အခန်း (၇၆၁)
Vol. 55 Ch. 761
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် ခေါင်းကုတ်လိုက်သည်။
" ငါ နည်းနည်းတော့ ခေါင်းရှုပ်နေတယ်... ဒါပေမယ့် နည်းနည်းလောက် ဆက်ကြည့်ချင်သေးတယ် ။ မင်း ငါ့ကို အတင်းကြီးတော့ ထွက်မသွားခိုင်းဘူး မဟုတ်လား "
လက်ချောင်းရိုးအရိပ် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
" ထွက်သွားတာ မသွားတာက မင်းရွေးချယ်မှုပါ "
သူ ပြောပြီးသည်နှင့် အချိန်မြစ်ရှည်ဘက် လှည့်ကြည့်လိုက်သည်။
ထို တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပေတော့မည်..
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာ တခဏမျှ အံ့သြမှင်သက်နေသေးသော်လည်း... ရုတ်တရက် အသိဝင်သွား၏။
ထို အနာဂါတ်မှလာသော တိုက်ခိုက်မှုမှာ.. လောထျန်းကို မရွယ်ထားဘဲ လက်ချောင်းရိုးအရိပ်အား ရွယ်ထားခြင်းပါပင်...
ထို့နောက်တင်မူ... ထိုအစွမ်းကြီးက လက်ချောင်းရိုးအရိပ်ဆီသို့ တိုးဝင်လာပြီး..
ဖြောင်း...
လက်ချောင်းရိုးပေါ်၌ မရေမတွက်နိုင်သော အက်ရာများ ပြွတ်သိပ်စွာပေါ်လာကာ.. ၎င်းက အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မလို ဖြစ်သွားသည်။
ထိုအချိန်တွင်.. လက်ချောင်းရိုးအရိပ်၏ အစွမ်းမှာလည်း ကြောက်မက်ဖွယ်အဆင့်ထိ တိုးသွားပါ၏။
သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ ထိုသို့သော အစွမ်းမျိုးကို ခံနိုင်ပုံမရဘဲ တွန့်လိမ်လာပြီး နည်းနည်းချင်းစီ ပြိုကွဲလာတော့သည်။
တဖက်မှ ပြန်လည်မွေးဖွားခြင်း အမှတ်အသား
ပိုင်ရှင်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြတုန်လှုပ်နေတော့၏။
" မင်း... မင်းက ထျန်းယွမ်ကမ္ဘာကို တိုက်ရိုက်ဖျက်ဆီးတော့မလို့လား.. ။ မဟုတ်သေးဘူး.. မင်းက ချင်းမင်ကမ္ဘာ တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်ချင်နေတာပဲ "
သူ အော်ပြောလိုက်သည်။
သို့သော် လက်ချောင်းရိုးအရိပ်မှာ သူ့အား အာရုံရှိတော့ဟန်မတူဘဲ လောထျန်းဘက် လှည့်၍သာ ပြော၏။
" လောထျန်း ၊ ငါ့ရဲ့ ဒီကိုယ်ပွားပုံရိပ်က သေရတော့မှာကွ ။ ဒါပေမယ့်.. မင်းလဲ အသက်ရှင်နိုင်မယ်လို့ မထင်နဲ့ "
ဝုန်း ..
