← Chapters

သံတ္တုတွင်း ပြိုကျခြင်း

Vol. 1 Ch. 5

သံတ္တုတွင်း ပြိုကျခြင်း

Vol. 1 Ch. 5

“ ဘာတွေဖြစ်နေတာလဲ”

“ကမ္ဘာမြေကြီးက ရုတ်တရက် ဘာလို့လှုပ်ခါရတာလဲ။ ငါတို့အောက်မှာ နဂါးတစ်ကောင် လှည့်နေတာလား။

ဒါက မဖြစ်နိုင်ဘူး”

မို နိုင်ငံရဲ့စစ်သည် ၂၀၀,၀၀၀ ပါတဲ့ တပ်ကြီးဟာ ဖရိုဖရဲတွေ ဖြစ်လာခဲ့တယ်။

အဲဒီအခိုက်အတန့်မှာပဲ၊ သံသတ္ထုတွင်းရဲ့ အလယ်ဗဟိုကနေ ချက်ချင်းဆိုသလို မိုးကြိုးသံနဲ့တူတဲ့ အသံကြီးဟာ ထွက်ပေါ်လာခဲ့တယ်။ မြေပြင်ဟာ ကွဲထွက်ပြီး အောက်ဘက်ကို ပြိုကျသွားကာ ဧရာမ တွင်းကြီး တစ်တွင်းဖြစ်သွားခဲ့တယ်။ ဖုန်မှုန့်တွေဟာ လေထဲသို့ လျင်မြန်စွာနဲ့ မြင့်တက်လာပြီး နေကို မမြင်နိုင်တော့အောင်ပင် ကာကွယ်လိုက်သလို ကောင်းကင်ကိုတောင်မှ မှောင်မိုက်သွားစေခဲ့သည်။

သို့သော်လည်း ဒါကတော့ လုံးဝ အဆုံးသတ်သွားတာမျိုး မဟုတ်သေးပါဘူး။ ပြိုကျမှုတွေဟာ အတွင်းကနေ အပြင်ဘက်ကို လျင်မြန်စွာပဲ ပျံ့နှံ့သွားခဲ့တယ်။

ကမ္ဘာမြေကြီးက ပါးစပ်ဟကာ အပြင်လောကရှိ အရာရာတိုင်းကို မျိုချလိုက်သလိုပါပဲ။

မို နိုင်ငံတော်ရဲ့တပ်သားတွေဟာ အလန့်တကြား ဖြစ်သွားခဲ့ကြတယ်။

“ဒုက္ခတော့ ရောက်ပြီ၊ သံသတ္ထုတွင်း ပြိုကျသွားပြီ။

ပြိုကျမှုက အရမ်းမြန်တယ်၊ အသက်လုပြေးကြတော့။ အခုမပြေးရင် ငါတို့ သေရတော့မယ်”

အပြင်ဘက်စွန်းမှာ ရပ်နေတဲ့ မို နိုင်ငံတော်ရဲ့ အိမ်ရှေ့စံကလည်း အဲ့ဒီအချိန်မှာတော့ အလန့်တကြား ဖြစ်သွားခဲ့တယ်။

“အရှင့်သား၊ သံသတ္ထုတွင်းက ရုတ်တရက် ပြိုကျသွားပါပြီ၊ အခြေအနေက အရမ်း စိုးရိမ်ရပါတယ်၊ အခုချက်ချင်း ထွက်ပြေးရပါလိမ့်မယ်”

မိုနိုင်ငံတော် အိမ်ရှေ့စံက မတွန့်ဆုတ်တော့ပဲ ခေါင်းညိတ်လိုက်တယ်-“ ဟုတ်ပြီ၊ မြန်မြန်ထွက်ပြေးကြရအောင်”

အရှင့်သား ခင်ဗျာ၊ မြင်းစီးပြေးရင် အရမ်းနှေးပါတယ်၊ ကျွန်တော်မျိုးကို အရှင့်သားကို သယ်ဆောင်ခွင့်ပြုပါ”

ချက်ချင်းဆိုသလို ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဟာ ရှေ့ကိုတက်လာပြီး မို နိုင်ငံတော် အိမ်ရှေ့စံကို ကျောပေါ်မှာတင်ကာ အပြင်ဘက်ကို မြန်မြန်ဆန်ဆန် ထွက်ပြေးခဲ့လိုက်တယ်။

