← Chapters

အခန်း (၆၉၃)

Vol. 50 Ch. 693

အခန်း (၆၉၃)

Vol. 50 Ch. 693

လောထျန်းက ဟွမ်ယင်အား မျက်နှာတည်ဖြင့် အချိန်အတန်ကြာ ကြည့်နေပြီးနောက်မှ ပြောလိုက်သည်။

" ဒီကောင်က.. တကယ်ကို အရိုက်ခံဖို့ ထိုက်တန်တာပဲ "

ရှေ့မှ ဟွမ်ယင်မှာ လောထျန်း ယခင်ကြုံခဲ့ဖူးသည့် စိတ်ဝိဉာဉ်သံတမန်များလို မဟုတ်ဘဲ အေးစက်စက် မျက်နှာထားရှိပြီး မျက်နှာလည်း အလွန်မာလှပါ၏။

သို့သော် ထိုစဉ်တွင် လောထျန်းဘေးရပ်နေသည့် နတ်ဆိုးဧကရာဇ်လီက ရုတ်တရက် ဝင်ပြောသည်။

" ဒီ အရောင်အဝါက .... ငါ မင်းကို အရင်ကမြင်ဖူးတယ် "

" ဟင် ... "

လောထျန်း အံ့အားသင့်သွား၏။ နတ်ဆိုးဧကရာဇ်လီက ထိုသူအား ဘယ်အချိန်က တွေ့ဖူးပါသနည်း ။

နတ်ဆိုးဧကရာဇ်လီ အံကြိတ်၍ ဆက်ပြောသည်။

" အဲ့တုန်းက ငါ့တို့ဂိုဏ်းကသူတွေကို သတ်ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ၊ လျှို့ဝှက်နည်းပေါင်းစုံနဲ့ နှိပ်စက်ခဲ့တာ မင်းပဲလေ "

သူ့စကားကြောင့် ဘေးမှ ပန်းလင် မှင်သက်သွားရှာသည်။

ယခုမှသာလည်း ဟွမ်ယင်က သူမ၏ ရန်သူတော်ကြီးဖြစ်ကြောင်း သိလိုက်ရခြင်းပင် ။

တဖက်မှ ဟွမ်ယင်သည်လည်း ခေတ္တမျှ အံ့အားသင့်သွားဟန် တူပြီးနောက်.. မထူးခြားသည့် လှောင်ပြုံးဖြင့် ဆို၏။

" ငါက ဘယ်သူလဲ မှတ်နေတာ ... လက်စသတ်တော့ အရှုံးသမားလေးကိုး.. "

" မင်း ဘာပြောလိုက်တယ် "

နတ်ဆိုးဧကရာဇ်လီ ဒေါသထွက်သွားသည်။

တဖက်လူက အေးဆေးပြန်ပြော၏။

" မင်းကို အရှုံးသမားလို့ ပြောလိုက်တာလေ ။ ငါတို့

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်းတို့ဂိုဏ်းလို ဂိုဏ်းငယ်လေးတွေ အများကြီးကို ဖျက်ဆီးခဲ့တယ်ကွ။ ပြီးတော့ မင်းလို စမ်းသပ်ခံလူတွေလဲ အများကြီး ပါတာပေါ့ကွာ "

" ဒါပေမယ့်.. အဲ့ထဲမှာ မင်းတို့ဂိုဏ်းကတော့ အဆိုးဆုံးပဲကွ ။ မင်းရဲ့ အပေါင်းအဖော်တွေထဲမှာဆိုရင်လဲ ကောင်းတဲ့သူက နည်းနည်းလေးပဲ ပါတာ ။ ဒါပေမယ့် အဲ့ကောင်တွေတောင် ငါတို့လက်ထဲရောက်ပြီးနောက်ပိုင်း တိုက်ပွဲနည်းနည်းလေးပဲ တိုက်ပြီး ဒဏ်ရာရတဲ့သူရ ၊ သေတဲ့သူသေ ဖြစ်သွားတာပါပဲ "

