← Chapters

Chapter 1019 The Fall of the Celestial Son

Vol. 70 Ch. 1019

Chapter 1019 The Fall of the Celestial Son

Vol. 70 Ch. 1019

ကောင်းကင်ဘုံသားတော် နောက်ဆုံးမှ သတိဝင်လာပြီး ထိတ်လန့်တကြား အော်လိုက်သည်။

"မင်း... မင်း ဘာတွေလုပ်လိုက်တာလဲ"

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ရယ်လျက် ပြန်ပြောပါ၏။

"ငါ ဘာလုပ်ခဲ့လဲဆိုတာ မင်း မခန့်မှန်းနိုင်ဘူးလား"

ကောင်းကင်ဘုံသားတော် ဒေါသတကြီး ထပ်ဟောက်လိုက်သည်။

"ငါ့ရဲ့ သားသမီးတွေ..."

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က လှောင်သံဖြင့် ထပ်ရယ်ပါသည်။

"ဟုတ်တယ်ကွ ၊ သူတို့အားလုံး သေကုန်ပြီ။ ငါ အခုလေးတင် စုပ်ယူလိုက်တဲ့ သွေးအစွမ်းနဲ့ အသက်အစွမ်းတွေက သူတို့ဆီက ရလာတာပဲ"

"မင်း... တိရစ္ဆာန်ကောင်"

ကောင်းကင်ဘုံသားတော် အသံများပင် တုန်နေတော့၏။

သို့သော် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က လှောင်ပြုံး ဆက်ပြုံးပါသည်။

" ဒါနဲ့ ... မင်းက တကယ့်ကို အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲကွ"

သူ ပြောပြောဆိုဆိုပင် လက်ကို ဖြည်းညင်းစွာ မြှောက်၍ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးမျိုးဆက်၏ အစွမ်းကို ခံစားလိုက်ပါသည်။ ထို့နောက် သူ့နှုတ်ခမ်းများ ကွေးတက်သွား‌အောင်ပင် ပြုံးလိုက်၏ ။

"ဒီလောက် အချိန်တိုလေးအတွင်းမှာ ထူးခြားခန္ဓာပိုင်ရှင်တွေ အများကြီးတောင် ပေါ်လာခဲ့တာပဲ။ ဒါဆိုရင်တော့..."

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် ထိုသို့ပြောပြီး လက်ကွက်တစ်ခုကို လုပ်လိုက်သည်။

ဘုန်း

ခဏချင်းမှာပင် သူ့သွေးများ စတင်ဆူပွက်လာတော့၏။

ဂုဏ်သတ္တိအမျိုးမျိုးရှိသော သွေးအစွမ်းများလည်း သူ့ခန္ဓာကိုယ်အတွင်း စတင်ပေါင်းစပ်သွားကြပါသည်။

သူ့ အရောင်အဝါမှာလည်း တရိပ်ရိပ် မြင့်တက်လာ၏။

နောက်ဆုံး အထိပ်အထိတ်သို့ ရောက်သွားချိန်တွင်မူ ....

ဝီ

ထိုသွေးအစွမ်းများက တောက်ပသော ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။

ဝုန်း

အရှုပ်အထွေး နတ်ဘုရားအလင်းများလည်း လင်းလက်လာ၏။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ အရောင်အဝါလည်း ပေါက်ကွဲထွက်လာပါသည်။

"အို... 'သွေးကြောတစ်ရာ ပြန်စုစည်းခြင်း' က ငါ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ပိုပြီး တိုးတက်စေခဲ့တာပဲ ။ ငါချန်ခဲ့တဲ့ အရံအစီအစဉ်က ဒီလောက်အထိ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းကင်ဘုံသားတော်... ငါ မင်းကို တကယ် ကျေးဇူးတင်ရမယ်။ မင်းရဲ့ သားသမီးတွေမှာ ဒီလောက်များပြီး သန့်စင်တဲ့ သွေးအစွမ်းတွေသာ ရှိမနေခဲ့ဘူးဆိုရင်... မင်း တကယ်ကို ကြိုးစားခဲ့တယ်လို့ သတ်မှတ်ပါတယ်"

