← Chapters

ကြည့်ရတာတော့ ငါ အတွေ့အကြုံရှိယာဉ်မောင်းတစ်ယောက်ဖြစ်လာတော့မယ်ထင်တယ်

Vol. 17 Ch. 250

ကြည့်ရတာတော့ ငါ အတွေ့အကြုံရှိယာဉ်မောင်းတစ်ယောက်ဖြစ်လာတော့မယ်ထင်တယ်

Vol. 17 Ch. 250

"မစ္စတာကျန်း ခင်ဗျား ဘာ…"

ဟုန်းရီသည် အရေးကိစ္စတချို့ကို ဖြေရှင်းပြီးနောက် အိပ်ရာဝင်ရန် အောက်ထပ်သို့ ဆင်းရန်ပြင်လိုက်ချိန်ဝယ် ကျန်းမုန့်လောင်တစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် ရေခဲသေတ္တာထဲ မွှေနှောက်နေသည်ကို မြင်လိုက်ရသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။

ကျန်းမုန့်လောင်နှင့် လုရီယောင်တို့နှစ်ယောက်စလုံးက ခရုခေါက်ဆွဲပြုတ်သောက်ရသည်ကို သဘောကျသဖြင့် သူတို့၏ရေခဲသေတ္တာထဲတွင်လည်း ခရုခေါက်ဆွဲပြုတ်များ ဘရန်းမျိုးစုံရှိလေသည်။

"ခရုခေါက်ဆွဲပြုတ်ကို ရှာနေတာ"

ကျန်းမုန့်လောင်က ပန်းကန်လုံးတစ်လုံးကို မြှောက်ပြလိုက်၏။

"တစ်ဘူးလောက်ယူဦးမလား"

ဟုန်းရီက အင်တင်တင်ဖြင့် ပြုံးလိုက်လေသည်။

"ဟင့်အင်း။ ကျွန်မက အနံ့မခံနိုင်ဘူး"

"နှမြောစရာပဲ"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်။

"မစ္စတာကျန်း ဒီလောက်နောက်ကျနေပြီကို ဘာလို့မနားသေးတာလဲ"

ဟုန်းရီက မေးလိုက်သည်။

ဘွဲ့လွန်စာမေးပွဲဖြေဖို့ ပြင်ဆင်နေတာလေ။ စာမေးပွဲက တစ်လပဲလိုတော့တာဆိုတော့ စာမကြိုးစားဘဲ ဘယ်နေရဲမှာလဲ"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်၏။ ဤသည်မှာ ဆင်ခြေသက်သက်ဖြစ်သော်လည်း ထိုသို့မပြောပါက ညနက်ကြီးကျမှ ခရုခေါက်ဆွဲပြုတ်ဘူးပေါင်းများစွာဖြင့် စာကြည့်ခန်းထဲ ပုန်းအောင်းနေသူတစ်ယောက်အဖို့ အလွန်ထူးဆန်းသွားလိမ့်မည်သာ။

"ဟုန်းရီ.. ဒီအတောအတွင်း ငါ စာကြည့်ခန်းထဲမှာပဲ စာကြည့်နေရမှာမို့ အရေးကြီးကိစ္စမဟုတ်ရင် ငါ့ကိုလာမနှောင့်ယှက်နဲ့နော်"

ကျန်းမုန့်လောင် ထိုသို့ညွှန်ကြားလိုက်သည်။

သူ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် ရှိနေချိန် ဟုန်းရီရောက်လာခဲ့ပြီး မည်သူ့ကိုမှမမြင်ပါလျှင် ရဲမခေါ်ဘူးဆိုမှသာ ထူးဆန်းနေပေလိမ့်မည်။

"ကောင်းပါပြီ။ ကျွန်မနားလည်ပါပြီ။ ကောင်းကောင်းနားပါ မစ္စတာကျန်း"

"အင်း"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလျက် စာကြည့်ခန်းထဲသို့ သွားလိုက်သည်။

"မစ္စတာကျန်းက အရမ်းစာကြိုးစားတာပဲ"

ဟုန်းရီက ပြုံးရယ်လျက် အခန်းထဲသို့ ပြန်သွားလေတော့သည်။

...

ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆေးဝါးကျောင်းဆောင်၏ဝင်ပေါက်၌ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်နှင့် အမျိုးသားငယ်လေးတစ်ယောက်က ခရုခေါက်ဆွဲပြုတ်ကို စုပ်သောက်နေကြသည်။ အဖိုးများစွာထိုက်တန်သော ဆေးဖက်ဝင်ပစ္စည်းများမှာမူ လျစ်လျူရှုခံထားရသည်။

Mark-seriesချပ်ဝတ်တန်ဆာမှတစ်ဆင့် သူ့လက်နေရာမှ မီးတောက်များ ထွက်လာပြီး အခြားအိုးတစ်လုံးကို အပူပေးလိုက်လေရာ ရနံ့ပြင်းပြင်းများက အဆက်မပြတ်ထွက်လာချေသည်။

"ဒါက အရမ်းအရသာရှိတာပဲ။ တကယ့်ကိုအရသာရှိတာ။ ကျုပ် ဒီလိုအရသာရှိတဲ့အစားအသောက်မျိုး အရင်က လုံးဝမစားဖူးဘူး"

စတက်ခ်လုပ်ငန်းစု၏ သူဌေးဖြစ်သူ တိုနီက သုံးပွဲမြောက်စားနေပြီဖြစ်၏။ သူ့ယခင်ကမ္ဘာတုန်းက သူ့ဘဝနေထိုင်မှုပုံစံသည် သံသယဖြစ်ဖွယ်မရှိလောက်အောင် ပြည့်စုံကြွယ်ဝ၏။ သို့သော် ဤမျှထူးခြားသော အစားအသောက်မျိုးကို သူ ပထမဆုံးအကြိမ်စားဖူးခြင်းပင်။

ခါးသက်လှသော ထိုဆေးဖက်ဝင်အပင်များနှင့် ယှဉ်လိုက်ပါက ဤပစ္စည်းကသာ လူသားကမ္ဘာ၏ စင်စစ်အရသာရှိလှသော စားဖွယ်တစ်ခုပင်။

"ကျွန်တော်လည်း ဒီလိုအရသာရှိတဲ့ခရုခေါက်ဆွဲပြုတ်ကိုစားဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"

ကျန်းမုန့်လောင်လည်း လက်ခံသည်။ သို့သော် သူ ဤအမှတ်တံဆိပ်ရှိ ခရုခေါက်ဆွဲပြုတ်ကို ပထမဆုံးအကြိမ် စားဖူးခြင်းမဟုတ်ပေ။ ဤတံဆိပ်က ဤမျှအထိအရသာရှိမှန်း သူ ယခင်က သတိမထားမိခဲ့ချေ။

"မဟုတ်သေးဘူး။ နေပါဦး။ Mark-seriesချပ်ဝတ်တန်ဆာထဲက မီးကြောင့် ဒီလောက်အနံ့အရသာပိုကောင်းသွားတာများလား"

"ကျောင်းအုပ်ကြီး ကျုပ်သိပြီ"

တိုနီက စားနေရင်း ပြောပြလာသည်။

"ကျုပ်တို့ကျောင်းထဲက ရေက သာမန်ရေမဟုတ်ဘူး။ အဲ့ဒါကို "အလင်းသုံးသွယ်နတ်ရေစင်"လို့ခေါ်တယ်။ ကျုပ် အဲ့ဒါကို စမ်းချောင်းနားက ကျောက်ဆောင်တစ်ခုပေါ်မှာ ထွင်းထားတာ မြင်ဖူးတယ်"

"အလင်းသုံးသွယ်နတ်ရေစင်လား"

ကျန်းမုန့်လောင် မျက်လုံးပြူးသွားရသည်။ ဒဏ္ဍာရီလာပုံပြင်များကို သဘောကျနှစ်ခြိုက်သူတစ်ယောက်အနေနှင့် ဤနာမည်ကို သူ ရင်းရင်းနှီးနှီးသိသည်။