အဲဒီအချိန်မှာတော့ မို နိုင်ငံရဲ့ တပ်တစ်ခုလုံးက အသက်လုပြေးနေကြတယ်။

သို့သော်လည်း သူတို့ရဲ့ ထွက်ပြေးနှုန်းက တောင်ပြိုကျမှု နှုန်းရဲ့ အမြန်နှုန်းကို မယှဉ်နိုင်ခဲ့ပါဘူး။ များပြားလှတဲ့ စစ်သည်တွေနဲ့ မြင်းတွေဟာ လျင်မြန်စွာနဲ့ မပြေးနိုင်တော့တဲ့အတွက် နက်ရှိုင်းတဲ့ တွင်းကြီးထဲကို ဝါးမျိုခံလိုက်ရပြီး၊ သူတို့ရဲ့ ကံကြမ္မာကတော့ ဘာမှန်းတောင် မသိနိုင်တော့ပါဘူး။

မြည်သံတွေဟာဆိုရင် ကောင်းကင်ကနေ မိုးကြိုးသံတွေ ထွက်နေသလိုမျိုး ဆက်လက်ပြီး မြည်နေဆဲပါပဲ။

ဒီကြီးမားလှတဲ့ ဆူညံသံတွေကြားထဲမှာ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ ကယ်တင်သူ ရှိပါစေဆိုတဲ့ အော်ဟစ်သံတွေလည်း ရှိနေခဲ့တယ်။

သို့သော်လည်း အခုအခါမှာတော့ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်အသက်ကို ကယ်တင်ဖို့ အတွက်သာ စိုးရိမ်နေကြတယ်၊ တစ်ခြားသူတွေအတွက် ဘယ်သူက စဉ်းစားပေးနိုင်မှာတုန်း။

ထို့ကြောင့် ပိုပိုပြီး များပြားလှတဲ့ လူတွေဟာ ဝါးမျိုခံလိုက်ကြရတယ်။

နာရီဝက်ခန့်ကြာပြီးတဲ့ နောက်မှာတော့ အားလုံးဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

တောင်တစ်ခုလုံးက ပျောက်ကွယ်သွားခဲ့ပြီး လေထဲမှာ လှည့်ပတ်နေတဲ့ ဖုန်မှုန့်တွေသာ ကျန်ရှိနေခဲ့တယ်။

မို နိုင်ငံရဲ့ အိမ်ရှေ့စံက သူ့ရဲ့ပတ်ဝန်းကျင်က ကျန်ရှိနေတဲ့ လူအနည်းငယ်နဲ့ သူ့ရှေ့မှာရှိနေတဲ့ ဧရာမတွင်းကြီးကို လှည့်ပတ်ကြည့်ရှုရင်း၊ မျက်နှာ ဖြူဖပ် ဖြူရော်ဖြစ်ကာ အားအင်ကုန်ခမ်းသွားသလို ပြိုလဲသွားပြီး ပြောလိုက်တာက-“ ပြီးသွားပြီ။ အားလုံးပြီးသွားပြီ”

ဒီစကားကို ပြောပြီးတဲ့နောက်မှာတော့ သူဟာ သတိလစ်သွားခဲ့တယ်။

“အရှင့်သား”

ဒီဖြစ်ရပ်ဟာ ကုန်းမြေ တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာပေါ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့တယ်။

သံသတ္ထုတွင်းပြိုကျပြီး မို နိုင်ငံရဲ့ စစ်သည် ၂၀၀,၀၀၀ ကို မြေမြှုပ်သွားတယ်ဆိုလား။

ဒီမြေကို လွဲပြောင်းပေးတာ တစ်ရက်တောင် မပြည့်သေးခင်မှာပဲ၊ ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုးတွေ ရုတ်တရက်ကြီး ဖြစ်သွားခဲ့တယ်လား။

