← Chapters

Chapter 1049 The Collapse of the Great Luo Immortal King

Vol. 71 Ch. 1049

Chapter 1049 The Collapse of the Great Luo Immortal King

Vol. 71 Ch. 1049

“သခင်လေးလောထျန်း... သခင်လေးရဲ့ ကျေးဇူးတွေ ကျုပ်တို့အပေါ်မှာ အများကြီးတင်နေပါပြီဗျာ”

ဒါ‌လောင် မသေမျိုးဘုရင်က ရင်ထဲမှ လှိုက်လှိုက်လှဲလှဲပင် ပြောလိုက်သည်။

ထိုစဉ်မှာပင်...

“အစ်ကိုထျန်း... ကျွန်တော်တို့ အပြင်ထွက်လို့ ရပြီလား?”

အရှုပ်အထွေး နတ်ဘုရားမြို့တော် အထက်မှ အသံတစ်သံ ထွက်လာပါသည်။

လောထျန်း မော့ကြည့်လိုက်ရာ လောရုံနှင့် အခြားသူများက မြို့တံခါးဝတွင် ရပ်၍ အပြင်သို့ မျှော်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

လောထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ၊ မင်းတို့ အပြင်ထွက်လာလို့ ရပြီ!”

ဝေါ...

သူ့စကားဆုံးသည်နှင့် ချက်ချင်းမှာပင် လူတိုင်း အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှ အလုအယက် တိုးထွက်လာကြ၏။

“အာ... နောက်ဆုံးတော့ အပြင်ရောက်ပြီ! မျက်စိတစ်မှိတ်အတွင်း အိမ်ပြန်ရောက်လာသလိုပဲနော်”

“အပြင်က လေက ပိုပြီး လတ်ဆတ်လိုက်တာ!”

လူတိုင်း တစ်ယောက်တစ်ခွန်း မှတ်ချက်ပေးလိုက်ကြသည်။

ဘေးတွင် ရပ်နေသော ဒါလောင် မသေမျိုးဘုရင်မှာ အစပိုင်းတွင် ထိုလူများအား ထူးပြီး ဂရုမစိုက်မိသေးပါချေ။

သို့သော် ထိုစဉ်မှာပင်...

ဘုန်း!

လူအုပ်ကြီးထဲမှ အားပြင်းသော အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပါ၏။

အားလုံးက လှည့်ကြည့်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး အရှုပ်အထွေးအစွမ်းများ တဖျတ်ဖျတ် တောက်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

“ဟင်? ဒါက... အရှုပ်အထွေး ခန္ဓာကိုယ်လား?”

၎င်းကို မြင်ချိန်တွင်မူ ဒါလာင်မသေမျိုးဘုရင်ကြီး တအံ့တဩ ဖြစ်သွားပါ၏။

သူ ဒီနေ့ ဘာတွေ ဖြစ်နေတာပါလဲ?

လူတစ်ယာက်က အရှုပ်အထွေး ခန္ဓာကိုယ်အား အောင်မြင်စွာ ကျင့်ကြံလိုက်နိုင်သည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံနေရသည်လား .... ။

ထိုကဲ့သို့ ရှားပါးလှသော ထူးခြားခန္ဓာကိုယ်ပိုင်ရှင်က သူ့ရှေ့မှာ အမှန်တကယ် ရှိနေပါသလား?

၎င်းမှာ ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ပါ။

သို့သော် အရှုပ်အထွေး ခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်သွားသော ထိုလူငယ်က ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်ဖြင့် လူအုပ်ကို လက်ယမ်းပြကာ ပြောပါသည်။

“ဆောရီးဗျာ... ကျွန်တော် မထိန်းနိုင်လိုက်လို့...”

