ပေါ်တင်လုယက်ခြင်း
Vol. 13 Ch. 194
"စိတ်လှုပ်ရှားဖို့ကောင်းတယ်မလား"
ကျန်းမုန့်လောင်နှင့် ကျန်လူများက ထိုမြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်နေကြသည်။ ယနေ့မြင်ရမည့်မြင်ကွင်းက ပြင်းထန်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားသော်လည်း ထိုအဖြစ်ကို တိုက်ရိုက်မြင်လိုက်ရချိန်မှာတော့ ထိတ်လန့်ရဆဲပင်။
ရူးသွပ်နေကြသော စိတ္တဇဝေဒနာရှင်အယောက်၇၀၀မှာ စစ်တပ်တပ်ရင်းတစ်ခုအတွက်ပင် ထိန်းချုပ်ဖို့ရန် ခက်ခဲလှသည်။
လူတစ်ယောက်စနှစ်ယောက်စဆိုလျှင် အဆင်ပြေသည်။ ချက်ချင်းထိန်းသိမ်းလိုက်ရုံပင်။ သို့သော် အယောက်ခုနစ်ရာကျော်ကိုတော့ ဤနေရာရှိ လုံခြုံရေးအဖွဲ့များလည်း မကိုင်တွယ်နိုင်ပေ။
လူသတ်မိသွားသော စိတ္တဇဝေဒနာရှင်များက တရားဥပဒေအရ ဘာတာဝန်မှ ယူစရာမလိုပေ။ သို့သော် သူတို့သာ ထိခိုက်ဒဏ်ရာရသွားခဲ့ပါလျှင် အခြားလူများက တာဝန်ခံရမည်ဖြစ်၏။ သူတို့အားလုံးက လက်နက်များကို ကိုင်ဆောင်ထားကြသည်ဆိုသော်ငြား ထိုစိတ္တဇဝေဒနာရှင်များကိုမူ မည်သူကမှ လက်နက်မရွယ်ရဲကြပေ။
သို့သော် ထိုလူနာများကတော့ လုံးဝဂရုမစိုက်ပေ။ ဘေ့စ်ဘောတုတ်တံများ၊ မီးသတ်ဆေးဘူးများအပြင် မီးသတ်ပုဆိန်များစသဖြင့် တွေ့သမျှကိရိယာအားလုံးကို လက်နက်အဖြစ် အသုံးပြုနေကြသည်။ ထိုကဲ့သို့သောလူများကို မည်သူက တားဆီးနိုင်မည်လဲ။
ထိုမျှသာမက ဤလူများက အဖွဲ့လိုက်တိုးဝှေ့ပူးကပ်နေကြသဖြင့် လုံခြုံရေးများက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးချင်ပါသော်ငြား မအောင်မြင်ပေ။ ပလာဇာကြီးတစ်ခုလုံးက သူတို့စိတ်ကြိုက် လှန်လိုလှန်၊ မှောက်လိုမှောက်နိုင်သော နေရာတစ်ခုဖြစ်သွားသည်။
ထိတ်လန့်နေသော လူအုပ်ကြီးက ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည့်တိုင် လူနာများကတော့ ပို၍ပင်အကြမ်းဖက်လာကြသည်။ သူတို့က Champs-Elysees Springလမ်းမထက်ရှိ အဆောက်အအုံများနှင့် ပစ္စည်းများကို စတင်ဖျက်ဆီးလာကြသည်။ အကြောင်းပြချက်တချို့ကြောင့် Parisiagaဆိုင်က သူတို့၏ပစ်မှတ်ဖြစ်သွားပြီး မှန်ချပ်များလည်း အကုန်နီးပါးကွဲကြေကုန်သည်။
"ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက်ပြောပြကြပါဦး။ စိတ္တဇဝေဒနာရှင်တွေအများကြီးက champs-Elyseesမှာ ရုတ်တရက်ကြီး ဘာလို့ပေါ်လာရတာလဲ"
ဂေါလ်နှင့် ကျန်လူများမှာ Parisiagaရုံးခန်းထဲမှ အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထား။ အပြင်ဘက်မှာ လူတစ်ယောက်က တံခါးကိုရိုက်ဖျက်နေတာ မင်းမကြားဘူးလား။ အသံလျှော့ထား"
"ရူးချင်စရာပဲ။ ဘာတွေဖြစ်နေတာလဲ"
ဂေါလ်နှင့် သူ့လူများမှာ အခြေအနေကို သဘောမပေါက်ကြပေ။ ယခုလိုဖြစ်ရပ်မျိုးမှာ ကမ္ဘာ့သမိုင်းတစ်လျှောက် တစ်ခါမှဖြစ်ခဲ့ဖူးခြင်းမရှိ။ စိတ္တဇဝေဒနာရှင်တစ်စုက Champs-Elyseesပေါ်ရှိ ဈေးဝယ်ပလာဇာတစ်ခုကို တိုက်ခိုက်ခဲ့ပြီး Champs-Elysees Springတစ်ခုလုံးကို သိမ်းပိုက်ပစ်သတဲ့လား။ ကိုယ်တိုင်သာမမြင်ရပါလျှင် မည်သူကများ ထိုကဲ့သို့သောအဖြစ်မျိုးကို ယုံနိုင်မလဲ။
...
