← Chapters

မိုက်မဲသော အုပ်ချုပ်သူ

Vol. 1 Ch. 3

မိုက်မဲသော အုပ်ချုပ်သူ

Vol. 1 Ch. 3

လင်းပိုင်ဖန်သည် မျက်မှောင်ကျုံ့လိုက်ကာ "ဘာလို့မဖြစ်ရမှာလဲ" ဟုမေးလိုက်သည်။

ဝန်ကြီးတစ်ဦးက အသံကျယ်ကျယ်ဖြင့် "အရှင်မင်းကြီးခင်ဗျား ဤမြေက ကျွန်တော်မျိုးတို့ရဲ့ မြေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယ်မြေကို မည်သူ့ကိုမှ လွှဲပြောင်းပေးခြင်း မပြုနိုင်ပါ" ဟု ဆိုလိုက်သည်။

"ဝန်ကြီး သင်ပြောတာမှန်ပါတယ်။ နယ်မြေက တကယ်ပဲလက်လွှတ်ဆုံးရှုံးခံလို့ မရနိုင်တဲ့ အရာဖြစ်တယ်။ ဒါပေမယ့် မို နိုင်ငံတော် ပေးတာက အလွန်များပြားလွန်းလှတယ်"

လင်းပိုင်ဖန်က လက်ဖြင့် ဟန်လုပ်ပြလျက် "စတုရန်းမိုင် ၃၀၀ လောက်သာရှိတဲ့ မြေနေရာလေးပါပဲ၊ သူတို့လိုချင်ရင် ပေးလိုက်ပါ" ဟုဆိုလိုက်သည်။

အခြားဝန်ကြီးချုပ်ကြီးတစ်ဦးက ထရပ်လျက် "ဘုရင်မင်းကြီး၊ ဒါပေမယ့် ထိုနေရာက သံသတ္တုတွင်း ဖြစ်နေပါတယ်။ မို နိုင်ငံသို့ သံသတ္တုတွင်း ရောက်ရှိသွားပါက လက်နက်များကို အဆက်မပြတ် ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်မျိုးတို့ ရှ နိုင်ငံတော်အတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြု၍ ပြန်လည်စဉ်းစားတော်မူပါ" ဟုဆိုလိုက်သည်။

လင်းပိုင်ဖန်က ပြုံးကာ "ဝန်ကြီး ဟောင် စိတ်မပူပါနဲ့ ။ သူတို့ သံသတ္တုတွင်း ရသွားသည့်တိုင် လက်နက်ထုတ်လုပ်ဖို့က နှစ်ပေါင်းများစွာ ကြာလိမ့်မယ်။ အဲ့ဒီအချိန်အတွင်းမှာ ကျွန်ုပ်တို့က တိုက်ရိုက် ဝယ်ယူနိုင်တဲ့ ငွေကြေးက ရှိနေပြီ ဖြစ်တဲ့အတွက် အချိန်ကုန်သက်သာပြီး အားထုတ်မှုလည်း လျော့နည်းလာလိမ့်မယ်။ ဒီနည်းက ပိုလို့တောင် ကောင်းမွန်နေသည် မဟုတ်ပါလော" ဟု ဆိုလိုက်သည်။

တတိယမြောက်ဝန်ကြီးတစ်ဦးက ထရပ်လျက် လင်းပိုင်ဖန်၏ နှာခေါင်းကို လက်ညှိုးထိုးရင်း "အရှင်မင်းကြီး၊ အမျိုးသမီးတစ်ယောက် အတွက်နဲ့ တိုင်းပြည်၏ နယ်မြေကို စွန့်လွှတ်လိုက်ရရင် ထာဝရ အရှက်ရမှာကို မကြောက်ဘူးလော" ဟုဆိုလိုက်သည်။

