သံသတ္တုတွင်းက စစ်သည် နှစ်သိန်း
Vol. 1 Ch. 4
“မှန်လှပါ အရှင်မင်းမြတ်”
ဝမ်ရှန်ကျန်းက ရိုသေစွာ ဦးညွှတ်လျက် "ကျွန်မနာမည်က ဝမ်ရှန်ကျန်း ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်အား ခစားဖို့ ရောက်ရှိလာကြောင်းပါ" ဟု လျှောက်တင်လိုက်သည်။
"မျက်နှာကိုဖုံးထားတဲ့ ပုဝါကိုဖယ်လိုက်ပါ" လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။
"အရှင်မင်းမြတ် အမိန့်တော်အတိုင်းပါ" ဝမ်ရှန်ကျန်းက အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီး မျက်နှာကို ဖုံးထားသော ပုဝါကို ဖြည်းဖြည်းချင်း ဖယ်လိုက်ရာ ရတနာဖြင့် ထွင်းထုထားသော ရုပ်ရည်သကဲ့သို့ သိမ်မွေ့နုပျိုလှပသည့် မျက်နှာ ပေါ်လာခဲ့သည်။ ထိုအလှသည် တိုင်းပြည်ကိုပင် ပျက်စီးကောင်း ပျက်စီးစေလောက်၏။
လင်းပိုင်ဖန်က ပြုံးလိုက်ကာ "သိမ်မွေ့ပြီး လှပတဲ့ မျက်နှာတော်ပဲ" ဟု ပြောလိုက်သည်။ "သင့်ရဲ့ ရုပ်ရည်နဲ့ဆိုရင် မို တိုင်းပြည်ရဲ့ ပထမဆုံးသော အလှဘုရင်မဆိုတဲ့ ဘွဲ့ကို ခံယူထိုက်ပေတယ်။ ဒါပေမယ့် ငါကိုယ်တော်ကို ပဟေဠိ ဖြစ်စေတာက သင်ဟာ သာမန် အရပ်သူဘဝကနေ ပေါ်ပေါက်လာတာဖြစ်ပြီး ဒီအရွယ်ထိ အိမ်ထောင်မပြုရသေးတာ အံ့ဩစရာပဲ”
တကယ်တမ်း ပြောရရင် အလှဆိုတာ ဒုက္ခရဲ့ အရင်းအမြစ်တစ်ခုပါပဲ။
လှပနေခြင်းက အပြစ်မဟုတ်ဘူး၊ ဒါပေမယ့် မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ လုံလောက်တဲ့ စွမ်းအားမရှိဘူးဆိုရင် ဒီအလှဟာ ဒုက္ခကို ဆွဲဆောင်နိုင်ပေသည်
"ဘာလို့လဲဆိုတော့ ကျွန်မက ကံဆိုးမိုးမှောင်ကျစေတဲ့ ကြယ်တာရာကနေ မွေးဖွားလာလို့ပါ"
ဝမ်ရှန်ကျန်းက ဝမ်းနည်းသော မျက်နှာဖြင့် ပြောပြခဲ့သည်- "ကျွန်မ မွေးဖွားကတည်းက အမေက ကလေးမွေးဖွားရာမှ နောက်ဆက်တွဲ ရောဂါဝေဒနာတွေကြောင့် ကွယ်လွန်သွားခဲ့တယ်။ ကျွန်မ အသက် သုံးနှစ်အရွယ်မှာ အဖေကလည်း ရောဂါဖြစ်ပြီး ကွယ်လွန်သွားတော့ ကျွန်မက အဖွားနဲ့ အစ်ကိုနှစ်ယောက်ကိုသာ မှီခိုရတော့တယ်။