သူ ပြောကာ တိုက်ခိုက်လိုက်တော့သည်။
ချက်ချင်းမှာပင် ကောင်းကင်နှင့်မြေကြီး ရှုပ်ထွေးသွားကာ.. လေထုလည်း ပြိုကွဲလာ၏။
" ဒီကောင်... "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာလည်း ဆက်မနေရဲတော့ဘဲ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့သာ ထွက်ပြေးလိုက်ရတော့သည်။
အမှန်တွင်မူ.. သူ ထိုကိုယ်ပွားပုံရိပ်အား ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲမှ အပြင်သို့လွှတ်ရန် များစွာပေးဆပ်ခဲ့ရသဖြင့် ထိုသို့ မလုပ်လိုပါချေ။
ဤတစ်ကြိမ် သူ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ပြန်ဝင်သွားပြီးပါက နောက်တစ်ကြိမ် ထပ်ထွက်နိုင်ရန် အချိန်မည်မျှ ကြာဦးမည် မသိပါ ။
သို့သော် သူ့တွင် အခြားရွေးချယ်စရာလည်း ရှိမနေပေ။
သူသာ ထွက်မသွားပါက ကိုယ်ပွားပုံရိပ်မှာ ဤနေရာ၌ သေဆုံးရပေမည်။
သူသည် လက်ချောင်းရိုးအရိပ်ကဲ့သို့ ကိုယ်ပွားပုံရိပ် များစွာ မရှိထားသည့်အတွက် ထိုဆုံးရှုံးမှုမျိုး အဖြစ်
မခံနိုင်ပါချေ။
ထို့ကြောင့်လည်း နောက်ဆုတ်ရန် သူ ဆုံးဖြတ်လိုက်ရခြင်းပင် ။
ထိုစဥ် တဖက်မှ လက်ချောင်းရိုးအရိပ်က လောထျန်းအား လက်ညိုးညွှန်လိုက်၏။
" လောထျန်း ၊ ငါ့ရဲ့ ဒီလက်ချောင်းက လက်ရှိ စကြဝဠာ တစ်ခုလုံးမှာ အစွမ်းအထက်ဆုံး သိုင်းကွက်ပဲကွ။ မင်း ဒါကို ခံနိုင်မယ်လို့ ငါ မယုံဘူး "
သ ပြောပြောဆိုဆိုပင် လက်ချောင်းထဲသို့ အားပြင်းလှသောအစွမ်းများ ထုတ်လွှတ်လိုက်၍.. မရေမတွက်နိုင်သော လမ်းစဥ်ထွင်းစာများ ဖန်တီးလိုက်သည်။ ထို့နောက် ၎င်းထွင်းစာများအား ဖိခြေလိုက်ပါ၏။
လေထုတစ်ခုလုံး အရှုပ်အထွေးတို့ဖြင့် ပြည့်သွားကာ.. ကောင်းကင်နှင့်မြေကြီး အထက်အောက် ပြောင်းပြန်လှန်သွားပြီး စည်းမျဥ်းများလည်း
ပြောင်းပြန်ဖြစ်ကုန်ကြတော့သည်။
ထိုလက်ချောင်းက လောထျန်းအတွက်လည်း ကြီးစွာသော ခြိမ်းခြောက်မှုကြီး ဖြစ်သွားသည်မှာ ထင်ရှားပါသည်။
သူ့အသက်က အန္တရာယ်ထဲ ရောက်နေသည့် ခံစားချက်ကို လောထျန်း ပထမဆုံးအကြိမ် ခံစားလိုက်ရပါ၏။
သို့သော် လက်ရှိအချိန်တွင် သူ ၎င်းကို ရှောင်တိမ်း၍လည်း မရနေပါ ။
အကယ်၍ သူ ထျန်းယွမ်ကမ္ဘာအား လက်လွတ်လိုက်လျှင်ပင် ထိုလက်ချောင်းအစွမ်းက သူ့အပေါ် သက်ရောက်လာဦးမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ.. ၎င်းကို ရင်ဆိုင်တိုက်ခိုက်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား..
သူ ဘာကို ကြောက်နေရပါဦးမည်နည်း..
" ယား... "
လောထျန်း ညာသံပေးအော်လိုက်ရာ မဟာတာအိုလမ်းစဥ် ခြောက်ခု ပေါ်လာပြန်သည်။
သူ့ ကြောက်မက်ဖွယ် အစွမ်းလည်း ပေါက်ထွက်လာ၏။
ဝုန်း ..
ထို့နောက်တွင်မူ အစွမ်းနှစ်ခု ထိပ်တိုက်တွေ့သွားကြပြန်တော့သည်။
သို့သော် ... တခဏအကြာတွင်ကား... ဖော်ပြရမရနိုင်သည့် ဖိအားကြီး လာနေသည်ကို လောထျန်း ခံစားလိုက်ရ၏။
ခြေတစ်လှမ်း... နှစ်လမ်း... သုံးလမ်း...
လောထျန်း နောက်ဆုတ်နေရလေပြီ..
သူ အစွမ်းချင်းယှဥ်ရာတွင် ရှုံးနိမ့်သွားခဲ့လေပြီ ။
" ဒါ.. "
လောထျန်း တုန်လှုပ်သွားတော့သည်။
သို့သော်.. တဖက်မှ လက်ချောင်းရိုးအရိပ်က သူ့ထက်ပင် ပိုတုန်လှုပ်နေသည်ကိုမူ သူ မသိရှာပါ ။
" ဟင် .. ဒါနဲ့တောင် သူ့ကို တန်းပြီးမသတ်နိုင်ဘူးလား ။ ချီး... ဒီကောင်က အခုမှ တုကျဲ့အဆင့်ပဲ ရှိသေးတာလေ ၊ ငါက သူ့ထက် ကျင့်ကြံခြင်းအဆင့် ဆယ်ဆင့်ကျော်တောင် ပိုသာတာ "
လက်ချောင်းရိုးအရိပ်၏ ရင်ထဲ ဒေါသတို့ တိုးလာတော့၏။
ထိုစဥ်တွင် ..
