← Chapters

မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူကို ဖိနှိပ်ခြင်း

Vol. 56 Ch. 779

မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူကို ဖိနှိပ်ခြင်း

Vol. 56 Ch. 779

" ဟင်.. အစီအမံပါလား ။ ဒါလောင် မသေမျိုးဘုရင် ၊ ဒါ .. ငါ့ကို ကိုင်တွယ်ဖို့အတွက် မင်း နှစ်သောင်းချီကြာ အချိန်ဖြုန်းပြီး ကြိုးစားထားတဲ့ ရလဒ်လား "

ထျန့်ကျီတောင်သခင်ကြီးက အထင်သေးသည့် မျက်နှာထားဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

" သနားစရာပါလားကွာ ... လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ဆိုရင်တော့ အဲ့လို အစီအမံတွေကို ငါ စိုးရိမ်မိဦးမှာ "

" ဒါပေမယ့်... ငါ အခု မသေမျိုးဧကရာဇ် အဆင့်နီးပါး ရောက်နေတာ မင်း ကံဆိုးတာပဲ ။ မူလအဆင့် မသေမျိုးအစီအမံတစ်ခုတောင် ငါ့ကို ဘာမှ မလုပ်နိုင်တော့ဘူးကွ "

သူ ပြောပြီး မလှမ်းမကမ်းမှ မသေမျိုးသစ်ပင်တစ်

ပင်အား လှမ်းကြည့်လိုက်သည်။

" မင်းက မသေမျိုးလက်ဖက်ပင် မလား "

ဝီ ...

မသေမျိုးလက်ဖက်ပင် သူ့ဘေးရောက်လာကာ အရွက်များ ၊ အကိုင်းများကို လှုပ်ယမ်း၍ သူ့အား ဖားလိုဟန် ရှိနေသည်။

ထျန့်ကျီတောင်သခင်ကြီး ပြုံးပြီး လက်ဖြန့်ကာ ပြော၏။

" လာခဲ့ ... တကယ် အစွမ်းထက်တာ ဘယ်လိုလဲဆိုတာ မင်းကို ငါပြမယ် "

ထိုစဥ်မှာပင်..

ဝုန်း ..

အစီအမံ ကျလာသည်။

ထျန့်ကျီတောင်သခင်ကြီး ပြုံးပြီး အစီအမံအား တန်းဖျက်ဆီးရန် လုပ်လိုက်၏။

သို့သော်... ထို့နောက်တွင် သူ့မျက်နှာထား ပြောင်းသွားပါသည်။

" ဟင်.. တစ်ခုခုတော့ လွဲနေပြီ ။ ဒီဖိအားက.... ဒါ မူလအဆင့်မသေမျိုးအစီအမံ မဟုတ်ဘူးလား "

သူ ချက်ချင်း ခေါင်းမော့ကြည့်လိုက်၏။

ထိုစဥ်မှာပင် ကြောက်မက်ဖွယ် ဖိအားကြီးက သူ့အား မြေကြီးထဲရောက်အောင်ထိ ဖိနှိပ်လိုက်ပါတော့သည်။

" ဘယ်... ဘယ်လိုဖြစ်ပြီးတော့ "

ထျန့်ကျီတောင်သခင်ကြီး အလွန်တုန်လှုပ်သွားရ၏။

ထိုဖိအားကြီးမှာ သူ့ နားလည်နိုင်စွမ်းထက်ပင် ပိုကြောက်စရာ ကောင်းနေပါသည်။

" $##$$ ငါက မသေမျိုးဧကရာဇ် အဆင့်နီးပါးကွ "

သူ ဒေါသတကြီးအော်ပြီး အစွမ်းများအားလုံးကို စု၍ ထရပ်ရန် ကြိုးစားလိုက်သည်။

သို့သော် ...

ဝီ ...

အစီအမံ၏ ဖိအားကြီး ထပ်ကျလာကာ..

ဝုန်း ...

သူ မြေပြင်သို့ ထပ်ဖိနှိပ်ခံလိုက်ရပြီး မလှုပ်နိုင် ဖြစ်သွားတော့၏။

" အဲ့ဒါ... ဘာကြီးလဲ "

ထျန့်ကျီတောင်သခင်ကြီး တုန်လှုပ်စွာ ဆိုလိုက်သည်။

သူ မှတ်မိသလောက်ဆိုလျှင်.. ဤကမ္ဘာကြီး၌ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အစီအမံတစ်ခု မရှိပါ။

ယခုတွင်ကား... အစီအမံ၏ ဖိနှိပ်အစွမ်းကြောင့် သူ ချုပ်နှောင်ခံထားရသလိုပါပင်...

