← Chapters

ကျေးဇူးပြုပြီး မကျင့်ကြံပါနဲ့တော့

Vol. 47 Ch. 645

ကျေးဇူးပြုပြီး မကျင့်ကြံပါနဲ့တော့

Vol. 47 Ch. 645

ဝုန်း....

ထိုနေရာတဝိုက်မှ စိတ်စွမ်းအင်များ အားလုံးက လောထျန်းဆီသို့ ဆူနာမီလှိုင်းလုံးကြီးသဖွယ် တိုးဝင်သွားသည်ကို ကြည့်ရင်း...

အသံပိုင်ရှင် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

အဘယ့်ကြောင့်ဆိုသော်... လောထျန်း တစ်ချက် အသက်ရှူလိုက်ရုံဖြင့် တစ်နေရာလုံးရှိ စိတ်စွမ်းအင်များအားလုံး၏ ဆယ်ပုံတစ်ပုံ ကုန်သွားသောကြောင့်ပင်...

အသံပိုင်ရှင်မှာ ဤနေရာတွင် မွေးဖွားလာသည့် စိတ်ဝိဥာဥ် တစ်ယောက်ဖြစ်ရာ...

ဤနေရာသာ ပျက်စီးသွားပါက သူလည်း သေရပေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် သူ မတုန်လှုပ်ပဲ မည်သို့ နေနိုင်ပါမည်နည်း ။

" ခဏ... ခဏနေပါဦး... "

သူ အသည်းအသန် အော်လိုက်တော့သည်။

" ဟင်.. ဘာဖြစ်လို့လဲ "

လောထျန်းမှာလည်း အသံကြားသည်နှင့် ကျင့်ကြံခြင်းကို ရပ်လိုက်၏။

" ဆက်ပြီး မကျင့်ကြံပါနဲ့တော့... ငါ မင်းကို အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် ပေးပါ့မယ် "

တဖက်မှ အသံတုန်တုန်ဖြင့် ပြောလာသည်။

လောထျန်းက ပြန်မေး၏။

" ဘယ်လောက်ပေးမှာလဲ "

တဖက်မှ အံကြိတ်၍ ပြောသည်။

" ဘယ်လောက်လိုချင်တာလဲ ။ တစ်စက်ပဲ ပေးလို့မရဘူးလား "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" တစ်စက်.. ဟုတ်လား ၊ ပေးမနေနဲ့တော့ ။ ငါ့ဟာငါပဲ စိတ်စွမ်းအင်ကို စုပ်ယူတော့တယ် "

လောထျန်း ပြောပြီး ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို ပြန်စလိုက်၏။

ဝုန်း ..

လောထျန်းတစ်ကိုယ်လုံး အနီးတဝိုက်မှ စိတ်စွမ်းအင်များဖြင့် ပြည့်သွားကာ.. သူ့ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခု လင်းလာသည်။

" နောက်ဆုံးတော့ ကွေ့ရှအဆင့် ၇ ကို ရောက်ပြီ "

သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။

တဖက်မှ အသံပိုင်ရှင်မှာ ငိုတော့မလိုပါပင်..

လောထျန်းက အသက်နှစ်ကြိမ် ရှူလိုက်ရုံဖြင့် သူ့စိတ်စွမ်းအင် 20% ကုန်သွားခဲ့ပြီ မဟုတ်ပါလား...

" ခဏနေပါဦးကွာ... ဆယ်စက်.. ဆယ်စက် ပေးပါ့

မယ် "

အသံပိုင်ရှင်က စိုးရိမ်တကြီး ပြောလိုက်သည်။

သို့သော် လောထျန်းက သူ့အား လျစ်လျူရှု၍ နောက်တစ်ကြိမ် အသက်ပြင်းပြင်း ရှိုက်လိုက်၏။

ဝုန်း...

တစ်နေရာလုံးရှိ စိတ်စွမ်းအင်၏ 10% ထပ်လျော့သွားပြန်သည်။

" ဒါ..... "

တဖက်မှ အသံပိုင်ရှင် ဆွံ့အသွားပြီးနောက်..

