တိုင်းပြည်တစ်ရာ သွေးစစ်ပွဲနှင့် ကျိယွမ်၏ စိတ်မချမ်းမြေ့မှု
Vol. 7 Ch. 93
ရှန်ကွမ်းဂိုဏ်းဈေးထဲတွင် ဖြစ်သည်။
ကျိယွမ်သည်စျေးထဲတွင် လှည့်ပတ်ကြည့်နေခဲ့သည်။
အိမ်၌အိမ်ထောင်ရှင်မအသစ် ရှိနေပြီဖြစ်သောကြောင့် အဝတ်အထည်၊အသုံးအဆောင်နှင့် ပရိဘောဂများ မရှိ၍မဖြစ်တော့ချေ။
ထို့ကြောင့် လိုအပ်သည်များဝယ်ရန် စျေးသို့ ဆင်းလာခဲ့ခြင်းပင်။
သူသည်စျေးထဲ၌လှည့်ပတ်ကြည့်ရှုနေရင်း တစ်နေရာအရောက်တွင် ရပ်လိုက်၏။
“ညီမလေးအတွက် ဘရာစီယာတစ်ထည် ဝယ်ပေးသင့်သလား”
ပြီးခဲ့သည့်တစ်ကြိမ်က သူကကျေးဇူးဆပ်ချင်စိတ်ဖြင့် အလောတကြီးပြောမိသောကြောင့် ညီမလေးစိတ်ထိခိုက်ကာ ရက်အတော်ကြာ အိမ်တွင်းအောင်းသွားခဲ့သည်။
သို့သော်သူက ယနေ့အထိ လက်တွေ့မဝယ်ပေးဖြစ်ခဲ့ချေ။ထို့ကြောင့် သူ့ကို အပြောသာရှိပြီး လက်တွေ့မပါသူဟု ထင်သွားနိုင်၏။
သူ၏လုပ်ရပ်သည် ညီမလေး၏နှလုံးသားကို တစ်နေကုန်နွေးထွေးစေမည့် လက်ဆောင်မျိုးဖြစ်လိမ့်မည်ဟု သူယုံကြည်နေမိသည်။
ကျိယွမ်သည် အထည်ဆိုင်အတွင်းမှ လှပသောအတွင်းခံများကို ကြည့်ကာစဥ်းစားနေ၏။
အနည်းငယ်အကြာတွင် သူကစိတ်ပျက်သလို ခေါင်းခါလိုက်သည်။
“ငါက ညီမလေးနဲ့ အဲဒီလောက် ရင်းနှီးတာ မဟုတ်သေးဘူးလေ"
သူသည် ထိုအကြံကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်၊။
ထိုအခိုက် သူကတစ်ခုခုကို သတိရသွားသလို မျက်မှောင်ကျုံ့ကာ ဈေးမှမြန်ဆန်စွာထွက်သွားသည်၊။
ကျိယွမ်အား အစအဆုံးအကဲခတ်နေသောလော်ကျင်း၏မျက်လုံးများက ပြင်းထန်သော မျှော်လင့်ချက်များဖြင့်လင်းလက်လာ၏။
အချိန်ကြပြီ။
သူသည် ကျိယွမ်၏နောက်သို့ချက်ချင်း လိုက်သည်၊။
သူကနောက်မှတိတ်တဆိတ်လိုက်လာရင်းမှ သင့်လျော်သောနေရာကို ရှာနေ၏။ထိုနေရာမျိုးကိုရောက်သည်နှင့် လှုပ်ရှားမည်ဖြစ်သည်။
ကျိယွမ်သည် လူသူကင်းမဲ့သော သစ်တောတစ်ခုထဲသို့ ဆင်းသက်သွားသည်ကို မြင်သောအခါ လော့ကျင်းသဘောကျစွာ ပြုံးမိ၏။
သူ့ဘာသာရွေးလျှင်တောင် ထိုမျှကောင်းသောနေရာကို ရွေးမိမည်မဟုတ်ပေ။
ကျိယွမ်ကိုဖမ်းဆီးပြီး ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေမှ အဖြစ်အပျက်များကို စစ်ဆေးမေးမြန်းနိုင်ခဲ့လျှင် ဖျက်ဆီးဝံပုလွေ၏ဆရာဖြစ်သူထံ ပြန်လည်အစီရင်ခံနိုင်မည်ဖြစ်ပြီး သူ့အသက်ရှင်သန်ခွင့်ရလိမ့်မည်။
သူသည် ကျိယွမ်၏ နောက်မှလျှင်မြန်စွာဆင်းသက်လိုက်သည်။
သို့သော် မြေပြင်နှင့်ခြေထောက်ထိမိသည်နှင့် လော့ကျင်းဆွံ့အသွားသည်။
“ဘယ်ရောက်သွားလဲ”
ယခုလေးတင် ဆင်းသွားသော ကျိယွမ်သည် လူသူကင်းမဲ့သောသစ်တောထဲတွင် ပျောက်ချင်းမလှပျောက်သွားလေ၏။
လော့ကျင်း၏ မသိစိတ်တွင် ထိတ်လန့်သွားပြီး ချုံခိုတိုက်ခိုက်မှုတစ်ခုကို ချက်ချင်းခံစားမိသည်၊။
ချက်ချင်းပင် ပတ်ဝန်းကျင်အား သတိအပြည့်ဖြင့် အာရုံခံလိုက်သည်၊။
ထိုအခိုက်မှာပင် ဓားသွားတစ်ခုက သူ့လည်ပင်းကိုထိလိုက်သကဲ့သို့ အေးစက်မှုကို ခံစားလိုက်ရသည်။
သူတုံ့ပြန်ရန်ပြင်လိုက်စဥ်မှာပင် လက်တစ်ဖက်က သူ၏မူလဒျန်တန်ထဲသို့ရောက်လာပြီး အမြုတေကို ကြမ်းတမ်းစွာဆုပ်ကိုင်ခြင်းခံလိုက်ရသည်။
နောက်လက်တစ်ဖက်က သူ့ကိုလည်ပင်းမှဖမ်းကိုင်ကာ မြှောက်ထား၏။
လော်ကျင်းမှာ မြေပြင်ပေါ်ရောက်သည်နှင့် ကြက်ကလေးငှက်ကလေးတစ်ကောင်လို အဖမ်းခံလိုက်ရသည်။
ကျိယွမ်က လော်ကျင်းအား ချက်ကောင်းသ်ု့ဖမ်းကိုင်ထားရင်းမှ မေးသည်။
“မင်းက အလင်းနန်းတော်ကလား”
ကျိယွမ်က လက်ထဲသ်ု့အားနည်းနည်းပိုစိုက်လိုက်သည်။
သူ၏မျက်လုံးများက ထိုသူသည်သူ့အပေါ်မကောင်းကြံရွယ်နေခဲ့သည်ကို သိရှိခဲ့သည်။
“မင်း... မင်း ဘယ်သူလဲ”
လော့ကျင်းကတော့ အလွန်ထိတ်လန့်နေလေပြီ။
အခြေတည်အဆင့်တစ်ယောက်က အမြုတေအလယ်အလတ်အဆင့်တစ်ဦးကို
