အခန်း (၇)
Vol. 1 Ch. 7
လင်းပိုင်ဖန် အံ့အားသင့်သွားခဲ့သည်။ ဤနာမည်သည် နိမိတ်မကောင်းသလိုမျိုး ထင်ရသည်။
အခြားသူ၏ အရပ်အမောင်းကို ထပ်မံကြည့်လိုက်သောအခါ နာမည်နှင့် အံဝင်ခွင်ကျဖြစ်နေသည်ကို လင်းပိုင်ဖန် တွေ့လိုက်ရပြီး နိမိတ်မကောင်းသည်ဟု ပို၍ပင် ခံစားလာရသည်။
အဲ့ဒီသမိုင်းဝင်ပုဂ္ဂိုလ်ကြီးများ ဖြစ်နေမလား။
"မောင်မင်းနာမည်က တကယ်ပဲ အန်လုရှန်လား" ဟု လင်းပိုင်ဖန် ထပ်မေးလိုက်သည်။
ထိုလူက ခေါင်းငုံ့ကာ လက်အုပ်ချီလိုက်ပြီး “အရှင်မင်းကြီးကို ကျွန်တော်မျိုး ဘယ်လိုလုပ် လိမ်ဝံ့ပါ့မလဲ၊ ကျွန်တော်မျိုး၏ နာမည်က အန်လုရှန်ပင် ဖြစ်ပါသည်! ဒီနာမည်ကို မိဘတွေက ပေးထားတာပါခင်ဗျာ။ အရှင်မင်းကြီးကို မေးပါရစေ၊ တစ်ခုခုများ မှားနေလို့လား"
အန်လုရှန်န်သည် စိတ်မသက်မသာ ဖြစ်နေခဲ့ပြီး ဧကရာဇ်မင်းကြီး၏ သူ့ကို ကြည့်သည့်အကြည့်မှာ တစ်မျိုးဖြစ်နေပြီး ထူးဆန်းစွာပဲ စိတ်မချမ်းမြေ့စရာ ကောင်းနေသည်ဟု အမြဲခံစားနေရသည်။
လင်းပိုင်ဖန်က ခေါင်းယမ်းလိုက်ပြီး “ဘာမှမမှားပါဘူး၊ ငါကိုယ်တော် ဒီနာမည်ကို သဘောကျလို့ပါ!" ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်သည် သူ၏ ရာဇပလ္လင်ဆီသို့ ပြန်လာပြီး သူ့မှတ်ဉာဏ်ထဲမှ တစ်ယောက်ယောက်နှင့် အလွန်တူသည့် သူ့ရှေ့မှ လူကို စိတ်ဝင်တစားကြည့်ကာ ပြုံးလိုက်သည်။ “စစ်ဘက်နဲ့ အရပ်ဘက် အရာရှိတွေအားလုံးထဲမှာ မောင်မင်းလိုမျိုး ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ တင်ပြရဲတဲ့သူတွေကို ငါကိုယ်တော် တအားလေးစားတယ်။ ဒါပေမဲ့ မောင်မင်းမှာ စစ်ရေးအောင်မြင်မှုတွေ ဒါမှမဟုတ် ဘာစွမ်းရည်တွေများ ရှိသေးလဲ။ ပွင့်ပွင့်လင်းလင်း ပြောပါ! မဟုတ်ရင် ငါကိုယ်တော်ရဲ့ တပ်တွေကို မောင်မင်းလက်ထဲ အပ်လို့မရဘူး" ဟုဆိုလိုက်သည်။
အန်လုရှန်က အသံကျယ်ကျယ်ဖြင့် “အရှင်မင်းကြီးခင်ဗျာ၊ ကျွန်တော်မျိုးက ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ထားပြီး၊ လက်ရှိမှာတော့ ပထမတန်းစား အထွတ်အထိပ်ကျွမ်းကျင်သူ တစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားပြီး၊ ချီဖွဲ့တည်ခြင်းအဆင့်ရောက်ဖို့ တစ်ဝက်လောက်သာ လိုပါတော့တယ်! ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ် ဝနေမှုကိုပဲ ကြည့်ပြီး မဆုံးဖြတ်ပါနှင့်၊ အဲ့ဒါက လေ့ကျင့်မှုကြောင့်သာဖြစ်ပြီး တပ်သားတွေကို တိုက်ပွဲမှာ ဦးဆောင်ဖို့ အဟန့်အတား မဖြစ်စေပါဘူး! ရိုးရိုးဓားတွေက ကျွန်တော်မျိုးကို အနည်းငယ်လေးတောင် ထိခိုက်မှုမရှိနိုင်ပါဘူး!"
