Chapter 756
Vol. 54 Ch. 756
ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားတော့သည်။
စကားတစ်ခွန်းတည်း ပြောလိုက်ရုံဖြင့် ရတနာက ထွက်လာသတဲ့လား..
မလွန်လွန်းဘူးလား ...
သို့သော်.. သူ လောထျန်းအား လှည့်ကြည့်လိုက်မိချိန်တွင်မူ ၎င်းက အဓိပ္ပါယ်ရှိသလို ခံစားလိုက်ရပါသည်။
ထိုစဥ် ဘေးတွင်ရပ်နေသော ချင်းဝူချုံ၏ ကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု ရုတ်တရက် လက်သွား၏။
" ဟင်... ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် တက်တော့မယ်နဲ့တူတယ် "
" ကျုပ်ရဲ့ သွေးကလဲ.. ဆူပွက်ပြီးတော့ အဆင့်တက်
တော့မယ့်ပုံပဲ "
သခင်ကြီးထျန်းလုံကလည်း ပြောသည်။
" ကျုပ်ရောပဲ ... အရင်လို မဟုတ်တော့ဘူးလို့ ခံစားနေရတယ် "
လူများအားလုံးနီးပါးပင် သူတို့ကိုယ်၌ အပြောင်းအလဲများ ဖြစ်လာသည်ကို ခံစားလိုက်ကြရသည်။
ထိုစဥ်မှာပင် အဖြူရောင်အလင်းလုံးက လောထျန်းရှေ့ မျောလွင့်လာ၏။
၎င်းက လောထျန်းအနီး ရောက်ချိန်မှာပင် .
ဝီ ...
အဖြူရောင်အလင်းတန်းက အရောင်ပိုတောက်လာကာ...
အားပြင်းသော ဖိအားတစ်ခုက အားလုံးကို လွှမ်းခြုံလာသည်။
" ဒါ... "
သူတို့ထဲတွင် ယောင်ချီ နတ်ဘုရားသခင်မကြီးက မခုခံနိုင်တော့ဘဲ မြေပြင်သို့ ဦးစွာဒူးထောက်ကျသွား၏။
ထို့နောက်တွင် သခင်ကြီးထျန်းလုံ ၊ ချင်းဝူချုံ နှင့် ကျန်လူများလည်း ဖိအားဒဏ်ကို မခံနိုင်ကြတော့ဘဲ မြေပြင်သို့ ဒူးထောက်လျက်သား ကျသွားကြသည်။
သူတို့ပြီးနောက်.. လောရုံ ၊ လောရှောင်ရှောင်း နှင့် ကျန်လူများ ... ။ သူတို့သည်လည်း အချိန်အတန်ငယ်လေးသာ တောင့်ခံနိုင်ပြီး... မြေပြင်သို့ ဒူးထောက်သွားကြ၏။
" ဘာတွေ.. ဖြစ်နေတာလဲ "
သခင်ကြီးထျန်းလုံက ခက်ခက်ခဲခဲ အားယူ၍ မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာမူ သူတို့လိုမဟုတ်ဘဲ စိတ်ဝိဥာဥ် အရိပ်တစ်ခုသာ ဖြစ်ပါ၏။ သို့သော် သူသည်လည်း ဖိအားကို မခံနိုင်တော့ဘဲ ကြောက်လန့်
တကြား ဆိုသည်။
" ဒီရတနာက စောနက လောထျန်း ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်လို့ ဒေါသထွက်နေတာများလား ။ ဟင် ... အဲ့လိုပဲ ဖြစ်ရမယ် "
ထိုအချိန်တွင် အလင်းလုံးက လောထျန်းရှေ့ ရောက်သွားခဲ့လေပြီ ။
ဝီ ...
အလင်းရောင်က ပိုပိုတောက်လာကာ လောထျန်းအား ရုတ်တရက် လွှမ်းခြုံလာ၏။
" အကိုထျန်း ... "
လောရုံ ကြောက်လန့်တကြား အော်လိုက်သည်။
သူတို့ခံစားရသော အကြွင်းအကျန်ဖိအားလေးသည်ပင် ဤမျှ ကြောက်စရာကောင်းနေပါက...
