အခန်း (၁၄)
Vol. 1 Ch. 14
ဤကိစ္စသည် သာမန်ကိစ္စ မဟုတ်ပေ။ ဘယ်သူ ဘယ်ဝါမှန်း မသိသူတစ်ဦးက နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်!
သူမသည် သူတို့နှင့် အလွန်နီးကပ်စွာ ရှိနေသော်လည်း မည်သူမှ သတိမထားမိခဲ့ကြချေ။
အကယ်၍ ထိုကျူးကျော်ဝင်ရောက်သူက လုပ်ကြံရန် ကြိုးပမ်းမည်ဆိုပါက မည်သို့မည်ပုံ ဖြစ်လာမည်ကို ခန့်မှန်းရခက်ပေလိမ့်မည်။
သူတို့က ချက်ချင်းပင် ဓားများကို ဆွဲထုတ်ကာ လင်းပိုင်ဖန် ကို ကာကွယ်ရန် ဝန်းရံလိုက်ကြသည်။
“လုပ်ကြံသူပဲ! အမြန်လာကြ၊ ဧကရာဇ်ကို ကာကွယ်ကြ!”
မိန်းမစိုးလျူသည်လည်း လင်းပိုင်ဖန် ဘေးတွင် ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စစ်မှန်သော ချီစွမ်းအားများ စုစည်းနေပြီး မည်သည့်အချိန်မဆို ပေါက်ကွဲထွက်ရန် အဆင်သင့်ရှိနေသကဲ့သို့ အဝေးတစ်နေရာကို အာရုံစိုက်ကာ စိုက်ကြည့်နေသည်။
အမိုးပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦး ပေါ်လာခဲ့သည်။
သူမက အသက်ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိပုံရပြီး နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်၊ ဖြူစွတ်သော အသားအရေနှင့် သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်ရှိသည်။
သူမ၏ ဆံပင်ကို ဆံထုံးနှစ်ခု ထုံးထားသော်လည်း ခါးအထိရှည်သော နက်မှောင်သည့် ဆံပင်ရှည်များလည်း ရှိနေသည်။
သူမက သကြားရေစိမ်သစ်သီးချောင်းကို စားနေရင်း ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်နှင့် အမိုးပေါ်တွင် ထိုင်နေသည်။ သူမ၏ ဖွေးဥသော ခြေထောက် သေးသေးလေးများသည် ပေါ့ပေါ့ပါးပါးဖြင့် လှုပ်ရမ်းနေပြီး အလွန်ပင် တက်ကြွ၍ ချစ်စဖွယ်ကောင်းပုံ ပေါ်နေခဲ့သည်။
လင်းပိုင်ဖန် က လက်ကာပြလိုက်ကာ “မစိုးရိမ်ကြနဲ့။ ငါတို့ရှေ့က မိန်းမငယ်လေးက ကျိန်းသေပေါက် သိုင်းပညာ အဆင့်မြင့်တဲ့ သူတစ်ယောက်ပဲ! သူမက ငါကိုယ်တော်ကို သတ်ချင်တယ်ဆိုရင် မင်းတို့ ဘယ်လိုမှ တားနိုင်မှာမဟုတ်ဘူး!”
“အရူး ဧကရာဇ်လေး၊ ရှင်ပြောတာ မှန်တယ်! ယောင်ယောင်က ရှင့်ကို သတ်ချင်တယ်ဆိုရင် ရှင့်ရဲ့ခေါင်းက အခုချိန် မြေပြင်ကို ပြုတ်ကျနေလောက်ပြီ!” လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေးသည် ယုံကြည်မှုအပြည့်ဖြင့် ရယ်မောကာ ပြောဆိုလိုက်သည်။
လင်းပိုင်ဖန် က လက်ဖြင့် ခေါ်လိုက်ကာ “မိန်းကလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘာကြောင့် ဒီကို ရောက်လာတာလဲ?”
လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေးက စားပြီးသွားသည့် သကြားလုံးချောင်းကို ပစ်ချလိုက်သည်။ သူမ၏ ခြေထောက် သေးသေးလေးများက ပေါ့ပါးစွာ ယိမ်းနွဲ့လိုက်ပြီး တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားသွားသည့်အလား ချက်ချင်းပင် လင်းပိုင်ဖန် ရှေ့တွင် ပေါ်လာကာ သူမ၏ ခေါင်းသေးသေးလေးကို မော့ရင်း အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်မ နာမည်က ယောင်ယောင်! ကျွန်မ ဒီကို ရှင့်ကို သတ်ဖို့အတွက် အထူးလာခဲ့တာ!”
ဤစကားကို ကြားလိုက်ရသည့်အခါ လူတိုင်းရဲ့ မျက်နှာတွေ တင်းမာသွားခဲ့ကြသည်။
သို့သော် လင်းပိုင်ဖန် ကတော့ စိတ်ပူပန်မှုမရှိဘဲ ရယ်မောလိုက်သည်။ “ဘာလို့ ငါကိုယ်တော်ကို သတ်ရမှာလဲ?”
“ဘာလို့လဲဆိုတော့ ရှင့်ရဲ့ခေါင်းကို အခု အမှောင်စျေးကွက် ရဲ့ ဆုငွေထုတ်ပြန်ချက်မှာ ထည့်ထားလို့လေ၊ ငွေတေး ငါးသိန်း၊ ပိုက်ဆံအများကြီးပဲ!”
လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေး၏ မျက်လုံးများက တောက်ပလာခဲ့သည်။ “ကျွန်မ ရှင့်ကို သတ်လိုက်တာနဲ့ အဲဒီငွေတွေက ယောင်ယောင်ရဲ့ဟာတွေ ဖြစ်သွားမှာလေ!”
လင်းပိုင်ဖန် ဒေါသထွက်လာကာ “ဘာ? ငါကိုယ်တော်ရဲ့ ခေါင်းကို ဆုငွေ ထုတ်ပြန်ထားတာလား?”
ယောင်ယောင်ဆိုသည့် မိန်းကလေးသည် ခေါင်းညိတ်ပြလိုက်သည်။
လင်းပိုင်ဖန် ဆက်လက်ဒေါသထွက်နေပြီး “ဆုကြေးငွေက ငွေတေး ငါးသိန်းပဲလား? ငါ့ကို အဲဒီလောက်ပဲ တန်ဖိုးထားတာလား?”
ယောင်ယောင်ဆိုသည့် မိန်းကလေးက “အဟမ်း” ဟု ချောင်းဆိုးလိုက်သည်။
သူမသည် စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ မျက်လုံးလှန်ပြလိုက်ပြီး “ငွေတေး ငါးသိန်းက အများကြီးပဲ။ ချီဖွဲ့တည်ခြင်းအဆင့်ရှိတဲ့ သိုင်းပညာရှင် တစ်ယောက်တောင်မှ ဒီငွေပမာဏကို စိတ်ဝင်စားလိမ့်မယ်! ရှင်ရဲ့ခေါင်းကို ရှင်က ဘယ်လောက်တောင်မှ တန်ဖိုးရှိတယ်လို့ ထင်နေတာလဲ?” ဟု ပြောလိုက်သည်။
လင်းပိုင်ဖန် က လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံး ငွေတေး ဆယ်သန်းတော့ တန်ရမယ်၊ ဟုတ်တယ်မလား?”
ယောင်ယောင်ဆိုသည့် မိန်းကလေးက နောက်တစ်ကြိမ် “အဟမ်း” ဟု ချောင်းဆိုးလိုက်ပြန်သည်။
“ငွေတေး ဆယ်သန်းတောင်၊ ရှင် ဘယ်လိုများ အဲဒီလောက် ပမာဏကို တွေးရဲရတာလဲ?”
ယောင်ယောင်က မယုံကြည်နိုင်ခြင်းများစွာနဲ့ “အဲဒီလို ဈေးဆိုရင် ကောင်းကင်နယ်ပယ် အဆင့်တောင်မှ မလှုပ်ရှားဘဲ နေနိုင်မှာ မဟုတ်ဘူး! ဒါပေမဲ့ ရှင်က နိုင်ငံငယ်လေးရဲ့ ဧကရာဇ်တစ်ပါးပဲလေ။ ကြက်ကို သတ်ဖို့အတွက် ဝက်လှီးဓားကို သုံးတာနဲ့ တူမနေဘူးလား?” ဟု ပြောလိုက်သည်။
သို့သော် လင်းပိုင်ဖန် ကတော့ အခြားအမြင်တစ်ခု ရှိနေသည်။ “ဒီလိုပြောလို့ မရဘူးလေ! လူတစ်ယောက်မှာ ရည်မှန်းချက် မရှိဘူးဆိုရင် သူက ငါးခြောက်နဲ့ ဘာကွာတော့မှာလဲ?”
