← Chapters

လေယာဉ်တင်သင်္ဘောဖြင့် စတင်ခြင်း

Vol. 15 Ch. 217

လေယာဉ်တင်သင်္ဘောဖြင့် စတင်ခြင်း

Vol. 15 Ch. 217

"ပိုက်ဆံသုံးဖို့ အစီအစဉ်မရှိဘူးလား။ အဲ့ဒါက ဘာသဘောလဲ"

သူတို့အားလုံးလည်း ကျန်းမုန့်လောင်၏စကားထဲတွင် နက်နဲသောအဓိပ္ပာယ်တစ်မျိုးရှိသည်ဟု ခံစားမိသော်ငြား သူ့ရည်ရွယ်ချက်အစစ်အမှန်ကိုတော့ မည်သူမှ မှန်းဆ၍မရချေ။

ဤလေလံပွဲတွင် ပစ္စည်းတစ်ခုချင်းစီတိုင်း၏ အဖွင့်ဈေးမှာ သုညဒေါ်လာဖြစ်ပြီး ကမ္ဘာ့လေလံပွဲလောကတွင် မြင်တွေ့ရလေ့မရှိသော အခြေအနေတစ်ရပ်ပင်။ အကြီးမားဆုံးသော လေလံပွဲမှာပင် အချို့ပစ္စည်းများမှာ ရောင်းမထွက်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်။ ဤနေရာမှာလည်း ထိုသို့ဖြစ်ခဲ့ပါက ဆုံးရှုံးနစ်နာမှုမှာ ယူရိုသန်းပေါင်းများစွာပင်။

သို့သော် သူတို့ကတော့ ယုံကြည်မှုရှိရှိဖြင့် ထိုကဲ့သို့သောစည်းမျဉ်းတစ်မျိုးချမှတ်ရဲခြင်းမှာ ယခုအချိန်အထိ ရောင်းမထွက်သော ပစ္စည်းဟူ၍ တစ်ခုမှမရှိသေးသောကြောင့်ပင်။ ဤလေလံပစ္စည်းများ၏ဆွဲဆောင်မှုက ထိုစီးပွားရေးပညာရှင်များအတွက်မူ အသက်တမျှအရေးကြီးလှသည်ဖြစ်ရာ မည်သူကမှ ဤပစ္စည်းကောင်းများကို အခြေခံဈေးနှုန်းဖြင့် ရောင်းချနေခြင်းကို အသာထိုင်ကြည့်နေမည်မဟုတ်။

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းသော စည်းမျဉ်းမှာ လေလံပွဲကျင်းပရာတည်နေရာ၏ ဒေသတွင်းငွေကြေးအလိုက် လေလံပွဲတစ်ကြိမ်လျှင် အနည်းဆုံးငါးသန်းတိုးမြှင့်ရမည်ဖြစ်ရာ မနက်ဖြန်လေလံပွဲတွင် တိုးမြှင့်မည့်ဈေးခေါ်မှုတိုင်းအတွက် ယူရိုငါးသန်းလိုအပ်လိမ့်မည်သာ။ လူတိုင်းအတွက် ဤသည်မှာ သေးငယ်လှသောပမာဏတစ်ခု မဟုတ်ချေ။

ထိုကဲ့သိုသောအခြေအနေအောက်တွင် ကျန်းမုန့်လောင်အနေနှင့် ဈေးနိမ့်နိမ့်ဖြင့် ထိုပစ္စည်းများကို ရယူဖို့စဉ်းစားနေခြင်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်၏။

"ဟီးဟီး လူငယ်တွေက စည်းကမ်းတွေကို ဘယ်တော့မှမလိုက်နာတတ်ဘူးလေ"

ကျန်းမုန့်လောင်က ခပ်ကျိတ်ကျိတ်ရယ်လိုက်ပြီးနောက် ထွက်မသွားခင်မှာ မရေမရာနိုင်လှသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့လေသည်။

