← Chapters

အခန်း (၁၆၉၃)

Vol. 113 Ch. 1693

အခန်း (၁၆၉၃)

Vol. 113 Ch. 1693

"နှင်းနတ်ဘုရားနန်းတော်လား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ယနေ့တွင် ကျန်းချန်သည် ရှေးဟောင်းနဂါးကုန်းမြေကို စ‌ရောက်ကာစလို ဘာမှ မသိနားမလည်သည့် ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။

သူသိထားသည်မှာ နှင်းနတ်ဘုရားနန်းတော်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် အလွန်တရာအစွမ်းထက်သော ကောင်းကင်နတ်ဘုရား အင်အားစု ဖြစ်ပြီး မြောက်ပိုင်းနယ်မြေကို စိုးမိုးထားသော အင်အားစုလည်း ဖြစ်သည်။

နှင်းနတ်ဘုရားနန်းတော်က အင်အားကြီးမားပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ ရှိသော်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် နှိုင်းယှဥ်လျှင်မူ များစွာ ကွာခြားနေပါသေးသည်။

ဆိုရလျှင် နှင်းနတ်ဘုရား နန်းတော်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းကို ကြီးစိုးထားသော်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စုကို အမြဲတစေ လေးစားမှုရှိခဲ့သည်။

သွေးလမင်းကုန်းမြေနှင့် စစ်ပွဲဖြစ်ပွားစဥ်က ဆိုလျှင် နှင်းနတ်ဘုရားနန်းတော်သည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ၂ဦးကို အရှေ့ပိုင်း‌ဒေသကို ထောက်ပံ့ရန် အတွက်ပင် စေလွှတ်ခဲ့သေး၏။

ယခု ၂နှစ် မကြာသေးခင်မှာပင် နှင်းနတ်ဘုရားနန်းတော်သည် မြောက်ပိုင်းနယ်မြေကို ရှုပ်ထွေးအောင် လုပ်‌ဆောင်နေခဲ့သည်။

ထိုအထဲတွင် သေချာပေါက် လှည့်ကွက်တစ်ခုခု ရှိရမည်ဟု ကျန်းချန် ခန့်မှန်းမိခဲ့၏။

"နှင်းနတ်ဘုရားနန်းတော်က ရှေးဟောင်းနဂါးကုန်းမြေရဲ့ မြောက်ပိုင်းဒေသမှာ အင်အားအကြီးဆုံး ကောင်းကင်နတ်ဘုရားအင်အားစုပဲ.. နှင်းနတ်ဘုရားနန်းတော်ကို ကောင်းကင်နတ်ဘုရား၅ပါးက ဦး‌ဆောင်ကြတယ်.. နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်က ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ ကျင့်ကြံသူပဲ.. ဒီလူက အရမ်းရည်မှန်းချက်ကြီးပြီး သည်းခံနိုင်စွမ်းလည်း ကောင်းတယ်.. ဒီတစ်ခေါက် နှင်းနတ်ဘုရားနန်းတော်က ရှေးဟောင်းနဂါးကုန်းမြေရဲ့ မြောက်ပိုင်းဒေသကို ရုတ်တရက် ရှုပ်ထွေးအောင်လုပ်တာ လုံးဝ မရိုးရှင်းလောက်ဘူး"

လုံကျန့်ရှင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အရှင်ကုလုံက ကျွန်‌တော့်ကို သတိပေးပြီးပါပြီ.. ဒီကိစ္စမှာ တခြား အင်အားစုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်"

"နှင်းနတ်ဘုရားနန်းတော်ရဲ့ စွမ်းအားက အားမနည်းဘူး ဆိုပေမဲ့ နောက်ကွယ်မှာ တခြားအင်အားစုတွေ မရှိဘဲ နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်က ဘယ်လိုလုပ်ပြီး ရှုပ်ထွေးအောင် လုပ်ဆောင်နိုင်မှာလဲ"

"မင်းအနေနဲ့ ဒီတစ်ခေါက် မြောက်ပိုင်းနယ်မြေကိုသွားရင် ဒီကိစ္စကို ခပ်မြန်မြန် နှိမ်နင်းတာ အကောင်းဆုံးပဲ.. ဘာလို့လည်းဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ငါတို့ ရှေးဟောင်းနဂါးကုန်းမြေအတွက် ထိခိုက်လာမှာကို ငါစိုးရိမ်မိတယ်"

ထိုစကားကို ပြောနေချိန်တွင် လုံကျန့်ရှင်း၏ မျက်ဝန်းတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် ကိစ္စများကို ခပ်သွက်သွက် နှိမ်နင်းရမည် ဖြစ၏။

