← Chapters

လျှာကဝေရဲ့စိတ်ဝိညာဉ်

Vol. 15 Ch. 219

လျှာကဝေရဲ့စိတ်ဝိညာဉ်

Vol. 15 Ch. 219

"မစ္စတာဘစ်ဂလာ.. ဒီလေယာဉ်တင်သင်္ဘောကို ခင်ဗျားစိတ်ဝင်စားတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား။ ခင်ဗျား ဈေးထပ်မြှင့်ဦးမလား"

ပထမထပ်ရှိ ထိုင်ခုံများတွင် ဘီလျံနာနှစ်ယောက်က အချင်းချင်းတီးတိုးပြောနေကြသည်။

"မင်းအမျိုးတွေကို မင်းဘာသာဈေးမြှင့်လေ"

ထိုဘီလျံနာကသာ ဟွာရှားလူမျိုးတစ်ယောက်ဆိုလျှင် ယခုလိုအတွေးမျိုးကို သူ့စိတ်ထဲတွင် တွေးနေလိမ့်မည်သာ။

ပုံမှန်အခြေအနေမျိုးတွင် ပထမဆုံးလေလံပစ္စည်းက နောက်ဆုံးပိတ်ပစ္စည်းနှင့်ယှဉ်လျှင် ဒုတိယနေရာမှာပင်။ သူ့တွင် နည်းနည်းပိုမြင့်သည့် ကိန်းဂဏန်းဖြင့် ဈေးခေါ်နိုင်သော အရည်အချင်းမျိုးရှိသော်ငြား သူသာ တကယ်လုပ်လိုက်လျှင် တခြားလေလံပစ္စည်းများကို ရရှိနိုင်မည့်အခွင့်အရေးမျိုး ရှိတော့မည်မဟုတ်။

လက်တွေ့အသုံးပြု၍မရနိုင်သော အငြိမ်းစားလေယာဉ်တင်သင်္ဘောတစ်စီးအတွက်နှင့် ထိုသို့လုပ်ဖို့ မလိုအပ်ပေ။

"သူ အခုလိုဈေးခေါ်နေပုံမျိုးနဲ့ဆိုရင် အဆုံးကျရင် သူ့မှာ ပိုက်ဆံဘယ်လောက်ကျန်နေဦးမလဲဆိုတာ သိချင်သေးတယ်"

"ဟုတ်တယ်။ ယူရိုဆယ်ဘီလီယံတဲ့။ ဒီအခန်းထဲမှာ အဲ့ဒီပမာဏထက်ပိုပြီးထုတ်နိုင်တဲ့လူတွေ အယောက်နှစ်ဆယ်ထက်ပိုပြီး မရှိနိုင်ဘူးမလား။ သူက သူတို့ကြားမှာ အချမ်းသာဆုံးဆိုရင်တောင် ယူရိုဆယ်ဘီလီယံကို ဘယ်နှခါလောက်ထုတ်နိုင်မှာမို့လို့လဲ"

"ထားလိုက်ပါတော့။ ယူရိုဆယ်ဘီလီယံနဲ့တင် မူရင်းဈေးလောက်ရှိနေပြီ။ အဲ့လိုလုပ်ဖို့မလိုဘူး"

"သူပဲ ယူပါစေတော့"

"ဟွာရှားလူမျိုးတွေက တကယ်ပျင်းဖို့ကောင်းတာပဲ။ ဒီလိုပစ္စည်းလေးတွေအတွက်နဲ့ ပိုက်ဆံအများကြီးအကုန်ခံနေတာ"

"ဟားဟားဟား..ခင်ဗျားတို့တွေ မေ့သွားပြီထင်တယ်။ ပြီးခဲ့တဲ့လေလံပွဲမှာတုန်းကလည်း လေယာဉ်တင့်ကားနဲ့ ဖျက်သင်္ဘောတစ်စီးကိုဝယ်သွားတဲ့ ဟွာရှားလူမျိုးတစ်ယောက်ရှိတယ်လေ"

"ခင်ဗျားပြောမှ သတိရတော့တယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း အဲ့ဒီဟွာရှားလူမျိုးနဲ့ပတ်သက်တဲ့ ဘာသတင်းမှမရတော့ဘူးနော်။ ကြည့်ရတာတော့ အဲ့ဒီဖျက်သင်္ဘောကို ဘယ်သူမှလည်း ထပ်မမြင်ရတော့ဘူးထင်တယ်"

"သူ အဲ့ဒီပစ္စည်းကိုဝယ်ပြီး ဒေဝါလီခံလိုက်ရတာဖြစ်မယ်"

"ဟားဟားဟား ဖြစ်နိုင်တယ်"

...