" ဒေါသထွက်လိုက်တာကွာ "

သူ အသည်းအသန် ရုန်းကန်လှုပ်ရှားလိုက်သေးသော်လည်း ... ဘာမှ မသုံးမဝင်ပါချေ။

တဖက်တွင်ကား ...

" ဟင် ... "

အစီအမံကို ယခုလေးတွင် လုပ်၍ပြီးသွားသော လောထျန်းတစ်ယောက်.. ထျန့်ကျီတောင်သခင်ကြီး ရှိသည့်ဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။

" ခုနက အဲ့ဘက်နားလေးမှာ လှုပ်ရှားမှုတစ်ခု တွေ့လိုက်သလိုပဲ ။ အခု.. ဘယ်ရောက်သွားတာလဲ ။ ငါ မြင်ယောင်တာများလား "

လောထျန်း မျက်လုံးများကို ပွတ်၍ ထပ်ကြည့်လိုက်၏။

ထို့နောက်တွင်မူ.. သူ ခေါင်းအသာယမ်းလိုက်သည်။

" ငါ စောနတုန်းက ဟိုချောင်းနေတဲ့ကောင်တွေကို ရှင်းတဲ့အချိန်မှာ သေချာစစ်ကြည့်ခဲ့သေးတာပဲလေ .. ဘယ်သူမှ မရှိပါဘူး ။ ဒီတလောတွေ ကောင်းကောင်း မနားထားရလို့ ပင်ပန်းနေတာနဲ့ တူပါတယ် ။ ထားပါ.. အစီအမံကို မြန်မြန်လုပ်ပြီး စောစောအိပ်တာကောင်းတယ် "

လောထျန်း ပြောပြီး ခေါင်းပြန်လှည့်၍ အစီအမံ နောက်တစ်ခုကို ဆက်လုပ်လိုက်သည်။

" အခုက အကာအကွယ်အစီအမံ လုပ်ရမယ် ။ ဒီဟာအတွက်က အဆင့်ကိုး အစီအမံကို နည်းနည်းပြုပြင်ပြီး သုံးလိုက်မယ်ကွာ "

သူ ပြောပြောဆိုဆိုပင် ထွင်းစာများကို စရေးလိုက်တော့သည်။

ဝုန်း .

ဤသို့ဖြင့် မကြာခင်မှာပင် အကာအကွယ်အစီအမံတစ်ခု ပြီးသွားခဲ့ပါ၏။

" ပြီးရင်... တိုက်ခိုက်ရေး အစီအမံတစ်ခုလဲ ထပ်လုပ်လိုက်မယ်ကွာ "

လောထျန်း ပြောကာ အစီအမံနောက်တစ်ခု ထပ်ပြင်လိုက်ပြန်သည်။

သူသည် ထိုသို့ဖြင့် ညနက်သန်းခေါင်လောက် အထိ အစီအမံများ တစ်ခုပြီးတစ်ခု လုပ်လိုက်ပြီးမှ နောက်ဆုံးရပ်သွားပါ၏။

" အင်း... အစီအမံပေါင်းစုံ လုပ်ပြီးသွားပြီဆိုတော့ အဲ့လောက်ဆို ဘေးကင်းလောက်ပါပြီလေ "

ထို့နောက်တွင်မူ.. သူ အကြောဆန့်၍ အခန်းသို့ ပြန်သွားကာ အနားယူလိုက်တော့သည်။

ထိုစဥ်တွင် ထျန့်ကျီတောင် တစ်နေရာ၌ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူတစ်ယောက်မှာ မြေပြင်တွင် ပြားပြားဝပ်အောင် ဖိနှိပ်ခံထားရသည်ကိုမူ သူ လုံးဝ သတိမထားမိလိုက်ပါချေ။

ထိုသူမှာ ဖိအားအောက်မှ လွတ်အောင် လုံးဝ မလှုပ်နိုင်ရှာပါ ။

တစ်ချိန်တည်းမှာပင် ... ထျန့်ကျီတောင် အရှေ့ဘက် မိုင်ထောင်ချီဝေးသော ထျန်းလင်ဂိုဏ်း၌ ...