အလင်းသုံးသွယ်နတ်ရေစင်ကား ဒဏ္ဍာရီထဲက ဒဏ္ဍာရီလာနတ်ရေစင်ခုနစ်ပါးထဲက တစ်ပါးဖြစ်ပြီး "ရတနာရှစ်သွယ်ဖန်ပုလင်း"ထဲမှာ တည်ရှိသည်။ ထိုအရာကို ယွမ်ရှီထျန်းကျွင်းပိုင်ဆိုင်ခြင်းဖြစ်၏။ ရွှေနေရောင်ခြည်နတ်ရေစင်၊ ငွေလရောင်ခြည်နတ်ရေစင်နှင့် ခရမ်းရောင်ကြယ်အလင်းနတ်ရေစင်တို့ တစ်ခုတည်းအဖြစ် ပေါင်းစပ်မိသောအခါ အထက်တန်းစားကုသရေးနတ်ဆေးတစ်မျိုး ဖြစ်တည်လာသည်။

ထိုအရာကား အဆိပ်အားလုံးကို ကုသနိုင်ပြီး ကုသ၍မရနိုင်သောအဆိပ်များကိုလည်း ပျောက်ကင်းစေနိုင်ကာ ဒဏ်ရာများနှင့် ရောဂါများအားလုံးကိုလည်း ကုသပေးနိုင်သည်။ ထို့ပြင် အရိုးမှ အသားများကိုပင် ပြန်ပြည့်ဖြိုးလာစေပြီး သေသူများကိုပင် အသက်ပြန်ရှင်စေနိုင်၏။

ကျန်းမုန့်လောင်က တိုနီကို နတ်ဆေးများကို သာမန်ဟင်းသီးဟင်းရွက်များအဖြစ် သဘောထားခဲ့သောကြောင့် မိုးကြိုးသွားဖြင့် အပြစ်ပေးခဲ့သော်လည်း ယခုမူ သူက နတ်ရေစင်ဖြင့် ခရုခေါက်ဆွဲပြုတ်ကို ချက်ထားသည်ဟု ပြောနေပြန်လေသလား။

"နေပါဦး။ ကျွန်တော့်ဘိုးဘေးတွေက ယွမ်ရှီထျန်းကျွင်းကို ဆရာအဖြစ်ဖမ်းထားတာလား။ ဒါကြီးက သိပ္ပံနည်းမကျလိုက်တာ"

ကျန်းမုန့်လောင်က ထိုသို့ရေရွတ်လိုက်သည်။ ဤမျှဒဏ္ဍာရီဆန်လှသော ပုဂ္ဂိုလ်များ ပေါ်ပေါက်လာခြင်းကြောင့် ကိစ္စကား အနည်းငယ်ထူးဆန်းလာပေသည်။

"ဒဏ္ဍာရီလာကမ္ဘာလို့ခေါ်တဲ့အရာက ထူးခြားတဲ့ကမ္ဘာတွေပါပဲ"

ကောထန်က ရှင်းပြလိုက်သည်။

"အဲ့ဒီကမ္ဘာမှာရှိတဲ့လူတွေက သူတို့ရဲ့စွမ်းအားတွေကို အဆင့်အမြင့်ဆုံးအထိ ဖွံ့ဖြိုးအောင်လုပ်ထားနိုင်ခဲ့တာလေ။ အဲ့ဒါကြောင့် ခင်ဗျားတို့ခေါ်တဲ့ နတ်ဘုရားဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။ "သိပ္ပံရဲ့အဆုံးသတ်အမှတ်က ဘာသာရေးပဲ"ဆိုတဲ့ စကားကိုလည်း ခင်ဗျားကြားဖူးမှာပါ"

"အိမ်း…"

"စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး… "ရတနာရှစ်သွယ်ဖန်ပုလင်း"ထဲက အလင်းသုံးသွယ်နတ်ရေစင်က အဆုံးမရှိပါဘူး။ ခင်ဗျား အဲ့ဒါကို ရေချိုးဖို့သုံးမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းက ခင်ဗျားအတွက်တော့ အသုံးမဝင်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ထူးရှယ်နတ်ဘုရားကျောင်းတော်က အဆုံးမရှိတဲ့စွမ်းရည်နဲ့ အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိအောင် အဆင့်မြှင်တင်ပေးပြီးသားဖြစ်နေလို့ပါ"

