← Chapters

အာဏာပြလာသော အလင်းနန်းတော်

Vol. 7 Ch. 97

အာဏာပြလာသော အလင်းနန်းတော်

Vol. 7 Ch. 97

"အဲ့ဒီတုန်းက၊ ငါ့ရဲ့မျိုးနွယ်တစ်ခုလုံး ပျက်စီးခဲ့ရပြီး၊ ငါကတော့ သာ့ရှန်းမှာ ပုန်းအောင်းနေရင်း အသက်ရှင်ခဲ့ရတယ်။ နောက်ဆုံးတော့ ကံကြမ္မာအလျောက် ရှန်ကွမ်းဂိုဏ်းထဲကို ဝင်ရောက်ဖြစ်ခဲ့တာပဲ"

ကုမူကျန့်ကျွမ်း၏ အသံကတည်ငြိမ်နေ၏။မသိလျှင် သူ့၏ဘဝဇာတ်ကြောင်းကိုပြောနေသည်ဟုမထင်ရဘဲ အခြားသူတစ်ယောက်အကြောင်းကို ပြောနေသကဲ့သို့ပင်ရှိသည်။

ကျိယွမ်သည် ကုမူကျန့်ကျွမ်း၏ စကားကိုနားထောင်ရင်း စဥ်းစားမိသည်။

ကံကြမ္မာအလျောက်ဆိုသည်မှာ ဂိုဏ်းချုပ် ကြီးသည် နတ်ဆိုးရမက်ဂိုဏ်း၏ဖမ်းဆီခြင်းကိုခံရပြီး သူလျှိုအဖြစ် ရှန်ကွမ်းဂိုဏ်းသို့ စေလွှတ်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။

"ငါ့မျိုးနွယ်စုတစ်ခုလုံး အမြစ်ပျက်ချေမှုန်းခံရပြီးနောက်မှာ မျိုးနွယ်ရတနာတစ်ခုလည်း ပျောက်ဆုံးသွားခဲ့တယ်၊အဲဒီရတနာက အရှေ့ပိုင်းဒေသမှ ပါရမီရှင်စာရင်းကြီးရဲ့

ထိပ်ဆုံးလူ ၁၀၀ ဦးအတွက် ဆုလာဘ်တွေထဲမှ တစ်ခု ဖြစ်သွားတယ်လေ"

"လာမဲ့လေးနှစ်အတွင်းမှာ အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်အဆင့်သတ်မှတ်ချက်ကို အတည်ပြုလိမ့်မယ်၊ ငါ့မျိုးနွယ်ရဲ့ရတနာကို ပြန်လည်ရယူဖို့အတွင် မင်းအနေနဲ့ ထိပ်ဆုံး ၁၀၀ ထဲဝင်နိုင်ဖို့ လိုအပ်တယ်"

"ပြီးတော့...."

ဂိုဏ်းချုပ်ကြီးကုမူကျန့်ကျွမ်းသည် ကျိယွမ်အား အသေးစိတ်အချက်အလက်များကို ထပ်မံရှင်းပြပေးလိုက်သည်။

အရှေ့ပိုင်းဒေသ၏ ပါရမီရှင်စာရင်းကြီးတွင် အဆင့် ၁၀၀ အတွင်းပါဝင်သူများများအတွက်ရတနာများက အလွန်တန်ဖိုးရှိပြီး ခရမ်းနန်းတော်အဆင့်သိူ့ ရောက်နိုင်မည့်အခင့်အရေးများပင်ပါဝင်နေသည်။

အဆင့်သတ်မှတ်ချက်တွင် မြင့်မားသောနေရာရသူများက ရတနာများကို မိမိစိတ်ကြိုက်ဦးစွာ ရွေးချယ်ခွင့်ကလည်း ရှိနေ၏။

ကုမူကျန့်ကျွမ်း၏ မျိုးနွယ်ရတနာသည် အလွန်ထူးခြားကာတန်ဖိုးရှိသော်လည်း အပြင်လူများက ၄င်း၏တန်ဖိုးကိုမသိကြပေ။ထို့ကြောင့် သူလိုငါလိုအဆင့်မြင့်ရတနာ

တစ်ခုဟုသာထင်ပြီး ဆုစာရင်းထဲတွင် ထည့်သွင်းထားကြခြင်းဖြစ်သည်။

"ထိပ်ဆုံး ၁၀၀၊ ပြဿနာမရှိပါဘူး။ဒါနဲ့ ဂိုဏ်းချုပ်ပြောတဲ့ ကြီးမားတဲ့ အခွင့်အရေး ဆိုတာ ဘာများပါလိမ့်"

ကျိယွမ်သည် ကြီးမားသောအခွင့်အရေးကိုသာ စွဲစွဲမြဲမြဲ မေးမြန်းလိုက်သည်။

ပုံမှန်အားဖြင့် ရေငြိမ်ကဲ့သို့ တည်ငြိမ်နေသော ကုမူကျန့်ကျွမ်း၏ မျက်လုံးများတွင် ဝန်လေးသည့် အမူအရာ တစ်စွန်းတစ်စ ပေါ်လာသည်။

"ဒီပစ္စည်းကို ဟင်းလင်းပြင်ထွန်းလင်းဝိညာဉ်သစ်သားလို့ခေါ်တယ်။ ခရမ်းရောင်နန်းတော် အဆင့်အောက်က ဘယ်အဆင့်မျိုးမဆို ဒါကို စားသုံးလိုက်ရင် ဝိညာဉ်စွမ်းအားကို အဆင့်ငယ်လေး တစ်ခု တိုးမြှင့်ပေးနိုင်တယ်"

