← Chapters

အခန်း (၈၃၉)

Vol. 60 Ch. 839

အခန်း (၈၃၉)

Vol. 60 Ch. 839

လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

" အဲ့လောက်အစွမ်းထက်တာလား "

ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက အစွမ်းထက် မသေမျိုးဘုရင် တစ်ယောက်ကိုပင် သတ်နိုင်သတဲ့လား...

၎င်းမှာ အန္တရာယ်များလှပေသည်။

ယွဲ့လီက မြန်မြန်ရှင်းပြသည်။

" ဟုတ်တယ်ရှင့် ။ ဒီ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက တကယ်လဲ ထူးခြားတယ် ။ ကြားဖူးတာတော့ အဲ့တုန်းက မူလအဆင့် မသေမျိုးအစီအမံပညာရှင်တွေ အများကြီးပူးပေါင်းပြီးတော့ လျှို့ဝှက်ဒေသ တစ်ခုလုံးကို မူလအဆင့် မသေမျိုးအစီအမံတွေ အများကြီးနဲ့ ဖိနှိပ်ထားခဲ့တယ်တဲ့ ။ ဒါ့ကြောင့်မို့ အပြင်လူတစ်ယောက် အထဲကိုဝင်လိုက်တာနဲ့... စိတ်စွမ်းအင်ရော ၊ မသေမျိုးစွမ်းအင်ရော

လုံးဝကို ဖိနှိပ်ခံကြရတယ် "

" တစ်နည်းပြောရရင်တော့... လျှို့ဝှက်ဒေသထဲကို ဝင်လိုက်တာနဲ့.. ကျင့်ကြံခြင်းအဆင့်တွေအားလုံး ဆုံးရှုံးသွားပြီး အစီအမံတွေနဲ့ ထွင်းစာတွေကိုပဲ သုံးပြီး တိုက်ခိုက်လို့ရတော့မှာ ။ အစွမ်းထက်တဲ့ မသေမျိုးဘုရင်တွေတောင် ခြွင်းချက်မရှိဘူး "

" ဒါပေမယ့်.. အဲ့ လျှို့ဝှက်ဒေသထဲမှာ နေကြတဲ့ ထူးဆန်းသားရဲတွေ ၊ ငှက်တွေကျတော့ အဲ့လိုဖိနှိပ်တာကို မခံကြရဘူးရှင့် ။ ဒါ့ကြောင့်မို့ အထဲရောက်သွားရင်.. အစွမ်းထက်တဲ့ မသေမျိုးဘုရင်တစ်ယောက်တောင် စိတ်ဝိဥာဥ်မသေမျိုးအဆင့်က သားရဲတစ်ကောင်ရဲ့ သတ်တာကို ခံရနိုင်တယ် "

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဒီလူတွေက အမွေအနှစ် နည်းနည်းလေးကို ထိန်းသိမ်းဖို့အတွက် အဲ့လောက်ကြီးတောင် လုပ်ထားခဲ့ကြတာလား ။ ဒါဆိုရင်.. ဒီ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသရဲ့ တန်ဖိုးကလဲ နည်းမှာပေါ့ "

ယွဲ့လီ ဆွံ့အသွားရသည်။

အထဲတွင်ရှိသောအရာမှာ မူလအဆင့် မသေမျိုးအစီအမံပညာရှင်၏ အမွေအနှစ်များ ဖြစ်ပါသည်။

လောထျန်းအတွက်မူ... ၎င်းက တန်ဖိုးမရှိဘူးတဲ့လား...