သူ့စကားကို ကြားပြီးနောက်တွင်မူ အားလုံး ခေါင်းပြန်လှည့်သွားကြပြီး ကိုယ်စီအလုပ်များကို ဆက်လုပ်ကာ ထိုလူငယ်ကို ဂရုမစိုက်ကြတော့ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသော ဒါလောင် မသေမျိုးဘုရင်နှင့် အခြားသူများမှာကား အံ့အားသင့်လွန်းသဖြင့် ဆွံ့အကုန်ကြတော့၏။

ဒါလောင် မသေမျိုးဘုရင်ကြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် လောထျန်းဘေးရှိ လူတစ်ဦးကို အံ့ဩတကြီး မေးလိုက်သည်။

“မင်းတို့ ... ဟိုလူငယ်မှာ ဘယ်လို ခန္ဓာကိုယ်မျိုး ရှိနေလဲဆိုတာ သိရဲ့လား?”

သို့သော် ထိုသူက သူ့အား လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေပါ၏။

“သိတာပေါ့၊ အရှုပ်အထွေး ခန္ဓာကိုယ်လေ”

“ဟင်?”

ဒါလောင် မသေမျိုးဘုရင်မှာ ထပ်၍ မှင်သက်သွားရပြန်ပါသည်။

ယခု ဘာတွေဖြစ်နေပါသလဲ?

ထိုလူများက အဘယ့်ကြောင့် ဤမျှ တည်ငြိမ်နေကြပါသလဲ?

အစောပိုင်းတွင် ဘေးလူများမှာ ထိုလူငယ်၌ အရှုပ်အထွေး ခန္ဓာကိုယ်ရှိသည်ကို မသိကြ၍သာ ဤမျှ အေးစက်နေကြသည်ဟု သူ ထင်ထားခဲ့ပါ၏။

သို့သော် ယခု အခြေအနေကို ကြည့်ရသည်မှာ ထိုသို့ ဟုတ်ဟန်မတူပါ။

ဥပမာအားဖြင့် သူ့ရှေ့မှ လူဆိုလျှင် ထိုလူငယ်သည် အရှုပ်အထွေး ခန္ဓာကိုယ်ပိုင်ရှင်မှန်း သိပါလျက် ဘာမှမထူးခြားသည့်ဟန် ဖြစ်နေပါ၏။

အပြင်လောကတွင်သာ အရှုပ်အထွေး ခန္ဓာကိုယ်ရှိသည့် လူငယ်တစ်ဦး ပေါ်လာပါက ထိုသူကို အထွဲ့ဝင်အဖြစ် ရရရန်အတွက် မရေမတွက်နိုင်သော ဂိုဏ်းပေါင်းစုံကြား တိုက်ပွဲများပင် ဖြစ်ပွားနိုင်ပါသည်။

သို့သော် တဖက်လူကမူ အေးအေးဆေးဆေးသာ ရှိနေပါသည်။

“အဲ... ခင်ဗျား အရှုပ်အထွေး ခန္ဓာကိုယ်ရဲ့ အဓိပ္ပာယ်ကို တကယ် သိရဲ့လား?”

ဒါလောင် မသေမျိုးဘုရင်မှာ ထိုအရှုပ်အထွေး ခန္ဓာကိုယ်ပိုင်ရှင် လူငယ်လေးအတွက် စိတ်မကောင်း ဖြစ်လာမိပါ၏။

ထိုသို့သော ထူးခြားခန္ဓာကိုယ်မျိုး ရှိပါလျက် အဘယ့်ကြောင့် ထိုလူများက အလေးအနက် မထားကြရပါသနည်း။

သို့သော် တဖက်လူက သူ့အမေးကို ခေါင်းညိတ်၍ ပြန်ဖြေပါသည်။

“သိပါတယ်”

ဒါလောင် မသေမျိုးဘုရင်မှာ ပို၍ပင် ဒေါသထွက်လာရ၏။

သူ့‌ခေါင်းထဲတွင်လည်း ဖြစ်နိုင်ချေတစ်ခုကို စိတ်ကူးပုံဖော်လိုက်မိသည်။

သေချာပါသည်... ထိုလူငယ်လေးမှာ မိသားစုအရင်းမဟုတ်ဘဲ ဆွေမျိုးနီးစပ်တော်ရုံမျှသာ ဖြစ်နိုင်ပါ၏။ သူ့ သွေးမျိုးဆက်ကြောင့် လူရာမသွင်းခြင်းပင် ဖြစ်ရပေမည်။

