အခန်း (၆)
Vol. 1 Ch. 6
မူးမတ်ကြီးများအားလုံး အံ့အားသင့်သွားခဲ့ကြသည်!
ဤကဲ့သို့သော အချိန်တွင် မို နိုင်ငံကို စစ်ချီတိုက်ခိုက်ရန် စစ်သည်တော်များ စေလွှတ်ရမည်လော?
မို နိုင်ငံသည် စစ်သည် ၂၀၀,၀၀၀ ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့တွင် ၄၀၀,၀၀၀ ကျန်ရှိနေဆဲဖြစ်ပြီး မိမိတို့ ရှ နိုင်ငံ၏ စစ်သည် စုစုပေါင်းထက်ပင် များပြားနေဆဲ ဖြစ်သည်!
စစ်သည်၂၀၀,၀၀၀ ဖြင့် စစ်သည် ၄၀၀,၀၀၀ ရှိသော တပ်ကို တိုက်ခိုက်ခြင်းသည် ကြက်ဥဖြင့် ကျောက်တုံးကို ပစ်ပေါက်လိုက်သည်နှင့် တူနေသည် မဟုတ်ပေလော?
ထို့အပြင် နိုင်ငံတော်သည် လက်ရှိအချိန်တွင် ဝမ်းနည်းပူဆွေးမှုအတွင်း၌ ရှိနေသည်။ ယခုအချိန် သူတို့ကို စတင်တိုက်ခိုက်ခြင်းသည် ဒုက္ခရှာနေခြင်း မဟုတ်ပေလော?
သူတို့က သင့်အပေါ်၌ အမျက်မထွက်လျှင် မည်သူ့အပေါ်၌ အမျက်ထွက်ရမည်နည်း?
ဤသည်မှာ လူသားဦးနှောက်မှ ထွက်ပေါ်လာနိုင်သော မေးခွန်းတစ်ခုပေလော?
"အရှင်မင်းကြီး၊ ဤသို့မပြုမူပါနှင့်" ဟု အမတ်များက အကြောက်တရားဖြင့် တောင်းပန်ခဲ့ကြသည်။
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လျှက်- အဘယ်ကြောင့် မပြုလုပ်ရသနည်း?
အမတ်ကြီးတစ်ဦး ရှေ့သို့တက်လာပြီး- "အရှင်မင်းကြီးခင်ဗျာ၊ မို နိုင်ငံက စစ်သည် ၂၀၀,၀၀၀ ဆုံးရှုံးခဲ့ရသော်လည်း သူတို့က သန်မာဆဲဖြစ်ပြီး လက်နက်ကိရိယာများလည်း ပြည့်စုံနေဆဲဖြစ်သည်။ သူတို့ကို စတင်တိုက်ခိုက်ခြင်းသည် အားနည်းသော အနေအထားမှ အားကောင်းသောသူကို တိုက်ခိုက်ခြင်းဖြစ်ပြီး အလွန် ပညာမရှိသော လုပ်ရပ်ဖြစ်သည်။ အရှင်မင်းကြီးခင်ဗျာ၊ ကျေးဇူးပြု၍ ပြန်လည်စဉ်းစားတော်မူပါ!"
လင်းပိုင်ဖန်က ပြုံးလိုက်ကာ- "ရန်သူက အားကောင်းပြီး ကျွန်ုပ်တို့က အားနည်းနေပေမယ့်လည်း မိုနိုင်ငံရဲ့ ကာကွယ်ရေးက လက်ရှိအချိန်မှာ ဗလာဖြစ်နေပြီး သူတို့ရဲ့ တံခါးတွေကလည်း ကျယ်ပြန့်စွာ ပွင့်နေပြီဖြစ်သည်။ ကျွန်ုပ်တို့ရဲ့ တပ်မတော်အတွက် ၎င်းတို့ အားနည်းနေစဉ်မှာ တိုက်ခိုက်ဖို့က အချိန်ကောင်းဖြစ်တယ်! အကယ်၍ ယခုအချိန်မှာမှ ကျွန်ုပ်တို့ရဲ့ တပ်တွေကို မစေလွှတ်ရင် ဘယ်အချိန်မှာမှ သွား စေလွှတ်ရမှာလည်း?"
