← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

မိုနိုင်ငံ တစ်ခုတည်းသာမက၊ ရှ နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေက လူတွေပါ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

​ သူတို့က အပြင်းအထန်ကို တိုက်ခိုက်နေရင်းနဲ့မှ ရုတ်တရက် တပ်ဆုတ်သွားခဲ့ကြတယ်။

​ နယ်မြေတချို့ကို သိမ်းပိုက်ပြီး အချိန် ခဏလေး အတွင်းမှာပဲ ပြန်ပေးလိုက်တယ်။ အဲဒါက ဘာအဓိပ္ပာယ်မှမရှိဘူး မဟုတ်လား။

​ ဒါမှမဟုတ် သူက မိုနိုင်ငံရဲ့ စစ်သည်တွေကို ကြောက်လို့ ဆက်မတိုက်ရဲတော့တာများလား။

​ အဓိပ္ပာယ်မရှိတာ! ကြောက်တက်ရင် အစကတည်းက စစ်တပ်ကို စေလွှတ်မှာ မဟုတ်ဘူး။ ရှ နိုင်ငံရဲ့ ဧကရာဇ်က ဦးနှောက် မရှိတဲ့လူလို မင်းတို့ထင်နေတာလား?။

​ ဒါဆို သူက ဘာများစဉ်းစားနေတာပါလိမ့်။

​ နန်းတွင်းထဲမှာတော့ အရာရှိတွေက ဒီကိစ္စကို ထုတ်ပြောလာကြသည်။

​ လင်းပိုင်ဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့လက်ကို ကြီးကျယ်စွာ ဝှေ့ယမ်းလိုက်ကာ “ဘာအကြောင်းပြချက်မှ မရှိဘူး။ ငါကိုယ်တော် ပျော်ချင်ရုံ သက်သက်နဲ့ နယ်မြေချဲ့ထွင်ရတာရဲ့ ပျော်ရွှင်မှုကို ခံစားချင်ရုံပဲ! အခုတော့ ပျော်ရွှင်မှုလည်း ရပြီဆိုတော့ တပ်တွေကို ပြန်ဆုတ်တာက ပုံမှန်ပါပဲ! မို နိုင်ငံမှာ ခွန်အားကြီးမားတဲ့ စစ်သည်တွေနဲ့ သန်မာတဲ့မြင်းတွေရှိတယ်။ တကယ်လို့ ဆက်တိုက်ရင် အရှုံးတွေနဲ့ ကြုံလာနိုင်တယ်။ ငါကိုယ်တော်က အဲဒီလောက်ထိ မမိုက်မဲဘူး၊ ဟား..ဟား..!”

​ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိများ- “F**k”!

​ သူတို့က ဖြစ်နိုင်ချေ သန်းပေါင်းများစွာကို စဉ်းစားခဲ့ကြပေမယ့် ဒီတစ်ခုကိုတော့ လုံးဝမတွေးမိခဲ့ကြဘူး။

​ ဒါက ဒီလိုမျိုး ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ ကိစ္စလား?။

​ ပျော်ချင်ရုံ သက်သက်နဲ့ပဲ ရန်သူတော်ကြီးကို သွားပြီး စိန်ခေါ်ရသလား?။

​ နိုင်ငံတစ်နိုင်ငံလုံးကို ထည့်မစဉ်းစားဘူးပေါ့!

​ အိုး... မိုက်မဲလှတဲ့ ဧကရာဇ်!!!

​ ဒီသတင်းက နန်းတော်တစ်ခုလုံးနဲ့ တစ်နိုင်ငံလုံးကို အလျင်အမြန်ပျံ့နှံ့သွားပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

​ “F**k! စစ်သည် အင်အား ၂ သိန်းကို စုစည်းပြီး မို နိုင်ငံရဲ့ နယ်မြေကို ကျူးကျော်တာက စိတ်လှုပ်ရှားဖို့ သက်သက် အတွက်တဲ့လား?”

​ “ဒါက ပုံမှန်လူတစ်ယောက် လုပ်မယ့် အရာလား?”

​ “ပုံမှန်လူကတော့ လုပ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ပြောနေတာက မိုက်မဲတဲ့ ဧကရာဇ် အကြောင်းလေ! သူ နန်းတက်ပြီးကတည်းက ပေါက်ကရတွေ ဖန်တီးတာကလွဲလို့ ကောင်းတာတစ်ခုမှ လုပ်ဖူးလို့လား?”

