← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

ရှနိုင်ငံတော်ရဲ့ အဓိက အမတ်ကြီးနှစ်ပါးသည် စိတ်ပျက်အားငယ်မှု အပြည့်ဖြင့် ထွက်ခွာသွားခဲ့ကြသည်။

အဲ့ဒီအချိန်တွင် လင်းပိုင်ဖန်က ကုန်သည်တွေနှင့် သြဇာကြီးမားတဲ့ မိသားစုကြီးတွေက ကုန်သည် အသိုင်းအဝိုင်းကို သုတ်သင်ရှင်းလင်းနေသည်ဟူသော သတင်းသည် နိုင်ငံအနှံ့ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းသည် မို နိုင်ငံသို့လည်း ရောက်ရှိသွားပြီး မိုနိုင်ငံရဲ့ ဧကရာဇ်သည်လည်း သိရှိသွားခဲ့သည်။

မို နိုင်ငံဧကရာဇ်သည် အံ့ဩထိတ်လန့်သွားပြီး ကြောင်အသွားခဲ့သည်။ “ဒီငယ်ရွယ်တဲ့ ဧကရာဇ်က ရူးသွားပြီလား။ ဒီကုန်သည်တွေက မိသားစုကြီးတွေရဲ့ ကျောထောက်နောက်ခံရှိနေတာကို၊ ငါတောင် သူတို့ကို မထိရဲဘူး။ ဒါပေမဲ့ သူကတော့ သူတို့အားလုံးကို သတ်ပစ်လိုက်ပြီလား”

“မှန်ပါတယ်၊ အရှင်မင်းကြီး။ ကျွန်တော်မျိုး ဒီသတင်းကိုရတော့ ယုံတောင်မယုံနိုင်ခဲ့ဘူး။ ဒီလို ယုတ်မာပက်စက်ပြီး ရူးသွပ်တဲ့ လုပ်ရပ်ကို ကျူးလွန်ရဲတာက! ကောင်းကင်က သူ့ကိုဖျက်ဆီးချင်တော့ ပထမဆုံး သူ့ကို ရူးသွပ်အောင်လုပ်လိုက်တယ်လို့ပဲ ပြောရပါတော့မယ်” အမတ်တွေက ရယ်မောရင်း ပြောဆိုခဲ့ကြသည်။

မို နိုင်ငံ ဧကရာဇ်သည်လည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့! အရူးတစ်ယောက်ပဲ ဒီလိုအရူးလုပ်ရပ်မျိုးကို လုပ်နိုင်လိမ့်မယ်”

ထိုအခိုက်တန့်တွင် စစ်သူကြီးများက အသံကျယ်ကျယ်ဖြင့် လျှောက်တင်ခဲ့ကြသည်။ “အရှင်မင်းကြီး၊ ဒါက ကောင်းကင်ကပေးတဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့…”

“မလောနဲ့၊ မလောနဲ့” မို နိုင်ငံဧကရာဇ်က အပြုံးဖြင့် လက်ကာပြလိုက်ပြီး လောကရှိ အသိဉာဏ်ပညာ အားလုံးကို ကိုင်စွဲထားသကဲ့သို့ ပြောလိုက်သည်။ “အဲ့ဒီ ငယ်ရွယ်တဲ့ ဧကရာဇ်က လူတွေကိုသတ်ပြီး ရူးသွပ်နေပြီ။ ကုန်သည်တွေရဲ့ နောက်ကွယ်က မိသားစုတွေက သူ့ကို လက်စားမချေရမခြင်း ဘယ်တော့မှ အနားယူမှာမဟုတ်ဘူး။ ငါတို့တွေ လက်တောင်မှ လှုပ်စရာ လိုမှာ မဟုတ်ဘူး။ ရှ နိုင်ငံတော်က သူ့ဘာသာပဲ ပျက်ဆီးသွားလိမ့်မယ်၊ ဟား…ဟား..!”

“အရှင်မင်းကြီးရဲ့စကားဟာ အလွန်ကို ထက်မြက်လှပါတယ်!” အရာရှိများက တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။

“ငါတို့ ဆက်ပြီး ပြင်ဆင်ထားရပါမယ်။ ဒါပေမဲ့ ခဏလောက် စောင့်ပြီး မိသားစုကြီးတွေက ပထမဆုံး လှုပ်ရှားတာကို စောင့်ကြည့်ကြတာပေါ့! ရှ နိုင်ငံတော် ပြိုလဲပြီး မခုခံနိုင်တော့တဲ့အခါမှ နိုင်ငံရဲ့ တပ်တွေ စေလွှတ်ပြီး ရှ နိုင်ငံကို တစ်ချက်တည်းနဲ့ သိမ်းပိုက်လိုက်မယ်! ဟား….ဟား..”