ခရစ်စတင်းနှင် အမ်မာတို့ထံမှ ကလူကျီစယ်ခံခဲ့ရပြီးနောက် ကျန်းမုန့်လောင်၏စိတ်ထဲတွင် အန္တရာယ်ရှိသောမီးတောက်တစ်ခု ပျံ့နှံ့သွားသည်။ လိင်ပိုင်းဆိုင်ရာသာယာမှု၏ အရသာကို ခံစားခဲ့ဖူးပြီဖြစ်သောကြောင့် ပြန်သွားပြီး လုရီယောင်နှင့်အတူ ဘဝ၏အထွတ်အထိပ်ကို ရှာဖွေစူးစမ်းလိုစိတ်များကို မထိန်းနိုင်တော့ပေ။

"မစ္စတာကျန်း နေပါဦး။ စီးပွားရေးအကြောင်း ထပ်ပြောကြရအောင်ပါ"

မာယွင်က ကျန်းမုန့်လောင်၏စီးပွားရေးအင်ပါယာအစီအစဉ်များကို အများဆုံးဆွေးနွေးချင်ခဲ့ပါသော်ငြား အစောပိုင်းက ကြားဖြတ်ပြောဆိုဖို့အတွက် အခွင့်အရေးမရလိုက်ပေ။ ယခုမူ ကျန်းမုန့်လောင်က ပြန်တော့မည်ဖြစ်သဖြင့် မာယွင်လည်း ရုတ်တရက်ကြီးသောကရောက်သွားရသည်။

"ကျုပ်ကို လာမနှောင့်ယှက်နဲ့"

ကျန်းမုန့်လောင်က သူ့ကို ပြန်အော်လိုက်သည်။

"ကျုပ်မအားဘူး"

"ဒါက…."

မာယွင့်ခမျာ ကျန်းမုန့်လောင်၏ ထွက်ခွာသွားသောပုံရိပ်ကို ရယ်ရအခက်ငိုရအခက်ဖြင့် ငေးကြည့်နေမိသည်။

"သူက ဘယ်လိုလုပ်ပြီး မျောက်တစ်ကောင်ထက်တောင် မျက်နှာပြောင်းတာ မြန်ရတာလဲ"

သူတို့၏အစောပိုင်းစကားဝိုင်းက သိပ်သာယာမှုမရှိလှသော်လည်း နောက်ပိုင်းဆွေးနွေးမှုကိုတော့ ပျော်ပျော်ရွှင်ရွှင်ကြီးဆွေးနွေးခဲ့ရသည်။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်က ရုတ်တရက်ကြီး ဘာကြောင့်များ သဘောထားပြောင်းလဲသွားရလေသလဲ။

"လူငယ်တွေက ဒီလိုပဲထင်ပါရဲ့"

လီဟုန်းက ခါးသက်သက်အပြုံးမျိုးပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဟွာရှားလူမျိုးပဲဟာကို။ ပြီးတော့ ကျန်းနန်မြို့မှာနေတာ။ ခင်ဗျားတို့တွေ သူနဲ့တွေ့ဖို့ အခွင့်အရေးတွေရဦးမှာပါ။ တစ်ရက်နှစ်ရက်လောက်လေးကို ဘာလို့ဒုက္ခခံနေမှာလဲ။ ကျန်းမုန့်လောင်ဘက်က ၉၉၆လုပ်ငန်းခွင်ပေါ်လစီကို ဆန့်ကျင်လိုက်ပြီးတဲ့နောက် ဘာဆက်လုပ်ရမလဲဆိုတာကို မြန်မြန်အဖြေရှာကြရအောင်"

"ဒီနေ့ သူနဲ့စကားပြာရတာက အခုလိုပြဿနာများလိမ့်မယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် သူနဲ့စကားပြောဖို့ လာရှာမိမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်နှင့်ဆုံလိုက်တိုင်း မကောင်းတာတစ်ခုခုကတော့ အမြဲဖြစ်တတ်လေကြောင်း မာဟွား သဘောပေါက်လိုက်သည်။