ထိုလူငယ်မှာ ဤမျှ ပါရမီ ကောင်းနေပါလျက် အပေါင်းအသင်းများ၏ နှိမ်ခြင်းကို ခံနေရကာ နေ့တိုင်း စိတ်ဆင်းရဲစရာ ဘဝမျိုးကို ဖြတ်သန်းနေရပုံပါပင် ။

၎င်းကို သူ မသိရလျှင် ကိစ္စမရှိသော်လည်း ယခု အခြေအနေကို သိသိကြီးဖြင့် ဒီတိုင်းလွှတ်ပေးလိုက်ရမည်လား။

ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်မှာ ဘာမဟုတ်သည့် သွေးမျိုးဆက်ကြောင့် လျစ်လျူရှုခံရခြင်းမျိုး မဖြစ်သင့်ပါချေ။

ထိုခဏ၌ ဒါလောင် မသေမျိုးဘုရင်၏စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်။

၎င်းမှာ နောက်မှ လောထျန်းနှင့် သေချာ စကားပြောရန်ပင်။ အကယ်၍ လောထျန်းကပါ ဂရုမစိုက်ဘူးဆိုလျှင်လည်း လောထျန်း၏ အငြိုးထားခြင်းကိုခံ၍ ထိုလူငယ်လေးအား သူနှင့်အတူ ခေါ်သွားကာ သေချာ ပြုစုပျိုးထောင်ပေးရပေမည်။

အနာဂတ် ချင်းယွမ်ဒေသအတွက် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် တိုးလာစေရပါမည်!

ထိုသို့ တွေးလိုက်မိပြီးနောက် ဒါလောင် မသေမျိုးဘုရင်၏ မျက်နှာထား တည်သွားကာ ဘေးမှလူကို အံကြိတ်၍ ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး အရှုပ်အထွေးခန္ဓာကိုယ်က ဘာလဲဆိုတာ သိရက်နဲ့ ဘာလို့ ဒီလောက်အထိ အထင်သေးနေကြတာလဲ?”

ဒါလောင် မသေမျိုးဘုရင်၏ ဒေါသတကြီး စကားကြောင့် တဖက်လူ မှင်သက်သွားပါ၏။

ထိုလူမှာ အချိန်အတန်ကြာ တိတ်သွားပြီးမှ မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။

“သာမန် အရှုပ်အထွေး ခန္ဓာကိုယ်လေး တစ်ခုက ဘာဖြစ်လို့လဲဗျ?”

ဒါလာင် မသေမျိုးဘုရင်၏ရင်ထဲ ဒေါသများ ပေါက်ကွဲထွက်လာပြီး သူ့ဆုံးဖြတ်ချက်လည်း ပို၍ ခိုင်မာလာ၏။

ထို့ကြောင့် သူ ဒေါသထွက်ထွက်ဖြင့်ပင် ထပ်ပြောလိုက်သည်။

“‘သာမန် အရှုပ်အထွေး ခန္ဓာကိုယ်လေး’ ဟုတ်လား? ခင်ဗျား ပြောတော့ လွယ်တာပေါ့။ ဒါဆိုရင် ခင်ဗျားကိုယ်တိုင် အရှုပ်အထွေး ခန္ဓာကိုယ်ဖြစ်အောင် ကျင့်ကြံပြလိုက်လေ!”

ထိုစကားကို ပြောလိုက်ပါက တစ်ဖက်လူ ချေပနိုင်တော့မည် မဟုတ်ဟုလည်း ထင်ထားသဖြင့် ဒါလောင် မသေမျိုးဘုရင် ပြောကာ ထိုသူအား လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။

သို့သော် တဖက်လူက မျက်မှောင်ကြုံ့လိုက်ပြီးနောက် သူ့ အရောင်အဝါကို စတင် အသက်သွင်းလိုက်ပါ၏။

ဘုန်း!

နောက်တစ်စက္ကန့်မှာပင် သူ့ကိုယ်မှ အရှုပ်အထွေး ခန္ဓာကိုယ်၏ အရောင်အဝါ ထွက်လာပါတော့သည်။

“ကျုပ်လည်း အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ပြီးပြီလေ ၊ အဲ့ဒီတော့ ဘာဖြစ်လဲ?”

