ကောင်းကင်နှင့် မြေကြီးကပင် လက်မခံသော
Vol. 27 Ch. 370
ထိုနေ့တွင် မဟာအလင်းတန်းဂိုဏ်းမှ ဂိုဏ်းဝင်များအားလုံး လျှို့ဝှက် အမိန့်တစ်ခု လက်ခံရခဲ့သည်။
အခြားတစ်ဖက် ပျောင်ပိုင်မြို့၌ ...
လောထျန်းက တစ်ညတာ ကောင်းကောင်းအနားယူလိုက်ပြီးနောက် လျှို့ဝှက်ဒေသထဲ ထပ်ဝင်ပြီး လှည့်ပတ်ကြည့်လိုက်သေး၏။ သို့သော် လျှို့ဝှက်ဒေသက ဆက်လက်တိုးချဲ့နေဆဲဖြစ်ကာ သူ ဘာမှလည်း လုပ်စရာ မရှိသဖြင့် အိမ်ပြန်ပြီးသာ အနားယူနေလိုက်သည်။
ထို့နေ့ခင်းပိုင်းတွင် ပျောင်ပိုင်မြို့ထဲရှိ လေ့ကျင့်ရေးကွင်း၌ လူငယ်အချို့က ကောင်းကင်ဘုံသိုင်းကျမ်းအား လေ့ကျင့်နေသည်ကို တွေ့သဖြင့် လောထျန်း ထိုလူငယ်အုပ်ဆီသွားကာ လိုအပ်သည်များကို ပြင်ဆင်ညွှန်ကြားလိုက်သေးသည်။
ထိုလူငယ်များမှာ လောမိသားစုမှ လူငယ်များပင် ။
လောထျန်းအတွက် အလွန်လွယ်ကူနေခဲ့သည့် ကောင်းကင်ဘုံ သိုင်းကျမ်းမှာ သူတို့အတွက် ကောင်းကင်ဘုံသို့ တက်ရသလိုပင် ခက်ခဲလှပါသည်။
အချိန်နှင့်နေရာ ဗိမာန်ထဲတွင် နှစ်ငါးဆယ်ကြာ ကျင့်ကြံခဲ့သည့်အထဲမှ အချို့သည်ပင် ကောင်းကင်ဘုံ သိုင်းကျမ်းကို အရိပ်အမြွက်မျှသာ နားလည်ခဲ့ကြ၏။
လောထျန်းက ထိုလူများအား ကောင်းကင်ဘုံသိုင်းကျမ်း၏ မဖြစ်မနေ နားလည်ရမည့် အခြေခံ အချက်များကို သေချာပင် သင်ပေးရှာသည်။
သို့သော် လောထျန်း၏ သင်ကြားပြသမှုနှင့်ပင် သူတို့၏ တိုးတက်မှုက နှေးကွေးနေပါသေးသည်။
မည်သို့ပင်ဆိုစေ လောထျန်းမှာ ထိုကိစ္စကို အလောတကြီး မရှိလှပါ။
ကောင်းကင်ဘုံ သိုင်းကျမ်းက သူ့အတွက် သီးသန့် ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်ကို သူ သတိထားမိသည် မဟုတ်ပါလား ။
သို့ဖြစ်ရာ အခြားသူများအတွက် ၎င်းကို သင်ယူရန် ခက်ခဲခြင်းအား သူ နားလည်ပါသည်။
ဤသို့ဖြင့် ဆယ်ရက်ကျော်ခန့် ကုန်လွန်လာခဲ့ပြီးမှသာ ပန်းလင်က လောထျန်းဆီသို့ အလောတကြီး သတင်းပို့လာ၏။
" သခင်လေး လောထျန်း ၊ ကျွန်မနဲ့ မြန်မြန်လိုက်ခဲ့ပါ ။ လျှို့ဝှက်ဒေသထဲမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ "
သူမအသံမှာ စိုးရိမ်စိတ် များနေဟန်လည်း ရှိသည်။