​ “ဟုတ်တယ်! တခြားမိုက်မဲတဲ့ ဧကရာဇ်တွေက အနည်းဆုံးတော့ ဟန်ဆောင်သေးတယ်၊ ဒါပေမဲ့ သူကတော့ ဟန်တောင်မဆောင်ဘူး!”

​ “ငါသာ ရှ နိုင်ငံသားဆိုရင် သူ့ကို လည်ပင်းညှစ်ပြီး သတ်ချင်လောက်အောင် ဒေါသထွက်မှာပဲ။ ဒါက အလေးအနက် မထားရမယ့် ကိစ္စလား?”

​ “ဒီလို လူမျိုးက အုပ်ချုပ်နေတာဆိုတော့ ရှ နိုင်ငံတော့ တကယ်ပျက်စီးပြီ!”

​ လင်းပိုင်ဖန်ရဲ့ စကားတွေက မိုနိုင်ငံကိုလည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

​ “လုံးဝကို အဓိပ္ပာယ်မရှိတာ!!!”

​ နန်းတော်အတွင်းမှာ မို နိုင်ငံရဲ့ ဧကရာဇ်က စားပွဲပေါ် သူ့လက်ကို ရိုက်ချလိုက်ပြီး နားကွဲမတတ် ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သည်။

​ ဒါက မျက်နှာကို ​ဖြတ်ရိုက်လိုက်ပြီးမှ ဘာမှ စိတ်ထဲမထားပါနဲ့၊ စိတ်လှုပ်ရှားချင်ရုံ သက်သက်ပါ၊ ဘာမှလည်း မဆုံးရှုံးဘူးဆိုပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကြိုးစားနေသလိုမျိုး ခံစားလိုက်ရတယ်။

​ မို နိုင်ငံရဲ့ ဧကရာဇ်က သူ့ရင်ထဲမှာရှိတဲ့ အသည်းနဲ့ အဆုတ်တွေ ပေါက်ကွဲတော့မလိုတောင် ခံစားနေရတယ်။

​ သူ့ဘဝမှာ ဒီလိုမျိုး အရှက်ရတာနဲ့ အစော်ကား ခံရတာမျိုး မရှိခဲ့ဖူးဘူး!

​ သူ သတ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ!!!

​ “အရှင်မင်းကြီး၊ အခု ဘာလုပ်ကြမလဲ။ တိုက်ပွဲကို ဆက်တိုက်မလား၊ မတိုက်တော့ဘူးလား”

​ မို နိုင်ငံဧကရာဇ်က ဒေါသတကြီးနဲ့ “ဘယ်လိုလုပ် မတိုက်ဘဲနေရမှာလဲ? တစ်ကမ္ဘာလုံးက အခု ငါတို့ကို ရယ်နေကြပြီ၊ ဒီတိုင်း လွှတ်ထားလို့ရမယ်များ မင်းတို့ ထင်နေတာလား။ ဒီအရှက်တကွဲဖြစ်တာကို မောင်မင်းတို့ သည်းခံနိုင်လို့လား”

​ ဝန်ကြီးတွေက စိုးရိမ်တကြီးနဲ့ “ဒါပေမဲ့ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့က စစ်သည် ၂ သိန်း ဆုံးရှုံးခဲ့ပြီးပါပြီ။ စစ်ရေးအင်အားက သိသိသာသာ လျော့နည်းသွားပြီ။ အရင်လို မဟုတ်တော့ပါဘူး! ဆက်တိုက်ဖို့ အတင်းအကျပ် ဆက်လုပ်ရင် ဆုံးရှုံးမှုတွေက တွက်မရအောင် များပြားသွားပါလိမ့်မယ်…”

​ မို နိုင်ငံဧကရာဇ်က သူ့ရင်ထဲက ဒေါသကို ထိန်းချုပ်ဖို့အတွက် အသက်ပြင်းပြင်း ရှူလိုက်ပြီး “စစ်ပွဲ စတင်ခြင်းရဲ့ အကျိုးဆက်တွေကို ငါကိုယ်တော် ကောင်းကောင်း သိတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲကိုတော့ ဆက်တိုက်မှရမယ်! ဒီလိုမှမဟုတ်ရင် ငါတို့တို့ မိုနိုင်ငံရဲ့ ကျောရိုးက ကွေးသွားလိမ့်မယ်၊ ဒီလိုဆိုရင် ငါတို့တွေ ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်တော့ဘူး!

