← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

​အင်ပါယာ မြေပုံထဲတွင် အရင်းအမြစ် မြောက်မြားစွာ ပေါ်လာခဲ့သည်။

​ စိုက်ပျိုးဖို့ မြေကောင်းတွေ၊ မြေဆီလွှာ ကြွယ်ဝတဲ့မြေတွေ၊ ကျောက်မီးသွေး တွင်းတွေ၊ ထုံးကျောက်တွင်းတွေနဲ့ ငွေတွင်းတွေပဲ ဖြစ်သည်။

​ ဒီအရင်းအမြစ်တွေဟာ မူလက မိုနိုင်ငံရဲ့ အပိုင်ဖြစ်ပြီး အများစုက မြေကြီးအောက်တွင် မြုပ်နေတာဖြစ်လို့ ဘယ်သူမှ သတိမထားမိကြပေ။ ဒါပေမယ့် ရှ နိုင်ငံတော် နယ်မြေထဲကို ရောက်သွားတဲ့အခါမှာတော့ လင်းပိုင်ဖန် ရဲ့ အင်ပါယာ မြေပုံထဲမှာ အကုန်လုံး ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။

​ အင်ပါယာ မြေပုံထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေပုံရဲ့စွမ်းရည်ကို အသုံးပြုပြီး ရွှေ့ပြောင်းလို့ရပြီဖြစ်သည်။

​ သူ့၏ နယ်မြေချဲ့ထွင်လိုစိတ်က ဒီအရင်းအမြစ်တွေ အတွက်ပဲ ဖြစ်သည်။

​ အရင်းအမြစ်တွေသာ ရှိနေရင် နိုင်ငံတစ်ခုက ဘယ်လိုလုပ် အင်အားမကြီးဘဲ နေမှာလဲ?

​ “ဒီလောက်ကြီးမားတဲ့ ကျောက်မီးသွေး တွင်းကြီး၊ ရွှေ့ရမှာပေါ့!”

​ “ထုံးကျောက်တွင်း၊ ဒါလည်း တန်ဖိုးရှိတာပဲ၊ ရွှေ့လိုက်!”

​ “ဆားတွင်း၊ ရွှေ့ရမှာပေါ့!”

​ “စိုက်ပျိုးဖို့ မြေကောင်းနဲ့ မြေဆီလွှာ ကြွယ်ဝတဲ့မြေ၊ ဒါတွေလည်း ငါလိုချင်တယ်၊ ရွှေ့မယ်!”

​ “F**k! တကယ်ပဲ ဆယ်သန်းကျော်တန်တဲ့ ဒီလောက်ကြီးမားတဲ့ ရွှေတွင်းကြီး ရှိနေတာပဲ၊ ငါ့အတွက် တကယ်ကို အမြတ်ပဲ! ရွှေ့လိုက်!”

​“အားလုံး ငါ့ပိုင်ပဲ၊ အကုန်ရွှေ့မယ်၊ ဟား..ဟား..!”

​ လင်းပိုင်ဖန် က ပင်ပန်းစွာနဲ့ အရင်းအမြစ်တွေကို သယ်ယူနေခဲ့ရာ အားလုံးကို ရှ နိုင်ငံတော်၏ နယ်မြေထဲသို့ ရွှေ့ပြောင်းခဲ့သည်။

​ ဒီအတောအတွင်းမှာပဲ အန်လုရှန် က သူ့ရဲ့စစ်တပ်ကြီးကို ဦးဆောင်ပြီး ဆက်လက် နယ်မြေချဲ့ထွင်နေသည်။

​ သုံးရက်ကြာပြီးနောက် သူတို့ဟာ မိုနိုင်ငံတော်ရဲ့ မြို့ ၁၅ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှ နိုင်ငံရဲ့ နယ်နိမိတ်ကို မြောက်ဘက်သို့ လီ နှစ်ရာလောက်ထိ (၁၀၀ ကီလိုမီတာ) တိုးချဲ့ခဲ့သည်။ ( 1 li = 0.5 km)

