတွင် ထျန်းရှင်နန်းတော်ထဲမှ အနက်ရောက်အရိပ်တစ်ခုသည် ဟင်းလင်ပြင်ထဲ၌ ပေါ်ထွက်လာသည်။
"နတ်ဆိုးမိကျောင်းကို ဂါရဝပြုပါတယ်"
နင်းထောင်၏ အနက်ရောင်ဝတ်စုံမှာလေထဲတွင်တဖျပ်ဖျပ် လွှင့်နေပြီး သူမ၏ခန္ဓာကိုယ်မှာ ပို၍ပင်သွယ်လျနေဟန်ရှိသည်။
"မြောက်ပိုင်းနဲ့တောင်ပိုင်း သဘောတူညီချက်တရားဝင်သတ်မှတ်လိုက်ပြီ၊လက်မှတ်
ထိုးပါ"
ထိုစကားကိုကြားသောအခါ နင်းထောင်၏ မျက်လုံးများက လင်းလက်သွားလေ၏။
မြောက်ပိုင်းနှင့်တောင်ပိုင်း သဘောတူညီချက်ကို နောက်ဆုံးတွင်လက်မှတ်ရေးထိုးနိုင်လိမိ့မည်ဟု သူမ မမျှော်လင့်ခဲ့ပါ။
သူမကလေးဘဝကတည်းက မြောက်ပိုင်းနှင့် တောင်ပိုင်းသဘောတူညီချက်အကြောင်းကို ကြားခဲ့ရသည်။သို့သော် နှစ်ပေါင်းများစွာကြာသည်အထိ အကောင်အထည်မပေါ်လာခဲ့ပေ။
နောက်ဆုံးမှာတော့ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့လေပြီ။
ဤကမ္ဘာကြီးသည် အရှုံးအနိုင်ပြတ်သားသော အောင်ပွဲတစ်ခုကို မြင်တွေ့ရတော့မည်။
အနိုင်ရသူသည် ကမ္ဘာကို အုပ်စိုးသူ ဖြစ်လာ
လိမ့်မည်။
ရှုံးနိမ့်သူများကတော့ မျိုးသုဉ်းသွားလိမ့်မည်။
နင်းထောင်သည် သူမ၏ဖြူဖွေးနူးညံ့သော လက်ကို ဆန့်ထုတ်ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်း သဘောတူညီချက်ပေါ်တွင် သူမ၏နာမည်ကို ရေးထိုးလိုက်သည်။
ကိစ္စပြီးသည်နှင့် ကြီးမားသောနတ်ဆိုးမိကျောင်း၏ မျက်လုံးများက ပြန်မှိတ်သွား
သွားကာ အလင်းတန်းနှစ်ခုလည်း ပျောက်ကွယ်သွားလေ၏။
နင်းထောင်သည် ဟင်းလင်းပြင်၌ ဆက်လက်ရပ်နေပြီး လေးနက်စွာစဥ်းစားနေသည်။
ခဏကြာသောအခါ သူမက သက်ပြင်းချလိုက်၏။
"ယောက်ျား ၊ ရှင်ကရော ဘယ်အဖွဲ့ကလဲ "
လျူဖုန်းနယ်မြေရှိအင်အားစုများကို အကြမ်းအားဖြင့် နှစ်မျိုးသာပိုင်းခြားထားသည်။
ပထမအဖွဲ့အစည်းကို နတ်ဆိုးထိန်းချုပ်သူများဟုသတ်မှတ်ထားပြီး နတ်ဆိုးများ ဟုခေါ်သည်။
ဒုတိယအဖွဲ့အစည်းကို နတ်ဆိုးဖျက်ဆီးသူများဟုသတ်မှတ်ထားပြီး နတ်ဆိုးသတ်သမားများဟု ခေါ်သည်။
.