"ဒါက မနေ့တုန်းက ရှင်တို့အပြင်ထွက်ပြီး သွားခေါ်လာခဲ့တဲ့တပ်ကူတွေလား"
ဝမ်လင်၏ကောင်မလေးက မယုံကြည်နိုင်ဟန်ဖြင့် စောင့်ကြည့်နေသည်။
လုရီယောင်ကတော့ ဘာမှမပြောပေ။ သို့သော် သူ(မ)၏စိတ်ထဲမှာတော့ မနေ့က ဖြစ်တည်နေခဲ့သည့်ဒေါသက ရုတ်တရက်ထွက်ပေါက်တွေ့သွားသည့်အလား စိတ်သက်သာသွားရသည်။
"မဟုတ်သေးဘူး။ ဒါကို ငါတစ်ယောက်တည်းကြည့်နေလို့ မဖြစ်သေးဘူး။ ငါ တိုက်ရိုက်ထုတ်လွှင့်ရမယ်။ ဒါကို လူတိုင်းမြင်စေရမယ်"
ဝမ်လင်က မစောင့်နိုင်တော့ဘဲ သူ့ဖုန်းကို ထုတ်လိုက်သည်။
"ရေးကြီးခွင်ကျယ်လုပ်မနေနဲ့။ ငါ ပြင်ပြီးသွားပြီ"
ကျန်းမုန့်လောင် လက်ဖျောက်တီးလိုက်သောအခါ ဝန်ထမ်းအများအပြားကလည်း ပရော်ဖက်ရှင်နယ်တိုက်ရိုက်ထုတ်လွှင့်ရေးကိရိယာကို ချက်ချင်းယူချလာသည်။ သူဟာ ဤကိစ္စအတွက် အစောကတည်းက ကြိုတင်ပြင်ဆင်ပြီးသားပင်။
ကျန်းမုန့်လောင်၏ တိုက်ရိုက်ထုတ်လွှင့်ရေးချန်နယ်က ချင်းချိုးနိုင်ငံရှိကိစ္စကို ထုတ်လွှင့်ပြီးကတည်းက ပျောက်သွားသည်ဖြစ်ရာ ယခု သူတိုက်ရိုက်ထုတ်လွှင့်လိုက်သည့်အခါ ကြည့်ရှုသူအမြောက်အများက ချက်ချင်းလာစူးစမ်းကြသည်။
"ဥက္ကဋ္ဌကျန်း.. ခင်ဗျား တိုက်ရိုက်ထုတ်လွှင့်တာကို မီတာ ခပ်ရှားရှားရယ်။ ဒီရက်ပိုင်း ဘယ်တွေရောက်နေတာလဲ"
"ဥက္ကဋ္ဌကျန်း.. မနေ့ကဖြစ်ခဲ့တဲ့ကိစ္စကို ကြားပြီးပြီလား။ တော်တော်ဒေါသထွက်ဖို့ကောင်းတာပဲ။ လူအယောက်ထောင်ဂဏန်းလောက်က ပဲရစ်မြို့ကိုသိမ်းပေးဖို့အတွက် အသနားခံထားကြတယ်နော်။ သူတို့က အရမ်းနှိမ်လွန်းအားကြီးတယ်"
"နေဦး။ ဒီနေရာကဘာလဲ။ ငါ ဒီနေရာကိုရောက်ဖူးတယ်။ ဒါက Champs-Elyseesမလား။
"သေစမ်း.. ဥက္ကဋ္ဌကျန်းက တကယ်ကြီး အဲ့ဒီကိုရောက်နေတာလား။ ဒီလိုကိစ္စမျိုးတွေကို ကြိုတင်ပြီးကြေညာထားသင့်တယ်မဟုတ်ဘူးလား"
"နေပါဦး။ ဒီနေရာမှာ ဘာလို့ပွက်လောရိုက်နေတာလဲ။ သေစမ်းကွာ ဘာတွေဖြစ်နေတာလဲ။ သူတို့ Biohazardရိုက်ကူးရေးလုပ်နေတာလား"
မိနစ်အနည်းငယ်အတွင်းမှာပင် လူတစ်ယောက်ဆီမှ ဆယ်ယောက်ထံသို့ သတင်းပျံ့သွားပြီး ဆယ်ယောက်ဆီမှ အယောက်တစ်ရာဆီသို့ သတင်းပျံ့ကာ ထို့နောက် ကြည့်ရှုသူအယောက်တစ်သောင်းလောက်က ကျန်းမုန့်လောင်၏တိုက်ရိုက်ထုတ်လွှင့်ရေးလိုင်းဆီသို့ ရောက်လာကြသည်။ ဆယ်မိနစ်အတွင်းမှာပင် အရေအတွက်က သန်းပေါင်းများစွာ ရောက်သွားပြီဖြစ်၏။
