ဟင်းလင်းပြင်မှ ဝိညာဉ်သွေး
Vol. 7 Ch. 96
တိုက်ပွဲမှထွက်ပြေးလာသော မဟူရာကြက်မိစ္ဆာကြီး၏ဝိညာဥ်သည် သူကြိုတင်ပြင်ဆင်ထားသော ကျူးရန့်ကျန့်၏ခန္ဓာကိုယ်ထဲသို့
တိုးဝင်ရောက်လာခဲ့သည်။
အောင်မြင်စွာပူးကပ်ပြီးသော်လည်း မဟူကြက်မိစ္ဆာအိုကြီးမှာ အနည်းငယ်အံ့သြတုန်လှုပ်သွား၏။
ကျူးရန်ကျန့်၏ခန္ဓာကိုယ်က မပြည့်မစုံသလိုခံစားလိုက်ရသောကြောင့်ဖြစ်သည်။
အမြုတေရော ၊ အမြုတေဘယ်ရောက်သွားလဲ။
၄င်းကို သူလုံးဝအာရုံမခံမိချေ။
သူကအံ့အားသင့်သွားပြီး ပတ်ဝန်းကျင်အားအကဲခတ်လိုက်ရာ အခြေတည်အဆင့်လူငယ်တစ်ဦးက သူ့ကိုစူးစမ်းသလို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဒီအီးပေါက်သံက ထူးဆန်းလှချည်လား၊ လူကောင်းတစ်ယောက်ကို သတိလစ်စေပြီး လူသေတစ်ယောက်ကိုတော့ ရှင်ပြန်ထမြောက်စေတယ်"
ထိုအခြေတည်အဆင့်လူငယ်၏ စကားများကို ကြားလိုက်ရသည့်အခါ မဟူရာကြမိစ္ဆာကြီး၏ မျက်လုံးများတွင် သံသယအရိပ်များ လျှပ်ပြေးသွားခဲ့သည် ။
"ငါ့ရဲ့ နောက်ဆုံးဝိညာဉ်ဖောကိခွဲမှုက မင်းလိုအခြေတည်အဆင့်လေးကို မထိခိုက်ခဲ့ဘူးလား ။ မင်းမှာ အဆင့်မြင့်တဲ့ ဝိညာဉ်ကာကွယ်ရေးရတနာရှိပုံရတယ်"
သူ၏မျက်လုံးများက ဝမ်းမြောက်မှုဖြင့် တောက်ပလာခဲ့သည် ။
"ကောင်းကင်က ငါ့ကို မျက်နှာသာပေးတာပဲ! ကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်လာလို့ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတာပဲ ဖြစ်ရမယ်"
သူသည်စိတ်ဝိညာဥ်အဆင့်ကိုးဦး၏ ပိတ်ဆို့တိုကိခိုက်ခြင်းကိုခံရချိန်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်ရန် သေဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်သည့် အခြေတည်အဆင့်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဟု သူမမျှော်လင့်ခဲ့မိပေ ။
သူ၏ဝိညာဥ်ဖောက်ခွဲမှုက ပြင်းထန်လှ၏။
စိတ်ဝိညာဥ်အဆင့်များပင် ဒဏ်ရာပြင်းထန်စွာရရှိကုန်၏။ထို့အပြင် လျူကွမ်းကဲ့သို့သော အနီးပတ်ဝန်းကျင်မှ ကြင့်ကြံသူများကိုလည်း ထိခိုက်စေခဲ့သည်။
အမြုတေအလယ်အလတ်အဆင့်က သတိလစ်သွားသော်လည်း အခြေတည်အဆင့်လေးက မည်သည့်ထိခိုက်မှုမှ မရှိဘဲ ဖျတ်လက်နေ၏။
ဆိုလိုသည်မှာ ထိုလူငယ်တွင် အဆင့်မြင့်မားသော ဝိညာဥ်ကာကွယ်ရေးရတနာတစ်ခု သေချာပေါက်ရှိနေခြင်းပင်။
အကယ်၍ သူသည်ထိုရတနာကိုသာ ရရှိပါက ကျင့်ကြံရန် ဆိတ်ငြိမ်သောနေရာကို ရှာဖွေပြီး ဤဘဏ္ဍာနှင့်အတူ ခရမ်းရောင်နန်းတော်ဘေးဒုက္ခကို ကျော်လွှားနိုင်မည့် အခွင့်အရေးများစွာ တိုးလာမည် ဖြစ်သည် ။
မဟူရာကြက်မိစ္ဆာအိုကြီးက ကျိယွမ်အား အဖိုးတန်ရတနာတစ်ပါးလိုကြည့်ကာ သူ၏မျက်လုံးများတွင် လောဘဇောများ
တဖွားဖွားပေါ်လာ၏။
ကျိယွမ်မှာလည်း ကျူးရန်ကျန့်ကို စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်မိသည်။ကျူးရန်ကျန့်က ပြန်ရှင်လာသော်လည်း ပုံမှန်ဟုတ်ပုံ မရချေ။