ဝုန်း ...

အသံကျယ် တစ်သံနှင့်အတူ တောင်ကို ကာကွယ်ပေးထားသော အကာအကွယ်အစီအမံ ပြိုကွဲသွားကာ ထျန်းလင်ဂိုဏ်းမှ လူများ မရေမတွက်နိုင်အောင်ပင် အသတ်ခံရပြီး လူများစွာလည်း ဒဏ်ရာပြင်းထန်စွာ ရကုန်ကြ၏။

" သွေးနီလမင်း ဂိုဏ်း... မင်းတို့က တကယ်ကြီးကို.. "

လီချင်းယွမ် ဒဏ်ရာဆိုးရွားစွာ ရထားပြီး သူ့ခန္ဓာကိုယ် တစ်ဝက်မှာလည်း သွေးများပေနေသည်။

" ဟား ဟား... လီချင်းယွမ် ... မသေမျိုးဆေးရည် ရလိုက်ရုံနဲ့ မင်းတို့ ထျန်းလင်ဂိုဏ်းကို ကယ်နိုင်ပြီလို့ ထင်နေတယ်ပေါ့ ။ သနားစရာကောင်းတာက... မင်း အရင်လို ထိပ်ဆုံးအခြေအနေ ပြန်ရောက်နေရင်တောင်.. ဒီနေ့ သေရမှာက သေရမှာပဲကွာ "

သွေးနီလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက လှောင်ပြုံး

ဖြင့် ပြောလိုက်သည်။

သူ လီချင်းယွမ်အား ကြည့်နေသည့်အကြည့်မှာလည်း သေလူတစ်ယောက်ကို ကြည့်နေသလိုပါပင် ...

လီချင်းယွမ် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီးနောက်.. တဖက်လူအား မုန်းတီးစွာ ကြည့်လိုက်၏။

" ဟန်ဖုန်းယန် ... မင်းက မင်းနဲ့ငါနဲ့ကြားက ပြဿနာအတွက် အပြင်လူတွေကို တကယ်ကြီး အကူအညီတောင်းခဲ့တယ်ပေါ့လေ "

သွေးနီလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ၊ ဟန်ဖုန်းယန် နှုတ်ခမ်းတွန့်ရုံပြုံးကာ နောက်လှည့်ကြည့်လိုက်သည်။

သူ့နောက်တွင်ကား... ရွှေရောင်အလင်းတန်းများ တစ်ကိုယ်လုံး လွှမ်းခြုံထားသည့် လူတစ်ယောက်က မျက်နှာထားတင်းတင်း ရပ်နေပါသည်။

အမှန်တွင်မူ ထျန်းလင်ဂိုဏ်းနှင့် ယခု သူတို့ကို

တိုက်ခိုက်ခဲ့သော သွေးနီလမင်းဂိုဏ်းတို့မှာ လက်ရည်တူပြီး တစ်ဖွဲ့ကိုတစ်ဖွဲ့ ဘာမှ မလုပ်နိုင်ကြပါချေ။

လီချင်းယွမ်အား တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရစေပြီး ထျန်းလင်ဂိုဏ်း၏ ဂိုဏ်းသူဂိုဏ်းသား များစွာကို သတ်နိုင်ခဲ့သူမှာ ရွှေရောင်အလင်းတန်းနှင့် လူပါပင် ...

သူ့ကြောင့်လည်း ထျန်းလင်ဂိုဏ်းက လုံးဝ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်ပါသည်။

ဟန်ဖုန်းယန်က သူ့နောက်မှ အစွမ်းထက်မဟာမိတ်ကို တစ်ချက်လှမ်းကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြုံး၍ ဆိုသည်။

" ငါ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကြောင့်မို့သာလဲ သခင်ကြီးကျင့် ကို လာကူညီပေးဖို့ အကူအညီတောင်းလို့ ရခဲ့တာလေကွာ ။ တကယ်လို့ မင်းမှာသာ အဲ့လိုစွမ်းရည်မျိုးရှိရင်... တခြားသူတွေကို လာကူပေးကြဖို့ အကူအညီ တောင်းလိုက်ပေါ့ "