ဟင်းလင်ပြင်ထွန်းလင်းသစ်သားသည် တန်ဖိုးအလွန်ကြီးသောစစ်မှန်ရတနာတစ်ခု ဖြစ်သည်။ ထိုအရာ၏ အကြီးမားဆုံးသော အသုံးဝင်ပုံမှာ စိတ်ဝိညာဥ်အဆင့်မှ ခရမ်းရောင်နန်းတော်သို့ ထိုးဖောက်ရာ၌ ကပ်ဘေးဒုက္ခသုံးမျိုးကို ကျော်လွှားနိူင်မည့် အခွင့်အလမ်းကို တိုးမြှင့်ပေးခြင်းဖြစ်၏။

ကုမူကျန့်ကျွမ်းသည် ခရမ်းရောင်နန်းတော်အဆင့်သိူ့ ထိုးဖောက်ရန်အတွက် စုဆောင်းထားခြင်းဖြစ်ပြီး မသေချာသေးသောကြောင့် မသုံးစွဲခဲ့ခြင်းပင်။

ကုမူကျန့်ကျွမ်းကအနည်းငယ်နှမြောနေသော်လည်း ကျိယွမ်အား ထုတ်ပေးလိုက်လေသည်။

ကျိယွမ်သည် သေးငယ်သောဘူးကလေးကို ဖွင့်လိုက်ရာ အတွင်း၌ ဂျယ်လီ နှင့်တူသော တုတ်ကဲ့သို့ အဖတ်တစ်မျိုးကို မြင်လိုက်ရသည်။

သူ၏ မျက်လုံးများက စစ်မှန်ကြောင်း အတည်ပြုလိုက်သောကြောင့် ကျိယွမ်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

ဂိုဏ်းချုပ်က တကယ်ကို လူကောင်းတစ်ယောက်ပဲ၊ နတ်ဆိုးရမက်ဂိုဏ်းက သူလျှိုဖြစ်နေရင်တောင် သူ့ကိုအသိအမှတ်ပြုရမယ်။

ယခုအချိန်၌ ကျိယွမ်အလိုအပ်ဆုံးမှာသူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးမည့် ဟင်းလင်းပြင်ထွန်းလင်းဝိညာဉ်သစ်သား ကဲ့သို့သော ရတနာပင် ဖြစ်သည်။

"ဒီပစ္စည်းက တန်ဖိုးမဖြတ်နိုင်ဘူး။ မင်း ခရမ်းရောင်နန်းတော်အဆင့်ကို ချိုးဖျက်ဖို့သိမ်းထားသင့်တယ်"

ဟင်းလင်းပြင်ထွန်းလင်းဝိညာဥ်သစ်သားက ဝိညာဉ်စွမ်းအားကို အဆင့်ငယ်လေးတစ်ခု တိုးမြှင့်ပေးနိုင်သောကြောင့် သာမန်အဆင့်များတွင်မသုံးပစ်ဘဲ အတင့်တတ်ရန်ခက်ခဲသောအပေါ်အဆင့်များမှာသာ သုံးသင့်၏။

ကျိယွမ်က သစ်သားထံမှအကြည့်လွှဲကာ မေးလိုက်သည်။

"ဒါက ကောင်းကင်ဘုံတာအိုအုတ်မြစ်အတွက်လည်း အာနိသင်အတူတူပဲလား ဂိုဏ်းချုပ်ကြီး"

ဂိုဏ်းချုပ်ကူမုကျန့်ကျွမ်းမှာ ဘာဆက်ပြောရမလိုဖြစ်သွားပြီးမှ ခေါင်းညိတ်လိုက်၏။

"အင်း... အတူတူပဲ ဖြစ်လိမ့်မယ်"

ကုမူကျန့်ကျွမ်းကိုယ်တိုင် သူ၏အဖြေကမှန်သလား မှားသလား မသိပါ။

ငါ့မှာကောင်းကင်ဘုံတာအိုအုတ်မြစ်မှ မရှိတာ ဘယ်လိုလုပ်သိမှာလဲ။မြင်တောင်မြင်ဖူးတာ မဟုတ်ဘူး။

ကျိယွမ်က သူ၏လက်ထဲမှ ဟင်းလင်းပြင်ထွန်းလင်းဝိညာဥ်သစ်သားကို ပြန်ကြည့်ကာ ဆုံးဖြတ်လိုက်သည်။

ဘာလို့သိမ်းနေမလဲ ၊ မြန်မြန်စားပြီး အဆင့်မြှင့်ရမယ်၊ဒါမှ ငါ့ဂိမ်းကိုဆော့နိုင်မှာ၊မဟုတ်ရင် နင်းထောင်လင်ဘဝက တစ်သက်လုံးလွတ်မှာ မဟုတ်ဘူး။

"ဒီကြားထဲမှာ မင်းရဲ့ကျင့်ကြံမှုကို တိုးတက်အောင် အာရုံစိုက်ပါ။ အရှေ့ပိုင်းဒေသမှာ ပြိုင်ပွဲစတင်တဲ့အချိန်ရောက်ရင် ငါမင်းကို အသိပေးမယ်"

ကုမူကျနိ့ကျွမ်းက ပြောစရာကုန်ပြီဖြစ်သောကြောင့် အိမ်ထဲမှထွက်ရန်ပြင်သည်။

သို့သော် ကျိယွမ်က ကမန်းကတန်းတားကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ကျွန်တော်မှာ မေတ္တာရပ်ခံစရာ ကိစ္စသေးသေးလေးတစ်ခု ရှိပါတယ်။"

ကုမူကျန့်ကျွမ်းက ကျိယွမ်အားပြန်ကြည့်လေသည်။

"အရမ်းမများတာဆို ရမယ်"

"လုံးဝ မများပါဘူး။ ကျွန်တော့်မိန်းမက သရေစာစားရတာ တော်တော်လေး သဘောကျလို့ပါ"