အလွန်လွယ်ကူစွာ ဖမ်းချုပ်ထားသည်။
မည်မျှကြောက်မက်ဖွယ်ကောင်းလေသနည်း။
အရှေ့ပိုင်းဒေသ၏ ပါရမီရှင်စာရင်းကြီးထဲမှ ထိပ်ဆုံး ၁၀၀ များပင်ယခုလို မလုပ်နိုင်ကြပါ။လုပ်နိုင်ခဲ့သူတစ်ဦးတစ်လေရှိလျှင်ပင် သူ့ကို ယခုလောက် လွယ်ကူစွာဖမ်းချုပ်ထားရန် မရှိပါ။
ယခုခွန်အားက ထိတ်လန့်စရာဖြစ်ပြီး လက်ကဆလးတစ်ချက်လှုပ်ရုံဖြင့် သူ၏ခေါင်းက်ုသာမက အမြုတေကပါ အစိတ်အစိတ်အမွာမွှာကွဲကြေသွားလိမ့်မည်။
စိတ်ဝိညာဥ်အဆင့်က အခြေတည်အဆင့်လိုဟန်ဆောင်နေတာများလား။
“ငါက မင်းအသည်းအသန် ဖမ်းချင်နေတဲ့ ကျိယွမ်ပဲလေ”
ကျိယွမ်က လော်ကျင်းကို အေးစက်စွာကြည့်ရင်းမှ အဖြေပေးလိုက်၏။
သူသည် သူ၏ ခွန်အားကိုအလင်းနန်းတော်မှ မသိသေးသည်အား တိတ်တဆိတ်ဝမ်းသာနေမိသည်။မဟုတ်လျှင် စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ကိုသာ လွှတ်လိုက်ပါက သူရင်ဆိုင်နိုင်မည်မဟုတ်ပေ။
လျှို့ဝှက်နယ်မြေတွင် သူ၏ကောင်းကင်ဘုံအုတ်မြစ်တည်ဆောက်ခြင်းက မပြည့်စုံခဲ့ကြောင်း သူသိခဲ့ရ၏။သူသည် စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ကို လက်ရှိအခြေအနေနှင့် ရင်မဆိုင်နိုင်သေးပါ။ထိုအဆင့်ကျင့်ကြံသူများကို ရင်ဆိုင်ရန်အတွက် သူ၏ကျင့်ကြံမှုက အခြေတည်အလယ်
အလတ်အဆင့်အလယ်သို့ ရောက်ရှိရန် လိုအပ်သည်၊။
သို့သော် ကျိယွမ်ကျမ်းကို ကျင့်ကြံနေလျှင်တော့ အလယ်အလတ်အဆငိ့သို့ရောက်ရန်ကြာဦးမည်မှာသေချာ၏။ထို့ကြောင့် ကျိယွမ်သာ် သူ၏ဝိညာဥ်အားအမြန်ဆုံးမြှင့်တင်ပြီး ဂိမ်းထဲသို့ဝင်ရောက်ချင်နေခြင်းပင်။
သူ့တွင် မမြင်နိုင်သောရန်သူများက တဖြည်းဖြည်းများလာခဲ့ပြီ မဟုတ်ပါလား။
တံခါးပိတ်ကျင့်ကြံနေသော မဟူရာကြက်မိစ္ဆာကြီးသာမကတော့ပါ ။ဖျက်ဆီးဝံပုလွေ၏ဆရာမုန်တိုင်းဘယ်သူဆိုသောသူလည်းရှိသေးသည်။ထို့အပြင် ဧကရာဇ်၏နောက်ကွယ်မှ လက်မည်းကြီးကလည်း သူ့အားပစ်မှတ်ထားနေတော့မည်ဟု သူအလိုလိုသိနေ၏။
များလာလိုက်တဲ့ရန်သူတွေ ၊တွေးမိရင် ခေါင်းတောင်ကိုက်တယ်။
ထိုရန်သူများသည် ကျိယွမ်မှာ သူတို့၏ ရန်သူဖြစ်ကြောင်း မသိကြသေးသော်လည်း ကျိယွမ်ကမူ သိနေပြီးဖြစ်သောကြောင့် စိတ်မအေးနိင်ပါ။
ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတိုင်းကိုရင်ဆိုင်ရန် သူ၏ခွန်အားကို လျင်မြန်စွာတိုးမြှင့်ရန်လိုအပ်နေလေပြီ။
"မင်း ကျိယွမ် မဖြစ်နိုင်ဘူး၊အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဒီလောက် ခွန်အားမကြီးနိုင်ဘူး”
သို့သော်လည်း လက်ရှိအခြေအနေအရ ကျိယွမ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ၏အသက်က ဘေးအန္တရာယ်ကျရောက်နေပြီဖြစ်သောကြောင့် လော်ကျင်းမှာ ထိတ်လန့်စွာ တောင်းပန်တော့သည်။
“အကြီးအကဲ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော့်ဘဝတစ်လျှောက်လုံး အကြီးအကဲဆီမှာ အစေခံလုပ်ပါ့မယ်၊ကျွန်တော့်ကို မသတ်ပါနဲ့"
ကျိယွမ်က အေးစက်စွာနှာမှုတ်လိုက်၏။
“ငါ အစေခံမလိုအပ်ဘူး"
စကားဆုံးသည်နှင့် လော်ကျင်း၏အမြုတေက ချေမွပစ်ရန်ပြင်လိုက်သည်။
“အောင်မယ်လေး...အား...အကြီးအကဲ၊ ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော်က တကယ်အသုံးဝင်ပါတယ်၊ အများကြီး သိပါတယ်ဗျ၊ တစ်ရာသောတိုင်းပြည်တွေကို အလင်းနန်းတော်ကြံစည်နေတာက မရိုးသားပါဘူး၊အဲဒါက တိုင်းပြည်တစ်ရာသွေးစစ်ပွဲအတွက်ပါ။သူတို့က ရတနာတစ်ခုကို ယင်နတ်ဘုရားအဆင့်ထိ သန့်စင်ဖို့လုပ်နေကြတာပါ"
ကျိယွမ်၏မျက်လုံးများကလေးနက်သွား၏။သူက လော်ကျင်း၏အမြုတေကို အနည်းငယ်အားလျှော့ပေးလိုက်သည်။
“ကျွန်ုတော်လျှို့ဝှက်နည်းစနစ်အများကြီးကို သိပါတယ်...ပြီးတော့...မိန်းမလှလေးတွေကို.."