ဒီအကြည့်က ဘာလဲဟ၊စားတော့ဝါးတော့မလိုနဲ့ ကြက်သီးတောင်ထတယ်။
ကျိယွမ်က စိတ်မရှည်တော့ပါ။
"အီးပေါက်သံကြောင့် ပြန်ရှင်လာတဲ့သူတွေက ခေါင်းထဲမှာဦးနှောက်ပြန်မပါလာတော့တာများလား၊မင်းကြည့်ရတာ အခြေအနေမဟန်ဘူး"
သူက မီးဖိုချောင်သုံးဓားကို ပင့်ကာ နောက်တစ်ကြိမ်ခုတ်သတ်ပစ်ရန် ပြင်လိုက်သည်။
"ဟွန့်...ဒဏ်ရာရနေပေမယ့်လည်း မင်းလို အခြေတည်အဆင့်လေးက စော်ကားလို့ရမယ့်သူတော့ မဟုတ်ဘူးကွ"
မဟူရာကြက်မိစ္ဆာအိုကြီးက ဒေါသကြီးစွာနှာမှုတ်လိုက်ပြီး ကျိယွမ်အားဖမ်းဆီးရန် နတ်ဆိုးမှော်နည်းစနစ်ကို သုံးလိုက်၏။
"စကားများလိုက်တာ"
စိတ်မရှည်တော့သည့် ကျိယွမ်ကသူ၏ဓားကိုမြှောက်လျှက် ကျူးရန်ကျန့်အား စိတ်ဝိညာဥ်အထိ နက်ရှိုင်းစွာခုတ်ပိုင်းထည့်လိူက်သည်။
ဝိညာဥ်မရှိတော့ရင် အီးပေါက်သံက မင်းကိုကယ်နိုင်ဦးမလားကြည့်ရသေးတာပေါ့။
"စွပ်.."
မီးဖိုချောင်သုံးဓားက ကျူးရန်ကျန့်၏ခန္ဓာကိုယ်သာမကဘဲ မူလဒန်တျန်မှဝိညာဥ်အထိ ကျရောက်သွားသည်။
"မဖြစ်နိုင်ဘူး"
မဟူရာကြက်မိစ္ဆာအိုကြီးသည် မပြောပြနိိုင်သောနာကျင်မှူကို ခံစားလိုက်ရပြီး မျက်နှာပြင်တစ်ခုလုံးအရုပ်ဆိုးစွာ မဲ့သွားလေသည်။
ဒီကောင်က ရတနာမှမဟုတ်တာ၊နတ်ဆိုးပဲ။
နောင်တတရားတစ်ခုနှင့်အတူ သူ၏ခန္ဓာကိူယ်က မြေပြင်ပေါ်သိူ့လဲကျသေဆုံးသွားတော့သည်။
ကျိယွမ်က ကျူးရန်ကျန့်၏ အလောင်းကို
တစ်ချက်ကြည့်ပြီးနောက် ပတ်ဝန်းကျင်အား သံသယနှင့် လှည့်ပတ်ကြည့်လိုက်သည်။
မသင်္ကာစရာမရှိသော်လည်း သူကကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်ပစ်၏။
"နောက်တစ်ခါ ဘယ်ကောင်အီးပေါက်ဦးမလဲ၊ပေါက်ရဲတဲ့ကောင် ပေါက်ကြည့်စမ်း"
သို့သော်မည်သည့်တုန့်ပြန်မှုမှ သူမရခဲ့ပါ။
အီးပေါက်တဲ့သူက ထွက်ပြေးသွားပြီထင်တယ်။
ထို့နောက် သူ၏ အကြည့်သည် ကျုးရန်ကျန့်၏ ခန္ဓာကိုယ်ပေါ်မှ ပုံမှန်မဟုတ်သောအရာတစ်ခုအပေါ်သို့ ကျရောက်သွားခဲ့သည် ။
သွေးနီရောင် အရည်တစ်စက်သည် လေထဲတွင် ဝဲပျံနေခဲ့သည် ။
ချီယွမ်၏မျက်လုံးများက ၄င်း၏အချက်အလက်များကို
ထုတ်ဖော်ပေးလာသည် ။
[ဝိညာဉ်သွေး၊ ဟင်းလင်းပြင်မှ ဖြစ်ပြီး၊ မတော်တဆ သာ့ရှန်းပြည်သို့ ကျရောက်လာကာ မဟူရာကြက်မိစ္ဆာနတ်ဆိုး ရရှိခဲ့သည်။ ဤသွေးသည် ဝိညာဉ်နှင့်ပေါင်းစပ်ပါက၊ မျိုးစေ့တစ်ခုကို ကျင့်ကြံနိုင်ပြီး၊ နောက်ဆုံးတွင် ဝိညာဉ်လက်နက် ဖြစ်လာနိုင်သည်။ မျိုးစေ့က ပိုအားကောင်းလေ၊ ဝိညာဉ်လက်နက်က ပိုအားကောင်းလေဖြစ်သည်။ သေဆုံးပြီးနောက်တွင်လည်း၊ မျိုးစေ့မှ ပြန်လည် ရှင်သန်ထမြောက်နိုင်သည်။]
"ဒါဆို မဟူရာကြက်မိစ္ဆာအိုကြီးက မျိုးစေ့ ဖြစ်နေပြီး ငါ ခုနကသတ်လိုက်တဲ့ ကျုးရန်ကျန့်ကမှ မဟူရာကြက်မိစ္ဆာအိုကြီးဖြစ်နေတာများလား"