ကျိယွမ်က သူ၏မိန်းမအကြောင်းလျှာရှည်နေသေးတယ်ဟုတွေးကာ ကုမူကျန့်ကျွမ်း စိတ်မရှည်သလိုမေးလိုက်သည်။

"ပြောစရာရှိတာ တည့်တည့်ပြော"

ကျိယွမ်က အပြစ်ကင်းသောအပြုံးဖြင့်...။

"ဝူရွှဲ့မြို့က သွေးကျောက်မိုင်းတွင်းတွေကို ဂိုဏ်းကကျွန်တော့်အတွက် ဝယ်ပေးစေချင်တာလေးပါ"

ကုမူကျန့်ကျွမ်းက နှာမှုတ်လေ၏။

"ဒါက ကိစ္စသေးလေးလား၊ငါမပြောလိုက်ချင်ဘူး"

ဝူရွှဲ့မြို့မှသွေးကျောက်မိုင်းတွင်းများသည် တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် ကျော်ကြားလေသည်။အရင်းအမြစ်ရှားပါးသော တစ်ကိုယ်တော်ကျင့်ကြံသူအများစုက သွေးကျောက်များကို မှီခိုပြီး သူတို့၏ခွန်အားကို မြှင့်တင်ကြရသည်။

သွေးကျောက်မိုင်းများက်ု လက်ဝါးကြီးအုပ်ခြင်းသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဒေါသကိုဆွဲဆောင်မိနိုင်သော ကိစ္စဖြစ်လေသည်။

ထိုမျှလောက်က ရှန်းကွမ်းဂိုဏ်းအတွက် အရေးမကြီးသော်လည်း ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဂိုဏ်းကိုအကျိုးယုတ်စေမည်ကိစ္စများက်ုတော့ စဥ်းစားချင့်ချိန်ရန်လို၏။

"ငါးရက် အချိန်ပေး"

ကုမူကျန့်ကျွမ်းက ထိုမျှသာပြောပြီးပြန်သွားလေသည်။

သစ်သားအိမ်လေးထဲတွင် ကျိယွမ်နှင့်သတို့သမီးလေးတို့သာ ကျန်ခဲ့လေ၏။

ကျိယွမ်က ဘူးလေးထဲမှ ဟင်းလင်ပြင်ထွန်းလင်းဝိညာဥ်သစ်သားကို ထုတ်ယူလိုက်သည်။

"ဒါက ငါ့ကို ဝိညာဉ်စွမ်းအားနဲ့ အခြေတည်အဆင့်ကို အလယ်အဆင့်ရောက်အောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

ထိုအခါမှသာ သူသည် ဒုတိယဂိမ်းကို ကစားသမားတစ်ယောက်အနေဖြင့် ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ နင်းထောင်၏ အကျဥ်းသားဘဝမှ လွတ်မြောက်မည်မဟုတ်ပါလား။

ကျိယွမ်သည် ဝိညာဥ်သစ်သားကို စားသုံးလ်ုက်ပြီး သန့်စင်ရန် ကြိုးစားလေတော့သည်။

..............

သာ့ရှန်းတိုင်းပြည်၏ နန်းတော်တွင်ဖြစ်သည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိ ထောင်ပေါင်းများစွာတို့သည် ဒူးထောက်နေကြ၏။

အခြားသော မင်းစေများနှင့်တော်ဝင်မျိုးဆက်အချို့လည်းရှိနေပြီး ခမ်းနားသောအပြင်အဆင်များကလည်း နေရာတကာမွမ်းမံထား၏။

"ပထမဆုံးအနေနဲ့ ကောင်းကင်ကို ပူဇော်ပါ"

"ဒုတိယ နတ်ဘုရားအားလုံးကို ပူဇော်ပါ"

"တတိယ ဘိုးဘွားမိဘများကို ပူဇော်ပါ"

အသံတစ်ခုက ခန့်ညားစွာထွက်ပေါ်လာပြီး ကြားရသူအားလုံးသည် ရိုသေစွာ ဦးညွှတ်ကြသည်။

အရောင်အသွေးစုံသော အလံများက နန်းရင်ပြင်တွင် တလူလူလွင့်နေ၏။

ဗုံသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ခန့်ညားထည်ဝါသောတေးဂီတဖျော်ဖြေမှုတစ်ခုကို စတင်လိုက်ကြသည်။

ထုံရှီးယန်သည် ဖြည်းညှင်းစွာဖြင့်လှေကားထစ်များပေါ် တက်သွားသည်။

ထိုစဥ် မူးမတ်များသည်သစ္စာရှိမှုကို ကိုယ်စားပြုသော ကျောက်စိမ်းပြားများ ကို ကိုင်ဆောင်ထားကြပြီး၊ မိန်းမစိုးများသည် ဘုရင်၏ အခွင့်အာဏာကို ကိုယ်စားပြုသော အခမ်းအနားသုံး လှံတံများ ကို ကိုင်ဆောင်ထားကြသည်။

လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် တုန်းရှန်သည် ပလ္လင်ပေါ်သို့ တက်ရောက်လိုက်သည်။

"ဧကရာဇ်အသစ် နန်းတက်တော်မူပြီ..."