လင်းပိုင်ဖန်က ပြက်ရယ်ပြုလျက် "သူတို့စိတ်တိုင်းကျ ကဲ့ရဲ့ခွင့်ပြုတယ်။ သူတို့က မနာလို ဝန်တိုစိတ်ကြောင့်သာ ကဲ့ရဲ့ကြမှာ ဖြစ်တယ်။ အကယ်၍ လိုအပ်ပါက အကျွန်ုပ်က ထိုသူတို့ အားလုံးကို ခေါင်းဖြတ် အပြစ်ပေးလိုက်မှာပေါ့။ နောက်ကွယ်မှာ ငါကိုယ်တော်၏ အကြောင်း မကောင်းပြောဝံ့သူ မည်သူရှိသေးသည်ကို ကြည့်ရမှာပေါ့" ဟုဆိုလိုက်သည်။

"အရှင်မင်းကြီး၊ ဤသို့ မပြုမူပါနှင့်..."

ဝန်ကြီးများက ဆက်လက်ပြီး တောင်းပန်သောကြောင့် လင်းပိုင်ဖန်သည် အမျက်ထွက်လာခဲ့သည်။ “ ကန့်ကွက်သူ မည်သူမဆို သူတို့ ရာထူးကို ရုပ်သိမ်းမည်"

တဒင်္ဂအတွင်း တရားရုံးပြင်သည် နှင်းခဲဖြင့် အေးသွားသကဲ့သို့ တိတ်ဆိတ်သွားကာ ဝန်ကြီးအားလုံး နှုတ်ပိတ်သွားကြသည်။

သူတို့သည် သူတို့၏တာဝန်ကို ထမ်းဆောင်ပြီး ဖြစ်ကာ သူတို့၏အခန်းကဏ္ဍကို ကစားပြီးဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းမာနေဆဲဖြစ်ပါက၊ ၎င်းတို့၏ အမှားမဟုတ်ဘဲ၊ မိုက်မဲသော ဧကရာဇ်သည် တစ်ဦးတည်း စိတ်ကြိုက်လုပ်နေခြင်းဖြစ်ပြီး၊ ဆုံးရှုံးမှုကို ခံစားရမည်မှာ သူတို့မဟုတ်ဘဲ သူပင်ဖြစ်သည်။

"အရှင်မင်းကြီး၊ ကျွန်ုပ်မှာ ပြောလိုသည်များ ရှိပါသည်" ဟူသော အသံတစ်ခုက တရားရုံးတစ်ခွင်တွင် ပဲ့တင်ထပ်လာသည်။

လင်းပိုင်ဖန်က အမျက်ဒေါသဖြင့် "ဝန်ကြီးချုပ်၊ သင်ဘာပြောချင်တာလဲ" ဟု မေးလိုက်သည်။

ဝန်ကြီးချုပ် ရှောင်ကော်လျှန် သည် လင်းပိုင်ဖန်၏ အကြည့်ကို မကြောက်ဘဲ ရင်ဆိုင်ကာ "အရှင်မင်းကြီး၊ ဟူကျို့ သံသတ္တုတွင်းက ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုသာမက ကျွန်ုပ်တို့ရဲ့ စစ်ရေးအတွက် အရေးပါတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ၎င်းကို ရှ နိုင်ငံတော်ရဲ့ လူငယ်များစွာက အပြင်းအထန် တိုက်ခိုက်ယူခဲ့ရပြီး ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်နှင့် ဆက်စပ်နေသောကြောင့် ရောင်းဝယ်ခွင့် မပြုနိုင်ပါဘူး။ ကျေးဇူးပြု၍ အရှင်မင်းကြီးရဲ့ အမိန့်ကို ပြန်လည်စဉ်းစားပါရန် တောင်းဆိုပါသည်" ဟုဆိုလိုက်သည်။

