← Chapters

သူတို့အကောင့်တွေအကုန်လုံးကို ပိတ်ပစ်လိုက်

Vol. 16 Ch. 226

သူတို့အကောင့်တွေအကုန်လုံးကို ပိတ်ပစ်လိုက်

Vol. 16 Ch. 226

ဤနေရာရှိ လူများမှာ ယခင်က လေလံပွဲပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ဖူးကြသည်။ အချို့ဆိုလျှင် ဤအဖွဲ့အစည်းက ဦးစီးကျင်းပသည့် ထူးကဲလွန်းလှသော လေလံပွဲကို တစ်ကြိမ်ထက်ပိုပြီး တက်ရောက်ဖူးကြသည်။ သို့သော် ပိုက်ဆံမပါဘဲ လေလံဆွဲမိသည့်အဖြစ်ကို လက်ပူးလက်ကြပ်ဖမ်းမိခြင်းကတော့ အားလုံးအတွက် ပထမဆုံးပင်။

သို့သော် ထူးကဲလှသောလေလံပွဲ၏ စည်းမျဉ်းများအရဆိုလျှင် ဤဧကရာဇ်ကျောက်စိမ်းတံဆိပ်၏ လေလံရပိုင်ခွင့်မှာ ကျန်းမုန့်လောင်ထံသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ယင်းအတွက်လည်း ပိုက်ဆံတစ်ပြားမှက မကုန်ကျခဲ့ပေ။

"မစ္စအမ်မာ.. အခု လေလံပွဲရဲ့ရလဒ်ကို ကြေညာဖို့ အချိန်ကျပြီထင်တယ်နော်"

"ဒါက…"

အမ်မာခမျာ စင်အနောက်ဘက်သို့ မေးမြန်းလိုဟန်အကြည့်တစ်ချက် ပို့လိုက်လေသည်။ ဤကျွန်းပေါ်တွင် ရော့စ်ချိုင်းမိသားစု၏ ခေါင်းဆောင်များသာမက ထူးကဲလှသောလေလံပွဲကို ဦးစီးကျင်းပသည့် အဖွဲ့အစည်း၏ ကိုယ်စားလှယ်များလည်း ရှိပေသည်။

"စည်းမျဉ်းအတိုင်း လိုက်နာပါ"

အမ်မာ၏နားကြပ်ထဲသို့ အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအခါမှသာ အမ်မာလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ အဆုံးမှာတော့ သူ(မ)သည် ဤလေလံပွဲ၏ ဝန်ထမ်းတစ်ယောက်မျှသာဖြစ်သောကြောင့် ထိုကဲ့သိုသော ထူးခြားလှသည့်ဆုံးဖြတ်ချက်မျိုးကို သူ(မ)ဘာသာ မဆုံးဖြတ်ရဲပေ။

"ယခင်လေလံတင်သူတွေက သူတို့ရဲ့လေလံဆွဲပိုင်ခွင့်ကို လက်လျှော့သွားတဲ့အတွက် ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ဗီအိုင်ပီအခန်းနံပါတ်သုညမှာရှိတဲ့ ဧည့်သည်တော်က သုညယူရိုနဲ့ ရရှိသွားကြောင်း ကြေညာလိုက်ပါတယ်။ ခဏလောက်စောင့်ပေးပါ။ ပစ္စည်းကို လူကြီးမင်းဆီ ပို့ဆောင်ပေးပါ့မယ်"

အမ်မာ၏ နောက်ဆုံးပိတ်ကြေညာချက်ကို ကြားလိုက်ရသောအခါ ထိုနေရာရှိ ဟွာရှားလူမျိုးအားလုံး သက်မချလိုက်မိသည်။

ဥပဒေအရဆိုလျှင် နိုင်ငံတော်ရတနာတစ်ခုကို နိုင်ငံတော်ထံ အပ်နှံရမည်ဖြစ်ပြီး ကျန်းမုန့်လောင်အနေနှင့်လည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ယွမ်ငါးရာကို ရရှိမည်ဖြစ်၏။

