← Chapters

ကစားပွဲစတင်ခြင်း၊ ဝူကွေမြို့မှ လူသားတစ်ဦး

Vol. 7 Ch. 98

ကစားပွဲစတင်ခြင်း၊ ဝူကွေမြို့မှ လူသားတစ်ဦး

Vol. 7 Ch. 98

ဤသို့ဖြင့် ကြီးမားခန့်ညားခဲ့သော မြို့ကြီးတစ်မြို့ ကျဆုံးခဲ့လေပြီ။

စစ်ပွဲတို့၏အနိဌာရုံအတိုင်း နေရာတိုင်း၌ လူသေအလောင်းများ၊ အပျက်အစီးများ၊မီးလောင်ပြင်များနှင့် ကျောက်တုံးကျောက်ခဲများ ပြည့်နှက်နေ၏။

မြို့ထဲတွင် လူသားဟူ၍အသက်ရှင်ကျန်ရစ်သူတစ်ဦးမျှ မကျန်တော့ပါ။ရာနှင့်ချီသော နတ်ဆိုးများက မြို့ပျက်ကြီးထဲတွင်

ဟိုတစ်စဒီတစ်စ လှည့်လည်နေကြသည်။

မြှုပ်နှံပေးသူမရှိသော မြို့သူမြို့သားများ၏ အလောင်းများက မြေပြင်တစ်လျှောက်၌ ပြန့်ကျဲနေပြီး ပုပ်ပွကာအနံ့ဆိုးများပင် ထွက်နေ၏။

ဤသို့ဖြင့် တစ်လကြာပြီးနောက်တွင် လူသားစစ်တပ်တစ်ခုသည် မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ပြင်းထန်သောတိုက်ပွဲကြီးကို ရက်ပေါင်းများစွာ ဆင်နွှဲပြီးနောက် မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့လေသည်။

စစ်သည်များကို ဦးဆောင်လာသောတပ်မှူးသည် မျက်နှာတစ်လျှောက်၌ ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်ကြီးတစ်ခုရှိပြီး ကြောက်စရာကောင်းသော ရုပ်ရည်ရှိသူဖြစ်၏။

သို့သော် ငါးရက်ကြာပြီးနောက်တွင် နတ်ဆိုးများပြန်လည်ရောက်ရှိလာပြီး မြို့ကိုရက်စက်စွာ တိုက်ခိုက်ကြပြန်သည်။

နောက်ဆုံးတွင် မြို့သည် နတ်ဆိုးများလက်အောက်သို့ ပြန်လည် ကျဆုံးခဲ့ရပြန်လေ၏။

နတ်ဆိုးများက မြို့ကိုထိန်းချုပ်ထားချိန် နှစ်လခန့်ရှိသောအခါ နောက်ထပ်လူသားစစ်တပ်တစ်ခုသည် ထိုနေရာသို့ ရောက်ရှိလာ၏။

ကံမကောင်းစွာဖြင့် သူတို့သည် မြို့အပြင်၌ပင် ရှုံးနိမ့်သွားကာ အားလုံးအသတ်ခံလိုက်ရသည်။

ထို့နောက်တွင်လည်း နောက်ထပ်လူသားစစ်တပ်နောက်တစ်ခု ရောက်ရှိလာခဲ့သော်လည်း အလားတူအဆုံးသတ်ကိုသာ ရင်ဆိုင်သွားရသည်။။

နှစ်များစွာကြာသောအခါ နောက်ထပ်လူသားစစ်တပ်များ ရောက်မလာတော့ပေ။

နတ်ဆိုးများကလည်း မြို့ပျက်ကြီး၌ အစောင့်များချန်ထားခဲ့ကာ အခြားမြို့များကိုသိမ်းပိုက်ရန်ဆက်လက်ချီတက်သွားကြ၏။

ထိုသတင်းကိုကြားရသောအခါ လူသားစစ်တပ်များက မြို့ကိုသိမ်းယူရန်လာခဲ့ကြပြန်သည်။သို့သော် နတ်ဆိုးများက သတင်းကြားသည်နှင့် မြို့ထဲသို့ရောက်နေသော လူသားစစ်သည်များကို ပိတ်ဆို့ကာ တစ်ယာက်မကျန်သတ်ဖြတ်ပစ်လေ၏။

ထို့နောက်မှာတော့ များပြားသောနတ်ဆိုးများက မြို့ပျက်ကြီးကိုစောင့်နေကြသဖြင့် ထောက်ချောက်တစ်ခုအလားထင်မှတ်ကာ မည်သည့်လူသားစစ်သည်မှ ရောက်မလာတော့ပေ။

ယခုအချိန်မှာတော့ မြို့ပျက်ကြီးထဲသို့ လူငယ်တစ်ယောက်ရောက်ရှိနေခဲ့လေပြီ။

သူသည် မြေပြင်တွင်ပြန့်ကျဲနေသော ဦးခေါင်းခွံများ ခြေရိုး လက်ရိုးများနှင့် မီးလောင်ပြင်မှာ ကျန်နေခဲ့သော အပျက်အစီးအဟောင်းများကို တိတ်ဆိတ်စွာ ကြည့်နေသည်။