အဖွဲ့အစည်းနှစ်ခုသည် ရေနှင့်မီးကဲ့သို့ ဆန့်ကျင့်ဘက်ဖြစ်ပြီး မည်သည့်အခါမှ သင့်မြတ်ခြင်းမရှိခဲ့ပါ။အနာဂတ်တွင်လည်း သင့်မြတ်လာရန်မရှိပေ။
အဖွဲ့ဝင်အချင်းချင်းတွေ့တိုင်း ရလဒ်ကအသက်လုတိုက်ပွဲများသာဖြစ်သည်။
"မြောက်ပိုင်းနဲ့တောင်ပိုင်း သဘောတူညီချက်နဲ့ မြို့ပေါင်း ၁၀၈,၀၀၀ (တစ်သိန်းရှစ်ထောင်)၊ နင်တို့ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
အနက်ရောင်ဝတ်စုံကိုအမြဲဝတ်ဆင်လေ့ရှိသောနင်းထောင်သည် မြောက်ပိုင်းကို ကိုယ်စားပြုသော နတ်ဆိုးအဖွဲ့အစည်းမှ ဆင်းသက်လာသူဖြစ်သည်။
"ယောက်ျား ရှင်ကနတ်ဆိုးသတ်သမားတစ်ယောက်ဆိုရင်တော့ ကျွန်မကရှင့်ကို သေသေချာချာချုပ်နှောင်ထားရမယ်၊မဟုတ်လို့ ရှင်ကနတ်ဆိုးနှင်ခြင်းနှငိ့တရားမျှတမှုအတွက်ဆိုပြီး တိုက်ခိုက်လာရင် ကျွန်မဘယ်လိုခံစားနိုင်မှာလဲ"
လက်ရှိမှာတော့ နတ်ဆိုးများကအင်အားကြီးမားနေပြီး နတ်ဆိုးသတ်သမားများမှာ မကြာမီအချိန်အတွင်း လုံးဝပျောက်ကွယ်သွားနိုင်ချေရှိသည်။
ထို့သို့ဖြစ်ခဲ့လျှင် ကမ္ဘာကြီး၌ နတ်ဆိုးများနှင့်နတ်ဆိုးလောင်းများယှဥ်တွဲနေထိုင်ရာ ကမ္ဘာကြီးတစ်ခုဖြစ်လာမည်မှာ သေချာလှသည်။
...............
ခုနစ်ရက်ကြာပြီးနောက်....
ကျိယွမ်သည်သူ၏ ခြံဝင်းထဲတွင် သတို့သမီးလေးနှင့်အတူ နေပူစာလှုံရင်း အပန်းဖြေနေသည်။
သတို့သမီးလေးသည် လဲလျောင်းနေရခြင်းကိုနှစ်သက်သောကြောင့် ကျိယွမ်သည် ကုလားထိုင်တစ်လုံးကို ကွပ်ပျစ်တစ်ခုအဖြစ် ပြုပြင်ပေးခဲ့သည်။
လက်ရှိမှာတော့ သူတို့နှစ်ယောက်သည် နေရောင်အောက်တွင် လဲလျောင်းကာ သက်သောင့်သက်သာရှိမှုကို ခံစားနေကြသည်။
သတို့သမီးလေးသည် ကျိယွမ်သူမကို စတွေ့ခဲ့စဥ်ကလိုပင် သွားလေရာ ခလုတ်တိုက်ကာချော်လဲနေသည့် ဘာလုပ်လုပ်အဆင်မပြေသော အပြစ်ကင်းစင်သည့်မိန်းမပျိုလေးတစ်ဦးဖြစ်နေဆဲပင်။
ထိုအချိန်တွင် အိမ်အပြင်ဘက်သိူ့ ထွက်လာသောကျန်းလင်းစုမှာ ထိုမြင်ကွင်းကိုကြည့်ကာ တွေဝေနေလေသည်။