" အစက် ငါးဆယ် "

ဒေါသတကြီး အော်လိုက်သည်။

သူ မွေးဖွားစဥ်မှစ၍ မည်သူ့ကိုမှ ဤမျှများပြားသော ပမာဏကို မပေးခဲ့ဖူးပါချေ။

သို့သော်..

ဝုန်း ..

လောထျန်းက အသက်ပြင်းပြင်း ထပ်ရှိုက်ကာ ကွေ့ရှအဆင့် ၈ သို့ ရောက်သွား၏။

တစ်နေရာလုံးရှိ စိတ်စွမ်းအင်များလည်း 10% ထပ်လျော့သွားပြန်တော့သည်။

" ဒီမအေ $#@#$ "

တဖက်မှ အသံပိုင်ရှင် အလွန်ဒေါသထွက်သွားတော့သည်။

သူ့ရှေ့တွင် ရှိနေသည့် ဘီလူးကောင်ကြီးကို သူ မည်သို့မှ နားမလည်နိုင်တော့ပါ ။

မည်သူက ထိုသို့ ကျင့်ကြံပါသနည်း..

" အစက် တစ်ရာ ပေးမယ်.. အဲ့ထက်တော့ ထပ်မရတော့ဘူးနော် "

သူ အံကြိတ်ကာ အော်လိုက်၏။

သို့သော်.. လောထျန်းက သူ့အား လျစ်လျူရှုထားဆဲ...

ဝုန်း...

လောထျန်း ကောင်းကင်ဘုံအသက်ရှူကျင့်စဥ်ကို ထပ်လေ့ကျင့်လိုက်သည်နှင့်... အဆုံးမဲ့သော စိတ်စွမ်းအင်များ သူ့ကိုယ်ထဲ ရောက်သွားပြန်သည်။

သူ့ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခုလည်း ထပ်လင်းလာပြန်၏။

" ကဲ.. နောက်ဆုံးတော့ ကွေ့ရှအဆင့် ၉ ထိပ်ဆုံးကို ရောက်သွားပြီ ။ မဆိုးဘူးပဲ "

လောထျန်း အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက်.. သူ အသံထွက်လာသည့်ဘက် လှမ်းကြည့်ကာ ပြော၏။

" ခုနက ငါ ကျင့်ကြံနေတော့ မင်းပြောတာကို သေချာမကြားလိုက်ရဘူး ။ ငါ့ကို နတ်ဆိုးဆေးရည် ဘယ်နှစက်ပေးမှာလဲ "

တဖက်မှ အသံက မုန်းတီးမှုအပြည့်ဖြင့် ပြန်ပြောလာသည်။

" မပေးနိုင်ဘူး ၊ တစ်စက်မှ မပေးနိုင်တော့ဘူး "

အစောက လောထျန်း၏ ကျင့်ကြံမှုကြောင့် တစ်နေရာလုံးရှိ စိတ်စွမ်းအင် 60% ပင် စုပ်ယူခံခဲ့ရပါသည်။

၎င်းက လေထုတစ်ခုလုံးကို ကြီးစွာ ထိခိုက်သွားစေခဲ့ပြီး..

နောက်ထပ် နှစ်တစ်သောင်းကြာလျှင်ပင် မူလအခြေအနေ ပြန်မရောက်နိုင်ပါချေ ။

သို့သော်.. လောထျန်း၏ ကျင့်ကြံခြင်းကလည်း အကန့်အသတ် ပမာဏသို့ ရောက်သွားပြီကို သူ သေချာမြင်ရပါ၏။

သို့ဖြစ်ရာ လောထျန်းတစ်ယောက် အစောကကဲ့သို့ အဆင့်တက်နိုင်တော့မည် မဟုတ်ပေ ။

ထို့ကြောင့်လည်း သူ လောထျန်းအား ငြင်းရဲခြင်းပင်

။

သူ့စကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" အဲ့လိုလား... ဒါဆိုလဲ ရတယ်လေ ။ ငါ ဆက်ပြီး ကျင့်ကြံရုံပေါ့ "