သို့သော်.. သူမ ရုတ်တရက် တစ်ခုကိုတွေးမိကာ ပြောလိုက်သည်။

" အဲ့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ခု ကြားဖူးတာတော့ ရှိတယ်ရှင့် "

" ဒဏ္ဍာရီ... ဘာဒဏ္ဍာရီလဲ... "

လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။

ယွဲ့လီ ပြန်ဖြေ၏။

" ကျွန်မ ကြားဖူးတာတော့.. အဲ့တုန်းက မူလအဆင့် မသေမျိုးအစီအမံပညာရှင်ကြီး ကိုးယောက်က တစ်ခုခုကို ဖိနှိပ်ထားဖို့အတွက် ဒီလျှို့ဝှက်ဒေသကို

ဖန်တီးခဲ့ကြတာတဲ့ "

" ဟုတ်လား.. အဲ့ဒါဘာလဲ "

လောထျန်း စိတ်ဝင်စားသွားသည်။

ယွဲ့လီက ခေါင်းယမ်း၍ ပြန်ပြော၏။

" ကျွန်မလဲ မသိဘူးရှင့်.. ဒီတိုင်း ကြားဖူးတာပဲရှိတာ။ အဲ့ဒါနဲ့ ပတ်သက်တဲ့ တခြားအချက်အလက်တွေလဲ ဘာမှမကြားမိဘူး.. ကြည့်ရတာ အဲ့ကိစ္စက ကောလဟလတစ်ခုလဲ ဖြစ်နိုင်တယ် "

ထိုစကားကို နားထောင်ပြီးနောက်တွင်မူ လောထျန်း စိတ်ပျက်သွားပုံဖြင့်သာ ခေါင်းအသာညိတ်လိုက်ပြီး ဘာမေးခွန်းမှ ထပ်မမေးတော့ပေ။

ထိုစဥ်မှာပင်.. ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ အကြီးအကဲက အားလုံးကို ပြောလာ၏။

" ကဲ... အခု ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကို ဖွင့်ပါတော့မယ် ။ အားလုံးတစ်ခုတော့ မှတ်ထားကြပါ.. လျှို့ဝှက်ဒေသထဲကို ဝင်တာနဲ့ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ရော ၊ မသေမျိုးလက်နက်တွေရောက ဖိနှိပ်ခံရလိမ့်မယ် ။ ဟင်းလင်းပြင်လက်စွပ်ကို

တောင် ဖွင့်လို့ရမှာမဟုတ်ဘူး ။ ပြီးတော့ မသေမျိုးအစီအမံပုံကြမ်းလို ပစ္စည်းမျိုးတွေကိုလဲ ယူဝင်သွားလို့မရဘူး "

သူ ထိုသို့ပြောပြီး လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။

ဝီ ....

ထို့နောက်တွင် အားလုံးရှေ့၌ လေထုလမ်းကြောင်းတစ်ခု ပေါ်လာ၏။

" အားလုံး.. ငါ့နောက်ကနေပြီး အထဲကို လိုက်ခဲ့ကြပါ "

အကြီးအကဲ ပြောလိုက်သည်။

ထို့နောက် သူ ရှေ့ဆုံးမှ ဝင်သွား၏။

" သွားကြစို့လေ "

လောထျန်းက ယွဲ့လီအား ပြောလိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ဦး လေထုလမ်းကြောင်းထဲ

သို့ ရှေ့ဆင့်နောက်ဆင့် ဝင်သွားကြ၏။

ဝီ ...

လေထုစီးမျောသွားပြီး မကြာခင်မှာပင် သူတို့နှစ်ယောက်သား ထူးခြားသော နေရာတစ်ခုဆီ ရောက်သွားကြသည်။

" ဒါ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသလား "

လောထျန်း ဘေးပတ်လည်အား ဝေ့ဝဲကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" မဟုတ်ဘူး.. ဒါက လျှို့ဝှက်ဒေသထဲကို ဝင်တဲ့ ဝင်ပေါက်ပဲ ရှိသေးတာ ။ လျှို့ဝှက်ဒေသအစစ် မဟုတ်သေးဘူး "

အဘိုးအို အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

လောထျန်းတို့နှစ်ယောက်သား အသံလာရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြရာ .

ထောင့်တစ်ခုတွင် အားနည်းနေဟန်ရှိသည့် အဘိုးအိုတစ်ယောက်က တင်ပျင်ခွေ၍ ထိုင်နေသည်ကို တွေ့

လိုက်ရသည်။

ထိုအဘိုးအို၏ အရောင်အဝါမှာ ပျောက်ကွယ်လုနီးပါးပင် ဖြစ်နေသည့်အတွက် သူသာ စကားမပြောခဲ့ပါက.. သူရှိနေမှန်းပင် မည်သူမှ ရိပ်မိကြမည် မထင်ပါ ။

လောထျန်းတို့ကို ဦးဆောင်လာသည့် အကြီးအကဲက ထိုအဘိုးအိုအသံကို ကြားသည်နှင့် ချက်ချင်းဦးညွှတ်၍ တလေးတစားဆိုသည်။

" အရိုအသေပေးပါတယ် သခင်ကြီးလုံ "

သခင်ကြီးလုံက ခေါင်းအသာညိတ်ပြီး ပြန်ပြောသည်။

" ဒီလူငယ်လေးက လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်ခဲ့တဲ့သူလား "

အဘိုးအိုက စကားကို ဖြည်းဖြည်းချင်းသာ ပြောနေသော်လည်း.. သူ့ထံမှ ဖိနှိပ်အစွမ်းတစ်ခု ထွက်နေပါ၏။

ထိုစဥ် ယွဲ့လီမှာ တောင်တစ်လုံးက သူမအပေါ်သို့ ရုတ်တရက် ပြုတ်ကျလာသလို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲသွားသည်။

သူမ အံ့အားသင့်သွားပြီး ဘေးသို့ လှည့်ကြည့်လိုက်ရာ ယဲ့ဖူရှောက် နှင့် ကျန်လူများအားလုံးလည်း ထို့နည်းတူပင် ခံစားနေရဟန်တူပြီး မျက်နှာများ ဖြူရော်နေကြသည်ကို မြင်လိုက်ရ၏။

လောထျန်းတစ်ယောက်တည်းကသာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေပါသည်။

" အိုး.. မဆိုးပါလားကွ ။ မင်းက ငါ့ရဲ့ ဖိအားဒဏ်ကို ခံနိုင်သားပဲ "

အဘိုးအိုက လောထျန်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ခပ်လှမ်းလှမ်းမှ ယဲ့ဖူရှောက် မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး လောထျန်းအား မနာလိုမှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။

သူ့ရင်ထဲတွင်လည်း မကျေနပ်မှုနှင့် အမုန်းတို့ ပြည့်လျက်...

အမှန်တွင်... ဤတစ်ကြိမ် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၌ သူသည်သာ အားလုံးကြားထဲ ထင်းထွက်နေသင့်ပါသည်။

သို့သော်... မျှော်လင့်မထားစွာပင် လောထျန်းက သူရမည့် အောင်မြင်မှုများအားလုံးကို လုယူသွားခဲ့ပါ၏။

သို့သော်.... ယခုအချိန် ယခုနေရာတွင်.. သူ ဒေါသပေါက်ကွဲ၍လည်း မဖြစ်သဖြင့် ခေါင်းငုံ့၍သာ တိတ်တဆိတ် နေလိုက်ရသည်။

ထိုစဥ် သခင်ကြီးလုံက ဖြည်းဖြည်းချင်း ထရပ်ကာ အားလုံးကို ပြောလိုက်သည်။

" အားလုံးကို အခုနောက်ဆုံးပြိုင်ရမယ့် အဆင့်နဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေ ပြောပြပေးမယ် "

" အခု ဒီအဆင့်မှာ.... လျှို့ဝှက်ဒေသအတွင်းမှာ ရှိ

တဲ့ မင်းတို့ရဲ့ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေ ၊ ဒါမှမဟုတ် သဘာဝရတနာတွေကို ရှာရမယ် ။ မင်းတို့ ရှာတွေ့တဲ့ ရတနာ ၊ ဒါမှမဟုတ် အမွေအနှစ်တွေရဲ့ တန်ဖိုးက ကောင်းလေလေ ၊ မင်းတို့ရမယ့် အမှတ်ကလဲ ပိုမြင့်လေပဲ "

