← Chapters

အခန်း (၈၆၅)

Vol. 62 Ch. 865

အခန်း (၈၆၅)

Vol. 62 Ch. 865

ပြန်အသက်သွင်းခြင်း သခင်ကြီးက ဒေါသတကြီး အော်လိုက်သည်။

" ငါကသာ တကယ့်အစစ်ကွ "

သို့သော် ထိုသို့ အော်ပြီးချိန်တွင် သူကိုယ်တိုင်လည်း အံ့သြတုန်လှုပ်သွားပုံပင် ။

" အဲ့ကောင်ကရော အချိန်နောက်ပြန်ဆုတ်တဲ့ အစွမ်းကို ကျွမ်းကျင်ပြီးတော့.. မင်းကိုပါ သင်ပေးခဲ့တယ်.. ဟုတ်လား "

သူ ဒေါသတကြီး ဆက်ပြောလာသည်။

လောထျန်းက ခေါင်းယမ်းရင်း ပြန်ပြော၏။

" မဟုတ်ဘူးကွ ။ သူက ငါ့ကို သင်ပေးခဲ့တာ မဟုတ်ဘူး "

" ဟင်.. ဘယ်လို "

ပြန်အသက်သွင်းခြင်းသခင်ကြီး နားမလည်နိုင် ဖြစ်သွားသည်။

လောထျန်းက ဆက်ပြော၏။

" ငါ သူနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ သူက အဲ့အကွက်ကို အများကြီး သုံးခဲ့တယ်လေ ။ ငါက အဲ့ဒါကိုကြည့်ပြီးတော့ သင်ခဲ့တာ "

သူ့စကား ဆုံးချိန်တွင် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်သည်။

အခြားသူတစ်ယောက် သုံးနေသည့် သိုင်းကွက်ကို ကြည့်ရုံဖြင့် သင်ယူခဲ့သတဲ့လား..

ရိုးရှင်းသော သိုင်းကွက်လေးတစ်ခုကိုပင် ကြည့်ရုံဖြင့် သင်ယူရန်မှာ လွယ်ကူလှသော အရာတစ်ခုမဟုတ်ပါ။

ထို့ထက်ပိုဆိုးသည်မှာ အချိန်နောက်ပြန်ဆုတ်သည့် အစွမ်းတွင် အချိန်စည်းမျဥ်းများ ပါဝင်နေခြင်း ဖြစ်ပါ၏။

ထိုသို့သော အစွမ်းမျိုးကို ဒေသကြီးကိုးခုရှိ မသေမျိုးဘုရင်အများစုက တစ်သက်လုံး ကြိုးစားသင်ယူလျှင်ပင် နားလည်ရန် မလွယ်လှပါ ။

လောထျန်းကမူ ကြည့်ရုံဖြင့် တတ်ခဲ့သတဲ့လား..

" မင်း.. မင်းက.. ဘယ်လိုဘီလူးမျိုးလဲ "

ထိုအချိန်တွင် ပြန်အသက်သွင်းခြင်းသခင်ကြီး မှာလည်း ကြောက်ရွံ့စိတ် ဝင်နေလေပြီ ။

သို့သော်.. သူ ပြန်ရလိုက်သည့် အဖြေမှာ လက်သီးချက်တစ်ခုသာ...

ဘုန်း...

ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ကိုယ်ပွားပုံရိပ်က ပြာမှုန်အဖြစ် လုံးဝ ပြောင်းသွားပါတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေသော ထျန်းယွမ်သခင်ကြီး၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်တို့ဖြင့် ပြည့်နေပါ၏။

မကြာခင်လေးကပင် ဒေသကြီးကိုးခု ဖျက်ဆီးခံရတော့မည်ဟု သူ တွေးနေခဲ့သေးပါသည်။

သို့သော် ထို နတ်ဆိုးကြီး၏ ပြဿနာက ယခုကဲ့သို့ ပြေလည်သွားမည်ဟု မည်သူ ထင်ပါမည်နည်း။

ထိုစဥ် လောထျန်းက ရုတ်တရက် ခေါင်းလှည့်လာကာ မလှမ်းမကမ်းတွင် ရှိနေသော သားရဲအုပ်ဘက် ကြည့်လိုက်သည်။

ထိုသားရဲများမှာ အစောပိုင်းက လောထျန်းတို့နှစ်ယောက်၏ တိုက်ပွဲကြောင့် ဒဏ်ရာများစွာ ရထားခဲ့ကြသည့်တိုင် အများစုမှာ အသက်ရှင်နေဆဲ ဖြစ်ပါသည်။