အရပ်ဘက်နှင့် စစ်ဘက် အရာရှိအားလုံးသည် ထပ်မံ၍ ဒူးထောက်အရိုအသေပြုကြသည်။

နဂါးဝတ်ရုံကိုဝတ်ဆင်ထားသော ထုံရှီးယန်သည် ဖော်ပြရန်ခက်ခဲသောအာဏာအရှိန်အဝါကို ထုတ်ဖော်နေသည်။

သို့သော် သူ၏စိတ်ထဲမှာ စိတ်လှုပ်ရှားနေသလို မယုံကြည်နိုင်မှုများလည်း ရောထွေးနေသည်ကိုတော့ အပြင်လူများမသိကြပေ။

အခက်အခဲမရှိ၊ စိတ်လှုပ်ရှားစရာကိစ္စများမရှိဘဲ သူသည်သာ့ရှန်း၏ဧကရာဇ် ဖြစ်လာသည်။ သူ၏အိပ်မက်များက အမှန်တကယ်ဖြစ်လာခဲ့လေပြီ။

"ဆရာ ၊ ဒါတွေအားလုံးက အိပ်မက်လား"

ထုံရှီးယန်က သူ၏ စိတ်ထဲမှ ဆရာဖြစ်သူရှေးဟောင်းဝိညာဥ်ကို မေးမိသည်။

"ဟွန်း၊ မင်းက အမြင်နည်းလွန်းတယ်။ သာမန်တိုင်းပြည်သာ့ရှန်းရဲ့ ဧကရာဇ်ဆိုတာ ဘာတန်ဖိုးရှိလို့လဲ။"

"တိုင်းပြည်တစ်ရာကျော်မှာ ဧကရာဇ်ပေါင်း တစ်ရာကျော် ရှိတယ်။"

"ဒါပေမယ့် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ တစ်ယောက်မှမရှိဘူး။"

"မင်းကဧကရာဇ်ဆိုပြီး အပျင်းထူနေလို့မရဘူး၊ကျင့်ကြံမှုပေါ် အာရုံစိုက်ပြီး၊ နှစ်ထောင်ပေါင်း အနည်းငယ်အတွင်း ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်အောင်ကြိုးစားပြီး ငါ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ လုပ်"

ဆရာဖြစ်သူရှေးဟောင်းဝိညာဥ်စကားများက သူ၏ပျော်ရွှင်မှုကို ဖျက်ဆီးပစ်လေ၏။

သို့သော်ထုံရှီးယန်က အပြစိမတင်ပါ။သူက လေးနက်စွာစဥ်းစားမိသွားသည်။

ဟုတ်တယ် ၊ဧကရာဇ်ဖြစ်တော့ရော ဘာထူးလဲ၊ငါ့ခမည်းတော်လည်း သာ့ရှန်းရဲ့ဧကရာဇ်ပဲ ၊ဒါပေမဲ့သူ့ဘဝက ဘယ်လိုဖြစ်သွားလဲ။

ထုံရှီးယန်လေးနက်သွားသည်။

ဧကရာဇ်ဖြစ်ရုံဖြင့် ပျှော်ရွှင်နေ၍ မရသေးပါ။ယခုအရာသည် ပိုမိုများပြားသောအရင်းအမြစ်များ ရရှိရန်နှင့် ခရမ်းရောင်နန်းတော်အဆင့်ကို ပိုမိုစောစီးစွာ ရောက်ရှိရန်အတွက် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ငါ့ခွန်းအားကိုပဲ အားကိုးရမယ်။

ထိုအခိုက် ကောင်းကင်မှကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"သာရှန်းရဲ့ ဧကရာဇ်ရှိလား"

ကောင်းကင်ယံတွင် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ပြင်းထန်သောအော်ရာကို ထုတ်လွှတ်ရင်း ပျံသန်းဝင်ရောက်လာသည်။

"ခင်ဗျားက ဘယ်သူလဲ"

တော်ဝင်မိသားစု၏ တော်ဝင်အစောင့်အရှောက်ဖြစိသော စိတ်ဝိညာဥ်အဆင့်ရှိသူ မွခြေဗလာဘုန်းကြီးဝူထျန်းက ထိုသူအားတားမြစ်လိုက်သည်။

"ငါက အရှေ့ပိုင်းဒေသ ၊ချွေယွင်ကုန်းမြေ ၊အလင်းနန်းတော်က သံတမန်ပဲ။ နန်းတော်သခင်က သာ့ရှန်းတိုင်းပြည်ကို ရွှန်းလင်းမဟာမိတ်အဖွဲ့ ထဲကိုထည့်သွင်းဖို့ စေလွှတ်လိုက်တာ"

အလင်းနန်းတော်သံတမန်ဆိုသူက မောက်မာစွာပြောပြီး အမိန့်ပြန်တမ်းကို ဝူတျန်း ဘုန်းကြီးဆီ ပစ်ချလိုက်သည်။

ဝူတျန်းဘုန်းကြီးသည် သူ၏ဝိညာဉ်ဖြင့် စစ်ဆေးကြည့်ရာ ပြဿနာမတွေ့ရသဖြင့် တထုံရှီးယန်ထံ တင်ပြသည်။

ထုံရှီးယန်သည် အမိန့်ပြန်တမ်းကို ဖွင့်ဖတ်ပြီး သူ၏မျက်ခုံးများက ကျုံ့လာ၏။ထို့နောက် အဆုံးထိဖတ်ကြည့်ရင်းမှ ပို၍ဒေါသထွက်လာတော့သည်။

အလင်းနန်းတော်သံတမန်က သူပြောရန်ကျန်နေသည်ကို ဆက်၏။

"မကြာခင်မှာ တိုင်းပြည်တစ်ရာသွေးစစ်ပွဲ စတင်လိမ့်မယ်။"

"ရွှန်းလင်းမဟာမိတ်အဖွဲ့က မကောင်းဆိုးနတ်ဆိုးမဟာမိတ်အဖွဲ့နဲ့ တိုက်ခိုက်မယ်၊"

"သာ့ရှန်းတိုင်းပြည်မှာ ဆိုးရွားတဲ့နတ်ဆိုးကျင့်ကြံသူများ မရှိတာကို ထည့်သွင်းစဉ်းစားပြီး နန်းတော်သခင်က ကြင်နာသနားတဲ့အနေနဲ့ သာ့ရှန်ကိုရွှန်းလင်း မဟာမိတ်အဖွဲ့ထဲ ထည့်သွင်းပေးချင်နေတယ်"