လောထျန်း အံ့အားသင့်သွားပြီးနောက် လျှို့ဝှက်ဒေသ ဝင်ပေါက်သို့ တည်နေရာရွှေ့ပြောင်းကာ ချက်ချင်း အထဲဝင်သွားလိုက်သည်။
သူ လျှို့ဝှက်ဒေသထဲ ရောက်သည်နှင့် ကောင်းကင်နှင့် မြေကြီး၏ အရောင်ကိုပင် ပြောင်းလဲစေသော အစွမ်းထက် အရောင်အဝါတစ်ခု ရှိနေသည်ကို သတိထာမိသွား၏။
" ဒါက . "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး အရောင်အဝါ ထွက်လာသည့်ဘက် ကြည့်လိုက်ရာ ၎င်းက နဂါးဥ ရှိသည့်ဘက်မှ လာနေသည်ကို မြင်လိုက်ရသည်။
" မဟုတ်မှလွဲရော .. "
လောထျန်းရင်ထဲ တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး နဂါးဥ ရှိရာသို့ ချက်ချင်း သွားလိုက်သည်။
ထိုအချိန်တွင် ပန်းလင်မှာလည်း နဂါးဥ အနီးသို့ ရောက်နေပြီဖြစ်ကာ ရှေ့သို့ မျက်နျာတည်ကြီးဖြင့် ကြည့်နေ၏။
" ဘာတွေ ဖြစ်နေတာလဲ "
လောထျန်း မေးလိုက်သည်။
ပန်းလင်က သူလာသည်ကို မြင်သည်နှင့် ရှေ့သို့ လက်ညိုးညွှန်ပြကာ ပြော၏။
" ရှေ့ကို ကြည့်လိုက်ဦး .. ကြည့်ရတာ နဂါးဥက အကောင်ပေါက်တော့မယ်နဲ့ တူတယ် "
လောထျန်း အံ့အားသင့်သွားသည်။
" ဥခွံထဲက ထွက်လာပြီလား .. ။ ခင်ဗျားပြောတော့ နောက်ထပ် နှစ်တွေ ရာချီပြီး ကြာလောက်ဦးမှာဆို "
ပန်းလင်က ပြန်ပြော၏။
" ကျွန်မ တွက်ချက်ထားတဲ့အတိုင်း ဆိုရင် တကယ်လဲ အဲ့လိုပဲ ဖြစ်သင့်တာ ။ ဒါပေမယ့် .. နဂါးဥက တနည်းနည်းနဲ့ မသေမျိုးအစွမ်းတွေ အများကြီးကို စုပ်ယူမိသွားတဲ့ပုံပဲ ။ မသေမျိုးအစွမ်းနဲ့ ဒီ လျှို့ဝှက်ဒေသထဲက အဖိုးတန် ရတနာတွေ ပေါင်းလိုက်တော့ .. စောစောအကောင်ပေါက်ဖို့ ဖြစ်လာတာ "
လောထျန်း အံ့အားသင့်သွားရပြန်သည်။
" မသေမျိုးအစွမ်းတွေ .. ဟုတ်လား ။ အဲ့ မသေမျိုးအစွမ်းတွေက ဘယ်က ရလာတာလဲ ။ ခင်ဗျား သူ့ကို ပေးလိုက်တာလား "
ပန်းလင်က မရွှင်မပျ ပြန်ပြောသည်။
" ကျွန်မမှာ အဲ့လို စွမ်းရည်မျိုး ဘယ်ရှိပါ့မလဲ ။ အဲ့ မသေမျိုးအစွမ်းက ဘယ်ကနေ လာတယ်ဆိုတာတော့ ဘုရားပဲ သိမှာ "
လောထျန်းက ရုတ်တရက် ခေါင်းမော့ကြည့်ပြီး ရေရွတ်၏။
" ဘုရားက လက်ဆောင်အဖြစ် ပေးခဲ့တာများလား "
ပန်းလင်က နှာခေါင်းရှုံ့သည်။
" အဲ့ကိစ္စက ခဏထားလိုက်ဦး ၊ သခင်လေးကို အဲ့ဒါကြောင့် ခေါ်လိုက်တာ မဟုတ်ဘူး ။ အခု နဂါးဥက အန္တရာယ်ထဲ ကျနေပြီ "