ပထမဆုံးအကြိမ်တုန်းက သူသည် အမေရိကန်ဒေါ်လာငါးရာဘီလီယံဖြင့် ပစ်ပေါက်ခံရလုနီးပါးဖြစ်ခဲ့သည်။ ဒုတိယအကြိမ်တွင် သူ ဆယ်စုနှစ်တစ်ခုကျော်စာလောက် အားထုတ်ခဲ့ရသော ထန်ရွှင်းဂီတကို ကျန်းမုန့်လောင်က တိုက်ရိုက်ဝယ်ယူပစ်လိုက်သည်။ ယခုတစ်ခေါက်လည်း အဆုံးသတ်လှမည်မဟုတ်ချေ။ သူ၏လူထုပုံရိပ်က မကြာခင်မှာ ကျန်းမုန့်လောင်၏တောက်ပသောပုံရိပ်နှင့် ဆန့်ကျင်စွာပင် အသည်းနှလုံးမရှိသော အရင်းရှင်တစ်ယောက်ဖြစ်လာတော့မည်ဟု ခန့်မှန်းမိသည်။

"ဒါတွေအကုန် မင်းအမှားပဲ"

အပြစ်တင်စရာလူတစ်ယောက်မှ မရှိသောကြောင့် မာဟွားလည်း မာယွင့်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

"အချိန်ပိုဆင်းခိုင်းတုန်းက ငါတို့ အဆင်ပြေနေခဲ့တာပဲ။ ဘာမှကြီးကြီးမားမားဆန့်ကျင်မှုမရှိခဲ့ဘူး။ အဲ့ဒီ"သူတော်ကောင်းဆုလာဘ်"ဆိုတဲ့သီအိုရီကြီးကို မင်းထုတ်လိုက်တဲအချိန်က စဖြစ်တာပဲ"

"ဘယ်…ဘယ်လိုလုပ်ပြီး ငါ့အမှားဖြစ်ရတာလဲ"

မာယွင်လည်း မဲ့တဲ့တဲ့ပြုံးရုံသာ တတ်နိုင်တော့သည်။ မသိလျှင် သူတို့၏အလီဘာဘာအုပ်စုတစ်ခုတည်းကသာ ၉၉၆လုပ်ငန်းခွင်ကို ဖိအားပေးလုပ်ကိုင်နေသည့်အလားပင်။ သူသည် ကုမ္ပဏီ၏ပုံရိပ်ကိုမြှင့်တင်ရန်အတွက် ကြိုးစားခဲ့သော်လည်း စီစဉ်ထားသလို ဖြစ်မလာမည်မှန်း မည်သူက သိမတဲ့လဲ။ သူလည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

...

စိတ်အားထက်သန်သော ညတစ်ညကို ဖြတ်သန်းပြီးနောက် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့မှာ နောက်တစ်နေ့နေ့လယ်စာစားချိန်အထိ မနိုးသေးပေ။ လုရီယောင်၏ခြေထောက်နှစ်ဖက်က နာကျင်ကိုက်ခဲနေဆဲဖြစ်သောကြောင့် သူ(မ)က ကျန်းမုန့်လောင်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်မိသွားသည်။

"နင်က အမျိုးသမီးတွေကို ညင်သာရကောင်းမှန်းတောင်မသိဘူး"

"ဟီးဟီးဟီး"

ကျန်းမုန့်လောင်ကလည်း အရှက်မရှိရယ်မောလိုက်သည်။

"အဆင်သင့်ပြင်ထားတော့။ ငါတို့ နေ့လယ်စာစားပြီးရင် ညနေ၂နာရီကျရင် လေလံပွဲရှိတယ်။ မင်း တစ်ခုခုကိုသဘောကျရင် ငါ့ကိုသာပြောလိုက်။ မင်းသာလိုချင်ရင် ကောင်းကင်ပေါ်က ကြယ်ကိုတောင် ငါရအောင်ယူပေးမှာ"

"အလကား.. ယောကျ်ားတစ်ယောက်ရဲ့ပါးစပ်က မိန်းမတစ်ယောက်ရဲ့ဝိညာဉ်ကို လှည့်ဖြားတတ်တယ်"