" အိုး... ဟုတ်သားပဲ ။ အဲ့ထဲမှာ အသုံးမကျလွန်းလို့ ငါကိုယ်တိုင်သတ်ပြီး ဝါးမြိုခဲ့တဲ့သူ နည်းနည်းလဲ ရှိတယ် "

ထိုသို့ပြောနေစဉ်အတွင်း ဟွမ်ယင်၏ မျက်လုံး၌ လှောင်ပြောင်သည့် အငွေ့အသက်တို့ ပိုပိုများလာသည်။

တဖက်မှ နတ်ဆိုးဧကရာဇ်လီမှာကား ဒေါသကြောင့် တုန်ပင်တုန်နေရှာ၏။

သူတို့ဂိုဏ်းမှ လူများစွာပင် တဖက်လူကြောင့် အနှိပ်စက်ခံ ၊ အသတ်ခံခဲ့ရပြီး သားရဲများအဖြစ် ပြောင်းသွားခဲ့ရပါသည်။

ထိုသို့ သားရဲအဖြစ် ပြောင်းသွားသူများကိုပါ အားနည်းလွန်းသည်ဟု လှောင်ပြောင်နေသေးသတဲ့လား...

မည်မျှ စက်ဆုပ်ရွံရှာစရာကောင်းသည့် လုပ်ရပ်ပါနည်း ။

တဖက်မှ ဟွမ်ယင်က နတ်ဆိုးဧကရာဇ်လီအား လှောင်ပြုံးဖြင့်ကြည့်၍ ထပ်ပြောလာသည်။

" ဘာလဲ... ဒေါသထွက်နေတာလား ။ အဲ့လို ဒေါသထွက်တော့ရော ဘာအသုံးဝင်လို့လဲကွာ ။ အရှုံးသမားက အရှုံးသမားပဲလေ... ဒေါသထွက်မနေစမ်းပါနဲ့ "

နတ်ဆိုးဧကရာဇ်လီ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လောထျန်းအား တီးတိုးပြောလိုက်၏။

" သခင်လေး လောထျန်း ၊ အဲ့ကောင်ကို ကျုပ်

ကိုယ်တိုင် ရှင်းလိုက်လို့ ရမလား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" သဘောဗျာ "

" ကျေးဇူးအများကြီး တင်ပါတယ် "

နတ်ဆိုးဧကရာဇ်လီ ထိုသို့ပြောကာ ဟွမ်ယင်ဆီ လျှောက်သွားလိုက်သည်။

ဟွမ်ယင်က သူ့ကိုကြည့်ကာ အပြုံးဖြင့် တည်ငြိမ်စွာ ဆို၏။

" ဘာလဲ.. ငါပြောတာ မယုံသေးဘူးလားကွ ။ ကောင်းပြီလေ ... ဒီနေ့တော့ မင်းနဲ့ငါနဲ့ကြားမှာ ကွာဟချက် ဘယ်လောက်ကြီးတယ်ဆိုတာကို ပြပြီး မင်းလိုအရှုံးသမားလေး ယုံသွားအောင် လုပ်ပေးရမှာပေါ့ "

သူပြောပြီး လက်ယမ်းလိုက်၏။

ဝုန်း...

သူ့နောက်မှ အရိပ်များ လှုပ်ရှားလာကြသည်။

ဟွမ်ယင်က နောက်မှ အရိပ်တစ်ခုကို လက်ညိုးညွှန်ကာ လှောင်ပြုံးဖြင့် ဆိုသည်။

" ကောင်လေး ... တွေ့လား ။ ငါ့နောက်က အရိပ်တိုင်းက မသေမျိုးအဆင့် အစွမ်းတွေရှိတယ်ကွ ။ အဲ့အစွမ်းကို ငါ့ရဲ့ ပုံစံအမှန်နဲ့ ပေါင်းစပ်လိုက်ရင်.. ငါ့ရဲ့ တိုက်ခိုက်စွမ်းရည် တစ်ခုတည်းကတင် ကမ္ဘာပေါ်ကမသေမျိုးတစ်ယောက်နဲ့ ညီမျှတယ် "