ကျိယွမ်၏ မျက်လုံးများတွင်လည်း လောဘအရိပ်များ ပေါ်လာကာ ထိုသွေးစက်ကို လျာသပ်ကာ ကြည့်လိုက်သည် ။
"ဒီသွေးစက်က တကယ့်ကို တစ်ခုခုပဲ"
"မဟူရာကြက်မိစ္ဆာအိုကြီးက တကယ်တော့ ငါ့ကိုစည်းစိမ်ဥစ္စာပေးတတ်တဲ့ နတ်သမီးတစ်ပါးပဲ"
"မဟူရာကြက်မိစ္ဆာကြီး ခင်ဗျားကို ကျွန်တော် အထင်မှားခဲ့မိပါတယ် ၊ အမှန်တော့ ခင်ဗျားဟာ ကျူပ်ရဲ့ရန်သူမဟူတ်ဘူး၊ ဖျက်ဆီးဝံပုလွေထက်တောင် တောက်ပတဲ့ မျှော်လင့်ခြင်းလမင်းပဲ"
" ဟင်းလင်းပြင်ကလာတဲ့ ဝိညာဉ်သွေးတဲ့လား၊သေချာပေါက် တကယ်ကိုတန်ဖိုးရှိတဲ့ ပစ္စည်းပဲနေမှာ။ဟားဟား ဟားဟား..ငါက ရတနာပေးမဲ့သူကို ကြောက်ပြီးပုန်းနေရတယ်လို့ ၊ ညံ့ပါ့"
ဝိညာဉ်လက်နက်များဆိုသည်မှာ အလွန်ရှားပါးသည်။သာ့ရှန်းတိုင်းပြည်ကြီးတစ်ခုလုံးမှာပင် ဝိညာဥ်လက်နက်တစ်ခုမရှိနိူင်ပေ။
ထို့အပြင်ဟင်းလင်းပြင်ဝိညာဉ်သွေး၏ ဝိညာဉ်လက်နက်သည် ကြီးထွားနိုင်သောအမျိုးအစားဖြစ်ပုံရသောကြောင့် မည်မျှကြောက်မက်ဖွယ်ကောင်းလာမည်မှာ ပြောစရာပင်မလိုတော့ပါ။
ကျိယွမ်သည် ဆုံးဖြတ်ချက်ချကာ ဝိညာဉ်သွေးတစက်ကို မျိုချလိုက်သည် ။
ထိုသွေးစက်သည် ချက်ချင်းလိုလို သူ၏ ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားသည်ကို ခံစားလိုက်ရသည် ။
ဤသွေးသည် မည်သည့်အချိန်တွင်မဆို ထိန်းချုပ်ခြင်းနှင့်ပူးကပ်ခြင်းတို့ကို ပြုလုပ်နိုင်သည် ။
"ငါသာ ယန်နတ်ဘုရားတစ်ပါးကို ကပ်ပါးမှီခိုလိုက်မယ်ဆိုရင်၊ အဲဒီ ယန်နတ်ဘုရားဟာ ငါ့ရဲ့ ဝိညာဉ်လက်နက် ဖြစ်လာမှာ မဟုတ်ဘူးလား"
ကျိယွမ်သည် အနည်းငယ်ရူးသွပ်သော အတွေးများဝင်လာခဲ့သော်လည်း ၄င်းကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟု ခံစားလိုက်ရသည် ။
"ငါ့ရဲ့ ဝိညာဉ်လက်နက်ကို ဖန်တီးဖို့အတွက် ကပ်ပါးမှီခိုဖို့ သင့်တော်တဲ့ အရာဝတ္ထုတစ်ခုကို ရှာဖို့ လိုအပ်တယ်"
ထို့နောက်သူက ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သူက သတိလစ်နေသော လျူကွမ်းကို ကြည့်ကာ တီးတိုးရေရွတ်၏။
"ကျွန်တော့်ကို အရင်ပြေးခိုင်းတဲ့အတွက်၊ ခင်ဗျားကို ခေါ်သွားပေးမယ်"
သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လျူကွမ်း၏ခန္ဓာကိုယ်သည် ထိန်းချုပ်ခံရသော ရုပ်အလောင်းတစ်ခုကဲ့သို့ သူ၏ နောက်တွင် ပျံဝဲ၍ပါလာခဲ့သည်။
ထိုအချိန်တွင် ကုမူကျန်းကျွမ်း၏ သတင်းစကားက သူ၏ ကျောက်စိမ်းပြားမှတစ်ဆင့်ရောက်လာခဲ့၏။
"မဟူရာကြက်မိစ္ဆာကြီးကို သတ်လိုက်ပြီ၊ဒါပေမဲ့ ငါတို့ကိုးယောက်လုံး ဒဏ်ရာတွေကုသဖို့ နတ်ဆိုးတစ်သောင်းကလှိုဏ်ဂူမှာ လေးရက်လောက်နေရမယ်၊မင်းဘက်မှာရော အခြေအနေဘယ်လိုရှိသလဲ"
"ပြီးသွားပါပြီ၊ကျွန်တော် အမြုတေအဆင့် နတစ်ယောက်ကို သတ်လိုက်တယ်"
တစ်ဖက်မှ ကုမူကျန့်ကျွန်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေသည် ။
"လေးရက်ကြာပြီးရင် ကျိစယ်တောင်ထိပ်ကို ငါလာခဲ့မယ်"