ထိုသို့ မဟုတ်လျှင် သွေးလမင်းကုန်းမြေက သိရှိသွားသည်နှင့် အရှင်သွေးလသည် ၎င်း၏ စစ်တပ်ကို ခေါ်ကာ စစ်ချီလာနိုင်ဖွယ် ရှိသည် မဟုတ်ပါလော။

တခြားရှုထောင့်ကနေ ကြည့်လျှင် ဤတစ်ခေါက် မြောက်ပိုင်းဒေသ၏ အပြောင်းအလဲသည် အရှင်သွေးလနှင့်လည်း ဆက်စပ်မှု ရှိကောင်းရှိနေနိုင်၏။

အကယ်၍သာ အရှင်သွေးလက ဤကိစ္စတွင် ပူးပေါင်းကြံစည်ခဲ့သည် ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေ၏ အခြေအနေသည် ပို၍ အန္တရာယ်များလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အကြီးအကဲ.. ကျွန်တော် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းလိုက်ပါ့မယ်"

သူ၏လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်စရာ မလိုအပ်ပေ။

ထို့အပြင် သူ၏လက်ထဲတွင် ဝှက်ဖဲအဖြစ် အရှင်ကုလုံ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းလည်း ရှိနေသေးသည် မဟုတ်ပါလား။

နှင်းနတ်ဘုရားနန်းတော်၏ နောက်ကွယ်တွင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ မရှိသရွေ့ နှင်းနတ်ဘုရားနန်းတော်ကို ဖိနှိပ်ရန်အတွက် သူ့အတွက် ခက်ခဲမည် မဟုတ်ပေ။

လုံကျန့်ရှင်းနှင့် ခဏမျှ စကားပြောဆိုပြီးနောက်တွင် ကျန်းချန်သည် မြောက်ပိုင်းဒေသ၏ အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။

ထို့နောက်တွင် သူက လုံကျန့်ရှင်းကို နှုတ်ဆက်ကာ ရွှယ်ချင်းရို့နှင့် အတူ ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းနယ်မြေသို့ ခရီးထွက်လာခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်၏ ဦးဆောင်မှုအောက်တွင် ရွှယ်ချင်းရို့နှင့်ကျန်းချန်တို့သည် ရှန်လုံမြို့ကနေ ပျံသန်းကာ အောက်ဘက်သို့ ဆင်းသက်လာခဲ့သည်။

ထိုအခါ ရွှယ်ချင်းရို့သည် အောက်ဘက်ရှိ ကောင်းကင်နဂါးမြို့တော်ကို မြင်လျှင် ကျန်းချန်ကို ခွင့်တောင်းလိုက်သည်။

"သခင်လေး.. ကောင်းကင်နဂါးမြို့ကို‌ရောက်ရင် ရွှယ်မိသားစုဆီ အတူပြန်မလားလို့ အမချိုးဟယ်ကို မေးကြည့်ချင်တယ်"

ရွှယ်ချင်းရို့၏ စကားကိုကြားလျှင် ကျန်းချန်သည် စူးရှသော အကြည့်ဖြင့် အတားအဆီး အားလုံးကို ထိုး‌ဖောက်လိုက်ပြီး ကောင်းကင်နတ်ဘုရားအဆင့်၏ အစွမ်းထက်သော အာရုံဖြင့် ကောင်းကင်နဂါးမြို့ တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

သို့သော်လည်း ရွှယ်ချိုးဟယ်၏ အရှိန်အဝါကို ရှာမတွေ့ခဲ့ပေ။

"ကုလင်နဲ့ ရွှယ်ချိုးဟယ်က ကောင်းကင်နဂါးမြို့မှာ မရှိတော့ဘူး.. သူတို့ ရွှယ်မိသားစုကို ပြန်သွားပြီထင်တယ်.. ငါတို့သွားကြစို့"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ မြောက်ပိုင်းအရပ် ဆီသို့ ဦးတည်လိုက်သည်။

------------

လော်ရွှယ် မြို့တော်သည် ရှေးဟောင်းနဂါး ကုန်းမြေ၏ မြောက်ပိုင်းနယ်မြေတွင် အကျော်ကြားဆုံး မြို့တော်များထဲမှ တစ်မြို့ ဖြစ်သည်။

လော်ရွှယ်မြို့တော် နာမည်ကျော်ကြားရခြင်းသည် မြောက်ပိုင်းဒေသတွင် ထင်ရှားသည့် ရွှယ်မိသားစု တည်ရှိသောကြောင့် ဖြစ်၏။