လုရီယောင်ကလည်း ပြန်ပက်လိုက်သည်။

"ငါသတိမထားမိဘူးလို့ မထင်လိုက်နဲ့နော်။ နင့်ကိုယ်ပေါ်မှာ မနေ့က တခြားမိန်းမတွေရဲ့အနံ့တွေကပ်နေတာ။ တစ်ယောက်တည်းတောင်မဟုတ်ဘူးနော်။ ငါ အခုထိ‌ သေချာတောင်မစစ်ဆေးရသေးဘူး"

ရုတ်ခြည်းဆိုသလို ကျန်းမုန့်လောင်၏မျက်နှာထက်ဝယ် ရှက်ရွံ့မှုများ စွန်းထင်းသွားလေသည်။

"ငါလည်း မလိုချင်ခဲ့ပါဘူး။ မင်းလည်းသိသားနဲ့။ အဲ့ဒီမိန်းမတွေက ငါ့ဆီကို တစ်ယောက်ပြီးတစ်ယောက် ပစ်ဝင်လာတာလေ။ ကံကောင်းချင်တော့ ငါ့ရဲ့သန့်စင်မှုကို သစ္စာရှိရှိထိန်းသိမ်းထားနိုင်တုန်းပဲ။ ချမ်းသာပြီး ခန့်ညားနေတာ ငါ့အပြစ်လား"

"နင်နဲ့ နင့်ရဲ့ကြွားလုံးတွေကတော့"

လုရီယောင်က ပြုံးရယ်လျက် ကျန်းမုန့်လောင်ကို တစ်ချက်တွယ်လိုက်သည်။

နေ့လယ်စာကို ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီးနောက် လူတိုင်းကလည်း တဖြည်းဖြည်း ဟိုတယ်၏ပထမဆုံးအထပ်ရှိ လေလံပွဲခန်းမဆီသို့ ထွက်လာခဲ့ကြသည်။ မူလတုန်းက ထိုနေရာမှာ ဟိုတယ်၏စီးပွားရေးအခမ်းအနားများအတွက် အသုံးပြုခြင်းဖြစ်သော်လည်း ရော့စ်ချိုင်းမိသားစုက ခမ်းနားထည်ဝါလှသော လေလံခန်းမတစ်ခုအဖြစ် အသွင်ပြောင်းလိုက်သည်။

လေလံခန်းမကို နှစ်ထပ်ခွဲထားပြီး အောက်ထပ်တွင် သာမန်ဧည့်သည်များအတွက် ဖြစ်ပြီး အထက်တွင်မူ ဗီအိုင်ပီဧည့်သည်များအတွက် ဖြစ်သည်။

သာမန်ဟု နာမည်တပ်ထားသော်ငြား ခမ်းနားလှသော ထိုင်ခုံနှင့် အဆင့်မြင့်ပစ္စည်းကိရိယာများမှာ "သာမန်"ဟု သတ်မှတ်၍မရချေ။ ရော့စ်ချိုင်းမိသားစု၏အမြင်မှာတော့ ဤအဆင့်အတန်းက သူတို့၏သာမန်စံချိန်မျှသာ ဖြစ်နိုင်သည်။

ဒုတိယထပ်ရှိ ဗီအိုင်ပီဧရိယာတွင် ကိုယ်ပိုင်အခန်းများပါဝင်သည်။ ထိုအခန်းများထဲမှ အပြင်ကို ဖောက်မြင်နေရသော်လည်း အပြင်ကကြည့်လျှင် အတွင်းကို လုံးဝမမြင်နိုင်ပေ။ ဤဗီအိုင်ပီအခန်းမှာ ၁၅ခန်းသာရှိပြီး သစ်ရွက်ပုံသဏ္ဌာန်ပြန့်ကားသွားပြီး မြင်ကွင်းလည်းကောင်းလှသည်။ ကျန်းမုန့်လောင်က အလယ်ဗဟိုဗီအိုင်ပီအခန်း၏ပိုင်ရှင်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"သောက်ကျိုးနည်း.. ဒါက လေလံပွဲအတွက် နေရာထိုင်ခင်းမျိုးမှမဟုတ်တာ။ သောက်ကျိုးနည်းဇိမ်ခံအခန်းကြီး"