"ကောင်းပါပြီ"
ကျိယွမ်သည် လျူကွမ်းနှင့်အတူ ဂူထဲမှ ထွက်ခွာခဲ့လေ၏။
ဂူအပြင်ဘက်တွင် အခြားသူများလည်း ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် အားလုံးပေါင်း ၁၁ ယောက်သာကျန်သည်။
အမြုတေအဆင့်ခေါင်းဆောင်သည် ကျိယွမ်အားမြင်သောအခါ အံ့သြသွားလေ၏။
သတိလစ်နေသောလျူကွမ်းကို မြင်သောအခါ ပါးစပ်ပါဟသွားတော့သည်။
"အားလုံးပြီးသွားပြီ ၊ငါတို့အကုန်လို့ ကိုယ်နေရာကိုယ်ပြန်ကြရုံပဲ၊ဒါပေမဲ့ အချိန်မတန်မချင်း မဟူကြက်မိစ္ဆာအိုကြီးသေသွားတာကို ထုတ်ဖော်ခွင့်မရှိဘူး"
စကားဆုံးသည်နှင့် ထိုသူကအလင်းတနိးအဖြစ်ပြောင်းလဲကာ ပထမဆုံးအိမ်ပြန်သွားလေတော့သည်။
"
အခြားသောကျင့်ကြံသူများလည်း အသီးသီး ထွက်ခွာသွားကြ၏။
ချီယွမ်သည် သတိလစ်နေသောလျူကွမ်းကို ကြည့်ကာသက်ပြင်းချလိုက်မိသည်။
"ဒီပုံဆိုရင် ခင်ဗျားကို အိမ်အထိပြန်ပို့ရတော့မယ် ထင်တယ် ။ ဝူရွှဲ့မြို့က.. လျူကွမ်း၊ ဟုတ်တယ်မှတ်လား"
သူသည် ဝူရွှဲ့မြို့သို့သွားရောက်ခဲ့ဖူးသည်ကို သတိရလိုက်သည် ။
ထိုအချိန်က မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးရန်သွားစဥ် ဝူရွဲ့မြို့သို့ရောက်ခဲ့သည်။
ဝိညာဉ်လှေပေါ်တွင် သူသည် စကားချိုသာသော လှပသည့်အမျိုးသမီးတစ်ဦး၏ ဘေးတွင်ပင် ထိုင်ခဲ့ဖူးလေ၏။
ဝူရွှဲ့မြို့သို့ရောက်မှ သူနှင့်ရွယ်တူသမီးတစ်ယောက်ရှိသော ကလေးအမေမှန်းသိခဲ့ရသည်မဟုတ်ပါလား။
…..............
နေ့တစ်ဝက်ခန့်ကြာပြီးနောက်
ချီယွမ်သည် ဝူရွှဲ့မြို့၏ခြံဝန်းတစ်ခုထဲတွင် ထိုင်နေပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်နေခဲ့သည် ။
ဝိညာဉ်လှေပေါ်မှ လှပသည့်အမျိုးသမီးကို ပြန်တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ခဲ့မိပေ ။
တိုက်ဆိုင်စွာပင် သူမသည်လျူကွမ်း၏ သမီး ဖြစ်နေခဲ့လေ၏။
"သူ့ကို ပြန်ခေါ်လာပေးတာပါ၊ ကျွန်တော်လည်း ပြန်လိုက်ပါဦးမယ်"
ကျိယွမ်က သူ၏အသံကို ယခင်နှင့်မတူအောင် အနည်းငယ်အက်ကွဲပြီးပြောလိုက်သည်။
မျက်နှာကတော့ မျက်နှာဖုံးတပ်ထားပြီးသားဖြစ်သောကြောင့် စိတ်ပူစရာမလိုပါ။
"အကြီးအကဲ ၊ ကျွန်မအဖေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လျူဖျောက်က ကျိယွမ်ကို အလွန်ကျေးဇူးတင်နေမိသည်။
သူမ၏ ဖခင်သည် ဒဏ်ရာရပြီး သတိလစ်နေသောကြောင့် မကောင်းသော ရည်ရွယ်ချက်ရှိသည့် ကျင့်ကြံသူများသာ တွေ့ရှိသွားပါက အသက်အန္တရာယ်ရှိမှာသေချာလေသည်။
သတိလစ်နေသော အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးသည် တန်ဖိုးရှိသောပစ်မှတ်တစ်ခု ဖြစ်သည် ။
ယခုအကြီးအကဲက သူမ၏ဖခင်ကို ပြန်လည်ခေါ်ဆောင်ပေးလာခဲ့သည့်အတွက် သူမ အလွန်စိတ်လှုပ်ရှားပြီး ကျေးဇူးလည်းတင်ရ၏။
ထိုအချိန်မှာ လျှင်မြန်စွာလျှောက်လာသော ခြေသံများနှင့်အတူ မိန်းမပျိတစ်ဦး၏ စိုးရိမ်တကြီး အသံကိုကြားလိုက်ရသည်။