လောထျန်း ခံနေရသည့် ဖိအားမှာ မည်သို့ရှိမည်နည်း ။
ထိုစဥ်တွင် လောထျန်းမှာလည်း ဖိအားဒဏ်ကို အမှန်တကယ်ပင် ခံစားနေရပါ၏။
သူ့အား ဖိအားဒဏ်ကို ပထမဆုံး ခံစားရအောင် လုပ်နိုင်သည့် ရှေ့မှ အလင်းလုံးအား သူ သေချာစိုက်ကြည့်လိုက်သည်။
၎င်းဖိအားက သူ့ကို မသက်မသာဖြစ်အောင်ထိ မလုပ်တိုင်သည့်တိုင် သူ သေချာပင် ခံစားမိပါသည်။
လောထျန်း ထိုအလင်းလုံးကို ဖိနှိပ်ရန်အတွက် လက်လှမ်းမည့်ပုံ ပြင်လိုက်စဥ်မှာပင် ..
ဝီ ... ဝီ .... ဝီ ... ဝီ .....
လောထျန်း၏ အသိစိတ်ပင်လယ် အတွင်းပိုင်းထဲမှ ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်က သူ့အလိုလို အရောင်လက်လာကြသည်။
ထိုသိုင်းကျမ်း ကိုးအုပ်လုံးမှ နတ်ဘုရားအလင်းတန်း ကိုးခု တိုးထွက်လာ၏။
လောထျန်း၏ အရောင်အဝါလည်း ရုတ်ချည်းပြောင်းသွားသည်။
" ဒါ... "
လောထျန်း အံ့သြမှင်သက်သွားရတော့သည်။
ကောင်းကင်ဘုံသိုင်းကျမ်းကိုးအုပ်က အပြင်မှ အရာတစ်ခုအား သူ့အလိုလို တုန့်ပြန်သည်မှာ ယခုက ပထမဆုံးပါပင် ။
ဘာတွေ ဖြစ်နေပါသလဲ ...
ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်ကိုပင် ထိုသို့ တုန့်ပြန်လာအောင် လုပ်နိုင်သည့် အဖြူရောင်အလင်းလုံးက ဘာပါနည်း ။
တဖက်မှ အလင်းလုံးမှာလည်း စစချင်းတွင် လောထျန်းဆီသို့ ဖိအားများ ထုတ်လွှတ်နေခဲ့ရာမှ ...
ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်၏ နတ်ဘုရားအလင်းတန်းကို အာရုံခံမိသွားဟန်တူကာ အလွန်ကြောက်ရွံ့သွားသည့်အလား တုန်ယင်လာသည်။
ထို့နောက်တွင်မူ ...
ဝုန်း ...
အဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး အထဲမှ အရာ ပေါ်လာ၏။
" ဟင်... "
လောထျန်း အံအားသင့်သွားပြီး လက်ဖြင့်ကိုင်ကြည့်လိုက်ရာ ... ၎င်းမှာ ပျက်စီးနေသော ကျောက်ပြားတစ်ခု ဖြစ်သည်ကို မြင်လိုက်ရသည်။
ထိုကျောက်ပြားအား မည်သို့သော ပစ္စည်းမျိုးဖြင့် လုပ်ထားသည်ကို မသိသော်လည်း ၎င်းက လေးလံလှပါ၏။
လောထျန်းမှာ ထိုကျောက်ပြားလေးအား တောင်တစ်လုံးကို ဆွဲနေသလိုပင် ဆွဲလိုက်ရသည်။
အကယ်၍ သူသာ လုံလောက်အောင် အစွမ်းမထက်ထားပါက ၎င်းအား မ.နိုင်မည်ပင် မဟုတ်ပါချေ ။
" ဟင်... လောထျန်း... မင်း... "
ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပထမဆုံး အသိဝင်လာပြီး လောထျန်းအား တုန်လှုပ်စွာကြည့်လိုက်၏။
လောထျန်းက ထိုရတနာအား ရနိုင်ကြောင်း သူ ခန့်မှန့်မိပြီးသည်မှာ ကြာလှပြီဖြစ်သည့်တိုင်..
