← Chapters

အခန်း (၁၆၉၀)

Vol. 113 Ch. 1690

အခန်း (၁၆၉၀)

Vol. 113 Ch. 1690

"အကြီးအကဲဝမ်က နောက်နေပါပြီ.. ကျွန်တော်ရဲ့အဂ္ဂိရတ်ပညာရပ်က မကြာသေးခင်ကမှ စတုတ္ထအဆင့်ကို ရောက်ခဲ့တာပါ အကြီးအကဲဝမ်နဲ့ယှဥ်ရင် အများကြီး လိုပါသေးတယ်.. ဒီဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးညွှန်းကို နားလည်နိုင်တာက ကံတရားကြောင့်လည်း ပါပါတယ်"

ကျန်းချန်က ခေါင်းခါရမ်းကာ ပြုံးရယ်၍ ပြောလိုက်သည်။

သူက အဆ ၁၀၀ စနစ်၏ နားလည်နိုင်စွမ်းကြောင့်သာ မပြည့်စုံသော ရှေးဟောင်းဆေးညွှန်းကို နားလည်နိုင်ခြင်းဖြစ်သည်။

အကယ်၍သာ အဂ္ဂိရတ်ပညာရပ် တစ်မျိုးတည်းကို ပြောမည်ဆိုလျှင် နတ်အဆင့်အဂ္ဂိရတ်သခင် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသော ဝမ်ရွှယ်ဖုန်းထက် များစွာနိမ့်ကျနေသေးသည်မှာ ထင်ရှား၏။

"အကြီးအကဲကျန်းက စတုတ္ထအဆင့် နတ်အဆင့်အဂ္ဂိရတ်သခင် ဖြစ်နေပြီးတော့ သာမန်အဆင့်၈ အဂ္ဂိရတ်အကဲဖြတ်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်တာက မဟုတ်သေးပါဘူး"

ဟော်ယွမ်ဟုန်က ညည်းညူလိုက်သည်။

ကျန်းချန်ကို သာမန်အဆင့်၈ အဂ္ဂိရတ်အကဲဖြတ်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ပေးခဲ့ခြင်းသည် သူတို့အတွက် ကံ‌ကောင်းသွားခဲ့သည်။

အကယ်၍သာ ကျန်းချန်ကို အဂ္ဂိရတ်ခန်းမကနေ မောင်းထုတ်မိခဲ့မည်ဆိုလျှင် သူတို့ အဂ္ဂိရတ်ခန်းမသည် ပြဿနာကြီးကြီးမားမား တက်သွားလိမ့်မည်မှာ သေချာ၏။

"အဂ္ဂိရတ်အကဲဖြတ်ပွဲတွေကို ဝင်မပြိုင်တာကြာပြီ.. ကျွန်တော်ရဲ့ တရားဝင်အဆင့်က အဆင့်၇မှာပဲ ရှိနေသေးတယ်ဆိုတော့ အဆင့်၈ အကဲဖြတ်ပြိုင်ပွဲကို ဝင်ပြိုင်တာက ပုံမှန်ပဲ မဟုတ်လား.. ဒါ့အပြင် ကျွန်တော်က နတ်အဆင့် အဂ္ဂိရတ်သခင်လို့ပြောခဲ့ရင်တောင် ဘယ်သူက ကျွန်တော့်ကို ယုံမှာလဲ"

ကျန်းချန်က ဟော်ယွမ်ဟုန်တို့ လူစုကို အမှန်အတိုင်း မပြောနိုင်ပေ။

သူ၏ အဂ္ဂိရတ်ပညာရပ်သည် အဂ္ဂိရတ်ခန်းမသို့ ဝင်ရောက်ကာစတွင် သာမန်အဆင့်၈ အဂ္ဂိရတ်သခင်အဆင့်သာ ရှိပြီး အချိန်တိုအတွင်း စတုတ္ထအဆင့် နတ်အဆင့် အဂ္ဂိရတ်သခင်အဆင့်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ တိုးတက်နှုန်းသည် ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်သွားစေနိုင်၍ ကျန်းချန်သည် ထိုလျှို့ဝှက်ချက်ကို အလွယ်တကူ ထုတ်ဖော်မည် မဟုတ်ချေ။

"ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲကျန်း ရောက်လာတာက ကျွန်တော်တို့ အဂ္ဂိရတ်ခန်းမနဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စု တစ်ခုလုံးအတွက် ကံကောင်းခြင်းပါပဲ"

ဟော်ယွမ်ဟုန်က ပြုံး၍ ပြောလိုက်သည်။

"သဘာဝဆေးလုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အကြီးအကဲကျန်း ရှိနေတာကြောင့် ဒီမပြည့်စုံတဲ့ ရှေးဟောင်းဆေးညွှန်းတွေ အားလုံးကို ကျွန်တော်တို့တွေ အလွယ်တကူ နားလည်နိုင်တော့မယ် ထင်တယ်"

