← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

​ အခြားသော ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်တစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာပြန်ပြီဖြစ်သည်!

​ သူသိသော ဟီရှန်းနဲ့ယှဉ်လျှင် ဘယ်သူက ပိုသန်မာတယ်၊ ဘယ်သူက ပိုအားနည်းတယ် ဆိုတာတော့ မသေချာပေ။

​ လင်းပိုင်ဖန်မှာ မနေနိုင်ဘဲ ရယ်မိလိုက်သည်– “ကောင်းလိုက်တဲ့ နာမည်ပဲ! မောင်မင်းရဲ့ နာမည်ကို ငါကိုယ်တော် တကယ်ပဲ သဘောကျတယ်! တရားရုံးမှာရှိတဲ့ စာပေပညာရှင်တွေနဲ့ စစ်သည်တော်တွေ အားလုံးထဲက မောင်မင်းလိုမျိုး ရဲရဲဝံ့ဝံ့ ရှေ့ထွက်ပြီး ငါကိုယ်တော်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့သူဆိုရင် ငါကိုယ်တော်က အခွင့်အရေး ပေးရမှာပေါ့!”

​ ဟီရှန်းမှာ အလွန်ပျော်ရွှင်သွားပြီး အရိုအသေပေးလိုက်သည်– “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး!”

​ လင်းပိုင်ဖန်က မေးလိုက်သည်– “ငါကိုယ်တော် မောင်မင်းကို မေးမယ်၊ အကယ်၍ ကုန်သည်တွေက အမိန့်ကို ဆန့်ကျင်ပြီး လိုက်နာခြင်းမရှိရင် ဘာလုပ်သင့်သလဲ”

​ “အရှင်မင်းကြီး၊ ပရမ်းပတာကာလတွင်းမှာ တင်းကျပ်လှတဲ့ ဥပဒေတွေကို အသုံးချရပါလိမ့်မည်!”

​ ဟီရှန်းက မာန်ပါပါဖြင့် ပြောလိုက်သည်– “ဒီလိုမျိုး နိုင်ငံက ကိစ္စကြီးတွေနဲ့ ကြုံနေရချိန်မှာ သူတို့က အမိန့်ကို ဆန့်ကျင်ပြီး ကုန်ပစ္စည်းတွေကို စုဆောင်းတာ၊ သိုလှောင်တာမျိုးတွေ ဆက်လုပ်နေမယ် ဆိုရင်တော့ သူတို့ဟာ နိုင်ငံတော်ရဲ့ သစ္စာဖောက်တွေပါပဲ။ ကျွန်တော်မျိုး အမြင်အရတော့ သူတို့ကို ကွပ်မျက်သင့်ပါတယ်!”

​ ထိုသို့ပြောလိုက်သည်နှင့် သူ့ခါးတွင်ရှိသော တန်ဖိုးကြီးဓားမှာ ခပ်ဩဩမြည်သံတစ်ခု ထွက်ပေါ်လာပြီး တရားရုံးအတွင်းတွင် ၎င်း၏အေးစက်သော အရောင် တောက်တောက်မှာ ထင်ဟပ်နေသည်။

​ “ကောင်းလှတဲ့စကား!”

​ လင်းပိုင်ဖန်က ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် မေးလိုက်ပြန်သည်– “ငါကိုယ်တော် မောင်မင်းကို မေးမယ်၊ အကယ်၍ အဲ့ဒီကုန်သည်တွေက တရားရုံးအပေါ်မှာ လေးစားမှု မရှိဘူးဆိုရင် ဘာလုပ်သင့်သလဲ”

​ “အရှင်မင်းကြီး!”

​ ဟီရှန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်– “တရားရုံးအပေါ် လေးစားမှု မပြတာဟာ သူတို့ရဲ့နှလုံးသားထဲမှာ အလေးအနက်ထားမှု မရှိတာကို ပြတာပါပဲ! အလေးအနက်ထားမှု မရှိတဲ့အခါမှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အန္တရာယ်ဖြစ်စေဖို့အထိ စွန့်စားရဲပြီး နိုင်ငံတော်ကို ဘေးဆိုးတွေ ဆောင်ကြဉ်းလာကာ ပြည်သူတွေကို ဒုက္ခရောက်စေပါလိမ့်မယ်! ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခုက မကြာခင် ဖြစ်တော့မှာဖြစ်ပြီး နိုင်ငံတော်က ပရမ်းပတာ ဖြစ်လို့မရပါဘူး။ ပြဿနာ မဖြစ်ခင်မှာ ကြိုတင် ကာကွယ်ထားသင့်ပါတယ်။ ဒါကြောင့်မို့ သူတို့ကို ကွပ်မျက်သင့်တယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်!”