လောထျန်း မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

" ငါ ခုနက အပြင်ထွက်လာတဲ့အချိန်မှာ မင်းတို့တွေ လူသားစားမယ်လို့ ပြောနေကြတာမလား "

သားရဲအုပ်မှာ ကြောက်လွန်း၍ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်ကုန်ကြသည်။

အချို့ဆိုလျှင် ကြောက်သေးပင် ထွက်ကျကုန်ပါ၏။

ထိုစဥ် ကျားနတ်ဆိုးတစ်ကောင်က အသံတုန်တုန်ဖြ

င့် ပြောသည်။

" သခင်ကြီး.. နားကြားမှားတာပါဗျာ ။ ကျုပ်က အရင်တည်းက သတ်သတ်လွတ်ပဲ စားခဲ့တာပါ "

ဝံပုလွေ နတ်ဆိုးတစ်ကောင်ကလည်း ခေါင်းကို အသည်းအသန်ညိတ်ကာ ဝင်ပြော၏။

" ဟုတ်ပါတယ်ဗျာ ။ ကျုပ်လဲ ငယ်ငယ်လေးတည်းက မြက်ပဲ စားလာတာပါ ။ လူသားစားဖို့ မပြောနဲ့ ၊ ယုန်သားတောင် မစားခဲ့ပါဘူး "

အနားတွင်ရှိသော ယုန်နတ်ဆိုးတစ်ကောင်က အံ့အားသင့်သွားဟန်ဖြင့် ဝံပုလွေနတ်ဆိုးကို ကြည့်၍ ပြောသည်။

" ဘာတွေလျှောက်ပြောနေတာလဲ.. မင်းက ငါ့ဦးလေးကို စားခဲ့တာ မဟုတ်ဘူးလား "

ဝံပုလွေနတ်ဆိုးက ထိုယုန်အား စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်၏။ ယုန်မှာလည်း ထိုအကြည့်ကို ကြောက်လွန်း၍ ချက်ချင်း ပါးစပ်ပိတ်သွားသည်။

ထိုစဥ် လောထျန်းက ထျန်းယွမ်သခင်ကြီးကို ကြည့်ကာ ပြောသည်။

" ကျုပ် အဲ့ကောင်တွေကို ဘယ်လိုကိုင်တွယ်လိုက်သင့်လဲ "

ထျန်းယွမ်သခင်ကြီးက မျက်မှောင်ကြုံ့စဥ်းစားရင်း ပြန်ပြော၏။

" အခု သေချာစဥ်းစားကြည့်လိုက်တော့.. အဲ့နတ်ဆိုးသားရဲတွေရဲ့ ဘိုးဘေးတွေက ပြန်အသက်သွင်းခြင်းသခင်ကြီးကို ချုပ်နှောင်တဲ့တိုက်ပွဲမှာ ဝင်ပါခဲ့ကြတဲ့သူတွေပဲ ။ သူတို့တွေ အများကြီး ကူညီပေးခဲ့တယ်လို့တောင် သတ်မှတ်လို့ရတယ် ။ အဲ့တော့ လောလောဆယ်... သူတို့ကို လွတ်ပေးလိုက်ရင် ကောင်းမလား "

သူ ထိုသို့ပြောကာ လောထျန်းအား ကြည့်လိုက်သည်။

လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ဒါပေမယ့်.. သူတို့ကို ဒီတိုင်းကြီးလွတ်ပေးလိုက်လို့.. သူတို့က တခြားသူတွေကို အန္တရာယ်ပြုရင် မကောင်းဘူးလေ "

ထျန်းယွမ်သခင်ကြီး သက်ပြင်းချလိုက်သည်။

" ကျုပ်လဲ အဲ့ဒါကိုတော့ စိုးရိမ်တယ် "

ထိုစဥ် လောထျန်း၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး ပြော၏။

" ကျုပ် အကြံရပြီ "

ထို့နောက် သားရဲအုပ်ဘက် လှည့်ကြည့်ကာ သူ ဆက်ပြောသည်။

" မင်းတို့အားလုံး သတ်သတ်လွတ်ပဲ စားတာလို့ ပြောခဲ့တာမလား "