"နှမြောစရာပဲ။ ဒီလိုကပ်ရောဂါကာလကြီးမှာ ဒီနတ်ရေစင်သာရှိရင် လူတွေအများကြီးကိုလည်း ကယ်လို့ရမှာ။ ကုမရတဲ့ရောဂါတွေအများကြီးကိုလည်း အောင်အောင်မြင်မြင်ကုသနိုင်မှာပဲ"

ကျန်းမုန့်လောင်က ကြေကွဲဝမ်းနည်းစွာ ပြောလိုက်သည်။

"သေချာတာပေါ့"

ကောထန်က ပြောလာလေသည်။

"ဒါပေမဲ့ ဆရာတစ်ယောက်ကိုခေါ်ဖို့ ဒါမှမဟုတ် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ပစ္စည်းတစ်ခုခုကို အပြင်ထုတ်ဖို့ဆိုရင် စွမ်းအားအမှတ်တွေသုံးဖို့လိုအပ်ပါတယ်။ ဒီနတ်ရေစင်ရဲ့တန်ဖိုးကို တွက်ချက်ကြည့်မယ်ဆိုရင် တစ်မီလီမီတာကို စွမ်းအားအမှတ်ငါးရာ ကျသင့်ပါလိမ့်မယ်"

"သေစမ်း"

ကျန်းမုန့်လောင်လည်း ဆဲရေးလိုက်မိသည်။

"ဒါကြီးက တအားများလွန်းတာပဲ။ ငါ့မိဘတွေ အရင်က ဒါကိုအပြင်ထုတ်ယူသွားတုန်းကလည်း ဒီလိုပဲလား"

"ဟုတ်ပါတယ်။ ဒါပေမဲ့ တိုင်းတာမှုယူနစ်တွေကတော့ ကွဲပြားပါတယ်။ ထူးရှယ်နတ်ဘုရားကျောင်းတော်က အရမ်းထူးခြားတဲ့နေရာတစ်ခုပါ။ ကျောင်းတော်ကပိုင်ဆိုင်တဲ့ ဆရာတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကလည်း ဒီနေရာနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိနေပါတယ်။ အဲ့ဒီအလွှာကိုဖြတ်ကျော်ဖို့ဆိုရင် အားထုတ်မှုကြီးကြီးမားမားတစ်ခု လိုအပ်ပါတယ်"

"နှမြောစရာကောင်းလိုက်တာ"

ကျန်းမုန့်လောင် သက်ပြင်းချမိပြန်သည်။ နတ်ရေစင်က ကပ်ရောဂါကာလအတွင်း လူပေါင်းမြောက်များစွာကို ကယ်တင်နိုင်ပြီး ကုသ၍မရနိုင်သော ရောဂါများကိုလည်း တစ်ခုပြီးတစ်ခု ကုသပေးနိုင်လေသည်။

"လန်းသွားတာပဲ"

ဗိုက်ပြည့်ပြီး စိတ်ကျေနပ်သွားပြီဖြစ်သော တိုနီက ဆေးဖက်ဝင်အပင်စိုက်ခင်း၏ အစွန်နားတွင် လှဲချလိုက်သည်။

"ကျောင်းအုပ်ကြီး.. အကြောင်းတစ်ခုခုကြောင့် ဒီကိုလာခဲ့တာလား"

"ဟုတ်သား။ အဓိကကိစ္စကို မေ့တော့မလို့"

ကျန်းမုန့်လောင်က သူ့တူများကို ကပျာကယာချထားလိုက်သည်။

"ကောထန် ငါ တိုနီဆီက စွမ်းရည်တွေကို ပုံတူကူးချင်တယ်"

"ပုံတူကူးမှာလား"

"ငါ…"

"Eအဆင့် ကုန်ကြမ်းပစ္စည်းနည်းပညာကို အောင်အောင်မြင်မြင်ပုံတူကူးနိုင်ခဲ့တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"

"သေစမ်း။ ငါ ဘယ်တစ်ခုကို ပုံတူကူးမလဲဆိုတာကိုတောင် မပြောရသေးဘူးလေ။ ငါက ဉာဏ်ရည်တုနည်းပညာကို သင်ယူချင်တာ"