သူမ၏အစ်ကိုကြီးသည် အမှန်တကယ်ပင် သာမန်မဟုတ်ချေ။
ယခင်ကဆိုလျှင် မီးဖိုချောင်သုံးဓားကို ကြိုးနှင့်ဆွဲကာ ခွေးလုပ်ပြီး ထိန်းကျောင်းတတ်၏။
ယခုလည်း ထူးဆန်းသော သတို့သမီးအဝတ်တစ်ထည်အား သူ့မိန်းမဆိုပြီး အိမ်ခေါ်လာပြန်သည်။
ရှန်ကွမ်းဂိုဏ်းတွင် လက်တွဲစရာမိန်းမပျိုများတစ်ယောက်မှမရှိလျှင်လည်း ထားတော့။ယခုတော့ လှပသောမိန်းမပျိုများကို လျစ်လျူရှုကာ သတို့သမီးအဝတ်တထည်ကို မိန်းမလုပ်ကာပေါင်းသင်းနေပြန်သည်။
ကိုယ်တွေ့ကြုံလို့သာယုံရတယ်၊ငါ့အစ်ကိုကြီးက ရှာမှရှားတဲ့ ဥပါဒါန်သွေးမျိုးဆက်တစ်ယောက်ပါပဲ။
သို့သော် သူမ မနေ့ကတွေ့ခဲ့ရသည် ဝတ်စုံသည်သာမန်အဝတိအထည်တစ်ခုမဟုတ်မှန်းတော့သိလေသည်။၄င်းမှာ ကိုယ်ပိုင်ဝိညာဥ်ရှိသော ထူးခြားမျိုးနွယ်တစ်ခုမှဆင်းသက်လာသော သတ္တဝါတစ်မျိုးဖြစ်နေနိုင်၏ ။
ကန်းလန်ကုန်းမြေတိုက်ကြီးတွင် ထူးခြားသောသက်ရှိမျိုးနွယ်များ ပေါများသောကြောင့် အထူးအဆန်းတော့မဟုတ်ပါ။
သို့သော် အံ့သြစရာကောင်းသည်မှာ ထူးခြားမျိုးနွယ်များသည် အများအားဖြင့် မာနကြီးပြီး လူသားများနှင့်ဆက်ဆံလေ့မရှိကြပေ။
၄င်းတို့၏ လျှို့ဝှက်သောနေရာများ၌သာ သီးသန့်နေလေ့ရှိကြ၏။
သို့သော် အစ်ကိုကြီးကျိယွမ်ခေါ်လာသော ရှောင်ကျား(သတို့သမီးလေး၏ တရုတ်အသံထွက်)ဆိုသော သတ္တဝါသည် အလှည့်စားခံရပြီး ယောက်ျားနောက်သို့ ခိုးရာလိုက်လာသော ဇနီးငယ်လေးကဲ့သို့ ဖြစ်နေ၏။
အစ်ကိုကြီးကျိယွမ် ဘယ်ကိုသွားသွား ရှောင်းကျားဟုအမည်ရသော ထိုသတ္တဝါလေးသည် သူ့နောက်သို့ ကပ်ပါးကောင်လေးကဲ့သို့ လိုက်နေသည်မဟုတ်ပါလား။
ကျန်းလင်းစု မနေနိင်တော့ပါ။ယနေ့တော့ ထိုကိစ္စကို မေးမည်ဟု ဆုံးဖြတ်လိုက်၏။
"ဆရာတူအစ်ကိုကြီး၊ ကျွန်မကို ပြောပြပါဦး၊ ရှောင်ကျားလေးကို အစ်ကိုကြီးနဲ့အတူ ပါလာအောင် ဘယ်လိုများလှည့်စား နိုင်ခဲ့တာလဲ"
"ဒါလား.."