"တိုင်းပြည်တစ်ရာ သွေးစစ်ပွဲစတင်တဲ့အခါ၊သာ့ရှန်းဟာ အခြားရွှန်းလင်းမဟာမိတ်တိုင်းပြည်များနဲ့အတူ နတ်ဆိုးမဟာမိတ်အဖွဲ့ကိုတိုက်ခိုက်ဖို့ တပ်များ စေလွှတ်ရမည်။"

အလင်းနန်းတော်က အနိူင့်ကျင့်ပြီး တစ်ဖက်သတ်ဆုံးဖြတ်ချက်ချသည်ကိုပင် မျက်နှာသာပေးသည့်အလား ပြုမူနေသည်။

ထုံရှီးယန်မှာ ဒေါသထွက်လွန်း၍ ခေါင်းမှမီးခိုးများပင်ထွက်နေမလားဟု ထင်မိသည်။

အဓိပ္ပါယ်မရှိတဲ့ အလင်းနန်းတော်၊သာ့ရှန်းက သူ့တို့လက်အောက်ခံမှ မဟုတ်တာ၊ဘာကိစ္စနဲ့ ရွှန်းလင်းမဟာမိတ်အဖွဲ့ထဲကို ဝင်တိုက်ပေးရမှာလဲ။

ဘာကြောင့် သူတို့အမိန့်ကိုလိုက်နာပြီး တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို စတင်ရမှာလဲ။

အလင်းနန်းတော်က သူတို့ကိုယ်သူတို့ တိုင်းပြည်တစ်ရာရဲ့ သခင်လို့များ ထင်နေတာလား။

ထုံရှီးယန်မှာ တွေးလေဒေါသထွက်လေဖြစ်လာ၏။

သို့သော် အလင်းနန်းတော်သည် ခရမ်းရောင်နန်းတော်အဆင့်များရှိသော ဧရာမအင်အားစုကြီးဖြစ်သောကြောင့် သာ့ရှန်းတိုင်းပြည်လေးတစ်ခုကိုအသာထား တိုင်းပြည်တစ်ရာလုံးပေါင်းတိုက်လျှင်ပင် အလင်းနန်းတော်ကို မယှဥ်ပြိုင်နိုင်သည်ကို တွေးမိသောအခါ သူစိတ်ဆင်းရဲသွားရသည်။

ငါတို့က အင်အားနည်းလွန်းတယ်။

ထိုအခိုက် သံတမန်၏ အသံကထပ်မံထွက်ပေါ်လာသည်။

"ဒါ့အပြင် အဲ့ဒီမတိုင်ခင်မှာ မင်းတို့ဟာ ရှန်ကွမ်းဂိုဏ်းက တပည့်တွေဖြစ်တဲ့ ကန်းဖူလူနဲ့ ကျိယွမ်တို့ကို အလင်းနန်းတော်ဆီ အပ်ရမည်။"

"ဘာကွ."

နောက်ထပ် အဓိပ္ပာယ်မရှိသော တောင်းဆိုချက်တစ်ခု ဖြစ်သည်။

ထုံရှီးယန်က ချက်ချင်း ငြင်းဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး"

အလင်းနန်းတော်သံတမန်က ထုံရှီးယန် ထိုသို့ငြင်းရဲမည်ဟု မထင်ထားသောကြောင့် အနည်းငယ်အံ့သြသွားသည်။

သို့သော် ဂရုမစိုက်ဟန်ဖြင့် ခြိမ်းခြောက်လိုက်၏။

"သာ့ရှန်းက ငြင်းဆန်မယ်ဆိုရင်၊ တိုင်းပြည်တစ်ရာသွေးစစ်ပွဲအတွင်း နတ်ဆိုးမဟာမိတ်အဖွဲ့ ရဲ့အစိတ်အပိုင်းအဖြစ်သတ်မှတ်ရလိမ့်မယ်။"

"နတ်ဆိုးမဟာမိတ်အဖွဲ့ထဲက လူတိုင်းကို တစ်ယောက်မကျန် သုတ်သင်ဖယ်ရှားပစ်မှာဆိုတော့ ..."

"သာ့ရှန်းက ပျက်စီးခြင်းကို ရင်ဆိုင်ရလိမ့်မယ်။"

အလင်းနန်းတော်သည် ရွှန်းလင်းမဟာမိတ်တိုင်းပြည်များကို ထောက်ပံ့ပေးမည်ဖြစ်ပြီး နတ်ဆိုးမဟာမိတ်တိုင်းပြည်များကတော့ သေချာပေါက်ပျက်စီးသွားရန်သာရှိလေသည်။

အပြီးအပိုင်ပျက်စီးသွားခြင်းပင်ဖြစ်နိုင်၏။

ထုံရှီးယန်မှာ ကြီးမားသောစိတ်ပျက်အားငယ်မှုနှင့် ကူကယ်ရာမဲ့မှု ကို ခံစားလိုက်ရသည်။

အလင်းနန်းတော်သည် အလွန်အမင်း အာဏာပြလွန်းသည်မဟုတ်ပါလား။

"ခုနစ်ရက်အတွင်း၊ ရှန်ကွမ်းဂိုဏ်းက ကန်းဖူလူနဲ့ ကျိယွမ်ကိုမအပ်ရင် သာ့ရှန်းဟာ နတ်ဆိုးမဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်း ဖြစ်သွားလိမ့်မယ်"

ထို့နောက် အလင်းနန်းတော်သံတမန်သည်အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားသည်။

ထုံရှီးယန်မှာ ဒေါသများနှင့်အတူ အံကြိတ်ကာ ကျန်ခဲ့၏။

ငါက ဘယ်လိုနည်းနဲ့မှ ငါ့အစ်ကိုတွေကို အပ်မှာမဟုတ်ဘူး။

............