တဖက်မှ အသံက အထင်သေးဟန်ဖြင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" လာပြီးတော့ ဟန်ရေးပြနေသေးတယ် ။ ခုတောင် မင်း ကျင့်ကြံနိုင်တဲ့ပမာဏ အကန့်အသတ်ကို ရောက်သွားပြီလေ ။ ထပ်ပြီးကျင့်ကြံရင် ကိုယ့်ကိုကိုယ် ဖောက်ခွဲသလို ဖြစ်သွားမှာ မကြောက်ဘူးပေါ့ "

သူ့စိတ်ထဲမှ ကြိတ်ပြောလိုက်၏။

ထိုစဥ် တဖက်မှ လောထျန်းက ဝိဥာဥ်ကိုးသွယ် နတ်ဆိုးဓားအား ထုတ်လိုက်သည်။

" ကဲ.. ဒီတစ်ခေါက်တော့ ဓားသိုင်းကို အရင်လေ့ကျင့်မယ်ကွာ "

သူ ပြော၏။

" ဓား... ဓားသိုင်း လေ့ကျင့်မယ်.. ဟုတ်လား "

တဖက်မှ အသံပိုင်ရှင်မှာ ထိုစဥ်မှ တစ်စုံတစ်ခု လွဲနေသည်ကို ရိပ်မိသွားတော့သည်။

ထိုစဥ် လောထျန်းမှာ ဓားကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း.. မျက်လုံးမှိတ်ပြီး ကောင်းကင်ဘုံဓားသိုင်းကို ဖတ်နေ၏။

တခဏအကြာတွင်မူ သူ မျက်လုံးပြန်ဖွင့်ကာ အသံကျယ်ဖြင့် ပြောလိုက်သည်။

" ကောင်းကင်ဘုံဓားသိုင်း... ကွေ့ရှအဆင့် အခန်း ၊ ပထမအကွက်.. "

သူ့စကားဆုံးသည်နှင့် ဓားယမ်းသွား၏။

ထိုဓားသိုင်းကွက်မှာ ဘာမှ မထူးခြားဘဲ သာမာန်သာ ဖြစ်သောကြောင့်..

ဘေးမှနေ၍ သေချာကြည့်နေသော အသံပိုင်ရှင်က လှောင်ပြောင်စကားများ ပြောရန် ပြင်လိုက်သည်။

သို့သော်.. ထိုစဥ်မှာပင်..

ချွှင်...

လေထုတစ်ခုလုံး.. တုန်ခါသွားပြီး..

ဝုန်း...

လေထု နှစ်ပိုင်း အဖြတ်ခံလိုက်ရတော့၏။

ကြောက်မက်ဖွယ် လေထုတုန်ခါမှုများလည်း ဖြစ်လာကာ.. နေရာတစ်ခုလုံး ပြိုကွဲသွားတော့မယောင် ဖြစ်လာသည်။

" ဒါ... ဘာကြီးလဲ "

အသံပိုင်ရှင်မှာ တုန်လှုပ်သွားရပြန်၏။

ဝီ...

ထိုစဥ်မှာပင် အလင်းတန်းတစ်ခု လင်းလာပြီး ပျက်စီးသွားသော လေထုအား ပြန်ပြင်ဆင်ပေးလာ

သည်။

ဤသို့ဖြင့် အချိန်အတန်ကြာပြီးနောက်မှ လေထုက ယခင်အခြေအနေ ပြန်ဖြစ်သွား၏။

သို့သော် ထိုအချိန်တွင် လောထျန်းက တည်တည်ငြိမ်ငြိမ် ပြောလာပြန်သည်။

" နောက်... ဒုတိယအကွက်... "

သူ ပြောပြောဆိုဆိုပင် ဓားကို မြှောက်လိုက်၏။

" ဒုတိယအကွက် ရှိသေးတာလား.. ။ ခဏနေပါဦးကွာ.. မကျင့်ကြံပါနဲ့တော့ "

တဖက်မှ အသံပိုင်ရှင် အသည်းအသန် အော်လိုက်တော့သည်။

သူ့အော်သံကြောင့် လောထျန်း လန့်သွားကာ ပြန်မေးလိုက်၏။

" ဘာလို့လဲ "