ရွှယ်မိသားစုသည် မြောက်ပိုင်းဒေသကို ကြီးစိုးထားသည့် နှင်းနတ်ဘုရားနန်းတော်နှင့် ယှဥ်၍ မရသော်လည်း ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသရှိ အင်အားကြီးမားသော ကောင်းကင်နတ်ဘုရား အဆင့် အင်အားစုများထဲမှ တစ်ခု ဖြစ်ပြီး အလွန် ရှည်လျားသော သမိုင်းကြောင်းလည်း ရှိသည်။

သို့သော်လည်း ယနေ့တွင် လော်ရွှယ်မြို့တော်၏ လေထုသည် လေးနက်နေခဲ့သည်။

ရွှယ်မိသားစု၏ အစည်းအဝေးခန်းမတွင် ရွှယ်မိသားစု၏ ခေါင်းဆောင်ဖြစ်သည့် ရွှယ်ထျန်းဟန်သည် အဓိကထိုင်ခုံတွင် ထိုင်နေခဲ့၏။

သူ၏ ဘေးတွင် ထူးခြားသော အမူအရာရှိသည့် လူငယ်တစ်ယောက် ထိုင်နေခဲ့သည်။

ထိုလူငယ်၏ နံဘေးတွင်မူ အမျိုးသမီး တစ်ယောက်သည် တိတ်တဆိတ် ရပ်နေခဲ့၏။

ကျန်းချန်သာ ထိုနေရာတွင် ရှိနေလျှင် ထိုနှစ်ယောက်သည် ကုလင်နှင့်ရွှယ်ချိုးဟယ်တို့ ဖြစ်သည်ကို မှတ်မိပေလိမ့်မည်။

ရွှယ်ချိုးဟယ်သည် ရွှယ်မိသားစုအခက်အခဲ ကြုံတွေ့နေသည်ကို သိသည်နှင့် ရွှယ်ချင်းရို့ကို စာပို့ရုံသာမက ကုလင်ကိုလည်း အကူအညီတောင်းခဲ့သည်။

ကုလင်သည် အချစ်နှင့် တရားမျှတမှုကို အလေးအနက်ထားသောသူ ဖြစ်သည်။

ထို့ကြောင့် သူက ရွှယ်မိသားစုကို ကူညီရန်ဆန္ဒ ရှိခဲ့သည်။

ဤ၁၀နှစ်အတွင်း ကုလင်သည် ရှေးဟောင်းနဂါးမြို့တွင် နေ့ရောညပါ ကြိုးစား ကျင့်ကြံခဲ့ရာ သူ၏ ကျင့်ကြံခြင်းအဆင့်သည့် အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိလာခဲ့ပြီး ကောင်းကင်နဂါးမြို့တော်၏ ထိပ်တန်း တပည့်တစ်ဦး ဖြစ်လာခဲ့သည်။

သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်သာ ဆိုလျှင် သာမန်အဆင့်မြင့် ပကတိနတ်ဘုရားများထက်ပင် ပို၍ အစွမ်းထက်နေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ကုလင်သည် ရွှယ်မိသားစုကို ရောက်လာပြီးနောက်တွင် ရွှယ်မိသားစု၏ ဂုဏ်ထူးဆောင်ဧည့်သည် အဖြစ် သတ်မှတ်ခံခဲ့ရသည်။

"အားလုံးပဲ.. နှင်းနတ်ဘုရားနန်းတော်ရဲ့ ချိန်းဆိုမှုဖြစ်တဲ့ ၁၀ရက်တာ ကာလက ဒီနေ့မှာ ပြည့်မြောက်သွားခဲ့ပြီ.. ငါခန့်မှန်းတာ မမှားရင် သိပ်မကြာခင်မှာပဲ နှင်းနတ်ဘုရားနန်းတော်က လူတွေ ငါတို့ဆီကို ရောက်လာတော့မယ်.. မင်းတို့မှာ နှင်းနတ်ဘုရားနန်းတော်ကို ရင်ဆိုင်ဖို့ ဘယ်လိုအစီအစဥ်တွေ ရှိကြလဲ"

ရွှယ်ထျန်းဟန်က စူးရှသောအကြည့်ဖြင့် ခန်းမတစ်ခုလုံးကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီး ခန်းမထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ခေါင်းဆောင်.. နှင်းနတ်ဘုရားနန်းတော်က အင်အားကြီးမားတယ်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကူအညီမရရင် ကျွန်တော်တို့ ရွှယ်မိသားစုက အောင်ပွဲရဖို့ အခွင့်အရေး လုံးဝ မရှိဘူး"

ရွှယ်မိသားစုမှ အကြီးအကဲတစ်ယောက်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။

နှင်းနတ်ဘုရားနန်းတော်သည် မြောက်ပိုင်းနယ်မြေကို ကြီးစိုးထားသည့် အင်အားစုဖြစ်ပြီး ကောင်းကင်နတ်ဘုရား ၅ပါးပင် ရှိသည်။

