← Chapters

အခန်း (၁၆၈၇)

Vol. 113 Ch. 1687

အခန်း (၁၆၈၇)

Vol. 113 Ch. 1687

ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နယ်မြေ ဖြစ်သည်။

အထူးသဖြင့် ကိုယ်ခံပညာရပ်နှင့် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော အဂ္ဂိရတ်သခင်များ အတွက် ရှင်သန်ရန်အတွက် ပို၍ခက်ခဲ၏။

ထို့ကြောင့်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သည့် အချိန်များတွင် အဂ္ဂိရတ်ခန်းမမှ အဆင့်မြင့်အဂ္ဂိရတ်သခင် အများအပြားနှင့် ပါရမီရှင်များစွာသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် ကျရှုံးခဲ့ပြီး အဂ္ဂိရတ်ခန်းမ၏ အင်အားကို များစွာ ထိခိုက်စေခဲ့သည်။

ဤနောက်ပိုင်းတွင် အဂ္ဂိရတ်ခန်းမသည် ရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေသို့ အဂ္ဂိရတ်သခင်များ စေမလွှတ်တော့ရန် ဆုံးဖြတ်ခဲ့သည်။

အဆုံးသတ်တွင် ကောင်းကင်နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင်များကို ပျိုးထောင်ခြင်းသည် ကောင်းကင်နတ်ဘုရားအဆင့် ကိုယ်ခံပညာရှင်များကို ပျိုးထောင်ခြင်းထက် များစွာ ပို၍ ခက်ခဲ၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် အဂ္ဂိရတ်ပညာရပ်သည် များစွာ တိုးတက်ရန် အခွင့်အရေး ရှိသော်လည်း အဂ္ဂိရတ်သခင်များ၏ အသက်ရှင်သန်နိုင်မှု ဖြစ်နိုင်ခြေသည် အလွန်တရာပင် နိမ့်ပါး၏။

အဂ္ဂိရတ်ခန်းမသည် ထိုကဲ့သို့ ဆုံးရှုံးမှုမျိုးကို ဆက်လက်အဖြစ် မခံနိုင်တော့ပေ။

စကားတပြောပြောဖြင့် သူတို့နှစ်ဦးသည် အပြင်ဘက်ခန်းမကို လျင်မြန်စွာ ဖြတ်ကျော်ကာ အတွင်းခန်းမ ဆီသို့ ရောက်ရှိလာခဲ့သည်။

ခန်းမထဲတွင် ပုံရိပ်လေးခုသည် ကြီးမားသော ကျောက်စားပွဲကို ဝိုင်းရံ၍ ထိုင်နေကြသည်။

အဓိကနေရာတွင် ထိုင်နေသူမှာ နတ်မင်းပုံစံ အသွင်အပြင် ရှိသည့် အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ဖြစ်သည်။

ထိုအဘိုးအိုသည် ရင်ဘတ်တွင် ကြယ်ခြောက်ပွင့် ပါဝင်သော အဂ္ဂိရတ်သခင် တံဆိပ်ပြား ရှိရုံသာမက ထူးခြားသောအရှိန်အဝါကိုလည်း ပိုင်ဆိုင်ထား၏။

၎င်းက ကောင်းကင်နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင်တစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။

ထိုအဖြူရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤကမ္ဘာကြီးတွင် အဂ္ဂိရတ်ပညာရပ်ကို လေ့လာလိုက်စားသူများသည် ကိုယ်ခံပညာရပ်တွင် အလွန်အမင်း အားနည်းကြလေ့ရှိသည်။

သာမန်အဂ္ဂိရတ် သခင်များသည် သူတို့၏ စွမ်းအားအများစုကို အဂ္ဂိရတ်ပညာရပ် ပေါ်တွင်သာ အာရုံစိုက်ထားလေ့ ရှိသောကြောင့် သူတို့၏ ကိုယ်ခံပညာ စွမ်းရည်သည် သံသယဖြစ်ဖွယ်ရာမရှိ တခြားသူများထက် ပိုမို အားနည်းလေ့ ရှိကြသည်။

ဟော်ယွမ်ဟုန် ကဲ့သို့ ပဉ္စမအဆင့် နတ်အဆင့် အဂ္ဂိရတ်သခင် သို့မဟုတ် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား အဂ္ဂိရတ်သခင်ပင်လျှင် တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်တွင်သာ ရှိသည်။