(မှတ်ချက် : ငါးခြောက်ဆိုသည်မှာ ရည်မှန်းချက် မရှိသူ သို့မဟုတ် တိုးတက်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုကို လက်လျှော့လိုက်သူ ဖြစ်သည်)
မိန်းကလေးငယ်လေးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- “ ငါ ဆက်ပြီး မခံနိုင်တော့ဘူး၊ ရယ်ရလွန်းလို့ သေတော့မယ်! ဘယ်သူကများ သူတို့ရဲ့ ဆုကြေးငွေက နည်းတယ်လို့ ညည်းညူမှာလဲ? ဒါက ပိုပြီး မြန်မြန်သေချင်တယ်လို့ တောင်းဆိုနေသလိုပဲ၊ တခြားသူတွေက ရှင့်ကို မိုက်မဲတဲ့ အုပ်ချုပ်သူလို့ ကျိန်ဆဲတာ မဆန်းတော့ဘူးပဲ! အင်မတန်ကိုမှ ရူးပြီး မိုက်မဲတဲ့ အုပ်ချုပ်သူပဲ!”
လင်းပိုင်ဖန် က အေးစက်စွာ ပြုံးလိုက်သည်။ “ဘာမှ စဥ်းစားစရာ မလိုဘဲနဲ့တောင် ဘယ်သူလဲဆိုတာ ငါကိုယ်တော် သိနေတယ်၊ ဒီဆုကို ငွေထုတ်ပြန်တာက အဲဒီ မိသားစုကြီးတွေကပဲ ဖြစ်ရမယ်! ငါက သူတို့ရဲ့ လူနည်းနည်းကို သတ်ပြီး ပစ္စည်းအချို့ယူရုံနဲ့ ဒီလို ဆုငွေထုတ်ပြန်တာကတော့ ကျေးဇူးသိတတ်မှု မရှိတာပဲ၊ သူတို့ ဘယ်တော့မှ ကြီးကျယ်တဲ့ အရာတွေမှာ အောင်မြင်နိုင်မှာ မဟုတ်ဘူး!”
မိန်းကလေးက မျက်လုံးလှန်လိုက်ပြီး “ရှင်က လူနည်းနည်းလေးကိုသာ သတ်ပြီး ပစ္စည်းအချို့ပဲ ယူတာလို့ ပြောနေတာလား? ရှင်က သူတို့မျက်နှာကို လက်နဲ့ ဖြတ်ရိုက်လိုက်တာပဲ။ အဲဒီ မိသားစုကြီးတွေက သူတို့ရဲ့ ဂုဏ်သတင်းကို အရမ်းကို အလေးထားတယ်။ သူတို့ကမှ ရှင့်ကို မရှင်းပစ်ရင် တခြားဘယ်သူ့ကို သွားရှင်းရမှာလဲ?”
“သူတို့ ငါကိုယ်တော်ကို လာတိုက်ခိုက်လို့ ရတယ်၊ ဒါပေမယ့် ဒီလောက်နှမြောနေလို့တော့ မရဘူး! ငွေတေး ငါးသိန်းတည်းကို၊ ဒါက ငါကိုယ်တော်ကို စော်ကားနေတာပဲ ဒါက သူတောင်းစား တစ်ယောက်ကိုတောင် ပေးဖို့ မလုံလောက်ဘူး!”
လင်းပိုင်ဖန်က မကျေမနပ် ညည်းညူလိုက်သည်။ “မဖြစ်ဘူး၊ ငါ ဒါကို ပိုပြီးတော့ ထပ်ဖြည့်ရမယ်!”
မိန်းကလေးငယ် ယောင်ယောင်ခက်ဗျာ အံ့အားသင့်သွားခဲ့သည်။ “ဘာ? ရှင်က ပိုက်ဆံ ပိုထပ်ထည့်ချင်တယ်လား?”