ဝမ်လင်က စတုရန်းမီတာ၂၀၀ကျော်ကျယ်ဝန်းသော အခန်းကြောင့် မှင်တက်သွားရပြီး တအံ့တဩရေရွတ်လိုက်သည်။ ထိုအထဲမှ စတုရန်းမီတာ၁၀၀နီးပါးကို ရှုခင်းကြည့်အခန်းကြီးတစ်လုံးက နေရာယူထားပြီး အနားယူရန်အတွက် အိပ်ခန်းတစ်လုံး၊ မီးဖိုချောင်၊ ရေချိုးခန်းတို့ပါဝင်ကာ အရှေ့ဥရောပအမျိုးသမီးငါးဦးကလည်း ဝန်ဆောင်မှုအပြည့်အဝပေးနေလေသည်။

တစ်ဖက်မြင်မှန်မှတစ်ဆင့် သူ့ကိုလိုက်ရှာနေဟန်တူသော မာဟွားတို့တစ်သိုက်ကို ကျန်းမုန့်လောင်မြင်နေရသည်။ သို့သော် သူတို့အနေနှင့် ခန်းမတစ်ခုလုံးကို လှည့်ပတ်ရှာဖွေပြီးသည့်တိုင် ကျန်းမုန့်လောင်ကို ရှာမတွေ့သဖြင့် အဆုံးမှာတော့ သူတို့အကြည့်ကို ဒုတိယထပ်ရှိ ဗီအိုင်ပီအခန်းများဆီသို့ ဖြန့်ကြက်လိုက်ကြသည်။

"သူ အဲ့ဒီအခန်းနံပါတ်သုညမှာများလား…"

...

မကြာခင်တွင် နှစ်နာရီထိုးသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံးတိတ်ဆိတ်သွားချေသည်။ ငြိမ့်ညောင်းလှသော ဂီတသံတစ်ခုနှင့်အတူ ရွှေအိုရောင်ဆံနွယ်ပိုင်ရှင် အလှပဂေးလေးတစ်ယောက်က လေလံပွဲစင်မြင့်ထက်သို့ တက်လာခဲ့သည်။

"သေစမ်း! အမ်မာဝပ်ဆန်ပဲ။ သူတို့က သူ့ကိုတောင် လေလံပစ်သူအနေနဲ့တောင် လုပ်ခိုင်းနိုင်တယ်ပေါ့။ လှည့်ကွက်အကြီးစားကြီးပါလား"

ဝမ်လင်၏မျက်နှာက ဖန်သားပြင်နှင့် ထိကပ်လုမတတ်ပင်။

ကျန်းမုန့်လောင်၏ ထူးမခြားနားမျက်နှာအမူအရာကို မြင်သောအခါ ဝမ်လင်က မေးလိုက်သည်။

"မင်းက ဘယ်လိုလုပ်ပြီး လုံးဝမအံ့ဩရတာလဲ"

"အိုး ကောင်းပြီလေ"

ကျန်းမုန့်လောင်က အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

"မင်းယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ မနေ့ညတုန်းက သူ ငါ့ကိုအိပ်ရာထဲဆွဲသွင်းလုနီးပါးပဲ"

"မင်း သားရဲကောင်ကြီး.."

ကျန်းမုန့်လောင်၏ ညစ်ကျယ်ကျယ်အမူအရာကို မြင်လိုက်ရသောအခါ ဝမ်လင်လည်း အားနည်းဖျော့တော့စွာ ဆဲရေးလိုက်မိသည်။