" မင်း... ကျင့်ကြံဖို့ သိုင်းကွက်ဘယ်နှမျိုး ကျန်သေးတာလဲ "

တဖက်က အသံတုန်တုန်ဖြင့် ပြန်မေးလာသည်။

လောထျန်း ပြန်ဖြေ၏။

" အများကြီးတော့ မဟုတ်ပါဘူး... သိုင်းကွက် တစ်ရာလောက်ပဲ ကျန်တော့တာပါ "

" သိုင်းကွက်... တစ်ရာကျော်.... "

တဖက်မှ အသံမှာ အလွန်တုန်နေလေပြီ ။

သိုင်းကွက် တစ်ကွက်တည်းဖြင့်ပင် တစ်နေရာလုံး ပျက်စီးတော့မလို... ဖြစ်သွားခဲ့ရာ..

လောထျန်းသာ သိုင်းကွက်အားလုံး ကျင့်ကြံပါက မည်သို့ ဖြစ်သွားမည်နည်း ။

သူ တစ်ခုခု ပြောရန် ပြင်လိုက်စဥ်မှာပင် လောထျန်းက ဆက်ပြောလာသည်။

" ဓားသိုင်း ကျင့်ကြံလို့ ပြီးသွားရင်.. လှံသိုင်း ၊ လက်ဝါးသိုင်း ၊ လက်သီးသိုင်းတွေ ထက်ကျန်သေးတယ် ။ အားလုံးပေါင်းလိုက်ရင်တော့ သိုင်းကွက် တစ်ထောင်လောက် ရှိမယ်ထင်တယ် ။ ခဏနေဦး. .. ငါ ဆက်ပြီး ကျင့်ကြံလိုက်ဦးမယ် "

လောထျန်းက ထိုသို့ပြောကာ ဓားကို ထပ်မြှောက်လိုက်၏။

" သိုင်းကွက် တစ်ထောင်တောင်.... "

တဖက်မှ အသံမှာ လဲကျသွားတော့မယောင်..

သိုင်းကွက် တစ်ထောင် မဆိုထားဘိ ၊ အစောကလို ဓားသိုင်းကွက်မျိုး လေး၊ငါး ကွက် ဖြင့်ပင် ဤနေရာတစ်ခုလုံး လုံးဝ ပျက်စီးသွားပေလိမ့်မည် ။

သူ စိတ်စွမ်းအင်အသိဉာဏ် နိုးထလာသည့် အချိန်မှစ၍.. ကျင့်ကြံခြင်းက ဤမျှ အန္တရာယ်ကြီးကြောင်း သိရသည်မှာ ယခုက ပထမဆုံးပါပင်..

" မင်း နိုင်ပါတယ်ကွာ.... ငါ မင်းကိုအသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်တွေ အားလုံး ပေးပါ့မယ် ။ အပြင်ထွက်ပြီးမှပဲ ကျင့်ကြံပါတော့ "

သူ ကူကယ်ရာမဲ့ ပြောလိုက်ရတော့သည်။

လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။

" အားလုံး ပေးမှာလား ။ အားလုံးက ဘယ်လောက်ရှိ

တာလဲ ။ တကယ်လို့ မတန်ဘူးဆိုရင်တော့ ငါ ဆက်ပြီးပဲ ကျင့်ကြံမှာနော် "

" ရပ်ပါတော့... "

တဖက်မှ အသံက အလန့်တကြား အော်သည်။

ဝီ....