“အရှင်မင်းကြီးဟာ အလွန် ဉာဏ်ပညာရှိလှပါတယ်!” အရာရှိများက တစ်ဖန် တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။

သြဇာကြီးမားတဲ့ မိသားစုက ပုဂ္ဂိုလ်ကြီးတွေလည်း ဤကိစ္စကို သိရှိသွားကြပြီး ဒေါသတကြီး ဖြစ်နေကြသည်။

သေးငယ်တဲ့ နိုင်ငံ တစ်နိုင်ငံမှ ဧကရာဇ်တစ်ပါးက သူတို့ရဲ့ ကုန်သည်များကို သတ်ဖြတ်ပြီး သူတို့၏ ကုန်ပစ္စည်းများကို လုယက်ရဲလိမ့်မည် မျှော်လင့်မထားခဲ့ကြချေ။ ဤသည်မှာ လုံးဝကို ရန်စလိုက်ခြင်းပင်ဖြစ်ပြီး သူတို့၏ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်ခြင်းပင်ဖြစ်သည်။

ဤကဲ့သို့သော အပြုအမူမျိုးသည် စက်ဆုပ်ဖွယ်ကောင်းပြီး လုံးဝကို သည်းမခံနိုင်စရာပင် ဖြစ်သည်။

မဟုတ်ပါက လူတိုင်းက မိမိတို့ မိသားစုကြီးတွေရဲ့ လူတွေက အနိုင်ကျင့်ရန် လွယ်သည်ဟု ထင်ကြပေလိမ့်မည်။

ထို့ကြောင့် သူတို့က ချက်ချင်းပင် လှုပ်ရှားခဲ့ကြသည်။ ရှ နိုင်ငံ၏ စီးပွားရေးကို ပိတ်ဆို့ရန် ပူးပေါင်းလိုက်ပြီး ရှ နိုင်ငံနှင့် ပြင်ပ ကမ္ဘာကြားရှိ ကုန်သွယ်ရေးအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

မည်သူမဆို ရှ နိုင်ငံတော်နှင့် ဆက်လက်ပြီး ကုန်သွယ်နေပါက ဩဇာကြီးမားသော မိမိတို့၏ မျိုးနွယ်စုကြီးတွေကို ဆန့်ကျင်နေခြင်းပင် ဖြစ်လိမ့်မည်။

ဤကဲ့သို့သော အပြစ်ပေးမှုမျိုးသည် တိုင်းပြည်ကို စီးပွားရေးအရ သတ်လိုက်ခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှ နိုင်ငံသည် လူဦးရေ နည်းပါးပြီး မြေဩဇာခေါင်းပါးကာ အရင်းအမြစ်များ ရှားပါးသောကြောင့် အရာ များစွာအတွက် ပြည်ပမှ တင်သွင်းမှုကို အလွန်အမင်း အားထားနေရသောကြောင့် ဖြစ်သည်။ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသည်နှင့် အစားအစာ ရရှိရေးပင် ပြဿနာရှိလာမှာ ဖြစ်ပြီး နိုင်ငံသည်လည်း လျင်မြန်စွာ ပြိုလဲသွားပေလိမ့်မည်။

လူများစွာက တစ်ဦးပြီးတစ်ဦး ခေါင်းခါရုံသာ တက်နိုင်ခဲ့ကြသည်။

“ရှ နိုင်ငံကတော့ တကယ်ကို ပြီးပြီ။ ဩဇာကြီးတဲ့ မျိုးနွယ်စုကြီးတွေကို စော်ကားရင် ဒီလို ဖြစ်လာမှာပဲ!”

“သူတို့က အရေးကြီးတဲ့ အဓိက အချက်အချာ နေရာကို လျင်မြန်စွာနဲ့ ရက်စက်စွာ တိုက်ခိုက်လိုက်တာပဲ!”

“အဲ့ဒီ ငယ်ရွယ်တဲ့ ဧကရာဇ်ကလည်း သူ့ရဲ့ မိုက်မဲမှုအတွက် အပြစ်ကို ခံစားရတော့မယ်!”