ဒုတိယ အကြီးအကဲ အရာရှိက ရှေ့သို့တက်လာပြီး - "အရှင်မင်းကြီးခင်ဗျာ၊ မို နိုင်ငံက စစ်သည် ၂၀၀,၀၀၀ ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး နိုင်ငံတော်တဝမ်းလုံး ဝမ်းနည်း ပူဆွေးနေရသည့် ကာလဖြစ်ပါတယ်! အကယ်၍ ကျွန်တော်မျိုးတို့က ယခုအချိန်မှာ စစ်သည်တော်တွေ စေလွှတ်လိုက်ပါက၊ ဒါဟာ မတရားတဲ့စစ်ပွဲဖြစ်ပြီး စစ်မဖြစ်မီမှာတင် ကျွန်ုပ်တို့၏ စစ်အားက အားနည်းသွားမည် ဖြစ်သည်! ဒါ့အပြင်ကိုမှ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကနေ အမျက်ဒေါသကို စွမ်းအားအဖြစ်သို့ ပြောင်းလဲကာ သူတို့ရဲ့ စိတ်ဓာတ်သည် အကြီးအကျယ် မြှင့်တင်ခံလိုက်ရမည် ဖြစ်သည်။ မို နိုင်ငံကို ကျွန်ုပ်တို့ အနိုင်ရရန် အခွင့်အလမ်းက နည်းပါးတဲ့ အတွက်ကြောင့် အရှင်မင်းကြီးခင်ဗျာ၊ သေချာ စဉ်းစားတော်မူပါ!"
လင်းပိုင်ဖန်က နှာခေါင်းရှုံ့ကာ - " ဘာကို မတရားတဲ့ စစ်ပွဲလည်း? ဟူကျို့ သံသတ္တုတွင်းမှာ မြှုပ်သွားတဲ့ မို နိုင်ငံရဲ့ စစ်သည် ၂၀၀,၀၀၀ က နတ်ဘုရားတွေရဲ့ အပြစ်ဒဏ်ခတ်မှုကြောင့်သာ သေဆုံးခဲ့ရခြင်း ဖြစ်တယ်။ ကောင်းကင်ကတောင်မှ သည်းမခံနိုင်ခဲ့ဘူး! ဒါ့ကြောင့် ကျွန်ုပ်တို့က အမှန်တရားရဲ့ တပ်မတော်ဖြစ်တယ်! အကျွန်ုပ်တို့က မတရားသောသူတို့ကို ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှုကို ကိုယ်စားပြုပြီး စစ်တိုက်ကြခြင်းဖြစ်တယ်။ ဒီစစ်ပွဲက အနိုင်ရမှာ သေချာတယ်!"
တတိယအကြီးအကဲ အရာရှိက ထရပ်လျက် - "အရှင်မင်းကြီးခင်ဗျာ၊ ကျွန်ုပ်တို့၏ နိုင်ငံတော်စွမ်းအားက အားနည်းပြီး အနိုင်ရဖို့ သေချာမှုမရှိဘဲ စစ်ထိုးခြင်းက လေးနက်တဲ့ ဆုံးရှုံးမှုတွေကို မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်သည်! ကျွန်ုပ်တို့ နိုင်ငံတော်ရဲ့ စစ်အင်အား ကျဆင်းသွားပါက အခြားနိုင်ငံများက ကျွန်ုပ်တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူကြမည်ဖြစ်ပြီး ကျွန်ုပ်တို့ ကျိန်းသေ နောင်တရမည်ဖြစ်သည်! အရှင်မင်းကြီးခင်ဗျာ၊ ကျေးဇူးပြု၍ သေချာ စဉ်းစားတော်မူပါ!"
လင်းပိုင်ဖန်က အသံကျယ်ကျယ်ဖြင့်- "ကျွန်ုပ်တို့ နိုင်ငံတော်ရဲ့ စစ်အင်အားက အားနည်းတဲ့ အတွက်ကြောင့်သာ ငါကိုယ်တော်က စစ်ထိုးလိုခြင်းဖြစ်သည်! မိုနိုင်ငံ၏ နယ်မြေကို သိမ်းပိုက်ပြီးသည်နှင့် ကျွန်ုပ်တို့၏ နိုင်ငံတော် စွမ်းအား ပိုမို အားကောင်းလာမည် မဟုတ်ပေလော? ဤမျှ ရိုးရှင်းသောအချက်ကို သင်တို့မည်ကဲ့သို့ နားမလည်နိုင်ကြသနည်း?"