"လူသားတစ်ယောက် မြို့ထဲ ခြေချလိုက်တာနဲ့တစ်ပြိုင်နက် သူရဲ့သက်တမ်းကိုစတင်ရေတွက်ခြင်းခံရပြီးတော့ ဘယ်သူမှ ဆယ်ရက်ထက်ပိုပြီးအသက်မရှင်နိုင်ကြဘူးတဲ့"

ကျိယွမ်က သူရရှိခဲ့သောအချက်အလက်များကို ပြန်တွေးကြည့်သည်။

"အခု ငါရဲ့ပထမဆုံးတာဝန်က ဒီလူတစ်ယောက်မှမရှိတဲ့ မြို့ပျက်ကြီးကို ကာကွယ်ရမှာလား"

ကျိယွမ်သည် လူသူကင်းမဲ့သော မြို့ထဲ၌ တစ်ယောက်တည်းရှိနေသည်။

သူက အပြင်ဘက်သို့အနည်းငယ်လျှောက်လိုက်သောအခါ မြို့အဝင်သို့ရောက်သွားသည်။

ကျိယွမ်က အမာရွတ်များဖြင့်ပြည့်နေသော မြင့်မားသည့်မြို့ရိုးများကို မော့ကြည့်ပြီးနောက် သက်ပြင်းချလိုက်မိ၏။

အထီးကျန်ခြင်းနှင့် ဆွေးမြေ့ခြင်း ခံစားချက်တစ်ခုက သူ့ကိုလွှမ်းမိုးသွားသည်။

မြို့ရိုးပေါ်တွင် "ဝူကွေမြို့" ( ပြန်မလာရာ မြို့) ဟူ၍ စာလုံးသုံးလုံးကို ရေးထိုးထားသည်ကို တွေ့ရလေသည်။

ကျိယွမ်က သတိရသွားပြီ သူ့ကိုယ်သူ တစ်ချက်စစ်ဆေးလိုက်သည်။

"အဆင့် ၄၅၊ လား"

ယခု ဂိမ်းလောကထဲသို့ ဝင်ရောက်လာချိန်၌ သူသည် အဆင့် ၄၅ တွင် ရှိနေပါသည်။

ပထမအကြိမ်ကဲ့သို့ အဆင့် ၁ နှင့် ဝင်ရောက်လာခြင်း မဟုတ်သည့်အတွက်ကြောင့် အနည်းငယ်တော့ စိတ်ချမ်းသာသွားလေ၏။

ကျိယွမ်သည် ဂိမ်းထဲမှအဆင့် ၄၅ သည် အပြင်လောကမှ အခြေတည်ဆင့် အထွတ်အထိပ်နှင့် ညီမျှသည်ဟု ယူဆလိုက်၏။

"အဆင့် ၄၅ဆိုတော့ မဆိုးပါဘူး။ ငါ အခုပဲ နတ်ဆိုးတွေ စသတ်လို့ရပြီ"

အထီးကျန်သလိုခံစားနေရသော ကျိယွမ်၏ မျက်လုံးများက ဝမ်းမြောက်ခြင်းဖြင့် တောက်ပလာသည်။

နတ်ဆိုးများကိုသတ်ခြင်းဖြင့် သူသည်ဂိမ်းထဲ၌ အဆင့်များတက်လာတော့မည်မဟုတ်ပါလား။

ဂိမ်းထဲမှ တိုးတက်မှုသည် လက်တွေ့အပြင်လောကမှသူ၏စွမ်းအားကိုလည်း အချိုးအစားအလိုက် အကျိုးရှိစေမည်ဖြစ်၏။

သူ၏ လက်တွေ့ဘဝမှကျင့်ကြံမှုသည်လည်း လျင်မြန်စွာ တိုးတက်လာပေတော့မည်။

ကျိယွမ်က ပျော်ရွှင်စွာဟစ်အော်ရန် ပြင်လိုက်ပြီးမှ ဟာတာတာဖြစ်နေသည်ကို သတိရမိ၏။

"ငါ့မှာ လက်နက်မရှိဘူးလား၊အဲဒါဆို ဘာနဲ့သွားတိုက်ရမှာလဲ၊ဘရုစ္စလီ လုပ်ရမှာလား"

"သူသည် လူချည်းသပ်သပ် ဝင်ရောက်လာပုံရသည်။

"နေဦး ၊အဲဒါဆို သတို့သမီးလေးလည်း မပါဘူးပေါ့"

သူ၏ရင်ဘတ်ပေါ်သိူ့ စမ်းလိုက်သောအခါ မင်္ဂလာဝတ်စုံပုံတတ်တူးကို တွေ့လိုက်ရသဖြင့် ကျိယွမ်ပျော်ရွှင်သွားလေသည်။

လက်နက်မပါလာသော်လည်း ကိစ္စမရှိတော့ပါ။ သတို့သမီးလေးက သူနှင့်ပါလာခဲ့သည် မဟုတ်ပါလား။

"သတို့သမီးလေး"