​ ထိုတန်ဖိုးကြီးဓားက နောက်တစ်ကြိမ် မြည်ဟည်းလိုက်ပြန်ပြီး ၎င်း၏ သွေးဆာနေသော အလင်းရောင်က အေးစက်စက်အရှိန်အဟုန်ကို ပစ်လွှတ်လိုက်ရာ လူ့နှလုံးသားကိုပါ အေးခဲစေနိုင်လောက်သည်။

​ လင်းပိုင်ဖန်က နောက်တစ်ကြိမ် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်– “ငါကိုယ်တော် မောင်မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်၊ အကယ်၍ အဲ့ဒီကုန်သည်တွေက ငါကိုယ်တော်ရဲ့ တရားရုံးကို ခြိမ်းခြောက်လာမယ်ဆိုရင် ဘာလုပ်သင့်သလဲ”

​ “အရှင်မင်းကြီး!”

​ ဟီရှန်းက အသံကျယ်ကျယ်ဖြင့် ကြွေးကြော်လိုက်သည်– “သူတို့က အရှင်မင်းကြီးကို ခြိမ်းခြောက်ရဲ၊ တရားရုံးကို ခြိမ်းခြောက်ရဲတယ်ဆိုရင် သူတို့ဟာ သစ္စာဖောက် အရာရှိတွေနဲ့ ပုန်ကန်သူတွေနဲ့ ဘာမှ မခြားတော့ပါဘူး! သစ္စာဖောက် အရာရှိတွေနဲ့ ပုန်ကန်သူတွေဆိုရင် ဆွေးနွေးစရာ မလိုဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်၊ တစ်ခါတည်း ကွပ်မျက်သင့်ပါတယ်!”

​ အဖိုးတန်ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ချိန်တွင် ကျယ်လောင်စွာ မြည်ဟည်းလိုက်ပြီး ဓားသွားမှာ ပြင်းထန်သော အေးစက်စက် အလင်းရောင်များ တောက်ပနေသဖြင့် မျက်လုံးချင်းတောင် ဆိုင်ကြည့်ရန် ခက်ခဲစေသည်။

​ “ပြင်းထန်လိုက်တဲ့ လူသတ်ချင်စိတ်! ဒါပေမဲ့ ငါကိုယ်​တော်က ဒီလိုမျိုး လူသတ်ချင်စိတ်ကို သဘောကျတယ်၊ မောင်မင်းလို လူမျိုးကို ငါကိုယ်​တော် သဘောကျတယ်!”

​ လင်းပိုင်ဖန်က လက်ခုပ်တီးပြီး ရယ်မောလိုက်သည်– “ဒါကြောင့် ဒီကိစ္စကို မောင်မင်းကို ကိုင်တွယ်ဖို့ လွှဲအပ်လိုက်မယ်။ ငါကိုယ်တော်ကို စိတ်မပျက်စေနဲ့! မောင်မင်း အောင်မြင်တာနဲ့ ဘဏ္ဍာရေးဝန်ကြီးရာထူးက မောင်မင်းရဲ့ဟာပဲ!”

​ ဟီရှန်းမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်– “အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီအစေခံက အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး!”

​ “ဒီတာဝန်ကို ထမ်းဆောင်ဖို့အတွက် အင်ပါယာ အစောင့်တပ်ကနေ အယောက်တစ်ရာကို ရွေးချယ်နိုင်ဖို့ မောင်မင်းကို အထူးခွင့်ပြုမယ်! ဘယ်သူမဆို မောင်မင်းကို ဟန့်တားရဲရင် သတ်ပစ်လိုက်၊ သနားနေစရာ မလိုဘူး!”

​ လင်းပိုင်ဖန်က သူ့လက်ကို မာန်ပါပါ ဝှေ့ယမ်းလိုက်သည်– “သွားတော့၊ ငါကိုယ်တော် မောင်မင်းရဲ့သတင်းကောင်းကို စောင့်မျှော်နေမယ်!”