" ဟင် .. အန္တရာယ် ဟုတ်လား .. ဘာ အန္တရာယ်လဲ "
လောထျန်း အံ့အားသင့်သွားပြန်၏။
ပန်းလင်က လက်ညိုးညွှန်ပြီး ဆိုသည်။
" ဒီ နဂါးဥထဲက ကောင်လေးကို ကောင်းကင်နဲ့ မြေကြီးက လက်မခံနိုင်ဘူးနဲ့ တူတယ် ။ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေက သူ့ကို မမွေးလာခင်ကတည်းက တားချင်နေကြတဲ့ ပုံပဲ "
သူမ စကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး သေချာ ထပ်ကြည့်လိုက်သည်။ သူမ ပြောခဲ့သလိုပင် နဂါးဥအား ပစ်မှတ်ထားနေသည့် အားတစ်ခု ရှိနေသည်ကို သူ ခပ်ရေးရေး မြင်လိုက်ရ၏။
သူ ချက်ချင်း ဒေါသထွက်သွားသည်။
" သောက်ရေးမပါတဲ့ကောင်တွေ မင်းတို့က ငါ ဖန်ဆင်းထားတဲ့ လျှို့ဝှက်ဒေသထဲမှာ ပြဿနာ လာရှာရဲနေတယ်ပေါ့လေ "
သူ ပြောပြောဆိုဆိုပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" သခင်လေး .. ဘာလုပ်မလို့လဲ "
၎င်းကို ကြည့်ကာ ပန်းလင် လန့်သွား၏။
" ဘာလုပ်ရမှာလဲဗျာ ၊ ဥကို ကာကွယ်ရမှာပေါ့ ။ ကျုပ် နဂါးကြီး ထျန်းလုံကို ကတိပေးထားတယ်လေ "
လောထျန်း ပြန်ပြောလိုက်သည်။
ပန်းလင်က စိုးရိမ်စိတ် မကင်းဟန်ဖြင့် ထပ်ပြောလာ၏။
" သခင်လေး ပြန်စဥ်းစားဦးနော် ။ ခုနက ကျွန်မပြောတာ မကြားလိုက်ဘူးလား .. ဒီ နဂါးဥကို ကောင်းကင်နဲ့ မြေကြီးကတောင် လက်မခံနိုင်ကြဘူးလေ "
လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့သည်။
" ကောင်းကင်နဲ့ မြေကြီးက လက်မခံဘူး ဆိုရင်တောင် ကျုပ် လက်ခံတယ်ဗျာ "
ထိုသို့ ပြောကာ သူ နဂါးဥ အပေါ်ဘက် ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။
အီ ...
သူ နဂါးဥအနီးသို့ ရောက်လာကတည်းက ၎င်းထံမှ ငိုကြွေးသံလို အသံတစ်ခု ကြားခဲ့ရပါ၏။
ယခု သူ နဂါးဥအပေါ် ရောက်သောအခါတွင်မူ ၎င်းက သူ့အား အကူအညီ တောင်းလိုဟန်ဖြင့် ငိုညည်းသံ ပိုကျယ်လာခဲ့သည်။
လောထျန်းက နဂါးဥကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
" ကောင်လေး .. မင်းက ဥအခွံထဲကနေ ထွက်နိုင်အောင်ပဲ အာရုံစိုက်ပါ ။ ကျန်တာ ငါ့တာဝန်ထားလိုက် "
နဂါးဥက လောထျန်းအား တုန့်ပြန်ဟန်ဖြင့် ချက်ချင်း တုန်သွား၏။
ထိုအချိန်မှာပင် ..
ဂျုန်း ..