ကျိယွမ်က သူမကိုခေါ်ထုတ်လိုက်၏။

ချက်ချင်းဆိုသလိုပင် ကျိယွမ်၏ဘေးနား၌ သတို့သမီးလေး၏ ပုံရိပ်ထွက်ပေါ်လာသည်။

သွေးနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ဝိုးတဝါးပုံရိပ်သည်အလွန်ဆွဲဆောင်မှုရှိနေ၏။

ကြောက်ရွံ့တတ်သောသတို့သမီးလေး၏ ဝေဝါးသောပုံရိပ်သည် ပတ်ဝန်းကျင်ကိုမြင်သွားကာ ထိတ်လန့်သွားသည်။

သို့သော် ကျိယွမ်ကို မြင်လိုက်ရသောအခါသူမသည် စိတ်သက်သာရာရသွားဟန်ဖြင့် သူ၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်လေသည်။

ကျိယွမ်က သဘောကျစွာ ပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ရှေးခေတ်တုန်းကပညာရှိတွေဟာ အနီရောင်လက်ရှည်ဝတ်ဆင်ထားတဲ့အလှမယ်တစ်ဦးအဖော်ပြုပြီး ညဘက်မှာ စာကျက်ကြတယ်တဲ့၊ အခု ငါကျိယွမ်လည်း မင်္ဂလာဝတ်စုံနဲ့သတို့သမီးတစ်ဦး အဖော်ပြုပြီးတော့ အထီးကျန်မြို့တစ်မြို့ကို ကာကွယ်နေတယ်"

ကျိယွမ်သဘောကျနေစဥ်မှာပင် မြို့ပြင်သို့ လှည့်လည်လာသော နတ်ဆိုးတပ်ဖွဲ့တစ်ခုက ကျိယွမ်ကိုတွေ့သွားကြပြီး ကြောက်မက်ဖွယ်ဟိနိးဟောက်ကာ ပြေးဝင်လာကြသည်။

လူသားများကို မြင်သည်နှင့် သတ်ဖြတ်ပစ်ရန်မှာသူတို့၏ မွေးရာပါဗီဇဖြစ်လေသည်။

ကြီးမားသောခန္ဓာကိုယ်ကြီးများပိုင်ဆိုင်သောနတ်ဆိုး တစ်ရာကျော်သည် ကျိယွမ်အားအပိုင်းပိုင်းဖြဲစုတ်ပစ်ရန်ပြေးလာကြသည်။

ကျိယွမ်က သတို့သမီးလေးအား ခေါ်လိုက်သည်။

"တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း"

ချက်ချင်းဆိုသလိုပင် သွေးနီရောင်သံချပ်ကာက ကျိယွမ်တစ်ကိုယ်လုံးဖုံးလွှမ်းသွား၏။

သူ၏ပုခုံးပေါ်မှ သွေးနီရောင်ဆူးချွန်ကြီးများက အနီရောင်အလင်းတန်းများပင် လက်လက်တောက်ပနေသည်။သွေးကျောက်များကို စားသုံးရသောကြောင့် သတို့သမီးလေးက ပိုသန်မာလာဟန်ရှိသည်။

သူ၏ အရပ်အမြင့်ကလည်း ဆယ်မီတာအထိ တဟုန်ထိုးမြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်နတ်ဆိုးကြီးတစ်ကောင်နှင့်ပင် တူနေသည်။

ကျိယွမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ယခင်တိုက်ပွဲများက ကျန်ရစ်နေခဲ့သည့် ကျိုးပဲ့နေသောဓားတစ်ချောင်းက သူ၏ လက်ထဲသို့ရောက်ရှိလာ၏။

ကျိုးပဲ့နေသောဓားသည် ချက်ချင်းဆိုသလိုပင် ပိုမိုကြီးမားရှည်လျားလာပြီး သွေးနီရောင်များဖြင့် ဖုံးလွှမ်းသွား၏။

ယခုအခါမှာတော့ ထိုဓားက အနီရောင်ဓားကြီးတစ်လက်နှင့်ပင် တူနေလေပြီ။

ကျိယွမ်က အားကြိုးမာန်တက်ပြေးလာနေသော နတ်ဆိုးများကို သူ၏ချွန်ထက်သောသွားကြီးများအား ဖြီးကာရယ်ပြလိုက်သည်။

လူသားလေးတစ်ယောက်ကို ဆွဲဖြဲပစ်မည်ဟု အားခဲကာပြေးလာသော နတ်ဆိုးများ ရုတ်တရက် ကြောင်သွားကြသည်။

၄င်းတို့၏ကြီးမားသောခန္ဓာနှင့်ကြမ်းတမ်းမာကျောသောအရည်ပြားများကြောင့် တိုက်ပွဲတိုင်းတွင် လူသားစစ်သည်တော်များကို အသာစီးရလေ့ရှိသော နတ်ဆိုးများမှာ ယခုအခါတွင် အသာစီးမရတော့မှန်းသိသွားလေပြီ။

ထိုလူသားက ရုတ်တရက် ကြီးထွားသွားပြီး သူတို့ကပင်မော့ကြည့်နေရသည် မဟုတ်ပါလား။

"လာကြလေ ၊ ဘာကြည့်နေကြတာလဲ၊"