သို့သော် ဤလေလံပွဲမှာ တရားမဝင်လေလံပွဲဖြစ်သောကြောင့် မည်သည့်လေလံပစ္စည်းကိုမှ "ထုတ်ဖော်ပြောကြား၍မရ"ဟူသော ထုတ်ပြော၍မရနိုင်သည့် သဘောတူညီချက်တစ်ခုရှိလေရာ ဤအဖိုးတန်ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ကျန်းမုန့်လောင်အနေနှင့် သူ့ဘာသာသိမ်းထားလျှင်ပင် ပြဿနာမရှိပေ။

သို့သော် ဤပစ္စည်းသည် အခြားနိုင်ငံသားတစ်ဦးထံသို့ ရောက်သွားမှာထက်စာလျှင် ကျန်းမုန့်လောင်၏လက်ထဲသို့ ရောက်သွားခြင်းက ပိုကောင်းပေလိမ့်မည်။ အထူးသဖြင့်တော့ ထိုသို့ဆိုလျှင် ဟွာရှားတွင် ဆက်လက်တည်ရှိနေဦးမည်သာ။

...

"ဆေရယ်လ်.. ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ဟွာရှားလူမျိုးရဲ့လက်ထဲ ဒီအတိုင်းပဲ အရောက်ခံတော့မှာလား"

လေလံပွဲ၏ စင်အနောက်ဘက်တွင် လူနှစ်ယောက်က အလင်းမှိန်ဖျော့ဖျော့နားနေခန်းတစ်ခုအတွင်း ပုန်းနေကြပြီး ဤလေလံပွဲရှိ ဖြစ်စဉ်အစအဆုံးကို မြင်တွေ့လိုက်ရသည်။

"အဖွဲ့အစည်းဘက်က ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ရှာဖို့အတွက် အများကြီးအားထုတ်ခဲ့ရတာ။ ငါတို့တွေအနေနဲ့လည်း ဒီဟွာရှားလူမျိုးတွေဆီက အမြတ်များများရလိမ့်မယ်လို့ မျှော်လင့်ထားတာလေ"

ပိန်ပါးပါးနှင့် ဥရောပအမျိုးသားတစ်ယောက်က မကျေမနပ်ဖြစ်နေဟန်ပင်။

"အဲ့ဒါက ဧကရာဇ်ကျောက်စိမ်းတံဆိပ်တစ်ခုလေးပါ။ တန်ဖိုးမဖြတ်နိုင်တာတော့ မှန်ပေမဲ့ ဒီလေလံပွဲစင်မြင့်မှာတော့ ဘာမှထူးခြားမနေပါဘူး"

အညိုရောင်ဆံပင်ပိုင်ရှင် ဥရောပအမျိုးသားတစ်ယောက်ဖြစ်သည့် အိုင်ဆာက ပြောလိုက်လေသည်။

"ငါတို့က အဖွဲ့အစည်းထဲက အရေးမပါတဲ့ အဖွဲ့ဝင်တွေပါပဲကွာ။ ငါတို့က အဖွဲ့အစည်းကပေးတဲ့ တာဝန်တွေကို ကျေပွန်အောင်လုပ်ပေးရုံပဲ။ အဲ့ဒီဟွာရှားလူမျိုးက ပစ္စည်းတွေအများကြီးဝယ်ထားတာပဲလေ။ အခုဆိုရင် ရောင်းကြေးက ခန့်မှန်းထားတာထက် ယူရိုတစ်ဘီလီတောင်ကျော်နေပြီဆိုတော့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ရဲ့တန်ဖိုးကို ကာမိတာထက် ပိုပါတယ်"

"အဓိပ္ပာယ်တော့ရှိသားပဲ။ အဲ့ဒီအထူးပစ္စည်းကလွဲရင် ငါတို့ရဲ့တစ်ခုတည်းသောတာဝန်က စုစုပေါင်းရောင်းကြေးကို ယူရို၂၈ဘီလီယံကျော်အောင်လုပ်ဖို့ပဲ။ အခုဆိုရင် ငါတို့ ပစ္စည်းဆယ့်သုံးခုလေးပဲ ရောင်းရသေးတယ်။ ငါးပုံတစ်ပုံကျော်သွားပြီဆိုတော့ ယူရို၂၈ဘီလီယံရဖို့က မခက်ပါဘူး"

"ဒါပေမဲ့ ကလိုယာ.. ဒီအခြေအနေကြီးက တအားထူးဆန်းတယ်လို့မထင်ဘူးလား"