​ “မှန်လှပါ အရှင်မင်းကြီး!” ဟီရှန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

​ ထို့နောက် ဟီရှန်းသည် နန်းတော်မှ ထွက်ခွာသွားပြီး သူနှင့်ရင်းနှီးသော အစောင့်များကို စုရုံးကာ ကုန်ပစ္စည်း စုဆောင်းသူတွေနှင့် သိုလှောင်သူတွေကို ဖမ်းဆီးပြီး အကျဉ်းထောင်ကြီးထဲသို့ ပို့ဆောင်ရန်အတွက် လင်းပိုင်ဖန်၏ အမိန့်များကို လိုက်နာဆောင်ရွက်ခဲ့သည်။

​ ခုခံသူ တစ်ယောက်ယောက်ရှိလာပါက တိုက်ရိုက်သတ်ပစ်!

​ ချက်ချင်းပင် မြို့တော်တစ်ခုလုံးမှာ သွေးချောင်းစီးသွားခဲ့သည်။

​ ကုန်သည်များပင်လျှင် နန်းတက်တာ ရက်အနည်းငယ်သာ ရှိသေးသည့် ဒီငယ်ရွယ်တဲ့ ဧကရာဇ်ဟာ သူတို့ရဲ့ နောက်ကွယ်က အင်အားကြီးမားတဲ့ အဖွဲ့အစည်းကို ဂရုမစိုက်ဘဲ သူတို့ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်လုပ်ဆောင်ရဲလိမ့်မယ်လို့ စိတ်ကူးပင် မယဉ်မိခဲ့ကြပေ။

​ ခဏလောက် ကြာပြီးနောက်တွင် လူများစွာ၏ ဦးခေါင်းများ မြေပြင်ပေါ်သို့ လိမ့်ကျလာခဲ့သည်။

​ သူတို့၏ကုန်ပစ္စည်းများကိုမူ သိမ်းဆည်းကာ နိုင်ငံတော်ဘဏ္ဍာတိုက်တွင် ထည့်သွင်းခဲ့ပြီး တစ်စိတ်တစ်ပိုင်းကို တန်ဖိုးမှန်မှန်ဖြင့် ပြန်လည်ရောင်းချကာ ကျန်ရှိသော အစိတ်အပိုင်းကို မို နိုင်ငံရဲ့ တပ်တွေကို ခုခံရန်အတွက် မဟာဗျူဟာမြောက်တဲ့ ထောက်ပံ့ရေးပစ္စည်းများ ဖြစ်လာခဲ့သည်။

​ သာမန်ပြည်သူများက လက်ခုပ်တီး ချီးကျူးကြသလို တစ်ဖက်မှာလည်း အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။

​ မို နိုင်ငံတော်၏ စစ်တပ်မှာ တိုက်ခိုက်တော့မည်ဖြစ်ပြီး ဒီလို အရေးကြီးတဲ့ကာလမှာ သူတို့ရဲ့ ငယ်ရွယ်တဲ့ ဧကရာဇ်က သြဇာကြီးမားတဲ့ မိသားစုကြီးတွေအပေါ် ရန်စကာ လုပ်ဆောင်ရဲသည်။ သူက တမင်တကာ သေတွင်းတူးနေတာများလား?။

​ “အကယ်၍ ခင်ဗျားက သေချင်တယ်ဆိုရင် တစ်ယောက်တည်းပဲ သေပါဗျာ၊ ကျုပ်တို့ကိုတော့ ဆွဲမခေါ်ပါနဲ့”

​ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ပညာရှင် များစွာက ခေါင်းခါရင်း သက်ပြင်းချခဲ့ကြသည်။

​ “သူဟာ ရန်မစသင့်တဲ့ သူတွေကိုပါ ရန်စလိုက်ပြီဖြစ်သည်!”

​ “ဒီလိုသာ ဆက်သွားမယ်ဆိုရင် ရှ နိုင်ငံက တကယ်ပဲ ပျက်စီးတော့မှာပဲ!”

​ “ဒီလိုမျိုး မိုက်မဲလှတဲ့ အုပ်ချုပ်သူကို ထမ်းပိုးထားရလောက်အောင် ရှ နိုင်ငံက ဘယ်လို အပြစ်မျိုးကို ကျူးလွန်ခဲ့လို့လဲ”

​“ငါ လောင်းရဲတယ်၊ ရှ နိုင်ငံက နှစ်လတောင်မှ ခံမှာမဟုတ်ဘူး!”