"အရှင်မင်းကြီး..."
အမတ်များအားလုံး ကန့်ကွက်ကြပြီး သူ့ကို နားချဖို့ ကြိုးစားခဲ့ကြသည်။
လင်းပိုင်ဖန်က လက်မြှောက်၍ ငြင်းပယ်ကာ အမျက်ဒေါသ ထွက်လျက် "လုံလောက်ပြီ၊ ငါကိုယ်တော်၏ စိတ်က ဆုံးဖြတ်ပြီးဖြစ်သည်! မည်သူမဆို နောက်ထပ် စကားထပ်ပြောပါက သူတို့၏ ရာထူးကို ရုပ်သိမ်းမည်!" ဟု ကြေညာလိုက်သည်။
အမတ်များအားလုံး ဆိတ်ဆိတ်သွားခဲ့ကြပြီး မိုက်မဲသော ဧကရာဇ်တစ်ဦးအတွက် ၎င်းတို့၏ အမတ်ရာထူး ဆုံးရှုံးရမည်မှာ မတန်ဟု တွေးခဲ့ကြသည်။
သို့သော် တစ်ယောက်ကတော့ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့သည်။
ထိုသူမှာလက်ရှိ ဗိုလ်ချုပ်မှူး ချိုင်ယူလန်ပင် ဖြစ်သည်။
သူသည် ရဲရဲတင်းတင်း ရပ်နေကာ သူ၏ အသံသည် အားကောင်းပြီး ကြည်လင်စွာြဖင့်- "အရှင်မင်းကြီးခင်ဗျာ၊ ကျွန်တော်မျိုးတို့က ဤစစ်ပွဲအတွက် အလျင်အမြန် မလုပ်ဆောင်သင့်ပါ! ပထမဦးစွာ၊ မို နိုင်ငံက စစ်သည် ၂၀၀,၀၀၀ ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့က ကျွန်ုပ်တို့ထက် ပိုမို အားကောင်းနေဆဲ ဖြစ်သည်။ ဤအချိန်တွင် စစ်ထိုးခြင်းက ကျွန်ုပ်တို့ နိုင်ငံအတွက် အလွန်ကို အကျိုးမဲ့ပါသည်!"
"ဒုတိယအနေဖြင့်၊ မို နိုင်ငံသည် ယခုအခါ ဝမ်းနည်းပူဆွေးမှုတို့နှင့် အမျက်ဒေါသ ထွက်နေကြသည်။ အကယ်၍ ကျွန်ုပ်တို့က အခုအချိန်တွင် ၎င်းတို့ကို တိုက်ခိုက်ပါက ကျွန်ုပ်တို့သည် သူတို့၏ ဒေါသထွက်ရာနေရာ ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်လာလိမ့်မည်! ရန်သူ၏ စိတ်ဓာတ်မြင့်မားလာပြီး ကျွန်ုပ်တို့၏ စိတ်ဓာတ်ကျဆင်းနေချိန်တွင် ဤစစ်ပွဲသည် အလွန်ပင် အကျိုးမဲ့ပါသည်!"
"တတိယအနေဖြင့်၊ ကျွန်ုပ်တို့ နိုင်ငံရဲ့ အင်အားက အားနည်းပြီး ဆူပူ လှုပ်ရှားမှုတွေကို ခံနိုင်ရည်မရှိပါ! အနိုင်ရရန် သေချာမှု မရှိသော စစ်ပွဲသည် ဆုံးရှုံးမှု ကြီးမားစွာကို မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်သည်!"
"သို့ဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက်၊ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ပယ်ဖျက်ရန် အကျွန်ုပ် တောင်းပန်အပ်ပါသည်!"