" နောက်စည်းကမ်းချက်တစ်ခုကတော့ ဒီအဆင့်မှာ တိုက်ခိုက်တာကို ကန့်သတ်မထားဘူး ။ ဒီ လျှို့ဝှက်ဒေသထဲမှာ လေ့ကျင့်လို့ရသလို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ပြီးတော့ ရတနာတွေကို လုလို့လဲရတယ် "

ထို ဒုတိယစည်းမျဥ်းကို ကြားချိန်တွင် ဟွမ်ရှင်းဂိုဏ်းမှ လူများအားလုံး ပြုံးသွားကြသည်။

ယခု ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ ရောက်လာသူများထဲ၌ ဟွမ်ရှင်းဂိုဏ်းက လူဦးရေ အများဆုံးဖြစ်ပါသည်။

သို့ဖြစ်ရာ ပြိုင်ပွဲမစခင်မှာပင် သူတို့ဘက်က အသာစီး ရနေခဲ့လေပြီ ။

ကျန်လူများမှာကား မျက်နှာထားများ ပြောင်းကုန်ကြ၏။

ထိုစည်းမျဥ်းက သူတို့အတွက် မျက်နှာသာမပေးသည်ကို သူတို့ မရိပ်မိဘဲ မနေပါ ။

သို့သော်.. သူတို့ မည်သို့ပင်တွေးတွေး ၊ သခင်ကြီးလုံက စည်းမျဥ်းများကို ဆက်ရှင်းပြသည်။

" တတိယအချက်ကတော့... အခုဒီအဆင့်က ဆယ်ရက်တိတိကြာလိမ့်မယ် ။ အဲ့ဆယ်ရက် ပြည့်သွားရင်တော့ အားလုံးကို လျှို့ဝှက်ဒေသအပြင်ဘက်ကို တည်နေရာရွှေ့ပြောင်းပေးမှာ "

" စတုတ္ထအချက်ကတော့.. အခု လျှို့ဝှက်ဒေသထဲကို မဝင်ခင်မှာ မင်းတို့အတွက် ကိုယ့်ကိုကိုယ် ကာကွယ်လို့ရအောင် မသေမျိုး အစီအမံပုံကြမ်းတချို့ ရွေးခွင့်ပေးမယ် "

ထိုစကားကို ကြားသောအခါ လောထျန်း ချက်ချင်း ပြန်မေးလိုက်သည်။

" မသေမျိုးအစီအမံပုံကြမ်း.. ဟုတ်လား ၊ ပြောတော့ အထဲကို အဲ့လို အစီအမံပုံကြမ်းတွေ ယူဝင်လို့ မရဘူးဆို "

သခင်ကြီးလုံက အပြုံးဖြင့် ပြန်ပြော၏။

" အပြင်ကမ္ဘာက ယူလာတဲ့ မသေမျိုးအစီအမံပုံကြမ်းတွေကတော့ တကယ်လဲ ဖိနှိပ်ခံရမှာ ။ ဒါပေမယ့်.... ဒီမှာ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသရဲ့ ဖိအားကို လျစ်လျူရှုနိုင်တဲ့ ထူးခြား အဆောင်ကျောက်ပြား ရှိတယ် ။ အဲ့ အဆောင်ကျောက်ပြားပေါ်မှာ ရေးထွင်းထားတဲ့ မသေမျိုးအစီအမံပုံကြမ်းတွေကိုတော့ စိတ်ကြိုက်သုံးလို့ရတယ် "

သူ ပြောပြီး လက်ယမ်းလိုက်ရာ.. သူ့ခေါင်းထက်တွင် ရာပေါင်းများစွာသော မသေမျိုးအစီအမံပုံကြမ်းများ လွင့်မျောလာကြသည်။

ဝီ...