လော်ကျင်းက သူ၏တန်ဖိုးကို ပြသရန် အသည်းအသန် ကြိုးစားနေသည်၊။
သို့သော် ကျိယွမ်သည်အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက်နားမထောင်တော့ဘဲ လော်ကျင်း၏အမြုတေကို ချေမွပစ်တော့သည်။
လော်ကျင်း၏အော်ရာသည် လုံးဝပျောက်ကွယ်သွားျလသည်။
ကျိယွမ်က လော်ကျင်း၏သိုလှောင်အိတ်အား စစ်ဆေးလိုက်ပြီး ညည်းညူမိသည်။
“ဒီလောက်ပဲ ဆင်းရဲတာလား၊အလယ်အလတ်အဆင့်နည်းစနစ်လေးတစ်ခုနဲ့ ဘာသွားလုပ်ရမှာလဲ၊ဒီကောင်က အောက်ခြေသိမ်းအလုပ်သမားထင်တယ်"
ကျိယွမ်က လော်ကျင်း၏ခန္ဓာကိုယ်ပေါ်၌ ရှင်ဟွာအဖွဲ့၏အမှတ်အသားတင်ထားလိုက်၏။
ရှင်ဟွာအဖွဲ့နှင့်အလင်းနန်းတော်တို့သည် သေသည့်အထိ ရန်သူများဖြစ်ကြသည်၊။
ရှင်ဟွာအဖွဲ့က လော်ကျင်းကိုသတ်လိုက်သည်မှာ သာမန်သာဖြစ်သည်။ထိုကိစ္စနှင့်ပတ်သတ်၍ ကျိယွမ်လို တောရွာဇနပုဒ်မှကျင့်ကြံသူလေးကို မည်သူမှသံသယဝင်မည်မဟုတ်ပေ။
သို့သော် ကျိယွမ်သည် စိတ်မချမ်းမသာ ဖြစ်နေဆဲပင်။
သူ၏သစ်သားအိမ်လေးထဲသို့ပြန်ရောက်သည်နှင့် ရှင်ဟွာကျောက်စိမ်းမှတစ်ဆင့် အဖွဲ့သို့ထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်၊။
“တိုင်းပြည်တစ်ရာ သွေးစစ်ပွဲအတွက် အလင်းနန်းတော်ရဲ့အကြံအစည်ကို ခင်ဗျားတို့သိကြလား"
"နားမလည်ဘူး"
ထုံစံအတိုင်းအမြဲတမ်း အွန်လိုင်းဖြစ်နေသော ဆိုးသွမ်းအင်မော်တယ်က တုန့်ပြန်၏။
"အလင်းနန်းတော်က တစ်ရာသောတိုင်းပြည်အပေါ်ပစ်မှတ်ထားနေတာလောက်ပဲသိတာ"
"ဒါက ကောင်းတဲ့ကိစ္စမဟုတ်တာတော့ သေချာတယ်"
မီးလျှံဧကရာဇ်က ထပ်ပေါင်းသည်။
ရေခဲတောင်သခင်မလည်း လိုင်းပေါ်၌ရှိနေ၏။
“တစ်ရာသောတိုင်းပြည်တွေရှိတဲ့နယ်မြေဟာ ထူးခြားတယ်၊”
အရှေ့ပိုင်းဒေသကြီးရဲ့ ပြည်နယ်ဆယ့်သုံးခု ထဲမှာ ဒီလိုမျိုးကျင့်ကြံခြင်းတိုင်းပြည်အများကြီးရှိတဲ့နေရာ ဘယ်မှာမှ မရှိဘူး၊။
အလင်းနန်းတော်မှာ တော်ဝင်နဂါးသရဖူလို့ခေါ်တဲ့ ပျက်စီးနေတဲ့ ရတနာတစ်ခု ရှိတယ်။"
"အလင်းနန်းတော်ဟာ တိုင်းပြည်တစ်ရာမှာ သွေးစစ်ပွဲကို ဖန်တီးချင်နေတာက တိုင်းပြည်တွေကြားက သွေးထွက်သံယိုမှုကနေ သွေးစွမ်းအင်ကိုထုတ်ယူပြီး တော်ဝင်နဂါးသရဖူကို ယင်နတ်ဘုရားအဆင့်ထိ မြှင့်တင်နိုင်ဖို့ ကြံစည်နေတာပဲ"
ရေခဲတောင်သခင်မ၏ စကားအဆုံးတွင် ကျိယွမ်အပါအဝင် အခြားသူနှစ်ယောက်လည်း တုန်လှုပ်ကုန်ကြသည်၊။
အလင်းနန်းတော်တွင် ကြီးမားသောအကြံအစည်များ ရှိနေသည်၊။
ထို့အပြင် အကြံအစည်ကလည်း ရက်စက်ယုတ်မာလှ၏။
ယင်နတ်ဘုရားအဆင့် ရတနာတစ်ခုဖန်တီးရန်အတွက် သူ့ဘာသာအေးအေးချမ်းချမ်းရှိနေသော တိုင်းပြည်တစ်ရာကိုသွေးစစ်ပွဲဖြစ်အောင်ဖန်တီးပြီး မရေမတွက်နိုင်သောသေဆုံးမှုများကို ဖြစ်ပေါ်စေချင်နေကြသည်၊။
ပထမတွင် ကျိယွမ်သည် အလင်းနန်းတော်က သာ့ရှန်းတိုင်းပြည်တစ်ခုတည်းကိုသာ ထိန်းချုပ်ရန်ကြံစည်နေသည်ဟု ထင်ထားခဲ့၏။ယခုအခြေအနေအရဆိုလျှင် တိုင်းပြည်တစ်ရာလုံးအတွက် ဖြစ်ပုံရသည်၊။
ဤမျှကြီးမားစွာကြံစည်ထားပြီမို့ သာရှန်းတိုင်းပြည်အပေါ် ကြိုးစားမှုကကျရှုံးခဲ့သော်လည်း သူတို့ကရပ်တန့်မည့်ဟန် မရှိပေ။အကြမ်းနည်းများကိုပင် သုံးလာနိုင်၏။
“အလင်းနန်းတော်က ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ကြွေးကြော်ပြီး ဒီလိုမျိုး ယုတ်မာတဲ့ လုပ်ရပ်တွေကို လုပ်နေတယ်”
ဆိုးသွမ်းအင်မော်တယ်က ဒေါသကြီးစွာထွက်နေ၏။
“ပိုဆိုးတာက တိုင်းပြည်တစ်ရာနယ်မြေက