​ အင်ပါယာ မြေပုံရဲ့ ဇယားဟာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

​ အင်ပါယာ မြေပုံ (စတင်ခြင်း အဆင့်)

​ နယ်မြေဧရိယာ: စတုရန်းမိုင် ၃၆၀,၀၀၀ (စိုက်ပျိုးမြေ စတုရန်းမိုင် ၁၁၀,၀၀၀)

​ပြည်တွင်းအရင်းအမြစ်များ: သန်း ၅၁.၅ (သံတွင်း ၁၊ ကျောက်မီးသွေးတွင်း ၂၊ ကြေးနီတွင်း ၁)

​လူဦးရေ: ၃.၂၂ သန်း (လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၁၈%၊ ဆင်းရဲသား ၇၁%)

​စစ်ရေးအင်အား: ၃၀၀,၀၀၀ (ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်း အဆင့် ၂၀၀)

​ စုစုပေါင်း နိုင်ငံတော် အင်အား: ၄၄၅ (နိုင်ငံငယ်အဆင့်)

​ ပထမဆုံးအနေနဲ့၊ နယ်မြေဧရိယာက စတုရန်းမိုင် ၄၀,၀၀၀ တိုးလာပြီး စိုက်ပျိုးမြေကလည်း စတုရန်းမိုင် ၃၀,၀၀၀ တိုးလာတာကြောင့် ရှ နိုင်ငံတော်ဟာ ပိုများတဲ့ လူဦးရေကို ထောက်ပံ့နိုင်ပြီလို့ ဆိုလိုသည်။

​ ပြည်တွင်းအရင်းအမြစ်တွေကလည်း သန်း ၂၀ ကျော် တိုးလာတာကြောင့် နှစ်ဆနီးပါး တိုးလာခဲ့သည်။

​ လူဦးရေနဲ့ စစ်ရေးအင်အားမှာတော့ သိပ်မပြောင်းလဲပေမယ့် နိုင်ငံတော်ရဲ့ စုစုပေါင်း အင်အားက ၁၀၀ တိုးလာပြီး ၃၀% နီးပါး တက်လာခဲ့သည်။

​ ဒီရက်အနည်းငယ်အတွင်းမှာတင် သူ့ရဲ့ နိုင်ငံတော် အင်အားက ၃၀% တိုးလာခဲ့သည်။

​ လင်းပိုင်ဖန် ဟာ ချမ်းသာလာြပီလို့ ခံစားလိုက်ရသည်။

​ “ဒင်! ကစားသမားရဲ့နိုင်ငံတော်အင်အား တိုးတက်လာသည်နှင့်အမျှ သင်၏ စွမ်းအားကိုလည်း တစ်ပြိုင်တည်း တိုးမြှင့်လာခဲ့သည်! အဆင့်အမြင့်ဆုံး ကိုယ်ခံပညာရပ်ဖြစ်သော ‘မူလ စွမ်းအင်သို့ သုံးပိုင်း ပြန်လည်ခြင်း’ ကို ချီးမြှင့်လိုက်သည်။

​ ‘မူလ စွမ်းအင်သို့ သုံးပိုင်းပြန်လည်ခြင်း’ ဟာ လေနတ်ဘုရားခြေထောက်၊ တိမ်ပြယ်လက်ဖဝါး နှင့် နှင်းခဲလက်သီး တို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ဒီသုံးခုကို ပေါင်းလိုက်တဲ့အခါ ကောင်းကင်ကို တုန်လှုပ်စေပြီး ဝိညာဉ်များကို လှုပ်ရှားစေနိုင်တဲ့ အထိ အစွမ်းအစ ရှိလာပါလိမ့်မည်။

​ ချက်ချင်းဆိုသလိုပဲ ဒီကိုယ်ခံပညာရပ်ရဲ့ လျှို့ဝှက်ချက်တွေဟာ လင်းပိုင်ဖန် ရဲ့စိတ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

​ လင်းပိုင်ဖန် က ကိုယ်တိုင် သင်ယူ တတ်မြောက်သွားသလို ဒီထူးခြားတဲ့ စွမ်းရည်ကို ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့သည်။