ကျန်းချန်က တွေးနေစရာပင် မလိုဘဲ ထိုအဘိုးအို၏ အထောက်အထားကို ခန့်မှန်းနိုင်ခဲ့သည်။

ဆိုရလျှင် သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် ဟော်ယွမ်ဟုန် သူ့ကို မိတ်ဆက်ပေးခဲ့သည့် ဆေးခန်းမ၏ ဒု ခန်းမသခင် ဖြစ်သည့် ဝမ်ရွှယ်ဖုန်းပင် ဖြစ်သည်။

ဝမ်ရွှယ်ဖုန်း၏ ဘေးတွင် အခြားအဘိုးအို သုံးဦးလည်း ရှိနေသေး၏။

ထိုအထဲမှ တစ်ဦးကို ကျန်းချန်သည် မစိမ်းပေ။

ထိုအဘိုးအိုသည် အဂ္ဂိရတ်ခန်းမကို သူ ဝင်ရောက်ကာစတွင် ဟော်ယွမ်ဟုန်နှင့် အတူ အဆင့်၈ အဂ္ဂိရတ်သခင် အကဲဖြတ်မှုကို ဦးဆောင်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ဖန်ယဲ့ ဖြစ်သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုမှလွဲ၍ ကျန်အဘိုးအို နှစ်ဦးစလုံးသည် နတ်အဆင့်အဂ္ဂိရတ်သခင် ပဥ္စမအဆင့်များ ဖြစ်ကြသည်။

ဤငါးယောက်စလုံးသည် အဂ္ဂိရတ်ခန်းမတွင် အင်အားအကြီးအဆုံး အဂ္ဂိရတ်သခင်ငါးဦး ဆိုလည်းမမှားပေ။

အဂ္ဂိရတ်ခန်းမတွင် ထိုငါးဦးအပြင် ကောင်းကင်နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင်အချို့ ရှိသော်လည်း ၎င်းတို့အားလုံးသည် စတုတ္ထအဆင့်သာ ဖြစ်ကြသည်။

စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် နတ်အဆင့် အဂ္ဂိရတ်သခင်သည် သူ၏ရှေ့မှ အဘိုးအိုများထက် အဂ္ဂိရတ်ပညာရပ်အပေါ်တွင် နားလည်မှုတွင် ပိုမို နိမ့်ကျမည်မှာ ထင်ရှား၏။

ယင်းကြောင့်လည်း အဘိုးအို ငါးယောက်သည် မပြည့်စုံသော ရှေးဟောင်းဆေးညွှန်း အချို့ကို လေ့လာရာတွင် နတ်အဆင့်အဂ္ဂိရတ်သခင် စတုတ္ထအဆင့်ကို ပါဝင်ခွင့် မပြုခဲ့ပေ။

"ဟော်ယွမ်ဟုန်.. အဂ္ဂိရတ်ခန်းမရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ခန်းမရဲ့ စည်းမျဥ်းတွေကို မင်းက ရှင်းရှင်းလင်းလင်း သိထားသင့်တယ်.. အဂ္ဂိရတ်ခန်းမထဲကို လူတိုင်း ဝင်ခွင့်ပေးလို့ မဖြစ်ဘူးဆိုတာ မင်းမေ့နေပြီလား.. အခု မင်းက အတွင်းခန်းမထဲကိုတောင် ခေါ်လာရဲတယ် ဆိုတော့ ခန်းမရဲ့ စည်းမျဥ်းတွေကို ဂရုစိုက်စရာ မလို‌တော့ဘူးလို့ ထင်နေတာလား"

ဟော်ယွမ်ဟုန်နှင့် ကျန်းချန်တို့ ခန်းမထဲကို ဝင်ရောက်လာသည်နှင့် ခန်းမထဲမှ အဘိုးအို လေးဦးသည် အသိစိတ်များ နိုးကြားလာကြသည်။

ထိုအချိန်မှာပင် သုန်မှုန်သော အမူအရာ ရှိသည့် မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ဦးသည် ဟော်ယွမ်ဟုန်ကို အေးစက်စက် ကြိမ်းဝါးလိုက်သည်။

နံဘေးရှိ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ဖန်ယဲ့သည်လည်း အံ့အားသင့်သွားခဲ့၏။

ဟော်ယွမ်ဟုန်က ကျန်းချန်ကို အတွင်းခန်းမထဲသို့ တိုက်ရိုက်ခေါ်ဆောင်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း ထိုကောင်လေးသည် အဂ္ဂိရတ်ခန်းမ၏ ပါရမီရှင်ဖြစ်သည့် စစ်ခုံရှင်းကို အနိုင်ယူခဲ့ပြီး အဂ္ဂိရတ်လမ်းစဥ်အပေါ် အောင်မြင်မှုများသည် အားနည်းခြင်း မရှိချေ။