"ငါလာပြီကွ"

အခြေတည်အလယ်အလတ်အဆင့်ရှိသောဝိညာဥ်ဖြင့် ကျိယွမ်ကဂိမ်းအိုင်ကွန်ထဲသို့ လွယ်ကူစွာ ဝင်ရောက်လိုက်သည်။

အရင်ဆုံး ထျန်းရှင်နန်းတော်ကို သွားလိုက်မယ်။

သူသည် ထျန်းရှင်နန်းတော်ထဲသို့ ဝင်ရောက်သည်။

"နိုးလာပြီလား"

နတ်ဆိုးဥအနီး မလှမ်းမကမ်းတွင်ကျင့်ကြံနေသော နင်းထောင်က ခံစားမိဟန်ဖြင့် သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်

သူမ၏ ဖုံးကွယ်မထားသော မျက်နှာတစ်ခြမ်းသည် ဆီးနှင်းထဲမှဇီးပန်းလေးကဲ့သို့ ကြည်လင်လှပနေသည်။

သို့သော်သူမ၏ နက်မှောင်သောမျက်ဝန်းများက ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

နတ်ဆိုးဥက ကွဲသွားပြီလား။

နတ်ဆိုးဥက ကွဲသွားသော်လည်း ထိုနေရာတွင် သူမထင်ထားသလို လူသားတစ်ဦးရှိမနေခဲ့ပါ။

အနက်ရောင်သံကြီး ၁၈ ချောင်းဖြင့်ချည်နှောင်ထားသော သွေးတရဲရဲ အသားတုံးကြီးတစ်တုံး သူမမြင်လိုက်ရသည်။

ဘာလို့ ဒီလိုဖြစ်သွားတာလဲ၊နတ်ဆိုးဥကပေါက်သွားပေမဲ့ အကောင်မပေါက်သေးဘူးလား၊

အသားတုံးကြီးက လတ်ဆတ်နေပြီးစိုစွတ်သော သွေးများပင်ရှိနေသည်။ဥခွံထဲမှ ထွက်ကာစ သားလောင်းတစ်ကောင်အလားပင်။

သူမအံ့သြထိတ်လန့်နေစဥ် အသားတုံးကြီးဆီမှ သူမရင်းနှီးသော အသံကိုကြားလိုက်ရ၏။

"နင်းထောင်၊နင့်ကို ငါမေးခွန်းတစ်ခု မေးလို့ရမလား"

သေချာပေါက် ကျိယွမ်၏ အသံဖြစ်လေသည်။

"မေးပါ "

နင်းထောင်၏ ဖီးနစ်မျက်လုံးများက တဖျတ်ဖျတ်လှုပ်ရှားနေပြီး အနည်းငယ်မကျေမနပ်ဖြစ်နေပုံရသည်။

သူမသည် ထုံးစံအတိုင်းအနက်ရောင်ဝတ်စုံ ကိုဝတ်ဆင်ထားပြီး ဝတ်စုံကသူမ၏ ကိုယ်လုံးပေါ်တွင် ကပ်နေသဖြင့် သူမ၏သွယ်လျသောခါးကြောင့် လှပသောကောက်ကြောင်း များက သိသာစွာပေါ်လွင်နေသည်။

"ဒီလောကမှာ အင်အားအကြီးဆုံးလူဆိုး က ဘယ်သူလဲ"

ကျိယွမ်က ဂိမ်း၏နောက်ဆုံး ဘော့စ်ကိုသိချင်နေသည်။

"လူဆိုးတွေအကြောင်း ပြောမယ်ဆိုရင်၊ ကျွန်မတို့မြောက်ပိုင်းက နတ်ဆိုးခေါင်းဆောင် ၁၃ ယောက်က သေချာပေါက် ကြီးကျယ်တဲ့လူဆိုးတွေပဲပေါ့"

နင်းထောင်က ထိုကိစ္စကိုအမူမထားသလို ပေါပါးစွာဖြေလိုက်သည်။

ကျိယွမ်က သူလိုချင်သောအဖြေကို မရသောလည်း စောဒကမတတ်ခဲ့ပါ။ သူကခေတ္တစဥ်းစားပြီးမှ မေးပြန်၏။

"နင့်ရဲ့ ကျန်တဲ့မျက်နှာတစ်ခြမ်းကို ငါ ကြည့်လို့ ရမလား"

ပေါ့ပါးနေသော နင်းထောင်၏မျက်လုံးများက အနည်းငယ်ထိတ်လန့်ရိပ်ဖြတ်ပြေးသွားသည်။သို့သော်သူမက ဆွဲဆောင်မှုရှိစွာ ပြုံးလျှက် တုန့်ပြန်၏။

"မကြည့်တာ ပိုကောင်းပါတယ် ။ရှင် စိတ်အနှောင့်အယှက်ဖြစ်မှာကိုကျွန်မ ကြောက်တယ်"

"နတ်ဆိုး"ဟူသော စာလုံးရေးထားသော

မျက်နှာတစ်ခြမ်းကို အားလုံးက အလွန်ရုပ်ဆိုးသည်ဟု ယူဆကြသည်။

နင်းထောင်မျက်နှာပေါ်တွင် နတ်ဆိုး ဟူသော စာလုံးပေါ်လာသောအခါ၊ သူမ၏ အချစ်ဆုံးမိခင်ကပင်ပြောင်းလဲသွားပြီး နင်းထောင်အိပ်ပျော်နေစဉ် သတ်ပစ်ရန်ပင် ကြိုးစားခဲ့လေသည်။

ငယ်ရွယ်သောနင်းထောင်မှာ ထွက်ပြေးနိုင်ခဲ့သော်လည်း နတ်ဆိုးဟူသော စာလုံးဘေးတွင် အမာရွတ်တစ်ခုထပ်မံရရှိခဲ့၏။