ကောင်းကင်ယံမှ နတ်ဘုရားအလင်းတန်း တစ်ခု ကျလာသည်။
၎င်းကို မြင်သည်နှင့် ခပ်လှမ်းလှမ်းမှ ပန်းလင်တစ်ယောက် မျက်နှာဖြူရော်သွား၏။
" သခင်လေး လောထျန်း ၊ သတိထားနော် ။ အဲ့ဒါ စည်းမျဥ်းတွေရဲ့ အစွမ်းပဲ "
စည်းမျဥ်းများ၏ အစွမ်းမှာ စိတ်စွမ်းအင် နှင့် မတူသလို မသေမျိုးအစွမ်းနှင့်လည်း မတူပါချေ ။
၎င်းက ပုံမှန်အစွမ်းများနှင့် လုံးဝ ကွဲထွက်နေသည့် ကြောက်မက်ဖွယ် အစွမ်းတစ်မျိုး ဖြစ်သည်။
သာမာန်လူများ ဆိုလျှင် ထိုအစွမ်းကို လုံးဝ မခုခံနိုင်ကြပါ ။
သို့သော် လောထျန်းကမူ ကြောက်စိတ် အနည်းငယ်ပင် မရှိဘဲ ကျလာသော စည်းမျဥ်းများ၏ အစွမ်းအား ခေါင်းမော့ ကြည့်လိုက်သည်။
ပေတစ်ထောင် .... ပေတစ်ရာ .... ဆယ်ပေ ....
နောက်ဆုံး ... လောထျန်းရှေ့ သုံးပေအကွာသို့ ရောက်လာချိန်တွင်မူ ... စည်းမျဥ်းအစွမ်းက ရုတ်တရက် ပေါက်ကွဲထွက်သွားတော့၏။
" ဘယ်လို .... "
ပန်းလင် အလွန် အံ့အားသင့်သွားရသည်။
စည်းမျဥ်းများ၏ အစွမ်းက လောထျန်းရှေ့တွင် အမှန်တကယ် ပေါက်ကွဲထွက်သွားခဲ့ရသတဲ့လား ။
မည်သို့ ဖြစ်နိုင်ပါမည်နည်း ...
“ဟမ့် သောက်ရူး”
ထိုအချိန်မှာပင် ကောင်းကင်ယံ၌ ယခင်ထက် ပိုအစွမ်းထက်သည့် စည်းမျဥ်း၏ အစွမ်းများ စုစည်းလာပြန်သည်။
ဤတစ်ကြိမ် စုစည်းလာသော စည်းမျဥ်းအစွမ်းက ယခင်ထက် အဆပေါင်း ၆၀ ၊ ၇၀ လောက်ပင် ပိုအစွမ်းထက်ပါ၏။
" ဒါ ... "
၎င်းကို ကြည့်နေသော ပန်းလင်၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုတို့ ပြည့်သွားတော့သည်။
ထိုအစွမ်းက သူမ မြင်တွေ့ဖူးခဲ့သော အစွမ်းများအားလုံးထက် ပိုကြောက်စရာ ကောင်းနေပါသည်။
သူတို့ မရှိနေခဲ့သည့် ကာလအတွင်း နဂါးဥက ဘာဖြစ်သွားခဲ့ပါသနည်း ။
အဘယ့်ကြောင့် ယခုလို ကြောက်မက်ဖွယ် အစွမ်းမျိုး ပေါ်လာရပါသနည်း ။
ဝှစ် ..
ထိုစဥ်မှာပင် စည်းမျဥ်းများ၏ အစွမ်းက ကျလာသည်။
လောထျန်း၏ မျက်လုံးထဲတွင်လည်း အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွား၏။
" သောက်ယင်ကောင်တွေ ထွက်သွားစမ်းကွာ "
မိုးချုန်းသံလို အသံကျယ်ကြီးဖြင့် သူ အော်လိုက်သည်။
သူ့အော်သံဖြင့်ပင် စည်းမျဥ်းအစွမ်းက နောက်တစ်ကြိမ် ပြိုကွဲသွားရပြန်၏။
" အစွမ်းထက်လိုက်တာ .. "
ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လောထျန်းက အလွန်အစွမ်းထက်သည်ကို သူမ သိထားပြီး ဖြစ်သော်လည်း ဤမျှ အစွမ်းထက်နေမည်ဟု ထင်မထားခဲ့ပေ ။
စည်းမျဥ်းများ၏ အစွမ်းကိုပင် စိန်ခေါ်နိုင်သတဲ့လား ..