ထိုသူက ဆိုကာ ဒါလောင်မသေမျိုးဘုရင်အား ကြည့်လိုက်သည်။

“ဘာ!”

ဒါလောင် မသေမျိုးဘုရင်မှာ ချက်ချင်းပင် ဆွံ့အသွားပါ၏။

ယခင်က သူ့ရင်ထဲ ရှိခဲ့သမျှသော ဒေါသများလည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရလေပြီ။

ထိုအစား ဝင်ရောက်လာသည်မှာ အတိုင်းအဆမရှိသော ထိတ်လန့်မှုများပင်။

သူ ရှေ့မှလူကို ကြည့်ရင်း ဘာပြန်ပြောရမှန်းပင် မေ့သွားပါတော့သည်။

ဘာတွေ ဖြစ်နေတာပါလဲ?

တစ်ဖက်လူမှာ ဒီတိုင်း လေကြီးနေခြင်းဟုသာ သူ ထင်ထားခဲ့သော်လည်း ယခု ထိုသူက အမှန်တကယ် လုပ်ပြသွားခဲ့ပါသည်။

ထိုလူများမှာ မည်သူများပါနည်း။

ဂိုဏ်းတစ်ခုတည်း၌ အရှုပ်အထွေး ခန္ဓာကိုယ်ပိုင်ရှင် နှစ်ယောက်တောင် ရှိနေတာပါလား?

အချိန်တစ်ခုသာ ပေးလိုက်ပါက သူတို့အဖွဲ့၏ အင်အားမှာ မည်သို့ဖြစ်သွားမည်နည်း။

ဒါလောင် မသေမျိုးဘုရင်ကြီး ထိုသို့ အတွေးပေါင်းစုံဖြင့် ရင်တစ်ခုလုံး လှိုင်းထနေစဉ်မှာပင်၊ တစ်ဖက်လူက သူ့အား လက်ညှိုးထိုးပြကာ ဘေးလူများကို လှမ်းပြောလိုက်သည်။

“ဟေ့ ကိုယ့်လူတို့... ဒီလူက အရှုပ်အထွေး ခန္ဓာကိုယ်တွေကို မြင်ချင်နေလို့တဲ့ဗျို့”

“အယ်?”

ဘေးပတ်ဝန်းကျင်က လူများမှာလည်း ၎င်းကို ကြားသောအခါ အံ့ဩသွားကြပုံပေါ်ပါ၏။

သို့သော် ခဏအကြာတွင်မူ...

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!...

အဆက်မပြတ် ပေါက်ကွဲသံများ ကောင်းကင်ယံတွင် ပြည့်နှက်သွားကာ အရှုပ်အထွေးစွမ်းအင် လှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု တိုးထွက်လာပါတော့သည်။

ဒါလောင် မသေမျိုးဘုရင်မှာလည်း ခေါင်းထဲတွင် မူးဝေသွားပြီး မြေကြီးပေါ်သို့ပင် လဲကျတော့မလို ဖြစ်သွားရ၏။

ဘာတွေဖြစ်နေပါသလဲ ....

သူ့ပတ်ပတ်လည်တွင် အရှုပ်အထွေး ခန္ဓာကိုယ်ပိုင်ရှင်အပြည့် ဝိုင်းနေတာပါလား?

အရှုပ်အထွေး ခန္ဓာကိုယ်က ဤမျှအထိ တန်ဖိုးမဲ့သွားရပြီလား ။

သူ ယိုင်သွားသော်လည်း ကံကောင်းထောက်မစွာပင် ဘေးနားရှိ လူတစ်ယောက်က သူ့ကို လှမ်း၍ တွဲကူလိုက်ပါသည်။

ဒါလာင် မသေမျိုးဘုရင် ပြန်လည် တည်ငြိမ်သွားပြီးနောက်

“ကျေးဇူးတင်ပါတယ်...”

