← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

လင်းပိုင်ဖန်က အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်တော့ တကယ်ပဲ အဲဒီအတိုင်း ဖြစ်နေတာကို တွေ့လိုက်ရသည်။

​ သူဟာ အမြတ်ကြီးထုတ်ပြီး စီးပွားရှာတာတွေကို အမုန်းဆုံးပဲ​ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ ရှုပ်ထွေးမှုတွေကို အခွင့်ကောင်းယူပြီး လူနေမှုဘဝအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဈေးတင်ရောင်းပြီး စစ်ပွဲကနေ အမြတ်ထုတ်တာ၊ လူထုကို ဒုက္ခရောက်အောင် လုပ်တာနဲ့ နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်အောင် လုပ်တာမျိုးတွေကိုပေါ့။ ဒါက အလွန်ကို ယုတ်ညံ့တယ်လို့ သူယူဆသည်။

​ လင်းပိုင်ဖန်က ဒီကိစ္စကို "ငါ့ရဲ့ သစ္စာရှိတဲ့ မူးမတ်တို့၊ ဒီကိစ္စအတွက် မောင်မင်းတို့မှာ ကောင်းမွန်တဲ့ နည်းဗျူဟာတွေများ ရှိသလား။

"ဒါ..." အရာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရမ်းသမ်းပြီးတော့ မပြောရဲကြပေ။

​ ဒီအချိန်မှာ အကြီးတန်း အရာရှိတစ်ဦးက ရဲစွမ်းသတ္တိကို မွေးပြီး မေးလိုက်သည်။ "အရှင်မင်းကြီးခင်ဗျာ ဘယ်လိုများ စဉ်းစားထားပါသလဲ?"

​ လင်းပိုင်ဖန်က ဒေါသတကြီးနဲ့ ပြောလိုက်တယ်- "နိုင်ငံတော် မငြိမ်မသက် ဖြစ်နေချိန်မှာ စျေးကစားပြီး ပစ္စည်းတွေ သိုလှောင်ထားကြတယ်။ ပစ္စည်းတွေ ရှားပါးအောင် ဖန်တီးပြီး သာမန်ပြည်သူ လူထုရဲ့ စျေးကွက်ကို ဖျက်ဆီးနေကြတယ်။ သူတို့က နိုင်ငံတော်အတွက် ပိုးမွှားတွေပဲ။ သူတို့ကို ဖယ်ရှားပစ်ရမယ်။ ဒီလိုမှမဟုတ်ရင် သာမန်ပြည်သူလူထုရဲ့ ဒေါသကို ဖြေနိုင်မှာ မဟုတ်ဘူး!"

​ အရာရှိတွေ အားလုံးက အံ့အားသင့်သွားပြီး ထိတ်လန့်သွားခဲ့ကြသည်။ "အရှင်မင်းကြီး၊ ဒီလိုမျိုး မလုပ်သင့်ပါဘူး!"

​ "အဲ့ဒီကုန်သည်တွေဟာ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ သြဇာကြီးမားတဲ့ မိသားစုကြီးတွေကနေ ဆင်းသက်လာကြတာပါ။ သူတို့ရဲ့ နောက်ခံက အင်မတန် ခိုင်မာလှတယ်။ သူတို့ကို ပေါ့ပေါ့တန်တန်နဲ့ ရန်မစသင့်ပါဘူး! ကျွန်တော်တို့မျိုးက သူတို့ကို အရေးယူလိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ကူးတောင် မယဉ်နိုင်ပါဘူး!"

​ "မှန်ပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ နိုင်ငံက အရင်းအမြစ်နဲ့ ပစ္စည်းတွေ နည်းပါးပါတယ်၊ ပြီးတော့ ကုန်ပစ္စည်း များစွာအတွက် သူတို့အပေါ် မှီခိုနေရတာပါ။ သူတို့ကို ရန်စလိုက်ရင် ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုကို ပိတ်ဆို့ခံရမှာဖြစ်ပြီး အကျိုးသက်ရောက်မှုက ကြီးမားလာပါလိမ့်မယ်!"

​ "အဲ့ဒီ မိသားစုကြီးတွေထဲ အချို့က မင်းဆက်တွေထဲမှာ အရာရှိရာထူးရထားတဲ့ မိသားစုဝင်တွေလည်း ရှိပါသေးတယ်။ သူတို့ရဲ့ ဆက်သွယ်ရေးက နိုင်ငံတစ်ဝန်းလုံးမှာ ပျံ့နှံ့နေပါတယ်။ တကယ့်ကို သူတို့ကို ရန်မစသင့်ပါဘူး!"

