“ကဲ… ဥုံ ဖွ… လက်စွပ်ထဲက အိပ်ပျော်နေတဲ့ နှစ်တသောင်းဝိဉာဉ် ဘိုးဘေးကြီး ထွက်လာပြီးတော့ ဒီသခင်လေးကို ဆေးနတ်ဘုရားဖြစ်အောင် သင်ပေးစမ်း” “ဟီးဟီး ရှောင်ယန်လိုမျိုး ဆေးနတ်ဘုရားဖြစ်လာ၊ ဂိုဏ်းချုပ်မမအချောလေးရယ် တစ်လောကလုံးက နတ်သမီးတွေကို သိမ်းပိုက်ပြီး မိန်းမလုပ်စာထိုင်စားပြီး နှပ်ပစ်မယ်ကွ ဟားဟား” “ကဲ ထွက်လာလော့… တပည့်အသင့်ဖြစ်ပြီ.. သင်ပေးတော့” ... အရာအားလုံးက တိတ်ဆိတ်... “ဟင် ဘာလို့ ထွက်မလာတာလဲ။ ဘိုးဘိုးခင်ဗျာ ထွက်လာပေးပါ” “ဟင်းးးးး ကြည့်ရသလောက်တော့ လက်စွပ်ထဲမှာ ဘိုးတော်ကြီး မရှိဘူးပဲ။ ကိစ္စမရှိဘူး…. ဉုံဖွ… စနစ်ထွက်လာစမ်း… ငါသခင်လေးကို လာခစားစမ်း.. အမိန့်ပေးတယ်” ….. အရာအားလုံးက နောက်တဖန် တိတ်ဆိတ်လျက်…. “ကျွတ် ကျွတ် ကျွတ်” (အိမ်မြှောင်စုတ်ထိုးသံ) “သောက် အိမ်မြှောင် သောက်ပေါက်ပိတ်ထားစမ်း။ ငါ့ကို လာမလှောင်နဲ့” “ကျွန်တော်မှားသွားပါတယ်ခင်ဗျာ။ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပေးပါ။ သခင်ကြီးစနစ်ရေ ပေါ်လာပေးပါခင်ဗျာ။ ကျွန်တော်က တလောကလုံးက အလှလေးတွေကို လိုချင်တဲ့ ရိုးသားတဲ့နှာဘူးလေးပါ။ တောင်းပန်ပါတယ်ခင်ဗျာ၊ ပေါ်လာပေးပါ… ထိုင်ကန်တော့ဆိုရင် ကန်တော့ပါမယ်” ….. နောက်တဖန်နှင့် နောက်တဖန် အရာအားလုံးက တိတ်ဆိတ်…. ဖြတ်တိုက်နေသော လေညှင်းလေးမှတပါး မည်သည့်အသံမှ ထွက်မလာချေ.. “အားးးးး မင်းမေကက်ဆက်ပဲ” “ငါ့မှာ စနစ်လည်းမရှိဘူး။ ငါ့ကို သင်ကြားပြသပေးမယ့် ဘာဝိဉာဉ်မှလည်း မရှိဘူး၊ ဘာဆေးပေါင်းအိုး၊ ဘာနတ်ဘုရားမျက်လုံးမှလည်း မရှိဘူး။ ဒါဆိုရင် ငါ့မှာ ဘာရွှေလက်ချောင်းမှ မပါလာဘူးပေါ့လေ။ ငါတော့ တရားဝင်ကို စမုံတုံးပြီဟ” ရုတ်တရက်… “အား.. ငါ့ခေါင်း… အားး နာတယ်ဟ အ အ ကယ်ကြပါဦး နောက်တကြိမ်မသေချင်ဘူးလို့” “အားးးးးးးးးးးးးးးးးးးးးးးးးး” “ကောင်းကင်ဘုံသိုင်းကျမ်း”