ဒါပေမယ့်စိတ်မကောင်းစရာက ကံကြမ္မာက ကျွန်မကို အလွတ်မပေးခဲ့ဘူး။ ကျွန်မ အသက် ၇ နှစ်အရွယ်မှာ အဖွားဟာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ အသက် ၁၁ နှစ်အရွယ်မှာ ဒုတိယအစ်ကိုဟာ တောနက်ထဲ ထင်းခုတ်သွားရင်း နောက်ဆုံး ဝက်ဝံတစ်ကောင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။
ကျွန်မ အသက် ၁၂ နှစ်အရွယ်ရောက်တော့ အစ်ကိုကြီးက ကျွန်မအတွက် လက်ထပ်ဖို့ စီစဉ်ပေးခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ ထိုမိသားစုအပေါ် ကံဆိုးမှုတစ်ခုက ကျရောက်ခဲ့တယ်။ ဖြတ်သွားဖြတ်လာ ဓားပြတစ်ယောက်က သူတို့ရဲ့ ဥစ္စာဓန အားလုံးကို လုယက်ပြီး သတ်ဖြတ်ကာ နှုတ်ပိတ်ခဲ့တယ်။
ကျွန်မ အသက် ၁၃ နှစ်အရွယ်မှာ အစ်ကိုကြီးက နောက်ထပ် လက်ထပ်ခြင်းဖို့ကို ထပ်စီစဉ်ပေးခဲ့ပြီး နှစ်ရက်အတွင်းမှာပဲ ထိုမိသားစုကလည်း ကံဆိုးမှုနဲ့ ကြုံခဲ့ရပြန်ပါတယ်။ ဒါကို မယုံကြည်နိုင်သေးတဲ့ အစ်ကိုကြီးက နောက်ထပ် လက်ထပ်ဖို့ကို ထပ်မံစီစဉ်ခဲ့ပြီး ထိုမိသားစုကလည်း ကံဆိုးမှုနဲ့ ထပ်မံကြုံခဲ့ရပြန်တယ်။
ဒါ့အပြင်ကလေးဘဝတည်းက ကျွန်မနားကို ကပ်ချင်တဲ့ ယောက်ျားတိုင်း ဒုက္ခနဲ့ ကြုံခဲ့ရတယ်။
ဒါကြောင့်လူတိုင်းက ကျွန်မကို ကံဆိုးမိုးမှောင်ကျစေ ကြယ်ဆိုး၊ ဒုက္ခဆိုက်ရောက်စေတဲ့ သူလို့ စတင်ပြောဆိုခဲ့ကြပြီး ရှောင်ကြဉ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ ကျွန်မမှာ အစ်ကိုကြီး ရှိနေသေးတယ်၊ သူကတော့ ဘယ်တော့မှ ကျွန်မကို မစွန့်ခွာခဲ့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်က အစ်ကိုကြီးလည်း..."
ဝမ်ရှန်ကျန်းက ဝမ်းနည်းစွာငိုကြွေးလျက်- "သူကလည်း ပြင်းထန်တဲ့ရောဂါကြောင့် ကွယ်လွန်သွားပြီး ကျွန်မကို စွန့်ခွာသွားခဲ့တယ်"
လင်းပိုင်ဖန်က ကြားပြီးနောက် သနားကြင်နာစိတ်တွေ တဖွားဖွား ဖြစ်လာမိခဲ့သည်။
အရမ်းကို ကံကြမ္မာဆိုးတဲ့ မိန်းကလေးပဲ၊ သူနဲ့ ပတ်သတ်မိသူတိုင်း ဒုက္ခရောက်ကြတယ်၊ ဒါကြောင့် သူမ အခုအထိ လုံခြုံစွာ ရှင်သန်နိုင်တာ သိပ်တော့ အံ့သြစရာမရှိဘူးပဲ။