လင်းပိုင်ဖန် အမျက်ထွက်လာခဲ့သည်- "ငါကိုယ်တော်ရဲ့ စကားတွေက ယခုအခါမှာ အလေးထားဖို့ မလိုတော့ဟု ထင်နေသည် မဟုတ်လော? သင်တို့အားလုံးက ငါ့ကို ဆန့်ကျင်နေကြတာလား၊ ငါကိုယ်တော် အယုံကြည်ရဆုံး ဗိုလ်ချုပ်ကပင် ငါ့ကိုဆန့်ကျင်၍ ပြောဆိုနေပြီ! ဒါဆိုရင်ဖြင့် ချစ်ခင်ရပါသော ဦးလေးခင်ဗျာ ဗိုလ်ချုပ်အဖြစ်ကနေ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ မလိုအပ်တော့ဘူး၊ အိမ်သို့ ပြန်ပြီး အနားယူပါလေ!"
ဗိုလ်ချုပ်ကြီး ချိုင်ယူလန် ၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး မျက်လုံးများကလည်း မယုံကြည်နိုင်ဖွယ်ရာဖြင့် ပြည့်နှက်နေခဲ့သည်- "အရှင်မင်းကြီးခင်ဗျာ..."
အခြားသော အရာရှိများသည်လည်း အံ့အားသင့်မှုတွေဖြင့် ပြည့်နှက်နေခဲ့ကြသည်; ၎င်းတို့၏ ဧကရာဇ်သည် ဗိုလ်ချုပ်အား ရာထူးမှ ထုတ်ပယ်လိုက်သည်မှာ အမှန်ပင်လော?
ဗိုလ်ချုပ်ကြီး ချိုင်ယူလန် သည် ရှ နိုင်ငံတော်၏ ထောက်တိုင် နှစ်ခုအနက် တစ်ခုဖြစ်ပြီး၊ ဝန်ကြီးချုပ် ရှောင်ကော်လျှန် နှင့်အတူ ရှ နိုင်ငံတော်၏ သူရဲကောင်း နှစ်ဦးအဖြစ် လူသိများသည်!
သူသည် တပ်မတော်ကို ကြိုးစားအားထုတ်မှုနှင့် သစ္စာရှိမှုတို့ဖြင့် အမြဲတမ်းဦးဆောင်ခဲ့သည်၊ ရှားပါးလှတဲ့ သစ္စာရှိမှုတို့ဖြင့် ကောင်းမွန်သော ဗိုလ်ချုပ်ဖြစ်သည်!
သင့်အနေဖြင့် ထီးနန်းကို လွယ်ကူစွာ တက်နိုင်ခြင်းမှာ သူ၏ ကြိုးပမ်းအားထုတ်မှုတွေ များစွာ ပါဝင်နေသည်!
သို့သော်သင်သည် သူ့ကို ဒုတိယအကြိမ် မစဉ်းစားဘဲ ရာထူးမှ ထုတ်ပယ်လိုက်သလော?
လင်းပိုင်ဖန်သည် လက်ကိုဆန့်ကာ မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ - "ဦးလေးချိုင်၊ သင်က ဗိုလ်ချုပ် မဟုတ်တော့ပါ။ ဒါကြောင့် စစ်တပ် သင်္ကေတကို လွှဲပြောင်းပေးပါ။ ငါကိုယ်တော်ကို အခက်တွေ့အောင် မလုပ်ပါနှင့်"
"အရှင်မင်းကြီးခင်ဗျား၊ ကျွန်ုပ်အား ရာထူးမှ ထုတ်ပယ်ရန် အမှန်တကယ် ရည်ရွယ်ပါသလော" ဟု ဗိုလ်ချုပ်က သူ၏ မျက်နှာတွင် အံ့အားသင့်မှုတို့ဖြင့် မေးလိုက်သည်။
"ဧကရာဇ်တစ်ပါးက ဟာသမပြောတတ်ပေ။ ငါကိုယ်တော်က ဟာသလုပ်နေသည်ဟု သင်ထင်သလော" ဟု လင်းပိုင်ဖန်က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။
ဗိုလ်ချုပ်ကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည့်အခါ မျက်လုံးများသည် သွေးကြောမျှင်များ၊ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ အနည်းငယ်တုန်တုန်ရီရီဖြင့် သူသည် စစ်တပ်သင်္ကေတကို ထုတ်ယူကာ ဦးညွှတ်ပြီး ပြောလိုက်သည်- "အကယ်၍ ကျွန်ုပ်အား သေစေလိုပါက အကျွန်ုပ် သေရမည်သာ ဖြစ်သည်! အရှင်မင်းကြီးက စစ်တပ်သင်္ကေတကို ပြန်လည် ရယူလိုပါက အကျွန်ုပ် လိုက်နာပါမည်။ ဒါပေမယ့် ကျွန်တော်မျိုး နောက်ထပ် စကားတစ်ခွန်း ပြောချင်ပါသည် ဤစစ်ပွဲကို ပေါ့ပေါ့တန်တန် မယူဆပါနှင့်၊ သို့မဟုတ်ပါက နိုင်ငံတော် ပျက်သုဉ်းမည် ဖြစ်သည်။ မင်းကြီးခင်ဗျာ ကျေးဇူးပြု၍ ပြန်လည် စဉ်းစားတော်မူပါ!"
