← Chapters

ဘဏ်က တကယ်ပဲ ငါ့မိသားစုပိုင်တာ

Vol. 15 Ch. 224

ဘဏ်က တကယ်ပဲ ငါ့မိသားစုပိုင်တာ

Vol. 15 Ch. 224

"သူ ပိုက်ဆံမပေးနိုင်ရင်တဲ့လား။ မင်း ဘာတွေဟာသလာလုပ်နေတာလဲ"

ဝမ်လင်က ပြောလိုက်သည်။

"ဒီကိုလာတဲ့လူတိုင်းက အနည်းဆုံး အမေရိကန်ဒေါ်လာသန်းတစ်ရာပိုင်ဆိုင်မှုရှိတဲ့ လူတွေချည်းပဲ။ ဘယ်သူမဆို ငွေသားယူရိုငါးသန်းလောက်ကတော့ အသာလေးထုတ်နိုင်ကြတယ်။ သူက ဘယ်လိုလုပ်ပြီး ငွေမချေနိုင်ရမှာလဲ"

"လောင်းချင်လား"

ကျန်းမုန့်လောင်က ကျီစယ်လိုဟန်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။

"သူသာ ခဏနေရင် ယူရိုငါးသန်းထုတ်နိုင်ခဲ့ရင် ငါ့ခေါင်းပေါ်မတ်တတ်ရပ်ပြပြီး မစင်သုံးတန်လောက် စားပြမယ်။ ပြီးရင် အဆင့်ငါးပန်ကာအရှိန်နဲ့ Handjobလုပ်ပြမယ်"

"ဖွီး လူရမ်းကားကြီး"

လုရီယောင်က ကျန်းမုန့်လောင်ကို မသတီဟန်အကြည့်တစ်ချက် ပစ်သွင်းလိုက်သည်။

"သေစမ်း.. မင်းက အဲ့လောက်တောင်လောင်းနေတာလား"

ဝမ်လင်ခမျာ ရုတ်ခြည်းတုန်လှုပ်သွားလေသည်။

"မင်းက ကပ်ပါးရပ်ပါးကောင်မဟုတ်ဘူးလား"

"ပရမ်းပတာတွေလာပြောနေတယ်။ ငါက အဲ့လိုလူစားမျိုးလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ ငါနိုင်သွားပြီး သူ ယူရိုငါးသန်းကို မထုတ်နိုင်ခဲ့ရင် မင်းရဲ့မစင်၂၅၇တန်လုံးကို တစ်ချီတည်းစားပြပြီး မင်းရဲ့ညီလေးကို ဆာလဖျူရစ်အက်ဆစ်နဲ့ ဆေးပြရမယ်။ ဘယ်လိုလဲ"

"ငါ မင်းနဲ့မလောင်းဘူးပဲ"

ထိုမျှအထိကြမ်းလှသော လောင်းကြေးမျိုးကို ဝမ်လင် မလောင်းရဲပေ။ ယုံကြည်မှုပြည့်ဝနေ‌သော ကျန်းမုန့်လောင်၏အကြည့်ကို တွေးဆရသော် အကြံအစည်တစ်ခုခုရှိနေလိမ့်မည်။ ကျန်းမုန့်လောင်၏နည်းလမ်းများက အမြဲခန့်မှန်းရခက်ပြီး တကယ်လည်း လုပ်နိုင်စွမ်းရှိသည်။

"ဒါပေမဲ့ မင်းဘယ်လိုလုပ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ဝမ်လင်က ပြောလိုက်လေသည်။

"ရှင်းရှင်းလေးပါ"

ကျန်းမုန့်လောင် ပြုံးလိုက်သည်။

"ဒီလေလံပွဲက ယူရိုသန်းဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက် အလဲအလှယ်လုပ်နေတာလေ။ လက်ငင်းငွေသားနဲ့တော့ ငွေချေလို့မရဘူးမလား"

"ဒါပေါ့။ ဘဏ်ငွေလွှဲကတစ်ဆင့် အလုပ်လုပ်ကြတာလေ။ ဆွစ်ဘဏ်ထဲက လျှို့ဝှက်အကောင့်တွေကတစ်ဆင့်ပေါ့"

ဝမ်လင်က ဆိုလာလေသည်။

"လေလံပွဲကို မတက်ခင်ကတည်းက သူတို့က ငွေလွှဲပြောင်းရေးအတွက် အဲ့လိုအကောင့်တစ်ကောင့်ကို မှတ်ပုံတင်ထားဖို့လိုတယ်လေ"