ဒီလိုရှေးရိုးစွဲခေတ်ကြီးထဲမှာ လူတိုင်းက ကံကြမ္မာကို အပြင်းအထန် ယုံကြည်ကြသည်။ ဘာအကြောင်းမှမရှိဘဲ ကံဆိုးမိုးမှောင် ကျစေတဲ့ ကြယ်ဆိုးကို ဘယ်သူက ထိချင်မှာတုန်း။
အလှက အရေးကြီးပေမယ့် အသက်က ပိုပြီးတော့ အရေးကြီးသည်။
လင်းပိုင်ဖန်က ဝမ်ရှန်ကျန်ကို မတ်တတ်ရပ်စေကာ- "ဒါဆို ဒါ့ကြောင့်ပေါ့၊ နှစ်ပေါင်းများစွာတောင် ဒုက္ခရောက်ခဲ့ရတာပဲ။ ဒီနေ့ကစပြီး သင်ဟာ ငါ့ရဲ့ ကြင်ယာတော် ဖြစ်လာလိမ့်မယ်၊ ငါကိုယ်တော်ကတော့ သင့်ရဲ့ ဤကမ္ဘာပေါ်က တစ်ခုတည်းသော ဆွေမျိုးဖြစ်လာမယ်"
ဝမ်ရှန်ကျန်းက အံ့အားသင့်သွားပြီး- "ဒါပေမယ့် အရှင်မင်းကြီး၊ ကျွန်မက ကံဆိုးမိုးမှောင်ကျစေတဲ့ ကြယ်ဆိုးကနေ မွေးဖွားလာတာပါ၊ ကျွန်မ အရှင်မင်းကြီးကို..."
လင်းပိုင်ဖန်က ရယ်လိုက်တာ- "ငါကိုယ်တော်က ဒါတွေကို မယုံကြည်ဘူး။ သင့်ရဲ့ ကံကြမ္မာကပဲ ပိုဆိုးနိုင်မလား၊ ဒါမှမဟုတ် ငါကိုယ်တော်ရဲ့ကံကြမ္မာကပဲ ပိုခိုင်မာလားဆိုတာ ငါကိုယ်တော် ကြည့်ချင်သေးတယ်" ဟု ပြောလိုက်သည်။
ပြောပြီးတာနဲ့ သူက ဝမ်ရှန်ကျန်းကို ဖက် လိုက်သည်။
"အရှင်မင်းကြီး" ဝမ်ရှန်ကျန်းရဲ့ မျက်နှာက ရှက်ရွံ့သဖြင့် နီမြန်းသွားပြီး အသံတုန်သွားကာ ပြောလိုက်သည်။
"ခဏနေအုံးဟ၊ နောက်ထပ် အရေးကြီးတဲ့ အကြောင်းတစ်ခု ရှိသေးတယ်"
လင်းပိုင်ဖန်ရဲ့ စိတ်ထဲမှာ လှုပ်ရှားသွားပြီး "တိုင်းပြည်ရဲ့ ပုံစံငယ်" က သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
ထို့နောက်သူက ဟူကျို့ သံသတ္တုတွင်းအောက်က သံရိုင်းအားလုံးကို တူးဖော်ပြီး တစ်ခြားတောင်တန်းတစ်ခုဆီကို ရွှေ့ပြောင်းလိုက်သည်။
"အခုတော့ကိစ္စပြီးသွားပြီ၊ ဆက်လုပ်ကြစို့"
လင်းပိုင်ဖန်က ဝမ်ရှန်ကျန်းကို ပွေ့ဖက်ပြီး အိပ်ယာတော်ဆီကို ဦးတည် ပြေးခဲ့သည်။
"အရှင်မင်းကြီး၊ ညှာတာတော်မူပါ"
ထိုညတွင် စောင်းတီးသံတွေဟာ သဟဇာတညီခဲ့ပြီး နဂါးနဲ့ဖီးနစ်တို့ ကခုန်ကာ ရွှင်မြူးကြသည်။
အဲ့ဒီအချိန်မှာပဲ ဝန်ကြီးချုပ် ရှောင်ကော်လျှန်နဲ့ ဗိုလ်ချုပ်ကြီး ချိုင်ယူလန်တို့ဟာ သူတို့ရဲ့ စာကြည့်ခန်းတွေထဲမှာ အသီးသီး အရက်သောက်နေခဲ့ကြသည်။