ယခုလို လွယ်လွယ်ကူကူ ရလိမ့်မည်ဟုမူ ထင်မထားခဲ့ပါ ။
" အကိုထျန်း ၊ အဲ့ ကျောက်ပြားက ဘာလဲ "
လောရုံကလည်း သိချင်စိတ်ဖြင့် မေးလာသည်။
" ငါလဲ မသိဘူးကွ "
လောထျန်း ခေါင်းယမ်းပြလိုက်၏။
သို့သော် ထိုကျောက်ပြားက သာမာန် မဟုတ်ကြောင်းကိုမူ သူ သိပါသည်။
ကောင်းကင်ဘုံသိုင်းကျမ်းကိုးအုပ်ကို တုန့်ပြန်လာ
အောင် လုပ်နိုင်သည့်အရာမှာ သာမာန်အရာတစ်ခု လုံးဝ မဖြစ်နိုင်ပါချေ ။
လောထျန်း တွေးပြီး ကျောက်ပြားအား သေချာအာရုံစိုက် ကြည့်နေစဥ်မှာပင် ...
ဝုန်း ..
သူ့အနောက်ဘက်ရှိ လေထုက ရုတ်တရက် မငြိမ်မသက် ဖြစ်လာ၏။
သွေးနံ့ပြင်းပြင်းနှင့် လူသတ်အရိပ်အငွေ့ တစ်ခုလည်း ထွက်လာသည်။
ထိုတခဏ၌ လောထျန်းမှလွဲ၍ ထိုနေရာတွင် ရှိနေသူအားလုံး သူတို့၏ ဆိုးရွားလှသော သေခြင်းတရားကို မြင်လိုက်ကြရသည်။
ကြောက်စရာကောင်းလိုက်သည့် လူသတ်အရိပ်အငွေ့ပါပင် ...
ထျန်းယွမ်ကမ္ဘာသခင်ကြီး နောက်သို့ ခက်ခက်ခဲခဲ လှ
ည့်ကြည့်လိုက်ရာ.. မြင်လိုက်ရသော မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်သွားသည်။
လေထဲတွင်ကား သွေးမှုန်များနှင့် လူသတ်အရိပ်အငွေ့ကြား၌ ဖြူဖွေးသော လက်ချောင်းရိုးတစ်ခု ....
ထျန်းယွမ်ကမ္ဘာ အစွမ်းအထက်ဆုံး ဖြစ်နေချိန်တွင်... လက်ချောင်းရိုးလေး တစ်ခုကြောင့် အရာအားလုံး အဆုံးသတ်သွားခဲ့ရပါသည်။
ယခု လက်ချောင်းအရိုး ထပ်ပေါ်လာပြီဖြစ်ရာ... သူတို့၏ ထျန်းယွမ်ကမ္ဘာ ပျက်စီးခြင်းနှင့် ထပ်ကြုံရတော့မည်လား ...
ထိုစဥ်မှာပင် ...
" ဟား ဟား... မင်းက အသက်ဒီလောက်ကြီးနေပြီကိုကွာ ၊ ကလေးတစ်ယောက်ကို ဘာလုပ်ချင်သေးတာလဲ "
လောထျန်းဘေးမှ အသံတစ်သံ ထွက်လာသည်။
" ဟင်.. ဘယ်သူလဲ "
ထိုအသံကြောင့် လောထျန်း အံ့အားသင့်သွားရပါ၏။
ထို့နောက်တွင်မူ.. သူ့ ဟင်းလင်းပြင်လက်စွပ်က အထိန်းအကွပ်မဲ့ တုန်ခါလာသည်ကို ခံစားလိုက်ရပြီး ...
ဝုန်း ...