​ လူအများအပြား အလျင်အမြန်ပဲ ထွက်ပြေးခဲ့ကြသည်။

​ ဘာလို့လဲဆိုတော့ ရှ နိုင်ငံတော်မှာ သူတို့ဟာ မျှော်လင့်ချက် လုံးဝမမြင်နိုင်တော့လို့ပင် ဖြစ်သည်။

​ မိုက်မဲသော မူဝါဒ အသစ်တစ်ခုက နိုင်ငံတော်ကို ချောက်ကမ်းပါးထဲသို့ နစ်မြုပ်စေပြီးနောက် ဝန်ကြီးချုပ် ရှောင်ကော်လျှန်နှင့် စစ်သူကြီး ချိုင်ယူလန်တို့ကမူ အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။ လင်းပိုင်ဖန်ကို သွားရောက် ဖျောင်းဖျရန်အတွက် ဧကရာဇ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။

​ “ဦးလေးတို့၊ ဘာကိစ္စရှိလို့ပါလဲ” လင်းပိုင်ဖန်က သူ့ရဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း အေးအေးဆေးဆေး မေးလိုက်သည်။

​ ဝန်ကြီးချုပ် ရှောင်ကော်လျန်က အလျင်အမြန် ပြောလိုက်သည်– “အရှင်မင်းကြီး၊ အရှင့်ရဲ့ အမိန့်ကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးတော်မူပါ။ အဲ့ဒီ ကုန်သည်တွေကို သတ်လို့မရပါဘူး၊ သူတို့ရဲ့ ကုန်ပစ္စည်းတွေကိုလည်း သိမ်းလို့မရပါဘူး! သူတို့ရဲ့နောက်ကွယ်မှာ သြဇာကြီးမားတဲ့ မိသားစုကြီးတွေ ရှိနေပြီး သူတို့ရဲ့ အမြစ်တွေက နက်ရှိုင်းလွန်းတဲ့အတွက် ကျွန်တော်မျိုးတို့ မစိန်ခေါ်သင့်ပါဘူး! သူတို့တွေ ဒေါသထွက်သွားတာနဲ့ ကျွန်တော်မျိုးတို့ရဲ့ နိုင်ငံတော်နဲ့ အိုးအိမ်တွေ ပျက်စီးဖို့ သိပ်မလိုတော့ပါဘူး!”

​ “ဟုတ်ပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့က မို နိုင်ငံတော်ကို ရန်စပြီးသားဖြစ်လို့ တခြားအင်အားကြီးတဲ့ ရန်သူတွေကို ထပ်ပြီး ရန်မစသင့်ပါဘူး။ အခုချိန်မှာ ရပ်လိုက်ရင် နောက်မကျသေးပါဘူး!” စစ်သူကြီး ချိုင်ယူလန်ကပါ အကြံပေးလိုက်သည်။

​ လင်းပိုင်ဖန်က သူ့လက်ကို ဂရုမစိုက်စွာဖြင့် ဝှေ့ယမ်းလိုက်ပြွး– “တော်လောက်ပြီ၊ ငါကိုယ်တော် ဆုံးဖြတ်ပြီးသွားပြီ! စစ်ပွဲကြောင့် ဖြစ်လာတဲ့ ပရမ်းပတာထဲကနေ အမြတ်ထုတ်နေတဲ့ ဒီကုန်သည်တွေကို ငါ့ကိုယ်တော်ရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် သတ်ပစ်ရမယ်! သူတို့တွေကို ဖယ်ရှားလိုက်တာနဲ့ ပြည်တွင်း တည်ငြိမ်မှုက အလိုလို ပြန်ရလာမှာပဲ!”

​ “ဒါပေမဲ့ သူတို့ကို တကယ်ပဲ ရန်စလို့မရပါဘူး၊ နိုင်ငံတော် ပျက်စီးသွားနိုင်ပါတယ်…”

​ လင်းပိုင်ဖန်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်– “ မောင်မင်းတို့ မှတ်ထားလိုက်၊ ရှ နိုင်ငံတော်က ဘယ်တော့မှ ပျက်စီးမှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ငါကိုယ်တော်ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီးတောင် အင်အားကြီးမားလာလိမ့်မယ်! တခြားဘာမှ မရှိရင်တော့ မောင်မင်းတို့ ပြန်လို့ရပြီ!”

​ “အရှင်မင်းကြီးခင်ဗျာ…”

​ “ငါကိုယ်တော် ပင်ပန်းနေပြီ၊ မောင်မင်းတို့ အားလုံးပြန်လို့ရပြီ”

All Chapters