ဝုန်း ...
လက်ချောင်းရိုး တစ်ဝက်က အမှုန့်အဖြစ် ရုတ်တရက် ပြိုကွဲသွားသည်။
" ဟင်... "
လက်ချောင်းရိုးအရိပ်မှာလည်း ပျောက်ကွယ်လုနီး
ဖြစ်သွားပါ၏။
" နောက်ကျသွားပြီကွ... ချီး... သေစမ်း "
သူ ပြောပြီး အစွမ်းကုန် စုစည်းလိုက်သည်။
ဝုန်း ...
ကြောက်မက်ဖွယ် ပမာဏနှင့် လက်ချောင်းအစွမ်းက လောထျန်းအား ဖိနှိပ်လာပြန်၏။
ဝုန်း...
လောထျန်းမှာ ထိုလက်ချောင်းအစွမ်းကြောင့် မြေကြီးထဲသို့ပင် ဖိနှိပ်ခံလိုက်ရသည်။
" သေစမ်းကွာ "
ထိုစဥ် လက်ချောင်းရိုးအရိပ်မှာလည်း အမြင်အာရုံ စပြီး ဝေဝါးလာ၏။
ဝုန်း..
လက်ချောင်းရိုး အပိုင်းတစ်ခု ထပ်ပြိုကွဲသွားပြန်သည်။
" စိတ်ဝိဥာဥ်အစွမ်း လောင်ကျွမ်းခြင်း "
ဝုန်း ...
အစောက လျော့ကျသွားခဲ့သော လက်ချောင်းအစွမ်းများ ဝုန်းခနဲ ပြန်တိုးလာသည်။
" ငါက မင်းကို သတ်ဖို့ဆို ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကိုတောင် လောင်ကျွမ်းပစ်ဖို့ ဝန်မလေးဘူး "
ဝုန်း...
လက်ချောင်းရိုးအရိပ် ပြောပြီး သူ့လက်ကျန် အစွမ်းအားလုံးဖြင့် လောထျန်းဆီသို့ ညွှန်လိုက်သည်။
ထို လက်ချောင်းအစွမ်းက လောထျန်းအား တည့်တည့်မတ်မတ် ထိသွားသည်ကို မြင်ရချိန်တွင်မူ လက်ချောင်းရိုးအရိပ်၏ မျက်နှာထက်တွင် အပြုံး
တစ်ခု ပေါ်လာတော့၏။
ထို တိုက်ခိုက်မှုကို အသက်ရှင်လျက် တောင့်ခံနိုင်သူ မည်သူမှ မရှိနိုင်ပါချေ။
သူ ၎င်းကို သေချာပေါက် ပြောနိုင်ပါသည်။
ထို့နောက်တွင်မူ..
ဝုန်း ..
နောက်ဆုံးလက်ကျန် လက်ချောင်းအရိုး ပြိုကွဲသွားကာ လက်ချောင်းရိုးအရိပ်မှာလည်း ပြာမှုန့်အဖြစ် ပြောင်းသွားတော့သည်။
တစ်ချိန်တည်းမှာပင်.
ဝုန်း... လက်ချောင်းအစွမ်းလည်း လုံးဝပေါက်ကွဲထွက်သွားသည်။
ထျန်းယွမ်ကမ္ဘာ တစ်ခုလုံး ဗြောင်းဆန်နေပြီး . .
ကမ္ဘာကြီး အဆုံးသတ်တော့မည့်ဟန်ပင် ပေါက်နေပါ
တော့၏။
ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီးနောက်...
အဆုံးအစမဲ့ကောင်းကင်မြို့တော် အပျက်အစီးများအတွင်း ရှိနေသော ဟင်းလင်းပြင်လေထုကြားထဲမှ..
ဝုန်း...
လက်တစ်ဖက် တိုးထွက်လာသည်။
ထို့နောက်..
