← Chapters

ခင်ဗျားတို့ကုမ္ပဏီမှာ ကျွန်တော့်ရှယ်ယာတွေရှိတယ်

Vol. 14 Ch. 205

ခင်ဗျားတို့ကုမ္ပဏီမှာ ကျွန်တော့်ရှယ်ယာတွေရှိတယ်

Vol. 14 Ch. 205

"သူငယ်ချင်း..ဒါက ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ ဒူဘိုင်းမှာ ငါတို့အပေါဆုံးက ပိုက်ဆံပဲ"

အာရှစ်က ပြောလိုက်သည်။ တော်ဝင်မိသားစုဝင်တစ်ယောက်အနေနှင့် သူသည် မွေးကတည်းက ရောမတွင်သာ နေထိုင်ခဲ့ရသည်ဖြစ်ရာ ပိုက်ဆံက သူ့အတွက် အရေးမပါလှပေ။

ဒူဘိုင်းလူမျိုးများသည် နေ့စဉ်နေ့တိုင်း ရေနံဆီအဆို့ရှင်နားသို့သွားကာ ဘယ်ဘက်ကိုလှည့်၍ ရေနံဆီပိတ်ပြီး ညာဘက်ကိုလှည့်၍ ဖွင့်လိုက်ရုံသာ။ သူတို့ တစ်ခုခုဝယ်ချင်လာလျှင်လည်း ရေနံဆီနည်းနည်းမျှ စီးဆင်းခွင့်ပေးလိုက်ရုံမျှဖြင့် ကိစ္စပြတ်သည်။ ဘဝဆိုသည်မှာ ဤမျှရိုးရှင်းလှ၏။

သို့သော် ဟွာရှားမှလာသော ဤလူငယ်လေးက ပိုကြီးသောငါးများလည်း ရှိနေသေးကြောင်း သူ့ကို နားလည်စေခဲ့သည်။

"ဒီလိုဆိုရင်ရော.. ဒီပစ္စည်းကြီးနဲ့လဲလှယ်ကြမယ်လေ"

ကျန်းမုန့်လောင်က အာရှစ်၏မျက်နှာထက်ရှိ အင်တင်တင်ဖြစ်နေသောအမူအရာကို မြင်သောအခါ ဖျက်သင်္ဘောကြီးကိုလက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

"ဒီပစ္စည်းက မင်းရဲ့ရွက်လှေထက် ပိုတန်ဖိုးကြီးတယ်။ ငါ ဒီသင်္ဘောပေါ်က ကိရိယာတန်ဆာပလာတွေနဲ့ လက်နက်တွေကိုပါ ထည့်ပေးလိုက်မယ်လေ။ ဘယ်လိုလဲ"

"ကျန်း..မင်း..ဒါက.."

အာရှစ်ခမျာ ယခုလိုလူတစ်ယောက်နှင့် ဘယ်တုန်းကမှ မဆုံခဲ့ဖူးပေ။ စကားနှင့်ပြောလို့မရသောအခါ ပိုက်ဆံနှင့်ပစ်ပေါက်တတ်သူတစ်ယောက်က သူ့ရွက်လှေကိုပင် ဖျက်သင်္ဘောနှင့် လဲလှယ်ချင်နေသတဲ့။ ဤလူ၏ခေါင်းထဲတွင် ဘာတွေများတွေးနေလေသလဲ။

ဤဖျက်သင်္ဘောမှာ တကယ်တမ်းတွင် ငှားရမ်းထားခြင်းဖြစ်သည်ကို မဆိုထားနှင့်။ ဤသင်္ဘောက သူ့အပိုင်ဖြစ်နေလျှင်ပင် ဤပစ္စည်းကြီးက သူတို့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခံရနိုင်လောက်သည်။

ရုတ်တရက်ကြီး သူ စိုးရိမ်ဖွယ်ရာကောင်းသော အရာတစ်ခုကို တွေးလိုက်မိသည်။ ဤဖျက်သင်္ဘောက အင်္ဂလန်ဘုရင်မကြီး လက်ဆောင်ပေးလိုက်သည်မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ဤသည်မှာ အင်္ဂလန်နိုင်ငံ၏ပိုင်ဆိုင်မှုပင်။ သို့သော် ယခုမူ ဤရေပိုင်နက်မှာ ပြင်သစ်နိုင်ငံ၏ အာဏာသက်ရောက်မှုအောက်တွင် ရှိနေပေသည်။