အမ်မာကလည်း လေလံပွဲစင်မြင့်ထက်မှ ကျန်းမုန့်လောင်ကို လိုက်ရှာနေပေသည်။ မနေ့ညတုန်းက တကယ်ထူးဆန်းပေသည်။ သူ(မ) အများကြီးမသောက်ထားပါဘဲ ဘယ်လိုလုပ်ပြီးမူးသွားရလေသလဲ။ ထို့ပြင် ထင်မထားပါဘဲ ကျန်းမုန့်လောင်ကလည်း သူ(မ)မူးနေသည်ကို မည်သည့်အခွင့်ကောင်းမျိုးမှ ယူမသွားဟန်ပင်။ ထိုကိစ္စကြောင့် သူ(မ)မှာ မိမိ၏ဆွဲဆောင်မှုကိုပင် သံသယဖြစ်သွားမိသည်။

"ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ထိပ်သီးလေလံပွဲမှ ကြိုဆိုပါတယ်။ ကျွန်မကတော့ ဒီနေ့အတွက် လေလံပစ်သူ အမ်မာဝပ်ဆန်ပါ"

အတော်ကြာအောင်ရှာဖွေပြီးသည့်တိုင် ကျန်းမုန့်လောင်ကို ရှာမတွေ့သဖြင့် အမ်မာလည်း သူ(မ)၏ပရော်ဖက်ရှင်နယ်တာဝန်ကို ပြန်လည်ထမ်းဆောင်ဆဲပင်။ ဤတစ်ခေါက်တွင် သူ(မ)၏အခကြေးငွေမှာ ယူရိုဆယ်သန်းဖြစ်ပြီး မကြာခဏမရနိုင်သော အခွင့်အရေးတစ်ခုဖြစ်၏။

"ဝိုး"

လက်ခုပ်ဩဘာသံများက တစ်ဟုန်ထိုးပေါက်ကွဲလာပြီး အများစုမှာ အလှပဂေးလေးကို လေးစားစိတ်ကြောင့်ဖြစ်၏။

တရားဝင်နှုတ်ဆက်စကားများ ဆိုပြီးနောက် လေလံပွဲ၏ ပထမဆုံးပစ္စည်းက လူတိုင်းရှေ့ရှိ ဧရာမLCDဖန်သားပြင်ထက်တွင် ပေါ်ပေါက်လာသည်။

"ဒီနေ့ ကျွန်မတို့မှာ ရှားပါးလေလံပစ္စည်း စုစုပေါင်း၁၀၂မျိုး ရှိပါတယ်။ အဲ့ဒါကြောင့် ပထမဆုံးလေလံပစ္စည်းကို ဖော်ပြလိုက်ရအောင်"

"၁၀၂မျိုးတဲ့လား။ မနှစ်တုန်းကထက်တောင် ပိုများနေတာပဲ။ ကြည့်ရတာ ဒီနေ့တော့ သွေးမုန်တိုင်းတွေထန်တော့မယ်ထင်တယ်"

ဝမ်လင်က အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် ဆိုလာလေသည်။

အမေးသင်္ကေတများမှာ ဖန်သားပြင်ထက်မှ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ပထမဆုံးလေလံပစ္စည်း၏ သရုပ်ပြပုံကို ဖော်ထုတ်ပြသလိုက်လေသည်။

"သောက်ကျိုးနည်း"

ပထမဆုံးလေလံပစ္စည်းကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင် မဆဲဘဲ မနေနိုင်ပေ။ သူသည် လေယာဉ်တင်သင်္ဘောတစ်စင်းဝယ်ယူ၍ ရွက်လှေအဖြစ်အသုံးပြုဖို့ မျှော်လင့်နေခဲ့သည်။ သူ့စိတ်ထဲရှိ ဆန္ဒကို ဖြည့်ဆည်းပေးသည့်အလား ပထမဆုံးလေလံပစ္စည်းက တကယ်ပင် လေယာဉ်တင်သင်္ဘောတစ်စီးဖြစ်နေခဲ့သည်။

"လေယာဉ်တင်သင်္ဘောကြီးနဲ့ စဖွင့်လိုက်တာတဲ့လား။ ဒီမအေ…"

ကျန်းမုန့်လောင်ခမျာ တအံ့တဩစုတ်သပ်လိုက်မိသည်။ ဤလေလံပွဲကား အလွန်စိတ်ဝင်စားဖို့ကောင်းမည်မှာ အသေအချာပင်။

***********

All Chapters