အိုင်ဆာက မေးလိုက်သည်။

"ယူရိုဘီလီလံရာဂဏန်းနဲ့ချီပြီး ပိုင်ဆိုင်မှုရှိတဲ့ ဘီလျံနာခြောက်ယောက်စလုံးက ယူရိုတစ်ဘီလီယံလောက်ကို မတတ်နိုင်ဘူးတဲ့။ တအားမထူးဆန်းလွန်းဘူးလား"

"ဘာလဲ။ မင်းက အဲ့ဒီဟွာရှားလူမျိုးကို သံသယဖြစ်လို့လား"

ကလိုယာဟုခေါ်သော ဥရောပသားက ဆိုလာချေသည်။

"အဲ့ဒါက သူ့လက်ချက်မဟုတ်ဘူးဆိုရင် တခြားအကြောင်းပြချက်ကို ငါစဉ်းစားလို့မရဘူး"

အိုင်ဆာက ဗီအိုင်ပီအခန်းသုညကို ချောင်းကြည့်ရင်း ပြောလိုက်လေသည်။

"အဲ့လိုမှမဟုတ်ရင် သူက အစတုန်းကတော့ သူ့ကိုယ်သူတအားယုံကြည်မှုပြင်းထန်နေပြီးတော့ နောက်မှ ဘာလို့ သူများတွေကို လေလံဆွဲခွင့်ပေးလိုက်ရတာလဲ။ တစ်လျှောက်လုံးလည်း သူ့ပုံစံက ယုံကြည်မှတွေရှိနေသလိုပဲ။ မသိရင် ဒီလူတွေ ပိုက်ဆံမထုတ်နိုင်မှာကို ကြိုသိနေသလိုမျိုးကြီး"

"မင်းပြောမှပဲ သံသယဖြစ်ချင်စရာပဲ"

ကလိုယာလည်း ခပ်ရဲရဲအတွေးတစ်ခုကို တွေးလိုက်မိသည်။

"သူက ဆွစ်ဘဏ်မှာ လွှမ်းမိုးမှုရှိတာများလား"

"ဖြစ်နိုင်တယ်"

အိုင်ဆာက ပြောလာသည်။

"ငါ ဒီဟွာရှားလူငယ်လေးအကြောင်း ကြားဖူးတယ်။ မကြာသေးခင်တုန်းက သူက ချင်းချိုးနိုင်ငံမှာ ဂယက်ထအောင်လုပ်ခဲ့တာတဲ့။ ပြောကြတာတော့ ချင်းချိုးဘဏ်တွေမှာ သူထည့်ထားတဲ့အပ်ငွေတွေက ချင်းချိုးငွေထရီလီယံထောင်ဂဏန်းနဲ့ချီပြီး ရှိတာတဲ့နော်။ ယူရိုနဲ့တွက်ရင် ထရီလီယံအများကြီးပေါ့။ အဲ့ဒီလိုငွေကြေးအင်အားမျိုးက ကြားတောင်မကြားဖူးတဲ့ကိစ္စမျိုးပဲ"

"ဒီတစ်ခေါက် ငါတို့မှာ ဟွာရှားရတနာတွေက စုစုပေါင်းငါးခုရှိတယ်။ မင်းပြောတာသာ မှန်မယ်ဆိုရင် ဒီပစ္စည်းတွေကို ဒီဟွာရှားလူမျိုးကို လက်ဆောင်ပေးနေသလိုဖြစ်နေမှာမဟုတ်ဘူးလား"

ကလိုယာ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာသည်။ အကြောင်းမှာ သူတို့၏ယူရို၂၈ဘီလီယံရောင်းအားပန်းတိုင်ကို ထိခိုက်နစ်နာမှုများ ရှိလာနိုင်သောကြောင့်ပင်။

အကယ်၍ အဖွဲ့အစည်း၏စစ်ဆင်ရေးကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့ပါက သူတို့သည် အပြင်စည်းအဖွဲ့ဝင်သက်သက်သာ ဖြစ်သော်လည်း အဖွဲ့အစည်း၏နည်းလမ်းများက မည်မျှရက်စက်လေကြောင်း သူတို့ကောင်းကောင်းသိထားသည်။

"စိတ်မပူပါနဲ့"