​ လင်းပိုင်ဖန် က အရမ်းပျော်သွားပြီး “ဒါက အကောင်းဆုံးပဲ! ဒီ ‘မူလ စွမ်းအင်သို့ သုံးပိုင်းပြန်လည်ခြင်း’ နဲ့ဆိုရင် ငါ့ကိုယ်ငါ အစစ်အမှန် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်လို့ တကယ်ပဲ မှတ်ယူနိုင်ပြီကွ! ဒီထူးခြားတဲ့ စွမ်းရည်နဲ့ဆိုရင် အဆင့်တူတွေထဲမှာ ငါ့ကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး! ဟား..ဟား..!”

​ လင်းပိုင်ဖန် က သူရလိုက်တာတွေနဲ့ ပတ်သက်ပြီး အရမ်းကို ကျေနပ်နေသည်။

​ “အခုတော့ အချိန်တန်ပြီ!”

​ လင်းပိုင်ဖန် က အမိန့်တော် တစ်ရပ် ထုတ်ပြန်လိုက်ပြီး စစ်ပွဲဆင်နွှဲနေတဲ့ အန်လုရှန် ဆီကို အမြန်ဆုံး ပို့လိုက်သည်။

​ အမိန့်တော်ကို လက်ခံရရှိလိုက်တဲ့ အန်လုရှန် ဟာ လင်းပိုင်ဖန် က သူ့ကို ချီးကျူးဖို့နဲ့ ပိုမိုကြိုးစားပြီး မြို့တွေ၊ နယ်မြေတွေကို ဆက်လက်သိမ်းပိုက်ကာ အင်ပါယာရဲ့ နယ်နိမိတ်ကို ချဲ့ထွင်ဖို့ မျှော်လင့်နေတယ်လို့ ပြောမယ် ထင်ပြီး အရမ်းပျော်ရွှင်နေခဲ့သည်။

​ အမိန့်တော်ကို ဖတ်ပြီးတဲ့နောက်မှာတော့ သူဟာ ကြောင်အသွားခဲ့သည်။

​ ဘုရင်မင်းမြတ်က သူ့ကို တပ်တွေကို ပြန်ဆုတ်ခိုင်းနေတာလား?

​ ပြီးတော့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို မို နိုင်ငံတော်ကို ပြန်ပေးပြီး မူလနယ်နိမိတ်ကို ​ပြန်ဆုတ်ခိုင်းနေတာလား?

​ အန်လုရှန် ဟာ လင်းပိုင်ဖန် ရဲ့လုပ်ရပ်ကြောင့် လုံးဝ ထုံထိုင်းသွားပြီး သူ့ရဲ့ဦးရေပြားတွေပါ ကျင်လာခဲ့သည်။

​ ဒီတိုက်ပွဲတွေ အားလုံးက အပျင်းပြေဖို့ အတွက်ပဲလား?

​ ထုံထိုင်းနေတဲ့ အန်လုရှန် ကို မြင်တော့ တခြားစစ်သူကြီးတွေလည်း စိတ်ပူပန်လာကြသည်။

​ “ဗိုလ်ချုပ်၊ ဘုရင်မင်းမြတ်က ဘာပြောလဲ?”

​ “တစ်ခုခုတော့ ပြောပါဦး!”

​ “အမိန့်တော်ထဲမှာ ဘာတွေ ပါလို့လဲ?”

​ “ငါ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ မင်းတို့ ကိုယ်တိုင်ပဲ ကြည့်ကြတော့!” အန်လုရှန် က သက်ပြင်းချပြီး အမိန့်တော်ကို လူတိုင်းလက်ထဲ ထိုးပေးလိုက်သည်။

​ စစ်သူကြီးတွေ ဖတ်ပြီးတဲ့ နောက်မှာတော့ အားလုံး ကြောင်အသွားခဲ့ကြသည်။

​ “ဘာ၊ ဘုရင်မင်းမြတ်က ကျွန်တော်တို့ကို တပ်ဆုတ်ခိုင်းနေတာလား?”