"ဟယ်လို သူငယ်ချင်းတို့.. ဒီနေ့တော့ ကျွန်တော်က ခင်ဗျားတို့ရဲ့စစ်ရေးသတင်းထောက်ကျန်းမုန့်လောင်ပဲဖြစ်ပါတယ်။ အခုဆိုရင် Spring Plazaမှာဖြစ်ပျက်နေတဲ့ တိုက်ရိုက်မြေပြင်အခြေအနေကို ပြသပေးနေတာပါ"
"ဘာဖြစ်သွားမှန်းတော့မသိပါဘူး။ ဒီနေ့မနက်မှာ စိတ္တဇဝေဒနာရှင်ရာဂဏန်းလောက်က ရုတ်တရက်ရောက်ချလာပါတယ်။ အစတုန်းကတော့ ဘာမှမဖြစ်ပေမဲ့ နောက်တော့ ရုတ်တရက်ကြီးစိတ်ထဖောက်တော့တာပဲ။ သူတို့တွေအကုန်လုံး ဒေါသူပုန်ထကုန်ကြပြီး အခုဆိုရင် သောင်းကျန်းနေကြပါတယ်"
"ဒါကြီးက အရမ်းပျော်ဖို့ကောင်းတာပဲ"
"သေစမ်း..အဲ့ဒါက Parisiagaဆိုင်မဟုတ်လား။ ဟားဟားဟား.. သူတို့ရဲ့ပြတင်းပေါက်တွေအကုန်လုံး ဘယ်လိုလုပ်ကြေမွကုန်တာလဲ"
"သောက်ကျိုးနည်းပဲ။ ဒါက တော်တော်မိုက်တာနော် ဟုတ်တယ်ဟုတ်"
"သူတို့နဲ့တန်တယ်လေ"
"ဒါကြီးက အရမ်းပရမ်းပတာမနိုင်ဘူးလား။ Champs-Elyséesကို စိတ္တဇဝေဒနာရှင်ရာဂဏန်းလောက်က ဝင်ရောက်လာတယ်တဲ့လား။ ဒါက သိပ္ပံနည်းမကျဘူးလေ"
"ဘော့စ်ကျန်း..ဝန်ခံလိုက်စမ်းပါ။ အဲ့ဒါ မင်းလုပ်တာမလား"
"ဘော့စ်ကျန်း မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းရဲလွန်းနေသလိုပဲ။ ဒါက ကြိုတင်စီစဉ်ထားတာမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့များ အချိန်ကိုက်ရိုက်နိုင်မှာတဲ့လဲ"
"အဟမ်း အဟမ်း အဟမ်း စားချင်ရာစား။ ခေါင်းတော့လာမစားနဲ့။ မင်းတို့မှာ သက်သေရှိလို့လား"
ကျန်းမုန့်လောင်က မျက်နှာရဲသွားခြင်းမရှိဘဲ ပြောလိုက်သည်။
"မင်းတို့ ငါ့ကို အသရေဖျက်ရင် မင်းတို့ဆီကို ရှေ့နေကတစ်ဆင့် စာပို့လိုက်မယ်"
"ဟားဟားဟား နားလည်ပါပြီ။ နားလည်ပါပြီ"
"ဟုတ်တယ်။ ဘော့စ်ကျန်းက ဒီကိုလည်ပတ်ဖို့လာခဲ့တာလေ။ သူ ဒီကိုရောက်နေတာ တကယ့်ကိုတိုက်ဆိုင်မှုသက်သက်ပဲ"
"ကြည့်လိုက်စမ်း။ အထဲကို လူတစ်ယောက်ပြေးဝင်သွားတယ်"
"အမလေး တော်တော်အန္တရာယ်များတာကြီးကို လူတွေက ဝင်သွားရဲသေးတယ်လား။ သူတို့ သေချင်နေကြတာများလား"
"ကြည့်ဦး။ သူတို့တွေအကုန်လုံး လက်ထဲမှာ လက်ဆွဲသေတ္တာတွေသယ်လာကြတယ်ဟ။ သူတို့က ဒီအရှုပ်အထွေးတွေကြားထဲမှာတောင် လုယက်ဖို့ကြံစည်နေကြတာလား"
"ဟားဟားဟား..ဟိုဘက်ကိုကြည့်လိုက်ကြဦး။ တစ်ယောက်ဆိုရင် ဦးထုပ်ဆောင်းထားတယ်။ နောက်တစ်ယောက်က မက်စ်တပ်ထားတယ်"
...