အိုင်ဆာက ပြောသည်။

"သူ အကုန်ဝယ်နိုင်တာတော့ ဟုတ်ချင်ဟုတ်မှာပေါ့။ ဒါပေမဲ့ သူယူသွားနိုင်မလားဆိုတာကတော့ ပြောမရဘူးလေ။ သာမန်ဖျက်သင်္ဘောလေးတစ်စီးက သာမန်လူတွေကိုပဲ ခြိမ်းခြောက်နိုင်မှာကိုး"

"ဟားဟား မင်းပြောတာမှန်တယ်" ကျိုးခယ်ရှိနေရင် ဖျက်သင်္ဘောတစ်စီးမပြောနဲ့။ လေယာဉ်တင်သင်္ဘောကြီးတစ်အုပ်လိုက်ဆိုရင်တောင် ခံနိုင်မှာမဟုတ်ဘူး"

တရားဝင်အဖွဲ့ဝင်အဖြစ် လေလံပွဲချောချောမွေ့မွေ့ပြီးစီးရန်အလို့ငှာ သူတို့ကိုကူညီပေးရန်အတွက် အဖွဲ့အစည်းဘက်က စေလွှတ်ပေးထားသော အထင်ကြီးဖို့ကောင်းလောက်သည့် ပုဂ္ဂိုလ်အကြောင်း တွေးမိသောအခါ ကလိုယာလည်း ခိုက်ခိုက်တုန်သွားရသည်။ ဤပုဂ္ဂိုလ်သည် ကြီးကြီးမားမားကိစ္စများပေါ်ပေါက်လာလျှင် ကိုင်တွယ်ဖြေရှင်းဖို့အတွက် တာဝန်ရှိလေသည်။

ကျန်းမုန့်လောင်၏ပေါ်ထွက်လာမှုက သူတို့အတွက်တော့ အရေးပေါ်အခြေအနေတစ်ရပ်ပင်။

...

"ဒေါက် ဒေါက်‌ ဒေါက်"

"ဆရာ ရှင်ဝယ်ထားတဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ် ရောက်လာပါပြီ"

စကတ်ကို ပေါင်ရင်းအထိ ခွဲထားသော အလှပဂေးလေးတစ်ယောက်က လုံခြုံရေးနှစ်ယောက်နှင့်အတူ ရောက်ရှိလာပြီး ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ကျန်းမုန့်လောင်၏ ဗီအိုင်ပီအခန်းထဲသို့ လာပို့ပေးလေသည်။

၎င်းမှာ ခရမ်းရောင်သေတ္တာဘူးလေးတစ်ခုဖြစ်ပြီး အလွန်ကြီးမားပုံရသည်။

"ဒါက အတုကြီးများလား"

ဝမ်လင်ကတော့ အတန်ငယ်သံသယဖြစ်မိသည်။ ငွေတစ်ပြားမှမသုံးဘဲ ရလိုက်သည့်ပစ္စည်းတစ်ခုဖြစ်နေသည့်အတွက် ရောင်းသူဘက်က အင်တင်တင်ဖြစ်နေလျှင် ပစ္စည်းချင်းလဲလိုက်ဖို့ရာလည်း မခဲယဉ်းပေ။

"ယဲ့ရင်"

"မစ္စတာကျန်း ဒီပစ္စည်းက ဘာပြဿနာမှမရှိပါဘူး။ ဒါက နှစ်ပေါင်းရာချီ ပျောက်ဆုံးနေတဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်အစစ်ပါပဲ"

ယဲ့ရင်က ကျန်းမုန့်လောင်ကို အတည်ပြုဖြေကြားပေးလိုက်သည်။

"ကောင်းတာပေါ့"

ကျန်းမုန့်လောင်က ခေါင်းတညိတ်ညိတ်လုပ်လျက် သူ(မ)ဆီမှ လှပလွန်းလှသော‌ သေတ္တာဘူးလေးကို ယူလိုက်သည်။

သေတ္တာဘူးလေးမှာ လေးလံလှသည်။ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကား ကြီးလွန်းလှသည်မဟုတ်သော်ငြား အလေးချိန်တော့စီးသည်။

"ဆက်ကြစို့"

ကျန်းမုန့်လောင်လည်း သေတ္တာဘူးကို သူ့ဘေးနားချထား၍ လေလံပွဲကို ပြန်အာရုံစိုက်လိုက်သည်။