ကျန်းမုန့်လောင် ထိုသို့ရေရွတ်လိုက်သည်။

"ကျောင်းအုပ်ကြီး စွမ်းရည်ပုံတူကူးခြင်းက ကျပန်းလုပ်ဆောင်ရတာပါ"

"မင်း အဲ့ဒါကို စောစောစီးစီးက ပြောထားလို့မရဘူးလား"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်။ ကုန်ကြမ်းပစ္စည်းမေဂျာယူထားသူတစ်ယောက်အတွက် ဤသည်မှာ အဓိပ္ပာယ်ရှိပါ့မလား။

"ကောင်းပြီလေ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"ကုန်ကြမ်းပစ္စည်းဆိုတော့လည်း ကုန်ကြမ်းပစ္စည်းပေါ့။ Eအဆင့်စွမ်းရည်ဆိုရင်တောင် အတတ်ပညာတစ်ခုခုပဲလေ။ Avengerထဲမှာ ပြသထားတဲ့ နာနိုနည်းပညာတစ်ခုတည်းနဲ့တောင် ဒီနေ့ခေတ်ရဲ့ ကုန်ကြမ်းပစ္စည်းသုတေသီတွေကို ရူးသွပ်သွားစေနိုင်တယ်မဟုတ်လား"

လက်စွပ်မှ အလင်းတစ်စ ဖျတ်ခနဲလင်းလက်သွားပြီး ကျန်းမုန့်လောင်၏ဦးနှောက်ထဲသို့ အသိပညာများစွာ ဝင်ရောက်လာချေသည်။ သတ္တုကုန်ကြမ်းပစ္စည်းများနှင့် ပေါ်လီမာကုန်ကြမ်းပစ္စည်းများသာမက အော်ဂဲနစ်မဟုတ်သော သတ္တုမဲ့ကုန်ကြမ်းပစ္စည်းများနှင့် စမ်းသပ်မှုဆိုင်ရာ ဗဟုသုတများစွာလည်း ပါဝင်ပေသည်။

"ကောထန်… ဒီEအဆင့်ကုန်ကြမ်းပစ္စည်းနည်းပညာက ဘယ်လောက်အထိအဆင့်မြင့်လဲ"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"သုတေသန အခုငါးဆယ်ခြောက်ဆယ်လောက်လုပ်ထားတဲ့ ခင်ဗျားတို့ကမ္ဘာမြေပေါ်က ကုန်ကြမ်းပစ္စည်းသိပ္ပံပညာမှာ အကျွမ်းကျင်ဆုံးတော်ဝင်ပညာရှင်တောင် ဒီအဆင့်ကို ရောက်ချင်မှရောက်မှာပါ"

ကောထန်က ပြန်ဖြေပေးသည်။

"သိပ်မိုက်တာပဲ"

ကျန်းမုန့်လောင်၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

"ခေတ်သစ်သိပ္ပံပညာထက် အများကြီးပိုအဆင့်မြင့်တဲ့ ကုန်ကြမ်းပစ္စည်းသိပ္ပံပညာကို ပေါ်လီမာကုန်ကြမ်းပစ္စည်းဘွဲ့လွန်စာမေးပွဲမှာ အသုံးပြုတာက ခြင်တစ်ကောင်ကို အမြောက်နဲ့ပစ်နေသလိုပါပဲ"

"ကျန်တဲ့စွမ်းအားအမှတ်တွေနဲ့ ဆရာတစ်ယောက်ကိုဆင့်ခေါ်နိုင်သေးတာပဲ"

ကျန်းမုန့်လောင် တွေးဆဆင်ခြင်လိုက်သည်။

"ကောထန် ဆင့်ခေါ်မဲ့ဆရာကလည်း ကျပန်းတော့မဟုတ်ဘူးမလား"

"ဟုတ်ပါတယ်"

ကောထန်က‌ ပြန်ဖြေလေသည်။

"ဆရာတွေရဲ့စာရင်းရှိလား"

ကျန်းမုန့်လောင်၏ရှေ့တွင် ဟိုလိုဂရက်ဖစ်မျက်နှာပြင်တစ်ခု ပေါ်ပေါက်လာပြီး ထိုအထဲတွင် နာမည်များနှင့် သတင်းအချက်အလက်များ ပြည့်နေချေသည်။