ပြင်သစ်လူမျိုးများက အင်္ဂလန်က ဖျက်သင်္ဘောကြီးကို သူတို့နယ်မြေထဲ ဘယ်လိုလုပ်ပြီးဝင်ခွင့်ပေးလိုက်ရလေသလဲ။ သည့်ထက်ပိုပြီး ကိုးရိုးကားရားနိုင်သောကိစ္စ ရှိနိုင်ဦးမလား။ ဤဖျက်သင်္ဘောကြီးက ထိန်းချုပ်ရခက်သွားပြီး သူတို့နယ်မြေအတွင်း လူသတ်မှုများကျူးလွန်မည်ကို သူတို့မကြောက်ကြဘူးလား။

"ကျန်း..ဒီဖျက်သင်္ဘောက ငါ့အတွက် ဘာမှအကျိုးမရှိဘူး။ အဲ့ဒီသင်္ဘောကိုမောင်းပြီး ဒူဘိုင်းကိုပြန်ဖို့အတွက်လည်း ငါ့မှာ မောင်းသူတစ်ယောက်မှမရှိဘူး။ ဒိကိစ္စကို မေ့လိုက်ကြရအောင်။ မင်းက အရမ်းချမ်းသာတာပဲ။ ဒါမျိုးနောက်တစ်စီးထပ်ဆောက်ခိုင်းလိုက်လေ"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က အာရှစ်က သူ့ရွက်လှေကို တကယ်ရောင်းလိုစိတ်မရှိကြောင်း သဘောပေါက်လိုက်သောကြောင့် သက်ပြင်းချလိုက်မိ၏။ ကျန်းမုန့်လောင် အနည်းငယ်စိတ်ပျက်နေမိသည်။

"မစ္စတာကျန်း..အာရှစ်ကိုလိုက်လျောလာအောင်လုပ်ဖို့ မခက်ပါဘူး"

ယဲ့ရင်က ရုတ်တရက်ထပြောလေသည်။

"မင်းမှာ နည်းလမ်းရှိလို့လား"

"ဟားဟား မစ္စတာကျန်း.. ဒူဘိုင်းမှာရှိတဲ့ ရေနံဆီတွင်းတွေက တကယ်တော့ လူကြီးမင်းရဲ့ပိုင်ဆိုင်မှုတွေပါပဲ"

ယဲ့ရင်က ကျန်းမုန့်လောင်ကို လုံးဝအံ့အားသင့်သွားစေမည့်အချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဘာ? မင်း ငါ့ကို နည်းနည်းလောက်ပိုရှင်းပြလို့ရမလား"

"ဟီးဟီး..ဟိုးအရင်တုန်းက လူကြီးမင်းရဲ့ဘိုးဘေးတွေက ဒီနယ်မြေအောက်မှာ သယံဇာတတွေအများကြီးရှိတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီနယ်မြေတွေကို အင်အားနဲ့ငွေကြေးသုံးပြီး ဝယ်ယူခဲ့တယ်။ ဒူဘိုင်းလူမျိုးတွေကို ရေနံတူးခွင့်ပေးထားတာကလည်း သူတို့ရဲ့ကြိုးစားအားထုတ်မှုအတွက် အစုရှယ်ယာနည်းနည်းခွဲပေးချင်တဲ့အတွက်ကြောင့်ပါ"

ဒူဘိုင်းက ချမ်းသာပုံပေါက်သော်ငြား တကယ်တမ်းမှာတော့ သူတို့က ဤရေနံတွင်းများမှ ဝင်ငွေ၂၀ရာခိုင်နှုန်းကိုသာ ရရှိထားသည်။ ကျန်၈၀ရာခိုင်နှုန်းကိုမူ ကျန်းမုန့်လောင်၏စည်းစိမ်ထဲသို့ ဝင်ရောက်သွားသည်။

"ငါမသိခဲ့ဘူး"