"အဘိုး၊ အဘိုး"
လှပသောအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောရှောင်ရိုသည် နဖူးပြေပြေမှာပင် ချွေးများစို့နေ၏။သူမက အလွန်စိုးရိမ်ပူပန်စွာ အလောတကြီးရောက်လာခဲ့ပုံရသည်။
"သမီးရဲ့ အဘိုးမနိုးသေးဘူး"
လျူဖျောက်က သူမ၏သမီးကို မြင်ရသောအခါ သက်သာရာရသွားပြီး ရှင်းပြသည် ။
ဒီအကြီးအကဲက သူ့ကိုပြန်ခေါ်လာပေးခဲ့တာ"
ရှောင်ရိုသည် ကျိယွမ်အားအရိုအသေပြုလိုက်ရင်းမှ သူမ၏သတိထားတတ်သောအလေ့အကျင့်အရ စူးစမ်းမိသည်။သိူ့သော် မျက်နှာဖုံးစွပ်ထားသဖြင့် မည်သည်အထောက်အထားကိုမှ မသိရပေ။
"အကြီးအကဲက ကျွန်မရဲ့အဘိုးကိုကယ်တင်ပေးခဲ့တယ်၊ကျွန်မတို့မှာ ပြန်လည်ပေးဆပ်စရာ အဆင့်မြင့်ရတနာတော့မရှိပေမဲ့ လက်ဆောင်လေးတစ်ခုတော့ပြင်ဆင်လာခဲ့ပါတယ်၊အကြီးအကဲအနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်ရှင်"
ရှောင်ရိုက သိုလှောင်အိတ်တစ်ခုကို ကျိယွမ်အားရိုသေစွာကမ်းပေးလိုက်သည်။
ကျိယွမ်ကလည်း ဒါမျိုးဆိုငြင်းတတ်သူမဟုတ်သောကြောင့် လက်ခံလိုက်သည်။
ဘာတွေများလဲမသိဘူး၊ဒါပေမဲ့ အဖိုးတန်တာတော့ ဖြစ်လောက်မှာပါ။
သူတစ်ချက်စစ်ဆေးလိုက်သောအခါ သွေးကျောက်တုံးများဖြစ်နေသည်။
ထိုစဥ် ရုတ်တရက်ဆိုသလို သူ၏ရင်ဘက်ပေါ်ရှိ သတို့သမီးလေး၏တက်တူးသည် ပူနွေးလာသည်ကို ခံစားလိုက်ရသည်။
ထိုသို့မဖြစ်ဖူးသောကြောင့် ကျိယွမ်မျက်မှောင်ကျုံ့သွားမိ၏။
ဤသွေးကျောက်တုံးများက သတို့သမီးလေးအတွက် အသုံးဝင်နေ၍များလား။
သူကစမ်းသပ်ကြည့်ရန် စိတ်ကူးရသည်နှင့် နှုတ်ဆက်လိုက်သည်။
"အဲဒါဆို ဒီလောက်နဲ့ပဲနှုတ်ဆက်ခဲ့ပါတယ်၊သွားလိုက်ပါဦးမယ်"
သွေးကျောက်တုံးများက သတို့သမီးလေးကို မည်သိူ့ကူညီနိုင်မည်ကိုသိချင်နေပြီဖြစ်သော ကျိယွမ်သည် တစ်ဖက်လူများ၏တုန့်ပြန်မှုကိုပင် မစောင့်တော့ဘဲ အလင်းတန်းအဖြစ်ပြောင်းလဲကာ ပျံသန်းသွားတော့သည်။
တိတ်ဆိတ်၍ လူသူကင်းမဲ့သောနေရာသို့ရောက်သောအခါ ကျိယွမ်ကသတို့သမီးလေးကို ခေါ်ထုတ်လိုက်သည်။
သူကသွေးကျောက်တစ်တုံးကိုလည်း ထုတ်ယူ၏။
သွေးကျောက်တုံးက သေးငယ်ပြီးကြည်လင်နေကာ သလဲသီးအစေ့နှင့်တူလေသည်။သို့သော် သွေးကျောက်၏အရောင်က သလဲစေ့ထက်ပို၍ သွေးရောင်ဆန်သည်။
သွေးကျောက်ကိုမြင်သောအခါ သတို့သမီးလေး၏လက်ထဲမှ သစ်သားပြားတစ်ခုပြုတ်ကျလာခဲ့သည်။
ပျော်ရွှင်နေသောပုံ။
"နင်ကြိုက်လား၊ ဒါဆို ယူလိုက်"
သတို့သမီးလေး၏ လက်မောင်းစက မြောက်လာကာ သွေးကျောက်ကို ဆုပ်ယူလိုက်လေ၏။
ခဏကြာသောသောအခါ သွေးကျောက်သည် အစအနမကျန်အောင်ပျောက်ကွယ်သွားတော့သည်။
သတို့သမီးလေးကလည်း ပျော်ရွှင်နေပုံရလေသည်။
သူမပျော်ရွှင်နေသည်ကိုမြင်သောအခါ ကျိယွမ် အလွန်ကြည်နူးသွားပြီး တိုးတိုးမေးမိသည်။
"သွေးကျောက်ကို စားလိုက်တာလား"