" ဘုရားရေ.. တော်သေးတာပေါ့ ။ ငါက တကယ်ကြီး သေပြီထင်နေတာ ။ ဒါ အရှုပ်အထွေးလမ်းစဥ်လား.... ငါ့ရဲ့ အချိန်နောက်ပြန်လှည့်တဲ့ အစွမ်းကိုတောင် သုံးလို့မရဘူး "
လူတစ်ယောက် ထွက်လာ၏။
ထိုသူမှာ လောထျန်းပါပင်...
ထိုအချိန်တွင် လောထျန်း၏ ရင်ဘတ်နှင့် ဗိုက်ကြား
ထဲ၌ ဒဏ်ရာကြီးတစ်ခု ရှိနေပါသည်။
၎င်းမှာ လက်ချောင်းရိုးအရိပ်က သူ့အသက်ကို စတေးပြီး ချန်ထားခဲ့သော အမှတ်အသားဟု ပြောရလေမလား...
" ကြောက်စရာကောင်းလိုက်တဲ့ ကောင်ကွာ ။ သူက ငါ့ကို ဒီအခြေအနေထိ ဒဏ်ရာရအောင်တောင် လုပ်လိုက်နိုင်တယ် ။ ဒီ ဒဏ်ရာတွေကနေ ဘယ်တော့မှ ပြန်သက်သာမလဲ မသိပါဘူး... "
လောထျန်း စိုးရိမ်နေဟန်တူကာ မျက်မှောင်ကြုံ့သွားသည်။
သို့သော် တခဏအကြာမှာပင် သူ အံ့အားသင့်သွားရသည်။
အဘယ့်ကြောင့်ဆိုသော် သူ့ဒဏ်ရာက အစောကထက် ပိုသေးလာဟန် တူသောကြောင့်ပါပင် ။
" ဒါ... စိတ်ထင်တာများလား... "
လောထျန်း တခဏမျှ အံ့အားသင့်နေပြီးနောက်
မျက်လုံးကိုပွတ်၍ သေချာထပ်ကြည့်လိုက်ရာ.. သူ့ဒဏ်ရာက အမှန်တကယ်လည်း ပြန်သက်သာလာနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက်တွင်မူ.. လောထျန်း ရုတ်တရက်အသိဝင်သွားသည်။
" အသက်လမ်းစဥ် .... ၊ ဟုတ်သားပဲ.. အဲ့အစွမ်းက သူ့အလိုလို အသက်ဝင်ပြီး ငါ့ဒဏ်ရာတွေကို ကုပေးနိုင်တယ်လေ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထို့နောက် သူ ချက်ချင်း တင်ပျင်ခွေထိုင်ချလိုက်ပြီး.. အသက်လမ်းစဥ်ကို စတင်ကျင့်ကြံလိုက်တော့၏။
ထို့နောက်တွင်. .
ဝီ...
အစိမ်းရောင်အလင်းတန်း တစ်ခုက သူ့ကိုယ်ကို လွှမ်းခြုံလာသည်။
အသက်အစွမ်းများစွာလည်း တမဟုတ်ချင်း စုစည်းလာ၏။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးချိန်တွင်မူ.... လောထျန်း၏ ဒဏ်ရာများက အားလုံးနီးပါး ပြန်ကောင်းနေတော့သည်။
ထိုစဥ်မှသာ လောထျန်း သက်ပြင်းချနိုင်သွားသည်။
" အဲ့ကောင်ကြီးက တော်တော်ဆိုးတာပဲ ။ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရုံတင် မကဘူး... သူ့ရဲ့ ပြန်ပုန်ကန်ခြင်းလမ်းစဥ် တွေတောင် ငါ့ဒဏ်ရာမှာ ကျန်နေခဲ့သေးတယ် ။ ဒါတွေကြောင့်လဲ ငါ့ရဲ့ ဒဏ်ရာသက်သာတဲ့နှုန်းက နှေးနေတာ "
လောထျန်း ကြောက်စိတ်မပြယ်သေးဘဲ ရေရွတ်လိုက်၏။
လက်ချောင်းရိုးအရိပ်မှာကား ထိုစကားများကို မကြားနိုင်တော့ပါချေ။
သူ့အသက်ကိုပင် စတေးပြီး ကြိုးစားတိုက်ခိုက်ခဲ့