" အိုး.. ဟုတ်သားပဲ ၊ မေ့နေတာ ။ မင်းတို့ ထျန်းလင်

ဂိုဏ်းက ဘယ်အကူအညီမှ မရနိုင်ဘူးပဲ "

ထိုသို့ပြောပြီး သူ အရူးတစ်ယောက်သဖွယ် အော်ရယ်လိုက်၏။

လီချင်းယွမ် မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။

" ငါ အကူအညီ မရနိုင်ဘူးလို့ ဘယ်သူပြောတာလဲ "

ဟန်ဖုန်းယန် မျက်မှောင်ကြုံ့လိုက်ပြီး နှုတ်ခမ်းက ပြုံးနေရင်း ပြန်ပြော၏။

" လီချင်းယွမ် .. ဘာလို့ ကိုယ့်ကိုကိုယ် လိမ်နေဦးမှာလဲကွာ ။ သခင်ကြီးကျင့်ကတောင် တိုက်ခိုက်ပြီးသွားပြီလေ ။ ကိုယ့်ကို သတ်ဖို့လုပ်နေတဲ့သူက ဘယ်သူလဲဆိုတာတော့ မင်း သိသင့်တာပေါ့ ။ သခင်ကြီးကျင့်သာ ရှိနေရင် ဒီ ဒါယွိတစ်နိုင်ငံလုံးမှာ မင်းကို လာကူမယ့်သူ ဘယ်သူရှိမှာလဲ "

" မင်း.... "

ထိုစကားကို ကြားသောအခါ လီချင်းယွမ် သခင်ကြီးကျင့်အား သေချာ ထပ်ကြည့်လိုက်သည်။

ထိုစဥ်..

" အဘိုး ... "

ချင်းလေး၏ တုန်တုန်ယင်ယင် အသံ ထွက်လာပါ၏။

လီချင်းယွမ် ချက်ချင်းလှည့်ကြည့်လိုက်ရာ သွေးနီလမင်းဂိုဏ်းမှ ဂိုဏ်းသားနှစ်ယောက်က ချင်းလေးကို ချုပ်၍ သူ့ဆီသို့ လာနေကြသည်ကို မြင်လိုက်ရသည်။

" ချင်းလေး ... "

လီချင်းယွမ်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားတော့၏။

ထို့နောက် သူ ဟန်ဖုန်းယန်ဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

" ဟန်ဖုန်းယန် ၊ မင်းနဲ့ငါနဲ့ နှစ်ယောက်ကြားက ပြဿနာမှာ ကလေးကို ဆွဲမထည့်ပါနဲ့ "

ဟန်ဖုန်းယန်က နှုတ်ခမ်းကွေးသွားအောင် ပြုံးကာ ပြန်ပြောသည်။

" ဟား ဟား... ကံဆိုးတာက မင်းမှာ အဲ့လိုပြောပိုင်ခွ

င့် မရှိဘူးကွ "

သူ ပြောပြီး သွေးနီလမင်းဂိုဏ်းမှ လူများဘက် လှည့်ကြည့်လိုက်သည်။

" သွေးနီလမင်းဂိုဏ်းသားတို့.. နားထောင်ကြ ။ ဒီမိန်းကလေးက ထျန်းလင်ဂိုဏ်းရဲ့ သခင်မလေးပဲ ။ ဒီနေ့တော့ သူ့ကို မင်းတို့အတွက် ဆုအနေနဲ့ ပေးမယ် ။ အားလုံး... ထျန်းလင်ဂိုဏ်းချုပ်ကြီးရဲ့ ရှေ့မှာ ဒီမိန်းကလေးကို လာမြည်းကြည့်ကြပါဦးကွာ "

" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး .. "

သွေးနီလမင်းဂိုဏ်းမှ လူများ အသံကျယ်ဖြင့် အော်ရယ်လိုက်ကြ၏။

" မင်းတို့... တိရိစ္ဆာန်ကောင်တွေ "

လီချင်းယွမ် မျက်နှာအလွန်ပျက်သွားသည်။ သို့သော် သူ့ဒဏ်ရာများက ဆိုးရွားလွန်းနေသဖြင့် ဘာမှ မတတ်နိုင်ဘဲ သွေးသာ အန်လိုက်ရပြန်၏။