အရှေ့ပိုင်းဒေသကြီးရဲ့အခြားပြည်နယ်တွေနဲ့ယှဥ်ရင် တော်တော်လေးသေးငယ်ပြီး မသက်ဆိုင်တဲ့နေရာဖြစ်နေတယ်၊ဒီကိစ္စကိုသိသွားရင်လည်း အခြားအဖွဲ့အစည်းတွေက ဝေဖန်တာလောက်နဲ့ပြီးသွားမှာပဲ၊ထိထိရောက်ရောက် တားမြစ်ဖို့မရှိဘူး"
မီးလျှံဧကရာဇ် ညည်းညူလိုက်ခြင်းပင်။
“ကံမကောင်းတာက၊ မြစိမ်းတိမ်တိုက်ပြည်နယ်မှာ ရှင်ဟွာအဖွဲ့ရဲ့သြဇာအာဏာက အရမ်းနည်းတယ်၊ မဟုတ်ရင် အလင်းနန်းတော်ကို သေချာပေါက် တားဆီးမှာပါ”
ရေခဲတောင်အရှင်သခင်မက အားမလိုအားမရဖြစ်နေဟန်တူသည်။
ရှင်ဟွာအဖွဲ့သည် အလွန်အင်အားကြီးမားပြီး အလင်းနန်းတော်ထက်ပင် သာလွန်ပါသည်။
သို့သော် အဖွဲ့၏သြဇာအာဏာကပြန့်ကျဲနေပြီး အဖွဲ့ချုပ်ကလည်း အရှေ့ပိုင်းဒေသတွင်
မရှိချေ။
ထို့ကြောင့် မြစိမ်းတိမ်တိုက်ပြည်နယ်၌ ရှင်ဟွာအဖွဲ့၏အင်အားသည် အလင်းနန်းတော်ကို မယှဥ်နိုင်ဖြစ်နေခြင်းပင်။
ထို့အပြင် အလင်းနန်းတော်အဖွဲ့ဝင်အချို့သည် လျှို့ဝှက်စွာဖြင့် ရှင်ဟွာ၏ အစိတ်အပိုင်းများ ဖြစ်နေတာမျိုးကလည်းရှိသေးသည်၊။
“တိုင်းပြည်တစ်ရာနယ်မြေမှာ ခရမ်းရောင် နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးတောင် မရှိတော့ သူတို့က အလင်းနန်းတော်ကို တားဆီးနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး"
"ပြီးတော့တိုင်းပြည်တစ်ရာရဲ့အထက်ပိုင်း အဆင့်အတန်းတွေက မျက်စိမှိတ်နေနိုင်တယ်။ဘာပဲဖြစ်ဖြစ် စစ်ပွဲမှာ သေဆုံးကြတာက အောက်ပိုင်းအဆင့်ကျင့်ကြံသူတွေနဲ့ အောက်ခြေစစ်သည်တွေပဲလေ"
"သူတို့က အလင်းနန်းတော်ဆီကနေ ဆုလာဘ်တချို့တောင် ရနိုင်တယ်၊ ဒီပုံဆိုအောက်ပိုင်းအဆင့်ကျင့်ကြံသူတွေ ပိုပြီးသေဆုံးကြဖို့တောင် ရှိနေတယ်"
ရေခဲတောင်သခင်မသည် အတွေးအခေါ်အမျော်အမြင်ရှိလှသည်။သူမက ဖြစ်နိုင်ချေအားလုံးကို သုံးသပ်နိုင်၏။
တိုက်ပွဲက သူမပြောသလိုပင် အောက်ပိုင်းအဆင့်ကျင့်ကြံသူများက သေဆုံးပေးရပြီး အထက်ပိုင်းအဆင့်အတန်းများက အကျိုးအမြတ်ရကြမည်မို့ သေချာပေါက် လျစ်လျူရှုထားကြဖို့များနေသည်။
ရေခဲတောင်သခင်မက မြစိမ်းတိမ်တိုက်ပြည်နယ်၌ မဟုတ်ဘဲ အရှေ့ပိုင်းဒေသသို့ရောက်နေသဖြင့် ထိုကိစ္စကို တားဆီးရန်သူမလည်း မတတ်နိုင်ပေ။
ထိုအခိုက် မီးလျှံဧကရာဇ်က မေးလိုက်သည်။
"မူလနတ်ဘုရား မင်းကတိုင်းပြည်တစ်ရာက ကျင့်ကြံသူမဟုတ်လား၊ မြစိမ်းတိမ်တိုက်ပြည်နယ်ကို အလည်လာခဲ့ပါလား၊ ကျော်ကြားတဲ့နေရာတွေနဲ့ ရှေးဟောင်းနယ်မြေတွေကို ငါလိုက်ပြပေးနိုင်ပါတယ်"
မီးလျှံဧကရာဇ်သည် မူလနတ်ဘုရားကို တိုင်းပြည်တစ်ရာသွေးစစ်ပွဲမှ ဆွဲထုတ်ပေးချင်နေသည်။သွေးစစ်ပွဲကဲ့သို့သော အခြေအနေမျိုးသည် ပါရမီရှင်လူငယ်တစ်ဦးအနေဖြင့် ပြောင်းလဲပေးနိုင်သော ကိစ္စမဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် မီးလျှံဧကရာဇ်၊ ဒါပေမဲ့ ကျွန်တော်ဒီမှာပဲ နေပါ့မယ်”
ကျိယွမ်က ယဥ်ကျေးစွာ ငြင်းပယ်ပြီးနောက် ရေခဲတောင်သခင်မကို မေးသည်၊။
“ကျွန်တော် ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ဆိုတော့ အမြုတေဖွဲ့စည်းနိုင်ရင် အလင်းနန်းတော်ကို တားဆီးနိုင်မလား"
ကျိယွမ်သည်လက်ရှိတွင် အခြေတည်အဆင့်သာရှိသော်လည်း အမြုတေအဆင့်ကိုသတ်နိုင်၏။စိတ်ဝိညာဥ်အဆင့်ကိုရင်ဆိုင်နိုင်သည်။
အကယ်၍ အမြုတေအဆင့်ကို ရောက်သွားလျှင် စိတ်ဝိညာဥ်အဆင့်များကိုသတ်ကာ ခရမ်းရောင်နန်းတော်များကို ရင်ဆိုင်နိုင်မည်လား။
ကျိယွမ်က ထိုသို့တွေးမိနေ၏။
“မရဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး။