သားရဲအုပ်က ခေါင်းကို အသည်းအသန် ညိတ်ပြရှာသည်။

လောထျန်း ဆက်ပြော၏။

" ကောင်းပြီ ၊ အခုချိန်ကစပြီးတော့ မင်းတို့တွေ ဘယ်သက်ရှိကိုမှ မသတ်ပဲနဲ့ သတ်သတ်လွတ်ပဲ စားမယ်လို့ ကျိန်ရင် ငါ မင်းတို့ကိုလွတ်ပေးမယ် ။ မဟုတ်လို့ကတော့ မင်းတို့အားလုံးကို ခုချက်ချင်းအသေသတ်ပစ်မှာ ။ အဲ့တော့ .. ရွေးစရာ လမ်းနှစ်လမ်း ရှိတဲ့ထဲက မင်းတို့ကြိုက်တဲ့လမ်းကိုရွေး "

တဖက်မှ သားရဲများ တစ်ကောင်ကိုတစ်ကောင် မယုံ

နိုင်စွာ လှည့်ကြည့်လိုက်ကြသည်။

၎င်းကိုမြင်သော လောထျန်းက ခေါင်းညိတ်၍ ပြော၏။

" ကြည့်ရတာ မင်းတို့အားလုံးက သေဖို့ပဲ ရွေးကြတဲ့ပုံပဲ "

ဝုန်း...

သူ့ ကောင်းကင်ဘုံလက်ဝါးကြီး ပေါ်လာသည်။

" ခဏနေပါဦးဗျာ.. ကျုပ် ကျိန်ပါတယ် ။ အခုချိန်ကစပြီးတော့ ကျုပ် နေ့တိုင်း သတ်သတ်လွတ်ပဲစားပါ့မယ် ။ ကျုပ်က အရင်တည်းကလဲ သတ်သတ်လွတ်ပဲ စားတဲ့သူပါ "

ယုန်နတ်ဆိုးက ငိုရင်း အော်ပြောလာ၏။

ကျန်သားရဲများလည်း သူ့နည်းတူပင် အသည်းအသန် ကျိန်လိုက်ကြသည်။

သားရဲများအားလုံး ထိုသို့ ကျိန်ဆိုကြပြီး နောက်တွင်ကား လောထျန်းက ခေါင်းတစ်ချက်ညိတ်၍သာ သူ

တို့အားလုံးကို လျစ်လျူရှုထားလိုက်၏။

ထို့နောက်.. မလှမ်းမကမ်းတွင် ရှိနေသော ယဲ့ဖူရှောက်ဘက် သူ လှမ်းကြည့်လိုက်သည်။

အနီးနားတွင် ရှိနေကြသော ကျန်လူများလည်း သူ ကြည့်သည့်ဘက် လိုက်ကြည့်လိုက်ကြ၏။

လက်ရှိတွင် ယဲ့ဖူရှောက်အပြင် ၊ သူ့နောက်နားလေး၌ ဟွမ်ရှင်းဂိုဏ်းမှ အခြားဂိုဏ်းသား လေးယောက်လည်း ရှိနေပါသည်။

သူတို့ဂိုဏ်းမှ ကျန်လူများကမူ အစအနပင် ရှာမရဘဲ ပျောက်ခြင်းမလှ ပျောက်နေပါ၏။

ကြည့်ရသည်မှာ.. ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ ပြိုကျချိန်တွင် ထိုလူများက အပြင်သို့ မထွက်နိုင်ခဲ့ကြဘဲ အထဲတွင်သာ သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်ပါသည်။

" သစ္စာဖောက်ကောင်တွေ "

ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ

အကြီးအကဲတစ်ယောက်က အံကြိတ်ကာ ပြောလိုက်သည်။

ထိုလူများကြောင့်သာ မဟုတ်လျှင်.. ယခုလောက် ပြဿနာများမည် မဟုတ်ပါချေ။

ထိုတခဏ၌ အားလုံးဆီမှ လူသတ်အရိပ်အငွေ့များ ကိုယ်စီ ထွက်လာပါတော့သည်။

" နတ်ဘုရားသားတော်.... "

ဟွမ်ရှင်းဂိုဏ်းသားတစ်ယောက်က အသံတုန်တုန်ဖြင့် စကားစ၏။

ပြန်အသက်သွင်းခြင်းသခင်ကြီး က သေသွားခဲ့ပြီဖြစ်ရာ.. သူတို့ မကြောက်ဘဲ မည်သို့နေပါမည်နည်း ။

သို့သော် ထိုစဥ်တွင် ယဲ့ဖူရှောက်ကမူ မယုံနိုင်စရာကောင်းအောင် တည်ငြိမ်နေပါသည်။

သူ လောထျန်းကိုကြည့်ကာ အံကြိတ်၍ ပြော၏။

" လောထျန်း... ငါ မင်းကို လက်မခံဘူး... "

" ဟင်... "

သူ့စကားကြောင့် အားလုံး အံ့သြသွားကြသည်။

ယဲ့ဖူရှောက် ဦးနှောက်က တစ်ခုခု လွဲနေပြီလားဟုလည်း အားလုံး တွေးမိလိုက်ကြ၏။

လောထျန်းကို လက်မခံဘူးတဲ့လား...