" အိုး... ဟုတ်သားပဲ ၊ မေ့တော့မလို့ ... ဒီအရိပ်ကို မြင်လား ။ ဒီကောင်ကြီးကလဲ မင်းတို့အပေါင်းသင်းထဲက တစ်ယောက်ပဲကွ ။ မင်းတို့ဂိုဏ်းထဲမှာ အစွမ်းလေးနည်းနည်းကောင်းတာဆိုလို့ ဒီတစ်ကောင်ပဲရှိတာ ။ အခု ဒီကောင်ကလဲ ငါ့ရဲ့ ဝါးမြိုတာကို ခံလိုက်ရပြီဆိုတော့ ငါ့အစွမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီပေါ့ "

ဟွမ်ယင် ထိုသို့ပြောပြီး အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။

ခပ်လှမ်းလှမ်းရှိ လောထျန်း သက်ပြင်းချ၏။

ထို ဟွမ်ယင်ဆိုသူမှာ သေချင်နေလေပြီ ။

မျှော်လင့်ထားသလိုပင် နတ်ဆိုးဧကရာဇ်လီက အလွန်ဒေါသထွက်နေပြီး ...

ဝုန်း...

ချက်ချင်း လက်ဆန့်ထုတ်၍ ဟွမ်ယင်အား ဖမ်းဆုပ်လိုက်သည်။

" ဟမ့် ၊ မျက်နှာချင်းဆိုင် တိုက်မယ်ပေါ့လေ ... ရူးလိုက်တာကွာ ။ ပိုးစုန်းကြူးကောင်ရဲ့ မီးရောင်လောက်နဲ့ လမင်းရဲ့ အလင်းရောင်ကို ယှဥ်ချင်နေတယ်ပေါ့ ... "

ဟွမ်ယင်၏ လှောင်ပြုံးနှင့်အတူ သူ့နောက်မှ အရိပ်တစ်ခု လှုပ်ရှားသွားကာ နတ်ဆိုးဧကရာဇ်လီဆီ ရွှေ့လျားသွား၏။

သို့သော်..

ဝုန်း...

ထိုအရိပ်က ချက်ချင်းပင် ပြိုကွဲသွားသည်။

" ဒါ.. ဘယ်လို ... "

ဟွမ်ယင်မှာလည်း ထိုစဥ်မှ အခြေအနေက ပုံမှန်မဟုတ်သည်ကို သတိထားမိသွားသည်။

သူ့ရှေ့မှ အရှုံးသမားက သူထင်ထားသလို အစွမ်းနိမ့်မနေပါလား...

ထိုစဥ်မှာပင်.. နတ်ဆိုးဧကရာဇ်လီက လက်သည်းချွန်တစ်ခု ဆန့်ထုတ်၍ ဟွမ်ယင်ဆီ လှမ်းလာသည်။

ဟွမ်ယင် လန့်သွားကာ နောက်သို့ချက်ချင်းဆုတ်လိုက်၏။

သို့သော်... သူ ဘယ်လောက်ပင် အကောင်းဆုံးကြိုးစားစေကာမူ နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်၍မရနေပါ ။

" ဒါ... ဘာကြီးလဲ "

ဟွမ်ယင် တုန်လှုပ်သွားရတော့သည်။

ဝုန်း...

ထိုစဥ်မှာပင် နတ်ဆိုးဧကရာဇ်လီက သူ့အား လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လာ၏။

" မင်း ... ချိုးဖျက်စေ "

ဟွမ်ယင် ဒေါသတကြီး အော်လိုက်ရာ သူ့အနောက်ဘက်ရှိ အရိပ်များအားလုံး အစွမ်းများ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

သို့သော် နတ်ဆိုးဧကရာဇ်လီ၏ လက်က မလှုပ်မယှက် ...