ပလာဇာထဲသို့ အပြေးဝင်သွားကြသော လူများမှာ တစ်ဒါဇင်မှ တစ်ရာအထိ များသည်ထက်များလာသည်။ အဆုံးမှာတော့ ထောင်ဂဏန်းအထိ ရောက်သွားပေသည်။ သူတို့ထဲရှိ အကြီးဆုံးအဖွဲ့မှာ လူမည်းများဖြစ်ကြပြီး သူတို့က ထိုအထဲတွင် သိသိသာသာအင်အားကြီးသည်ဖြစ်ရာ ဆိုင်ထဲသို့ ဝင်ရောက်လုယက်ချိန်တွင် ကသောင်းကနင်းဖြစ်သွားအောင် လုပ်ခဲ့လေသည်။
"သောက်ကျိုးနည်း.. ဒီလူတွေက အသက်မရှင်ချင်ကြတော့ဘူးလား"
ကျန်းမုန့်လောင်က ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သို့သော် အပြစ်မဲ့ပြည်သူများကို မတိုက်ခိုက်ဖို့အတွက် သူ ယဲ့ရင်ကို အမိန့်ပေးထားပြီးဖြစ်၏။ ထိုလူနာများတွင် ပန်းတိုင်တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ အထိကရုဏ်းဖန်တီးရန်နှင့် ဆိုင်ကိုဖျက်ဆီးရန်ပင်။
"ဟေး..စိတ်ဝင်စားဖို့တော့ကောင်းလာပြီ"
ဝမ်လင်က ရုတ်တရက်ကြီး ကင်မရာထဲတွင် ပေါ်လာလေသည်။ ထို့နောက် သူ့ဖုန်းကို ကင်မရာရှေ့မြှောက်ပြလိုက်သည်။
"ဒီနေ့ခေတ်မှာ လူတွေက ဘယ်လိုစီးပွားရေးလုပ်ရမလဲဆိုတာကို သိနေကြပြီပဲ။ သူတို့က ပစ္စည်းတွေတောင် ထုတ်ရောင်းနေကြပြီ"
ဝမ်လင်၏မိုးမန့်ထဲတွင် ယခုအဖြစ်အပျက်ကိုရိုက်ယူထားသော ဓာတ်ပုံတစ်ပုံနှင့်အတူ စာနှစ်ကြောင်းခန့်ရေး၍ တင်ထားသည့်ပို့စ်တစ်ခု ရှိနေလေသည်။
ဘယ်သူမဆို တစ်ခုခုလိုအပ်ရင် ငါ့ကိုသာ မြန်မြန်လေးဆက်သွယ်လိုက်ပါ။ ပြင်သစ် Champs-Elyséesမှာရှိတဲ့ ငါ့မိတ်ဆွေတွေဆီမှာ Balenciagaရော LVရော Gucciရော အကုန်ရတယ်။ ဘာပဲလိုချင်လိုချင် အကုန်ရစေရမယ်။ လက်ငင်းလုယက်စနစ် ဘာပြေစာမှမပါဘူး"
"ဟားဟားဟား ဉာဏ်ကြီးရှင်ပဲ ဟားဟားဟား"
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် တက်ကြွနေကြသည်။
ဒီလူတွေက စီးပွားရေးဉာဏ်ရှိလိုက်ကြတာ။ သူတို့မှ မချမ်းသာရင် ဘယ်သူချမ်းသာမလဲ။
မကြာခင်မှာ ဤအဖြစ်အပျက်ကား ပြည်တွင်းအနှံ့ ပျံ့နှံ့သွားပြီး ကျန်းမုန့်လောင်၏ တမင်ထိန်းချုပ်မှုကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ရှာဖွေမှုအများဆုံးစာရင်းသို့ ရောက်သွားခဲ့သည်။ ထိုဖြစ်ရပ်က ပိုအရှိန်ရလာသည်နှင့်တစ်ပြိုင်နက် ပိုများသောဟာသများကလည်း အွန်လိုင်းပေါ်၌ ပေါ်ထွက်လာသည်။