ထို့နောက်တွင်မူ.. မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ခြေသုံးချောင်းပါ ကျောက်စိမ်းပြားတစ်ခု မြေကြီးထဲမှ ထွက်လာသည်။

" အစက် သုံးထောင်ပါ... ဒါတွေက ငါ စိတ်စွမ်းအင်အသိဉာဏ် နိုးလာတဲ့အချိန်ကစလို့ စုဆောင်းထားသမျှ အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် အကုန်ပါပဲ ။ ငါ မင်းကို အားလုံး ပေးပါ့မယ် "

တဖက်မှ အံကြိတ်ကာ ပြောလာသောအသံကြောင့် လောထျန်း အံ့အားသင့်သွားရ၏။

" အစက် သုံးထောင်... အဲ့လောက်ပဲလား "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" အဲ့လောက်ပဲလား.. တဲ့.. "

တဖက်မှ အသံမှာ မေ့လဲကျတော့မလိုပင် ဖြစ်သွားရသည်။

" နတ်ဆိုးနတ်ဘုရားကြီးတောင် သူ့ဘဝတလျှောက်လုံး အဲ့လောက်များတဲ့ နတ်ဆိုးဆေးရည်ကို မမြင်ဖူးခဲ့ဘူးကွ ။ ထားလိုက်ပါ... ငါ မင်းနဲ့ ဆက်မပြောချင်တော့ဘူး ။ ဆေးရည်ကို ယူပြီး ဒီကနေ ထွက်သွားပါတော့ "

လက်ရှိတွင် ရှေ့မှ ဘီလူးကြီးအား မြန်မြန်ထွက်သွားစေချင်စိတ်သာ သူ့ထံ ရှိပါတော့၏။

" ကောင်းပြီလေ ။ ဒါဆို လိုချင်တာလဲ ရသွားပြီဆိုတော့ အပြင်ထွက်ပြီးပဲ ကျင့်ကြံပါ့မယ် "

လောထျန်း ပြောပြီး နတ်ဆိုးဆေးရည်ကို သိမ်းကာ နတ်ဆိုးနတ်ဘုရားကြီး၏ အလောင်းနှင့်အတူ လှည့်ထွက်သွားလိုက်သည်။

နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးဆီသို့ ရောက်

ချိန်တွင်မူ ..

ဝုန်း...

သူ တံခါးအား ကန်ဖွင့်လိုက်၏။

" ငါ့ရဲ့ အချုပ်အနှောင် .... "

အသံပိုင်ရှင်ထံမှ အံ့သြတုန်လှုပ်စွာ ရေရွတ်သံ ထွက်လာသည်။

သူ့ အစွမ်းအထက်ဆုံး အချုပ်အနှောင်ကို ခြေထောက်ဖြင့် တစ်ချက်ကန်ပြီး ဖွင့်လိုက်သတဲ့လား..

သူ လုံးဝ ဆွံ့အသွားရပါတော့သည်။

တဖက်တွင်မူ... လောထျန်းက တံခါးမှ ထွက်လာသည်နှင့် အပြင်ဘက်တွင် အတုံးအရုံး လဲကျနေကြသော နတ်ဆိုးဘုရင်များအား တွေ့သွား၏။

" ဟင်.. ခင်ဗျားတို့က ဘာဖြစ်နေကြတာလဲ "

လောထျန်း ထိုလူများကိုကြည့်ကာ မေးလိုက်သည်။

" မင်း... ပြန်ထွက်လာပြီလား.. "

နတ်ဆိုးဘုရင်တစ်ယောက်မှာလည်း လောထျန်းကို တွေ့သည်နှင့် တုန်လှုပ်သွား၏။

ထို့နောက် သူ တစ်ခုခု အော်ပြောရန် ပြင်လိုက်စဥ်မှာပင်... လောထျန်း လက်ထဲမှ အလောင်းကြီးအား တွေ့သွားသည်။

" နတ်... နတ်ဆိုးနတ်ဘုရားကြီး... "

သူ ထိုတခဏ၌ အလွန် တုန်လှုပ်ခြောက်ခြားသွားတော့သည်။

သူ့ရှေ့မှ ဘီလူးကြီးက နတ်ဆိုးနတ်ဘုရားကြီးအား သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောနေစရာပင် မလိုပါချေ ။

" ဒီမှာ တည်နေရာရွှေ့ပြောင်း အစီအမံ ရှိလား "

လောထျန်းက နတ်ဆိုးဘုရင်ကို ကြည့်ကာ မေးလာ၏။

" ဟုတ်ကဲ့ ၊ ရှိပါတယ် ။ ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်

ခဲ့ပါ "

နတ်ဆိုးဘုရင် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

All Chapters