"ဒါ့အပြင် ကျွန်တော်မျိုးက ငယ်စဉ်ကတည်းက စစ်ရေးဗျူဟာတွေကို လေ့လာခဲ့ပြီး စစ်တပ်တွင် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိ စစ်ဘက်ဆိုင်ရာ ဗိုလ်ရာထူးကို ရရှိထားပြီး၊ တပ်သား ၅,၀၀၀ ကို ဦးစီးပြီး မြို့တော်ရဲ့ အနောက်မြောက်ဘက်ကို ကာကွယ်နေပါတယ်! ကျွန်တော်မျိုးက ကြီးကျယ်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ အမြဲတောင့်တနေခဲ့တာကြောင့် ဒီအခွင့်အရေးကို ကျွန်တော်မျိုးကို ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်!" ဟု လျှောက်တင်လိုက်သည်။
ထိုအချိန်တွင် စစ်သူကြီး ချိုင်ယူလန်က “အရှင်မင်းကြီးခင်ဗျာ၊ ဒီလူဟာ စစ်ရေးဗျူဟာတွေကို ကောင်းကောင်း သိကျွမ်းပြီး ရဲရင့်သလို တိုက်ခိုက်ရာမှာလည်း တော်ပါတယ်။ ရန်သူ တစ်သောင်းကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ အရေးကြီးတဲ့တာဝန်အတွက် ထိုက်တန်တဲ့ ရှားပါးတဲ့ စစ်ရေး အရည်အချင်း ရှိသူတစ်ဦးပါ။" ဟု ကူပြောလိုက်သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်၏ တပ်ဖွဲ့ စေလွတ်ခြင်းကို တားဆီးရန် မဖြစ်နိုင်တော့သောကြောင့် အပျက်အစီးနှင့် အဆုံးအရှုံးများကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရန် အရည်အချင်းရှိသော ဗိုလ်ချုပ်တစ်ဦးကို မိတ်ဆက်ပေးခြင်း သည်ကသာ တစ်ခုတည်းသော ရွေးချယ်မှုပင် ဖြစ်သည်။
လင်းပိုင်ဖန်သည် လက်ခုပ်တီးလိုက်ပြီး သဘောတူကာ “ကောင်းလိုက်လေခြင်း! ချိုင်ဦးလေးကတောင် မောင်မင်းကို အထူးအကြံပေးတာဆိုတော့ မောင်မင်းဟာ တကယ်ပဲ အရည်အချင်းရှိသူ ဖြစ်ရမယ်။ ကောင်းပြီ၊ မင်းကို ယာယီအားဖြင့် တတိယအဆင့် အရာရှိဖြစ်တဲ့ မြောက်ဘက် ကာကွယ်ရေး ဗိုလ်ချုပ်ဘွဲ့ကို ပေးအပ်ပြီး စစ်သား ၂၀၀,၀၀၀ ကို စီမံခွင့် ပေးမယ်။ မို နိုင်ငံကို အောင်နိုင်ပြီး ကျယ်ပြန့်တဲ့ နယ်မြေကို သိမ်းပိုက်ဖို့ ချက်ချင်း ထွက်ခွာလော့။ မောင်မင်း အောင်ပွဲခံပြီး ပြန်လာတဲ့အခါ မောင်မင်းရဲ့ စွမ်းဆောင်ချက်အလိုက် ဆုချမယ်!" ဟု ကြွေးကြော်လိုက်သည်။
အန်လုရှန်သည် အလွန်ဝမ်းသာသွားပြီး “အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး!" ဟုဆိုလိုက်သည်။
အန်လုရှန်သည် စစ်တပ်တံဆိပ်ကို ယူဆောင်ပြီး ချက်ချင်းပင် သူ၏တပ်များကို စုရုံးကာ မိုနိုင်ငံတော်သို့ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားသည်။
တစ်ချိန်တည်းတွင် လင်းပိုင်ဖန်သည် မိုနိုင်ငံတော်ကို တိုက်ခိုက်ရန် တပ်များ စေလွှတ်လိုက်သည့် သတင်းသည် တစ်ပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
လူတိုင်း အံ့သြသွားခဲ့သည်။
"ဒီအချိန်မှာ မိုနိုင်ငံတော့ကို တိုက်ခိုက်ဖို့ တပ်တွေကို စေလွှတ်တာက သူတို့ ရူးသွားကြတာလား"
"မိုနိုင်ငံတော်ရဲ့ စစ်တပ်တွေ အကြီးအကျယ် ဆုံးရှုံးပြီးနောက်မှာ အားနည်းနေပြီး ကာကွယ်ရေးအပိုင်းမှာ အားနည်းချက် ရှိနေတာကို တွေ့လိုက်ရလို့ စတိုက်ခိုက်ဖို့ ကြံနေတာက အသိသာကြီး ဖြစ်သည်!"