လင်းပိုင်ဖန် အမျက်ထွက်ပြီး "ဝန်ကြီးချုပ်၊ ငါကိုယ်တော်စကားကို မနာခံတော့ဘူးလား။ ငါနန်းတက်ပြီး ပထမဆုံးကိစ္စမှာတင် သင်ငါ့ကို ဆန့်ကျင်ဝံ့သလား။ သင်၏ အသက်အရွယ်ကို အားကိုး၍ ယခင် ကျေးဇူးတွေကြောင့် ငါကိုယ်တော် သင့်ကို မဖြေရှင်းဝံ့ဟု ထင်လေရောသလား" ဟု ပြောလိုက်သည်။

ဝန်ကြီးချုပ်က "ကျွန်တော်မျိုး ငယ်သားက ရှ နိုင်ငံကို သစ္စာရှိပါသည်၊ အရှင်မင်းကြီးအား သစ္စာရှိပါသည်၊ အခြားသော ရည်ရွယ်ချက် မရှိပါ။ ကျေးဇူးပြု၍ အရှင်မင်းကြီး ရှင်းလင်းစွာ မြင်တက်ပါလေ" ဟုဆိုလိုက်သည်။

လင်းပိုင်ဖန် အမျက်ဒေါသဖြင့် တုန်လှုပ်နေပြီး "ကောင်းပြီ၊ ငါကိုယ်တော် သင်ရဲ့ သစ္စာရှိမူကို အသိအမှတ် ပြုတယ်။ ယနေ့မှစ၍ သင်သည် ဝန်ကြီးချုပ်ရာထူးမှ အနားယူလိုက်ပါ။ ချစ်ရတဲ့ ဦးလေး၊ သင်က သင်ရဲ့ ဘဝတစ်ဝက်စာကို တိုင်းပြည်အတွက် အသုံးချခဲ့ပြီးပြီ၊ ယခုအခါမှာတော့ အနားယူဖို့ အချိန်ရောက်ပြီ" ဟု ​ပြောလိုက်သည်။

ဝန်ကြီးချုပ် ရှောင်ကော်လျှန် ၏မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့သည်။ ဧကရာဇ်သည် သူ့ကို ရာထူးမှ ထုတ်ပယ်လိုက်လေသည်။

သူသည် ဧကရာဇ်၏ ဖခင်နှင့် ညီအစ်ကို သွေးချင်းသဖွယ်ဖြစ်ပြီး သူ ကြီးပြင်းလာတာကို ကြည့်ရှု့စောက်ရှောက် ခဲ့သူလည်း ဖြစ်သည်။ သူသည်...

နှလုံးသားထဲတွင် ခါးသက်ပြီး ဖော်ပြ၍ မရနိုင်သော ဝမ်းနည်းမှုတစ်ခု ပေါ်ပေါက်လာသည်။

တရားရုံးတစ်ခုလုံး ချောက်ချားသွားခဲ့သည်။ ဧကရာဇ်သည် ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။

ဝန်ကြီးချုပ် ရှောင် သည် ဧကရာဇ်၏ ညာလက်ရုံးဖြစ်ပြီး တရားရုံးအုပ်ချုပ်ရေးတွင် မရှိမဖြစ်လိုအပ်ကြောင်း သင်နားလည်ရမည် ဖြစ်သည်။

ဤသို့ပြုလုပ်ခြင်းဖြင့် ဧကရာဇ်သည် သူ၏ ကိုယ်ပိုင်လက်မောင်းကို ဖြတ်တောက်နေခြင်း မဟုတ်ပါလော။

"အရှင်မင်းကြီး၊ ဒါက..."

