← Chapters

အခန်း (၁၆၈၄)

Vol. 113 Ch. 1684

အခန်း (၁၆၈၄)

Vol. 113 Ch. 1684

အဂ္ဂိရတ်ခန်းမမှ အဂ္ဂိရတ်သခင်တိုင်းသည် တင်းကျပ်သော အကဲဖြတ်မှုများကို ခံယူရသည်။

သာမန်အဆင့်ခြောက်နှင့်အောက်ရှိ အဂ္ဂိရတ်သခင်များသည် မည်သည့် ကန့်သတ်ချက်မှမရှိဘဲ အချိန်မရွေး အကဲဖြတ်ရန် လျှောက်ထားနိုင်သည်။

အဆင့်၇ သို့မဟုတ် အဆင့်၇ အထက်ရှိ အဂ္ဂိရတ်သခင်များသည် အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲ ဦးဆောင်မှုဖြင့် ၁နှစ်လျှင် တစ်ကြိမ်သာ အကဲဖြတ်မှုကို ရရှိကြသည်။

ကျရှုံးခဲ့လျှင် နောက်၁နှစ်အထိ စောင့်ဆိုင်းပြီးမှသာ အကဲဖြတ်မှုကို ပြန်လည် ဖြေဆိုနိုင်မည်ဖြစ်၏။

နတ်အဆင့် အဂ္ဂိရတ်သခင်များ အတွက်မူ ၃နှစ်တွင် တစ်ကြိမ် အကဲဖြတ်ခွင့်ရရှိမည် ဖြစ်သည်။

ယနေ့သည် အဂ္ဂိရတ်ခန်းမ၏ အဆင့်၉ အဂ္ဂိရတ်သခင်အတွက် အကဲဖြတ်သည့်နေ့ ဖြစ်သည်။

အဂ္ဂိရတ်ခန်းမ၏ အကဲဖြတ်မှု တာဝန်ခံ အကြီးအကဲနှစ်ဦး ဖြစ်သော ဟော်ယွမ်ဟုန်နှင့် ဖန်ယဲ့တို့သည် အစောပိုင်းကတည်းကပင် အကဲဖြတ်ခန်းမကို ရောက်ရှိနေခဲ့ကြသည်။

သူတို့ရှေ့တွင် လူငယ် အယောက်၂၀ကျော်သည် တိတ်တဆိတ် ရှိနေခဲ့ကြပြီး အကဲဖြတ်မှု စတင်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

"ဒီကောင်လေး အခုထိ မလာသေးဘူးလား"

အနီ‌ရောင်ဝတ်အဘိုးအို ဟော်ယွမ်ဟုန်သည် ခန်းမကို အနည်းငယ် အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ဟော်ယွမ်ဟုန် ဆိုလိုသော‌ ကောင်လေးမှာ လွန်ခဲ့သော ၁လက အဆင့်၈ အဂ္ဂိရတ်သခင် အကဲဖြတ်ပွဲတွင် တောက်ပခဲ့သော ကျန်းချန် ဖြစ်သည်။

ထိုကောင်လေး ကျန်းချန်၏ စွမ်းရည်ဖြင့်ဆိုလျှင် အဆင့်၉ အဂ္ဂိရတ်သခင် ဖြစ်လာရန် မခက်ခဲပေ။

ဤတစ်ကြိမ်တွင် သူသည် သာမန်အဆင့်၉ အဂ္ဂိရတ်သခင် အကဲဖြတ်မှုအတွင်း ကျန်းချန်ကို မတွေ့ရသောကြောင့် စိတ်ပျက်သွားခဲ့သည်။

"ဟားဟား အကြီးအကဲဟော်.. မင်းက သတင်းနည်းနည်းနောက်ကျနေပြီ ထင်တယ်"

အနက်ရောင်ဝတ် အဘိုးအိုဖန်ယဲ့က ခေါင်းခါရမ်းကာ ရယ်မောလိုက်သည်။

"အဲဒီကောင်လေးရဲ့ အရည်အချင်းနဲ့ဆိုရင် သာမန်အဆင့်၉ အဂ္ဂိရတ်သခင် အကဲဖြတ်မှုက သူ့အတွက် ကလေးသာသာပဲ"

ထိုစကားကိုကြားလျှင် ဟော်ယွမ်ဟုန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

"အကြီးအကဲဖန် မင်းစကားက ဘာအဓိပ္ပါယ်လဲ"