ကျန်းမုန့်လောင်၏လုပ်ရပ်နှင့်ပတ်သက်ပြီး လူတွေမှာ ရောထွေးသောခံစားချက်များ ခံစားနေရသည်။ တချို့ကတော့ ဈေးနှုန်းမြင့်တက်မှုကြောင့် လေလံဆွဲဖို့ လက်လျှော့လိုက်ကြပြီး တော်တော်များများကတော့ ကျန်းမုန့်လောင်၏အမှားကို စောင့်နေကြသည်။ ကျန်းမုန့်လောင်အနေနှင့် ထိုလေယာဉ်တင်သင်္ဘောကို ဟွာရှားဆိပ်ကမ်းတစ်ခုဆီသို့ ပြန်သယ်သွားနိုင်ပါ့မလားဆိုသည်ကိုပင် သူတို့ သံသယဖြစ်နေကြသည်။

အမ်မာက လေလံအတည်ပြုချက်ကို သုံးကြိမ်တိတ်ပြုလုပ်ခဲ့သည့်တိုင် မည်သူကမှ ဆက်လေလံမဆွဲကြတော့သဖြင့် လေလံပစ်တူကို ခပ်လေးလေးနှိပ်ချလိုက်သည်။

ဗီအိုင်ပီအခန်းသုညမှာရှိတဲ့ ဧည့်သည်တော်ကို ဇီမီယယ်လေယာဉ်တင်သင်္ဘောကို အောင်အောင်မြင်မြင်ဝယ်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး တစ်နာရီအတွင်း ငွေချေပေးပါ။ ငွေလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် လူတစ်ယောက်စီစဉ်ပေးပါ့မယ်"

ထိုအချိန်မှာပင် အမ်မာ၏နားကြပ်ထဲတွင် ဝန်ထမ်းတစ်ယောက်၏ စကားသံက ပဲ့တင်ထပ်လာချေသည်။ သူ(မ)၏အမူအရာလည်း အံ့အားသင့်မှုကြောင့် လက်ခနဲဖြစ်သွားပြီးနောက် တောက်ပစွာပြုံးလိုက်လေသည်။ အကြောင်းမှာ ယူရိုဆယ်ဘီလီယံကို လွှဲပြောင်းပေးပို့ထားပြီးဖြစ်သောကြောင့်ပင်။ ဤအဓိပ္ပာယ်မှာ သူ(မ)၏ကော်မရှင်ခလည်း သူ(မ)၏ဘဏ်အကောင့်ထဲသို့ လုံလုံခြုံခြုံရောက်ရှိနေပြီဟူသော သဘောပင်။

ဤကဲ့သို့သော တည့်တိုးဆန်လှသောပုဂ္ဂိုလ်များသည် စင်စစ်ငွေရှင်ကြေးရှင်များပင်။

"ဗီအိုင်ပီအခန်းနံပါတ်သုညမှ ဧည့်သည်တော်ကို ဂုဏ်ပြုပါတယ်။ ကျွန်မတို့ရဲ့ငွေလွှဲပြောင်းရေးဝန်ထမ်းကို ခဏလောက်သည်းခံပြီးစောင့်ဆိုင်းပေးပါ။ အခု လေလံပွဲရဲ့ဒုတိယပစ္စည်းကို ပြသပေးပါ့မယ်"