"အေး..မင်းတို့မလာရင် ငါလာပြီကွ"

နတ်ဆိုးများက ကြီးမားသန်မာသော်လည်း ကျိယွမ်သည် ဒိုင်နိုဆောဥယျာဉ်ထဲသို့ ပျက်ကျလာသော စက်ရုပ်ကြီးတစ်ကောင်နှင့်တူနေ၏။

နတ်ဆိုးများ၏အရေပြားများက မာကျောသော်လည်း အသွေးအသားများဖြင့်ဖွဲ့စည်းထားသည်။ ကျိယွမ်ကတော့ ပြောမပြနိုင်လောက်အောင် မာကျောသောချပ်ဝတ်တန်ဆာကြီးကို ဝတ်ဆင်ထားသဖြင့် နတ်ဆိုးများ၏ တိုက်ခိုက်မှူများက ထင်သလောက် မထိရောက်တော့ပေ။

ကျိယွမ်က မရွတ်ဆိုရတာ ကြာပြီဖြစ်သောစကားလုံးကို အားရကျေနပ်စွာ အော်ဟစ်လိုက်၏။

"သတ်"

ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဆိုးဒါဇင်ပေါင်းများစွာ အတုံးအရုံး လဲကျသွားသည်။

+၄၀။

+၂၀။

+၁၀။

+၃၅။

များပြားသော အတွေ့အကြုံရမှတ်များ တရစပ်ဝင်ရောက်လာသည်ကိုမြင်သောအခါ ကျိယွမ်က ပို၍အားတတ်သွားတော့သည်။

ငါ့ရဲ့ ရမှတ်ကလေးတွေ ၊ မင်းတို့ကို လွမ်းနေတာ ။

ကျိယွမ်သည် နတ်ဆိုးများထက်ဆိုးသော နတ်ဆိုးလူဆိုးကြီးကဲ့သို့ မညှာမတာသတ်ဖြတ်တော့သည်။

သူသည် မြို့ပျက်တစ်ခုလုံးကို ရှာဖွေ၏။

သူ ရောက်ရှိရာ နေရာတိုင်းသည် ငရဲဘုံတစ်ခု ဖြစ်လာပြီး နတ်ဆိုးအားလုံးသည် သေခြင်းတရားနှင့်သာ တွေ့ဆုံခဲ့ရသည်။

ဤသို့ဖြင့် ဆယ်ရက်ကြာသောအခါ မြို့ပျက်ကြီးတစ်ခုလုံးတွင် သူသတ်စရာနတ်ဆိုးတစ်ကောင်မှ မကျန်တော့ပေ။

နောက်ဆုံးလက်ကျန် နတ်ဆိုးတစိအုပ်ကို သတ်ဖြတ်ပြီးနောက် ကျိယွမ်သည် တစ်ဝက်ပြိုကျနေသောနံရံတစ်ခုကိုမှီပြီး မောဟိုက်စွာ အသက်ရှူနေသည်။

"နောက်ဆုံးတော့ ဝူကွေမြို့ထဲမှာ နတ်ဆိုးတွေ မရှိတော့ဘူး"

သူစစ်ဆေးလိုက်သောအခါ သူ၏အဆင့်သည်လည်း ၄၉ သို့ တက်လာသည်ကို တွေ့ရ၏။

ဆယ်ရက်အတွင်းမှာပင် အဆင့်လေးဆင့် တက်လာခြင်းဖြစ်ပြီး လျင်မြန်သောနှုန်းပင် ဖြစ်ပါသည်။

ထိုအချိန်တွင် ချီယွမ်၏ နားထဲ၌ အချက်ပေးသံတစ်ခု ထွက်ပေါ်လာပါသည်။

【နတ်ဆိုးများ ရှင်းလင်းခြင်း အောင်မြင်သည်၊ သော့အပိုင်းအစ ၁ ခု ရရှိသည်။ 】

【ဝူကွေမြို့ကို စတင်ကာကွယ်ပါ၊ အချိန်ကြာကြာ ကာကွယ်လေလေ ဆုလာဘ်များ ပိုမိုကြွယ်ဝလေလေ ဖြစ်သည်။ 】

【နတ်ဆိုးများ ဝူကွေမြို့ထဲသို့ ဝင်ရောက်လာပါက ကာကွယ်မှုအခြေအနေ ပျက်ယွင်းသွားမည် ဖြစ်သည်။ 】

အချက်ပေးသံများကို ကြားရသောအခါ ကျိယွမ်သည် စိတ်အေးလက်အေး ဖြစ်သွား၏။

"ဒီကမ္ဘာကြီးဟာ ဂိမ်းကမ္ဘာမဟုတ်ဘူးလို့ ဘယ်သူပြောလဲ"

"ဒါဟာ ကစားပွဲပဲ"

"တစ်ခါတစ်လေ အစစ်အမှန်လို့ထင်ရပေမဲ့ သေချာပေါက် ငါက ဂိမ်းတစ်ခု ကစားနေတာ"