သူ ပြုံးလျက် ပြောလိုက်သည်။

"မင်း... မိစ္ဆာကောင်"

ကောင်းကင်ဘုံသားတော်၏ အသံမှာ တုန်ယင်နေရှာပါ၏။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ရယ်မောကာ ထပ်ပြောပါသည်။

"စိတ်မဆိုးပါနဲ့ကွာ ။ မင်း လုပ်ပေးခဲ့တာတွေကို ဆုချတဲ့အနေနဲ့ မင်းကို သူတို့နဲ့ ပြန်ပေါင်းထုပ်နိုင်ဖို့ အဝါရောင် ရေပူစမ်းလမ်းကြောင်းပေါ်ကို ငါ ပို့ပေးပါ့မယ်"

သူ ပြောပြီး ဘယ်ဘက်လက်ဝါးကို ဖြန့်လိုက်၏။

နောက်တစ်ခဏ၌ ကောင်းကင်ဘုံသားတော်၏ အကြွင်းအကျန်စိတ်ဝိညာဉ်က သူ့လက်ထဲတွင် ပေါ်လာပါသည်။

"မင်း... မင်း ဘာလုပ်မလို့လဲ"

ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံသားတော်၏ အသံမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်လျက်။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ရယ်မောလျက်ပင် ပြန်ပြော၏။

"မင်း ငါ့ဆီကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပြီးပြီပဲကွ။ ပါရမီရှင်အဖြစ်နဲ့လဲ နှစ်ပေါင်းများစွာ နေခဲ့ရပြီ။ ဒီနေ့တော့ အဲ့ဒါတွေအတွက် ငါ့ကို ပြန်ပေးဆပ်ရမယ့် အချိန်ပဲ"

စကားဆုံးချိန်မှာပင် သူ့ လက်ထဲ၌ မီးတောက်တစ်ခု ပေါ်လာသည်။

ထို့နောက်တွင် ကောင်းကင်ဘုံသားတော်၏ အော်သံကြီး ထွက်လာ၏။

ထိုအသံမှာ အလွန်နာကျင်နေပုံရကာ လူသားတစ်ယောက်၏ အသံနှင့်ပင် မတူတော့ပါချေ ။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာမူ မျက်နှာတည်ဖြင့်သာ ၎င်းကို ကြည့်နေပြီး ကောင်းကင်ဘုံသားတော်၏ ဝိညာဉ်စွမ်းအားအားလုံးကို သူ့ခန္ဓာကိုယ်အတွင်းသို့ သန့်စင်စုပ်ယူလိုက်၏။

ဤသို့ဖြင့် တခဏအကြာမှာပင် ကောင်းကင်ဘုံသားတော်၏ ဝိညာဉ် လုံးဝ ပြိုကွဲပျောက်ကွယ်သွားပါတော့သည်။

အားလုံးကို ပြီးသွားသည့်နောက်တွင်ကား ... ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က အရှုပ်အထွေးနတ်ဘုရားမြို့တော်၏ အဝင်ဝဘက် တစ်ချက် လှည့်ကြည့်လိုက်ပါ၏။

"လောလောဆယ်တော့ ငါ လောထျန်းကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး။ ငါ့ရဲ့ အစွမ်းတွေ မသေမျိုးဧကရာဇ်အဆင့်ထိ ပြန်ရောက်မှသာ သူ့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိနိုင်မှာ"

"လောထျန်း... မင်းကို ခဏလောက် ထပ်ပြီး အသက်ရှင်ခွင့် ပေးထားဦးမယ်။ ငါ့အစွမ်းတွေ ပြန်ရတာနဲ့ ဒီနေ့ အရှက်ရမှုကို ငါ ကိုယ်တိုင် လက်စားချေမယ်"

သူ ထိုသို့ ပြောဆိုပြီးနောက် နောက်လှည့်မကြည့်တော့ဘဲ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့၏။

အခြားတစ်ဖက်၊ အရှုပ်အထွေးဓားရေကန် အနီးတွင် ....