အောက်ဘက်ရှိ လူအုပ်ကြီးထဲမှာလည်း အုန်းအုန်းကျက်ကျက်ဆူညံသွားပြန်လေသည်။ အမ်မာ၏ကြေညာချက်က ကျန်းမုန့်လောင်သည် ငွေပေးချေမှုပြီးစီးသွားပြီဖြစ်ကြောင်း ဆိုလိုနေခြင်းပင်။ ယူရိုဆယ်ဘီလီယံကို စက္ကန့်ပိုင်းအတွင်း ပေးချေလိုက်သတဲ့။ ဤပိုက်ဆံက သူ့အိတ်ကပ်ထဲမှာ ကြာကြာထားလျှင် မီးလောင်သွားမှာစိုးလို့လား။ သို့မဟုတ် ဘာလဲ။ ကြာကြာသိမ်းထားလျှင် နျူကလီးယားရောင်ခြည်ထွက်လာမှာစိုးလို့လား။

"နောက်ထပ်လေလံပစ္စည်းကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတင်မကဘူး။ သမိုင်းဝင်ပစ္စည်းတစ်ခုဆိုလည်း ဟုတ်ပါတယ်"

အမ်မာက ထိုအရာကိုမိတ်ဆက်ပေးနေစဉ်မှာပင် ဒုတိယလေလံပစ္စည်း၏ ဆန်းကြယ်လှသောမျက်နှာဖုံးကို ခွာချလိုက်သည်။

"အာ? ဇွန်းခက်ရင်းဓားတစ်စုံစာလား"

ကျန်းမုန့်လောင် ချက်ချင်းပင် စိတ်ပျက်သွားရသည်။ လေယာဉ်တင်သင်္ဘော၏ အားကောင်းလှသောမြင်ကွင်းမျိုးနှင့် ယှဉ်ကြည့်ပါက ဤပစ္စည်းမှာ ထိတ်လန့်ဖွယ်ရာမရှိပေ။

ဤပစ္စည်းသည် ခရစ္စတယ်အလား ပြာလဲ့နေသော ဇွန်းခက်ရင်းဓားတစ်စုံစာဖြစ်ပြီး ပန်းကန်လုံးတစ်စုံ၊ ခွက်အသေးသုံးလုံး၊ ပန်းကန်လုံးအကြီးတစ်လုံးနှင့် ကျောက်မျက်စီခြယ်ထားသော ငွေဖြူရောင်အသုံးအဆောင်တစ်စုံပင်။

"ကဲ ငါတော့…ဟင်းသုံးခွက်နဲ့ စွပ်ပြုတ်တစ်ပန်းကန်တဲ့။ ငါ့အတွက် ပြင်ထားတာလား"

ကျန်းမုန့်လောင်လည်း အကြောင်းအရင်းမည်မည်ရရမသိသော်ငြား ဤပစ္စည်းများကိုကြည့်ပြီး စိတ်လှုပ်ရှားမှုတစ်စုံတစ်ရာမရှိဘဲ ရယ်ချင်နေသလိုသာ ခံစားရသည်။

"ဒါက စိန်နဲ့လုပ်ထားတဲ့ ထမင်းစားအသုံးအဆောင်ပစ္စည်းတွေလေ။ ဒီဓားနဲ့ခက်ရင်းတွေက သတ္တုစပ်နဲ့ပြုလုပ်ထားပြီး စီခြယ်ထားတဲ့ကျောက်မျက်ကလည်း စိန်တွေချည်းပါပဲ။ ငါးကာရက်ကျော်တဲ့ ရှားပါးသွေးနီရောင်စိန်လေးလုံးလည်းပါပါတယ်။ ဒီထဲမှာပါတဲ့ စိန်တွေရဲ့စုစုပေါင်းအလေးချိန်ကတော့ သုံးထောင်ကာရတ်ပါ"

"အဲ့လောက်တောင်လား"

ဤတစ်ခေါက်မှာတော့ ကျန်းမုန့်လောင်ပင်လျှင် အံ့အားသင့်သွားရသည်။ အစတုန်းက ထိုပစ္စည်းများကို ခရစ္စတယ်နှင့်ပြုလုပ်ထားသည်ဟု သူ ထင်ခဲ့မိသော်လည်း တကယ်တမ်းမှာတော့ စိန်တွေချည်းပြည့်နေလေသည်။