ဟော်ယွမ်ဟုန်၏ စကားကိုကြားလျှင် ဝမ်ရွှယ်ဖုန်း အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"အဘိုးကြီးဟော်.. အကြီးအကဲကျန်းက သဘာဝဆေးလုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ မင်းဆိုလိုချင်တာလား"

"အကြီးအကဲကျန်းက သာမန်အဆင့်၈ အဂ္ဂိရတ်အကဲဖြတ်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်စဥ်က အဂ္ဂိရတ်ခန်းမရဲ့ တပည့်တစ်ယောက်ကို အသက်၂၀ရှိုက်စာ အချိန်မှာ ဆေးမီးဖိုးပေါက်ကွဲလိမ့်မယ်လို့ ခန့်မှန်းခဲ့တာ ကွက်တိ မှန်ကန်ခဲ့တယ်.. အဲဒီအချိန်ကတည်းက အကြီးအကဲကျန်းက ဒဏ္ဍာရီလာ သဘာဝဆေးလုံးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်မယ်လို့ ငါခန့်မှန်းမိခဲ့တယ်.. နောက်ပိုင်းမှာ အကြီးအကဲကျန်းက ကန့်သတ်ချက်မဲ့ နည်းစနစ်နဲ့ ဆေးလုံးခွဲနည်းစနစ်ကို ထုတ်သုံးပြီး စစ်ခုံရှင်းကို အလွယ်တကူ အနိုင်ယူလိုက်တာ မြင်လိုက်ရတော့ ငါ့ရဲ့မှန်းဆချက်က ပိုပြီးတော့ သေချာသွားခဲ့တယ်.. အကြီးအကဲကျန်းက သဘာဝဆေးလုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ရှေးဟောင်း ဆေးညွှန်းတွေကို နားလည်အောင်လုပ်ဖို့ သူ့ကို ငါ ဒီအထိ ခေါ်လာခဲ့တာပဲ"

ဟော်ယွမ်ဟုန်က ပြုံးရယ်၍ ရှင်းပြလိုက်သည်။

ထိုစကားကို ကြားလျှင် ဝမ်ရွှယ်ဖုန်းက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာပြုံးလိုက်၏။

သူ့ရှေ့မှ လူငယ်သည် သဘာဝဆေးလုံးခန္ဓာကိုယ် ပိုင်ရှင် ဆိုသည်ကို သူအစောကတည်းကပင် စဥ်းစားမိခဲ့သင့်သည်။

ဒဏ္ဍာရီလာ သဘာဝဆေးလုံးခန္ဓာကိုယ်မှ လွဲ၍ တခြားမည်သူကမျှ စတုတ္ထအဆင့် နတ်အဆင့်အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် သတ္တမအဆင့် နတ်ဆေးဝါးကို မည်ကဲ့သို့ အလွယ်တကူ နားလည်နိုင်ပါအံ့နည်း။

ထို့အပြင် အကြီးအကဲကျန်း၏ ကိုယ်ခံပညာ ပါရမီကလည်း အလွန်ပင် ထူးခြားနေခဲ့သည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ကိုယ်ခံပညာပါရမီ ထူးချွန်ပြီး သဘာဝဆေးလုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦး ရှိနေခဲ့သည်။

ယခုအခါတွင် ဝမ်ရွှယ်ဖုန်းသည် အတိတ်နိမိတ် တစ်ခုကို ကြိုတင်ရရှိနေပြီ ဖြစ်သည်။

မကြာခင်မှာပင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် တကယ်ကို ထူးခြားသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ကို မွေးထုတ်နိုင်တော့မည်ဟု သူတွေးမိခဲ့၏။

"အကြီးအကဲကျန်း ဒီရှေးဟောင်းဆေးညွှန်းတွေက အဂ္ဂိရတ်ခန်းမနဲ့ ရှေးဟောင်းနဂါး မျိုးနွယ်စုတစ်ခုလုံး အတွက် အရမ်းအရေးကြီးတယ်.. ကျန်ရှိတဲ့ ရှေးဟောင်းဆေးညွှန်း သုံးခုကိုလည်း နားလည်အောင် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"

ဝမ်ရွှယ်ဖုန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။

"အကြီးအကဲဝမ် စိတ်မပူပါနဲ့...ဒီရှေးဟောင်းဆေးညွှန်းတွေကို ကျွန်တော်လည်း စိတ်ဝင်စားပါတယ်.. အကြီးအကဲတို့ မပြောရင်တောင် ကျွန်တော် နားလည်အောင် ကြိုးစားမှာပါ"