“ဒီတစ်ခါတော့ နတ်ဘုရားတွေကတောင် သူ့ကို ကယ်နိုင်မှာမဟုတ်တော့ဘူး!”

ရှ နိုင်ငံတော်သည် ရှုပ်ထွေးပြီး ပရမ်းပတာ အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ရှ နိုင်ငံသား အများအပြားက မျှော်လင့်ချက်ကို မမြင်ရတော့ဘဲ စစ်ပွဲတွင် အမြှောက်စာ မဖြစ်ချင်သောကြောင့် အလျင်အမြန်ပဲ ထွက်ပြေးခဲ့ကြသည်။

ကုန်သည် အများအပြားသည်လည်း လင်းပိုင်ဖန်က သူတို့၏ ကုန်သည် အသိုင်းအဝိုင်းကို ရက်စက်စွာ ဆက်ဆံသည်ကို မြင်ပြီးကတည်းက စိတ်ဓာတ်ကျနေခဲ့ကြသည်။ စီးပွားရေး ပိတ်ဆို့မှုကိုပါ မြင်လိုက်ရသောအခါ လုပ်စရာ စီးပွားရေးမရှိတော့သည်ကို သဘောပေါက်ပြီး သဘာဝအတိုင်းပဲ ထွက်ပြေးခဲ့ကြသည်။

လမ်းမများတွင်လည်း လူအသွားအလာ နည်းပါးလာပြီး တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။

နန်းတွင်းမှာပင် အရာရှိ အများအပြားက ထွက်ပြေးစ ပြုနေပြီဖြစ်သည်။

ဒီတစ်ကြိမ်တွင် လင်းပိုင်ဖန်က နန်းတွင်း အစည်းအဝေးသို့ တက်ရောက်သောအခါ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ သုံးပုံတစ်ပုံခန့် ပျောက်နေသည်ကို သတိပြုမိလိုက်သည်။

ထိုအခြေအနေကို ကြည့်ရင်း လင်းပိုင်ဖန်က ခပ်ဖွဖွ ပြုံးလိုက်မိသည်။ “ဒီလို အသုံးမကျတဲ့ ငကြောက်တွေ ထွက်ပြေးသွားတာက ပိုကောင်းသေးတယ်၊ ငါကိုယ်တော် ကိုယ်တိုင် ရှင်းထုတ်ရမယ့် ဒုက္ခသက်သာသွားတာပေါ့” ဟု ပြောလိုက်သည်။

ရှ နိုင်ငံတစ်ခုလုံး၏ အခြေအနေကို စကားလုံး တစ်လုံးဖြင့် ဖော်ပြရလျှင် “ပရမ်းပတာ” ဟု ပြောနိုင်သည်။

ဤပရမ်းပတာကြားတွင် လင်းပိုင်ဖန်က သူ၏ ဇိမ်ရှိလှတဲ့ ဘဝကို ဆက်လက် နေထိုင်ပြီးတော့ သူ၏ ပူပူနွေးနွေး ကြင်ယာတော် ဝမ်ရှန်ကျန်းနှင့်အတူ ပျော်ရွှင်စွာ အချိန်ဖြုန်းကာ စိုးရိမ်စရာ မရှိသော ဘဝတွင် နေထိုင်ခဲ့သည်။

ကြင်ယာတော် ဝမ်ရှန်ကျန်းသည်လည်း နောင်တ အပြည့်ဖြင့် ပြောဆိုလာခဲ့သည်။ “အရှင်မင်းကြီး၊ ဒါတွေအားလုံးက ကျွန်မကြောင့်ပါ!”

လင်းပိုင်ဖန်က အံ့ဩသွားပြီး “ဘာလို့ အဲ့လိုပြောရတာလဲ”

ဝမ်ရှန်ကျန်းက မျက်ရည်ကျလုနီးပါး ဖြစ်နေပြီး “ကျွန်မဟာ ကံဆိုးမိုးမှောင် ကျစေတဲ့ နတ်ဆိုးကြယ်ကနေ မွေးဖွားလာတာပါ။ ကျွန်မရောက်လာတာက အရှင်မင်းကြီးကို ပြဿနာတွေ၊ ကပ်ဘေးတွေ အများကြီးယူဆောင်လာတာပါ။ ဒါတွေအားလုံး ကျွန်မအမှားပါ…”