"ဘယ်စတိုင်လ်ကိုမဆို နှစ်သက်တဲ့လူတွေအတွက် ကျေးဇူးပြုပြီး ဒီနေရာကိုသာ တိုက်ရိုက်အမှာစာပို့ပေးပါ။ ခင်ဗျားတို့အတွက် ကျွန်တော့်ရဲ့လူမည်းသူငယ်ချင်းတွေကို လာယူခိုင်းပေးပါ့မယ်။ စစ်မှန်မှုအတွက် အာမခံချက်ရှိပါတယ်။ ဒါပေမဲ့ ပြေစာတော့မပါပါဘူး"
"ကျွန်တော့်လူမည်းဘော်ဒါကြီးက Balenciagaရဲ့ နောက်ဆုံးပေါ်ဖိနပ်တစ်ရန်ကို ရထားပါတယ်။ ဆိုဒ်ကတော့ ဘယ်ဘက်က ၄၁ဖြစ်ပြီး ညာဘက်ကတော့ ၄၃ဖြစ်ပါတယ်။ ခင်ဗျားတို့မှာ ဆိုဒ်မတူတဲ့ခြေထောက်နှစ်ဖက်ရှိရင် ကျွန်တော့ကိုသာ ချက်ချင်းဆက်သွယ်လိုက်ပါ။ တစ်ရန်စာတည်းပဲနော်။ ဘာပြေစာမှမပါဘူး"
"လက်ငင်းလုယက်ဝန်ဆောင်မှုပေးတဲ့လူရှိလား။ ငါ Chanelကထုတ်တဲ့ "အဘွားရဲ့ရတနာ"အိတ်နှစ်လုံးလိုချင်ပါတယ်။ LVဆိုလည်း အဆင်ပြေပါတယ်။ ပြေစာလည်းမလိုဘူး။ မင်းတို့မှာ ကိုယ်စားဈေးဝယ်ပေးနိုင်တဲ့ သန်မာအားကြီးတဲ့သူငယ်ချင်းတွေရှိရင် ငါ့ကိုချက်ချင်းဆက်သွယ်ပေးပါ"
"ငါ့အစ်ကိုက အခုလေးတင် Balenciagaဖိနပ်နှစ်ရန် လုထားတယ်။ လိုချင်ရင် မြန်မြန်မှာနော်။ သူက ဒဏ်ရာရထားတာကိုကုပြီးရင် နောက်တစ်ခေါက်ပြန်သွားလုရဦးမှာ။ ငါးမိနစ်အတွင်း ခပ်မြန်မြန်လေးအော်ဒါတင်လိုက်တော့"
"မင်း ဘာဖြစ်နေတာလဲ"
လုရီယောင်၏မျက်နှာထက်တွင် မကြည်မသာအမူအရာတစ်ခုရှိနေကြောင်း ကျန်းမုန့်လောင် ရုတ်တရက်မြင်လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး။ ချန်ချန်တို့တွေက သူတို့အတွက် လူလွှတ်ပြီး အိတ်နည်းနည်းလောက်ကူလုပေးနိုင်မလားလို့ မေးနေလို့"
"ဟားဟားဟား"
ဘေးဘက်ရှိ ဝမ်လင်ကတော့ အူပြတ်မတတ်အော်ရယ်နေလေပြီ။
"ဒီနေ့ခေတ်အင်တာနက်အသုံးပြုသူတွေကတော့ ဘယ်လိုပျော်ပါးရမလဲဆိုတာကို ကောင်းကောင်းသိကြတာပဲ"
တချို့လူများကလည်း ထိုလူနာတစ်သိုက်မှာ Champs-Elysees Springပလာဇာအတွင်းကိုသာ ဖျက်ဆီးနေကြခြင်းဖြစ်ပြီး အခြားနေရာများကို မထိကြကြောင်း သတိထားမိကြသည်။ ယခုအချိန်အထိတော့ ထိခိုက်ဒဏ်ရာရသူ မရှိသေးပေ။ သူတို့က သေချာလေ့ကျင့်ထားကြသော အထူးတပ်ဖွဲ့များအလား Champs-Elysees Springပလာဇာကိုသာ အာရုံစိုက်ထားကြသည်။
သို့သော် မည်သူကမှ သည့်ထက်ပိုပြီး စုံစမ်းဖော်ထုတ်ရန် မကြိုးစားကြပေ။ သို့တိုင် ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ အလွန်အမင်းကျိုးကြောင်းမသင့်ပေ။
**********