"ဟေး.. မင်း ခုနကပဲ ပစ္စည်းဆယ့်နှစ်ခုဝယ်ထားပြီးပြီမဟုတ်လား။ ငွေပေးချေမှုစနစ်ကို မင်း ဘယ်လိုလုပ်ပြီးမသိရတာလဲ"

ဝမ်လင် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

"ငါက ပစ္စည်းတွေဝယ်ရင် ငါ့ကိုယ်ပိုင်ပိုက်ဆံကို သုံးစရာလိုလို့လား"

ကျန်းမုန့်လောင်က မျက်ခုံးပင့်လိုက်၏။

"ဟေဂန်စီစဉ်ပေးထားတဲ့လူကို ငွေလွှဲဖို့ပြောလိုက်ရုံပဲလေ။ ကျန်တာအကုန် သူပဲကြည့်စီစဉ်သွားတာ။ ငါကိုယ်တိုင်လုပ်စရာမလိုဘူး"

"သေစမ်းကွာ။ အကျင့်ပျက်အရင်းရှင်ကြီးပဲ"

ဝမ်လင်က မနာလိုဖြစ်ကာ ဆဲဆိုလိုက်သည်။

"မင်းရဲ့အစီအစဉ်က ဘာလဲ"

"ဆွစ်ဘဏ်မလား"

ကျန်းမုန့်လောင်က သူ့ခွက်ကိုလှည့်လိုက်သည်။

"ဘဏ်ထဲက သူ့ပိုက်ဆံတွေကို ရွှေ့ပြောင်းလို့မရအောင်လုပ်လိုက်ရုံပေါ့။ ဒါဆို သူ တစ်ပြားမှ ငွေလွှဲလို့မရတော့ဘူးလေ။ အဲ့ဒီတော့ ငွေမချေနိုင်ဘူးမလား"

"ဟားဟားဟား.. မင်းက တအားကြီးကျယ်တာပဲ"

ဝမ်လင်က ရယ်မောလာသည်။

"ဆွစ်ဘဏ်ဆိုတာ ကမ္ဘာပေါ်မှာ ထိပ်တန်းအဆင့်ဘဏ်တစ်ခုပဲ။ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက လေးပုံတစ်ပုံလောက်က အဲ့ဒီဘဏ်မှာ ငွေအပ်ထားကြတာ။ မင်းကိုယ်မင်း ဘယ်သူလို့များထင်နေတာလဲ။ အဲ့ဒီဘဏ်ကို မင်းပိုင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့"

ရုတ်ခြည်းဆိုသလို ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ ထူးဆန်းလှသောအပြုံးတစ်ခုကို ဝမ်လင် သတိထားလိုက်မိသည်။ "ကိုယ်လူရေ.. မင်း ငါဘာလုပ်နိုင်လဲဆိုတာ မသိပါဘူး"ဟု ပြောနေသည့်အလားပင်။

"မ..မဖြစ်နိုင်တာ။ ငါက လူပြက်ကြီးမို့လို့လား"

ဝမ်လင်က ချဲ့ကားထားသောအမူအရာတစ်ခုကို လုပ်လိုက်လေသည်။

"ဆောရီး. ဒီဆွစ်ဘဏ်က တကယ်ပဲ ငါပိုင်တယ်ထင်တာပဲ"

ကျန်းမုန့်လောင်က အနည်းငယ်တောင်းပန်လိုဟန်လေသံဖြင့် ပြောလာလေသည်။

"မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။ ငါမှတ်မိတာတော့ ဘဏ်ရဲ့ရှယ်ယာ၇၀ရာခိုင်နှုန်းကျော်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတွေအများကြီးမှာ ဖြန့်ကြက်ထားတာ။ BlueShirtနိုင်ငံတကာငွေကြေးလုပ်ငန်းက ၁၂.၅ရာခိုင်နှုန်းကိုင်ထားတယ်။ Carlyle Asiaလုပ်ငန်းစုက ၂၂.၄ရာခိုင်နှုန်းနဲ့ ကမ္ဘာကျော်တခြားလုပ်ငန်းစုတွေရောပဲ"