မို နိုင်ငံ​တော်ဟာကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားလိုက်ရသည်။ ရွှေ၊ ငွေ၊ ရတနာတွေ အများကြီးပေးဆပ်ခဲ့ရတယ်၊ မို နိုင်ငံတော်ရဲ့ အလှပဆုံး အမျိုးသမီးကိုတောင် မှ ပေးလိုက်ရသည်၊ နောက်ဆုံးမှာတော့ ဘာမှမရှိတော့ပဲ စစ်သည် ၂၀၀,၀၀၀ တောင်မှ ဆုံးရှုံးသွားခဲ့ရသည်။ မို နိုင်ငံတော်ရဲ့ အိမ်ရှေ့စံ ချက်ချင်းပဲ သတိလစ်သွားတယ်လို့ ကြားလိုက်ရတယ်ဟ။

ဘာလို့ သတိမလစ်ရမှာတုန်း။စစ်သည် ၂၀၀,၀၀၀ က ဒီလိုမျိုး ဆုံးရှုံးသွားရတယ်၊ ဘယ်နိုင်ငံကများ ဒီလိုဆုံးရှုံးမှုမျိုးကို ခံနိုင်ရည် ရှိမှာတုန်း။

ဟုတ်ပါတယ်၊ မိုနိုင်ငံတော်ရဲ့ စုစုပေါင်း စစ်အင်အားက ၆၀၀,၀၀၀ ပဲရှိတာဖြစ်သည်။

“****။ ဒီနည်းနဲ့ဆိုရင် ရှ နိုင်ငံက အကြီးအကျယ် အမြတ်ထွက်သွားပြီလို့ ဆိုရမှာပဲ”

“ဟုတ်တယ်၊ ကြီးကြီးမားမားကို အမြတ်ရသွားတယ်။ ငွေကြေးလည်း ရတယ်၊ အစားအစာလည်း ရတယ်၊ အလှပဆုံး အမျိုးသမီးလည်းရတယ်၊ နယ်စပ်က ခြိမ်းခြောက်မှုတွေပါ ဖယ်ရှားလိုက်နိုင်တယ်။ ကောင်းကင်ဘုံက ရှ နိုင်ငံတော်ကို ကူညီနေတာလား?”

“ဒီလို ကံကောင်းမှုမျိုးက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေသလိုပဲ”

မို နိုင်ငံ တစ်နိုင်ငံလုံး ဝမ်းနည်းပက်လက် ဖြစ်နေချိန်တွင် ရှ နိုင်ငံတော် ကတော့ ဝမ်းသာဂုဏ်ယူနေခဲ့ကြသည်။

ရှ နိုင်ငံတော်ရဲ့ နန်းတွင်း အတွင်းမှာတော့ အမတ်ကြီးများက ဂုဏ်ပြုစကားများကို ပြောဆိုနေခဲ့ကြသည်။

“အရှင်မင်းမြတ်၊ မို နိုင်ငံတော်ရဲ့ စစ်သည် ၂၀၀,၀၀၀ ပါတဲ့ တပ်ဟာ သံသတ္ထုတွင်းထဲကို ရောက်ရှိပြီးတဲ့နောက်မှာပဲ ပြိုကျမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကြားသိရပါတယ်။ အရမ်းကိုမြန်ဆန်စွာ ဖြစ်ပွားခဲ့တဲ့အတွက် မို နိုင်ငံတော်ရဲ့ စစ်သည် ၂၀၀,၀၀၀ ထဲက တစ်ယောက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခြင်း မရှိဘဲ အားလုံး သေဆုံးသွားကြပြီး အဲဒီမှာပဲ မြေမြှုပ်သွားခဲ့ကြရတယ်။

နောက်ဆုံးမှာတော့ မို နိုင်ငံရဲ့ အိမ်ရှေ့စံနဲ့ ဗိုလ်ချုပ်အနည်းငယ်သာ ထွက်ပြေးနိုင်ခဲ့ကြတယ်။

မို နိုင်ငံတော်ရဲ့ ခြိမ်းခြောက်မှုက အတော့်ကို လျော့နည်းသွားခဲ့ပါပြီ”

“ အရှင်မင်းမြတ်ခင်ဗျား၊ ဒါက ဘာကို ပြသနေပါသလဲ။ ဒါဟာ ကောင်းကင်ဘုံက ရှ နိုင်ငံတော်ကို ကူညီနေတာပါပဲ၊ ကောင်းကင်ဘုံ ကိုယ်တိုင်က ကျွန်တော်မျိုးတိို့ကို ကာကွယ်နေတာပါပဲ”