​ "ဒါ့အပြင် ဒီလိုမျိုး စလုပ်လိုက်တာနဲ့ ဘယ်သူမှ ကျွန်တော်မျိုးတို့ဆီကို စီးပွားရေးလာလုပ်မှာ မဟုတ်တော့ပါဘူး!"

​ လင်းပိုင်ဖန်က ဒေါသတကြီးနဲ့ အော်လိုက်တယ်- "ဒါဆို့ သူတို့ ငါတို့ကို ဖိနှိပ်ချုပ်ချယ်တာကို ခံရတော့မှာလား?"

​ "အရှင်မင်းကြီး၊ ဒီအကြောင်းကို အသေအချာ စဉ်းစားပေးပါ!" အကြီးအကဲ ဝန်ကြီးတစ်ဦးက အကြံပေးလိုက်သည်။

​ "သူတို့ကို ဈေးနှုန်းတွေ လျှော့ချဖို့ အရင်ဆုံး သတိပေးဖို့ တစ်ယောက်ယောက်ကို ပို့လိုက်ရင် ဘယ်လိုလဲ? အဲဒါ မအောင်မြင်ရင်တော့ တခြားနည်းလမ်းတွေ စဉ်းစားလို့ရတာပေါ့!"

​ လင်းပိုင်ဖန်က အသံကျယ်ကျယ်နဲ့ ကြွေးကြော်လိုက်တယ်- "ကောင်းပြီ! ငါကိုယ်တော် သူတို့ကို အခွင့်အရေးပေးလိုက်မယ်! တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်လိုက်၊ ဒီနေရာမှာပဲ ငါကိုယ်တော် သတင်းကို စောင့်နေမယ်!"

​ "မှန်လှပါ အရှင်မင်းကြီး!"

​ တစ်နာရီကြာသွားခဲ့ပြီ၊ ဘာသတင်းမှ ပြန်မလာသေးပေ။

​ ဒါပေမဲ့ လင်းပိုင်ဖန်က ဒီကုန်သည်တွေဟာ သူ့စကားကို နားထဲက လေလိုမျိုး လုံးဝ အလေးမထားဘူးဆိုတာကို သိပြီးသား ဖြစ်နေပြီဖြစ်သည်။

​ တချို့ဆိုရင် ရန်စတဲ့အနေနဲ့ ဈေးနှုန်းတွေကို ပိုပြီးတောင် တင်လိုက်ကြသေးတယ်။

​ လင်းပိုင်ဖန်က ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး ခနဲ့တဲ့တဲ့ နဲ့ ပြောလိုက်တယ်။ "ဒီလောက်တောင် ကြာနေပြီ၊ ဘာသတင်းမှ ပြန်မလာဘူး။ ဒီတော့ သူတို့က ငါ့လို ဧကရာဇ်မင်းကြီးကိုတောင် အလေးအနက် မထားဘူး ထင်တယ်! အဲဒီလိုဆိုရင် ငါလည်း သူတို့ကို ဂရုမစိုက်တော့ဘူး! ​မောင်မင်းတို့ထဲက ဘယ်သူကများ ငါကိုယ်တော် အတွက် အလုပ်တစ်ခု လုပ်ပေးချင်လဲ၊ ဒီအမြတ်ထုတ်တဲ့ ကြွက်တွေကို ဖမ်းပြီး ထောင်ထဲ ထည့်ဖို့အတွက်ပေါ့?"

​ ဒီလိုပြောလိုက်တော့ အရာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြန်တယ်။ ဘယ်သူမှ ပြန်မပြောရဲကြဘူး။

​ ဘာကြောင့်လဲဆိုတော့ ဒီတာဝန်ဟာ ကျေးဇူး အတင်မခံရမဲ့ အလုပ်ဖြစ်သလို၊ ဘေးဥပဒ်ကိုလည်း ဖိတ်ခေါ်နေလို့ပါပဲ။

​ သူတို့ဟာ ဒီကုန်သည်တွေရဲ့ နောက်ကွယ်က မိသားစုကြီးတွေကို ရန်စတာထက် လင်းပိုင်ဖန်ဆိုတဲ့ ဒီငယ်ရွယ်တဲ့ ဧကရာဇ်မင်းကြီးကို ရန်စရတာ ပိုကောင်းတယ်လို့ ယူဆကြတယ်။

​ "ငါကိုယ်တော်ရဲ့ စကားတွေဟာ အရေးမပါတော့ဘူး ထင်ပါရဲ့၊ ငါကိုယ်တော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့၊ ငါကိုယ်တော်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ တစ်ယောက်မှ မရှိကြပေဘူးဘဲ!"