ကျိယွမ်သည် သတို့သမီးလေးသည် မည်သည့်အရာကိုမှ မစားဟု ထင်ခဲ့သော်လည်း၊ သူမနှစ်သက်သောအရာဆိုလျှင် စားသောက်တတ်ပုံရသည် ။
"ငါ့မှာအများကြီး ကျန်သေးတယ် ၊ နင့်အတွက်လုံလောက်မှာပါ"
သူက သတို့သမီးလေးသွေးကျောက်များကို ဖြည်းညင်းစွာ စားသောက်နေသည်ကို ကြည့်နေလိုက်သည်။
ကြည့်နေရင်းမှ သူကစိတ်ကူးရကာ သွေးကျောက်များကို စစ်ဆေးမိလေ၏။
[သွေးကျောက်ပုံဆောင်ခဲ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနှင့် နှိုင်းယှဉ်နိုင်သည်။]
ဒါပဲလား။
သူ၏မျက်လုံးများမှပေးသော အချက်အလက်များက ကျပန်းဖြစ်သောကြောင့် အရေးကြီးသောအချက်အလက်ကို သူမရခဲ့ပေ။
"တကယ်လို့ နင်ကြိုက်တယ်ဆိုရင် ဝူရွှဲ့မြို့က သွေးကျောက်မိုင်းတွင်းတွေကို သိမ်းယူဖို့ ဂိုဏ်းချုပ်ကို ငါတောင်းဆိုလိုက်မယ်"
ကျိယွမ်သည် သွေးကျောက်ပုံဆောင်ခဲများ ဝယ်ယူမည့်အစား မိုင်းတွင်းများသိမ်းယူရန် စိတ်ကူးလိုက်သည်။
ဂိုဏ်းချုပ်သာမက သာ့ရှန်၏လက်ရှိ ဧကရာဇ်ထုံရှီးယန်လည်း ရှိနေသည်မဟုတ်ပါလား။
….............
"အဘိုး၊ သတိရလာပြီလား"
ကုတင်ဘေးတွင် စောင့်ပေးနေသေ ရှောင်ရိုသည် လျူကွမ်းသတိရလာသည်ကို မြင်သောအခါ အလွန်ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
"ငါ..ဘယ်ရောက်နေတာလဲ"
စိတ်ဝိညာဥ်တိူက်ခိုက်မှုကြောင့် လျူကွမ်းသည် ရှုပ်ထွေးနေသလိုလို ခံစားနေရဆဲရှိသည်။
သူသတိမလစ်မီ၌ အခြေတည်အဆင့်ကျင့်ကြံသူက ကျူးရန်ကျန့်၏အထွတ်အထိပ်အမြုတေကို ကြက်ဥခွဲသလိူ လွယ်ကူစွာခုတ်ခွဲလိုက်သည်ကိူသာ သတိရ၏။
ထို့နောက် ဘာဖြစ်သွားသည်ကို သူ သတိမရတော့ပေ ။
"ငါဒီကို ဘယ်လိုပြန်ရောက်လာတာလဲ"
"ဘယ်သူ ငါ့ကို ပြန်ခေါ်လာခဲ့တာလဲ"
"မျက်နှာဖုံးနဲ့ ကျင့်ကြံသူတစ်ဦးပါ၊ ငယ်ရွယ်ပုံရပါတယ်၊ သိပ်တော့ မသန်မာလောက်ပေမဲ့ ကျေးဇူတင်ဖို့အရမ်းကောင်းတယ်"
ရှောင်ရိုက ရှင်းပြလေသည်။
လျူကွမ်းမှာ သူမ၏စကားကြောင့် မတိတပ်ထရပ်မလိုပင်ဖြစ်သွားသည်။ သူက ကမန်းကတမ်းမေးလိုက်၏။
"သူ ငါ့ကို ပြန်ခေါ်လာခဲ့တာလား ။အခုသူ ဘယ်မှာလဲ"
"အဘိုး၊ သူထွက်သွားတာ လေးရက်လောက်ရှိပါပြီ၊အဘိုးကိုပို့ပြီးတာနဲ့ ချက်ချင်းပြန်ထွက်သွားတာပါ ၊ဘာမှတောင် မမေးလိုက်ရပါဘူး"
"သူ ထွက်သွားပြီလား"
လျူကွမ်းသည် စိတ်ပျက်အားငယ်ဟန် ပေါ်လာပြီး တက်ကြွနေသောပုံများ ပျောက်ဆုံးသွားလေသည်။
"အဘိုး၊ သူက ဘယ်သူလဲ"
ရှောင်ရိုက သူမ၏အဘိုး ဤမျှအလေးထားနေသဖြင့် စိတ်ဝင်စားသွားလေသည်။
"သူကလား... သူက ဘယ်သူမှလိုက်မမှီနိုင်တဲ့ ပါရမီရှင်စစ်စစ်ပဲ၊သာ့ရှန်းတိုင်းပြည်ရဲ့ ထိပ်သီးပါရမီစာရင်းထဲက ၁၀ ပေါင်းရင်တောင် သူတစ်ယောက်တည်းကို ယှဥ်လို့မရဘူး၊သူက အခြေတည်အဆင့်ပဲရှိပေမဲ့ အထွတ်အထိပ်အမြုတေတစ်ယောက်ရဲ့ အမြုတေကို ကြက်ဥခွဲသလို အသာလေးချေမွပစ်နိုင်တယ်၊အဘိုးကိုယ်တိုင် မြင်ခဲ့တာ"
"ရှင်..."