ကျန်းမုန့်လောင်က သရော်ပြုံးပြုံးလိုက်သည်။

"ဒါဆိုလည်း ထားလိုက်တော့။ မရောင်းဘူးဆိုလည်း မရောင်းဘူးပေါ့။ ငါကလည်း သေချာပေါက်ဝယ်ရမှဖြစ်မယ်လို့တွေးထားတာ မဟုတ်ပါဘူး။ လေယာဉ်တင်သင်္ဘောတစ်စင်းဝယ်လိုက်ပြီး နည်းနည်းလောက်ပြုပြင်လိုက်ရင် ဒီမိုနာကိုထက် အဆပေါင်းများစွာအထင်ကြီးဖို့ကောင်းသွားမယ်လေ။ ဟုတ်တယ်မလား"

"မစ္စတာကျန်း.. ကျုပ် ခင်ဗျားကို အကြာကြီးစောင့်နေခဲ့ရတာ။ နောက်ဆုံးတော့ ခင်ဗျားရောက်လာပြီပဲ။ ဝမ်းသာတယ်ဗျာ"

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က အပြေးအလွှားရောက်ရှိလာပြီး အနည်းငယ်ကိုးရိုးကားရားဖြစ်နေသောလေထုကို ဖျက်ဆီးလိုက်သည်။

"ကျန်း.. မင်းရဲ့မိတ်ဆွေလည်း ရောက်လာပြီဆိုတော့ ငါတို့ နောက်မှစကားပြောကြတာပေါ့"

အဆုံးမှာတော့ အာရှစ်လည်း ဆင်ခြေတစ်ခုပေးပြီး ကျန်းမုန့်လောင်အနားမှ ခပ်မြန်မြန်ထွက်သွားလေသည်။

"မစ္စတာပိုလာဒီ မတွေ့ရတာကြာပြီနော်"

ရောက်လာသူကား အခြားသူမဟုတ်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင်နှင့်တွေ့ဆုံခဲ့သော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပင်။

"ဒီမှာ ကျုပ် ခင်ဗျားတို့ကို မိတ်ဆက်ပေးပါရစေ"

ပိုလာဒီက သူနှင့်အတူပါလာသော လူများကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီလူကြီးမင်းက..."

"ဘီလ်ဂိတ်လေ။ ကျွန်တော်သိတာပေါ့။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟောင်းလေ"

ကျန်းမုန့်လောင်က ပိုလာဒီ၏အဖော်ဖြစ်သူကို ချက်ချင်းသတိထားမိလိုက်သည်။

"ပြီးတော့ ခင်ဗျားတို့က မစ္စတာအာနိုး၊ မစ္စတာအယ်လီဆန် မစ္စဝေါ်လ်တန်နဲ့ မစ္စတာဝေါ်လ်တန်ပဲ"

ယနေ့ ပိုလာဒီနှင့်အတူရောက်လာကြသော လူတိုင်းမှာ Forbesဘီလျံနာစာရင်းတွင် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်များ ဖြစ်ကြသည်။ ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ၅၀ဘီလီယံအောက်လျော့သူဟူ၍ တစ်ယောက်မှမပါချေ။

"သူငယ်ချင်းဟောင်းကြီး ဒါက မစ္စတာကျန်းလေ"

ပိုလာဒီက မိတ်ဆက်ပေးလိုက်သည်။

"သေစမ်း.. သူက ငါ့ဆီက စီးပွားရေးဆိုင်ရာပို့ချချက်တွေ တကယ်ရလိမ့်မယ်လို့ ထင်နေတာများလား"

ကျန်းမုန့်လောင်မှာ ချက်ချင်းဆွံ့အသွားရသည်။ သူတို့အားလုံးက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများဖြစ်ပြီး တော်တော်များများက ဘာမှမရှိသည့်ဘဝမှ တက်လာကြသူများပင်။ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်ကျောင်းတွင်မဆို သူတို့သည် ဂုဏ်ထူးဆောင်ပါမောက္ခများ ဖြစ်နိုင်သည်။ သူတို့ကိုကြည့်လိုက်ရုံမျှဖြင့် သူ့ကို အလိုလိုစိတ်လှုပ်ရှားလာစေသည်။

"ဘာတွေဖြစ်နေတာလဲ"

ဝမ်လင်လည်း အကြောင်သားဖြစ်သွားရသည်။ သူ့အဖေက ချမ်းသာသော်ငြား ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်လိုက်လျှင်မူ ကြီးမားလှသောကွာဟချက်ကြီးတစ်ခု ရှိနေဆဲပင်။ သူတို့နှင့် မျက်နှာချင်းဆိုင်လိုက်ရရုံမျှဖြင့် သူ့အား စိတ်လှုပ်ရှားလာစေသည်။

"ပိုလာဒီ ဒီလူတွေက ဘယ်သူ..."