သူ ပျော်ရွှင်စွာတွေးလိုက်သည်။

သူက ရရှိသော သော့အပိုင်းအစကိုစစ်ဆေးလိုက်သော်လည်း သာမန်သော့ဖြစ်နေ၍ စိတ်အနည်းငယ်မချမ်းမသာဖြစ်သွားသည်။

ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းလိုဟာမျိုးလေး ပေးပါလား၊ ဒါက ဘာလုပ်ရတဲ့သော့လဲ။

ထို့နောက် ကျိယွမ်သည် ကျိုးပဲ့နေသော ဓားကို ကိုင်ဆောင်လျက် သတို့သမီးလေးကို ပွေ့ဖက်ပြီး နှစ်ယောက်သား မြို့ရိုးပေါ်သို့ ရောက်လာ၏။

ယခုအချိန်မှစ၍ သူကမြို့ကို တစ်ယောက်တည်းကာကွယ်ရတော့မည်။

ကျိယွမ်က သတို့သမီးလေးနှင့်အတူထိုင်လျှက် မြို့ပျက်ကြီး၏ အပြင်ဘက်ရှုခင်းကို အပေါ်စီးမှ ကြည့်နေမိသည်။

နေရာတိုင်းကခြောက်သွေ့နေသည်။ကန္တာရဖြစ်သောကြောင့် ကောင်းကင်တစ်ခုလုံး အဝါရောင်သဲများဖြင့် ပျံ့လွင့်နေ၏ ။တစ်ခါတစ်ရံ ပြင်းထန်သောလေများ တိုက်ခတ်နေကာ မြင်ကွင်းကို သဲများကဖုံးလွှမ်းသွားတတ်သေးသည်။

ကျိယွမ်သည် သူ၏ဓားပဲ့ကို မြို့ရိုးကြမ်းပြင်တွင် ထိုးစိုက်ထားပြီး သတို့သမီးလေးကို ပွေ့ဖက်လျှက် သဲကန္တာရရှုခင်းကို သူမနှင့်အတူ ကြည့်ရှုနေခဲ့သည်။

ညရောက်လျှင် သူသည်မြို့ရိုးအောက်တွင် မြေကျင်းတူးပြီး သတို့သမီးလေးနှင့်အတူ အိပ်စက်၏။

တစ်ခါတရံ ရောက်လာတတ်သောနတ်ဆိုးများကို အာရုံခံမိလျှင် သူကဓားတစ်ချက်ဖြင့် အမြစ်ဖြတ်ပေးလိုက်သည်။

"နောက်ထပ် နတ်ဆိုးလှိုင်း ဘယ်တော့ တိုက်ခိုက်လာမလဲ မသိဘူး"

မြို့ရိုးပေါ်မှနေ၍ တာဝါများကို ကာကွယ်ရသောဂိမ်းများ၏ပုံစံမှာ ရန်သူများက Wave တစ်ခုပြီးတစ်ခု လာတတ်ကြသည်ကို သူမှတ်မိနေသည်။

ဤသို့ဖြင့် ကျိယွမ်နှင့်သတို့သမီးလေးတို့သည် မြို့ရိုးပေါ်၌ နေ့စဥ်ထိုင်နေကြသော်လည်း မည်သည့်နတိဆိုးမှ ရောက်မလာခဲ့ပေ။

သို့သော်ကျိယွမ်က မပေါ့ဆရဲပါ။

ဉာဏ်နီဉာဏ်နက်များသော နတ်ဆိုးပေါက်စတစ်ကောင်က သူ၏အလစ်ကိုချောင်းကာ မြို့ထဲသို့ ခိုးဝင်လာနိုင်ခဲ့လျှင်

သူ၏ကာကွယ်မှုအခြေအနေသည် ပျက်ယွင်းသွားမည် ဖြစ်ပါသည်။

ထိုအခါ သူ၏မစ်ရှင်က ကျရှုံးသွားလိမ့်မည်။

သို့သော်လည်း နတ်ဆိုးများ မလာ၍လည်းမဖြစ်ပြန်ချေ။ ၄င်းတို့မရှိပြန်လျှင်လည်း သူကအတွေ့အကြုံရမှတ်များ မရနိုင်တော့ပါ။

လာကြပါတော့လို့ ၊ ငါတို့လင်မယား တော်တော်ပျင်းနေပြီ။

ထိုအချိန်မှာပင် အဝေးရှိသဲကန္တာရထဲ၌ သံချပ်ကာဝတ်စုံဝတ်ထားသော စုတ်ပြတ်နေသည့် ပုံပန်းသဏ္ဍာန်နှစ်ခုသည် ကျိယွမ်၏ အာရုံကို ဖမ်းစားလိုက်သည်။

.............

ဝူကွေမြို့၏ အဝေးတစ်နေရာတွင်ဖြစ်သည်။

"အဟွတ်၊ အဟွတ်..."