ရှောင်ရိုမှာ သူမ၏ပါးစပ်လေးကိုအုပ်ကာ မယုံနိုင်လောက်အောင် တုန်လှုပ်သွားလေသည်။
အဘိုးကိူယ်တိုင်မြင့်ခဲ့သည်မို့သာ ယုံရသည်။အခြားသူ၏စကားဆိုလျှင် သူမကရယ်မောမိမှာ သေချာ၏။
"သာ့ရှန်းမှာ ဒီလိုအခြေတည်အဆင့်မျိုး ရှိနေတယ်လား"
အခြေတည်အဆင့်က အမြုတေကိုသတ်ဖြတ်နိုင်သည်။သာမန်အမြုတေလည်း မဟူတ် အထွတ်အထိပ်အဆင့်ဖြစ်နေပြန်သည်။
"ဟူတ်တယ် ၊ အဘိုးနဲ့သူက .......
........."
လျူကွမ်းသည် ဖြစ်ရပ်များကို ရှောင်ရိုအား ရှင်းပြခဲ့သည် ။
"ငါ သူနဲ့မိတ်ဆွေဖွဲ့ဖို့ ကြိုးစားခဲ့ပေမယ့် သူက သူ့ရဲ့ကိုယ်ရေးကို ဖော်ထုတ်မှာ ကြောက်တယ်၊ သူ့နာမည်ကို ငါ့ကို မပြောခဲ့ဘူး "
"လျူဖြောက်နဲ့ ရှောင်ရို သမီးတို့နှစ်ယောက်လုံး သူ့ရဲ့အကြောင်းကို ဘယ်သူမှမပြောပြရဘူးနော်၊ နားလည်သည်လား"
"အဖေ၊ သမီး မပြောပါဘူး"
"စိတ်မပူပါနဲ့ အဘိုး၊ အရေးကြီးတာကို ကျွန်မ နားလည်ပါတယ်"
လျူကွမ်းက ရုတ်တရက် အတွေးပေါက်သွားဟန်ဖြင့် မှန်းဆမိသည်။
"သူက ဘယ်သူများဖြစ်နိုင်လဲ ။ သူက မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့သူ များ ဖြစ်နိုင်မလား"
"အဲဒီလိုဆိုရင်တော့ သူဒီလောက်အားကောင်းနေတာ သဘာဝကျပါတယ်"
"အခြေတည်အဆင့်နော်"
ရှောင်ရိုသည် အမှတ်တမဲ့ဖြင့် ဝိညာဉ်လှေပေါ်မှ လူငယ်ကို သတိရလိုက်သည် ။
သူမ၏မိခင်က ထိုလူငယ်နှင့် ခရီးကြုံခင်မင်လာခဲ့သည်၊ ထို့အပြင် သူမနှင့်မိတ်ဆက်ပေးရန်ပင် ရည်ရွယ်ခဲ့သည် ။ ထိုစဥ်ကသူမ စိတ်မချမ်းမသာဖြစ်ခဲ့ရသေးသည်။
နောက်ပိုင်းတွင် မဟူရာတောင်တန်းဂိုဏ်းအနီးတွင် သူကလမ်းမေးနေသည်ကို သူမ မြင်ခဲ့ရပြန်သည် ။
ယခု အဘိုး၏အယူအဆကိုကြားရသောအခါတော့ သူမကရုတ်တရက် ခန့်မှန်းမိလေသည်။
"အမေ၊ အဘိုးကို ပြန်ခေါ်လာတဲ့လူကို အမေ ရင်းနှီးတယ်လို့ မထင်ဘူးလား"
"အာ"
လျူဖျောက်သည် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည် ။
"နန်ရှမ်းကနေ ပြန်လာတဲ့ လမ်းမှာ အမေ စကားပြောခဲ့တဲ့ လူငယ်ကို သတိရပါဦး၊ အမေက ကျွန်မနဲ့ မိတ်ဆက်ပေးချင်ခဲ့တာလေ ။အဲဒီနေ့ကပဲ မဟူရာတောင်တန်းဂိုဏ်း ဖျက်ဆီးခံလိုက်ရတာ"
ရှောင်ရိုက စိတ်အားထက်သန်စွာဖြင့် လျူဖျောက်ကို အစဖော်သည် ။
"သူတို့က တစ်ယောက်တည်းလို့ နင်ထင်နေတာလား"
လျူဖျောက်သည် သမီးဖြစ်သူဆိုလိုချင်သောအဓိပ္ပာယ်ကို နားလည်လိုက်သည် ။
သမီးဖြစ်သူက လူတိုင်းအပေါ်သံသယရှိတတ်သောကြောင့်လည်းဖြစ်နိုင်၏။
သို့သော် သမီးဖြစ်သူ၏စကားများကို ကြားရသောအခါ၊ ထိုလူငယ်နှင့် ဖခင်ကို ပြန်ခေါ်လာခဲ့သည့်သူတို့သည် ဆင်တူသည်ဟု သူမ ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ထိုသို့ ခံစားမိမှန်း သူမကိုယ်တိုင်လည်း မသိပါ။
….......