"သောက်ကျိုးနည်းပဲ။ စုစုပေါင်း ဆရာအယောက်တစ်သောင်းနှစ်ထောင်ကျော်တာပဲ။ ဘုရားရေ"

ကျန်းမုန့်လောင်လည်း စာရင်းကို တစ်ချက်ကြည့်လိုက်လေရာ ရင်းနှီးနေသောနာမည်ပေါင်းများစွာကို တွေ့လိုက်ရသည်။ အဲလစ်၊ လင်းတုန်း၊ ဧကရာဇ်ဟွမ်းထျန်၊ လင်းဖန်၊ လူဖီ၊ အူချီဟာဆာဆုကဲ၊ ချောင်းဖန်၊ အာအီနိုကီရှီ၊ ပုကျင်းယွင်၊ ကျူးကောလျန်၊ မော်ဂါနာ၊ အယ်လ်ထရာမန်း…

"ကောထန် ငါ့အတွက် ဆရာတစ်ယောက်ကို လော့ဖွင့်ပေး"

"စွမ်းအားအမှတ်၁၀၀ကို နှုတ်ယူလိုက်ပါပြီ။ ဆရာတစ်ယောက်ကို‌ အောင်အောင်မြင်မြင်လော့ဖွင့်လိုက်နိုင်ပါပြီ"

ရွှေရောင်အလင်းတန်းတစ်ခု ပြိုးပြက်သွားပြီးနောက် အရိပ်တစ်ခုက ခပ်ဖြည်းဖြည်းပုံပေါ်လာကာ နားစည်ကွဲဖွယ် အင်ဂျင်စက်သံတစ်ခုနှင့်အတူ ပေါ်ပေါက်လာသည်။

"ဒါကြီးက ဘာကြီးလဲ"

ကျန်းမုန့်လောင်က လှည့်ပတ်နေသော အလင်းစက်ဝိုင်းတစ်ခုကို ကြည့်လိုက်သည်။ ထိုအထဲတွင် ခေတ်ဟောင်းပြိုင်ကားတစ်စီးကို မြင်နေရပြီး ထိုကားထဲတွင်မူ ဆံပင်တိုတိုနှင့် အမျိုးသားငယ်တစ်ယောက် ထိုင်နေပေသည်။

"AE86တဲ့လား။ ဧကန္တ…"

ကျန်းမုန့်လောင်က ကျောင်းအုပ်လက်စွပ်၏ အခွင့်အာဏာကို ချက်ချင်းအသုံးပြုလိုက်သည်။

အမည် : တာခုမိဖူဂျီဝါရ

မျိုးနွယ် : လူသား

အဆင့်အတန်း : ပြိုင်ကားမောင်းသင်ကြားရေးဆရာ

စွမ်းအားညွှန်ကိန်း : ၇

ပါရမီ : ယာဉ်မောင်းခြင်း

စွမ်းရည် : ပြိုင်ကားမောင်းခြင်း (E)

အကဲဖြတ်ချက် : AE86က မည်မျှမြန်မြန် နာဆုကီ၏မာစီးတီးကိုတော့ မမီနိုင်ပေ။

"တာခုမိဖူဂျီဝါရလား"

ကျန်းမုန့်လောင် တအံ့တဩပြောလိုက်လေသည်။

"Initial D"မှ ဤဇာတ်ကောင်သည် ကျန်းမုန့်လောင်အတွက် အလွန်ရင်းနှီးကျွမ်းဝင်နေပေသည်။ ဤသည်မှာ သူ့မှတ်ဉာဏ်ထဲ အမြဲထာဝရစွဲကျန်ရစ်နေသည့် အထင်ကရပုံရိပ်တစ်ခုပင်။

"ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်"

တာခုမီဖူဂျီဝါရက ကျန်းမုန့်လောင်ကို တလေးတစားဦးညွှတ်လိုက်၏။

"သောက်ကျိုးနည်းဟေ့..."

ကျန်းမုန့်လောင်ကား ဆွံ့အသွားရလေတော့သည်။

"ကြည့်ရတာ ငါတော့ အတွေ့အကြုံရှိယာဉ်မောင်းတစ်ယောက်ဖြစ်တော့မယ်ထင်တယ်"

**********

All Chapters