​ လင်းပိုင်ဖန်က အေးစက်စွာ ပြုံးလိုက်ပြီး သူတို့ထဲက တစ်ယောက်ကို ကြည့်ကာ ပြောလိုက်တယ်- "ဝန်ကြီး လျန်၊ မင်းက ဘဏ္ဍာရေးဝန်ကြီးပဲ၊ ဒီကိစ္စကို မင်း တာဝန်ယူရလိမ့်မယ်!"

​ အခေါ်ခံလိုက်ရတဲ့ ဘဏ္ဍာရေးဝန်ကြီးက အတော်လေး ထိတ်လန့်သွားတယ်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒါကို မလုပ်နိုင်ပါဘူး၊ ဒီလိုလုပ်လိုက်ရင် သူတို့ရဲ့ နောက်ကွယ်က မိသားစုကြီးတွေကို ရန်စရာ ရောက်သွားပါလိမ့်မယ်! ကျွန်တော်မျိုးတို့ နိုင်ငံက သေးငယ်ပြီး လူတွေကလည်း အင်အား နည်းပါးကြပါတယ်။ တကယ်တော့ သူတို့ကို ရန်မစသင့်ပါဘူး!"

​ "ဒါဆိုရင် ငါကိုယ်တော်ကို ပြောစမ်း၊ မောင်မင်းမှာ တခြားဘယ်လို နည်းလမ်းတွေ ရှိသေးလဲ?" လင်းပိုင်ဖန်က မေးလိုက်တယ်။

​ "ဒါ... အရှင်မင်းကြီး၊ ကျွန်တော်တို့က ပစ္စည်းတွေကို ထုတ်ရောင်းပြီး ဈေးနှုန်းတွေ ကျအောင် လုပ်နိုင်ပါတယ်!" ဘဏ္ဍာရေးဝန်ကြီးက အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

​ လင်းပိုင်ဖန်က လှောင်သလိုမျိုး ပြုံးလိုက်တယ်-"ဒီလို မိုက်မဲတဲ့ နည်းလမ်းကို မောင်မင်း တကယ်ကို ပြောရဲတယ်လား? သူတို့မှာ ပစ္စည်းတွေ ပိုများတယ်ထင်လား၊ ဒါမှမဟုတ် ငါကိုယ်တော်မှာ ပိုများတယ်လို့ ထင်လား? ငါကိုယ်တော်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကို စွန့်လွှတ်ပြီး သူတို့ကို အလျော့ပေးစေချင်တာလား?"

​ "အရှင်မင်းကြီး ကျွန်တော့်မျိုးကို ခွင့်လွှတ်တော်မူပါ!" ဘဏ္ဍာရေးဝန်ကြီးက ဦးညွတ်တောင်းပန်လိုက်တယ်။

​ လင်းပိုင်ဖန်က မျက်နှာမှာ ဘာအမူအရာမှ မရှိ ပြောလိုက်တယ်- "ဝန်ကြီး လျန်၊ ဘဏ္ဍာရေး ဝန်ကြီးတစ်ယောက်အနေနဲ့ မင်းဟာ ဒီကိစ္စအတွက် ရှောင်လွှဲလို့မရတဲ့ တာဝန်ရှိတယ်။ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ မင်းရဲ့ ရာထူးကနေ နုတ်ထွက်မလား၊ ဒါမှမဟုတ် သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းမလား? တစ်ခုကို ရွေးလိုက်!"

​ အခြားတစ်ဖက်က ဝန်ကြီးဟာ ရုန်းကန်နေတဲ့ မျက်နှာထားနဲ့ သူ့ရဲ့ အရာရှိ ဦးထုပ်ကို ချွတ်လိုက်ပြီး ပြောလိုက်တယ်။ "ဒီကျွန်တော်မျိုးက ရာထူးက နုတ်ထွက်ပြီး ဇာတိမြေကို ပြန်ဖို့ ရွေးချယ်ပါတယ်!"