ကျိယွမ် ကျိစယ်တောင်ထိပ်သို့ ပြန်ရောက်ခဲ့သည်မှာ လေးရက်ကြာခဲ့လေပြီ။
သွေးကျောက်ပုံဆောင်ခဲအများစုကို သတို့သမီးလေးက စားသုံးလိုက်သည် ။
ကျိယွမ်သည် သတို့သမီးလေး၏ခန္ဓာကိူယ်တွင် မည်သည့်ပြောင်းလဲမှုမှ မရှိသည်ကို သတိထားမိ၏။
သို့သော် သူတို့၏ စုပေါင်းစွမ်းရည်ဖြစ်သော သွေးရောင်သံချပ်ဝတ်သည် တိုက်ခိုက်မှုနှင့် ကာကွယ်မှုတွင် ပိုမိုအားကောင်းလာသည်က်ုတော့ သူတွေ့လိုက်ရသည်။
ကျိယွမ် အလွန်အံ့သြသွားခဲ့လေ၏။
၎င်းသည် သူ့အတွက် ကောင်းသော အရာမဟူတ်ပါလား။
အရေးအကြီးဆုံးမှာ သတို့သမီးလေးသည် သွေးကျောက်များကို အလွန်နှစ်သက်နေခြင်းပင်။ သူမကထိုအရာများကို စားရသောအခါ အလွန်ပျော်ရွှင်နေတတ်သည်။
ထို့ကြောင့် ကျိယွမ်သည် ဝူရွှဲ့မြို့နှင့်ထိုနေရာမှ မိုင်းတွင်းများကိုဝယ်ယူရန် ဂိုဏ်းချုပ်ဆီတောင်းဆိုမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအရာက သတို့သမီးလေးအား ကျိယွမ်က မည်မျှအလိုလိုက်သည်ကို ဖော်ပြပေးနေ၏။
သူသည် ဩဇာကြီးသော CEO တစ်ယောက် မဟုတ်သော်လည်း သူ၏ဇနီးကို အလိုလိုက်မည်ဖြစ်သည် ။
အထူးသဖြင့် သတို့သမီးလေးကဲ့သို့ ဇနီးမျိုးကိုဖြစ်လေ၏။
"ကျိယွမ်"
အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။
ဂိုဏ်းချုပ်ကြီးကုမူကျန့်ကျွမ်း ရောက်ရှိလာခြင်းပင်။
"ဂိုဏ်းချုပ် ၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"
ကုမူကျန့်ကျွမ်းသည် ကျိယွမ်၏သစ်သားအိမ်လေးထဲသို့ ဝင်ရောက်လာ၏။
သူ၏မျက်နှာ၌ အနည်းငယ်ရှုပ်ထွေးနေသလို မျှော်လင့်ချက်များလည်း ပေါ်လွင်နေသည်။
ကူမူကျန့်ကျွမ်းက သတို့သမီးလေးကို သတိပြုမိကာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူလာရင်းကိစ္စကို ပြောလိုက်သည်။
"အမြုတေအဆင့်တစ်ယောက်ကို သတ်နိုင်တဲ့အတွက် မင်းကငါ့ရဲ့စမ်းသပ်မှုကို အောင်မြင်သွားပြီ"
"ဟုတ်ကဲ့၊ဂိုဏ်းသခင်ပြောခဲ့တဲ့ အခွင့်အရေးဆိုတာလေး.."
ကျိယွမ်ကတော့ ကျိယွမ်ဖြစ်နေဆဲပင်။
သူကလိုချင်သောခေါင်းစဥ်အောက်သို့ တိုက်ရိုက်သွားသည်။
ယခုအခါမှာတော့ ကုမုကျန့်ကျွမ်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
"မင်းအရင်ဆုံးသိထားရမှာက ငါက သာ့ရှန်းကမဟုတ်ဘူး၊အရှေ့ပိုင်းဒေသက ပဲ"
သူကကျိယွမ်အား မျှော်လငိ့ချက်များတောက်ပနေသော မျက်လုံးများဖြင့်ကြည့်ကာ ဆက်ပြော၏။
"အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်များတိုက်ပွဲမှာ ငါ့ကိုကိုယ်စားပြုဖို့ မင်းကို ငါအလိုရှိတယ်"
-------------