"သိပ်မကြာခင်က မစ်ရှင်ခန်းမမှာ တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခုကို ရရှိခဲ့တယ်.. လျှို့ဝှက်ဆန်းကြယ်တဲ့ တပည့်တစ်ယောက်က စစ်ခုံရှင်းနဲ့ ယှဥ်ပြိုင်ခဲ့ပြီး စစ်ခုံရှင်းကို အနိုင်ရခဲ့တယ်"

ဖန်ယဲ့က အလေးအနက် ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ဟော်ယွမ်ဟုန်၏ မျက်ဝန်းများသည် တောက်ပလာခဲ့သည်။

ထို့နောက်တွင် သူက တအံ့တသြ မေးလိုက်သည်။

"စစ်ခုံရှင်းကို အနိုင်ယူခဲ့တဲ့သူက ဟိုကောင်လေး ကျန်းချန်လို့ မင်းဆိုလိုချင်တာလား"

"စစ်ခုံရှင်းရဲ့ပါရမီနဲ့ အဂ္ဂိရတ်လမ်းစဥ် အပေါ် အောင်မြင်မှုတွေကို မင်းနဲ့ငါက အသိဆုံးပဲ.. အဂ္ဂိရတ်ခန်းမထဲက လူငယ်မျိုးဆက်တွေထဲမှာ သူ့ကို အနိုင်ယူနိုင်တဲ့သူက အနည်းငယ်လောက်ပဲ ရှိတယ်"

ဖန်ယဲ့က ခါးသီးစွာ ပြုံးလိုက်သည်။

"အဲဒီကောင်လေးက လွဲရင် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တပည့်က ဘယ်သူဖြစ်နိုင်မှာလဲ.. ငါ့အထင် ဒီကောင်လေးက လုံးဝသာမန်မဟုတ်ဘူး"

ဖန်ယဲ့၏ စကားကိုကြားလျှင် ဟော်ယွမ်ဟုန်သည် ခဏမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

စစ်ခုံရှင်းသည် နတ်အဆင့် အဂ္ဂိရတ်သခင် အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထိုကောင်လေးသာ စစ်ခုံရှင်းကို အနိုင်ယူနိုင်ခဲ့လျှင် ထိုကောင်လေးသည် အနည်းဆုံး နတ်အဆင့် အဂ္ဂိရတ်သခင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီး ဒုတိယအဆင့်သို့ပင် ရောက်ရှိနေလောက်သည်။

ထို့နောက်တွင် ဟော်ယွမ်ဟုန်သည် ခေါင်းခါလိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ အဆင့်၉ အဂ္ဂိရတ်သခင် အကဲဖြတ်မှုကို စတင်ကြောင်း ကြေညာခဲ့သည်။

ဤအကဲဖြတ်မှု ပြီးဆုံးသွားလျှင် မစ်ရှင်ခန်းမသို့ ကိုယ်တိုင်သွားရောက်ပြီး စစ်ခုံရှင်းကို ထိုကောင်လေးက မည်ကဲ့သို့ အနိုင်ယူခဲ့သည်ကို ရှာဖွေမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

--------------

မစ်ရှင်ခန်းမ၏ အမှတ်(၁၆) လျှို့ဝှက်ခန်းထဲတွင် ကျန်းချန်သည် မီးဝိညာဥ် နတ်ဆေးလုံးကို စနစ်တကျ သန့်စင်နေခဲ့သည်။

"ဒင်.. သင်က မီးဝိညာဥ်နတ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် ၁၀သိန်းကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က မီးဝိညာဥ်နတ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် ၁၀သိန်းကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က မီးဝိညာဥ်နတ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် ၁၀သိန်းကို အဆ ၁၀၀ ရရှိပါတယ်"

".........."