"နောက်ထပ်လေလံတင်မဲ့ပစ္စည်းကလည်း ဟွာရှားကပါပဲ"

အမ်မာ၏စကားကြောင့် အခန်းထဲရှိလူတိုင်း အံ့ဩမှင်တက်သွားကြလေသည်။ အစောပိုင်းက ကျန်းမုန့်လောင်ပြသခဲ့သော လွှမ်းမိုးခြယ်လှယ်မှုကိုကြည့်လျှင် ထိုကဲ့သို့သောအခြေအနေမျိုး မကြာခင်မှာလည်း ထပ်ဖြစ်လာလိမ့်ဦးမည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

ထို့ပြင် တွေးတတ်သူတိုင်း နားလည်နိုင်သည့်အချက်မှာ ထိုလုပ်ငန်းရှင်ကြီးများ ငွေမထုတ်နိုင်ခဲ့သည့်ကိစ္စမှာ ကျန်းမုန့်လောင်နှင့် ပတ်သက်နေသည်မှာ အသေအချာပင်။

ထက်ရှရှအေးစက်စက်အလင်းတန်းနှစ်ခု လက်ခနဲဖြစ်သွားပြီး ရှေးဟောင်းဓားနှစ်လက်က စင်မြင့်ထက်တွင် ထွက်ပေါ်လာသည်။ တစ်လက်က အကြီးဖြစ်ပြီး တစ်လက်က အသေးဖြစ်ကာ နှစ်လက်စလုံးမှာ မီးခိုးရောင်ရှိ၏။ နှစ်နှစ်ထောင်ကြာသွားသည့်တိုင် ဓားနှစ်လက်စလုံး၏ ထက်ရှုမှုကတော့ ယခင်အတိုင်း ထိန်းသိမ်းထားနိုင်ဆဲပင်။

"လောင်ကျန်း.. ကြည့်ရတာ အဲ့ဒီစာလုံးတွေက ချူးနိုင်ငံရဲ့စာလုံးတွေထင်တယ်"

"မင်းက ရှေးဟောင်းစာကို နားလည်တာလား"

ကျန်းမုန့်လောင်မှာ ရုတ်ခြည်းဆိုသလို ဝမ်လင့်ကို လေးစားသမှုအသစ်တစ်ခုဖြင့် မေးလိုက်သည်။

"အဲ့လိုတော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ငါမှတ်မိတယ်လေ"

ဝမ်လင်က ပြောလိုက်သည်။

"ကိုင်ဘွန်စာကို မင်းနားမလည်ပေမဲ့ သူတို့ရေးဟန်ကိုမြင်တာနဲ့ ကိုင်ဘွန်မှန်း သိနေသလိုမျိုးပေါ့"

" နှစ်ပေါင်းနှစ်ထောင်သက်တမ်းရှိတဲ့ ချိုးနိုင်ငံစာလုံးပါတဲ့ ဓားနှစ်လက်တဲ့။ ဒါက ဧကန္တ ဒဏ္ဍာရီလာ…"

"ဒါက ဟွာရှားရဲ့အကောင်းဆုံးဂမ္ဘီရလက်နက်ဆယ်ခုထဲက တစ်ခုလို့ လူသိများတဲ့ ဂန်ကျန်းနဲ့မိုယဲ့ပဲ"

"တကယ်လား"

ကျန်းမုန့်လောင်နှင့် အခြားသူများလည်း အကြည့်ချင်းဖလှယ်လိုက်မိသည်။ တကယ်တမ်းမှာတော့ အကောင်းဆုံးဂမ္ဘီရလက်နက်ဆယ်ခုမှာ ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီး ထိုကဲ့သို့သောဓားမျိုး ဘယ်နှလက်ရှိသလဲဆိုသည်ကိုတော့ မသိရသေးချေ။

"ထားလိုက်ပါတော့။ အချိန်ထပ်မဖြုန်းကြနဲ့တော့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ လူတိုင်းရဲ့အကောင့်တွေကို ပိတ်ပစ်ဖို့ ဟေဂန်ကို ခိုင်းထားပြီးပြီ။ အခုကစပြီး အရာအားလုံးကို သုညယူရိုနဲ့ပဲ တန်ဖိုးဖြတ်ပစ်မယ်"

**********

All Chapters