သူမသည် အရာအားလုံးအတွက် သူ့ကိုယ်သူ အပြစ်တင်နေသည်။

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး ဝမ်ရှန်ကျန်း၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။ “အကျွန်ုပ်ရဲ့ ချစ်လှစွာသော မိဖုရား၊ သိပ်ပြီးတော့ များများစားစား မတွေးပါနဲ့။ ဒါတွေက မင်းနဲ့မဆိုင်ပါဘူး။ ဒါတွေအားလုံးကို ငါကိုယ်တော် တမင်တကာကို လုပ်ခဲ့တာ! ဆိုရိုးစကားရှိတာပဲ ဖျက်ဆီးမှုမရှိဘဲ တည်ဆောက်ဖို့က မဖြစ်နိုင်ဘူး။ အဟောင်းကို အရင်မပြိုလဲစေဘဲ ခေတ်သစ်ကို ဘယ်လိုလုပ် ကြိုဆိုနိုင်မှာလဲ” ဟု ပြောလိုက်သည်။

“အရှင်မင်းကြီး၊ အမှန်ပြောနေတာလား” ဝမ်ရှန်ကျန်းက မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် ရှုပ်ထွေးနေသည်။

လင်းပိုင်ဖန်က အသံကျယ်လောင်စွာနဲ့ ကြေညာလိုက်တယ် “ငါကိုယ်တော်ရဲ့ စကားတွေက ရွှေလို တန်ဖိုးရှိပြီး ပတ္တမြားလို စင်ကြယ်တယ်။ မင်းကို ဘယ်လိုလုပ်ပြီး လှည့်စားရမှာလဲ”

“အရှင်မင်းကြီး၊ ဒါဆို ကျွန်မ စိတ်အေးရပြီ” ဝမ်ရှန်ကျန်းသည် လင်းပိုင်ဖန်၏ ရင်ခွင်ထဲသို့ မှီလိုက်သည်။

သူမသည် ထိုယောက်ျား၏ ကိုယ်ခန္ဓာရဲ့ နွေးထွေးမှုကို တပ်မက်စွာ ခံစားပြီး သူ့အနံ့ကို ရှူရှိုက်လိုက်ရင်း စွဲလန်းမှုတွေဖြင့် ပြည့်နေခဲ့သည်။

တခြားသူတွေက သူ့ယောက်ျားကို အာဏာရှင် တစ်ဦး၊ မိုက်မဲတဲ့ အုပ်စိုးသူတစ်ဦးလို့ ပြောကြပေမယ့်။

သူမအတွက်မူ ဤယောက်ျားသည် သူမအပေါ် အလွန်ကောင်းပြီး သူမကို အားပေးထောက်ခံမှု၊ နွေးထွေးသော အိမ်တစ်ခုကို ပေးခဲ့သည်။ သူမ တစ်သက်တာလုံး လိုက်နာရမည့် ယောက်ျားပင်ဖြစ်သည်။

သူမသည် သူမ၏ နှလုံးသားထဲတွင် လျှို့ဝှက်စွာဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အရှင်မင်းကြီးသာ ကွယ်လွန်သွားပါက သူမ တစ်ယောက်တည်း အသက်ဆက်ရှင်သန်နိုင်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် မနီးမဝေးရှိ ခေါင်မိုးစွန်းပေါ်မှ ငွေရောင် ခေါင်းလောင်းသံများ ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။

“ဧကရာဇ်လေး၊ ဒီလောက် အေးအေးလူလူနဲ့ ရိုမန်တစ်ဆန်တဲ့ဘဝကို နေထိုင်နေတာပဲ! နိုင်ငံက ပရမ်းပတာဖြစ်နေပြီး လုံးဝ ရှုပ်ထွေးနေတာကို ဒီမှာ မင်းကတော့ လှပတဲ့ မိဖုရားလေးနဲ့ အေးအေးလူလူ ကလူးနေတယ်။ လူတိုင်းက မင်းကို နိုင်ငံထက် အလှကို ပိုချစ်တဲ့ အုပ်စိုးသူလို့ ပြောနေကြတာကို အခုတော့ ယောင်ယောင် တကယ်ယုံလိုက်ပြီ၊ ဟီး..ဟီး..”

အနီးနားရှိ နန်းတွင်းအစောင့်များ၏ မျက်နှာများသည် အရောင် ပြောင်းသွားခဲ့သည်။

“ဘယ်သူလဲ”

All Chapters