ထို့အပြင် ထိုကောင်လေးသည် ဒဏ္ဍာရီလာ သဘာဝဆေးလုံးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်၍ အဂ္ဂိရတ်လမ်းစဥ် အပေါ် နားလည်မှုသည် သာမန်လူများထက် များစွာ ပို၍ နက်ရှိုင်းသည်။

ဥပမာအားဖြင့် ကျန်းချန် လုပ်ဆောင်ခဲ့သော ကြောက်မက်ဖွယ် ဘစွမ်းဆောင်ရည်များသည် သူတို့လို နတ်အဆင့် အဂ္ဂိရတ်သခင် ပဥ္စမအဆင့်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်း၏။

ဤကောင်လေးသည် သူတို့ကို မပြည့်စုံသော ရှေးဟောင်းဆေးညွှန်းအချို့ကို နားလည်ရန်နှင့် အကြံဥာဏ် တချို့ ပေးနိုင်ရန် အမှန်တကယ် အကူအညီ ဖြစ်နိုင်မည်ဟု သူထင်ခဲ့၏။

ဟော်ယွမ်ဟုန်က မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ ကြိမ်းမောင်းစကားများကို ဂရုစိုက်မနေခဲ့ပေ။

သူက ဝမ်ရွှယ်ဖုန်းကို ပြုံးပြကာ ပြောလိုက်သည်။

"ဒုခန်းမသခင် ဟော်ယွမ်ဟုန်က အဂ္ဂိရတ်ခန်းမရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး.. ဒီက ညီလေးက မပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်းတွေကို နားလည်ရာမှာ အကူအညီ ဖြစ်နိုင်မယ်လို့ ထင်တဲ့အတွက် ကျွန်တော်ခေါ်လာခဲ့တာပါ"

"ဟားဟား ရယ်စရာပဲ.. ဟော်ယွမ်ဟုန် မင်းဦးနှောက်ပျက်နေပြီလား.. မပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်းတွေကို နားလည်ဖို့အတွက် ဒီလို မလောက်လေး မလောက်စားကောင်လေးက ဘယ်လိုလုပ်ပြီး အကူအညီပေးနိုင်မှာလဲ"

အဖြူရောင်ဝတ်အဘိုးအို ဝမ်ရွှယ်ဖုန်း ဘာစကားမှ မပြောရသေးမီမှာပင် မီးခိုးရောင်ဝတ် အဘိုးအိုသည် မထီမဲ့မြင်ပြုံးကာ လှောင်ပြောင်လိုက်သည်။

"မိုကျန့်ဟန်.. မင်းစကားကို အကုန်မပြောစမ်းနဲ့"

ဖန်ယဲ့က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဒီက ညီလေးက အဂ္ဂိရတ်ခန်းမမှာ မင်းရဲ့တပည့် စစ်ခုံရှင်းကို အနိုင်ယူခဲ့တဲ့သူပဲ"

"ဒီကောင်လေးက စစ်ခုံရှင်းကို အနိုင်ယူခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ပါရမီရှင်လား"

ဖန်ယဲ့၏ စကားကိုကြားလျှင် ဝမ်ရွှယ်ဖုန်း အပါအဝင် အဘိုးအိုသုံးဦးစလုံးသည် အံ့အားသင့်သွားခဲ့သည်။

အထူးသဖြင့် ဝမ်ရွှယ်ဖုန်း၏ အိုမင်းသော မျက်ဝန်းထက်တွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ဟော်ယွမ်ဟုန်က ကျန်းချန်ကို ခန်းမထဲသို့ ခေါ်ဆောင်လာသည့် အချိန်ကတည်းကပင် ဝမ်ရွှယ်ဖုန်းသည် ကျန်းချန်၏ ထူးခြားမှုကို သတိပြုမိခဲ့သည်။

ဝမ်ရွှယ်ဖုန်းသည် အဂ္ဂိရတ်သခင်တစ်ဦး ဖြစ်သည့် အပြင် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

ဝမ်ရွှယ်ဖုန်းကို အံ့အားသင့်စေသော အချက်မှာ သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်ကို နားမလည်နိုင်၍ ဖြစ်သည်။

သူက ကျန်းချန်ဆီကနေ အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက်ကို ခပ်ရေးရေး ခံစားခဲ့ရ၏။