"ဒါဆို မင်းမသိသေးတာက အဲ့ဒီလုပ်ငန်းစုတွေရဲ့ သူဌေးတော်တော်များများက ဒိုရယ်လာမိသားစုဝင်တွေ ဒါမှမဟုတ် သူတို့ရဲ့ပြင်ပအဖွဲ့အစည်းတွေပဲ။ ဒီ‌တော့ လုပ်ငန်းစုရှယ်ယာတွေကို ဒိုရယ်လာမိသားစုပဲပိုင်တာ။ သူတို့ဟာက ငါ့ဟာပဲပေါ့"

"ဒါပေမဲ့ ဒီလိုမျိုးဖြစ်ရပ်တစ်ခု ဘဏ်မှာဖြစ်ခဲ့ရင် ပြင်းထန်တဲ့နောက်ဆက်တွဲတွေ လိုက်လာမှာမစိုးရိမ်ဘူးလား"

ဝမ်လင်က စိုးရိမ်ပူပန်စွာ ပြောလာလေသည်။ သူသာဆိုလျှင် အရေးကြီးအခြေအနေမျိုးမှာ ဘဏ်ထဲက ရုတ်တရက်ကြီးငွေထုတ်မရခဲ့လျှင် ဒေါသထွက်မိမည်ဖြစ်၏။

"ပြဿနာမရှိပါဘူး"

ကျန်းမုန့်လောင်က အရေးမထားဟန်ဖြင့် လက်ယမ်းပြသည်။

"ငါ့မှာ သူ့ကိုအနိုင်ပိုင်းဖို့ နည်းလမ်းတစ်ရာလောက်ရှိတယ်။ ပြီးတော့ သူလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး"

"ဟုတ်ပါ့။ မင်းရဲ့လေသံက ယဲ့လျန်ချန်းနဲ့တောင် သွားတူနေပြီ"

ထိုသို့ပြောပြီးနောက် ဝမ်လင်တစ်ယောက် ရုတ်တရက်စိတ်လှုပ်ရှားသွားရသည်။ ကျန်းမုန့်လောင်ထံမှ ငွေနှင့်ပစ်ပေါက်ခံရသည်မှာ သိပ်စိတ်ကျေနပ်ဖို့မကောင်းပေ။ ကျန်းမုန့်လောင်တစ်ယောက် ငွေကို လက်နက်တစ်ခုအဖြစ်အသုံးချနေခြင်းကို ကြည့်ရသည်မှာ အလွန်ပျော်စရာကောင်းလှသည်။ အထူးသဖြင့် သူသဘောမကျသောလူတစ်ယောက်ကို ထိုသို့လုပ်နေခြင်းကား ပို၍ပင်ပျော်ဖို့ကောင်းသေးသည်။

"မြန်မြန်လုပ်။ ဒီလူယုတ်မာတွေက ငါတို့ဟွာရှားလူမျိုးတွေကို စိန်ခေါ်ရဲသတဲ့။ သူ့ကို အရှက်တရားက ဘာမှန်းသိသွားအောင် လုပ်ပစ်ကြတာပေါ့"

"ဟေဂန်"

ကျန်းမုန့်လောင်က ဟေဂန်၏နံပါတ်ကို ခေါ်လိုက်သည်။

"ခင်ဗျားမှာ လေလံပွဲတက်တဲ့လူတွေရဲ့စာရင်းရှိလား"

"လိုအပ်မယ်ဆိုရင် ကျွန်တော် တစ်မိနစ်အတွင်းရှာပေးနိုင်ပါတယ်"

"မလိုပါဘူး။ အဲ့ဒီလူက ဘယ်သူလဲဆိုတာ ကျွန်တော်စိတ်မဝင်စားဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"တစ်မိနစ်အတွင်း ဗီအိုင်ပီအခန်းနံပါတ်၇ကလူရဲ့အထောက်အထားကိုရှာပြီး သူ့ဆွစ်ဘဏ်အကောင့်ကို ပိတ်ပစ်လိုက်"

"နားလည်ပါပြီ မစ္စတာကျန်း.. ကျွန်တော်ချက်ချင်းလုပ်လိုက်ပါ့မယ်"

...