" ငါ့ကိုဆန့်ကျင်ဝံ့တဲ့ မည်သူမဆို သူ့ကို ရာထူးမှထုတ်ပယ်မည်" ဒေါသဖြင့် ပြောလိုက်သည်။

ဝန်ကြီးများလည်း တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားကြသည်။ ဝန်ကြီးချုပ်ကို ရာထူးမှထုတ်ပယ်ခြင်းသည် ၎င်းတို့အတွက် ကောင်းသည်ဟုပင် ဆိုရမည်။

ဗိုလ်ချုပ်ကြီး ချိုင်ယူလန်က စကားပြောလိုသော်လည်း ရှောင်ကော်လျှန် က ခေါင်းခါကာ သူ့အား လက်ဟန်ခြေဟန်ဖြင့် ပြနေသည်ကို မြင်ရသောကြောင့် စိတ်ဆိုးမာန်ဆိုးဖြင့် နောက်သို့ ဆုတ်လိုက်ရသည်။

လင်းပိုင်ဖန်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည် " မို နိုင်ငံတော်ရဲ့ သံတမန် ချီမူ၊ ကတိပေးထားသည့် ရွှေ၊ ငွေ၊ ရတနာ၊ ဆန်စပါး နှင့် လူကို မြို့တော်သို့ ပို့ဆောင်ပြီးသည်နှင့် အကျွန်ုပ်တို့ သဘောတူညီထားသည့်အတိုင်း သံသတ္တုတွင်းကို သင်တို့အား လွှဲပြောင်းပေးမည်" ဟုကြေညာလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ရှ နိုင်ငံတော် အရှင်မင်းမြတ်"

တရားရုံးအစည်းအဝေးသည် ​ပြီးဆုံးသွားသော်လည်း အတွင်းမှ ဖြစ်ပျက်ခဲ့သောအရာများသည် မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။

အရှင်မင်းကြီးသည် အလှမယ်တစ်ဦးအတွက် ဟူကျို့ သံသတ္တုတွင်းကို စွန့်လွှတ်လိုက်လေသလော?။

ဤသည်မှာ နိုင်ငံတော်ထက် အလှမယ်ကို ပိုနှစ်သက်သော ဂန္ထဝင်ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

သံသတ္တုတွင်းမရှိပါက ကျွန်ုပ်တို့၏ စစ်အင်အား သိသိသာသာ အားနည်းသွားမည်မှာ သေချာသည်။ သံသတ္တုတွင်း ရှိလာပါက မို နိုင်ငံတော်၏ အင်အားသည် မလွဲမသွေလျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး ပိုမို ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။ ဤမျှရိုးရှင်းသော အမှန်တရားကို အရှင်မင်းကြီးမှ မနားလည်နိုင်ပေဘူးလော။

သူသည် တပ်မက်မှုတို့ဖြင့် အမြင်မှားနေပြီး ငယ်ရွယ်ချိန် အလှအပ၏ ဆွဲဆောင်မှုဒဏ်ကို မခံနိုင်ဟု မှတ်ယူရပေမည်။

ဤအတွက်ကြောင့်ပင် သစ္စာရှိ ဝန်ကြီးချုပ်ကိုပင် ရာထူးမှထုတ်ပယ်ခဲ့သည်။ ၎င်းသည် မိသားစုဝင်တစ်ဦးကို မှတ်မိခြင်းမရှိဘဲ နှိပ်ကွပ်သည့် ပုံစံပင် ဖြစ်သည်။

ဘယ်လိုတောင် မိုက်မဲတဲ့ အုပ်ချုပ်သူလဲ။ ရှ နိုင်ငံတော်သည် ပျက်စီးတော့မှာ မြင်ယောင်နေသည်။

နိုင်ငံသားများသည် နက်ရှိုင်းစွာ စိုးရိမ်နေကြပြီး အချို့မှာ ထွက်ပြေးရန်ကိုပင် စဉ်းစားနေကြသည်။

အဆုံးတွင် မိုက်မဲသော အုပ်ချုပ်သူတစ်ဦး၏ အုပ်စိုးမှုအောက်တွင် မည်သို့သော အနာဂတ်က ရှိနိုင်မည်နည်း။