ထို အစီအမံပုံကြမ်းများမှ အစွမ်းထက်ဖိအားတစ်ခုကိုလည်း ထုတ်လွှတ်နေပါ၏။

အထူးသဖြင့် ထိပ်ဆုံးတွင် ရှိနေသော မသေမျိုးအစီအမံပုံကြမ်း သုံးခုမှ ထုတ်လွှတ်နေသည့် ဖိအားမှာ ကြောက်စရာကောင်းလှပါသည်။

" အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း တွေလား... "

တစ်ယောက်က ထိုအစီအမံ သုံးခုအား တွေ့သည်နှင့် ၎င်းတို့၏ အဆင့်များကို ချက်ချင်းရိပ်မိသွားသည်။

" လျှို့ဝှက်ဒေသထဲမှာက ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ခံထားရမှာဆိုတော့.... အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းသာ ရှိထားရင် ငါ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ "

" ဟုတ်တယ်.. အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းနဲ့သာဆို.. လျှို့ဝှက်ဒေသထဲက ကြောက်စရာသားရဲကြီးတွေကိုတောင် သတ်လို့ရနိုင်မှာ "

အားလုံး တီးတိုးပြောလိုက်ကြသည်။

ထိုစဥ် ယွဲ့လီက တစ်ခုကို သတိထားမိကာ မျက်မှောင်ကြုံ့သွားပါ၏။

" သခင်ကြီးလုံ ၊ အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းက ဘာဖြစ်လို့ သုံးခုပဲ ရှိနေရတာလဲ "

သခင်ကြီးလုံက သူမကို တစ်ချက်လှမ်းကြည့်ကာ အပြုံးဖြင့် ပြန်ဖြေသည်။

" မင်း သတိထားမိတာလား ။ အခု ငါ့လက်ထဲမှာ ရှိနေတဲ့ မသေမျိုးအစီအမံပုံကြမ်းတွေက မင်းတို့အတွက်ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့်... အဲ့ အစီအမံပုံကြမ်းတွေကို ဘယ်သူက အရင် ရွေးရမလဲဆိုတာကိုတော့ အရင် ပြိုင်ပွဲနှစ်ဆင့်မှာ မင်းတို့ရခဲ့တဲ့ ရလဒ်တွေကို မူတည်ပြီး ဆုံးဖြတ်မှာ "

" ဘယ်လို... "

ထိုစကားကို ကြားသောအခါ အားလုံး တအံ့တသြ ရေရွတ်ပြီး လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

သခင်ကြီးလုံ ပြောသည့်အတိုင်းဆိုပါက ... ထိုအစီအမံပုံကြမ်းများကို လောထျန်းကသာ အရင်ဆုံးရွေးချယ်ခွင့် ရပေလိမ့်မည် ။

အကယ်၍ သူသာ အစွမ်းအထက်ဆုံး အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း သုံးခုလုံးကို ရွေးသွားခဲ့ပါက သူတို့ ကျန်လူများ ဘာလုပ်ရပါတော့မည်နည်း ။

ထိုစဥ် သခင်ကြီးလုံက အလုံးရင်ထဲမှ အကြောက်တရားကို ခံစားမိသည့်အလား အပြုံးဖြင့် ထပ်ပြောလာသည်။

" စိတ်မပူကြပါနဲ့.... စည်းမျဥ်းတွေအတိုင်းဆိုရင် ဒီ မသေမျိုးအစီအမံပုံကြမ်းတွေနဲ့ လဲလှယ်ဖို့အတွက် တစ်ယောက်ကို အမှတ်သုံးဆယ် ရမယ်ကွ ။ ဒါပေမယ့်... အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်းနဲ့ လဲဖို့ဆိုရင် တစ်ခုကို အမှတ် ၁၅ လိုတယ် ။ အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်းကိုတော့ ၁၃ မှတ်နဲ့ ၊ အဆင့် ၇ အစီအမံပုံကြမ်းကိုတော့ ၁၁ မှတ်ပေါ့ "

" တစ်နည်းပြောရရင်တော့ ပထမဆုံး ရွေးတဲ့သူကတောင် အလွန်ဆုံးမှ အဆင့်ကိုး မသေမျိုးအစီအမံပုံကြမ်း ၂ ခုပဲ ရနိုင်မှာ "

All Chapters