"ဗီအိုင်ပီအခန်းနံပါတ်၇မှာရှိတဲ့ဧည့်သည်က ယူရိုငါးသန်း လေလံတင်ထားပါတယ်။ ဘယ်သူမှ ဒီထက်မြင့်တဲ့ဈေးကို မခေါ်တော့ဘူးလား။ မရှိဘူးဆိုရင်…"

"ယူရို‌ဆယ်သန်း"

အမ်မာ၏စကားမဆုံးသေးခင်မှာပင် အခြားတစ်ယောက်က ပိုမြင့်သောဈေးနှုန်းတစ်ခုကို ဆိုလာချေသည်။

"ဟားဟားဟား ဟွာရှားက အခုနောက်ပိုင်း အရမ်းထင်ရှားလာတယ်။ သူတို့ရဲ့အရှိန်ကို ဖိနှိပ်ဖို့ အချိန်ကျပြီ။ သူတို့ ဘယ်လိုရှင်သန်ဖို့ကြိုးစားခဲ့ရလဲဆိုတာကို မေ့သွားကြပုံပဲ"

ထိုလူမှာ ဗီအိုင်ပီအခန်းနံပါတ်၅မှ ဧည့်သည်တစ်ယောက်ဖြစ်ပြီး သူသည် ဆံနွယ်ရှည်အလှလေးတစ်ယောက်ကို ပွေ့ဖက်ထားပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်သလိုပုံစံမျိုးဖြင့် ခန်းမတစ်ခုလုံးကို ငုံ့ကြည့်နေချေသည်။

"နောက်တစ်ယောက်လား"

ကျန်းမုန့်လောင်လည်း လူအမျာအပြားက သူ့ကို မျက်နှာဖြတ်ရိုက်ချင်စိတ်လောနေကြမှန်း သိလိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသွားသည်။

"မစ္စတာကျန်း.. အဲ့ဒါက အမေရိကက မားစ်မိသားစုကပါ။ သူတို့ရဲ့စီးပွားရေးအင်အားက အမေရိကမှာ တတိယအဆင့်ရှိပါတယ်။ ဒါပေမဲ့ သူတို့က စစ်တပ်နဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိတဲ့အပြင် သူတို့ဆီမှာ အဆင့်ခြောက်သန္ဓေပြောင်းလူသားတစ်ယောက် ရှိပါတယ်"

"ကိုင်း.. အခုဆိုရင် စစ်တပ်ပါ ပါဝင်ပတ်သက်လာပြီ။ သူတို့က ဒီတစ်ခေါက်ရော ဘာတွေကိုများ ဒီလောက်လိုချင်နေရတာလဲ"

ကျန်းမုန့်လောင်လည်း လေလံပွဲ၏နောက်ဆုံးပစ္စည်းကို ပိုစိတ်ဝင်စားလာမိသည်။

"ယူရိုသန်းနှစ်ဆယ်! ငါတို့အီတလီက ဟွာရှားရဲ့ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို အရမ်းစိတ်ဝင်စားတယ်"

"ဟားဟားဟား အဲ့လိုဆိုရင် ကျုပ်တို့လည်း အသာငြိမ်မနေနိုင်ဘူးပေါ့။ ယူရို၂၅သန်း"

ကိုင်ဘွန်၏အနောက်အိပ်မက်နန်းတော်မှ လူချမ်းသာများကလွဲ၍ ဒုတိယကမ္ဘာလူသားများ ခေါ်လာခဲ့ကြသော လူများမှာ အဆင်အခြင်မဲ့စွာ လေလံဆွဲနေကြသည်။ သူတို့အမြင်တွင် ဒုတိယကမ္ဘာလူသားများ၏ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကျန်းမုန့်လောင်၏ခြိမ်းခြောက်မှုများကို သူတို့ မကြောက်ကြပေ။

"ဝိုး..သူတို့တွေက အခုတော့ အကုန်ခုန်ထွက်လာကြပြီပဲ"

ကျန်းမုန့်လောင်၏နှုတ်ခမ်းထောင့်ရှိ အပြုံးကား ပို၍အေးစက်လာသည်။

"လောင်ကျန်း.. သူတို့ကိုကြည့်ရတာ မင်းရဲ့ခြိမ်းခြောက်မှုကို လုံးဝကြောက်ပုံမရဘူး။ အန္တရာယ်တစ်ခုခုများရှိနိုင်လောက်လား။ ငါတို့ ဒီလောက်အထိ ထိပ်တိုက်တွေ့ဖို့မလိုဘူးထင်တယ်"

ဝမ်လင်လည်း မနေသာတော့ဘဲ သူ့စိုးရိမ်ပူပန်မှုကို ထုတ်ပြလာသည်။

"စိတ်မပူစမ်းပါနဲ့။ သူတို့က ငတုံးတစ်သိုက်ပါကွာ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"သူတို့ကိုရှင်းဖို့ အချိန်တွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ဟေဂန့်ကိုတော့ နောက်ထပ်အကောင့်လေးနည်းနည်းလောက် ထပ်ပိတ်ခိုင်းရဦးမယ်"

...