မောဟိုက်စွာချောင်းဆိုးနေသော ကျန်ရှန်း သည် အဝေးဆီမှမြင့်မားသော မြို့ရိုးများကို မြင်တွေ့ရသောအခါ မျက်ရည်များဝဲလာပြီး တီးတိုးရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ ရောက်ပြီ"

ကျန်ရှန်း၏ဘေးနား၌ရှိနေသော ဖျော့တော့နေသည့်ချန်ကျောင်းက ကောင်းနေသေးသော လက်တစ်ဖက်ဖြင့် ရေဗူးကိုလှမ်းပေးနေသည်။သူ၏အခြားလက်တစ်ဖက်မှာ ပြင်းထန်စွာထိခိုက်ထားပြီး အပိုင်းပိုင်းကျိုးနေ၏။

"ရှန်း၊ ရေသောက်လိုက်ပါ။ ငါတို့ ဝူကွေမြို့ကို အတူတူသိမ်းပိုက်ကြမယ်"

ထိုရေအိတ်ထဲတွင် သူတို့၏ နောက်ဆုံးကျန်ရှိသောရေများ ရှိ၏။

ဝူကွေမြို့ကို အားဖြည့်ရန်တပ်သားများအဖြစ် စုန့်တပ်ရင်းတွင် စစ်သား ၁,၇၂၃ ယောက် ပါဝင်ခဲ့သည်။

တပ်မှူး၏ အမည်မှာ လီယွမ် ဖြစ်ပြီး တစ်ချိန်က မဟာရှားတိုင်းပြည်တွင် ကျော်ကြားသော ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့သည်။

ယခုအခါ ဝူကွေမြို့သည် မဟာရှားတိုင်းပြည်၏လက်အောက်တွင် မရှိတော့သည်မှာ ဆယ်နှစ်ကျော်ကြာခဲ့လေပြီ။

၎င်းသည် ဆုံးရှုံးသွားသော မြို့ပေါင်း ၁၀၈,၀၀၀ အနက်မှ တစ်ခုလည်းဖြစ်သည်။

လွန်ခဲ့ခြောက်လခန့်က မဟာရှား၏ဘုရင်သည် ဝူကွေမြို့ကို ပြန်လည်သိမ်းပိုက်ရန်ဆုံးဖြတ်ခဲ့၏။သူက စစ်သားများစုဆောင်းရန်အတွက် တိုင်းပြည်၏အရင်းအမြစ်များကို ကုန်ခမ်းသည်အထိ အသုံးပြုခဲ့သည်။

ထို့နောက် ဝူကွေမြို့သို့ စေလွှတ်ခဲ့သော်လည်း လမ်းခရီးတွင် နတ်ဆိုးစစ်တပ်တစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့လေ၏။

ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ကျန်းရှန်းနှင့် ချန်ကျောင်းတို့နှစ်ဦးတည်းသာ အလောင်းပုံကြားမှ နိုးထလာကာ အသက်ရှင်ကျန်ခဲ့ကြသည်။

ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း သူတို့သည် ဝူကွေမြို့သို့ ဦးတည်ကာ မြို့ရိုးပေါ်တွင် မဟာရှား၏ အလံကို စိုက်ထူရန် ဆက်လက်ထွက်ခွာခဲ့ကြသည်။

အလံကိုစိုက်ထူလိုက်သည်နှင့်တစ်ပြိုင်နက် ဝူကွေမြို့သည် မဟာရှား၏ပိုင်နက် ဖြစ်နေသေးသည်ကို ဖော်ပြသည်။

ဝူကွေမြို့သည် လုံးဝဆုံးရှုံးသွားပြီဟု မယူဆနိုင်တော့ပေ။

အကယ်၍ မြို့တစ်မြို့ကို နတ်ဆိုးများက နှစ်တစ်ရာကျော်ကြာအထိ သိမ်းပိုက်ထားနိုင်ပါက ၎င်းသည် လူသားများ၏ပိုင်နက်မဟုတ်တော့ဘဲ နတ်ဆိုးများက အပြီးတိုင်ပိုင်ဆိုင်သွားပြီဖြစ်သည်။

တစ်ဖက်က ပြန်လည်သိမ်းပိုက်ပြီး နှစ်တစ်ရာကြာအောင် ကာကွယ်နိုင်ခြင်းမရှိပါကလည်း ထို့သို့သာသတ်မှတ်၏ ။

သို့သော် ဝူကွေမြို့ကို လူသားများအနေဖြင့် ပြန်လည်သိမ်းပိုက်ရန် ခကိခဲလှသည်။

၄င်းသည် အလွန်ဝေးကွာသလို ဝူကွေမြို့သို့ သွားသော စစ်သားများသည် ဆုတ်ခွာစရာလမ်းလည်း မရှိပါ၊ လက်ရှိအနေအထားအရထောက်ပံ့ရေးပစ္စည်းများကလည်း မလုံလောက်ခဲ့ပေ။

အရှင်းဆုံးပြောရလျှင် ထိုစဥ်ကစစ်သည်များမှာ သေလမ်းကို သိသိကြီးနှင့်အပြင်းချီတက်ခဲ့ကြခြင်းပင်။

အဘယ့်ကြောင့်နည်း ။

ဝူကွေမြို့သည် အရေးပါသောနေရာတစ်ခုဖြစ်ပြီး နတ်ဆိုးများအောက်သို့ အပြီးအပိုင်ကျရောက်သွား၍မဖြစ်သောကြောင့်ပင်ဖြစ်လေသည်။