ကျိယွမ်က ကျန်းလင်းစုအားကြည့်လိုက်သည်။
"ငါက အရမ်း ချောမောခန့်ညားနေလို့ပေါ့"
သူသည် သတို့သမီးလေးကို သူ၏ ရုပ်ရည် ဖြင့်အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် သူ့ကိုမြင်မြင်ချင်း သူမကလက်ထပ်ရန် စီစဥ်ခဲ့ခြင်းမဟုတ်ပါလား။
ကျန်းလင်းစုမှာ မေးမိတာမှားလေပြီဟု နောင်တရသွား၏။
အစ်ကိုကြီးက ချောမောသည်မှာ မှန်သော်လည်း သူ စကားပြောလိုက်သောအခါမှာတော့ ဆွဲဆောင်မှုက သုညအောက်အထိပြုတ်ကျသွားတတ်သည်မဟုတ်ပါလား။
"အစ်ကိုကြီး၊ သူ့ရဲ့နောက်ခံကရော ဘာလဲဟင်၊ ထူးခြားမျိုးနွယ်မှန်းတော့သိတယ် "
ကျန်းလင်းစုသည် အမှန်တကယ် သိချင်သိချငိနေခြင်းဖြစ်သည်။
သူမ၏ ကွန်းချန်ကြေးမုံ(ကောင်းကင်နှင့်မြေကြီးကြေးမုံ) သည် သတို့သမီးလေး၏ ခွန်အားကို မဖော်ပြနိုင်ခဲ့ပေ။ထိုကိစ္စက အလွန်ထူးဆန်းနေသည်မဟုတ်ပါလား။
"သူ့နောက်ခံလား၊ သူနောက်ခံက ငါပဲလေ၊ သူက ငါအခမ်းအနားနဲ့ လက်ထပ်ထားတဲ့ ဇနီးပဲ"
ကျိယွမ်၏အဖြေကြောင့် ကျန်းလင်းစု စိတ်ပေါက်သွားတော့သည်။
"မပြောချင်ရင်လည်း မပြောပါနဲ့"
သူမက စူပုပ်သောလေသံဖြင့်ပြောပြီး ကျိယွမ်ကို မျက်စောင်းထိုးကာ သူမ၏
ကောက်ရိုးအိမ်လေးထဲသို့ ပြန်ဝင်သွားတော့သည်။
ထိုအချိန်တွင် ကြိုးကြာဖြူတစ်ကောင်သည် ကျိစယ်တောင်ထွတ်ဆီသို့ပျံသန်းလာကာ ကျိယွမ်၏သစ်သားအိမ်လေးရှေ့၌ ဆင်းသက်လေသည်။
ကြိုးကြာဖြူကိုမြင်လိုက်သောအခါ သတို့သမီးလေးက အလွန်ပျော်ရွှင်သွားပြီး အိပ်နေရာမှ ထကြည့်လေသည်။ရိကွမ်းတားမြစ်နယ်မြေထဲတွင် ကြိုးကြာဖြူများ မရှိသောကြောင့် ထူးဆန်းနေပုံရသည်။
"အကြီးအကဲဆွေချုန်းရဲ့ ကျွမ်းကျင်မှုက အထင်ကြီးစရာပဲ၊ဒီလောက်မြန်မြန်နဲ့ ဝိညာဥ်ခွဲဆေးပြားတွေကို သနိ့စင်နိုင်တယ်"
သူသည် ကြိုးကြာဖြူသယ်လာပေးသော ဆေးပုလင်းကို ယူကာစစ်ဆေးလိုက်သည်။
ပူလင်းထဲ၌ ဝိညာဥ်ခွဲဆေးလုံးအပြည့်ရှိနေပြီး အနည်းဆုံး ၁၀၀ ခန့်ဟုထင်ရ၏။အရည်အသွေးကလည်း သူသောက်ခဲ့သောဆေးလုံးများထက်ပိုကောင်းလေသည်။
"ဒီလောက်များတဲ့ ဝိညာဉ်ခွဲဆေးလုံးတွေနဲ့ဆိုရင် ငါ့ရဲ့ ဝိညာဉ်ဟာ အခြေအလယ်အဆင့် ကို ရောက်သင့်ပြီ မဟုတ်လား"
သူဆိုလိုသော အလယ်အလတ်အဆင့်ဆိုသည်မှာ သူ၏စံသတ်မှတ်ချက်အရဖြစ်သည်။သာမန်ကျင့်ကြံသူများနှင့် မတူပါ။
သူက ဝိညာဉ်ခွဲဆေးလုံးတစ်လုံးကိုထုတ်ယူစစ်ဆေးလိုက်ရာ မွှေးရနံ့ကလေထဲသို့ သင်းပျံ့သွား၏။
သတို့သမီးလေးက အမွှေးနံ့ကိုနှစ်သက်သွားဟန်ဖြင့် အသက်ရှုသလိုပြုမူလေသည်။
"သကြားလုံး လိုချင်လား"
ကျိယွမ်က ဝိညာဉ်ခွဲဆေးလုံးများကို လက်ထဲသို့သွန်ချကာ ရက်ရက်ရောရောကမ်းလှမ်းလိုက်သည်။
သတို့သမီးလေးက သူမ၏ခေါင်းကိုတစ်ဖက်သို့လှည့်သွားပြီး ကျိယွမ်ကိုမကြည့်တော့ပါ။
သူမက စိတ်ကောက်သွားပုံပင်။
"ဟုတ်သား၊နင့်မှာ ပါးစပ်မရှိတော့ စားလို့မရဘူးဆိုတာ ငါ မေ့သွားတယ်"
ကျိယွမ် ချော့မော့သလို သူမအားပွတ်သပ်ပေးလိုက်၏။
ထို့နောက် ဝိညာဥ်ခွဲဆေးလုံးများကို သူ၏ပါးစပ်ထဲသို့ ပုလင်းလိုက် လောင်းထည့်ပစ်လိုက်တော့သည်။
...............