လင်းပိုင်ဖန်က စိတ်ရင်းအမှန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မိန်းကလေးကလည်း နောက်တစ်ကြိမ် ရယ်မောလိုက်သည်။ “တော်လိုက်တော့။ ရှင်က ငါ့ကို အရယ်လွန်ပြီး သေအောင် လုပ်နေတာလား? အေးဆေးပေါ့။ ကျွန်မ ရှင့်ကို မသတ်တော့ဘူး။ ရှင်က တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ရှင့်ကို သတ်လိုက်ရင် နှမြောစရာပဲ!”
လင်းပိုင်ဖန် က ပြုံးရင်း ခေါင်းခါလိုက်သည်။ “မိန်းကလေး၊ မင်း ငါ့ရည်ရွယ်ချက်ကို အထင်လွဲနေပြီ! ငါ့ကိုသတ်ရင် မင်း ပိုက်ဆံဘယ်လောက်ရမှာမို့လို့လဲ? ဒါ့အစား၊ ငါတို့ ဆုကြေးငွေကို ပိုတိုးလိုက်မယ်၊ ဒါဆို လူအများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်၊ ပြီးတော့ ငါတို့က သူတို့ကို သတ်လိုက်မယ်! ဒါဆို သူတို့ရဲ့ ပိုက်ဆံတွေက ငါတို့အိတ်ထဲကို ရောက်လာမှာလိမ့်မယ်၊ ဟုတ်တယ်မလား?”
မိန်းကလေး၏ မျက်လုံးများက အံ့သြစွာဖြင့် ပြူးကျယ်သွားခဲ့သည်။ “ဒါဆို ရှင်က…”
“ဟုတ်တယ်၊ ငါဆိုလိုတာက အဲဒါပဲ!”
လင်းပိုင်ဖန် တီးတိုးပြောလိုက်သည်။ “ငါက ငါးစာ ဖြစ်ခံလိုက်မယ်၊ မင်းက တံငါသည် လုပ်လိုက်။ ငါတို့တွေ အတူတူ ပူးပေါင်းလိုက်ရင် ပိုအားကောင်းလာမယ်၊ နောက်ဆုံးမှာ ပိုက်ဆံတွေကို ငါတို့နှစ်ယောက် ခွဲယူမယ်။ ဘယ်လိုလဲ?”
မိန်းကလေး ယောင်ယောင်က တုန်ယင်နေသော လက်များဖြင့် လင်းပိုင်ဖန် ကို ထိုးလိုက်ပြီး-“ရှင်… ရှင်ပြောတာ မှန်တယ်!”
ပြီးနောက်၊ သူတို့နှစ်ဦးသည် အသေးစိတ် အချက်အလက်များကို စတင် ဆွေးနွေးခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက လုံးဝကို အံ့အားသင့်နေခဲ့ကြသည်!
F**k မင်းက လူသတ်ဖို့လာတာ မဟုတ်ဘူးလား? အခုတော့ အတူတူ ပူးပေါင်းပြီး တခြားသူတွေကို လှည့်စားဖို့ ကြံစည်နေကြတာပါလား!
အထူးသဖြင့် သူတို့ရဲ့ ဧကရာဇ်လေးက သူ့ကိုယ်သူတောင်မှ ဆုကြေးငွေ ပြန်ထုတ်လိုက်တာပါလား!
ဒီလိုမျိုး ရဲရင့်တဲ့ လုပ်ရပ်မျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပါပဲ!
သူတို့ရဲ့ အမြင်တွေဟာ ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့လေပြီ!
ဤအချိန်တွင်၊ လင်းပိုင်ဖန်က လူတိုင်းကို သတိပေးဖို့ မမေ့ခဲ့ချေ။ “ဒါက နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်ပဲ၊ ထုတ်ဖော်လို့ မရဘူး။ နားလည်လား?”
လူတိုင်းက ခါးသီးစွာ ပြုံးလိုက်ကြသည်။ သူတို့က ပြောချင်ရင်တောင်မှ ဘယ်သူမှ ယုံကြမှာ မဟုတ်ပေ!