ယုတ္တိဗေဒအရဆိုလျှင် အရွယ်အစားအားဖြင့် ကာရတ်အများအပြားရှိသော စိန်များကပင် အလွန်ကြီးမားနေပြီဖြစ်၏။ ထိုပန်းကန်လုံးနှစ်လုံးကိုအသာထား။ ထိုပုံစံရအောင် ထုဆစ်ရန်အတွက် လိုအပ်သောကျောက်မျက်အရိုင်းတုံးများမှာ ကြီးမားနေမှဖြစ်မည်မဟုတ်လား။ ဤသည်မှာ တောင်အာဖရိက၏ ဒဏ္ဍာရီလာကြယ်နှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်။

ထို့ပြင် အပြာရောင်စိန်များလည်း ပါသေးသည်။ ၎င်းမှာ ရှာဖွေတွေ့ရှိရန် ရှားပါးလွန်းလှသည်။

အဓိကမေးခွန်းမှာ ဤကမ္ဘာပေါ်တွင် ဤမျှများပြားလှသော အပြာရောင်စိန်များက တကယ်ရောရှိနိုင်ရဲ့လား။ ထိုအကြောင်းကို ဘာကြောင့်များ မည်သူမှ မကြားဖူးရလေသလဲ။

"လူတိုင်းလည်း စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"

အမ်မာက လက်ဝှေ့ယမ်းလိုက်လေရာ ပလက်ဖောင်းတစ်ခုက ဖြည်းဖြည်းချင်းမြင့်တက်လာပြီးနောက် အလှပဆုံးဒီဇိုင်းဆွဲထားသော လင်ပန်းတစ်ခု ပေါ်ထွက်လာပြီးနောက် မျက်စိကျိန်းဖွယ်တောက်ပနေသော အစားအသောက်အသုံးအဆောင်တစ်စုံစာ ပေါ်လာပေသည်။

"၁၆ရာစုတုန်းက ဥရောပသမိုင်းမှာ ချားလ်ဗွီလို့ခေါ်တဲ့ အရမ်းအင်အားကြီးမားတဲ့ ဧကရာဇ်တစ်ပါးရှိခဲ့ဖူးပါတယ်။ သူ နန်းတက်ချိန်တုန်းက မူရ်လန်မှာရှိတဲ့အကြီးဆုံးစိန်တွင်းက ကာရတ်၅၀၀၀ရှိတဲ့ အပြာရောင်စိန်တစ်လုံးကို တူးဖော်ရရှိခဲ့ပြီး ချားလ်ဗွီကို နန်းတက်လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ နှစ်နှစ်ခွဲကြာအောင် အနုစိတ်ခြယ်မှုန်းပြင်ဆင်ပြီးတဲ့နောက်မှာတော့ ဒီအစားအသောက်အသုံးအဆောင်တစ်စုံစာကို ရရှိခဲ့ပါတယ်"

"တကယ်လား။ ဒီအကြောင်း ငါ ဘာလို့အရင်ကမကြားဖူးတာပါလိမ့်"

"ကာရတ်ငါးထောင်ရှိတဲ့ အပြာရောင်စိန်တဲ့လား။ နည်းနည်းချဲ့ကားလွန်းမနေဘူးလား"

ထိုမျှအထိ ကြီးမားလွန်းလှသော အပြာရောင်စိန်ကြီးတစ်လုံးဆိုသည်မှာ သာမန်လူများ နားလည်နိုင်သည့်အတိုင်းအတာထက် ကျော်လွန်နေချေသည်။

"ဒီပစ္စည်းရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး လူတိုင်း သံသယတွေပြည့်နေလောက်မှာပါ။ ဘာလို့လဲဆိုတော့ ဒီအကြောင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်က အရမ်းနည်းပါးခဲ့တာကြောင့်ပါပဲ။ အဲ့လိုစိန်မျိုး မရှိဘူးလို့တောင် ပြောလာနိုင်ပါတယ်"