ဝုန်း

လေထုတစ်ခုလုံး လှုပ်ရှားလျားသွားပြီး လောထျန်းနှင့်အဖွဲ့ ပြန်ရောက်လာကြသည်။

"သခင်လေး လောထျန်း..."

"အစ်ကိုကြီးထျန်း"

လူတိုင်းမှာ လောထျန်းကို မြင်သည်နှင့် အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်ကြ၏။

"ဟင် မင်းတို့အားလုံး ဘာဖြစ်ကြတာလဲ"

လောထျန်း ထိုလူအုပ်ကို ကြည့်ကာ အနည်းငယ် အံ့ဩသွားသည်။

အဘယ်ကြောင့်ဆိုသော် အရှုပ်အထွေးဓားကန် အနီးရှိ လူတိုင်းနီးပါးမှာ ဒဏ်ရာရရှိထားကြသောကြောင့်ပင် ။

သူတို့၏ စိတ်ဝိဉာဉ်များသည်ပင် အားနည်းနုံးချည့်နေပုံရပြီး မြင်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှပါ၏။

"အစ်ကိုထျန်း... ကျုပ်တို့ ကောင်းကင်ဘုံသားတော်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတယ်ဗျ..."

လောဟွေ့က စတင်၍ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလေသည်။

စကားဆုံးအောင် နားထောင်ပြီးသွားချိန်တွင်မူ လောထျန်းတစ်ယောက် ထိတ်လန့်သွားပုံရ၏။

"ကောင်းကင်ဘုံသားတော်က တကယ်ပဲ အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"

အားလုံး " ............ "

အစွမ်းထက်တာလား တဲ့ ...

လူများ၏ အစွမ်းကို ခမ်းခြောက်သွားအောင် စုပ်ယူပစ်ခဲ့သော ကောင်းကင်ဘုံသားတော်၏ လုပ်ရပ်မှာ ဒေါသထွက်စရာ မကောင်းလွန်းဘူးလား ...

လောထျန်းက အားလုံး ဖြစ်သွားကြသည့် မျက်နှာထားကို သတိပြုမိကာ တအံ့တဩထပ်မေးလိုက်၏။

"မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ"

ထိုစဉ် ပိုင်ယွင်လီက တံတွေးကို ခက်ခက်ခဲခဲ မျိုချပြီး ပြောရှာသည်။

"ဟိုလေ... သခင်လေး လောထျန်း၊ ကောင်းကင်ဘုံသားတော်ကို သခင်လေးကိုယ်တိုင် အနိုင်ယူလိုက်တာ မဟုတ်ဘူးလား"

"အနိုင်ယူတယ် ဟုတ်လား၊ ဘယ်တုန်းကလဲ"

လောထျန်းမှာ အူကြောင်ကြောင် ဖြစ်သွား၏။

ဘေးတွင် ရပ်နေသော လီချန်းလုံက အံ့ဩတကြီး ဝင်ပြောပါသည်။

"ခုနလေးတင်လေ။ ကောင်းကင်ဘုံသားတော်က အရှုပ်အထွေးနတ်ဘုရားအလင်းနဲ့ ဧကရာဇ်အစီအမံကို သုံးပြီးတော့ သခင်လေးကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား။ နောက်တော့ သခင်လေးက ဘယ်လို အဆင့်မြင့် သိုင်းကွက်ကို သုံးလိုက်လဲတော့ မသိဘူး၊ သူ့ကို ခဏလေးအတွင်း အနိုင်ယူလိုက်တာလေ"

လောထျန်း ခေတ္တမျှ သေချာစဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"အဆင့်မြင့် သိုင်းကွက် ဟုတ်လား။ ကျုပ်... သိုင်းကွက်ထုတ်လိုက်လို့လား"

လီချန်းလုံက ထပ်ပြော၏။

"ဒါပေါ့၊ သုံးလိုက်တာပေါ့ဗျာ။ ကောင်းကင်ဘုံသားတော်နဲ့ တခြားလူတွေ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှ အစွမ်းအားလုံးကို စုပ်ယူပစ်လိုက်တဲ့ ဟိုကွက်လေ။ အဲ့ဒီသိုင်းကွက် နာမည်က ဘာလဲဟင်"