မီးဝိညာဥ်နတ်ဆေးလုံးသည် နတ်အဆင့်ဆေးဝါး ဖြစ်သောကြောင့် သာမန်အဆင့် ဆေးဝါးထက် သန့်စင်ရန် အချိန်ပိုမိုကုန်သည့်အပြင် ပိုမို၍လည်း အားစိုက်ထုတ်ရသည်။

ကျန်းချန်သည် တစ်ခါ သန့်စင်ရန်အတွက် ၁နာရီကျော် အချိန်ယူရ၏။

တစ်နေ့တာ၏ အဆုံးသတ်တွင် ကျန်းချန်သည် မီးဝိညာဥ် နတ်ဆေးလုံး ၁၀လုံးကိုသာ အများဆုံး သန့်စင်နိုင်ခဲ့သည်။

ဆေးလုံးခွဲနည်းစနစ်ကို အသုံးပြုခဲ့လျှင်ပင် ကျန်းချန်သည် တစ်နေ့လျှင် မီးဝိညာဥ်နတ်ဆေးလုံး အလုံး၃၀ကိုသာ သန့်စင်နိုင်ခဲ့သည်။

ထို့အပြင် မီးဝိညာဥ်နတ်ဆေးလုံးကို သန့်စင်ခြင်းသည် ဧကရာဇ်ယွမ်ဆေးလုံးကို သန့်စင်ခြင်းထက် ပိုမို၍ အားအင်စိုက်ထုတ်ရသည်။

လက်ရှိတွင် ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ရောက်ရှိနေပြီး အသက်လမ်းစဥ်၏ မူလစွမ်းအားကို နားလည်ထားသည့် အပြင် အသက်သစ်ကိုင်း ကဲ့သို့ အဖိုးမဖြတ်နိုင်သော ရတနာကို ပိုင်ဆိုင်ထားသော်လည်း ကုန်ခန်းသွားသော အားအင်ကို ပြန်လည် ဖြည့်တင်းရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် ကျန်းချန်သည် အားအင်ကုန်ခန်းသွားသည့် အချိန်များတွင် ၁နာရီ သို့မဟုတ်၂နာရီခန့် ကျင့်ကြံကာ သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိစေရန် အချိန်ယူခဲ့ရသည်။

ဤသို့ဖြင့် ကျန်းချန်သည် မီးဝိညာဥ်နတ်ဆေးလုံး ၈၀၀ကို သန့်စင်ရန်အတွက် အချိန်၁လ လုံးလုံး ယူခဲ့ရ၏။

ထို့အပြင် နတ်အဆင့်အဂ္ဂိရတ်သခင် ပထမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ တိုးတက်မှုနှုန်းသည် သံသယဖြစ်ဖွယ်ရာမရှိ နှေးကွေးသွားခဲ့သည်။

မီးဝိညာဥ်နတ်ဆေးလုံး ၈၀၀ကို သန့်စင်ခြင်းမှ ရရှိသော အတွေ့အကြုံ ရမှတ်များသည် ကျန်းချန်ကို နတ်အဆင့် အဂ္ဂိရတ်သခင် ဒုတိယအဆင့်သို့ ထိုးဖောက်စေနိုင်ခြင်း မရှိခဲ့ပေ။

ပစ္စည်းအစုံ ၈၀၀တွင် ကျန်းချန်သည် စုစုပေါင်း ၇၉၄လုံး သန့်စင်နိုင်ခဲ့သည်။

ကျန်းချန်က မစ်ရှင်ခန်းမကို အပ်ရန် ဆေးလုံး ၄၀၀ကို ချန်ထားခဲ့ပြီး ကျန်ရှိသော ဆေးလုံး၃၉၄လုံးကို ပဲလှော်များကဲ့သို့ အကုန်ဝါးစားလိုက်သည်။

မီးဝိညာဥ်နတ်ဆေးလုံးသည် နတ်အဆင့်ဆေးဝါး ဖြစ်၍ မီးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို တိုးတက်စေရန် ကူညီပေးနိုင်စွမ်း ရှိသည်။

မီးဝိညာဥ်နတ်ဆေးလုံး ၁လုံးသည် သူ၏ မီးလမ်းစဥ် ဥပ‌ဒေသစွမ်းအားကို အတွေ့အကြုံရမှတ် များစွာ ပေးနိုင်ခြင်းမရှိသော်လည်း ခြင်သည် မည်မျှပင် သေးငယ်စေကာမူ အသားသည် အသားသာ ဖြစ်သည်။

မီးဝိညာဥ်နတ်ဆေးလုံး ရာပေါင်းများစွာကို စားသုံးပြီးနောက်တွင် သူ၏ မီးလမ်းစဥ်ဥပဒေသ မူလစွမ်းအားသည် အနည်းငယ် တိုးတက်လာခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်သည် မစ်ရှင်ခန်းမတွင် မီးဝိညာဥ်နတ်ဆေးလုံးကို အပ်နှံလိုက်ပြီး မစ်ရှင်ခန်းမသို့ ခဏခဏ သွားရောက်ရသည့် ဒုက္ခကို ရှောင်ရှားရန်အတွက် တစ်ချိန်တည်းတွင် မစ်ရှင် များစွာကို လက်ခံခဲ့သည်။