"ဦးလေး၊ သင်က ဗိုလ်ချုပ်မှူး မဟုတ်တော့ သောကြောင့် ဤကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုတော့ပေ။ ပြန်သွားပြီး အနားယူပါတော့!"
လင်းပိုင်ဖန်က စစ်တပ်သင်္ကေတကို ဆုပ်ကိုင်ထားပြီး အရာရှိများကို လှည့်ပတ် ကြည့်ရှုကာ ပြုံးလျက် ပြောသည်- "ဤစစ်ပွဲက ကျိန်းသေ တိုက်ခိုက်ရမှာ ရှောင်လွဲလို့ မရဘူး! သင်တို့ထဲက မည်သူ့တွင် ဤစစ်ပွဲကို ငါ့အတွက် တိုက်ခိုက်နိုင်သည့် စွမ်းရည်နှင့် ယုံကြည်မှု ရှိသနည်း၊ ရှေ့သို့တက်လာပါ!"
အမတ်များသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး မည်သူမျှ ရှေ့သို့ အလွယ်တကူ မတက်ဝံ့ကြပေ။
အမှန်တကယ် ဤစစ်ပွဲကို အနိုင်ရဖို့ အခွင့်အလမ်းက သေးငယ်ပြီး ရှုံးနိမ့်ပါက စစ်ရေးအရ ကြီးမာတဲ့ ရှုံးနိမ့်မှုသာမက ၎င်းတို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။
၎င်းတို့အားလုံးသည် အတွေ့အကြုံရင့် နန်းတွင်းက အကြံသမားများဖြစ်ပြီး ၎င်းတို့၏ အသက်များဖြင့် ဟာသလုပ်ရန် မဝံ့ရဲကြပေ။
အဲ့ဒီ အချိန်မှာပဲ ဗိုက်ပူပြီး ပါးပြင်များ ဖောင်းအစ်နေသော လူငယ် ဗိုက်ပူ ဗိုလ်ချုပ်တစ်ဦးက နောက်ဆုံးမှ ထရပ်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်- "အရှင်မင်းကြီးခင်ဗျာ၊ ကျွန်တော်မျိုးက စစ်သည်တော်တွေကို ဦးဆောင်ပြီး အရှင်မင်းကြီးရဲ့ နယ်မြေကို တိုးချဲ့ဖို့အတွက် ဆန္ဒရှိပါသည်!"
ရဲရင့်တဲ့ စစ်သူကြီးတစ်ဦး ရှေ့သို့ တက်လာသည်က ရှားပါးတဲ့ ကိစ္စဖြစ်သည်!
လင်းပိုင်ဖန်က သူ့ကို စိတ်ဝင်စားစွာကြည့်ကာ- "သင့်ရဲ့ ရဲရင့်မှုကို ငါကိုယ်တော် လေးစားတယ်။ သင့်နာမည် ဘယ်လိုခေါ်သလဲ?"
" အရှင်မင်းကြီးခင်ဗျာ၊ ဒီနိမ့်ကျတဲ့ ငယ်သားကို အန်လုရှန် လို့ခေါ်ပါတယ်!"