ဟင်းလင်းပြင်လက်စွပ် ပြိုကွဲသွားတော့သည်။ လက်စွပ်ထဲရှိသည့် အရာများအားလုံးလည်း ထွက်ကျလာကာ မြေပြင်၌ ပြန့်ကျဲသွားကြ၏။
ထို့နောက်တွင် ၎င်းပစ္စည်းများထဲမှ နတ်ဆိုးသွေးစက် တစ်စက် မျောလွင့်လာသည်။
၎င်းမှာ နတ်ဆိုးဧကရာဇ်လီ မသန့်စင်ရသေးသည့် နတ်ဆိုးသွေးစက်ပင် ။
ပြီးနောက်တွင်.. သွေးစက်က ရုတ်တရက် ပေါက်ကွဲထွက်ကာ မှိန်ဖျော့ဖျော့ အနိီရောင်ဝတ်စုံဝတ် နတ်ဆိုးအရိပ်တစ်ခု ပေါ်လာ၏ ။ ၎င်းအရိပ်မှာ မှိန်လွန်း၍
ပုံစံအကြမ်းဖျင်းကိုသာ မြင်ရပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ ။
သို့သော် ၎င်းသည်လည်း လက်ချောင်းအရိုးထက် အစွမ်းမနိမ့်သည့် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေပါသည်။
" မင်း လာမယ်ဆိုတာ ငါ ခန့်မှန်းမိပြီးသားပါ "
နတ်ဆိုးအရိပ်က လက်ချောင်းအရိုးအား လှောင်ပြုံးဖြင့် ပြောလာ၏။
ထိုစဥ်မှာပင် လက်ချောင်းရိုးပေါ်၌လည်း သွေးအစွမ်းများ တိုးလာပြီး အရိပ်တစ်ခု စုစည်းလာသည်။
ထို အရိပ်၏ အကြည့်က နတ်ဆိုးအရိပ်ကို ကျော်ဖြတ်ပြီး လောထျန်းလက်ထဲမှ ကျောက်ပြားပေါ်သို့ ကျသွားကာ တစ်လုံးချင်း ပြောလာသည်။
" ငါ ထင်ထားတာ မှန်နေတာပဲ ။ မင်းက ငါ့အတွက် ဒီ ဒါယွမ်ကျောက်ပြားကို တကယ်ကြီး ယူပေးနိုင်ခဲ့တယ် "
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
သူ့စကားကြောင့် လောထျန်း အံ့သြသွားရသည်။
နတ်ဆိုးအရိပ်က လက်ချောင်းရိုးအရိပ်အား ကြည့်လိုက်ပြီးနောက် လောထျန်းကို ရှင်းပြ၏။
" အဲ့အဘိုးကြီးက အခု မင်းလက်ထဲမှာရှိတဲ့ ကျောက်ပြားကို မျက်စိကျနေတာ ကြာလှပြီ ။ ဒါကို ရဖို့ကို ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို သတ်ဖို့လဲ ဝန်မလေးဘူး ။ အဲ့တုန်းကတော့ ငါလဲ ဝင်ပါခဲ့တာပေါ့လေ "
" ဒါပေမယ့်... နောက်ပိုင်းမှာတော့ ဒါယွမ်ကျောက်ပြားက ဘာကြောင့်မှန်းမသိရဘဲ ကိုယ့်ကိုကိုယ် ချုပ်နှောင်သွားခဲ့တယ် ။ ငါတို့ဘယ်လိုပဲ ကြိုးစားကြိုးစား ယူလို့မရခဲ့ဘူး "
" ဒါယွမ်ကျောက်ပြားက စိတ်ဝိဥာဥ် ဆိုတော့... ကံတရားက သတ်မှတ်ပေးတဲ့သူကို စောင့်နေတာဖြစ်မယ်ဆိုတာ ငါတို့သိခဲ့တယ် ။ ဒါ့ကြောင့်မို့လဲ ငါတို့လို အဘိုးကြီးတွေက အစီအစဥ်တွေ တိတ်တဆိတ်လုပ်ပြီးတော့ ဒါယွမ်ကျောက်ပြားကို ယူနိုင်တဲ့သူကို လိုက်ရှာနေခဲ့ကြတာ ။ ဒါပေမယ့် ကံဆိုးတယ်ပဲ ပြောရမလား... နှစ်တွေဒီလောက်အများကြီး ကြာခဲ့တာ