အိမ်နီးချင်းနိုင်ငံများရှိ ဧကရာဇ်များ၊ ဝန်ကြီးများနှင့် သာမန်ပြည်သူများသည် ဤကိစ္စကို အလျှင်အမြန်ပဲ သိလာကြပြီး လင်းပိုင်ဖန်အား နိုင်ငံတော်ထက် အလှမယ်ကို နှစ်သက်သော မိုက်မဲသည့် အုပ်စိုးသူဟု လှောင်ပြောင်ကာ ရှ နိုင်ငံတော်သည် ထိုကဲ့သို့သော အုပ်ချုပ်သူ၏ လက်အောက်တွင် ပျက်စီးလိမ့်မည်ဟု ဆိုခဲ့ကြသည်။

မို နိုင်ငံတော်၏ နန်းတော်အတွင်းတွင်။

မို နိုင်ငံတော်၏ဧကရာဇ်သည် အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ " ရှ နိုင်ငံတော်က သံသတ္တုတွင်းကို ကျွန်ုပ်တို့အား လွှဲပြောင်းပေးဖို့ တကယ် သဘောတူခဲ့တာလား"

"ဘုရင်မင်းကြီးခင်​ဗျား ဟုတ်ပါတယ်။ ရှ နိုင်ငံတော်ရဲ့ သံတမန်စာကို ဘုရင်ကြီး ကြည့်ရှုလို့ရပါတယ်" ဟု မို နိုင်ငံသံတမန်က စာကို ရိုသေစွာကိုင်ဆောင်လျက် ဆက်သလိုက်သည်။

မို နိုင်ငံတော်၏ ဧကရာဇ်သည် စာကိုဖွင့်လိုက်ကာ အလွန်ပင် ကျေနပ်နေခဲ့သည်။ "မှန်နေတာပဲ။ ဒါပေမယ့် အကျွန်ုပ်ကတော့ သံသယရှိနေဆဲပဲ။ မောင်မင်း အဲ့ဒီအချိန်က အတိအကျ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြစမ်း"

"မှန်လှပါ အရှင်မင်းကြီး"

မို နိုင်ငံသံတမန်သည် ဖြစ်ရပ်များကို အသေးစိတ် ချက်ချင်း ပြောပြခဲ့သည်။

မို နိုင်ငံတော်၏ ဧကရာဇ်က အာရုံစိုက်နားထောင်နေသည်။

သံတမန်စကားပြောပြီးနောက် ပြုံးရယ်ကာ "အရှင်မင်းကြီး၊ အစမှာ ရှ နိုင်ငံဧကရာဇ်က သဘောတူညီမှု မပေးခဲ့ပါဘူး။ ဒါပေမယ့် ဤနိမ့်ကျသော ကျွန်တော်မျိုးက မို နိုင်ငံတော်ရဲ့ အလှပဆုံးအမျိုးသမီး ဝမ်ရှန်ကျန်း ကို ဆက်သမည်ဟု ဆိုလိုက်မှသာ သူ ချက်ချင်း သဘောတူညီ သွားခဲ့တာဖြစ်သည်။ ဝန်ကြီးတွေအားလုံးက ကန့်ကွက်ပေမယ့်လည်း သူက ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါဘူး။ ဤအတွက်ကြောင့် သူသည် ဝန်ကြီးချုပ် ရှောင်ကော်လျှန် ကိုပင် ရာထူးမှထုတ်ပယ်ခဲ့သည်" ဟု ဆိုလိုက်သည်။

"ဒီငယ်ရွယ်တဲ့ ဧကရာဇ်က တကယ်ပဲ အရူးပါလား” မို နိုင်ငံတော် ဧကရာဇ်က မထီမဲ့မြင်ပြုလျက် ဆိုလိုက်သည်။

"မိန်းမတစ်ယောက်အတွက်နဲ့ မိမိရဲ့ နယ်မြေကို စွန့်လွှတ်လိုက်တာက အနာဂတ်မှာ ကြီးကြီးမားမား အောင်မြင်မှုတွေ ရှိလာမယ့် သူမျိုးမဟုတ်ဘူး "