ထို့ကြောင့် သူတို့သည် နောက်ဆုံးလက်ကျန်အင်အားဖြင့် ဝူကွေမြို့အား နတ်ဆိုးများပိုင်ဆိုင်မှုမှ နှောက်ယှက်ရန်ကြိုးစားခဲ့ကြခြင်းဖြစ်လေသည်။

"မြို့ရိုးပေါ်မှာ အလံတတ်မလွှင့်နိုင်တာ ဆိုးလွမ်းတယ်"

ချန်ကျောင်းကမြင့်မားသော မြို့ရိုးဆီမျှော်ကြည့်ကာ မြည်တမ်းလိုက်သည်။

သူတို့မျိုးရိုးသည် သားသတ်သမားများဖြစ်သောကြောင့် ချန်ကျောင်းသည်လည်း သာသတ်သမား ဖြစ်ခဲ့သည်။

သို့သော် တောင်နှင့်မြောက်စစ်ပွဲကြီးစတင်သောအခါ သူ၏ညီအစ်ကိုဝမ်းကွဲနှင့် ဖခင်တို့သည် ဝူကွေမြို့တွင် သေဆုံးခဲ့ကြရသည်။

လက်ရှိတွင် သူတို့မျိုးမိသားစုတွင် မ သူတစ်ဦးတည်းသာ နောက်ဆုံးကျန်ရှိလေတော့သည်။

ကျန်းရှန်းသည် မြို့တော်ကင်းစောင့်တပ်အရာရှိတစ်ဦးဖြစ်ပြီး သူ၏ဖခင်သည်လည်း မြို့တော်ကင်းစောင့်အရာရှိချုပ် ဖြစ်သည်။

ချန်ကျောင်းနှင့်ယှဥ်လျှင် ကျန်းရှန်းသည် ငွေဇွန်းကိုက်မွေးဖွားလာသူပင်။

သို့သော် ကျန်းရှန်းသည် သူရဲကောင်းလုပ်ရသည်ကို နှစ်သက်ပြီး အကောင်းဆုံးဝတ်ဆင်ကာ ခုန်ပေါက်ရိုင်းစိုင်သောမြင်းများကို စွန့်စားစီးနင်းတတ်သူဖြစ်သည်။

ဤတစ်ကြိမ်တွင်လည်း သူသည် ဖခင်၏ အကြံဉာဏ်ကို ဆန့်ကျင်ပြီး စစ်တပ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ကာ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်လေ၏။

ကျန်ရှန်းသည် ဝူကွေ့မြို့အား အားနည်းသောမျက်ဝန်းများဖြင့် ကြည့်ကာပြောလိုက်သည်။

"ဝူကွေမြို့က မဟာရှားရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့တာ ဆယ်နှစ်ကျော်ကြာ ပြီ။ငါတို့သာ အလံစိုက်နိုင်လိုက်ရင် မဟာရှားရဲ့စစ်သည်တော်နဲ့ပြည်သားတွေ အားတက်လာကြမှာပဲ"

ကျန်ရှန်း၏ အဘိုးသည်လည်း ဝူကွေမြို့တွင် သေဆုံးခဲ့သည်။

သူသည်မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး အစ်ကိုကြီးများက ဖခင်ကို ဂရုစိုက်ပေးမည်ဖြစ်သောကြောင့် နောက်ဆံမတင်းဘဲ သူ ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။

"အဟွတ် အဟွတ်.."

"ဝေါ့.."

စကားပြောနေစဥ်မှာပင် တစ်ယောက်က ချောင်းဆိုးကာ သွေးများစီးကျလာသလို ကျန်သောတစ်ယောက်ကလည်း သွေးမည်းများ အန်လိုက်၏။

သူတို့နှစ်ဦး၏ဒဏ်ရာများက ပြင်းထန်ပြီး အချိန်မရွေးအသက်ပါသွားနိုင်ပုံရလေသည်။

"မဟာရှားရဲ့ အညံ့မခံတဲ့ သူရဲကောင်းတွေနဲ့အတူ မြေမြှုပ်ခံရတာကို ငါဘယ်တော့မှ နောင်တမရဘူး"

သားသတ်သမားဖြစ်သော်လည်း ချန်ကျောင်းသည် စာပေဆန်သော စကားစုများ သုံးရသည်ကို နှစ်သက်သူဖြစ်သည်။

"တစ်ခုတည်းသော နောင်တကတော့ ငါတို့ ဘိုးဘေးတွေအတွက် သင်္ချိုင်းဂူတွေ မတည်ဆောက်နိုင်ခဲ့တာပဲ"

ကျန်ရှန်းက သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး သူ၏အကြည့်သည် ခိုင်မာပြတ်သားနေသည်။

ဝူကွေမြို့ထဲသို့ ဝင်ရောက်ရန်ကြိုးစားသည်နှင့် နတ်ဆိုးများ၏တိုက်ခိုက်ခြင်းခံရမည်ကိုသိသော်လည်း သူတိူ့ကနောက်မဆုတ်တမ်းဝင်မည်ဖြစ်သည်။