တောင် ဘယ်သူမှ မရခဲ့ကြဘူး ။ ဒါပေမယ့်... ဒီနေ့တော့ ငါ အကြာကြီး စောင့်နေခဲ့ရတဲ့နေ့ ရောက်လာခဲ့ပြီ "
သူ ပြောကာ လောထျန်းအား စိတ်ဝင်တစား ကြည့်လိုက်၏။
လောထျန်း အသိပြန်ဝင်သွားသည်။
" ဒါဆို မင်းတို့တွေက ငါ့ကို တမင်စောင့်ကြည့်နေကြတာပေါ့ "
နတ်ဆိုးအရိပ်က အသံကျယ်ကြီးဖြင့် အော်ရယ်၏။
" ဟုတ်တယ်ကွ ၊ အဲ့လိုမဟုတ်ရင် ငါ့ရဲ့ နတ်ဆိုးသွေးစက်က မင်းနဲ့ ဘာလို့အတူရှိနေမှာလဲ ။ အားလုံးကို တိုက်ဆိုင်တာလို့ ထင်နေတာလား ။ အဲ့ဒါတွေအားလုံးက တကယ်တော့.. ဒီနေ့ကို စောင့်နေကြတာကွ ။ ဒါမှလဲ ငါက ဒီသွေးစက်နဲ့ လာလို့ရမှာလေ "
ထို့နောက် သူ လက်ချောင်းရိုးအရိပ်ကို လှည့်ကြည့်၍ ဆက်ပြောသည်။
" ဒါပေမယ့်.. ဒီကောင်ကပါ မင်းကို အကွက်ချထားမယ်လို့ ငါ မထင်ခဲ့မိဘူး ။ ဒါပေမယ့် အရေးမကြီးပါ
ဘူးလေ ။ ဒီ ဒါယွမ်ကျောက်ပြားကို ဒီနေ့ ငါပဲရမှာ "
တဖက်မှ လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် အေးဆေးပြောလာ၏။
" မင်းလို ဘာမဟုတ်တဲ့ သွေးစက်တစ်စက်က ငါနဲ့ တိုက်ခိုက်ရဲတယ်လား "
နတ်ဆိုးအရိပ် ဒေါသထွက်သွားပုံရကာ ချက်ချင်းအော်ပြောသည်။
" မင်းကမှ အပိုင်းပိုင်း အဖြတ်ခံထားရတဲ့ ကောင်ပါကွာ ။ မင်းလို အရှုံးသမားတစ်ယောက်က ဘာတွေလာပြီး မောက်မာနေတာလဲ ။ ငါ မင်းကို အရင်ဖျက်ဆီးပစ်မယ်.. ပြီးမှ ကျောက်ပြားကိုယူမယ် "
သူ ပြောပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
လက်ချောင်းရိုးအရိပ်က အော်ရယ်၏။
" ကိစ္စတွေကို အဲ့လောက်ရိုးရှင်းတယ်လို့ မင်း ထင်နေတာလားကွ ။ တကယ်တမ်း.. မင်းပြိုင်ဘက်က ငါ မဟုတ်ဘူး "
" ဟင်... "
နတ်ဆိုးအရိပ် ၊ မိုယင် အံ့အားသင့်သွားရသည်။
ထိုစဥ်မှာပင် ... သူ့နားထဲ၌ မန္တာန်ရွတ်ဖတ်သံတစ်ခုကို ကြားလိုက်ရပါ၏။
နတ်ဆိုးအရိပ် ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ... လောထျန်းဘေးတွင် ရှိနေသော လုံယီရွှယ်၏ နောက်ကျောဘက်၌ ဧရာမ ထွင်းစာတစ်လုံး အရောင်လက်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင်... ၎င်းမှနေ၍ လက်တစ်ဖက် ဆန့်ထုတ်လာ၏။
စာစဉ်ပြီး၏။