လောထျန်းက ပြန်အသက်သွင်းခြင်းသခင်ကြီးအား အသေသတ်ခဲ့သည်ကို သူ မမြင်ခဲ့ဘူးလား..

ယခုလို အချိန်မျိုးကြီးမှ လောထျန်းကို လက်မခံဟု ပြောရဲနေပါသေးသလား...

ထိုစဥ် ယဲ့ဖူရှောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လောထျန်းအား ထပ်ပြော၏။

" လောထျန်း ၊ မင်းနဲ့ငါ သိုင်းပညာချင်းယှဥ်ပြီး တိုက်ခိုက်ရင် ငါက မင်းအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဝန်ခံပါတယ် ။ ဒါပေမယ့် အခုတစ်ခေါက် ငါတို့တွေ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပြိုင်ပွဲကို ဝင်ရတဲ့အကြောင်းက ငါတို့ရဲ့ အစီအမံ

ပညာ ဘယ်လောက်ရှိလဲ စမ်းသပ်ဖို့ဆိုတာကို မမေ့နဲ့ ။ အဲ့တော့... မင်း အစီအမံပညာရပ်မှာ ငါနဲ့ယှဥ်ပြီး တိုက်ခိုက်ရဲလား "

သူ ထိုသို့ပြောပြီး ခေါင်းမော့ရင်ကော့၍ လောထျန်းအား ရန်စစိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

" မျိုးမစစ်ကောင် .. အခု မင်းမှာ အဲ့လိုစကားမျိုး ပြောခွင့်ရှိတယ် ထင်လို့လား "

သခင်ကြီးဟောင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယဲ့ဖူရှောက်အား အေးစက်စက်ကြည့်၍ မေး၏။

" ဟုတ်တယ်.. ဒီလိုအမှိုက်ကောင်ကို တန်းပြီးတော့သာ သတ်လိုက်။ ဘာမှ ပြောမနေနဲ့ "

" သူတို့ကို ဒီတိုင်းကြီးသတ်လိုက်ရင် ညှာတာပေးသလို ဖြစ်သွားမှာကွ ။ အရင်ဆုံး သူတို့ရဲ့ စိတ်ဝိဥာဥ်တွေကို ရှာကြည့်ပြီးတော့ ပြန်အသက်သွင်းခြင်း သခင်ကြီးကို သူတို့လို သစ္စာခံထားတဲ့သူတွေ ဘယ်လောက်များလဲဆိုတာ ကြည့်သင့်တယ် "

" အဲ့အကြံ ကောင်းတယ် "

အားလုံး ပြောလိုက်ကြသည်။

သို့သော် ယဲ့ဖူရှောက်ကမူ ထိုစကားများကို မကြားသည့်အလား မတုန်မလှုပ် ရှိနေပြီး လောထျန်းကိုသာ စိုက်ကြည့်နေပါ၏။

လောထျန်း မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

" မင်း သေချာရဲ့လား "

ယဲ့ဖူရှောက်က အေးစက်စက် ပြန်ပြော၏။

" သေချာတာပေါ့ကွ "

လောထျန်း ခေတ္တမျှ တွန့်ဆုတ်နေဟန် တူပြီးမှ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ.. ဒါဆိုလဲ မင်းသဘောပေါ့ "

သူ ပြောကာ ယဲ့ဖူရှောက်တီ လျှောက်သွားလိုက်သည်။

" သခင်လေးလောထျန်း.. အဲ့လို သစ္စာဖောက်ကောင်ကို ဘာမှ အာရုံပေးနေစရာ မလိုပါဘူးဗျာ.. "

သခင်ကြီးလုံက လောထျန်းအား နားချရန် ကြိုးစားရှာ၏။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောသည်။

" ကိစ္စမရှိပါဘူး.. စည်းမျဥ်းတွေအရဆိုရင် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက မပြီးသေးဘူးလေ ။ အဲ့တော့ ကျုပ် သူ့ကို မျှမျှတတတိုက်ခိုက်ခွင့် ပေးလိုက်ပါမယ် "

ထိုစကားကို ကြားသောအခါ အားလုံး ဆွံ့အသွားပြီး နောက်သို့ဆုတ်လိုက်ကြသည်။

လောထျန်းက ယဲ့ဖူရှောက်ကို စိုက်ကြည့်ကာ မေး၏။

" မင်းက ဘယ်လိုမျိုး တိုက်ခိုက်ချင်တာလဲ "