"ယူရို၁၂၅သန်းနဲ့ ရောင်းလိုက်ပါပြီ။ ဗီအိုင်ပီအခန်းနံပါတ်၇မှ ဧည့်သည်ကို ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို အောင်အောင်မြင်မြင်ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး တစ်နာရီအတွင်း ငွေချေပေးပါ။ ငွေချေပြီးတာနဲ့ ကျွန်မတို့တွေ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ရှင့်ရဲ့ဗီအိုင်ပီအခန်းထဲ ပို့ပေးပါ့မယ်"

"ခဏနေဦး"

ကျန်းမုန့်လောင်၏ ငယ်ရွယ်ပျိုမြစ်သောအသံက ဗီအိုင်ပီအခန်းသုညမှ ထွက်ပေါ်လာလေသည်။

"မစ္စတာကျန်း..ဒီပစ္စည်းအတွက် လေလံဆွဲတာက ပြီးသွားပါပြီ"

အမ်မာက သူ့ကို သတိပေးလိုက်သည်။

"သိပါတယ်"

ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ အခန်းနံပါတ်၇မှာရှိတဲ့ပုဂ္ဂိုလ်က ယူရို၁၂၅သန်းကို တကယ်ထုတ်နိုင်ပါ့မလားလို့ သံသယဖြစ်မိပါတယ်။ တကယ်လို့ သူတို့ငွေမထုတ်နိုင်ဘူးဆိုရင် အဲ့ဒီပစ္စည်းက သူတို့မပိုင်ဘူးလေ"

ဤအဆင့်မြင့်လေလံပွဲတွင် စိတ်ဝင်စားဖို့ကောင်းသော စည်းမျဉ်းတစ်ခုရှိသည်။ သာမန်လေလံပွဲများတွင် နောက်ဆုံးဝယ်သူက ငွေမချေနိုင်ခဲ့လျှင် သူတို့အနေနှင့် လျော်ကြေးပေးရရုံသာမက ပစ္စည်းကိုလည်း ရောင်းချခြင်းမရှိဟု ကြေညာရမည်သာ။

သို့သော် ဤနေရာတွင်မူ အမြင့်ဆုံးဈေးပေးထားသော လေလံတင်သူက ငွေမချေနိုင်ခဲ့လျှင် ပစ္စည်းက ဒုတိယမြောက်ဈေးအများဆုံးပေးထားသူဆီသို့ ရောက်သွားမည်ဖြစ်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က ငွေချေနိုင်သရွေ့တော့ ပစ္စည်းကို ရောင်းမထုတ်နိုင်သည့်အခြေအနေဟူ၍ ရှိမည်မဟုတ်ချေ။

"ဟားဟားဟား ဟာသပဲ။ ဒီနေ့ခေတ်လူငယ်တွေက အဲ့လောက်တောင်မာန်တက်နေတာလား။ အဲ့ဒါက ယူရိုသန်းတစ်ရာကျော်လေးပဲ မဟုတ်ဘူးလား"

အခန်းနံပါတ်၇မှ အာဒန်နာက ပြောလိုက်သည်။

"မစ္စအမ်မာ.. ကျုပ် အခုချက်ချင်းငွေချေနိုင်တယ်။ တစ်နာရီစောင့်စရာမလိုဘူး"

"အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့"

အမ်မာက ပြုံးပြုံးလေးပြောလိုက်သည်။

"ငွေလွှဲလိုက်"

အာဒန်နာက သူနှင့်အတူပါလာသော လက်ထောက်ကို ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ မစ္စတာအာဒန်နာ"

လက်ထောက်ကလည်း လက်ပ်တော့တစ်လုံးကိုထုတ်၍ ငွေလွှဲမှုကိုစတင်လိုက်သည်။ သို့သော် ခဏအကြာမှာ သူ့အမူအရာကား ရုတ်ခြည်းပျက်ယွင်းသွားချေသည်။

"ဆရာ..ဆရာ.."

"ဘာလဲ"

အာဒန်နာကလည်း စိတ်မရှည်စွာ ပြောလိုက်သည်။

"ခင်ဗျား..ခင်ဗျားရဲ့ဆွစ်ဘဏ်အကောင့်က အပိတ်ခံလိုက်ရပြီ"

**********

All Chapters