ဝန်ကြီးချုပ် ရှောင်ကော်လျှန်က မျက်နှာအနည်းငယ် နီမြန်းနေပြီး မျက်လုံးတွေ မှုန်ဝါးနေကာ ဝမ်းနည်းပူဆွေးမှုနဲ့ ပြောလိုက်သည်- "ငါ့ကို အရှင်မင်းကြီးကိုယ်တိုင် ရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး။ ငါဟာ တိုင်းပြည်အတွက် စိတ်နှလုံး တက်ကြွစွာနဲ့ သစ္စာရှိရှိ အစေခံခဲ့တာ၊ ဘာအမှားမှ မလုပ်ခဲ့ဘူး။ မိန်းမတစ်ယောက်အတွက်နဲ့ သူက တိုင်းပြည်ကိုသာမက ငါ့ကိုပါ စွန့်လွှတ်ဖို့ ဆန္ဒရှိနေတယ်။ အား... ငါ့ရဲ့နှလုံးသားတွေ နာကျင်လိုက်တာ"
ဗိုလ်ချုပ်ကြီး ချိုင်ယူလန်က ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်ကာ - "အရှင်မင်းကြီးက ငယ်ရွယ်ပြီး စိတ်မတည်ငြိမ်သေးချိန်မှာ ငါတို့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို မမြင်နိုင်ဘူးလို့ပဲ ပြောရမယ်။ ဒါပေမယ့် သူ့ရဲ့ အကြီးအကဲတွေအနေနဲ့ သူ့ကို အချိန်ပိုပေးသင့်တယ်၊ နောက်ဆုံးမှာတော့ သူနားလည်လာပါလိမ့်မယ်"
"အဲဒီလိုပဲမျှော်လင့်ရတာပေါ့။ စကားများလွန်းသွားပြီ၊ သောက်ကြစို့"
"ဟုတ်တယ် ၊ သောက်ကြစို့။ အရက်တစ်ခွက်က စိုးရိမ်ပူဆွေးမှု တစ်ထောင်ကို ပြေပျောက်စေတယ်" ဟု ဗိုလ်ချုပ်ကြီးက အသံကျယ်ကျယ် ပြောလိုက်သည်။
ချက်ချင်းဆိုသလို လျှူမိန်းမစိုး ရောက်ရှိလာခဲ့သည်။
ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးတို့ နှစ်ယောက်လုံး အလွန်အံ့အားသင့်သွားကြပြီး ဗိုလ်ချုပ်ကြီးက "ဘာလို့ ရောက်လာရတာလဲ။ မင်းက နန်းတော်ထဲမှာ အရှင်မင်းကြီး အနားမှာ ရှိနေသင့်တာမလား" ဟု မေးလိုက်သည်။
"အရှင်မင်းကြီးက ငါ့ကို စေလွှတ်လိုက်တာ" လို့ လျှူမိန်းမစိုးက ပြုံးလျက် ပြောလိုက်သည်။
"အရှင်မင်းကြီးက မင်းကိုစေလွှတ်တယ်" နှစ်ယောက်လုံး စိတ်ရှုပ်စွာဖြင့် မေးလိုက်ကြသည်။
ဗိုလ်ချုပ်ကြီးက ဆက်မေးလိုက်တယ်-"အရှင်မင်းကြီးက မင်းကို စေလွှတ်တာ၊ ဘာအကြောင်းနဲ့လဲ"