ဤကမ္ဘာကြီးတွင် ထိုသို့သော လူမျိုး အမှန်တကယ်ရှိနေသည်လား ..
ထိုအချိန်မှာပင် ..
ဂျုန်း ..
ကောင်းကင်ယံ၌ မိုးထစ်ချုန်းသံများ ထွက်ပေါ်လာပြန်သည်။
ထို့နောက် မရေမတွက်နိုင်သော စည်းမျဥ်းအစွမ်းများ စုစည်းသွားပြီး ပေတစ်ထောင်ခန့် ရှိသည့် ခပ်မှိန်မှိန် ဧရာမ လက်ကြီး ဖြစ်ပေါ်လာ၏။ ၎င်းလက်ကြီးက အောက်သို့ တဟုန်ထိုး ကျလာသည်။
" ဒါ .... "
ဤတစ်ကြိမ် ဖြစ်သွားရသည့် ပန်းလင်၏ အံ့သြတုန်လှုပ်မှုမှာ ယခင်အကြိမ်များနှင့် မတူပါချေ ။
သူမသည် သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ဖြစ်သည့်အတွက် စည်းမျဥ်းများ၏ အစွမ်းကို သဘောပေါက် နားလည်ထားပြီး ဖြစ်ပါသည်။
သူမတို့ သဘာဝ စိတ်ဝိဥာဥ်များ၏ ရှေးဟောင်းမှတ်တမ်းစာအုပ်များတွင်လည်း စည်းမျဥ်းများ၏ အစွမ်းအား ကောင်းကင်နှင့် မြေကြီးကိုသာမက ကမ္ဘာများ အားလုံးကို လည်ပတ်စေသည့် မူလ ရှေးအကျဆုံး အစွမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ထားပါ၏။
ကမ္ဘာပေါ်မှ မသေမျိုးများသည်ပင် ထိုအစွမ်းကို မလွန်ဆန်နိုင်ဘဲ အလိုက်အထိုက် နေကြရသည်ချည်း ဖြစ်ပါသည်။
ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်သည့် လျှို့ဝှက် အားတစ်ခု ရှိထားကြောင်းမှာ အားလုံး သိထားပြီးဖြစ်သည့် အချက်ပင် ။
ထိုသို့ ကောင်းကင်နှင့် မြေကြီးကိုပင် ထိန်းချုပ်နိုင်သည့် အစွမ်းက မည်မျှ အစွမ်းထက်နေမည်မှာ ပြောစရာပင် မလိုပါ ။
" သခင်လေး လောထျန်း ၊ ပြေးတော့ ... ယှဥ်ပြီး မတိုက်ခိုက်နဲ့ "
ပန်းလင် စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။
သို့သော် .
" ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းပါလား "
လောထျန်းက ထိုသို့သာ ရေရွတ်ပြီး သူ့လက်ကို ဘေးသို့ ယမ်းလိုက်သည်။
ဝုန်း ..
လျှို့ဝှက်ဒေသတစ်ခုလုံး တုန်ခါသွား၏။
ထို့နောက် ..
ချွှင် ..
လောထျန်းက လေထုထဲမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထိုဓားမှာ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းတို့ဖြင့် ပြုလုပ်ထားသော ဓားပင် ။
" ပြတ်စေ "
လောထျန်းက အော်ပြီး ထိုဓားဖြင့် ကောင်းကင်ယံမှ လက်ကြီးကို ခုတ်ပစ်လိုက်တော့သည်။
ဝှစ် ..
အသံတစ်သံနှင့်အတူ လက်ကြီး နှစ်ပိုင်းပြတ်သွားပြီး လေထဲတွင် ပျောက်ကွယ်သွား၏။
" ပြီး ... ပြီးသွားပြီလား .. "
ပန်းလင်မှာ အကြောက်မပြယ်သေးပါချေ ။
ဂျုန်း ..
သို့သော် ထိုအချိန်မှာပင် ကောင်းကင်ယံအမြင့်၌ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများ စီးမျောလာကြပြန်သည်။