အမ်မာက ဆက်ပြောလေသည်။

"ဘာလို့လဲဆိုတော့ စိန်အသုံးအဆောင်ပစ္စည်းကို လုပ်ပြီးတဲ့နောက်မှာ အဲ့ဒီပစ္စည်းကို ချားလ်ဗွီရဲ့ သီးသန့်ရတနာတိုက်ထဲမှာပဲ သိမ်းဆည်းထားခဲ့လို့ပါ။ သူမဆုံးခင် နောက်ဆုံးနှစ်တွေတုန်းက ချားလ်ဗွီဟာ နာတာရှည်ရောဂါကို ခံစားခဲ့ရပြီး အဆုံးမှာတော့ ဝေဒနာခံစားရင်း ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တကယ်တော့ သူ့သားစဉ်မြေးဆက်တွေက ဒီစိန်အသုံးအဆောင်ပစ္စည်းရဲ့တည်နေရာကို သူ့ဆီကနေ မေးမြန်းချင်ခဲ့ကြတဲ့အတွက် ပျံ့နှံ့နှုန်းနှေးတဲ့အဆိပ်နဲ့ ဖိအားပေးခဲ့ကြတာပါ"

"ဒီလိုပစ္စည်းမျိုး တကယ်ရောရှိလို့လား"

"ကျစ်ကျစ်ကျစ်.. ဒီပစ္စည်းမှာ ဒီလိုဇာတ်လမ်းမျိုးရှိနေရတယ်လို့"

"ဒါက မြှုပ်နှံခံထားရတဲ့သမိုင်းတစ်စပဲ"

...

ဤအသုးအဆောင်ပစ္စည်း၏ စုဆောင်းမှုတန်ဖိုးမှာ လူတိုင်းကို စိတ်လှုပ်ရှားစေသည်။ နာမည်ကြီးနေသည့်အတိုင်း ထိုအဖွဲ့အစည်းသည် ဘယ်တုန်းကမှ အတုအပများကို မရောင်းချခဲ့ဖူးပေ။ ထို့ကြောင့် ဤပစ္စည်းကလည်း သေချာပေါက်ယုံကြည်စိတ်ချရမည်မှာ အသေအချာပင်။

"အခု လေလံစတင်ပါပြီ"

"ယူရိုငါးသန်း"

"ဆယ်သန်း"

"သန်းနှစ်ဆယ်"

...

"သန်းလေးဆယ်"

ဝမ်လင်က အလောတကြီးအော်ဟစ်လိုက်သည်။

"မင်း အဲ့ဒီပစ္စည်းကို စိတ်ဝင်စားလို့လား"

ကျန်းမုန့်လောင်က တစ်ဖက်လှည့်၍ မေးလိုက်သည်။

"ဒီလိုပစ္စည်းမျိုးကို လက်လွှတ်ခံလို့မဖြစ်ဘူးလေ"

ဝမ်လင်က ပြောလာလေသည်။

"ငါတို့ အခုမှဈေးမအော်ဘူးဆိုရင် နောက်ပိုင်းကျ အခွင့်အရေးရတော့မှာမဟုတ်ဘူး"

"ဟားဟား မင်းပြောတာမှန်တယ်"

ကျန်းမုန့်လောင်က ချက်ချင်းအော်ပစ်လိုက်သည်။

"ယူရိုသန်းတစ်ရာ"

"ဝိုး"

"သူ ဘယ်လိုလုပ်ပြီး ထပ်စလာပြန်တာလဲ"

"ဟာသပဲ"

"ဒီလူသာရှိနေရင် ငါတို့က ဘာဝယ်နိုင်ဦးမှာလဲ"

"စိတ်မပူနဲ့။ နည်းနည်းလောက် ထပ်စောင့်လိုက်။ သူ့ပိုက်ဆံတွေအကုန်သုံးပြီးသွားတာနဲ့ ငါတို့အလှည့်ရောက်လာလိမ့်မယ်"

သူတို့မသိသောအချက်မှာ ကမ္ဘာပျက်ချိန်အထိ သူတို့စောင့်နေလျှင်တောင် ကျန်းမုန့်လောင် ပိုက်ဆံပြတ်သွားမည့်အရေးကို သူတို့မြင်ရလိမ့်မည်မဟုတ်ချေ။

"ယူရို၁၀၅သန်း"