"အရေးကြီးတဲ့အကြောင်းမဟုတ်ပါဘူး၊ အရှင်မင်းကြီးက ငါ့ကို ဝန်ကြီးချုပ်တို့နဲ့အတူ သောက်ဖို့ စေလွတ်လိုက်တာပါ" ဟု လျှူမိန်းမစိုးက ပြောလိုက်ပြီး သူက အရက်တစ်အိုးကို ကိုင်ပြီး ဘေးနားက ထိုင်ခုံပေါ်မှာ ထိုင်လျက် မူးယစ်နေသော ဝန်ကြီးချုပ်ကို အပြုံးဖြင့် ကြည့်လိုက်သည်။
ဗိုလ်ချုပ်ကြီးက စိတ်ရှုပ်စွာဖြင့်- "ဒါပဲလား။ တစ်ခြား အဓိပ္ပာယ်တွေ မရှိဘူးလား"
"ဟ.. ၊ ဘာအဓိပ္ပာယ်လဲဆိုတာ မင်း နားမလည်ဘူးလားဟ"
ဝန်ကြီးချုပ်က ရုတ်တရက် ရီလိုက်ကာ စိတ်ကျေနပ်စွာဖြင့် မုတ်ဆိတ်ကို သပ်လျက် ပြောလိုက်သည်- "ငါ့လို လူအိုကြီးနဲ့အတူ အရက်သောက်ဖို့... တကယ်တော့ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က တောင်းပန်ဖို့ပဲ၊ အခုနားလည်ပြီလား"
"အိုး...ဒါဆိုရင် ဒီလိုအဓိပ္ပာယ်လား။ ဒီအဖိုးကြီး ခဏလောက် မသိလိုက်ဘူး"
ဗိုလ်ချုပ်ကြီး ရုတ်တရက် နားလည်သွားပြီး ကြည်နူးရွှင်လန်းစွာဖြင့်- "အရှင်မင်းကြီးက မင်းကို ဂရုစိုက်နေသေးတာပဲ၊ သူမှားတယ်ဆိုတာကို သိလို့ လျှူမိန်းမစိုးကို အထူးစေလွှတ်ပြီး တောင်းပန်လိုက်တာပဲ။ ရှောင်အဖိုးကြီး၊ အခုတော့ စိတ်သက်သာရာ ရသွားပြီပေါ့"
လျှူမိန်းမစိုးက ခေါင်းညိတ်ကာ-"ဒါဟာ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက် အတိအကျပါပဲ၊ ဒါပေမယ့် အချို့အရာတွေက ပွင့်ပွင့်လင်းလင်း ပြောဖို့ မကောင်းဘူး"
"အရှင်မင်းကြီးက ငါ့ကို စိတ်ထဲမှာ ထားသေးတာပဲ၊ အခုတော့ စိတ်ချရပါပြီ" ဟု ဝန်ကြီးချုပ်က ပြောလိုက်သည်။ "ဒါပေမယ့် ခုနက နန်းတော်မှာ ငါက အရှင်မင်းကြီးနဲ့ သဘောထားကွဲလွဲခဲ့တယ်၊ အရှင်မင်းကြီးက ငယ်ရွယ်ပြီး စိတ်ဓာတ် မခိုင်မာသေးလို့ ဒီဘေးဒုက္ခကို ရရှိခဲ့တာ။ ငါ့မှာလည်း တစ်စိတ်တစ်ပိုင်း အပြစ်ရှိတာပဲ၊ ငါသာ သိခဲ့မယ်ဆိုရင် တစ်ခြားနည်းလမ်းကို ရွေးချယ်မိမှာ"
ဗိုလ်ချုပ်ကြီးက -"ရှောင်အဖိုးကြီး၊ တကယ်ပဲ နည်းလမ်းပြောင်းဖို့ သင့်ပြီ။ ဒါပေမယ့် အရှင်မင်းကြီးကလည်း ကြီးပြင်းလာခဲ့ပြီပဲလေ သူ့ကိုယ်ပိုင် ထင်မြင်ချက်တွေ ရှိနေပြီ။ အခု မင်း ရာထူးကနေ ထုတ်ပယ်ခံရပြီး အိမ်မှာ နေရတဲ့အတွက် ရက်အနည်းငယ်လောက် ကောင်းကောင်းအနားယူလိုက်ပါ။ ဘယ်သူသိမလဲ၊ ရက်အနည်းငယ်အတွင်းမှာ အရှင်မင်းကြီးက မင်းကို ပြန်ခေါ်ကောင်း ခေါ်လိမ့်မယ်"