​ လင်းပိုင်ဖန်က လက်ခုပ်တီးပြီး ကြွေးကြော်လိုက်တယ်။ "ကောင်းပြီ! မင်းရဲ့ တောင်းဆိုချက်ကို ငါကိုယ်​တော် ခွင့်ပြုလိုက်ပြီ! မောင်မင်းပစ္စည်းတွေကို သိမ်းပြီး ချက်ချင်း ထွက်သွားလိုက်တော့။ မောင်မင်းကို နောက်ထပ် မမြင်ချင်တော့ဘူး။ ငါတို့ ရှ နိုင်ငံမှာ မောင်မင်းလို ကြောက်တတ်တဲ့လူကို မလိုဘူး!"

​ "မှန်လှပါ အရှင်မင်းကြီး!" အခြားတစ်ဖက်က လူဟာ ထပ်မံ ဦးညွတ်လိုက်ပြီး ခြေထောက် မခိုင်မြဲစွာနဲ့ ထွက်သွားလိုက်တယ်။

​ နောက်ထပ် အကြီးတန်း နန်းတွင်း အရာရှိ တစ်ဦးကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ပြီး နန်းတွင်းတစ်ခုလုံး၊ အရပ်ဘက်ရော စစ်ဘက်ပါ အေးခဲသွားသလိုမျိုး တိတ်ဆိတ်နေကြပြီး ထပ်ပြောဖို့ မရဲကြတော့ပေ။

​ "လူကတော့ ထွက်သွားပြီ၊ ဒါပေမဲ့ အလုပ်ကတော့ ဆက်လုပ်ရဦးမယ်!"

​ လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်သည်။ "မောင်မင်းတို့ထဲက ရဲစွမ်းသတ္တိရှိတဲ့ ဘယ်သူက ငါကိုယ်တော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှချင်လဲ? ဘယ်သူမဆို ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ရင် သူ့ကို ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်မယ်!"

​ အဲ့ဒီအချိန်မှာပဲ ခန့်ညားတဲ့ နန်းတွင်း ကိုယ်ရံတော်တစ်ယောက်က ရုတ်တရက် ရှေ့ကို ထွက်လာခဲ့တယ်။

​ သူက လက်နှစ်ဖက်ကို ယှက်ပြီး လင်းပိုင်ဖန်ကို ဦးညွတ်လိုက်ပြီး လေးစားစွာနဲ့ ပြောလိုက်တယ်။ "ဒီက ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးချင်ပါတယ်။ ဒီက ကျွန်တော်မျိုးကို အခွင့်အရေးပေးတော်မူပါ!"

​ လင်းပိုင်ဖန်က အံ့သြသွားခဲ့တယ်။

​ ကိုယ်ခံပညာမှာ ကျွမ်းကျင်တဲ့ နန်းတွင်း ကိုယ်ရံတော်တစ်ယောက်က တကယ်ပဲ ရှေ့ကိုတက်လာပြီး ဒီလို ခက်ခဲလှတဲ့ တာဝန်ကို ယူရဲတယ်လား?

​ ဒီလူဟာ လင်းပိုင်ဖန်ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပြီဖြစ်သည်။

​ လင်းပိုင်ဖန်က ပြုံးပြီး မေးလိုက်တယ်။ "မောင်မင်းရဲ့ ရဲစွမ်းသတ္တိကို ငါကိုယ်တော် အရမ်းလေးစားတယ်။ မောင်မင်းရဲ့ နာမည် ဘယ်လိုခေါ်လဲ၊ မောင်မင်းရဲ့ နောက်ခံကရော ဘာလဲ?"

​ အဲဒီလူက အသံကျယ်ကျယ်နဲ့ ပြန်ဖြေခဲ့တယ်။ "အရှင်မင်းကြီး၊ ဒီက ကျွန်တော်မျိုးရဲ့ နာမည်က ဟီရှန်း ဖြစ်ပါတယ်။ နန်းတော်ထဲမှာ ရှိတာ သုံးနှစ်ကျော်ပါပြီ၊ ပထမတန်းစား သိုင်းပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ လောလောဆယ်မှာ အရှင်မင်းကြီးနားက နန်းတွင်းကိုယ်ရံတော်အဖြစ် အမှုထမ်းနေပါတယ်!"

All Chapters