"ဒါပေမဲ့ မိုနိုင်ငံတော်ကို နိုင်အောင် တိုက်ဖို့က အဲ့ဒီလောက် လွယ်သလား။ သူတို့ရဲ့ စစ်သား ၂၀၀,၀၀၀ ဆုံးရှုံးခဲ့ရင်တောင် စစ်သား ၄၀၀,၀၀၀ ကျန်နေသေးသည်၊ အဲ့ဒါက ငါတို့ ရှ နိုင်ငံတော်ရဲ့ စုစုပေါင်းစစ်အင်အားထက် ပိုများနေသေးတယ်! သူတို့ဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုအတွက် နက်နက်နဲနဲ ဝမ်းနည်းနေတဲ့ အခြေအနေမှာ ရှိနေကြသည်။ သူတို့ကို အခုလို ရန်သွားစတာဟာ သေတွင်းထဲ တည့်တည့် တိုးဝင်နေတာပဲ မဟုတ်လား"
"စစ်ရေးဗျူဟာအကြောင်း ဘာမှမသိတဲ့ ငါတောင်မှ မိုနိုင်ငံတော်ကို အနိုင်ရဖို့ မလွယ်ဘူးဆိုတာ ပြောနိုင်တယ်။ သူတို့ကို အခု တိုက်ခိုက်ရင် အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်လိမ့်မယ်! ဘယ်လိုလူမျိုးက ဒီလို ဆုံးဖြတ်ချက်မျိုးကို ချတာလဲ"
"သတင်းတွေအရတော့ တပ်တွေ စေလွှတ်ဖို့အတွက် တိုင်းပြည်ရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ စစ်သူကြီး ချိုင်ယူလန်ကိုတောင် ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ ကြားတယ်!"
"ဘုရားရေ! ရာဇပလ္လင်ပေါ်ကို တက်လာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ သူက နိုင်ငံတော်ရဲ့ အဓိကထောက်တိုင် နှစ်ခုလုံးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ၊ လုံးဝကို ပရမ်းပတာပဲ! တကယ်ကို မိုက်မဲတဲ့ အုပ်စိုးရှင်ပဲ၊ တကယ်ကို မိုက်လှမဲတဲ့ အုပ်ချုပ်သူပဲ!"
"ဒီလို မိုက်မဲတဲ့ အုပ်ချုပ်သူမျိုးနဲ့ဆိုရင် ရှ နိုင်ငံတော်အတွက် မျှော်လင့်ချက်က မရှိတော့ဘူး!"
လူတိုင်း ခေါင်းခါပြီး သက်ပြင်းချကြသည်။
စစ်သူကြီး၏ နေအိမ်ရှေ့တွင် ဝန်ကြီးချုပ် ရှောင်ကော်လျှန်က စစ်သူကြီးဆီသို့ ချဉ်းကပ်လာပြီး စိုးရိမ်တကြီးဖြင့် “အရှင်မင်းကြီးက မိုနိုင်ငံတော်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်လိုက်တာ ဥနဲ့ ကျောက်တုံးကို ပစ်လိုက်သလိုမျိုးပဲလေ ဘာလို့ မတားခဲ့တာလဲ" ဟု မေးလိုက်သည်။
စစ်သူကြီးက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး မျက်နှာတွင် ခါးသီးသော အပြုံးဖြင့် “ငါ အကြံပေးခဲ့တယ်၊ ဒါကြောင့်လည်း ငါ့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ငါ့ရဲ့ စစ်တံဆိပ်ကိုပါ ပြန်သိမ်းသွားခဲ့တာပဲ! ငါ ဘာလုပ်နိုင်မှာလဲ။ ငါလည်းပဲ အလွန် စိတ်ပျက်နေတာပဲ!" ဟုဆိုလိုက်သည်။
"ဘာ? မင်းကိုပါ ရာထူးကနေ ထုတ်ပယ်လိုက်တာလား" ဝန်ကြီးချုပ် အံ့သြသွားခဲ့သည်။
စစ်သူကြီးက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။
"အခု ဘာလုပ်ကြမလဲ။ ဒီစစ်ပွဲက နိုင်ဖို့ အခွင့်အရေး နည်းပါတယ်။ အနိုင်ရရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ရှုံးနိမ့်သွားရင်တော့ ပြန်လည်ပြင်ဆင်လို့ မရနိုင်တဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်!"