"မင်းပြောတာမှန်တယ်၊ သောက်ကြစို့"
"သောက်ကြစို့"
သူတို့သုံးယောက်ဟာ အရက်အိုးကို ဖက်ပြီး မူးယစ်သည်အထိ သောက်ခဲ့ကြသည်။
မို နိုင်ငံတော်ဟာ ကတိပြုထားတဲ့ ထောက်ပံ့ရေး ပစ္စည်းအားလုံးကို ရှ နိုင်ငံတော်ရဲ့ မြို့တော်ဆီကို ပို့ဆောင်ပြီး ကုန်သွယ်ရေး သဘောတူညီချက်ကို ပြီးမြောက်စေခဲ့တဲ့အတွက်၊ သံသတ္တုတွင်းမှာ တပ်စွဲထားတဲ့ ရှ နိုင်ငံတော်ရဲ့ တပ်သားတွေနဲ့ အလုပ်သမားတွေဟာ ချက်ချင်းဆိုသလို ရုပ်သိမ်းသွားကြပြီး မို နိုင်ငံတော်ကလည်း ချက်ချင်းဆိုသလို စစ်သား ၂၀၀,၀၀၀ စေလွှတ်ကာ အစားထိုးတပ်စွဲလိုက်သည်။
ဒီကိစ္စဟာ မို နိုင်ငံတော်အတွက် အရေးကြီးတဲ့ အတွက် လက်ရှိ မို နိုင်ငံတော်ရဲ့ အိမ်ရှေ့စံ မင်းသားကို ဒီကိစ္စကို ကြီးကြပ်ဖို့ စေလွှတ်ခဲ့သည်။
မို နိုင်ငံတော်ရဲ့ အိမ်ရှေ့စံဟာ အနှစ်သာရရှိသော သံသတ္တုတွင်းကို ကြည့်ရှုကာ ရည်မှန်းချက်ကြီးစွာဖြင့် ကြွေးကြော်လိုက်သည်- "ဒီသံသတ္တုတွင်းနဲ့ဆိုရင် ငါတို့ရဲ့ မိုနိုင်ငံတော်က အမှန်တကယ် မြန်မြန်ဆန်ဆန် ထွန်းကားလာပြီး အင်အားကြီး တိုင်းပြည်တစ်ခု ဖြစ်လာလိမ့်မယ်။ နောက်ဆုံးမှာတော့ ရှ နိုင်ငံက ငါတို့ရဲ့ သံမြင်းခွာတွေအောက်မှာ အမှုန့်အဖြစ်သာ ရှိလာလိမ့်မယ်"
"အရှင့်သားရဲ့ စကားက အလွန်ကို မှန်ကန်ကြောင်းပါ" ဟု မို နိုင်ငံတော်က ဗိုလ်ချုပ်တွေက ဝမ်းမြောက်စွာဖြင့် ပြောခဲ့ကြသည်။
"ချက်ချင်းတူးဖော်ကြတော့" ဟု အိမ်ရှေ့စံက အသံကျယ်ကျယ်ဖြင့် အော်လိုက်ကာ အမိန့်ပေးလိုက်သည်။
"အရှင်သား မိန့်တော်မူသည့် အတိုင်းပါ" လူတိုင်း တစ်ချိန်တည်းမှာ ပြန်ဖြေခဲ့ကြသည်။
ထို့နောက် မိုနိုင်ငံတော်ရဲ့ စစ်သားတွေနဲ့ တပ်သားတွေဟာ သတ္တုတွင်းထဲမှာ နေရာယူပြီး သံရိုင်းတွေကို တူးဖော်ဖို့ စတင်ခဲ့ကြသည်။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ မြေပြင်က တုန်ခါလာခဲ့သည်။