ခရမ်းရောင်နန်းတော် ကျင့်ကြံသူတွေဟာ ဝိညာဉ်စွမ်းအင်ရဲ့မူလစွမ်းအင်ကို အသုံးချနိုင်နေပြီ။မူလစွမ်းအင်ဆိုတာ သာမန်ချီစွမ်းအင် ၊သာမန်ဝိညာဥ်စွမ်းအင်တွေနဲ့ လုံးဝကွဲပြားတယ်၊ဒါကြောင့် သာမန်စွမ်းအင်တွေကိုပဲသုံးနိုင်တဲ့ အမြုတေအဆင့်က ဘယ်လောက်ပဲ ခွန်အားကောင်းပါစေ ခရမ်းရောင်နန်းတော်အဆင့်ကို ယှဥ်လို့မရနိုင်ဘူး"
"အလင်းနန်းတော်မှာ ခရမ်းရောင်နန်းတော်အဆင့် အနည်းဆုံးနှစ်ယောက်ရှိတယ်"
"ပိုပြီးကြောက်စရာကောင်းတာက တော်ဝင်နဂါးသရဖူပဲ၊အဲဒါက ဒီအတိုင်းပျက်စီးသွားတာမဟုတ်ဘူး ယင်နတ်ဘုရားတစ်ပါးကို သတ်လိုက်လို့ ပျက်စီးသွားတာ၊ဒါပေမဲ့ အောက်အဆင့်တွေကိုတော့ လွယ်လွယ်လေးဖျက်ဆီးနိုင်သေးတယ် ၊အလင်းနန်းတော်ကို ရင်ဆိုင်ဖို့ဆိုရင် အဲဒီလက်နက်ကိုလည်း ဖြေရှင်းရမယ်"
"ဘာပဲပြောပြော ခရမ်းရောင်နန်းတော်အဆင့်တွေဟာ လွယ်ကူတဲ့လူတွေမဟုတ်ဟူး၊ခရမ်းရောင်နန်းတော်တွေ စုပေါင်းတိုက်ရင်
ယင်နတ်ဘုရားရဲ့ ကိုယ်ပွားကိုတောင် သတ်နိုင်တယ်၊ယင်နတ်ဘုရားရဲ့ကိုယ်ပွားတစ်ခုကတင် တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်ဆိုတော့ ၊ဘယ်လိုပဲတွေးတွေး သေမျိုးတွေရင်ဆိုင်နိုင်မဲ့ အရာတွေမဟူတ်ဘူး"
"ပြီးတော့ အလင်းနန်းတော်ဟာ တိုင်းပြည်တစ်ရာကိစ္စအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ချို့ရဲ့ ခွင့်ပြုချက်ကိုလည်း ရထားတယ်၊သူတို့မှာ နောက်ခံတစ်ခုခုရှိနေနိုင်တယ်"
"ဒါကြောင့် တိုင်းပြည်တစ်ရာစစ်ပွဲက ယင်နတ်ဘုရားတစ်ပါးက တားမှပဲဖြစ်နိုင်မှာ၊ဒါတောင် ငါမသိတဲ့အခြားလျှို့ဝှက်ချက်တွေ
ရှိချင်ရှိနေဦးမှာ"
ရေခဲတောင်သခင်မ၏ စကားများက စိတ်ချမ်းသာစရာတစ်ခုမှ မပါပေ။
သို့သော် သူမပြောသည်မှာလည်း မမှားပါ။ယင်နတ်ဘုရား မဟုတ်လျှင် ခရမ်းရောင် နန်းတော်ကျင့်ကြံသူကိုပင် သေမျိုးအဖြစ် သတ်မှတ်နိုင်သည်မဟုတ်ပါလား။
အလင်းနန်းတော်၏ လုပ်ရပ်များသည် ကောင်းကင်ကို ဆန့်ကျင်နေနိုင်သော်လည်း သူတို့သည် အရေးပါသော ပုဂ္ဂိုလ်အချို့၏ အခွင့်အာဏာကို ရရှိထားသည်၊။
သူတို့အတွက် တိုင်းပြည်တစ်ရာသည် ယဇ်ကောင်များသာ ဖြစ်နေ၏။
ကျိယွမ်သည် ရင်ထဲ၌ လေးလံမှုကို ခံစားရသည်၊။သီးခြားနယ်မြေ၌ သူသည်ပြင်ပ နတ်ဆိုးသုံးထောင်ကို သတ်ခဲ့သည်၊။နေမင်းကြီး၏ စစ်မှန်သောပုံစံကိုပင် အနိုင်ယူခဲ့သည်၊။
သို့သော်ဂိမ်းထဲမှ သူသည်ပင် နိုင်ငံတစ်နိုင်ငံကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ခြင်း မရှိသေးချေ၊
ယင်နတ်ဘုရား၏စွမ်းအားသည် သူလုံးဝလက်လှမ်းမမီသော နေရာ၌ရှိနေသည်။
“တိုင်းပြည်တစ်ရာ သွေးစစ်ပွဲက ဘယ်လောက်ကြာရင် စမှာလဲ”
“နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်လောက်ပေါ့၊ အဲဒီလောက်ဆိုရင် အလင်းနန်းတော်ဟာ တိုင်းပြည်တစ်ရာကို သူတို့ထိန်းချုပ်မှုအောက်မှာ ထားနိုင်မယ်ထင်တယ်၊အဲဒီအချိန်ရောက်ရင် တိုင်းပြည်တစ်ရာကို အုပ်စုနှစ်စုခွဲပြီး တိုက်ခိုက်စေလိမ့်မယ်၊။
သွေးစစ်ပွဲကနှစ်သုံးရာလောက် ကြာပြီးတော်ဝင်နဂါးသရဖူဟာလည်း လုံလောက်တဲ့ သွေးစွမ်းအင်နဲ့ ကံကြမ္မာကို စုပ်ယူပြီး စစ်မှန်တဲ့ ယင်နတ်ဘုရားအဆင့်ရတနာအဖြစ် ပြန်လည် ကောင်းမွန်လာလိမ့်မယ်"
“နှစ်နှစ် သို့မဟုတ် သုံးနှစ်တဲ့လား”
ကျိယွမ်သည် ပို၍ကြီးမားသော ဖိအားကို ခံစားရသည်၊။တိုင်းပြည်တစ်ရာ သွေးစစ်ပွဲတွင် အလင်းနန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများစွာ လာရောက်ကြမည်မှာသေချာသည်။