“ကောင်းကင်ဘုံက ရှ နိုင်ငံကို ကူညီနေတာလား?။ ဒါက အသိသာကြီးကို ကောင်းကင်ဘုံက ဘုရင်မင်းမြတ်ကို ကူညီနေတာပဲ”

“မှန်ပါတယ်၊ ဒါဟာ သိသိသာသာကြီးကို ကောင်းကင်ဘုံက ဘုရင်မင်းမြတ်ကို ကူညီနေတာပါ”

“ကောင်းကင်ဘုံက ဘုရင်မင်းမြတ်ကို ကောင်းချီးပေးပါစေ၊ ဘုရင်မင်းမြတ် သက်တော် ရာကျော်ရှည်ပါစေ၊ သက်တော် ရာကျော်ရှည်ပါစေ၊ သက်တော် ရာကျော် ရှည်ပါစေ”

မြောက်ပင့်တဲ့ စကားတွေဟာ တရွေ့ရွေ့နဲ့ ဝင်ရောက်လာခဲ့ပြီး လင်းပိုင်ဖန်ကို အတော့်လေး မူးယစ်သွားစေခဲ့တယ်။

ထို့ကြောင့် လင်းပိုင်ဖန်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရယ်မောလိုက်ကာ-“ ဟားဟား... ချစ်ရတဲ့ အမတ်ကြီးတို့၊ သင်တို့ပြောတာတွေက အလွန်ကို မှန်ကန်တယ်ကွဲ့၊ ဒါပေမယ့် နောက်ထပ် ထပ်ပြီး မပြောကြနဲ့တော့။ ငါကိုယ်​တော်က ဖြောင့်မတ်တဲ့ သူ၊ မြင့်မြတ်တဲ့ သူတစ်ယောက်၊ မယုတ်ညံ့တဲ့ အကျိုးစီးပွားတွေကနေ မြင့်တက်လာတဲ့ သူတစ်ယောက် ဖြစ်တယ်ကွဲ့၊ မြောက်ပင့်တဲ့ စကားတွေနဲ့ ဂုဏ်တင်ခြင်းကို မခံနိုင်ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ ဂရုစိုက်ပြီးတော့ နည်းနည်းလောက် ချီးကျူးရုံပဲ ချီးကျူးကြ၊ ဒါဆိုရင် ရပြီ။ အလွန်အမင်း ချီးကျူးတာကို ငါကိုယ်တော် မခံနိုင်ဘူး၊ ဟား..ဟား..”

အမတ်ကြီးများက ခေါင်းငုံ့ပြီး မျက်စိလွှဲလိုက်ကြကာ သူတို့ရဲ့ နှလုံးသားထဲမှာတော့ လှောင်ပြောင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

“ချီးပဲ

သူကိုယ်သူ ဖြောင့်မတ်တဲ့သူလို့ ခေါ်ရဲသေးတယ်

မြင့်မြတ်တဲ့ သူတစ်ယောက်။

မယုတ်ညံ့တဲ့ အကျိုးစီးပွားတွေကနေ မြင့်တက်လာ သူတစ်ယောက်။

မြောက်ပင့်တဲ့ စကားတွေနဲ့ ဂုဏ်တင်ခြင်းကို မခံနိုင်ဘူးလို့ ဆိုသေးတယ်။

မင်းရဲ့ အပြစ်အနာအဆာရှိတဲ့ ပါးစပ်ကြီးက ရယ်လွန်းလို့လို့ မျက်စိတွေကိုတောင် မပွင့်နိုင်တော့ဘူး။

ပထမဆုံး မျက်နှာပေါ်က အဲ့ဒီအမူအရာကို တည်တန့်အောင် လုပ်ပြီးမှ ငါတို့ကို ဒီစကား ပြောပါ။

သို့သော်လည်း ဧကရာဇ်ဖြစ်တဲ့ လင်းပိုင်ဖန်ကို ရင်ဆိုင်ရတဲ့ အခါမှာတော့ သူတို့ဟာ စိတ်ပူပန်စွာနဲ့သာ ပြောနိုင်ခဲ့ကြတယ်-“ မှန်ကန်ကြောင်းပါ ဘုရင်မင်းမြတ်ခင်ဗျား”