ထိုကြောင့်သူမ၏မျက်နှာတစ်ခြမ်းက ပို၍ပင်အကျည်းတန်သွားတော့သည်။

နောက်ပိုင်းတွင် သူမသည် အဆက်မပြတ်ထွက်ပြေးနေရပြီး နတိဆိုးမိန်းကလေးဟု အမည်တပ်ခြင်းခံရကာ နေ့စဥ်ရက်ဆက်အမဲလိုက် ခံခဲ့ရသည်။

ထိုအချိန်မှစ၍ သူမ၏မျက်နှာကိုအနက်ရောင်ပုဝါဖြင့် ဖုံးအုပ်ထားခဲ့ပြီး

သူမ၏ကျန်သောမျက်နှာတစ်ခြမ်းကို မည်သူမျှ မမြင်ဖူးတော့ပါ။

အမှန်အတိုင်းဝန်ခံရလျှင် နင်းထောင်ကိုယ်တိုင်ပင် ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်နှာတစ်ခြမ်းကို မကြည့်ချင်ပေ။

ထို့အတူ ကျိယွမ်ကိုလည်း မမြင်စေချင်ပါ။

"နတ်ဆိုး ၁၃ ယောက်အပြင် အခြားအရေးကြီးတဲ့ လူဆိုးကြီးတွေဘာတွေများ ရှိသေးလား"

သူ၏အမြင်တွင် နင်းထောင်သည် အကြီးဆုံးခေါင်းဆောင်မဖြစ်နိုင်ပါ။

သူမ၏ထျန်းရှင်နန်းတော်သည် အစွမ်းထက်သော အင်အားစုဖြစ်သော်လည်း၊ အစွမ်းအထက်ဆုံး မဟုတ်ကြောင်း ကျိယွမ်အလိုလိုခံစားမိနေသည်။

"လူဆိုးရယ်လို့ မရှိဘူး။ တောင်ပိုင်းက ကျင့်ကြံသူတွေအတွက် မြောက်ပိုင်းက လူတွေအားလုံးဟာ လူဆိုးတွေပဲ။ မြောက်ပိုင်း ကကျင့်ကြံသူတွေအတွက် တောင်ပိုင်းက လူတွေအားလုံးဟာ လူဆိုးတွေပါ"

နင်းထောင်အလွယ်ကူဆုံးရှင်းပြလိုက်ခြင်းပင်။သို့သော် နှစ်ဘက်စလုံးက နတ်ဆိုးအိုကြီးများကို အကြီးမားဆုံးလူဆိုးကြီးများအဖြင့်ရှုမြင်ပြီး စိတ်ထဲတွင်မုန်းတီးနေကြသည်ကိုတော့ မပြောခဲ့ပါ။

"ဒီလိုလား"

ကျိယွမ်က ထိုကိစ္စကိုစိတ်ဝင်စားမှုမရှိတော့သည့်အလား ဆက်မမေးတော့ချေ။

"ဒါနဲ့ ရှင်က ဘယ်အချိန်မှ ဥထဲကပေါက်လာပြီး ကျယ်ပြောလှတဲ့ညကောင်းကင်ကို ကျွန်မနဲ့အတူတူသွားကြည့်မှာလဲ"

နင်းထောင်က အသားတုံးကြီးအားကြည့်ကာ လေးနက်စွာမေးလိုက်သည်။

ကျိယွမ်က ချက်ချင်ပြန်ဖြေ၏။

"မသွားချင်ဘူး"

သူကဂိမ်းကစားချင်၍ လာခြင်းဖြစ်သည်၊ကြယ်များကြည့်ရန် လာသည်မဟုတ်ပါ။

နင်းထောင်က စိတ်ပျက်သွားပုံမရပေ။

"ယောက်ျား လိမ်လိမ်မာမာနေပါ။ ရှင့်ရဲ့ မိန်းမက မိသားစုကိုထောက်ပံ့ဖို့ ငွေရှာသွားရတော့မယ်။"

ထို့နောက် သူမသည် ပါးလွှာသောအပေါ်ရုံတစ်ထပ် ထပ်ဝတ်ပြီး ဖိနပ်စီးကာ မြေအောက်ခန်းထဲမှ ထွက်ခွာသွားသည်။

ထျန်းရှင်နန်းတော်၏

သခင်မတစ်ဦးအနေဖြင့် သူမတွင်ကိုင်တွယ်ရန်တာဝန်များစွာ ရှိသည်။

သူမကကျောက်စိမ်းပလ္လင်ပေါ်တွင်ထိုင်ပြီး သည်နှင့် အသစ်ရောက်လာသောအမိန့်ပြန်တမ်းကို ဖတ်လိုက်သည်။

"သွေးနတ်ဆိုးတဲ့"

"အကြွင်းမဲ့နတ်ဆိုးတစ်ကောင်များ ဖြစ်နေမလား"

ထိုသို့တွေးမိပြီးနောက် သူမက သဘောကျသလိုပြုံးလိုက်၏။

သူမကိုလည်း အားလုံးက အကြွင်းမဲ့နတ်ဆိုးတစ်ကောင်ဟု သတ်မှတ်ထားကြသည်မဟုတ်ပါလား"

အနီးနားတွင်ရှိသော နန်းတွင်းအပျိုတော်များသည် နင်ထောက်၏ အပြုံးကို မြင်သောအခါ တုန်လှုပ်ချောက်ချားကာ ခေါင်းများကို ပို၍ငုံ့ထားမိကြသည်။

နင်းထောင်၏ မျက်လုံးများတွင်ရှုပ်ထွေးသော စိတ်ခံစားမှုများ ပေါ်လာ၏။

သူမအတွက် သေဝံ့သည်ဟု ပြောဆိုကြသူများသည် သူမ၏အပြုံးကိုတော့ ကြောက်ရွံ့နေကြသည်တဲ့။

ငါက နတ်ဆိုးဖြစ်နေလို့လား။

...............