"အိုး.. သူတို့က မစ္စတာကျန်းကိုလေးစားနေကြတာကြာပြီ။ အဲ့ဒါကြောင့် သူတို့ကို ခင်ဗျားနဲ့မိတ်ဆက်ပေးဖို့ ကျုပ်ကိုတောင်းဆိုထားတာလေ။ ခင်ဗျားနဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေးရလိုရငြားပေါ့"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်ပင် ဘာမှမပြောရသေးခင်မှာ ဝမ်လင်က စတင်ဆဲရေးနေပြီဖြစ်၏။ လွန်ခဲ့သည့်လအနည်းငယ်ကတည်းက သူ လေ့လာသိရှိထားသလောက်ဆိုလျှင် ကျန်းမုန့်လောင်က စီးပွားရေးနှင့်ပတ်သက်ပြီး ဘာမှမသိပေ။ သူ၏ပြဿနာဖြေရှင်းနည်းမှာ စင်စစ်ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။ ပြိုင်ဘက်များကို ရှင်းပစ်ရန်အတွက် ပိုက်ဆံသုံးလျှင်သုံး၊ မသုံးလျှင် အပြတ်ဝယ်ယူပစ်လိုက်သည်သာ။ ယခုလိုပုဂ္ဂိုလ်တစ်ယောက်နှင့် စီးပွားရေးအကြောင်း ဆွေးနွေးပါက ရယ်စရာကောင်းနေတော့မည်ဖြစ်၏။

"မဟုတ်ဘူးနော်။ မဟုတ်ဘူး။ ကျွန်တော် အဲ့ဒါတွေတစ်ခုမှနားမလည်ဘူး"

ကျန်းမုန့်လောင်က ခပ်မြန်မြန်ငြင်းလိုက်သည်။

"မစ္စတာကျန်း.. ကျွန်တော်တို့က ခင်ဗျားဆီက တကယ်အကြံဉာဏ်တောင်းဖို့အတွက် ရောက်လာတာပါ"

ဘီလ်ဂိတ်က ပြောလာလေသည်။

"ခင်ဗျားကတော့ ကိုယ့်ကိုယ်ကိုယ် ငယ်သေးတာမို့ ဗဟုသုတမကြွယ်သေးဘူးလို့ ထင်ချင်ထင်နေမှာပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့နောက်ခံအသိုင်းအဝိုင်းကိုက စီးပွားရေးဉာဏ် အလိုလိုပါလာပြီးသားလေ။ ကျွန်တော်တို့က ခင်ဗျားဆီက စိတ်ကူးအကြံဉာဏ်လေးရဖို့ပဲ မျှော်လင့်တာပါ"

"အဲ့လိုလား"

ယခင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော ထိုလူ့စကားကြောင့် သူ့ရည်ရွယ်ချက်ကို ကျန်းမုန့်လောင် နားလည်လိုက်သည်။ ကျန်းမုန့်လောင်သည် ဤအသက်အရွယ်လေးနှင့် မည်သည့်စီးပွားရေးအတွေ့အကြုံမှမရှိကြောင်း သူတို့အားလုံး သတိပြုမိသည်။

သူ့မှာ စီးပွားရေးအတွေ့အကြုံမရှိသော်လည်း သူ့အကြီးအကဲများမှာတော့ ရှိသည်။ ကျန်းမုန့်လောင်လည်း အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိထားမည်မှာ ကျိန်းသေပေါက်ပင်။ သူ့ပါးစပ်နှင့် လုပ်ရပ်များမှထွက်လာသော လွှမ်းမိုးမှုတစ်ခုမှတစ်ဆင့် သူတို့က စိတ်ကူးအကြံဉာဏ်ရဖို့ မျှော်လင့်နေကြခြင်းဖြစ်၏။ ဤသည်မှာ သူတို့၏တကယ့်ရည်ရွယ်ချက်အစစ်ပင်။