သူ ထိုမေးခွန်းကို မေးလိုက်သည်နှင့် အနားရှိလူအားလုံးပင် နားစွင့်လိုက်ကြသည်။

ထိုသိုင်းကွက်၏ အစွမ်းကို သူတို့အားလုံး မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

အအပေါ်ကမ္ဘာ၊ ဒေသကြီး ၉ ခုလုံးတွင်ပင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်စဉ်ကို ရှာရန် မလွယ်နိုင်ပါချေ ။

သူတို့ အမြင်ကျယ်ချင်သည့်အတွက် ထိုသိုင်းကွက်နာမည်ကို သိချင်နေကြခြင်းမှာ အဆန်းမဟုတ်ပါ။

အခြားတစ်ဖက်မှ လောထျန်းကမူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြန်ပြောရှာ၏။

"အဲ့ဒါကို ပြောတာလား အဲ့ဒါက... သိုင်းကွက် မဟုတ်ဘူး၊ ကျုပ်ရဲ့ အသက်ရှူကျင့်စဥ်"

"ဘယ်လို "

လူတိုင်း မှင်သက်သွားကြ၏။

ကောင်းကင်ဘုံသားတော် နှစ်ပေါင်းများစွာ ကြံစည်ခဲ့သမျှ အစီအစဉ်ကြီးမှာ လောထျန်း၏ အသက်ရှူကျင့်စဥ် တစ်ခုတည်းနှင့်တင် အရေးနိမ့်သွားရသည် တဲ့လား။

ဘယ်သူ့ရဲ့ အသက်ရှူကျင့်စဥ်က ဒီလောက်အထိ အစွမ်းထက်ပါသလဲ။

လူများမှာ ‌လောထျန်းစကားကို ခေတ္တမျှ လက်မခံနိုင် ဖြစ်သွားကြပါသည်။

ထိုအချိန်တွင် လောထျန်း၏ မျက်နှာထား ရုတ်တရက် တည်သွားကာ ပြော၏။

"ဒါတွေကို ခဏထားလိုက်ဦး။ ကောင်းကင်ဘုံသားတော် ဘယ်မှာလဲ။ ကျုပ် သူနဲ့ အသေအကြေ တိုက်ချင်လို့"

ထိုကောင်မှာ သူ့ကိုတင်မက ထျန်းယွမ်ကမ္ဘာမှ အခြားသူများကိုပင် တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။

ဤကိစ္စမှာ လောထျန်း လုံးဝ သည်းမခံနိုင်သည့် အချက်ပင်။

သို့သော် လောထျန်း၏ စကားကို ကြားသောအခါ ပိုင်ယွမ်လီက အိုးတို့အမ်းတမ်း ဝင်ပြော၏။

"သူက သခင်လေးရဲ့... အသက်ရှူကျင့်စဥ်ကြောင့် ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရပြီး ထွက်ပြေးသွားပါပြီ"

လောထျန်း အံ့ဩသွားရသည်။

"ဟင် သူ ဒဏ်ရာအပြင်းအထန် ရသွားတယ် ဟုတ်လား။ တကယ်ကြီးလား"

ပိုင်ယွမ်လီက ခေါင်းညိတ်ပြလိုက်၏။

"အမှန်ပါပဲ"

လောထျန်း မျက်မှောင်ကြုံ့ကာ ထပ်ပြောလိုက်သည်။

"ဒဏ်ရာရတာ မရတာ ဘယ်သူဂရုစိုက်မှာလဲ၊ ကျုပ်က အခု သူ့ကို သတ်ချင်နေတာ။ သူ ဘယ်ကို ထွက်ပြေးသွားလဲ သိကြလား"

ပိုင်ယွမ်လီနှင့် လီချန်းလုံတို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းယမ်းလိုက်ကြ၏။