ကျန်းမုန့်လောင်လို ရူးသွပ်နေသောလူတစ်ယောက်နှင့် မည်သူမှ လိုက်ပြိုင်နိုင်မည်မဟုတ်ဟု ယူဆထားကြသော်လည်း ကျန်းမုန့်လောင်၏ဘေးအခန်းရှိ တတိယဗီအိုင်ပီအခန်းမှ အနည်းငယ်မျှအိုမင်းရင့်ရော်နေသောအသံတစ်သံ ထွက်ပေါ်လာလေသည်။

"မစ္စတာကျန်း ခင်ဗျားက ဟွာရှားကလာတာလေ။ ဒီပစ္စည်းက အနုပညာတန်ဖိုးထက် သမိုင်းဝင်တန်ဖိုးက ပိုကြီးတယ်။ ဒီ‌တော့ ဥရောပမှာထားတာပဲ ပိုကောင်းမယ်မဟုတ်လား"

"ဆောရီး.. ကျွန်တော်က ဒီလေလံကိုလက်လျှော့ဖို့ စိတ်ကူးမရှိဘူး"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"ကျွန်တော်က အစွန်းထွက်မထားချင်တဲ့ အကျင့်တစ်ခုရှိလို့ ယူရိုသန်း၂၀၀လို့ လေလံဈေးခေါ်လိုက်တာ"

"သေစမ်း.. မင်းက လေလံဆွဲဖို့ရောက်လာတာရောဟုတ်ရဲ့လား။ ဒါမှမဟုတ် မင်းရဲ့စည်းစိမ်တွေကို ကြွားဝါဖို့အတွက် ရောက်လာတာလား"

ဝမ်လင့်ခမျာ စိတ်ဖိစီးမှုကြောင့် သူ့ပေါင်သူပြန်ရိုက်လိုက်သည်။

"မစ္စတာကျန်း.. ခင်ဗျား အဲ့ဒါကိုပြန်ယူသွားရင်တောင် သိုလှောင်ခန်းထဲမှာပဲ သိမ်းထားရလိမ့်မယ်လေ။ ဒီတော့ အဲ့ဒါလေးကိုဝယ်ဖို့အတွက်နဲ့ ပိုက်ဆံတွေအများကြီး ဘာလို့အကုန်ခံမှာလဲ"

ထိုအသံထဲတွင် အနည်းငယ်နားမလည်နိုင်ဟန်များ ကိန်းအောင်းနေသည်။

"သိုလှောင်ခန်းထဲမှာပဲ သိမ်းထားမယ်လို့ ဘယ်သူကပြောလို့လဲ"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။

"ဒါက အစားအသောက်နဲ့ပတ်သက်တဲ့တန်ဆာပလာလေ။ အဲ့ဒီတော့ ဒီပစ္စည်းနဲ့ စားသောက်ဖို့အတွက် ဝယ်နေတာ"

"အစားအသောက်တန်ဆာပလာဆိုတာက ဘာအဓိပ္ပာယ်လဲ။ စားသောက်ဖို့ပဲသုံးမယ်လို့ ဆိုလိုတာလား"

"ယူရိုသန်းနှစ်ရာတန်ပစ္စည်းနဲ့ စားသောက်မှာတဲ့လား။ သူ အသက်တိုမှာမကြောက်ဘူးလား"

"ဒီဟွာရှားလူမျိုးက ဦးနှောက်မှာ ပြဿနာတစ်ခုခုများရှိနေတာလား။ ဒီယူရိုသန်းနှစ်ရာနဲ့ဆိုရင် သူ အရသာရှိရှိမစားနိုင်စရာ ဘာရှိလို့လဲ"

အောက်ဘက်ရှိ ဆွေးနွေးစကားများကို နားထောင်ရင်း ကျန်းမုန့်လောင်က ရုတ်တရက်ထပြောလာသည်။

"ဟေး.. ခင်ဗျားတို့တွေအားလုံး မသိကြဘူးပဲ။ ကျွန်တော်တို့ဟွာရှားရဲ့စာပေပညာရှင်လုရွှင်းက တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ "ဆန်စားတဲ့လူက သာလွန်မြင့်မြတ်တဲ့လူတွေပဲ။ အစားအသောက်အတွက် အကောင်းဆုံးပစ္စည်းတွေကိုသုံးတာက အသုံးအဖြုန်းကြီးတယ်လို့မခေါ်ဘူးတဲ့"

*************

All Chapters