သို့သော် တကယ်တမ်းမှာတော့ ကျန်းမုန့်လောင်က သူ့အကြီးအကဲများထံမှ ဘာမှမသင်ယူခဲ့ရပေ။

"ဒါဆိုလည်း ကောင်းပြီလေ။ မေးကြပါ"

ထိုသို့ဖြစ်လာမှတော့ ကျန်းမုန့်လောင်လည်း အင်တင်တင်နှင့် လက်ခံလိုက်ရသည်။

"မစ္စတာကျန်းရဲ့မိသားစုလုပ်ငန်းက ဘယ်နယ်မြေတွေအထိ ဖြန့်ကြက်ထားသလဲဆိုတာ ကျွန်တော်တို့သိချင်ပါတယ်။ မေးဖို့အဆင်ပြေမယ်ဆိုရင်ပေါ့"

သူတို့ ထိုသို့မေးမြန်းလိုက်သည်။

"ဟမ်..အားလုံးပဲ"

"ဘယ်လို?"

ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများအားလုံး ခေါင်းခြောက်သွားရသည်။ သီးသန့်နယ်ပယ်တစ်ခုတည်းတွင် အာရုံမစိုက်ဘဲ နယ်ပယ်အားလုံးကိုလုပ်ကိုင်ခြင်းက အလွန်အရင်းကြီးလှသည်။ သို့ဖြစ်လေရာ ဤမျှများပြားလှသောစည်းစိမ်များကို သူ ဘယ်လိုစုဆောင်းနိုင်ခဲ့လေသလဲ။

ကျန်းမုန့်လောင်လည်း ရုတ်တရက်ဆိုသလို တစ်စံတစ်ခုကို သတိရလိုက်သည်။

"မဟုတ်ဘူး။ အကုန်လုံးတော့မဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ ထိုဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများ၏ အမူအရာလည်း အနည်းငယ်ပြေလျော့သွားဟန်ရှိသည်။

တရားမဝင်လုပ်ငန်းတွေနဲ့ ရှုပ်ထွေးပွေလီတဲ့လုပ်ငန်းတွေကို ကျွန်တော်တို့မလုပ်ဘူး။ ပြီးတော့ ရိုင်းပျတဲ့ရုပ်ရှင်တွေကိုလည်း မရိုက်ဘူး။ ပြည့်တန်ဆာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်း မလုပ်ဘူး"

"မင်းကို ဒီလုပ်ငန်းတွေလုပ်သလားလို့ ဘယ်သူကမေးနေလို့လဲ"

လူတိုင်း ထိုသို့ပြောလိုက်ချင်မိသည်။ သူသာ ထိုကဲ့သို့သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပါက ဘယ်လောက်တောင်များ ငွေရှာနိုင်လိုက်လေမလဲ။ ဤအရာများကို လုပ််ကိုင်ခြင်းအားဖြင့် သူသည် ပိုလာဒီထက် ပိုချမ်းသာလာနိုင်လေမလား။

"မစ္စတာကျန်း.. ခင်ဗျားရဲ့ပိုင်ဆိုင်မှုက တကယ်တမ်းမှာ ပမာဏဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးနိုင်မလား"

အာနိုးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဤကိစ္စကိုပင် လူတိုင်းသိချင်နေကြခြင်းဖြစ်၏။

"အာ.."

ဤမေးခွန်းကား ကျန်းမုန့်လောင် မဖြေနိုင်သောမေးခွန်းမျိုးပင်။

ခဏမျှတွေးကြည့်ပြီးနောက် သူက ပြောလိုက်သည်။

"ပမာဏအတိအကျတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော် အတပ်ပြောနိုင်တာကတော့ မစ္စတာဘီလ်ဂိတ်ရဲ့SoftBankမှာ ရှယ်ယာ၃၇ရာခိုင်နှုန်း၊ မစ္စတာအာနိုးရဲ့LVMHမှာ ၂၈.၆ရာခိုင်နှုန်း၊ မစ္စတာအယ်လီဆန်ရဲ့ကုမ္ပဏီမှာ ၄၃.၁ရာခိုင်နှုန်းနဲ့ မစ္စတာဝေါလ်မတ်ရဲ့ကုမ္ပဏီမှာ ၃၄ရာခိုင်နှုန်းပါတယ်"

*********

All Chapters