ဟု ဆိုကာ ဘေးလူအား လှည့်ကြည့်လိုက်၏။

ထိုအခါ ခပ်ရှက်ရှက် ဖြစ်နေပုံရသည့် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရပါသည်။

ထိုလူငယ်ကမူ အရှုပ်အထွေးအစွမ်းများကို ထုတ်မထားပါချေ။

“တော်သေးတာပေါ့၊ ဒီမှာ သာမန်လူတွေလည်း ရှိသေးလို့ပဲ! မဟုတ်ရင် မင်းတို့ အားလုံးက အရှုပ်အထွေး ခန္ဓာကိုယ်တွေချည်းပဲလို့ ငါ ထင်မိတော့မှာ...”

ဒါလောင် မသေမျိုးဘုရင်မှာ ထိုစဉ်မှ သက်ပြင်းချနိုင်သွား၏။

သို့သော်ဘမျှော်လင့်မထားစွာဖြင့်ပင် ထိုလူငယ်လေးက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလာပါသညါ။

“ကျွန်တော့်ရဲ့ ပါရမီက တကယ်လဲ နည်းနည်း လိုနေသေးတယ်ဗျ”

ဒါလောင် မသေမျိုးဘုရင်က နှစ်သိမ့်စကား ပြောရန် ပြင်လိုက်စဉ်မှာပင် ထိုလူငယ်လေးက ဆက်ပြောပါ၏။

“အကြီးအကဲကို အစစ်ဆေးခိုင်းကြည့်တော့ သူက ပြောတယ်၊ အရှုပ်အထွေး ခန္ဓာကိုယ်ဖြစ်လာဖို့ အနည်းဆုံး နောက်လအထိ စောင့်ရဦးမယ်တဲ့!”

မဟာလော့ မသေမျိုးဘုရင်မှာ ...... စိတ်ထဲမှပင် ကျိန်ဆဲလိုက်မိတော့သည်။

နောက်လမှာ အရှုပ်အထွေး ခန္ဓာကိုယ် ရမှာကိုမှ ပါရမီနည်းတဲ့လား?

သို့ဆိုလျှင် သူက ဘာဖြစ်သွားပါမည်လဲ။

ထိုသို့ တွေးရင်း သူ တစ်ခုကို သတိရသွားကာ လူငယ်လေးအား မေးလိုက်သည်။

“ဒါနဲ့ မေးပါရစေဦး၊ မင်းတို့ရဲ့ သခင်လေး လောထျန်းကလည်း သူတို့လိုပဲ အရှုပ်အထွေး ခန္ဓာကိုယ်ကို ကျင့်ကြံနေတာလား?”

လောထျန်းသည် ယခင်တိုက်ပွဲများတွင် ထိုပါရမီကို ထုတ်မပြခဲ့သော်လည်း၊ သူ့ လက်အောက်ငယ်သားများပင် ဤကဲ့သို့ ဖြစ်နေသည်ဆိုပါက လောထျန်းသည်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်ဟု ဒါလောင် မသေမျိုးဘုရင် ယူဆလိုက်ပါသည်။

သို့သော် လူငယ်လေးက ခေါင်းခါပြကာ ပြောပါ၏။

“မဟုတ်ပါဘူး၊ သခင်လေးက သူတို့နဲ့ မတူဘူးဗျ”

ဒါလောင် မသေမျိုးဘုရင်မှာ အံ့ဩသွားပြီး လောထျန်းကို လှည့်ကြည့်ကာ သူ့အတွက် စိတ်မကောင်း ဖြစ်မိသွားသည်။

ဤမျှ အစွမ်းထက်သည့်သူက အရှုပ်အထွေး ခန္ဓာကိုယ် မရှိနေခြင်းမှာ အမှန်တကယ် နှမြောစရာပါပင် ။

သို့သော် လူငယ်လေးက ဆက်ရှင်းပြပါသည် ။

“သခင်လေးက ဘယ်လိုလုပ် သူတို့နဲ့ တူမှာလဲဗျ? သခင်လေးက အရှုပ်အထွေး ခန္ဓာကိုယ်ရဲ့ အမြင့်ဆုံးအဆင့်ကိုတောင် ရထားတာ! သူက အရှုပ်အထွေး မဟာတာအိုလမ်းစဉ်ကိုပါ ကျင့်ကြံထားနိုင်တာလေ!”

All Chapters