သော ရလဒ်က.... လောထျန်းအား ဆယ့်ငါးမိနစ်ခန့် ဒဏ်ရာရအောင်သာ လုပ်နိုင်ခဲ့သည်ကို သူ သိလျှင် မေ့ပင် လဲကျသွားမလား မသိပါ ။
တဖက်မှ လောထျန်းမှာကား သူ့ကိုယ်သူ သေချာစစ်ဆေးကြည့်လိုက်ပြီးနောက်.. သူ့ အဝတ်စားများ လုံးဝ ပျက်စီးနေသည်မှလွဲ၍ အခြား ဘာမှထိခိုက်မှု မရှိသည်ကို တွေ့ကာ သက်ပြင်းချလိုက်သည်။
ထို့နောက် သူ လက်ဆန့်ထုတ်၍ အတွင်းကမ္ဘာငယ်ထဲမှ ဟင်းလင်းပြင်လက်စွပ်တစ်ကွင်းကို ထုတ်ကာ အဝတ်စား လဲလိုက်၏။
" စောနတုန်းက ငါ သတိထားပြီး ဟင်းလင်းပြင်လက်စွပ်ကို အတွင်းကမ္ဘာငယ်ထဲ ထည့်ထားမိလို့ တော်သေးတာပေါ့ ။ အဲ့လို မဟုတ်ရင် ခုချိန် ဘာအဝတ်စားမှ ဝတ်စရာမရှိလို့ ရှက်စရာကြီး ဖြစ်နေတော့မှာ "
လောထျန်း ခေါင်းယမ်း၍ ပြောလိုက်သည်။ ထို့နောက် သူ့ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပါ၏။
လက်ရှိတွင် အဆုံးအစမဲ့ကောင်းကင်မြို့တော်မှာ
နေရာသေကြီးတစ်ခု ဖြစ်နေလေပြီ ။
ဘေးပတ်ဝန်းကျင်တွင်ကား အရှုပ်အထွေးလမ်းစဥ် အကြွင်းအကျန်များ ရှိနေသေးပြီး ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများနှင့် ရောယှက်နေသဖြင့် လေထုကို ပြန်ပြင်ရန်မှာ မလွယ်တော့ပါချေ။
ဤနေရာက သူလူ နေထိုင်၍မရသည့် နေရာတစ်ခု ဖြစ်လာခဲ့လေပြီ ။
လောထျန်း ခေါင်းယမ်းလိုက်ပြီးနောက် ထိုနေရာမှ တည်နေရာရွှေ့ပြောင်းကာ ပျောက်ကွယ်သွားသည်။
သူ ပြန်ပေါ်လာချိန်တွင်မူ အဆုံးအစမဲ့ကောင်းကင်မြို့တော်၏ နယ်မြေအပြင်ဘက်သို့ ရောက်သွားပြီဖြစ်၏။
" ဒါ.... "
လောထျန်း အပြင်ပြန်ရောက်ချိန်တွင် ... အဆုံးအစမဲ့ကောင်းကင်မြို့တော် အပြင်ဘက်မှ ထျမ်းယွမ်ကမ္ဘာသည်လည်း အစောပိုင်းက တိုက်ပွဲကြောင့် အကျိုးသက်ရောက်ခံခဲ့ရသည်ကို မြင်လိုက်ရသည်။
၎င်းမှာ အဆုံးအစမဲ့ကောင်းကင်မြို့တော် ကဲ့သို့ လုံးဝကြီး ဖျက်ဆီးမခံခဲ့ရသည့်တိုင် ... အခြေအနေ တော်တော်ဆိုးပါသည်။
" မဖြစ်ဘူး... ပျောင်ပိုင်မြို့... "
လောထျန်း လန့်သွားကာ နေရာမှ တည်နေရာရွှေ့ပြောင်းပြီး ပြန်ပျောက်ကွယ်သွားသည်။
မကြာခင်မှာပင်.. လောထျန်းတစ်ယောက် ပျောင်ပိုင်မြို့ရှေ့၌ ပြန်ပေါ်လာ၏။
ပျောင်ပိုင်မြို့မှာကား ယခင်အတိုင်း ရှိနေသေးပြီး ဘာမှထူးခြားပုံ မပေါ်သည်ကို မြင်မှသာ လောထျန်း သက်ပြင်းချနိုင်သွားသည်။
သို့သော်.. သူ ဆုမီတောင်ဘက် လှည့်ကြည့်လိုက်ချိန်တွင်မူ မျက်ခုံးပင့်သွားရ၏။
ဆုမီတောင်က ပြိုကွဲသွားခဲ့လေပြီ ...