ထို့ကြောင့် သူ၏ရှေ့မှ ကောင်လေးသည် သူ့ထက်ပင် ပိုမိုသန်မာသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေသည်။

ဟော်ယွမ်ဟုန်က မပြည့်စုံသော ရှေးဟောင်းဆေးညွှန်း အချို့ကို လေ့လာရန်အတွက် ထိုကောင်လေးကို ခေါ်လာခဲ့သော်လည်း ထိုကောင်လေးသည် စစ်ခုံရှင်းကို အနိုင်ယူခဲ့သော လျှို့ဝှက်ဆန်းကြယ် ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုအချိန်က ဝမ်ရွှယ်ဖုန်းသည် ရှန်လုံမြို့မှ နဂါး အစောင့်အရှောက် တစ်ဦးက အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိလာပြီး စစ်ခုံရှင်းကို အနိုင်ယူခဲ့ကြောင်း သိရှိသွားသောအခါ အံ့သြထိတ်လန့်သွားခဲ့သည်။

ဤကောင်လေးသာ အဂ္ဂိရတ်ခန်းမ၏ လျှို့ဝှက်ခန်းမထဲတွင် တံခါးပိတ်၍ ဆေးဝါးများ သန့်စင်မနေခဲ့လျှင် သူကိုယ်တိုင်ပင် တွေ့ဆုံရန် ဆင့်ခေါ်မိလိမ့်မည် ဖြစ်၏။

မမျှော်လင့်ဘဲ ဟော်ယွမ်ဟုန်သည် သူ့ကိုယ်စား ထိုကောင်လေးကို အတွင်းခန်းမ ထဲသို့ ခေါ်ဆောင်လာခဲ့သည်။

"ဟမ့် သူက စစ်ခုံရှင်းကို အနိုင်ယူခဲ့ရင်တောင်မှ စည်းမျဥ်းက စည်းမျဥ်းပဲ.. သူက အတွင်းခန်းမထဲကို ဝင်ဖို့ အရည်အချင်းမပြည့်မီသေးဘူး"

မိုကျန့်ဟန်က ပြုံးလိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

စစ်ခုံရှင်းသည် သူ၏ ဂုဏ်အယူရဆုံးတပည့် ဖြစ်ပြီး အဂ္ဂိရတ်ခန်းမရှိ ထူးချွန်သော ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ထိုသို့ သူဂုဏ်ယူရသော တပည့်က သူ့‌ရှေ့မှ ကောင်လေးကြောင့် ရှုံးနိမ့်သွားခဲ့ရာ မိုကျန့်ဟန်သည် သဘာဝကျစွာပင် ကျန်းချန်အပေါ်၌ မကြည်မလင် ဖြစ်နေခဲ့သည်။

သူတပည့်ကို ရှုံးနိမ့်စေခဲ့သော တရားခံ ဖြစ်နေသောကြောင့် ကျန်းချန် အပေါ်တွင် မူကျန့်ဟန်သည် မျက်နှာသာပေးမည်မဟုတ်ပေ။

မိုကျန့်ဟန်၏ စကားကိုကြားလျှင် ဟော်ယွမ်ဟုန်သည် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

သူက မိုကျန့်ဟန်ကို တုံ့ပြန်ပြောဆိုရန် ပြင်ဆင်နေသောအချိန်မှာပင် ကျန်းချန်သည် ဟော်ယွမ်ဟုန်၏ နောက်ကနေ ရှေ့သို့ လှမ်းတက်လာခဲ့သည်။

"အဘိုးကြီး.. မင်းက ငါ့ကို အရည်အချင်း မပြည့်မီဘူးလို့ ပြောလိုက်တာလား.. ဒီရှန်လုံမြို့မှာ ငါကျန်းချန် ဝင်ခွင့်မရှိတဲ့နေရာ တစ်နေရာမှ မရှိဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောဆိုလိုက်ပြီးနောက်တွင် သူ၏လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရွှေရောင်တံဆိပ်ပြားတစ်ခုသည် သူ၏ လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

သူက လက်ထဲတွင် ရွှေနဂါးတံဆိပ်ပြားကို ကိုင်ထားရင်း မိုကျန့်ဟန်ကို ခက်ထန်စွာ ကြည့်၍ ပြောလိုက်သည်။

"ဘယ်လိုလဲ.. ဒီလောက်ဆို ငါ ဒီအခန်းထဲဝင်ဖို့ အရည်အချင်းပြည့်မီပြီလား"

All Chapters