ရှန်ကွမ်းဂိုဏ်း၏ခြေရင်းတွင်ရှိသော စျေးလေးထဲတွင်ဖြစ်သည်။
ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် သက်လတ်ပိုင်းတစ်ဦးသည် တိတ်ဆိတ်စွာလက်ဘက်ရည်သောက်နေ၏။
သူ၏အမည်မှာလော့ကျင်းဖြစ်ပြီး အလင်းနန်းတော်မှ အမြုတေအဆင့်ကျင့်ကြံသူဖြစ်သည်။
သူသည်ဖျက်ဆီးဝံပုလွေနှင့်အတူ လျို့ဝှက်စွာရောက်လာခဲ့ပြီး ကိစ္စတော်တော်များများကို အောင်မြင်ခဲ့သည်။ဆယ့်ရှစ်မင်းသားကိုထိန်းချုပ်ပြီး သူ၏ကြင်ယာတော်မိဖုရားကလည်း သူ၏ကစားစရာဖြစ်လာခဲ့သည်။
သို့သော်ဖျက်ဆီးဝံပုလွေသည် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်ပြီးနောက် ပြန်ထွက်မလာနိုင်တော့ပေ။သေချာပေါက်သေဆုံးသွားပြီဟုသာ တွတ်ဆရသည်။
သို့သော် လာရင်းကိစ္စလည်းမအောင်မြင်၊ ဖျက်ဆီးဝံပုလွေကလည်း အသက်ခံရသောအခြေအနေဖြင့် အလင်းနန်းတော်သို့ ပြန်ရန် လည်းမဝံ့ရဲသလို ထွက်ပြေးရန်လည်း မကြံစည်ရဲပါ။
မဟုတ်ပါက ဖျက်ဆီးဝံပုလွေ၏ဆရာ သူ့အပေါ် ထားခဲ့သောအမှတ်အသားသည် သူ့ကို သတ်ပစ်မည်ဖြစ်၏။
"ဒီတစ်ခါ ကောင်းကင်နဂါး လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခဲ့သူတွေထဲမှာ ကျိယွမ်ဆိုတဲ့ကောင်က အားအနည်းဆုံးတဲ့၊
ငါ သူ့ကိုဖမ်းဆီးပြီး အတွင်းထဲမှာ ဘာဖြစ်ခဲ့လဲ ဆိုတာကို ရှာဖွေရမယ်၊ မဟုတ်ရင် ငါ ဒီကိစ္စရှင်းပြနိုင်မှာ မဟုတ်ဘူး"
ယခုရက်ပိုင်းအတွင်း လော့ကျင်းသည် ရှန်ကွမ်းဂိုဏ်း၏ဈေးထဲတွင် ပုန်းအောင်းနေပြီး မှန်ကန်သောအချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ရက်များစွာစောင့်ခဲ့ပြီးနောက် ယနေ့မှာတော့ သူစောင့်နေသောလူကား ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါ်လာခဲ့လေပြီ။
လော့ကျင်း၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်လာတော့သည်။
"အညံ့ဆုံးဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်တော့ "
ကန်းဖူလူဆိုလျှင် သူအားထုတ်နေရဦးမည်ဖြစ်သော်လည်း ကျိယွမ်ကတော့ သာသာယာယာဖမ်းလိုက်ရုံပင်မဟုတ်ပါလား။
----------------