ယဲ့ဖူရှောက် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" ထွင်းစာတွေရော ၊ အစီအမံတွေရော သုံးလို့ရတယ် ။ အရင်ဆုံး လဲကျတဲ့သူက အရှုံးပဲ "

လောထျန်း ပြုံးသွား၏။

"စည်းမျဥ်းတွေက တော်တော်လေး ရိုးရှင်းသားပဲ ။ ကြိုက်တယ်ကွာ... ကဲ.. အခု စလိုက်ကြမလား "

ယဲ့ဖူရှောက် ခေါင်းညိတ်သည်။

" ကောင်းပြီ "

သူ ပြောပြီးသည်နှင့် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လိုက်၏။

ဝီ...

သူ့ရှေ့တွင်လည်း မရေမတွက်နိုင်သော ထွင်းစာများ တမဟုတ်ချင်း ပုံပေါ်လာကြပြီး..

တစ်စက္ကန့်မျှအချိန်လေးအတွင်း အဆင့်ကိုး အစီအမံတစ်ခု စတင်အသွင်ပေါ်လာသည်။

၎င်းကိုမြင်သော အကြီးအကဲများအားလုံး အံ့သြမှင်သက်ကုန်ကြ၏။

" မြန်လိုက်တာ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ "

" ဒီကောင်လေးက သူ့အစွမ်းကို ဖုံးကွယ်ထားခဲ့တာပဲ "

" ငါကလဲ အဆင့်ကိုး အစီအမံပညာရှင်တစ်ယောက် ဆိုပေမယ့် သူက ငါ့ထက် အများကြီးပိုပြီး အစွမ်းထက်တယ်ကွ ။ နှမျောစရာပါကွာ... အဲ့လို အစွမ်းမျိုးနဲ့ လူတစ်ယောက်သာ လမ်းမှန်ကို လိုက်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ "

အားလုံး ခံစားချက်ကိုယ်စီဖြင့် ရေရွတ်လိုက်ကြသည်။

ထိုစဥ်မှာပင် ယဲ့ဖူရှောက်၏ အစီအမံက ပြီးသွားခဲ့ပါ၏။

သူ အံကြိတ်၍ လောထျန်းကိုကြည့်ကာ ပြောသည်။

" လောထျန်း ၊ သိုင်းပညာမှာတော့ ငါက မင်းလောက်မကောင်းဘူး ။ ဒါပေမယ့် အစီအမံပညာမှာတော့ မင်း ငါ့ကို မမှီပါဘူးကွာ ။ ပြီးခဲ့တဲ့ ပြိုင်ပွဲအဆင့်တွေမှာ ငါ့ရဲ့ အစွမ်းအစစ်ကို ဖုံးကွယ်ထားခဲ့ရပေမယ့် အခုတော့ မင်းနဲ့ငါနဲ့ကြားမှာ ကွာဟချက်

ဘယ်လောက်ကြီးတယ်ဆိုတာကို ပြလို့ရသွားပြီ ။ ငါက ဒီ အဆင့်ကိုးအစီအမံကို တစ်စက္ကန့်လောက်လေးနဲ့ လုပ်ခဲ့တာကွ ။ တကယ်လို့.. ငါ မင်းလက်ချက်နဲ့ သေရမယ်ဆိုရင်တောင် မင်းတစ်သက်လုံး ငါ့ကို ဘယ်တော့မှ မမှီနိုင်ဘူးဆိုတာ သိစေချင်တယ် "

ဝီ..

သူ့စကား ဆုံးချိန်မှာပင် အဆင့်ကိုးအစီအမံ အသက်ဝင်လာကာ လျှပ်စီးတစ်ခု စုစည်းလာသည်။

လောထျန်းက ထိုမြင်ကွင်းကိုကြည့်ရင်း အေးဆေးပြော၏။

" အဆင့်ကိုး အစီအမံလား "

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကိုလည်း ထုတ်လွှတ်လိုက်သည်။

ဝီ... ဝီ... ဝီ.... ဝီ.....

လောထျန်း၏ ခေါင်းပေါ် ၊ အရှေ့ ၊ အနောက် နှင့် ဘေးပတ်လည်တွင် ယဲ့ဖူရှောက်နှင့် ဆင်တူ အဆင့်

ကိုးအစီအမံများ ရာပေါင်းများစွာ ပေါ်လာ၏။

All Chapters