ထျန်းရှင်၏ မြေအောက်နန်းတော်ထဲတွင်ဖြစ်သည်။

"ဒီ အသားတုံးက တော်တော်ထူးခြားတာပဲ။"

ကျိယွမ်သည် သူနေထိုင်သော အသားတုံးကို လေ့လာနေသည်။

သူ၏မျက်လုံးဖြင့်ကြည့်လိုက်တိုင်း မတူညီသော အဖြေများကို တွေ့နေရသည်။

ယခုတစ်ကြိမ်မှာ သူ မြင်လိုက်ရသည်မှာ...

[ကောင်းကင်၏ သွေးဆန္ဒ၊ အဆုံးစွန်သော စိတ်ဆန္ဒ။] ဟူ၍ဖြစ်နေသည်။

ပြီးခဲ့သည့် တစ်ကြိမ်က ဆိုးသွမ်းနတ်ဘုရားသွေးဟု ပြခဲ့ခြင်းဖြစ်သည်။

သူ၏မျက်လုံးများပင် မျက်စိလည်နေပုံရ၏။သို့မဟုတ် အသားတုံးကပင် ထူးဆန်းနေခြင်းလည်းဖြစ်နိုင်၏။

"ဘာပဲပြောပြောဒါက ရတနာတစ်ခု ဖြစ်ရမယ်။"

သူ၏ပုံမှန်မဟုတ်သော ဝိညာဉ်နေထိုင်မှုကြောင့် ယခုအသားတုံးတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သူသံသယရှိသည်။

၎င်း၏ ပုံသဏ္ဍာန်နှင့်ဂုဏ်သတ္တိက အဆက်မပြတ် ပြောင်းလဲနေလေ၏ ။

"ငါရထားတဲ့ ဟင်းလင်းပြင်ဝိညာဉ်သွေး ကို ဒါနဲ့ ပေါင်းစပ် လိုက်ရင်ရော"

သို့သော် ကျိယွမ်က ထိုအကြံကိုပယ်ချလိုက်သည်။

အသားတုံးအကြောင်းကို သေသေချာချာမသိသေးဘဲ ထိုသို့ရမ်းလုပ်ခြင်းက အကျိုးအမြတ်မသေချာပေ။

ဒီအသားတုံးက ဟန်ပြသပ်သပ်ဖြစ်နေရင် ငါ့ရတနာလေးဆုံးရှုံးသွားမှာပေါ့၊မဖြစ်ဘူး ရမ်းမလုပ်နဲ့။

ထိုသွေးစက်က သူကိုပို၍အစွမ်းထက်လာစေရန် မျှော်လင့်ချက်တစ်ခုပင်။

ကျိယွမ်က အသားတုံးကိုကြည့်ကာ ညည်းညူမိသည်။

"ယူသွားလို့ မရတာ နှမြောစရာပဲ။ မဟုတ်ရင် နေ့တိုင်း လေ့လာလို့ရမှာ။"

"တော်ပြီး ဒီနေရာကထွက်ပြီး ပလေးဆိုတဲ့ခလုတ်ထဲဝင်ဖို့ အချိန်ရောက်ပြီ"

ကျိယွမ်က ထိုသို့တွေးပြီး ဂိမ်းကစားမည့်နေရာသို့ ကူးပြောင်းလိုက်၏။

ရုတ်တရက် မရေမတွက်နိုင်သော ပုံရိပ်များ သည် သူ၏ စိတ်ထဲသို့ ဆက်တိုက်စီးဝင်လာသည်။

ပေသုံးဆယ်မြင့်သောမြို့ရိုးကြီးများ ကာရံထားသည့် မြို့ကြီးတစ်မြို့ရှိသည်။

လူသားကျင့်ကြံသူများနှင့်စစ်သား အမြောက်အမြားသည် မြို့ကို စောင့်ကြပ်နေကြ၏။

မြို့၏အပြင်ဘက်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများက သကြားလုံးအနားမှာပုရွတ်ဆိတ်များကဲ့သို့ အုံခဲနေပြီး မြို့ကို တိုက်ခိုက်နေကြလေသည်။

လူသားစစ်သည်များ၏ မြှားများကမိုးကဲ့သို့ ရွာကျပြီး နတ်ဆိုးများကို ထိမှန်သော်လည်း အချည်းနှီး ဖြစ်ကာ ထိရောက်မှုလုံးဝမရှိချေ။

ကြောက်မက်ဖွယ်ကောင်းသောနတ်ဆိုးများက မြို့ရိုးများကို ဝင်ရောက်စီးနင်းပြီး ရက်စက်ကြမ်းကြုတ်သော အနီးကပ်တိုက်ပွဲများ ဖြစ်ပေါ်လာ၏။

သံချပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားများကလည်း လုံးဝအရှုံးမပေးဘဲ လှံများနှင့်ဓားများကို ကိုင်ဆောင်ပြီး ရဲရင့်စွာခုခံကြသည်။

တိုက်ပွဲသည် သုံးရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေခဲ့သည်။

စစ်သည်များ၏သွေးများက မြို့ရိုးများကို တဖြည်းဖြည်းစွန်းထင်းနေပြီး ၃ ရက်မြောက်နေ့တွင် မြို့ရိုးများသည် သွေးရောင်လိမ်းခြယ်ထားသလို ပြောင်းလဲသွားတော့သည်။

သေချာပေါက် လူသားများအခြေအနေက အလွန်ဆိုးရွားနေခဲ့လေပြီ။

-------------

All Chapters