" မင်း... ဘာတွေဖြစ်သွားတာလဲ ။ ဘယ်လိုလုပ်ပြီး အဲ့လောက်အစွမ်းထက်လာတာလဲ "

ဟွမ်ယင် တုန်လှုပ်စွာ မေးလိုက်သည်။

နတ်ဆိုးဧကရာဇ်လီကမူ သူ့အား လျစ်လျူရှုထားကာ အခြားလက်တစ်ဖက် ဆန့်ထုတ်၍ ဟွမ်ယင်အား ဖမ်းဆုပ်လာ၏။

" ခဏ.... ခဏနေပါဦးကွာ ၊ ငါ့ကို မတိုက်ခိုက်ပါနဲ့ ။

အခု မင်းရဲ့ ခန္ဓာကိုယ်ရော စိတ်ဝိဥာဥ်ရောက ထိပ်ဆုံးအခြေအနေကို ရောက်နေပြီဆိုတော့ ငါနဲ့ လိုက်ခဲ့ပါ ။ ငါ မင်းကို ဂိုဏ်းချုပ်ကြီးနဲ့ တွေ့ဖို့ခေါ်သွားပေးပါ့မယ် ။ ဂိုဏ်းချုပ်ကြီးက မင်းကို တန်ဖိုးထားမှာ သေချာတယ်ကွ "

ဟွမ်ယင် ကြောက်လန့်တကြား အော်ပြောလိုက်သည်။

သို့သော်..

ဝှစ်..

နတ်ဆိုးဧကရာဇ်လီက ဟွမ်ယင်နောက်မှ အရိပ်တစ်ခုကိုသာ ဆွဲထုတ်လိုက်၏။

" အား... "

ဟွမ်ယင်ထံမှ စူးစူးဝါးဝါးအော်သံ ထွက်လာကာ သူ့အရောင်အဝါလည်း များစွာပင် အားနည်းသွားသည်။

" မင်း... မျိုးမစစ်ကောင် ၊ ရပ်လိုက်စမ်း ။ အဲ့ဒါ ငါ ဝါးမြိုထားတဲ့အစွမ်းတွေကွ ။ မင်း အဲ့လိုလုပ်ခွင့်မရှိ

.... "

ဝှစ်...

နတ်ဆိုးဧကရာဇ်လီ၏ လက် ထပ်မံလှုပ်ရှားသွားကာ အရိပ်တစ်ခုကို ထပ်ဆွဲထုတ်လိုက်ပြန်သည်။

" မင်း ... ရပ်စမ်း "

ဟွမ်ယင် အော်လိုက်ပြန်၏။

သို့သော် နတ်ဆိုးဧကရာဇ်လီမှာ သူ့ကို နည်းနည်းလေးပင် ဂရုမစိုက်ပဲ အရိပ်များကိုသာ တစ်ခုပြီးတစ်ခု ဆွဲထုတ်နေတော့သည်။

စိတ်ဝိဥာဥ်အရိပ်တစ်ခု ဆွဲထုတ်ခံရတိုင်း ဟွမ်ယင်၏ အရောင်အဝါလည်း အနည်းငယ် လျော့ လျော့သွား၏။

နောက်ဆုံးတွင်မူ ... နတ်ဆိုးဧကရာဇ်လီ ရင်းနှီးသည့် အရိပ်တစ်ခုသာ ကျန်တော့သည်။

" မင်း... ရပ်လိုက်လို့ ပြောနေတယ်လေ "

ဟွမ်ယင်ထံမှ အားနည်းသည့်အသံ ထွက်လာသည်။

နတ်ဆိုးဧကရာဇ်လီက သူ့အား အေးစက်စက်ကြည့်ကာ လက်ကို ထပ်ဆန့်ထုတ်လိုက်၏။

ဝှစ်....