သူသည် ကျူးလျန်ဟွာ ၊ဖျက်ဆီးဝံပုလွေနှင့် ယခု လော်ကျင်းတို့ကို သတ်ခဲ့သည်။မည်သို့ပင်ဆိုစေ ထိုအရာက အလင်းနန်းတော်ကိုသိသာစွာစော်ကားလိုက်ခြင်း ဖြစ်သည်၊။
ထို့ကြောင့် သူတို့သည် ယခုအချိန်၌ ရန်သူများ ဖြစ်နေလေပြီ။
ငါ့ခွန်အားကို အမြန်ဆုံးမြှင့်တင်ရမယ်။
နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ ရိုးရိုး ကျင့်ကြံမှုနဲ့ ကတော့ အမြုတေအဆင့်ကို ဘယ်လိုမှ မရောက်နိူင်ဘူး။
ဂိမ်းရဲ့ အကူအညီနဲ့ဆိုရင် အမြုတေဖွဲ့စည်းနိုင်လောက်တယ်။ဒါပေမဲ့အမြုတေအဆင့်လေးနဲ့လည်း အလင်းနန်းတော်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ဘယ်လိုများလုပ်ရပါ့။
ကျိယွမ်မှာ ငြိမ်သက်စွာစဥ်းစားနေမိသည်။
သူသည် မိမိထက်ပိုမြင့်သောအဆင့်များကို သတ်ဖြတ်နိုင်သောကြောင့် အများအမြင်တွင် ကြောက်မက်ဖွယ်ကောင်းသော်လည်း တကယ့်ရန်သူများနှင့်ရင်ဆိုင်ရသောအခါ မလုံလောက်ပါ။
ငါ့ကဂျိုမရှိတဲ့အုပ်မှာ ဂျိုကုပ်ကဗိုလ်လုပ်နေသလိုဖြစ်နေတာပဲ။
သူကအဆင့်နှစ်ခုအထိတတ်ပြီး ရင်ဆိုင်နိုင်သော်လည်း ကျေနပ်စရာမရှိတော့ပါ။လက်ရှိအနေအထားရဆိုလျှင် စိတ်ဝိညာဥ်အဆင့်ရောက်မှသာ ယင်နတ်ဘုရားကို ရင်ဆိုင်နိုင်ရုံသာရှိလိမ့်မည်။
“ယင်နတ်ဘုရားနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ငါဘယ်လိုအမြုတေမျိုးလိုအပ်လဲ"
ကျိယွမ်သည် ရှင်ဟွာကျောက်စိမ်းထဲမှထွက်လာပြီးကတည်းက တိတ်ဆိတ်စွာတွေးနေခဲ့သည်။
အတန်ကြာသောအခါ သူကသတို့သမီးလေးကို ကြည့်လိူက်၏။
“ဇနီးလေး၊ ဒီည ကြယ်တွေမကြည့်သေးဘူး၊ငါ နည်းစနစ်တွေ လေ့လာဖို့ လိုနေလို့"
ယခင်ရက်များက ကျိယွမ်သည် နေ့ဘက်တွင်ကျင့်ကြံနေပြီး ညဘက်တွင်သတို့သမီးလေးနှင့်ကြယ်များကို ကြည့်ရှုခဲ့သည်။
ယခုအချိန်မှာတော့ အလင်းနန်းတော်၏ ဖိအားကို ခံစားနေရသောကျိယွမ်သည် ပို၍ ကြိုးစားရန်လိုအပ်နေလေပြီ။
မည်မျှလိုအပ်နေသနည်းဆိုလျှင် အဆင့်နိမ့်နည်းစနစ်များကိုပင် မချွင်းမချန်လေ့လာရမည်။တစ်လုံးသိသိ နှစ်လုံးသိသိ မသိသည်နှင့်စာလျှင်တော့ တိုးတက်လာခြင်းပင်မဟုတ်ပါလား။
သတို့သမီးလေးသည် နာခံစွာဖြင့် သူ၏ဘေး၌ ငြိမ်သက်စွာ ထိုင်နေသည်၊။
ညနက်သည်အထိကျိယွမ်သည် နည်းစနစ်များကို အလေးအနက် လေ့လာသည်၊။
မီးအိမ်ထဲရှိ မီးပိုးကောင်များကြောင့် မှောင်မည်းနေသောသစ်သားအိမ်ထဲ၌ ရှင်းလင်းစွာမြင်နိုင်လေသည်။
သတို့သမီးလေးသည် ဘေး၌ထိုင်လျက်၊ သူမ၏အင်္ကျီလက်က ကော်လာကို ထောက်ကာ ချီယွမ်ကို ကြည့်နေသည်။သူမတွင် မျက်နှာရှိပါက သေချာပေါက် မေးထောက်ကာကြည့်နေခြင်းဖြစ်လိမ့်မည်။
ညလုံးပေါက်လေ့လာပြီးနောက် ကျိယွမ်သည် လော်ကျင်းထံမှရရှိသော အလယ်အလတ်အဆင့် နည်းစနစ်ကို အပြီးသတ် စုပ်ယူလိုက်သည်။
“ကျိယွမ်ကျမ်း” သည် နောက်ထပ် သေးငယ်သော ခြေလှမ်းတစ်လှမ်း တိုးတက်သွားခဲ့၏။
သတို့သမီးလေးကို သတိရပြီးကြည့်လိုက်သောအခါ အက်ျီလက်စတစ်ဖက်သည် စားပွဲပေါ်မှ တန်းလန်းကျနေသည်ကို မြင်လိုက်ရသည်။
အိပ်ပျော်နေပြီပဲ၊ဝိညာဥ်တွေက များများအိပ်ဖို့လိုတယ်ဆိုတာ အမှန်ဖြစ်လိမ့်မယ်။
ကျိယွမ်ကသူမကို ကုတင်ပေါ်သို့ပို့ဆောင်ပေးလိုက်သည်။
ထို့နောက် အိမ်ထဲ၌အသံကာကွယ်ရေးအစီအရင်ငယ်တစ်ခု ပြုလုပ်လိုက်သလို
သစ်သားကြောင်ရုပ်၏ ပါးစပ်ထဲသို့ ငါးခြောက်လေးတစ်ကောင်ကို ပစ်ထည့်ထားလိုက်သည်။မိုးလင်းတော့မည်ဖြစ်သောကြောင့် အရုပ်ကထအော်တော့မည်သူသိနေ၏။သတို့သမီးလေး နိုးသွားနိုင်သည်။