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် နောက်ထပ် ရှေးဟောင်းဆေးညွှန်းတစ်ခု ဆီသို့ ကျရောက်သွားခဲ့၏။

ဤမပြည့်စုံသော ရှေးဟောင်းဆေးညွှန်း လေးခုစလုံးသည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို တိုးတက်အောင်ကူညီပေးနိုင်သည့် ဆေးဝါးများ ဖြစ်သည်။

ဥပမာအားဖြင့် သူ့လက်ထဲမှ ဆေးညွှန်းကို ချန်ခွင်းခုံမင်ဆေးလုံးဟု ခေါ်ပြီး ထိုဆေးလုံးသည် နေရာလွတ် စွမ်းအား၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သော ဆေးဝါးအမျိုးအစား ဖြစ်သည်။

ဤဆေးညွှန်းကို နားလည်နိုင်မည်ဆိုလျှင် ကျန်းချန်၏ အဂ္ဂိရတ် နည်းစနစ်သည် ပိုမို၍ တိုးတက်လာမည်ဖြစ်ပြီး ချန်ခွင်းခုံမင်ဆေးလုံးကို ဖော်စပ်နိုင်မည်ဖြစ်ကာ သူ၏ နေရာလွတ် ဥပဒေသ စွမ်းအားကို အခြေအနေတစ်ခု အထိ တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းဆေးညွှန်းများကို နားလည်အောင် လုပ်ခြင်းသည် သူ၏ အဂ္ဂိရတ်ပညာရပ်ကို များစွာ တိုးတက်စေနိုင်စွမ်းလည်း ရှိသည်။

ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးကို နားလည်ခဲ့သည့် အချိန်တွင် ကျန်းချန်သည် အတွေ့အကြုံရမှတ် များစွာ ရရှိခဲ့ပြီး ဤသည်က တတိယအဆင့် နတ်ဆေးဝါး ရာပေါင်းများစွာ သန့်စင်ရသည့် အတွေ့အကြုံနှင့် ညီမျှလုနီးပါးပင် ဖြစ်၏။

"ဒင်.. သင်က သတ္တမအဆင့် နတ်ဆေးဝါးဖြစ်တဲ့ ချန်ခွင်းခုံမင်‌ဆေးညွှန်းကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က ချန်ခွင်းခုံမင်ဆေးလုံးရဲ့ သုံးရာခိုင်နှုန်းကို နားလည်သွားခဲ့ပါပြီ"

ကျန်းချန်က ချန်ခွင်းခုံမင် ဆေးလုံး၏ ဆေးညွှန်းကို ၁၀မိနစ်ခန့် ကြည့်ပြီးသည့်နောက်တွင် စနစ်၏ အချက်ပေးသံသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ဤမပြည့်စုံသော ချန်ခွင်းခုံမင် ဆေးညွှန်းသည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးထက်ပင် ပို၍ ပါဝင်ပစ္စည်းများ ပျောက်ဆုံးနေခဲ့သည်။

စင်စစ် နေရာလွတ်လမ်းစဥ် ဥပဒေသကို အထောက်အကူပေးသော ဆေးဝါးသည် အလွန်ပင် ရှားပါးပြီး နားလည်ဖို့လည်း အတော်လေးခက်ခဲသည်။

ဆိုရလျှင် ကျန်းချန်အတွက် ချန်ခွင်းခုံမင် ဆေးလုံးကို နားလည်အောင်လုပ်ရန် အခက်အခဲသည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးထက် သုံးဆ ပို၍ခက်ခဲ၏။

သို့သော် ချန်ခွင်းခုံမင် ဆေးလုံးကို နားလည်အောင်လုပ်ခြင်းသည် ဘုံကိုးပါးမိုးကြိုးဧကရာဇ် ဆေးလုံးထက် ပို၍ခက်ခဲသော်လည်း အဆ ၁၀၀ စနစ်ကို ပိုင်ဆိုင်ထားသော ကျန်းချန်အတွက် ဘာမှမဟုတ်ပေ။

ကျန်းချန်က နှစ်ရက်ပင် မကြာလိုက်ဘဲ ချန်ခွင်းခုံမင်ဆေးလုံး၏ ဆေးညွှန်းကို အောင်မြင်စွာ နားလည်သွားခဲ့သည်။

ကျန်ရှိသည့် ကျမ်းစာလိပ်နှစ်ခုထဲတွင် စာလိပ်တစ်ခုက ဓားလမ်းစဥ် ဥပဒေသကို တိုးတက်အောင် အထောက်အပံ့ပေး‌သော ဆေးဝါး ဖြစ်ပြီး နောက်စာလိပ် တစ်လိပ်မှာ အချိန်လမ်းစဥ် ဥပဒေသကို အထောက်အပံ့ပေးသည့် ဆေးဝါး ဖြစ်သည်။