လင်းပိုင်ဖန်ဟာ အောင်ပွဲခံသလို ရယ်မောလိုက်တယ်-“ အခုဆိုရင် ဘယ်သူက ငါကိုယ်တော်က နိုင်ငံတော်ထက် မျိုးသမီးကို ပိုနှစ်သက်တယ်လို့ ပြောရဲဦးမှာလဲ။ ဘယ်သူက ငါ့ကို မိုက်မဲတဲ့ ဧကရာဇ်လို့ ခေါ်ရဲဦးမှာလဲ။ ရှင်းရှင်းလင်းလင်းကို ငါ့မှာ အဝေးကို မြင်နိုင်တဲ့ ဉာဏ်ပညာရှိတယ်၊ သံသတ္ထုတွင်းရဲ့ တကယ့်တန်ဖိုးကို အရင်ကတည်းက မြင်နေခဲ့တာ။ ဒါကြောင့်ပဲ ဒီမြေနေရာကို လွှဲပြောင်းပေးလိုက်တာ၊ ရန်သူကို ထောင်ချောက်ထဲ ဆွဲထည့်ဖို့ပဲ။ အခုဆိုရင် ငါကိုယ်တော်ရဲ့ ကြိုးစားအားထုတ်မှုတွေကို သင်တို့ နားလည်ပြီမလား။ ဟားဟား….”

အမတ်ကြီးများရဲ့ နှလုံးသားထဲမှာ နောက်တစ်ခါ ထပ်ပြီး လှောင်ပြောင်လိုက်ကြတယ်။

တစ်စက္ကန့်လောက်မှတောင် မယုံနိုင်ကြဘူး။

မြေနေရာ လွှဲပြောင်းပေးဖို့ မင်းကို ဖြစ်စေတဲ့အရာက သိသိသာသာကြီးကို အလှအပအပေါ် မင်းရဲ့ တပ်မက်မှုပဲလေ။

ဒါပေမယ့် နောက်ဆုံးမှာတော့ အဆိုးထဲက အကောင်းလို့ပဲ ပြောရတော့မှာပဲ

ဘယ်လို​တောင်မှ ချီးလို ကံကောင်းမှုမျိုးလဲ။

“ဘုရင်မင်းမြတ်ခင်ဗျာ ဉာဏ်ပညာ ကြီးမားလှပါတယ်” အမတ်ကြီးများက တဖန်ပြန်ပြီး သဘောတူညီစွာ ပြောခဲ့ကြတယ်။

လင်းပိုင်ဖန်ကတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရယ်မောနေဆဲပါပဲ-“ ဟားဟား….”

တစ်တိုင်းပြည်လုံးဟာ သူရဲ့ ဝင့်ကြွားပြီး မောက်မာတဲ့ ရယ်သံတွေနဲ့ ပြည့်နှက်နေခဲ့တော့တယ်။

အမတ်ကြီးများရဲ့ စိတ်ထဲက မသက်မသာ ဖြစ်နေတာတွေကိုတော့ မပြောတာက အကောင်းဆုံးပါပဲ။

အားရပါးရ ရယ်ပြီးတဲ့နောက်မှာတော့ လင်းပိုင်ဖန်ဟာ လည်ချောင်းကို ရှင်းလိုက်ပြီး အလွန်အမင်း ကြီးကျယ်တဲ့ အနေအထားနဲ့ ပြောလိုက်တယ်- “ကောင်းပြီ၊ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်ရောက်ပြီ။ အခုဆိုရင် မိုနိုင်ငံတော်က စစ်သည် ၂၀၀,၀၀၀ ဆုံးရှုံးသွားခဲ့ရတယ်၊ သူတို့ရဲ့ နိုင်ငံတော်ကာကွယ်ရေးက အခုဆို အားနည်းနေပြီ။ ဒါဟာ ရှ နိုင်ငံတော်အတွက် ကောင်းကင်ဘုံပေးတဲ့ အခွင့်အရေးပဲ။ မိုနိုင်ငံတော်ကို ကျူးကျော်ဖို့၊ မြို့တွေ သိမ်းယူဖို့နဲ့ နယ်မြေချဲ့ထွင်ဖို့အတွက် စစ်သည် ၂၀၀,၀၀၀ ကို စေလွှတ်ဖို့ ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ။ ငါ့ရဲ့ သစ္စာရှိတဲ့အမတ်တို့ သင်တို့ရဲ့ အတွေးအမြင်တွေက ဘာများလဲ”

All Chapters