​ ဒါကြောင့် ဒီတိုက်ပွဲကို ဆင်နွှဲရမယ်၊ ပြင်းပြင်းထန်ထန်ကို တိုက်ရမယ်။ ငါတို့ ဆုံးရှုံးခဲ့တာတွေကို ပြန်သိမ်းပိုက်ရမယ်! တကယ်လို့ ရှ နိုင်ငံရဲ့ နယ်မြေတွေ အများကြီးကို ငါတို့ သိမ်းပိုက်နိုင်ရင် ဆုံးရှုံးမှုတွေ အတွက် လုံလောက်စွာ ပြန်လည်ဖြည့်တင်းလိမ့်မယ်!

​ ဒီမိုက်မဲတဲ့ ဧကရာဇ် အုပ်ချုပ်တဲ့ နိုင်ငံက ငါတို့ နိုင်ငံတော်ရဲ့ သံမဏိမြင်းစစ်တပ်ရဲ့ စွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ ငါကိုယ်တော် မယုံဘူး!”

​ “အရှင်မင်းကြီးရဲ့ အမိန့်က လွန်စွာ မှန်ကန်လှပါတယ်!” အရာရှိတွေက ခါးညွတ် အရိုအသေပေးကာ သဘောတူညီခဲ့ကြသည်။

​ “ဒါက ကျွန်တော်မျိုးတို့ နိုင်ငံအတွက် ရှင်သန်မှု တိုက်ပွဲပဲ ဖြစ်တယ်။ ကျွန်တော်မျိုးတို့ ထပ်မံပြင်ဆင်မှုတွေ လုပ်ဖို့လိုပါတယ်!”

​ မို နိုင်ငံဧကရာဇ်က တင်းမာတဲ့အမူအရာနဲ့ “ငါတို့မှာ အခုလက်ရှိ စစ်တပ်အင်အား ၄ သိန်း ရှိတယ်။ ၂ သိန်းကို အဓိကတပ်အဖြစ် သုံးမယ်။ ပြီးတော့ အရပ်သားတွေထဲကနေ ၂ သိန်းကို ထပ်မံ စုဆောင်းပြီး စစ်သည်အင်အား ၄ သိန်းနဲ့ ရှ နိုင်ငံကို စစ်ဆင်မယ်! ပြီးရင် စားနပ်ရိက္ခာ၊ လက်နက်နဲ့ တခြားအရာတွေကိုလည်း အပြည့်အဝ ပြင်ဆင်ရမယ်။ ဒီတိုက်ပွဲက အောင်ပွဲနဲ့သာ အဆုံးသတ်ရမယ်၊ ရှုံးနိမ့်မှုဆိုတာ မရှိစေရဘူး!”

​“မှန်လှပါ အရှင်မင်းကြီး!” အရာရှိတွေက သံပြိုင် ပြောလိုက်ကြသည်။

​ ဒီလိုနဲ့ မို နိုင်ငံက ကြီးမားတဲ့ စက်ကြီးတစ်ခုလို လည်ပတ်လာပြီး အရှိန်အမြင့်ဆုံးအထိ တိုးမြှင့်လိုက်တယ်။

​ စစ်ရေးကိစ္စတွေမှာ ပစ္စည်းတွေနဲ့ လူတွေရဲ့ အင်အားစုဆောင်းမှုက အရမ်းကို များပြားလွန်းလို့ လျှို့ဝှက်ထားလို့ မရဘူး၊ ပြီးတော့ ဒီသတင်းက တစ်နိုင်ငံလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တယ်။

​ “မိုနိုင်ငံက သန်မာတယ်။ သူတို့ ရှ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် တိုက်သင့်တယ်။ ငါ ထောက်ခံတယ်!”

​ “ဟုတ်တယ်! ငါလည်း အဲဒီ ဧကရာဇ်ကို ကြည့်မရဘူး။ သူ နန်းတက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ ကောင်းတဲ့ အလုပ်တစ်ခုမှ မလုပ်ဖူးဘူး။ သူက ကိုယ့်ကိုကိုယ် ဒုက္ခရှာနေတာပဲ!”

​ “ဟား..ဟား..! မင်း မိုက်မဲတဲ့ ဧကရာဇ်ရေ၊ မင်းရဲ့နေ့ ရောက်လာခဲ့ပြီ!”