"ဘုရင်မင်းကြီးရဲ့ စကားက အလွန်ကို မှန်ကန်ပါတယ်" ဟု မို နိုင်ငံသံတမန်က ကိုင်းညွှတ်ကာ သဘောတူလိုက်သည်။

မို နိုင်ငံ၏ ဧကရာဇ်သည် မက်တပ်ရပ်ပြီး လက်ကို နောက်တွင်ထားလိုက်ကာ မာန်မာနဖြင့် "သူလိုချင်သည့်အတိုင်း သူ့ကို အားလုံး ပေးလိုက်ပါ။ အကျွန်ုပ်တို့ သံသတ္တုတွင်းကို ရရှိတဲ့နေ့က မို နိုင်ငံ​တော် ထွန်းကားဖို့ အချိန် ဖြစ်လိမ့်မယ်။ ရှုပ်ထွေးမှုတွေ မဖြစ်အောင် သဘောတူညီချက် ပြီးဆုံးတာနဲ့ အကျွန်ုပ်တို့ရဲ့ နယ်စပ်မှာရှိတဲ့ စစ်သည် ၂၀၀,၀၀၀ က သံသတ္တုတွင်းကို ချက်ချင်းပဲ သိမ်းပိုက်ရမယ်။ အဲ့ဒီအချိန် သူတို့ ပြန်လိုချင်ရင်တောင်မှ ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး " ဟု ကြေညာလိုက်သည်။

"အရှင်မင်းကြီးက အလွန် ဉာဏ်ပညာ ကြီးမားလှပါတယ်" ဟု မို နိုင်ငံသံတမန်က ထပ်မံကိုင်းညွှတ်ကာ ချီးကျူးလိုက်သည်။

ဤသို့ဖြင့် မို နိုင်ငံသည် ရွှေ၊ ငွေ၊ ရတနာ၊ ဆန်စပါးနှင့် အခြားသော ထောက်ပံ့ရေး ပစ္စည်းများကို ချက်ချင်းစုဆောင်းကာ ရှ နိုင်ငံတော်၏ မြို့တော်သို့ ပို့ဆောင်ခဲ့သည်။

လင်းပိုင်ဖန်သည် အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုရန် တစ်ချက် ကြည့်ရှုရန်သာ လိုအပ်သည်။

အလွန်ဆုံး သူ၏ ဦးနှောက်ထဲတွင် အင်ပါယာ မြေပုံ ရှိပြီး ပြည်တွင်းရှိ ပစ္စည်းများနှင့် အရင်းအမြစ်အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သူ့အတွက် ပိုစိတ်ဝင်စားစရာကောင်းသည်မှာ သူ့မျက်မှောက်ရှိ မျက်နှာဖုံးထားသော အလှမယ်ပင် ဖြစ်သည်။

သူမ၏မျက်နှာကို မမြင်ရသော်လည်း သူမ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းချောမွေ့ပြီး ဆံပင်သည် ရေတံခွန်ကဲ့သို့ စီးဆင်းနေကာ ခန္ဓာကိုယ်သည်လည်း သွယ်လျလှပပြီး ဆွဲဆောင်မှုရှိသည်။ သူမသည် ရင်သပ်ရှု့မောဖွယ် အလှမယ်တစ်ဦးပင် ဖြစ်သည်။

ထို့အပြင် သူမသည် လန်းဆန်းပြီး ဆွဲဆောင်မှု အပြည့်ရှိသော ထူးဆန်းသည့် ရနံ့ကို ထုတ်လွှတ်နေသည်။

လင်းပိုင်ဖန်က "သင်က မို နိုင်ငံတော်ရဲ့ ကျော်ကြားတဲ့ နံပါတ်တစ်အလှမယ် ဝမ်ရှန်ကျန်း လား" ဟု စိတ်ဝင်စားစွာ မေးလိုက်သည်။

All Chapters