နောက်ဆုံးကျန်သည့်အရိပ် ဆွဲထုတ်ခံလိုက်ရပြန်တော့သည်။

" အား .... "

ထိုအရိပ် မရှိတော့ချိန်တွင်ကား ဟွမ်ယင်၏ အရောင်အဝါက အလွန်လျင်မြန်စွာပင် လျော့ကျလာသည်။

သူ့တစ်ကိုယ်လုံးလည်း တုန်ယင်လာ၏။

ထို့နောက်တွင် ...

ဝှစ် ...

သူ့ကိုယ်ထဲမှ စိတ်ဝိဥာဥ်အရိပ်တစ်ခု ထွက်လာသည်။

" မဖြစ်ဘူး... အဲ့ဒါ ငါ့အပိုင် "

ဟွမ်ယင် ကျယ်လောင်စွာ အော်လိုက်သည်။

သို့သော် ထိုသို့အော်နေလည်း အသုံးမဝင်တော့ပါ ။

သူ့ကိုယ်ထဲမှ စိတ်ဝိဥာဥ်အရိပ်များ တစ်ခုပြီးတစ်ခု ထပ်တိုးထွက်လာကြ၏။

ထိုစိတ်ဝိဥာဥ်များ၏ အော်ဟစ်ငိုကြွေးသံက တစ်မြို့လုံးတွင် ပဲ့တင်ထပ်လျက်...

ထိုမြင်ကွင်းကို ကြည့်နေသည့် ပန်းလင်၏ မျက်နှာလေး ဖြူရော်နေကာ ပြောသည်။

" ဒီ... ငါ့ခန္ဓာကိုယ်က မရေမတွက်နိုင်တဲ့ စိတ်ဝိဥာဥ်တွေနဲ့ လုပ်ထားတာပဲ ။ သူတို့တွေက.... စိတ်ဝိဥာဥ် ပေါင်းစည်းခြင်းကို ကျင့်ကြံကြတာလား... "

ထိုစဥ်တွင် လောထျန်းမှာလည်း တုန်လှုပ်နေရပါ၏။ သူ မျှော်လင့်ထားပြီးသား ဖြစ်သည့်တိုင် ယခုမြင်ကွင်းက အမှန်တကယ် အံ့သြတုန်လှုပ်ဖွယ်ပါပင် ။

တခဏကြာပြီးနောက်တွင်မူ ... ဟွမ်ယင်၏ကိုယ်မှ စိတ်ဝိဥာဥ်အရိပ်ပေါင်း သိန်း၊သောင်းချီ လွတ်ထွက်လာကာ ကမ္ဘာတစ်ခုလုံး အော်ဟစ်ငိုကြွေးသံတို့ဖြင့် ညံသွားတော့သည်။

၎င်းမှာ သူ သတ်ပြီး ဝါးမြိုခဲ့သော စိတ်ဝိဥာဥ်များ၏ ငိုကြွေးသံများပင် ...

ထိုစဥ်တွင် ဟွမ်ယင်မှာလည်း ယခင်လိုမဟုတ်တော့ဘဲ မံမီရုပ်ကဲ့သို့ ပိန်လှီလှသည့် အဘိုးအိုတစ်ယောက် ဖြစ်နေလေပြီ ။

" ငါ့... ငါ့အစွမ်းတွေ ။ ဒါ.. ဂိုဏ်းချုပ်ကြီးက ငါ့ကိုပေးထားတဲ့ အစွမ်းတွေ ၊ ပြန်ပေးစမ်း .... "

သူ လွတ်မြောက်သွားသော စိတ်ဝိဥာဥ်အရိပ်များကို ကြည့်ရင်း ၎င်းတို့အား သူ့ကိုယ်ထဲပြန်ထည့်ရန် အသည်းအသန် ကြိုးစားလိုက်သည်။

သို့သော်.. သူ့ရှေ့တွင်ကား ဒေါသထွက်နေသည့် မျက်နှာများသာ ရှိနေပါ၏။

All Chapters