နတ်ဆိုးများနှင့်မတိုက်ခိုကိလျှင်ပင် သူတို့၏ ဒဏ်ရာများကြောင့် ဆယ်ရက်ထက်ပိုအသက်မရှင်နိုင်တော့ပါ။

ချန်ကျောင်းကလည်း ကောင်းနေသောလက်တစ်ဖက်ဖြင့် သူ၏ဓားကိုထုတ်ကိုင်လိုက်သည်။

သူတို့က နောင်တရစရာမရှိပါ။

ထိုအချိန်မှာပင် ကျန်ရှန်း၏မျက်ခုံးများက ကျုံ့သွားကာ တစ်စုံတစ်ခုကို အာရုံစိူက်ကာကြည့်လိုက်၏။

ထို့နောက် "မြို့ရိုးပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်" ဟု သူ အော်လိုက်သည်။

ချန်ကျောင်းက အံ့အားသင့်သွားသော်လည်း မယုံကြည်နိုင်ဖြစ်နေသည်။

ဝူကွေမြို့ ပျက်စီးသွားခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်လေ၏။မည်သည်နည်းဖြင့် လူတွေရှိနေနိုင်မည်နည်း။

နတ်ဆိုးများသာဖြစ်လိမ့်မည်။

သူတို့နှစ်ဦးမှာ ဒဏ်ရာများပြင်းထန်လွန်းသဖြင့် အမြင်အာရုံများပါ ချို့ယွင်းသွားသည်လား။

အမြင်မှားနေခြင်းဖြစ်နိုင်သည်။

ကျန်ရှန်းနှင့်ချန်ကျောင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း နားမလည်နိုင် ဖြစ်နေကြသည်။

"သွားကြည့်ရအောင်"

"အေး မထူးတော့ဘူး"

ကျန်ရှန်းနှင့်ချန်ကျောင်းတို့သည် ဝူကွေမြို့ဆီသို့ သူတို့၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။

သို့သော် သူတို့ပိုမိုနီးကပ်လာလေလေ ပို၍ အံ့အားသင့်လာလေလေ ဖြစ်သည်။

ဝူကွေမြို့သည် ထူးဆန်းစွာတိတ်ဆိတ်နေပြီး မည်သည့်နတ်ဆိုး၏ အော်သံမှ မကြားရပေ။

၎င်းသည် သူတို့ရရှိခဲ့သော သတင်းအချက်အလက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

သတင်းများအရဆိုလျှင် ဝူကွေမြို့သည် နတ်ဆိုးများနှင့် ပြည့်နှက်နေသင့်သည်။

ထို့နောက်မှာတော့ သူတို့သည် မြို့ရိုးပေါ်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရ၏။

မြို့ရိုးပေါ်တွင် အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ထိုင်နေ၏။

ကျိုးပဲ့နေသောဓားကို ကိုင်ဆောင်ထားပြီး

အရုပ်တစ်ခုအလား ငြိမ်သက်သည်။

သူ၏ပုံသဏ္ဍာန်သည် ပိန်သွယ်သော်လည်း သေချာပေါက် လူသားတစ်ဦး ဖြစ်သည်။

"ဘယ်… ဘယ်သူလဲ"

ချန်ကျောင်းသည် သတ္တိကိုမွေးပြီး မေးလိုက်သည်။

မြို့ရိုးပေါ်မှ အနက်ရောင်ဝတ်အမျိုးသားသည် အနည်းငယ်လှုပ်ရှားလာပြီး သူတို့ကို ကြည့်လာ၏။

"ဝူကွေမြို့ရဲ့ ကာကွယ်သူ"

သူ၏အသံက တည်ငြိမ်သော်လည်း ပြတ်သားလှ၏။

ချန်ကျောင်းနှင့် ကျန်ရှန်းတို့သည် တုန်လှုပ်သွားပြီး စိတ်ခံစားမှုများကသူတို့ကို လွှမ်းမိုးသွားသည်။

ဝူကွေမြို့သည် လုံးဝမကျဆုံးသေးသည်မှာ ဖြစ်နိုင်ပါသလား။

ဤနေရာ၌ မဟာရှား၏လူများ ရှိနေသေးပြီး ကျိုးပဲ့နေသော ဓားတစ်ချောင်းဖြင့် အမျိုးသားတစ်ဦးက ဝူကွေ့မြို့အား ကာကွယ်နေ၏။

မည်သို့ဖြစ်နိုင်မည်နည်း။

ကျန်ရှန်းက သူ့ကိုယ်သူမိတိဆက်လိုက်သည်။

"ကျွန်တော်က မဟာရှားရဲ့စုန့်တပ်ရင်းက စစ်သား ကျန်ရှန်းပါ"

"ကျွန်တော်ကတော့ မဟာရှားရဲ့ စုန့်တပ်ရင်းက စစ်သား ချန်ကျောင်းပါ"

သူတို့၏မိတ်ဆက်သံကို ကြားသောအခါ ကျိယွမ်က သဘောပေါက်သွားသည်။

"ဒီနေရာကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ NPC တွေရောက်လာတာလား"

------

All Chapters