မိုးသောက်ပိုင်းဆို အေးလာတတ်တယ်။
သူက သတို့သမီးလေးကို သူ၏အင်္ကျီတစ်ထည်ဖြင့် ညင်သာစွာ ဖုံးအုပ်ပေးလိုက်သည်၊။
“ငါ့နောက် လိုက်လာရတာ... နင်လည်းဒုက္ခရောက်နေရမှာပဲ”
သတို့သမီးလေး၏အဆင့်အတန်းကို သူသာလျှင်အသိဆုံးမဟုတိပါလား။
"ထားတော့ အခုကဒါတွေတွေးနေရမဲ့အချိန်မဟုတ်ဘူး"
သူသည် စိတ်ခံစားမှုကို လျင်မြန်စွာဖယ်ရှားလိုက်သည်။
ယခုအချိန်က ခံစားနေရမည့်အချိန် မဟုတ်ချေ၊ မိမိကိုယ်ကို အားကောင်းစေရန်၊ သူ၏ ကျင့်ကြံမှုနည်းစနစ်များကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အရေးကြီးနေချိန်ဖြစ်၏။
“ငါ့ရဲ့အတန်ဖိုးအရှိဆုံးနည်းစနစ်က နေမင်းကြီးရဲ့ 'နေ့ခင်းကြောင်တောင် အိမ်မက်ပဲ၊ဒါပေမဲ့ ဒီလောကရဲ့နည်းစနစ်တွေနဲ့မကိုက်ညီဘူးဖြစ်နေတယ်၊သူ့ကို ကျိယွမ်ကျမ်းထဲပေါင်းလို့မရတာ ဆိုးတာပဲ"
ထိုနည်းစနစ်ကိုသာ ပေါင်းစပ်နိုင်ပါက သူ၏ကျင့်ကြံမှုသည် အမြုတေအဆငိ့သို့မဟုတ် ထို့ထက်ပိုသောအဆင့်ကို တကိလှမ်းနိုင်မည်ဟုပင် ခံစားရသည်။
“ငါ့ရဲ့ အသိပညာကအရမ်းအားနည်းနေတာဆိုးတာပဲ၊ ကန်းလန်တိုက်ကြီးနဲ့ ဝမ်ယုကုန်းမြေတို့ကြားက တူညီတဲ့အချက်ကို မရှာနိုင်သေးဘူး၊ဒီအသိဉာဏ်လေးနဲ့တော့ မတူညီတဲ့လောကနှစ်ခုက နည်းစနစ်တွေကို ပြောင်းလဲပြီူ ပေါင်းစပ်ဖို့ မဖြစ်နိုင်သေးဘူး”
သူသာမြင့်မားသောအဆင့်သို့ရောက်လျှင်မတူသောဘုံကမ္ဘာအသီးသီးမှ ပညာရပ်အားလုံးကို ပေါင်းစည်းသွားနိုင်မည်ဟု ကျိယွမ်ထင်မိသည်။
"နေ့ခင်းကြောင်တောင်အိမ်မက်နည်းစနစ်ကို တိုက်ရိုက်မသုံးဘဲ သဘောတရားတွေကိုပဲ ချေးယူပြီးသုံးရင်ရော"
ထို့သို့တွေးမိပြီးနောက် ကျိယွမ်က နေ့ခင်းကြောင်တောင်အိမ်မက်နည်းစနစ်ကို ပြန်လည်စဥ်းစားကာ ပုံဖော်ကြည့်နေ၏။
"နေ့ခင်းကြောင်တောင်အိမ်မက်နည်းစနစ်ရဲ့ပိုအရေးကြီးတဲ့အပိုင်းက မိမိကိုယ်ကို ကြီးထွားသန်မာလာဖို့ဆိုရင် ကြယ်တွေကိုဝါးမြိုဖို့လိုအပ်တယ်၊မဖြစ်နိုင်တဲ့အကြံပဲ"
ကြယ်များကိုဝါးမျိုပြီးသန်မာလာနိုင်သည်ဆိုဦးတော့ ယခုကမ္ဘာရှိ ကြယ်များနှင့်လများသည် ပုံရိပ်ရောင်များသာဖြစ်ကြ၏။
မည်သို့ဝါးမျိုနိုင်မည်နည်း။
“နေ့ခင်းကြောင်တောင်အိပ်မက်နည်းစနစ်က ဒီကမ္ဘာမှာအသုံးမဝင်ပေမဲ့ ငါနေခဲ့တဲ့ ၂၁ ရာစုကမ္ဘာပေါ်မှာဆိုရင်ကော”
ကျိယွမ်လေးနက်စွာတွေးမိသည်။
စကားပုံတစ်ခု ရှိလေ၏။ကမ္ဘာပေါ်တွင် အမှိုက်ဟူ၍မရှိ ၊ နေရာမှားနေသော ရတနာသာရှိသည်ဟူ၏။
ကျင့်ကြံခြင်းကမ္ဘာများမှာဆိုလျှင် နေ့ခင်းကြောင်တောင်အိပ်မက်သည် နတ်ဘုရားများပိုင်ဆိုင်သော ကြယ်တာရာများကို
ဝါးမျိုသောကြောင့် နတ်ဘုရားများ၏မုန်းတီးမှုကိုခံရနိုင်သည်။ဤလောကတွင် နတ်ဘုရားများသည် ကြယ်တာရာနယ်မြေများစွာ ပိုင်ဆိုင်ကြသည် မဟုတ်ပါလား။
သို့သော် ကမ္ဘာမြေပေါ်မှကြယ်များကဲ့သို့သော ပိုင်ရှင်မဲ့ကြယ်များကို ဝါးမျိုမည်ဆိုလျှင်တော့ နတ်ဘုရားများကမုန်းတီးမည်မဟူတ်သလို ရန်သူများလည်းရှိမလာနိုင်ပေ။
ကျိယွမ်၏စိတ်ထဲ၌ အတွေးတစ်ချက်လင်းလက်သွား၏။သူက နေမင်းကြီးသည် ဤနည်းစနစ်အားအဘယ်ကြောင့် ကျရှုံးခဲ့သည်ကို နားလည်သလိုရှိသွားလေပြီ။
“ကြယ်တွေကိုဝါးမျိုတယ်ဆိုတာ ကြယ်တာရာပိုင်ရှင်နတ်ဘုရားတွေကို စိန်ခေါ်တာပဲလေ ၊ နတ်ဘုရားတွေရဲ့ ခွန်အားကို မကျော်လွန်ဘဲ မဖြစ်နိုင်ဘူး။နေမင်းကြီးရဲ့ စွမ်းအားကကြီးပေမဲ့ နတ်ဘုရားတွေကို အနိုင်ယူဖို့တော့ မလွယ်ဘူး၊ဒါ့ကြောင့် သူမဝါးမျိုနိုင်ခဲ့တာပဲ"
"ဒါဆိုရင် ငါကရော..."