ဟန်ဖုန်းယန်က ၎င်းကိုကြည့်ရင်း လှောင်ပြုံးဖြင့် ပြောသည်။

" ဘာလဲ... မင်းက လက်မခံနိုင်သေးဘူးလား ။ လက်မခံနိုင်ရင် အကူအညီ ခေါ်လိုက်လေကွာ ။ မင်းကို ဘယ်သူကူညီရဲမလဲ ကြည့်ဦးမယ် "

ထိုအချိန်တွင်မူ လီချင်းယွမ်တစ်ယောက် ရုတ်တရက် ခေါင်းမော့လာကာ... သူ့မျက်လုံးထဲတွင်လည်း ဆုံးဖြတ်ချက်ချထားပြီးဟန် အရိပ်အငွေ့အချို့ ဖြတ်ပြေးသွားသည်။

" ကောင်းပြီ ၊ အခုလိုဖြစ်အောင် မင်းက ဖိအားပေးတာနော် "

သူ ပြောပြီး အသံလွှင့် အဆောင်တစ်ခု ထုတ်လိုက်၏။

" ငါ ထျန့်ကျီတောင်နဲ့ အရမ်းကြီး မပတ်သက်ချင်ပေမယ့် ... အခုတော့.. ဘာမှ မတတ်နိုင်တော့ဘူး "

လီချင်းယွမ် ပြောပြောဆိုဆိုပင် အသံလွှင့်အဆောင်ကို အသက်သွင်းလိုက်သည်။

" သခင်ကြီး ၊ ကျုပ်က ထျန်းလင်ဂိုဏ်းက လီချင်း

ယွမ်ပါ ။ ကျုပ်ဂိုဏ်းက အခု အန္တရာယ်ကြီးနဲ့ ကြုံနေရပါတယ် ။ ကျေးဇူးပြုပြီးတော့ ကျုပ်ကို လာကယ်ပေးပါဦးဗျာ ။ ကျုပ်... ကျုပ် သခင်ကြီးကို လွင့်မျောတိမ်တိုက်ငှက်မွေး ပေးပါ့မယ် "

လီချင်းယွမ် အသံတုန်တုန်ဖြင့် ပြောလိုက်၏။

" ဟင်.. မင်းက တကယ်ကြီး အကူအညီတောင်းနေတာပဲ ။ အဲ့ကောင်ဘယ်သူလဲ ဆိုတာနဲ့ သူ မင်းကို တကယ်ကြီး လာကူညီပေးရဲမလားဆိုတာ ကြည့်ဦးမယ်ကွာ "

ဟန်ဖုန်းယန်က ပြောပြောဆိုဆိုပင် လီချင်းယွမ် လက်ထဲမှ အသံလွှင့်အဆောင်ကို လုလိုက်သည်။

ထိုအချိန်တွင် အသံလွှင့်အဆောင်မှာ အရောင်လက်နေဆဲ ဖြစ်ပါသည်။

ဟန်ဖုန်းယန်က အသံလွှင့်အဆောင်ထဲသို့ အထင်သေးဟန်ဖြင့် ပြောလိုက်၏။

" မင်း ဘယ်သူလဲဆိုတာ ငါမသိဘူး.. ဒါပေမယ့် သေချာနားထောင် ။ ထျန်းလင်ဂိုဏ်းရဲ့ ကိစ္စမှာ ဝင်ပါရင် မင်း သေချာပေါက်ကို သေရမှာ ။ မင်းတင် မက

ဘူး.. မင်းမိသားစုရော ၊ မျိုးနွယ်စု တစ်ခုလုံးရော ၊ မင်းရဲ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံးရော အသေဆိုးနဲ့ သေရမှာကွ "

သူ ပြောကာ လက်ကို ဆုပ်လိုက်သည်။

ဝုန်း...

အသံလွှင့်အဆောင် ကွဲကြေသွား၏။

" လီချင်းယွမ် ၊ မင်းကို သူလာကယ်ပါဦးမလားကွာ "

ဟန်ဖုန်းယန် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ထိုစဥ် .... မိုင်ထောင်ချီဝေးသော တစ်နေရာတွင်ရှိသော လောထျန်းတစ်ယောက် အသံလွှင့်အဆောင်မှ အသံကြောင့် နိုးလာပြီး ... မျက်လုံးထဲတွင်လည်း လူသတ်အရိပ်အငွေ့များ ရှိနေသည်ကို.... ဟန်ဖုန်းယန် လုံးဝ မသိရှာပါ ။

All Chapters