​“ကျွန်တော်တို့တွေ တိုက်ခိုက်ပြီး အနိုင်ရခဲ့တဲ့ နယ်မြေတွေကို မို နိုင်ငံတော်ကို ပြန်ပေးခိုင်းနေတာလား?”

​ “ဒါတွေအတွက် ကျွန်တော်တို့ ဒီလောက်တောင် ကြိုးစားခဲ့တာကို ဘယ်လိုလုပ် ပြန်ပေးရမှာလဲ?”

​ “ဒီအမိန့်တော်က အတုလား?”

​ အန်လုရှန် က နက်ရှိုင်းစွာ သက်ပြင်းချပြီး အင်အားမရှိသလို ခံစားလာရကာ “ဒါက ဘုရင်မင်းမြတ် ကိုယ်တိုင် ထုတ်ပြန်တဲ့ အမိန့်တော်ပဲ၊ စစ်ဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူးကလည်း အတည်ပြုပြီးသား၊ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ? ဘုရင်မင်းမြတ်က ငါတို့ကို တပ်တွေ ဆုတ်ခိုင်းပြီး တိုက်ပွဲတွေကို ရပ်ခိုင်းတာက တကယ်ကို အမှန်ပဲ!” လို့ ပြောလိုက်သည်။

​ “ဗိုလ်ချုပ်၊ ကျွန်တော်တို့ တကယ် တပ်ပြန်ဆုတ်ရမှာလား?”

​ “ဗိုလ်ချုပ်ကရော လက်ခံနိုင်လား?”

​ “ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ?”

​ စစ်သူကြီးတွေနဲ့ စစ်သားတွေက စတင်ပြီး အသံတွေ ထွက်လာကြသည်။

​ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို လက်လွှဲပေးရမှာကို သူတို့ မလုပ်ချင်ကြပေ။

​ “ဘာလုပ်နိုင်မှာလဲ? ဘုရင့်အမိန့်ကို ဆန့်ကျင်လို့မှ မရတာ”

​ အန်လုရှန် ရဲ့လေသံဟာ တွန့်ဆိုင်းခြင်းတွေ၊ ကူကယ်ရာမဲ့မှုတွေနဲ့ ပြည့်နေခဲ့တယ်။

“ငါတို့တွေ တပ်ပြန်ဆုတ်ရမယ်!”

​ “စစ်သူကြီးတွေနဲ့ စစ်သားတို့၊ ငါ့အမိန့်ကို နာခံကြ၊ ဆုတ်ခွာကြမယ်!” စစ်တပ် တစ်ခုလုံးတွင် စစ်အမိန့်အသစ်ကို ထုတ်ပြန်လိုက်သည်။

​ ပြီးနောက်၊ အန်လုရှန် က စစ်တပ်ကြီးကို ဦးဆောင်ပြီး ရှ နိုင်ငံတော်ရဲ့ မူလ နယ်နိမိတ် မျဉ်းဆီကို လျင်မြန်စွာ ဆုတ်ခွာခဲ့ရာ သူတို့ အခုလေးတင် သိမ်းပိုက်ထားခဲ့တဲ့ မြို့ ၁၅ မြို့နဲ့ နယ်မြေ စတုရန်းမိုင် ၄၀,၀၀၀ လောက်ကို မို နိုင်ငံတော်ကို ပြန်ပေးခဲ့သည်။

​ ဤတိုက်ပွဲအတွက် ကြီးမားလှတဲ့ စစ်တပ်ကို စုဆောင်းထားပြီးသားဖြစ်တဲ့ မို နိုင်ငံကတော့ ကြောင်သွားခဲ့သည်။

​ “ငါတို့က အဆုံးအထိ တိုက်ဖို့၊ နှစ်ဖက်လုံး ပျက်စီးပြီး သေတဲ့အထိ တိုက်ဖို့ အားလုံး ပြင်ဆင်ထားခဲ့တာကို မင်းတို့က အခုတော့ ဆုတ်သွားတယ်တဲ့လား?”

​ “ပြီးတော့ နယ်မြေတွေကိုပါ ပြန်ပေးသေးတယ်၊ ဒါက ဘာကိုဆိုလိုတာလဲ?”

All Chapters