ထိုကောင်းကင်နတ်ဘုရား ၅ပါးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည့် နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူတို့ ရွှယ်မိသားစု အထွတ်အထိပ် ကာလတွင် ရှိနေစဥ်ကပင် နှင်းနတ်ဘုရားနန်းတော်နှင့် ယှဥ်ပြိုင်နိုင်မည် မဟုတ်ရာ ရွှယ်မိသားစု၏ လက်ရှိ အင်အားဖြင့် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

"ကုလင်.. ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ မြောက်ပိုင်းဒေသနဲ့ ပတ်သက်ပြီး အစီအစဥ် ရှိနေလောက်လား"

ရွှယ်ထျန်းဟန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဘေးမှ ကုလင်ဘက်သို့ ခေါင်းငဲ့ကာ မေးလိုက်သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုကသာ သူတို့ရွှယ်မိသားစု၏ အန္တရာယ်ကို ဖြေရှင်းနိုင်မှန်း သူသိထားခဲ့သည်။

"ကျွန်တော့်လို ကောင်းကင်နဂါးမြို့ရဲ့ တပည့်တစ်ယောက်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အရေးကြီးကိစ္စတွေကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

ကုလင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ဒီကိုမလာခင် ချိုးဟယ်ကို တစ်စုံတစ်ယောက်ဆီ အကြောင်းကြားခိုင်းထားတယ်.. သူသာ အကူအညီပေးမယ်ဆို ရွှယ်မိသားစုရဲ့ ကိစ္စကို ဖြေရှင်းနိုင်ပါလိမ့်မယ်"

ကုလင်ထံမှ ထိုစကားကိုကြားလျှင် ရွှယ်ထျန်းဟန်သည် ကုလင်၏ အနားတွင် ရပ်နေသည့် ရွှယ်ချိုးဟယ်ကို ကြည့်လိုက်သည်။

"ခေါင်းဆောင်.. အဲဒီလူက ချင်းရို့ ခစားနေတဲ့သူပါ.. သူကရှေးဟောင်းနဂါးမျိုးနွယ်စုမှာ ကြီးကျယ်တဲ့ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေပါပြီ...သိပ်မကြာခင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရား အများအပြားကို သတ်ဖြတ်ခဲ့တဲ့ အတွက် ရှေး‌ဟောင်းနဂါး မျိုးနွယ်စုမှာ အတော်လေး နာမည် ကျော်ကြားပါတယ်"

ရွှယ်ချိုးဟယ်က အလျင်အမြန်ပင် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ရွှယ်ထျန်းဟန်၏ မျက်ဝန်းများသည် တဖျပ်ဖျပ် လက်သွားခဲ့ပြီး ရွှယ်ချိုးဟယ်ကို မေးခွန်းထုတ်လိုက်သည်။

"ချင်းရို့ဘယ်မှာလဲ.. သူမဆီက ဘာသတင်း ကြားသေးလဲ"

ရွှယ်ချိုးဟယ်က ခါးသီးစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။

"ချင်းရို့နဲ့ အဆက်အသွယ်ရတုန်းက ချင်းရို့ရဲ့ သခင်က တံခါးပိတ် ကျင့်ကြံနေတယ်လို့ သိရတယ်.. ချင်းရို့က သူနဲ့တွေ့ပြီး အကူအညီ တောင်းပြီးပြီလား ဆိုတာတော့ အသေအချာ မသိဘူး"

ထိုစကားကိုကြားလျှင် အစောပိုင်းလေးကမှ မြင့်တက်လာသည့် ရွှယ်ထျန်းဟန်၏ မျှော်လင့်ချက်သည် ချက်ချင်းဆိုသလိုပင် ပျက်စီးသွားခဲ့သည်။

ယခုအခါတွင် နှင်းနတ်ဘုရားနန်းတော်သည် အင်အားအပြည့်အဝဖြင့် ဖိနှိပ်လာတော့မည် ဖြစ်သည်။

သို့သော်လည်း ချင်းရို့၏ သခင်က သူတို့ကို အကူအညီပေးမပေးပင် အသေအချာ မသိရသေးပေ။

ဆိုရလျှင် ထိုလူက သူတို့ကို ကူညီဖို့ ဆန္ဒရှိလျှင်ပင် ဝေးလံသောအရပ်မှရေသည် အနီးမှမီးကို ငြှိမ်းသတ်နိုင်မည် မဟုတ်ချေ။

ထိုလူရောက်လာသော အချိန်တွင် သူတို့၏ အလောင်းများသည်ပင် အေးစက်နေလောက်ပြီ ဖြစ်၏။

All Chapters