ယင်းမှာ နတ်အဆင့်ဆေးဝါးများ ထဲတွင် ပထမအဆင့် ဖြစ်သည့် ဖုန်ရှင်းနတ်ဆေးလုံး အတွက် ပစ္စည်းအစုံ ၁၀၀၀၊ ဒုတိယအဆင့် ခရမ်းရောင်မီးထျန်းယွမ်ဆေးလုံး အတွက် ပစ္စည်းအစုံ ၃၀၀၀၊ တတိယအဆင့် မီးဝိညာဥ်ကျောက်စိမ်းဆေးလုံး အတွက် ပစ္စည်းအစုံ ၅၀၀၀။

ဤပစ္စည်းများကို လက်ခံပြီးနောက်တွင် ကျန်းချန်သည် လူလတ်ပိုင်းအရွယ် တာဝန်ခံ၏ မှင်တက်နေသော အကြည့်အောက်မှာပင် အမှတ်(၁၆)ခန်းမသို့ ပြန်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ကျန်းချန်သည် မစ်ရှင်များစွာကို တစ်ပြိုင်နက် လက်ခံခဲ့သည်။

သူ၏ ရည်ရွယ်ချက်က နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့်ကို တိုက်ရိုက် ထိုးဖောက်ရန် ဖြစ်သည်မှာ ထင်ရှား၏။

လျှို့ဝှက်ခန်းထဲသို့ ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ဆေးဝါးများကို စတင် သန့်စင်ခဲ့သည်။

၁လခန့် ကြာပြီးနောက်တွင် နတ်အဆင့်ဆေးဝါးများ ထဲတွင် ပထမအဆင့် ဖြစ်သည့် ဖုန်ရှင်းနတ်ဆေးလုံး အစုံ၈၀၀ကို သန့်စင်နိုင်ခဲ့သည်။

ထို့နောက်တွင်မူ ကျန်းချန်သည် နတ်အဆင့် အဂ္ဂိရတ်သခင် ဒုတိယအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့၏။

နောက်ထပ် ၅လအကြာတွင် ကျန်းချန်သည် ဖုန်ရှင်းနတ်ဆေးလုံး အစုံ၂၀၀နှင့် ခရမ်းရောင်မီးထျန်းယွမ် ဆေးလုံး အစုံ၂၇၀၀ကျော်ကို သန့်စင်နိုင်ခဲ့ပြီး နတ်အဆင့် အဂ္ဂိရတ်သခင် တတိယအဆင့်သို့ ထိုးဖောက်နိုင်ခဲ့သည်။

နတ်အဆင့်အဂ္ဂိရတ်သခင် တတိယအဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် မရပ်တန့်သေးဘဲ ဆေးဝါးများကို ရူးသွပ်စွာ ဆက်လက် သန့်စင်နေခဲ့၏။

"ဒင်.. သင်က နတ်အဆင့်ဆေးဝါးများထဲမှ တတိယအဆင့်ဖြစ်တဲ့ မီးဝိညာဥ်ကျောက်စိမ်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် သိန်း၅၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နတ်အဆင့်ဆေးဝါးများထဲမှ တတိယအဆင့်ဖြစ်တဲ့ မီးဝိညာဥ်ကျောက်စိမ်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် သိန်း၅၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နတ်အဆင့်ဆေးဝါးများထဲမှ တတိယအဆင့်ဖြစ်တဲ့ မီးဝိညာဥ်ကျောက်စိမ်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် သိန်း၅၀ကို အဆ ၁၀၀ ရရှိပါတယ်"

".........."

၁နှစ်နှင့် ၃လကြာပြီးနောက်တွင် ကျန်းချန်သည် မီးဝိညာဥ်ကျောက်စိမ်းဆေးလုံး ၄၉၃၅လုံးကို သန့်စင်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် စနစ်၏ သာယာသော အချက်ပေးသံသည် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။

"ဒင်..သင်က နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ"

၁နှစ်နှင့်၁၀လကြာ ရူးသွပ်စွာ ဆေးဝါးများ သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့်သို့ ထိုးဖောက်သွားခဲ့ပြီး စစ်မှန်သော နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်လာခဲ့သည်။

All Chapters