၎င်းကို မြင်သည့်အခါ လောထျန်း မျက်မှောင်ပိုကြုံ့သွားပါသည်။

ထိုကောင်ကို ဒီတိုင်းကြီး လွှတ်ပေးလိုက်ရတော့မှာလား။

ထိုအချိန်တွင် အဖိုးအိုတစ်ဦးက တုန်တုန်ယင်ယင်အသံဖြင့် ပြောလာ၏။

"သခင် ... သခင်လေး လောထျန်း၊ ကျုပ် ကောင်းကင်ဘုံသားတော် ဘယ်မှာလဲဆိုတာကို ရှာပေးနိုင်မယ်လို့ ထင်ပါတယ်"

လောထျန်း ချက်ချင်း ဝမ်းသာသွားကာ မေးလိုက်သည်။

"သူ ဘယ်သွားလဲ ခင်ဗျား သိတယ်ပေါ့"

အဖိုးအိုက လေသံတိုးတိုးဖြင့် ပြန်ပြော၏။

"မသိပါဘူး... ဒါပေမဲ့ ကျုပ် တွက်ချက်ကြည့်လို့တော့ ရပါတယ်"

"တွက်ချက်လို့ရတယ် ဟုတ်လား"

လောထျန်း အံ့အားသင့်သွားရပြန်သည်။

ထိုစဉ် ပိုင်ယွမ်လီက ထိုအဖိုးအိုကို ကြည့်ပြီး တအံ့တဩရေရွတ်လိုက်၏။

"ခင်ဗျား... ခင်ဗျားက 'ကောင်းကင်လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း' က မဟုတ်လား"

အဖိုးအိုက ခေါင်းညိတ်ပြပါသည်။

"မှန်ပါတယ်။ ကျုပ်က ကောင်းကင်လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ကြယ်ခုနစ်ပွင့် ကံကြမ္မာသခင်ကြီးတစ်ဦးပါ"

ပိုင်ယွမ်လီက အသက်ပြင်းပြင်းရှိုက်ကာ လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။

"သခင်လေး လောထျန်း၊ ကောင်းကင်လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းဆိုတာ ဒေသကြီးကိုးခုထဲမှာတော့ ဗေဒင်နဲ့ တွက်ချက်ခြင်းအတတ်မှာ အတော်ဆုံးဂိုဏ်းပါ။ ပြီးတော့ ကြယ်ခုနစ်ပွင့်ကံကြမ္မာသခင်ကြီးဆိုတာ အဲ့ဒီဂိုဏ်းမှာ အဆင့်မြင့်ဆုံး ပညာရှင်တစ်ဦးပဲဗျ။ သူသာ ကူညီမယ်ဆိုရင် ကောင်းကင်ဘုံသားတော် ဘယ်မှာလဲဆိုတာ သေချာပေါက် တွက်ကြည့်နိုင်ပါလိမ့်မယ်"

လောထျန်း သူ့စကားကို နားထာင်ပြီး ခေါင်းညိတ်လိုက်ပါသည်။

"ဒါဆိုရင်တော့ ကူညီပေးဖို့ တောင်းဆိုပါတယ် သခင်ကြီး"

ဗေဒင်ဆရာကလည်း မြန်မြန်ပင်ပြန်ပြော၏။

"သခင်လေးက သဘောကောင်းလွန်းနေပါပြီဗျာ။ သခင်လေးအတွက် လုပ်ပေးရတာ ကျုပ်အတွက် ဂုဏ်ယူစရာတောင် ကောင်းပါသေးတယ်"

သူ ပြောပြီး ချက်ချင်းပင် တွက်ချက်မှုများ စတင်လိုက်တော့သည်။

သို့သော် .... အားလုံး၏ အကြည့်အောက်တွင် ရှိနေသော ကံကြမ္မာသခင်ကြီးမှာ ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် တွက်ချက်ပြီး ...... နောက်ဆုံးတွင်မှ ကြောင်အမ်းအမ်းဖြင့် ခေါင်းမော့လာကာ ပြောပါ၏။

"သခင်လေး ... ကောင်းကင်ဘုံသားတော်... သေသွားပါပြီ"

All Chapters