ကျိယွမ် တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်၊။
၎င်းသည် ဖြစ်နိုင်ပုံရ၏။
“ဒါပေမဲ့ ဒီကမ္ဘာကနေထွက်ပြီး ၂၁ရာစုကမ္ဘာလိုနေရာမျိုးရှိတဲဲ့စကြာဝဠာကို ဘယ်လို သွားရမလဲ”
ယခုအချိန်အထိ ဝမ်ယုတိုက်ကြီးနှင့် ကန်းလန်ဘုံတို့သည် တူညီသောကြယ်နှင့်လပုံရိပ်များကိုသာတွေ့မြင်နေရသည်ကို ကြည့်လျင် တူညီသော “စကြာဝဠာ” ထဲတွင်သာ ရှိကြောင်းသိနိင်သည်။
ကြယ်များကိုဝါးမြိုရန်အတွက် သူသည် ဒုတိယစကြာဝဠာတစ်ခုသို့ ရောက်ရှိရန် လိုအပ်သည်။
“၂၁ရာစု ကမ္ဘာကြီးရေ ၊ မင်းကို လွမ်းတယ်”
“နေမင်း၊ ပလူတို၊ဗီးနပ်၊မားစ် နဲ့ဓူဝံကြယ်တွေ ခုနှစ်စင်တွေကို သတိရတယ်"
ကျိယွမ်သည် တွေးရင်းတွေးရင်း ကြီးထွားလာသော ဆာလောင်မှုကို ခံစားရသည်၊။
သို့သော်သူက လက်ရှိအခြေအနေကို မမေ့သေးပါ။
“တွေးတာတွေ အရမ်းများနေပြီ၊ ငါ အရင်ဆုံး ခွန်အားကြီးတဲ့ အမြုတေကို ဖွဲ့စည်းနိုင်ဖို့အာရုံစိုက်သင့်တယ်"
ကျိယွမ် ဝိညာဥ်ခွဲဆေးလုံးများကို ထုတ်ယူလိုက်သည်။
"ငါ့အဆင့်ကိုမြှင့်ဖိုဆိုရင် ဂိမ်းထဲကိုဝင်ဖို့လိုတယ်၊ဂိမ်းထဲကိုဝင်ဖို့ဆို ဝိညာဥ်ကသန်မာဖို့လိုတယ်"
သူကဝိညာဥ်ခွဲဆေးလုံးများကို ဖြည်းဖြည်းချင်းစားသုံးပြီး စွမ်းအားများကို စုပ်ယူနေတော့သည်။
အချိန်မည်မျှကြာသွားသည်ကို မသိခင်မှာပင် သူ၏ဝိညာဥ်စွမ်းအားသည်လည်းဖြည်းဖြည်းချင်း တိုးတက်လာပြီးနောက် ကျိယွမ်မှာ သိမ့်မွေ့စွာအိပ်ပျော်သွားတော့သည်။
သူပြန်နိုးလာသောအခါ ညအချိန်သို့ပင် ရောက်နေခဲ့လေပြီ။
“ငါ့ရဲ့ဝိညာဉ်ခွန်အား နောက်ဆုံးတော့ အခြေတည်အလယ်အလတ်ကို ရောက်သွားပြီပဲ"
ကျိယွမ်က သူ၏ဂိမ်းကျောက်ပြားကို ထုတ်ယူလိုက်သည်။
သူသည် ဒုတိယဂိမ်းကမ္ဘာသို့ ဝင်ရောက်ရန် ကြိုးစားတော့မည်ဖြစ်သည်။
ကျိယွမ်၏ ဝိညာဉ်သည် ကျောက်ပြားပေါ်မှ ရင်းနှီးသော ဂိမ်းအိုင်ကွန်ကို မြင်သည်။
ယခင်ကလိုပင် သူသည် သူ၏ဝိညာဉ်ကို လွင့်မျောစေပြီး ဂိမ်းအိုင်ကွန်ကို ချဉ်းကပ်လိုက်၏။
အချိန်အနည်းငယ်စောင့်ကြည့်ပြီးနောက် ကျိယွမ်သည် ရုတ်တရက် သူ၏ ဝိညာဉ်ထုတ်လွှတ်မှုကို တိုးမြှင့်လိုက်သည်။
“ဒီတစ်ခါတော့ ရပြီသာမှတ်”
သူကအသံတိတ်ကြွေးကြော်လိုက်သည်။
သူ၏ဝိညာဥ်ကို ဂိမ်းအိုင်ကွန်နှင့်အလွန်နီးကပ်သည့်အထိ သိမ်မွေ့စွာချည်းကပ်စေပြီးမှ ရုတ်တရက်အားအပြည့်သုံးလိုက်ပြီး ဂိမ်းအိုင်ကွန် သတိမထားမိစဉ် ခိုးဝင်ရန် ကြိုးစားသည်။
ဤတစ်ကြိမ်၌ သူ၏ဝိညာဉ်သည် သိသိသာသာခွန်အားကောင်းလာပြီဖြစ်သလို ရုတ်တရက် တိုက်ခိုက်မှုလည်းဖြစ်သောကြောင့် ဂိမ်းအိုင်ကွန်၏ ခုခံမှုသည် ယခင်ကလောက် မခုခံသလိုဖြစ်သွားသည်။
သို့သော် ၎င်းသည် ပြင်းထန်စွာ တုံ့ပြန်နေဆဲပင်။
သူသည် ဂိမ်းအိုင်ကွန်ကို ထိလုနီးပါး ရှိစဥ်မှာပင် သူ၏ဝိညာဉ်သည် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရလေသည်၊။
"မရဘူးလား"
စိတ်ပျက်အားငယ်စွာဖြင့် ကျိယွမ် သဘောပေါက်လိုက်သည်။
သူသည် ဂိမ်းထဲသို့ ခိုးဝင်နိုင်ရန် အနည်းဆုံး
အခြေတည်အထွတ်အထိပ်အဆင့် ဝိညာဥ်စွမ်းအားကို လိုအပ်သည်မှာ အသေအချာပင်။
သူ၏ဝိညာဉ်က ဂိမ်းအိုင်ကွန်နားသို့ ကပ်နိုင်ခဲ့သော်လည်း ရှေ့ဆက်တိုးရန် အလွန်ခက်ခဲနေ၏။
“တကယ်ပဲ မအောင်မြင်ဘူးလား”
ကျိယွမ် စိတ်ဓာတ်ကျသွားသည်။သူကဝိညာဥ်ကိုပြန်ရုတ်သိမ်းရန် ပြင်လိုက်စဥ်မှာပင်
ရင်းနှီးသောအသံတစ်ခု သူ့နားထဲသို့ ရောက်လာသည်။
“ယောက်ျား၊ ယောက်ျားရဲ့ ချစ်စရာမိန်းမလေးက အဝတ်အစား လုံးဝမပါဘူးနော် ၊လာမကြည့်တော့ဘူးလား”
ကျိယွမ် ဒေါသထွက်သွားတော့သည်။
"ဒီဂိမ်းစုတ်ကွာ"
သူ့ကို ဝင်မရအောင်လုပ်ပြီးမှ NPC ရဲ့ အသံကိုသုံးပြီး သွေးဆောင်နေသည်၊။
မင်းက ငါ့ကိုအစွမ်းမရှိဘူးဆိုပြီး လှောင်နေတာလား။
“လာပြီ၊ ငါ လာပြီ”
ကျိယွမ်ကအံကြိတ်လိုက်ပြီး သူ၏ဝိညာဉ်ကို ဂိမ်း၏အတားအဆီးထဲသို့ အတင်းတွန်းပိူ့၏။
ဤအချိန်၌ နတ်ဘုရားနှလုံး နန်းတော်တွင် နင်းထောင်သည် ဖြူဝင်းချောမွေ့သောပုခုံး
တစ်ဖက်ပေါ်နေသော ဝတိစားဆင်ယင်မှုဖြင့် ကျေနပ်စွာပြုံးနေ၏။
“ယောက်ျား၊ ဒီတစ်ခါ ရှင်ဘယ်လိုပုန်းနေနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
-----------