ဝန်ကြီးချုပ်အိုကြီးက အလွန်စိုးရိမ်နေပြီး “နန်းတော်ကို အတူတူသွားပြီး အရှင်မင်းကြီးကို အကြံပေးကြည့်ရင်ကော ဘယ်လိုလဲ" ဟုဆိုလိုက်သည်။
“သွားမနှောင်ယှက်ပါနဲ့ ၊သူ ဘာမှ နားထောင်တော့မှာ မဟုတ်ဘူး!"
စစ်သူကြီးက သူ၏လက်ကို အားအင်မရှိစွာ ဝှေ့ယမ်းလိုက်သည်။ “ဒီအချိန်မှာ အများကြီး မတွေးကြရအောင်။ ငါ အခုလုပ်ချင်တာက အရက်သောက်ဖို့ပဲ။ လာ...ဒီလူအိုကြီးနဲ့ အရက်သောက်ဖော်လုပ်ပေးပါ!"
...
လာမည့်တိုက်ပွဲအကြောင်း သတင်းသည် မို နိုင်ငံတော်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
နန်းတော်အတွင်း၌ မိုဘုရင်သည် အလွန်အံ့အားသင့်ပြီး ဒေါသထွက်ကာ စားပွဲပေါ်သို့ လက်ဖြင့်ရိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ "သူ ဘယ်လိုလုပ် ဒီလိုရဲရဲဝံ့ဝံ့ လုပ်ရဲတာလဲ။ ဒီလိုအချိန်မှာ တိုင်းပြည်ငယ်လေးတစ်ခုက ငါတို့နိုင်ငံကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ဝံ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က မိုနိုင်ငံမှာ ကာကွယ်ရေး ခဏ ချို့ယွင်းတဲ့ အတွက်မို့လို့ လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြတာလား"
ဝန်ကြီးများက “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘာလို့ တပ်တွေ စေလွှတ်ဝံ့တာလဲ။ သာမန် စိတ်ရှိတဲ့လူတစ်ယောက်က ဒီလိုအလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး! ဒါပေမဲ့ တကယ်တော့ သူတို့က သူတို့ရဲ့တပ်တွေကို စေလွှတ်ပြီး နယ်စပ်ကို ချဉ်းကပ်လာနေပြီဖြစ်ပါတယ်။ အခြေအနေက အလွန်အရေးတကြီး ရှိနေပါတယ်!" ဟု ခါးသီးစွာ ပြုံးလျက် လျှောက်တင်ကြသည်။
မိုဘုရင်ကလည်း မတွန့်ဆုတ်ဘဲ "ချက်ချင်း တပ်တွေကို စုစည်းပြီး ဗိုလ်ချုပ်တွေကို စေလွှတ်လိုက်။ ငါ့အတွက် စစ်သား ၂၀၀,၀၀၀ ကို စုစည်းပေးစမ်း - မဟုတ်ဘူး၊ စစ်သား ၃၀၀,၀၀၀ ကို စုစည်းပြီး သူတို့ကို ပြင်းထန်တဲ့ ထိုးနှက်ချက် ပေးလိုက်မယ်။ သူတို့ရဲ့ စစ်သား ၂၀၀,၀၀၀ အားလုံးကို ဖျက်ဆီးချင်တယ်!" ဟု အမိန့်ပေးလိုက်သည်။
"မှန်လှပါ၊ အရှင်မင်းကြီး!" ဟု အရာရှိများက တညီတညွတ်တည်း ပြန်ဖြေကြသည်။
ထိုအချိန်တွင် အရေးပေါ်အစီရင်ခံစာတစ်ခု အပြင်ဘက်မှ ရောက်ရှိလာသည်။
"သတင်းပို့ပါတယ်! အရေးပေါ်သတင်းပါ။ ရှ နိုင်ငံတော်ရဲ့ စစ်တပ် ၂၀၀,၀၀၀ ဟာ တိုက်ခိုက်မှု စတင်နေပြီ ဖြစ်ပြီး မြို့နှစ်မြို့ ကျဆုံးသွားပါပြီ!"
မိုဘုရင်နှင့် သူ၏ဝန်ကြီးများအားလုံး အံ့အားသင့်သွားပြီး - "အဲ့ဒီလောက် မြန်တာလား"