​ “သူ့ကို မိုက်မဲတဲ့ဧကရာဇ်လို့ မခေါ်သင့်တော့ဘူး၊ ပြိုလဲတော့မယ့် နိုင်ငံရဲ့ ဧကရာဇ်လို့ ခေါ်ဖို့ ပြင်ဆင်ထားသင့်တယ်!”

​ “ဟုတ်တယ်! သူ့ကို ပြိုလဲတော့မယ့် နိုင်ငံရဲ့ ဧကရာဇ်လို့ ခေါ်သင့်တယ်!”

​ “ငါ အသနားဆုံးက ရှ နိုင်ငံက လူတွေပဲ။ ဘာအပြစ်တွေကြောင့် ဒီလိုအုပ်ချုပ်သူမျိုးနဲ့ လာကြုံနေရတာလဲ။”

​ “အခုတော့ အဆင်ပြေသွားပြီ၊ မင်းဆက်ပြောင်းလဲတာက လာတော့မယ်။ ဒီနေ့ကို ငါ မျှော်လင့်နေတာကြာပြီ!”

​ အခြားနိုင်ငံတွေက စိတ်ဝင်စားစွာနဲ့ ဒီလို ဒရာမာကို ကြည့်နေကြပေမယ့် ရှ နိုင်ငံ အတွင်းမှာတော့ ပရမ်းပတာ ဖြစ်နေခဲ့သည်။

​ ပိုပြီး ချမ်းသာတဲ့ နိုင်ငံသားတွေနဲ့ ကုန်သည်တွေက သူတို့ပစ္စည်းတွေကို ထုပ်ပိုးပြီး တခြားနေရာတွေမှာ အသက်မွေးဖို့ ထွက်ပြေးဖို့ အသင့်ဖြစ်နေကြပြီဖြစ်သည်။ ဆင်းရဲတဲ့ နိုင်ငံသားတွေတောင် သူတို့ရဲ့ အနာဂတ်အတွက် ဝေးလံခေါင်သီတဲ့ တောင်တွေနဲ့ သစ်တောတွေဆီကို ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။

​ ဒီလိုအခြေအနေမျိုးမှာ လင်းပိုင်ဖန်ကတော့ ထူးထူးခြားခြားပဲ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်။

​ မင်းဆက်တွေ ခဏခဏ ပြောင်းလဲမှုကြောင့် ဒီခေတ်က သာမန်ပြည်သူတွေမှာ သစ္စာစောင့်သိမှုဆိုတာ မရှိကြဘူး။

​ သူတို့က ပိုကောင်းတဲ့ အခြေအနေတွေ ရှိတဲ့နေရာကို အစုလိုက်အပြုံလိုက် သွားကြလိမ့်မယ်။

​ “ကမ္ဘာပေါ်မှာ ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေအားလုံးက အကျိုးအမြတ် အတွက်ပဲ။ ကမ္ဘာပေါ်က ဒီသာယာဝပြောမှုတွေ အားလုံးကလည်း အကျိုးအမြတ်ကနေ လာတာပဲ! ထွက်ပြေးချင် ထွက်ပြေးကြပါ၊ ဒါပေမဲ့ စစ်ပွဲကြီးပြီးသွားလို့ ငါ့ရဲ့ အရင်းအမြစ်တွေ ထွက်ပေါ်လာတဲ့အခါ မင်းတို့အားလုံး အင်အားကုန်သုံးပြီး ပြန်လာကြလိမ့်မယ်!”

​ အဲဒီအချိန်မှာပဲ အမတ်တစ်ဦးက အလျင်အမြန် ပြေးဝင်လာပြီး သတင်းပို့ခဲ့တယ်။

​ “အရှင်မင်းကြီး၊ စစ်ပွဲက နီးလာပါပြီ၊ ဆန်စပါး၊ ဆား၊ သကြားလို အရပ်သား စားသုံးကုန်တွေရဲ့ ဈေးက နှစ်ဆထက်ပိုပြီး တက်လာပါတယ်။ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်။ အရှင်မင်းကြီး ဒီကိစ္စကို ကြည့်ရှုပေးတော်မူပါ!”

​ လင်းပိုင်ဖန်က ဒေါသတကြီးနဲ့ “ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ” လို့ ​မေးလိုက်တယ်။

All Chapters