ထိုဆေးဝါးများ၏ အဆင့်သည်လည်း သတ္တမအဆင့် နတ်ဆေးဝါးအဆင့် ရှိ၏။

ကျန်းချန်က အချိန်ဖြုန်းမနေတော့ဘဲ ယခင်ကလိုပင် ဆေးညွှန်းစာလိပ် နှစ်ခုကို နားလည်အောင် လုပ်ခဲ့သည်။

စုစုပေါင်း ၁၀ရက်ပင် မကြာလိုက်သောအချိန်မှာပင် ကျန်းချန်သည် ကျမ်းစာလိပ် လေးခုတွင် ပါဝင်သည့် သတ္တမအဆင့်နတ်ဆေးဝါး လေးမျိုးကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ကျန်းချန် ဖော်ထုတ်ပေးခဲ့သည့် ဆေးညွှန်းအသစ် လေးစုံကို ကြည့်ရင်း ဝမ်ရွှယ်ဖုန်းတို့ ငါးဦးသည် အံ့သြထိတ်လန့်ခဲ့ကြ၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကနေ ဤရှေးဟောင်းဆေးညွှန်းလေးခုကို ရရှိပြီးသည့် အချိန်ကစ၍ သူတို့ငါးဦးသည် ဤဆေးညွှန်းလေးခုကို လေ့လာရန်အတွက် နှစ်ပေါင်းထောင်ချီ အချိန်ယူခဲ့ရသည်။

သို့ရာတွင် ပျောက်ဆုံးနေသည့် ပါဝင်ပစ္စည်းများကို မည်ကဲ့သို့ ဖြည့်စွက်ရမှန်း သူတို့ ဘယ်တုန်းကမှ မသိခဲ့ကြပေ။

ယခုအခါတွင်မူ သူတို့ နှစ်ပေါင်းထောင်ချီ ကြာအောင် မလုပ်ဆောင်နိုင်ခဲ့သည့် အရာကို ကျန်းချန်သည် ၁၀ရက်ပင် မကြာလိုက်ဘဲ လုံးဝ ဖြေရှင်းနိုင်ခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နားလည်နိုင်စွမ်းသည် သူတို့ကို အမှိုက်အဖြစ် ရောက်ရှိသွားစေခဲ့၏။

ဆိုရလျှင် ကျန်းချန်နှင့်နှိုင်းယှဥ်ပါက အဂ္ဂိရတ်ခန်းမမှ ဂုဏ်သိက္ခာကြီးမားသော သူတို့ အဂ္ဂိရတ်သခင် ငါးယောက်သည် အမှိုက်ထက်ပင် ပိုမို ဆိုးရွားနေခဲ့သည်။

"ဒါက သဘာဝဆေးလုံး ခန္ဓာကိုယ်ရဲ့ ကြောက်မက်ဖွယ်အစွမ်းလား"

ဝမ်ရွှယ်ဖုန်းက သူ၏ရှေ့မှ ပြီးပြည့်စုံသော ဆေးညွှန်းစာလိပ်လေးစောင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ရှေးဟောင်းမှတ်တမ်းများအရ သဘာဝဆေးလုံး ခန္ဓာကိုယ်သည် အဂ္ဂိရတ်ပညာရပ် အတွက် မွေးဖွားလာသူ ဖြစ်ပြီး သာမန်လူများထက် အဂ္ဂိရတ်ပညာကို နားလည်နိုင်စွမ်းရှိသည်ဟု ဆိုထားသည်။

သဘာဝဆေးလုံးခန္ဓာကိုယ်က ထိုမျှ အစွမ်းထက်မည်ဟု ဝမ်ရွှယ်ဖုန်း ယခင်က မယုံကြည်ခဲ့သော်လည်း ယခု ကျန်းချန်၏ ကြောက်မက်ဖွယ် စွမ်းရည်ကို မြင်တွေ့ပြီးသည့် နောက်တွင် ယုံကြည်ရပေတော့မည်။

အဘယ်ကြောင့်ဆိုသော် စတုတ္ထအဆင့် အဂ္ဂိရတ်နတ်သခင်အဆင့်ဖြင့် သတ္တမအဆင့် နတ်ဆေးဝါးကို နားလည်အောင် လုပ်ဆောင်ရာတွင် အလွန်ပင် လွယ်ကူလွန်းနေသောကြောင့်ပင်။

"ဒီသဘာဝဆေးလုံးခ န္ဓာကိုယ်က တကယ်ကို ကြောက်စရာပဲ"

All Chapters